အပိုင်း ( ၁ )

Background color
Font
Font size
Line height

    ဝသန်ကာလ၏ ပထမဆုံးရက်ဖြစ်သည့် ဇွန်လ (၁)ရက်နေ့သည် အထက်တန်းကျောင်းများ စတင်ဖွင့်သည့် ရက်ဖြစ်သည်။ နွေလသုံးလအတွင်း၌ တိတ်ဆိတ်‌ခြောက်ကပ်နေခဲ့သော ကျောင်းတော်တို့သည်  အဖြူအစိမ်းဝတ်ကျောင်းသူကျောင်းသားတို့ဖြင့် တစ်ဖန်အသက်ဝင်လှုပ်ရှားလာသည်။ ဇွန်လသည် မိုးရာသီဖြစ်သော်လည်း ပထမဆုံးရက်၌ နေသာနေလေသည်။ ခန်းစီးလိုက်ကာ ဖြူဖြူတို့တပ်ထားသည့် ပြတင်းပေါက်မှ အလင်းရောင်တို့သည် အခန်းအတွင်းသို့ ဖြာကျကာ နူးညံ့လတ်ဆတ်နေလေသည်။ ကျောင်းသား/သူတို့သည် မိမိတို့အားလပ်စဉ်က အကြောင်းအရာများကို ပြန်လည်ပြောဆိုနေကြသဖြင့် အခန်းအတွင်း၌ ဆူညံ့နေလေသည်။ ကျောင်းမတက်သေးတာကြောင့် ကျောင်းသား/သူများသည် ဆော့ကစားနေဆဲဖြစ်သည်။

     တန်းခွဲ A စာသင်ခန်း၏ ညာဖက် သုံးတန်းမြောက် ပြတင်းပေါက်ဘေး၌ ကျောင်းသူတစ်ဦးသည် သူ၏ မှတ်စုစာအုပ်၌ စာရေးနေပြီး ဆူညံနေသော အတန်းနှင့် လုံးဝကွဲပြားနေလေသည်။ ဖြောင့်စင်းနေသော ဆံပင်ကုတ်ဝဲကို ကလစ်သေးသေးလေးဖြင့် ညှပ်ထားတာကြောင့် ပြောင်ရှင်းနေသော မျက်နှာနုနုလေးက ထင်သာနေသည်။ သူသည် စာကိုသာ အာရုံစိုက်လုပ်နေတာကြောင့် တခြား မည်သူကမှ နှောင့်ယှက်ခြင်း မပြုကြပေ။

" ဟေး မြတ် ဒီနှစ် ငါနင့်‌ဘေးမှာ ထိုင်မှာနော် " ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားပြီး မျက်မှန်လေးတပ်ထားသော ကောင်မလေးတစ်ဦးသည် သူ၏ အိတ်ကို စာရေးခုံပေါ်ပစ်တင်ရင်း ပြောလိုက်သည်။ သူသည်  ပထမဆုံးရက်၌ ကျောင်းနောက်ကျမည်စိုး၍ အသည်းအသန်ပြေးလာရသည်။ထို့ကြောင့် သူ၏အသံ၌ မောဟိုက်သံတို့ပါနေသည်။

    မြတ်သည် ဟန်နွေရာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ရေးလက်စ စာကိုသာ ပြီးအောင် ရေးနေလိုက်သည်။ လျစ်လျူရှုခံလိုက်ရသော ဟန်နွေရာသည် နှုတ်ခမ်းဆူလျက် တတွတ်တွတ်ပြောနေကာ ဘေး၌ ဝင်ထိုင်လိုက်သ ည်။ သူသည် မြတ်၏ လျစ်လျူရှုတတ်သော စရိုက်နှင့်အသားကျနှင့်နေပြီးဖြစ်သောကြောင့် ထိုအစား အတန်းထဲကိုသာ စူးစမ်းလိုက်သည်။

"မြတ် ရှင်းလက်ျာကို တွေ့မိသေးလား?"

" ပထမဆုံးတန်းမှာ ထိုင်နေတယ် "

    ရှင်းလက်ျာသည် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ကောင်မလေးတစ်ဦးဖြစ်ပြီး သူသည် ဖော်ရွေတတ်သော မိန်းကလေးဖြစ်သည်။ ဟန်နွေရာ၊ရှင်းလက်ျာနှင့် မြတ်တို့သည် အလယ်တန်းထဲက အတန်းဖော်များ ဖြစ်ခဲ့ကြပြီး အထက်တန်းနောက်ဆုံးနှစ်၌လည်း သူတို့သည် တန်းခွဲ A ၏ အတန်းဖော်များ ဖြစ်လာပြန်သည်။

" မြတ် ရှင်းလက်ျာက အရမ်းကြင်နာတတ်တာပဲနော်၊ ပြီးတော့ သူပိုပြီး ကြည့်ကောင်းလာတယ်၊ ဒီနှစ်လည်း သူ့ဆံပင်တွေကို အတိုညှပ်လာပြန်ပြီ " 

"......" မြတ်သည် နားရည်ဝနေပြီဖြစ်သော ဟန်နွေရာ၏ ရှင်းလက်ျာအား ချီးမွမ်းသံများကို မည်သည့်တုန့်ပြန်ချက်မှ မပေးချေ။

   ဟန်နွေရာသည် ရှင်းလက်ျာအား အလယ်တန်းကတည်းကပင် တကောက်ကောက်လိုက်ကာ သဘောကျကြောင်း ပြောခဲ့ပြီး အထက်တန်းသို့ရောက်သောအခါတွင် သူသည် အဝေးကနေသာ ခပ်ခွာခွာနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ(မ)၏ ခံစားချက်များသည်  ငယ်ရွယ်စဉ်ကလို ဖြူစင်နေတော့သည် မဟုတ်တော့ချေ။

" ရှင်းလက်ျာက အရမ်းကို ချောလာတာပဲနော်၊ လက်ချောင်းလေးတွေက အစ လှနေရောပဲ၊ ဟုတ်တယ်မလား မြတ် "

"တိတ်တိတ်နေ "

" နင်ကလည်း စိတ်ပုပ်လိုက်တာ၊ ဒီနေ့မှ ကျောင်းတက်တာ ပထမဆုံးနေ့ကို အရမ်းတွေ ကြိုးစားနေပြန်ပြီ၊ ကျောင်းမှာ ပထမ‌နေရာကို လုမယ့်လူလည်း မရှိပါဘူး ၊ အေးလေ ဖြစ်မှာပေါ့၊ အထက်တန်းသာ ပြီးတော့မယ်။အခုထိ ကြိုက်ရမယ့်သူမှ မရှိတာ၊ အဲတော့လည်း ရက်စက်တာပေါ့၊ ငါတော့ ငါလေးကို သနားလိုက်တာ"

"ဟန်နွေရာ နင် သဘောကျရင် သွားပြောလေ"

" အဲလောက်လွယ်နေရင် အခုအချိန် ‌နင့်ဘေးမှာတောင် လာမထိုင်ဘူး၊ ဘယ်သူမှ စကားမပြောတဲ့ နင့်ကြောင့်လေ ငါလာထိုင်ပေးနေရတာ "

" ငါ့ကို လာရစ်နေမယ့်အစား ရှင်းလက်ျာ,ကို သွားရစ်ပါလား?"

   ဟန်နွေရာသည် စိတ်ဆိုးစွာဖြင့် မြတ်၏ ပခုံးကို ခေါင်းဖြင့် တိုက်နေလေသည်။ မြတ်သည် ဟန်နွေရာ၏ ခေါင်းကို လက်ဖဝါးဖြင့် တွန်းထားကာ သူ၏ စာအုပ်ကို ကြည့်နေလေသည်။

"ဟန်နွေရာ မြတ်ကို မနှောင့်ယှက်နဲ့၊ ငါ့ကို ကျောင်းသုံးစာအုပ်တွေ ယူဖို့ ကျောင်းအုပ်ကြီး ရုံးခန်းကို လိုက်ကူပေးပါဦး "

"လိုက်သွားလေ " မြတ်သည် ကြောင်,အနေသော ဟန်နွေရာကို လိုက်သွားဖို့ ပြောလိုက်သည်။

" သူ ငါ့ကို လာခေါ်တာလား? တကယ်ကြီးလာ?"

" နင် မသွားရင် တခြားတစ်ယောက်လိုက်သွားလိမ့်မယ် "

" မြတ် ငါ့ကို ကြည့်စမ်းပါဦး၊ ငါ ကြည့်ရတာ လှတယ်မလား"

" အင်း "

"ဟူးးး တော်သေးတာပေါ့၊ ငါ မနက်လေးနာရီထဲက အလှထပြင်လာတာ၊ "

   မြတ်သည် လှစ်ခနဲ ပြေးသွားသော ဟန်နွေရာ၏ နောက်ကျောကို ကြည့်ကာ ပြုံးလိုက်သည်။ မြတ်အတွက် ကျောင်းလာရခြင်းသည် အထက်တန်းကျောင်းပြီးသွားတဲ့နောက် သူနှစ်သက်ရာ တက္ကသိုလ်ကို တက်ရန်သာ ဖြစ်သည်။ တခြားသော အကြောင်းပြချက်မရှိချေ။ သူ နှစ်သက်သော ကောင်လေးလည်း မရှိသကဲ့သို့ သူလည်း စိတ်မဝင်စားချေ။ အများနှင့် ပြောဆိုဆက်ဆံရတာကို မကြိုက်နှစ်သက်ဘဲ တစ်ဦးထဲနေရသည်ကို ပို၍ နှစ်သက်သည်။ တခြားသော ကျောင်းသား/သူများက သူ့အား မာနကြီးကာ ခပ်ချေချေနေတတ်သည်ဟု ဆိုကြသော်လည်း စင်စစ်၌ မြတ်သည် သီးသန့်နေလိုခြင်းသာ ဖြစ်သည်။

    မကြာခင်အချိန်၌ပင် ကျောင်းတက်ခေါင်းလောင်းထိုးလာခဲ့သည်။ ပထမဆုံးနေ့ဖြစ်တာကြောင့် ကျောင်းအုပ်ကြီးမှ assembly ခေါ်ကာ ကျောင်းစည်းကမ်းများကို ပြောပြလေသည်။ ပြီးနောက် အတန်းကိုယ်စီသို့ ပြန်လာခဲ့သည်။ ဟန်နွေရာသည် မည်သည့်နေရာကနေ ပေါ်ထွက်လာမှန်းတော့ မသိချေ။ မြတ်၏ ဘေးသို့ လှစ်ခနဲရောက်လာကာ သူနှင့် ရှင်းလက်ျာတို့ ကျောင်းအုပ်ကြီးရုံးခန်းထဲက အကြောင်းအရာများကို တစ်လမ်းလုံးပြောလာခဲ့သည်။ထို ပုပုသေးသေး ကောင်မလေးသည် လူအရွယ်နှင့်မမျှအောင်ပင်  အတော်လေး စကားများလှတာကြောင့် မြတ်သည် နားပူဒဏ်ကို တစ်ဝခံလိုက်ရသည်။

"ငါတို့ အတန်းပိုင်က သင်္ချာသင်မှာတဲ့၊ နင် အဲဆရာမကို သိပါတယ်၊ ငါတို့ ရှေ့နှစ်က အတန်းချုပ်လုပ်တဲ့ ဆရာမလေ၊နာမည်က ဘာပါလိမ့် "

"ဒေါ်သီတာလင်း"

"ဟုတ်တယ်၊ ဟုတ်တယ်၊အဲဆရာမပဲ။ ငါတို့ကျောင်းကို ဒီနှစ်ပြောင်းလာတဲ့ ဆရာမအသစ်တွေ ရှိတယ်။ ငါရုံးခန်းမှာ တွေ့ခဲ့တယ်။ ဆရာမက အသက်သုံးဆယ်ကျော်လောက်ပဲ ရှိသေးတယ်၊ ဟီးဟီး ဆရာမက အတော်လေး လှတာ၊ အသားလေးဆို ဖွေးနေတာပဲ၊ ငါတို့အတန်းမှာ အင်္ဂလိပ်စာသင်မှာတဲ့ "

"အင်း "

" တကယ်လှတာ သိလား၊ ဆရာမ စိတ်လည်းကောင်းမယ့်ပုံလေး၊ ကျောင်းအုပ်ကြီးနဲ့ စကားပြောနေတာလေ၊ အသံလေးက ချိုနေတာပဲ"

"ဟုတ်ပါပြီ၊ ငါ သိပြီ၊ "

  မြတ်တို့အတန်းထဲ ဝင်လာသောအခါ မြတ်၏ခုံပေါ်၌ ချောကလက်နို့ကိတ်လေးတစ်ခုနှင့် ဒိန်ချဉ်ဘူးတစ်ဘူးကို တွေ့လိုက်ရသည်။ ထိုအရာသည် မြတ်အနေဖြင့် အလယ်တန်းထဲက ရနေကြဖြစ်ပြီး တစ်နေ့တမျိုးမရိုးလှအောင် ရရှိခဲ့ဖူးသည်။ ဟန်နွေရာသည် ထိုအရာကို မြင်သောအခါ၌ သူသည် ဟွန့် ဟူသော အသံသေးသေးလေး ပြုလုပ်လိုက်သည်။

"မော်နီတာ အတန်းတွင်းမှာ ကျောင်းသား/သူတွေ အားလုံးကို တန်းတူအခွင့်အရေးပေးရမှာ မဟုတ်ဘူးလား? ငါ အခု မတရားခံနေရတယ်၊ ငါရင်ဘတ်တွေ နာနေပြီ " ဟန်နွေရာသည် သူမ၏ အသံကို သနားချင်စဖွယ်ပြုလုပ်ကာ အတန်းထိုင်ခုံများကို ညှိပေး‌နေသော မော်နီတာကို ပြောလိုက်သည်။ မော်နီတာနှင့် သူတို့သည် အလယ်တန်းတစ်လျှောက်ခင်မင်လာကြသော သူများဖြစ်တာကြောင့် မော်နီတာသည်ဟန်နွေရာ၏ ရင်နင့်ဖွယ် ဇာတ်လမ်းကို သိပြီး ဖြစ်သည်။ မြတ်သည် အမြဲတစေ သူ(မ)အား ပိုးပန်းသူများမှ လက်ဆောင်မုန့်များ ရတတ်သော်လည်း ဟန်နွေရာသည် မှတ်မှတ်ရရ တစ်ကြိမ်နှစ်ကြိမ်သာ ရဖူးသည်။

"အိုး ငါတို့အတန်းရဲ့ သနားစရာ ဟန်ဟန်လေးပါလား? အတန်းပိုင်ဆရာမဆီက  ခွင့်တောင်းပြီး ငါတို့အတန်းက ဟန်ဟန်လေးအတွက် လက်ဆောင်ဝယ်ဖို့ ရန်ပုံငွေကောက်ရမှာပဲ " မော်နီတာ၏ အရွှမ်းဖောက်သော စကားကြောင့် တစ်တန်းလုံး ပွဲကျသွားလေသည်။ဟန်နွေရာသည်လည်း တခစ်ခစ်ရယ်နေပြီး ဘုရားဝတ်ပြုချိန်၌အတန်းသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။ မြတ်သည် သူ့ခုံပေါ်တင်ထားသော မုန့်များကို ဟန်နွေရာ၏ ခုံအတွင်းသို့ ထည့်ပေးထားလိုက်သည်။

    နံနက်ခင်း စာသင်ချိန်သည် မနက်ခြောက်နာရီခွဲမှ စတင်၍ မနက်ကိုးနာရီ၌ မုန့်စားချိန်လွှတ်သည်။ ကိုးနာရီခွဲ၌ အတန်းပြန်စတာကြောင့် ယခုအချိန်သည် မုန့်စားဆင်းချိန်ဖြစ်သည်။

"မြတ် နင်ဘာမှာမလဲ"

"ရိုးရိုးကိတ်ဆိုရပြီ "

"အိုခေ အိုခေ။ ရှင်းလက်ျာ ငါ့ကို စောင့်ဦး" ဟန်နွေရာသည် ရှင်းလက်ျာနားကို ပြေးသွားရင်း ပျောက်သွားလေသည်။

   မြတ်သည် နောက်တစ်ချိန်က အင်္ဂလိပ်စာအချိန်ဖြစ်တာကြောင့် သူသည် ဖတ်စာအုပ်နှင့်အတူ လေ့ကျင့်ခန်းစာအုပ်ကိုပါ ထုတ်ထားလိုက်သည်။ အင်္ဂလိပ်စာ၏ ပထမဆုံးunit ဖြစ်သည့် Calendar ကို ဖတ်နေစဉ် ဟန်နွေရာသည် ခေါက်ဆွဲဘူးကို ဆွဲလျက် ပြန်ဝင်လာသည်။

" မြတ်ရေ မြတ် ငါဆရာမလေးကို တွေ့ခဲ့တယ်။ ဆရာမလေးနာမည်က ဒေါ်သက်လျာကျော်တဲ့၊ ငါတို့ မုန့်ဈေးတန်းနားမှာ ရပ်နေတာ၊ အမလေးချောလိုက်တာ ပြောမနေနဲ့ "

   မြတ်သည် ‌ကိတ်မုန့်ကို လှမ်းယူရင်း ခေါင်းညိမ့်ပြလိုက်သည်။ ရှင်းလက်ျာသည် ‌မြတ်တို့အရှေ့တန်း၌ ထိုင်ကာ နေ့လယ်စာကို အတူလာစားသည်။ ဟန်နွေရာသည် ခေါက်ဆွဲကို ပူပူလောင်လောင် စားသောက်နေရင်း ဆရာမလေးအကြောင်းကို ပြောနေလေသည်။ မြတ်သည် အသံတိတ်နားထောင်ပေးနေရင်း မည်သည်ကိုမှ ပြန်မတုန့်ပြန်ချေ။

" မြတ် နင့်ဆီမှာ ရှေ့နှစ်က အင်္ဂလိပ်စာမေးခွန်းဟောင်းရှိရင် ငါ့ကို တစ်ချက်လောက်ငှားပါဦး၊ ငါ မိတ္တူကူးချင်လို့၊ ငါ ဝယ်ခဲ့တဲ့စာအုပ်မှာက ရှေ့နှစ်က မေးခွန်းမပါခဲ့ဘူး"

" ငါဒီနေ့ မယူခဲ့လို့ မနက်ဖြန်ကျမှ ယူလာပေးမယ်၊ နင် Grammar စာရွက်တွေရော ယူဦးမလား"

"ကောင်းပြီလေ၊ ငါ Adjective Degree Comparison တွေကို သိပ်မရလို့ အဲတာကို ပိုလုပ်ရမယ်"

"နင် ဘယ်နေရာနားမလည်တာလဲ ငါရှင်းပြမယ်လေ"

   ဟန်နွေရာသည် နေ့လယ်စာစားရင်း စာအကြောင်းပြောနေသော မြတ်နှင့် ရှင်းလက်ျာကြောင့် စိတ်အချဉ်ပေါက်လာသည်။ သူ ဆရာမလေးအကြောင်းပြောစဉ်က အင်းမလုပ်အဲမလုပ်ဘဲနဲ့ အခုကျမှ အတော်‌လေးကို လေပေးဖြောင့်နေကြလေသည်။

"တော်ကြပါတော့! နင်တို့နှစ်ယောက်လုံးတော်တာ ငါသိပါတယ်။ အတန်းထဲမှာ ပထမနဲ့ ဒုတိယကို နင်တို့ပဲ ရကြတယ်ဆိုတာကိုလည်း သိပါတယ်။ ကျေးဇူးပြုပြီး စားနေတဲ့အချိန်လေးမှာတော့ ငါ ဖြောင့်ဖြောင့်တန်းတန်း စားပါရစေ။ ငါနဲ့ စာက allergic ရှိတယ်။တော်ကြာ ခေါက်ဆွဲစားနေရင်း အဖုတွေ ပေါက်လာတော့မလားမသိဘူး"

"ဒါပေါ့ ဟန်ဟန်လေး ဗိုက်ဝဖို့ကပဲ အရေးကြီးတာပေါ့"
ရှင်းလက်ျာက ထောက်ခံပေးလိုက်တာကြောင့် ဟန်နွေရာသည် ပို၍ မျက်နှာငယ်စွာ ပြုမူနေလေတော့သည်။

   နေ့လယ်စာ စားကြပြီးနောက် အင်္ဂလိပ်စာအချိန်ရောက်လာသည်။မြတ်သည် ရှင်းလက်ျာအတွက် စာရွက်များကို အမှတ်အသားပြုပေးနေစဉ် အင်္ဂလိပ်စာဆရာမသည် အတန်းထဲသို့ ဝင်လာသည်။

"ကလေးတို့ရေ မင်္ဂလာပါ၊ ဆရာမ ဒီနှစ် ကလေးတို့အတန်းရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်သက်လျာကျော်ပါ၊ တစ်နှစ်ပတ်လုံးကောင်းကောင်းမွန်မွန် သင်ကြတာပေါ့ "

   မြတ်သည် ချိုသာသော အသံလေးကြောင့်အလိုအလျောက် ခေါင်းမော့မိသွားသည်။ ကျောင်းဝတ်စုံအဖြူအစိမ်းကို ရိုးရှင်းစွာ ဝတ်ထားသော ဆရာမလေးသည် နူးညံ့ချိုသာသော  အပြုံးလေးအတူ ကျောင်းသားများကို နှုတ်ဆက်နေလေသည်။ ဆံပင်အရှေ့ဆံမြိတ်လေးချထားပြီး ဆံထုံးလေးထုံးထားသဖြင့် ကျော့ရှင်းသော လည်တိုင်ဖြူဖြူလေးသည် စွဲမက်ဖွယ်ကောင်းလှသည်။ နှာတံပေါ်၌ အကျအနတပ်ဆင်ထားသော မျက်မှန်လေးကို ပင့်တင်လိုက်စဉ် မြတ်နှင့် ဆရာမလေးတို့ အကြည့်ချင်းဆုံမိသွားသည်။ ထိုစဉ် ဆရာမလေးသည် သူ့အား နူးညံ့စွာ ပြုံးပြလာခဲ့သည်။

    တခဏလေးသာ ဆိုသော်လည်း ထိုအရာသည် မြတ်အတွက် တစ်သက်သာ အမှတ်ရနေစေရန် လုံလောက်သွားခဲ့သည်။ ထိုနူးညံ့သော အပြုံးလေးကြောင့် မြတ်၏ ရင်ဘတ်အတွင်း တစ်နေရာက ပြင်းထန်စွာ လှုပ်ရှားနေခဲ့ပြီး သူသည်ပင် ရှင်းလင်းစွာ ကြားနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသည်ကို  မြတ်မသိသော်လည်း ထိုအရာသည် သူ၏ အရာအားလုံးကို လွှမ်းမိုးသွားခဲ့ပြီး သူတးနေထိုင်ရာ ကမ္ဘာကြီးသည်ပင် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ပင် မြတ်သည် ဆရာမလေးကို ငေးကြည့်နေမိသည်။

"မြတ် ထိုင်လေ၊ဆရာမ နင့်ကို ကြည့်နေပြီ " ဟန်နွေရာက မြတ်လက်ကို ကိုင်ကာ ဆွဲချခါမှ မြတ်ပြန်လည်သတိဝင်လာခဲ့သည်။

"ဆရာမက ငါပြောတဲ့အတိုင်း ချောတယ်မလား? "

"အင်း "

"ဟွန့် ငါပြောသားပဲကို "

"ကလေးတို့ ဆရာမတို့ပထမဆုံး unit 1 ကို မသင်ခင် ကဗျာလေးကနေ စလိုက်ကြတာပေါ့၊ Bridges ကဗျာကို လှန်မယ်၊ ဆရာမက အရင်ဆိုပြမယ် ပြီးရင် ကလေးတို့ လိုက်ဆိုရမယ်နော်
I like a bridge
Any kind of bridges at all........."

    ဆရာမသည် စာသင်ချိန်ပြီးသောအခါ၌ နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ မြတ်သည် စာသင်ချိန်တစ်ချိန်လုံး၌ သူသည် ထိုချိုမြသောအသံလေးကြောင့် ရှက်ရွံ့နေခဲ့တာကြောင့် ခေါင်းငုံ့ထားမိသည်။

"မြတ် နေမကောင်းဘူးလား? ဘာဖြစ်နေတာလဲ ‌နေမကောင်းရင် ကျောင်းဆေးခန်းသွားမယ်လေ၊ ဟယ် မျက်နှာတွေလည်း ရဲလို့ပါလား "

"ငါ  ရင်ခုန်နေလို့ " မြတ်သည် ခပ်တိုးတိုးဆိုပြီးနောက်  စာရေးခုံပေါ် မှောက်အိပ်နေလိုက်သည်။

"မြတ် နင်ဘာပြောတာလဲ ၊ ငါ မကြားလိုက်လို့"

"နင် စကားတအားများတာပဲ"

    ပြီးနောက် အခန်းထဲတွင် ဟန်နွေရာ၏ ဆူပူသံများဆက်တိုက်ထွက်လာသော်လည်း မြတ်သည် ခုံပေါ်မှောက်အိပ်ရင်း ပြုံးနေမိသည်။

"တကယ်ကို ချစ်ဖို့ကောင်းတယ် "

Thanks for reading 💞

    ဝသန္ကာလ၏ ပထမဆုံးရက္ျဖစ္သည့္ ဇြန္လ (၁)ရက္ေန႔သည္ အထက္တန္းေက်ာင္းမ်ား စတင္ဖြင့္သည့္ ရက္ျဖစ္သည္။ ေႏြလသုံးလအတြင္း၌ တိတ္ဆိတ္‌ေျခာက္ကပ္ေနခဲ့ေသာ ေက်ာင္းေတာ္တို႔သည္  အျဖဴအစိမ္းဝတ္ေက်ာင္းသူေက်ာင္းသားတို႔ျဖင့္ တစ္ဖန္အသက္ဝင္လႈပ္ရွားလာသည္။ ဇြန္လသည္ မိုးရာသီျဖစ္ေသာ္လည္း ပထမဆုံးရက္၌ ေနသာေနေလသည္။ ခန္းစီးလိုက္ကာ ျဖဴျဖဴတို႔တပ္ထားသည့္ ျပတင္းေပါက္မွ အလင္းေရာင္တို႔သည္ အခန္းအတြင္းသို႔ ျဖာက်ကာ ႏူးညံ့လတ္ဆတ္ေနေလသည္။ ေက်ာင္းသား/သူတို႔သည္ မိမိတို႔အားလပ္စဥ္က အေၾကာင္းအရာမ်ားကို ျပန္လည္ေျပာဆိုေနၾကသျဖင့္ အခန္းအတြင္း၌ ဆူညံ့ေနေလသည္။ ေက်ာင္းမတက္ေသးတာေၾကာင့္ ေက်ာင္းသား/သူမ်ားသည္ ေဆာ့ကစားေနဆဲျဖစ္သည္။

     တန္းခြဲ A စာသင္ခန္း၏ ညာဖက္ သုံးတန္းေျမာက္ ျပတင္းေပါက္ေဘး၌ ေက်ာင္းသူတစ္ဦးသည္ သူ၏ မွတ္စုစာအုပ္၌ စာေရးေနၿပီး ဆူညံေနေသာ အတန္းႏွင့္ လုံးဝကြဲျပားေနေလသည္။ ေျဖာင့္စင္းေနေသာ ဆံပင္ကုတ္ဝဲကို ကလစ္ေသးေသးေလးျဖင့္ ညႇပ္ထားတာေၾကာင့္ ေျပာင္ရွင္းေနေသာ မ်က္ႏွာႏုႏုေလးက ထင္သာေနသည္။ သူသည္ စာကိုသာ အာ႐ုံစိုက္လုပ္ေနတာေၾကာင့္ တျခား မည္သူကမွ ေႏွာင့္ယွက္ျခင္း မျပဳၾကေပ။

" ေဟး ျမတ္ ဒီႏွစ္ ငါနင့္‌ေဘးမွာ ထိုင္မွာေနာ္ " ဆံပင္ရွည္ကို က်စ္ဆံၿမီးက်စ္ထားၿပီး မ်က္မွန္ေလးတပ္ထားေသာ ေကာင္မေလးတစ္ဦးသည္ သူ၏ အိတ္ကို စာေရးခုံေပၚပစ္တင္ရင္း ေျပာလိုက္သည္။ သူသည္  ပထမဆုံးရက္၌ ေက်ာင္းေနာက္က်မည္စိုး၍ အသည္းအသန္ေျပးလာရသည္။ထို႔ေၾကာင့္ သူ၏အသံ၌ ေမာဟိုက္သံတို႔ပါေနသည္။

    ျမတ္သည္ ဟန္ေႏြရာအား တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ေရးလက္စ စာကိုသာ ၿပီးေအာင္ ေရးေနလိုက္သည္။ လ်စ္လ်ဴရႈခံလိုက္ရေသာ ဟန္ေႏြရာသည္ ႏႈတ္ခမ္းဆူလ်က္ တတြတ္တြတ္ေျပာေနကာ ေဘး၌ ဝင္ထိုင္လိုက္သ ည္။ သူသည္ ျမတ္၏ လ်စ္လ်ဴရႈတတ္ေသာ စ႐ိုက္ႏွင့္အသားက်ႏွင့္ေနၿပီးျဖစ္ေသာေၾကာင့္ ထိုအစား အတန္းထဲကိုသာ စူးစမ္းလိုက္သည္။

"ျမတ္ ရွင္းလက္်ာကို ေတြ႕မိေသးလား?"

" ပထမဆုံးတန္းမွာ ထိုင္ေနတယ္ "

    ရွင္းလက္်ာသည္ အရပ္ရွည္ရွည္ ပိန္ပိန္သြယ္သြယ္ေကာင္မေလးတစ္ဦးျဖစ္ၿပီး သူသည္ ေဖာ္ေ႐ြတတ္ေသာ မိန္းကေလးျဖစ္သည္။ ဟန္ေႏြရာ၊ရွင္းလက္်ာႏွင့္ ျမတ္တို႔သည္ အလယ္တန္းထဲက အတန္းေဖာ္မ်ား ျဖစ္ခဲ့ၾကၿပီး အထက္တန္းေနာက္ဆုံးႏွစ္၌လည္း သူတို႔သည္ တန္းခြဲ A ၏ အတန္းေဖာ္မ်ား ျဖစ္လာျပန္သည္။

" ျမတ္ ရွင္းလက္်ာက အရမ္းၾကင္နာတတ္တာပဲေနာ္၊ ၿပီးေတာ့ သူပိုၿပီး ၾကည့္ေကာင္းလာတယ္၊ ဒီႏွစ္လည္း သူ႔ဆံပင္ေတြကို အတိုညႇပ္လာျပန္ၿပီ " 

"......" ျမတ္သည္ နားရည္ဝေနၿပီျဖစ္ေသာ ဟန္ေႏြရာ၏ ရွင္းလက္်ာအား ခ်ီးမြမ္းသံမ်ားကို မည္သည့္တုန႔္ျပန္ခ်က္မွ မေပးေခ်။

   ဟန္ေႏြရာသည္ ရွင္းလက္်ာအား အလယ္တန္းကတည္းကပင္ တေကာက္ေကာက္လိုက္ကာ သေဘာက်ေၾကာင္း ေျပာခဲ့ၿပီး အထက္တန္းသို႔ေရာက္ေသာအခါတြင္ သူသည္ အေဝးကေနသာ ခပ္ခြာခြာေနခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ(မ)၏ ခံစားခ်က္မ်ားသည္  ငယ္႐ြယ္စဥ္ကလို ျဖဴစင္ေနေတာ့သည္ မဟုတ္ေတာ့ေခ်။

" ရွင္းလက္်ာက အရမ္းကို ေခ်ာလာတာပဲေနာ္၊ လက္ေခ်ာင္းေလးေတြက အစ လွေနေရာပဲ၊ ဟုတ္တယ္မလား ျမတ္ "

"တိတ္တိတ္ေန "

" နင္ကလည္း စိတ္ပုပ္လိုက္တာ၊ ဒီေန႔မွ ေက်ာင္းတက္တာ ပထမဆုံးေန႔ကို အရမ္းေတြ ႀကိဳးစားေနျပန္ၿပီ၊ ေက်ာင္းမွာ ပထမ‌ေနရာကို လုမယ့္လူလည္း မရွိပါဘူး ၊ ေအးေလ ျဖစ္မွာေပါ့၊ အထက္တန္းသာ ၿပီးေတာ့မယ္။အခုထိ ႀကိဳက္ရမယ့္သူမွ မရွိတာ၊ အဲေတာ့လည္း ရက္စက္တာေပါ့၊ ငါေတာ့ ငါေလးကို သနားလိုက္တာ"

"ဟန္ေႏြရာ နင္ သေဘာက်ရင္ သြားေျပာေလ"

" အဲေလာက္လြယ္ေနရင္ အခုအခ်ိန္ ‌နင့္ေဘးမွာေတာင္ လာမထိုင္ဘူး၊ ဘယ္သူမွ စကားမေျပာတဲ့ နင့္ေၾကာင့္ေလ ငါလာထိုင္ေပးေနရတာ "

" ငါ့ကို လာရစ္ေနမယ့္အစား ရွင္းလက္်ာ,ကို သြားရစ္ပါလား?"

   ဟန္ေႏြရာသည္ စိတ္ဆိုးစြာျဖင့္ ျမတ္၏ ပခုံးကို ေခါင္းျဖင့္ တိုက္ေနေလသည္။ ျမတ္သည္ ဟန္ေႏြရာ၏ ေခါင္းကို လက္ဖဝါးျဖင့္ တြန္းထားကာ သူ၏ စာအုပ္ကို ၾကည့္ေနေလသည္။

"ဟန္ေႏြရာ ျမတ္ကို မေႏွာင့္ယွက္နဲ႔၊ ငါ့ကို ေက်ာင္းသုံးစာအုပ္ေတြ ယူဖို႔ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းကို လိုက္ကူေပးပါဦး "

"လိုက္သြားေလ " ျမတ္သည္ ေၾကာင္,အေနေသာ ဟန္ေႏြရာကို လိုက္သြားဖို႔ ေျပာလိုက္သည္။

" သူ ငါ့ကို လာေခၚတာလား? တကယ္ႀကီးလာ?"

" နင္ မသြားရင္ တျခားတစ္ေယာက္လိုက္သြားလိမ့္မယ္ "

" ျမတ္ ငါ့ကို ၾကည့္စမ္းပါဦး၊ ငါ ၾကည့္ရတာ လွတယ္မလား"

" အင္း "

"ဟူးးး ေတာ္ေသးတာေပါ့၊ ငါ မနက္ေလးနာရီထဲက အလွထျပင္လာတာ၊ "

   ျမတ္သည္ လွစ္ခနဲ ေျပးသြားေသာ ဟန္ေႏြရာ၏ ေနာက္ေက်ာကို ၾကည့္ကာ ၿပဳံးလိုက္သည္။ ျမတ္အတြက္ ေက်ာင္းလာရျခင္းသည္ အထက္တန္းေက်ာင္းၿပီးသြားတဲ့ေနာက္ သူႏွစ္သက္ရာ တကၠသိုလ္ကို တက္ရန္သာ ျဖစ္သည္။ တျခားေသာ အေၾကာင္းျပခ်က္မရွိေခ်။ သူ ႏွစ္သက္ေသာ ေကာင္ေလးလည္း မရွိသကဲ့သို႔ သူလည္း စိတ္မဝင္စားေခ်။ အမ်ားႏွင့္ ေျပာဆိုဆက္ဆံရတာကို မႀကိဳက္ႏွစ္သက္ဘဲ တစ္ဦးထဲေနရသည္ကို ပို၍ ႏွစ္သက္သည္။ တျခားေသာ ေက်ာင္းသား/သူမ်ားက သူ႔အား မာနႀကီးကာ ခပ္ေခ်ေခ်ေနတတ္သည္ဟု ဆိုၾကေသာ္လည္း စင္စစ္၌ ျမတ္သည္ သီးသန႔္ေနလိုျခင္းသာ ျဖစ္သည္။

    မၾကာခင္အခ်ိန္၌ပင္ ေက်ာင္းတက္ေခါင္းေလာင္းထိုးလာခဲ့သည္။ ပထမဆုံးေန႔ျဖစ္တာေၾကာင့္ ေက်ာင္းအုပ္ႀကီးမွ assembly ေခၚကာ ေက်ာင္းစည္းကမ္းမ်ားကို ေျပာျပေလသည္။ ၿပီးေနာက္ အတန္းကိုယ္စီသို႔ ျပန္လာခဲ့သည္။ ဟန္ေႏြရာသည္ မည္သည့္ေနရာကေန ေပၚထြက္လာမွန္းေတာ့ မသိေခ်။ ျမတ္၏ ေဘးသို႔ လွစ္ခနဲေရာက္လာကာ သူႏွင့္ ရွင္းလက္်ာတို႔ ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲက အေၾကာင္းအရာမ်ားကို တစ္လမ္းလုံးေျပာလာခဲ့သည္။ထို ပုပုေသးေသး ေကာင္မေလးသည္ လူအ႐ြယ္ႏွင့္မမွ်ေအာင္ပင္  အေတာ္ေလး စကားမ်ားလွတာေၾကာင့္ ျမတ္သည္ နားပူဒဏ္ကို တစ္ဝခံလိုက္ရသည္။

"ငါတို႔ အတန္းပိုင္က သခ်ၤာသင္မွာတဲ့၊ နင္ အဲဆရာမကို သိပါတယ္၊ ငါတို႔ ေရွ႕ႏွစ္က အတန္းခ်ဳပ္လုပ္တဲ့ ဆရာမေလ၊နာမည္က ဘာပါလိမ့္ "

"ေဒၚသီတာလင္း"

"ဟုတ္တယ္၊ ဟုတ္တယ္၊အဲဆရာမပဲ။ ငါတို႔ေက်ာင္းကို ဒီႏွစ္ေျပာင္းလာတဲ့ ဆရာမအသစ္ေတြ ရွိတယ္။ ငါ႐ုံးခန္းမွာ ေတြ႕ခဲ့တယ္။ ဆရာမက အသက္သုံးဆယ္ေက်ာ္ေလာက္ပဲ ရွိေသးတယ္၊ ဟီးဟီး ဆရာမက အေတာ္ေလး လွတာ၊ အသားေလးဆို ေဖြးေနတာပဲ၊ ငါတို႔အတန္းမွာ အဂၤလိပ္စာသင္မွာတဲ့ "

"အင္း "

" တကယ္လွတာ သိလား၊ ဆရာမ စိတ္လည္းေကာင္းမယ့္ပုံေလး၊ ေက်ာင္းအုပ္ႀကီးနဲ႔ စကားေျပာေနတာေလ၊ အသံေလးက ခ်ိဳေနတာပဲ"

"ဟုတ္ပါၿပီ၊ ငါ သိၿပီ၊ "

  ျမတ္တို႔အတန္းထဲ ဝင္လာေသာအခါ ျမတ္၏ခုံေပၚ၌ ေခ်ာကလက္ႏို႔ကိတ္ေလးတစ္ခုႏွင့္ ဒိန္ခ်ဥ္ဘူးတစ္ဘူးကို ေတြ႕လိုက္ရသည္။ ထိုအရာသည္ ျမတ္အေနျဖင့္ အလယ္တန္းထဲက ရေနၾကျဖစ္ၿပီး တစ္ေန႔တမ်ိဳးမ႐ိုးလွေအာင္ ရရွိခဲ့ဖူးသည္။ ဟန္ေႏြရာသည္ ထိုအရာကို ျမင္ေသာအခါ၌ သူသည္ ဟြန႔္ ဟူေသာ အသံေသးေသးေလး ျပဳလုပ္လိုက္သည္။

"ေမာ္နီတာ အတန္းတြင္းမွာ ေက်ာင္းသား/သူေတြ အားလုံးကို တန္းတူအခြင့္အေရးေပးရမွာ မဟုတ္ဘူးလား? ငါ အခု မတရားခံေနရတယ္၊ ငါရင္ဘတ္ေတြ နာေနၿပီ " ဟန္ေႏြရာသည္ သူမ၏ အသံကို သနားခ်င္စဖြယ္ျပဳလုပ္ကာ အတန္းထိုင္ခုံမ်ားကို ညႇိေပး‌ေနေသာ ေမာ္နီတာကို ေျပာလိုက္သည္။ ေမာ္နီတာႏွင့္ သူတို႔သည္ အလယ္တန္းတစ္ေလွ်ာက္ခင္မင္လာၾကေသာ သူမ်ားျဖစ္တာေၾကာင့္ ေမာ္နီတာသည္ဟန္ေႏြရာ၏ ရင္နင့္ဖြယ္ ဇာတ္လမ္းကို သိၿပီး ျဖစ္သည္။ ျမတ္သည္ အၿမဲတေစ သူ(မ)အား ပိုးပန္းသူမ်ားမွ လက္ေဆာင္မုန႔္မ်ား ရတတ္ေသာ္လည္း ဟန္ေႏြရာသည္ မွတ္မွတ္ရရ တစ္ႀကိမ္ႏွစ္ႀကိမ္သာ ရဖူးသည္။

"အိုး ငါတို႔အတန္းရဲ႕ သနားစရာ ဟန္ဟန္ေလးပါလား? အတန္းပိုင္ဆရာမဆီက  ခြင့္ေတာင္းၿပီး ငါတို႔အတန္းက ဟန္ဟန္ေလးအတြက္ လက္ေဆာင္ဝယ္ဖို႔ ရန္ပုံေငြေကာက္ရမွာပဲ " ေမာ္နီတာ၏ အ႐ႊမ္းေဖာက္ေသာ စကားေၾကာင့္ တစ္တန္းလုံး ပြဲက်သြားေလသည္။ဟန္ေႏြရာသည္လည္း တခစ္ခစ္ရယ္ေနၿပီး ဘုရားဝတ္ျပဳခ်ိန္၌အတန္းသည္ ပုံမွန္ျပန္ျဖစ္သြားေလသည္။ ျမတ္သည္ သူ႔ခုံေပၚတင္ထားေသာ မုန႔္မ်ားကို ဟန္ေႏြရာ၏ ခုံအတြင္းသို႔ ထည့္ေပးထားလိုက္သည္။

    နံနက္ခင္း စာသင္ခ်ိန္သည္ မနက္ေျခာက္နာရီခြဲမွ စတင္၍ မနက္ကိုးနာရီ၌ မုန႔္စားခ်ိန္လႊတ္သည္။ ကိုးနာရီခြဲ၌ အတန္းျပန္စတာေၾကာင့္ ယခုအခ်ိန္သည္ မုန႔္စားဆင္းခ်ိန္ျဖစ္သည္။

"ျမတ္ နင္ဘာမွာမလဲ"

"႐ိုး႐ိုးကိတ္ဆိုရၿပီ "

"အိုေခ အိုေခ။ ရွင္းလက္်ာ ငါ့ကို ေစာင့္ဦး" ဟန္ေႏြရာသည္ ရွင္းလက္်ာနားကို ေျပးသြားရင္း ေပ်ာက္သြားေလသည္။

   ျမတ္သည္ ေနာက္တစ္ခ်ိန္က အဂၤလိပ္စာအခ်ိန္ျဖစ္တာေၾကာင့္ သူသည္ ဖတ္စာအုပ္ႏွင့္အတူ ေလ့က်င့္ခန္းစာအုပ္ကိုပါ ထုတ္ထားလိုက္သည္။ အဂၤလိပ္စာ၏ ပထမဆုံးunit ျဖစ္သည့္ Calendar ကို ဖတ္ေနစဥ္ ဟန္ေႏြရာသည္ ေခါက္ဆြဲဘူးကို ဆြဲလ်က္ ျပန္ဝင္လာသည္။

" ျမတ္ေရ ျမတ္ ငါဆရာမေလးကို ေတြ႕ခဲ့တယ္။ ဆရာမေလးနာမည္က ေဒၚသက္လ်ာေက်ာ္တဲ့၊ ငါတို႔ မုန႔္ေဈးတန္းနားမွာ ရပ္ေနတာ၊ အမေလးေခ်ာလိုက္တာ ေျပာမေနနဲ႔ "

   ျမတ္သည္ ‌ကိတ္မုန႔္ကို လွမ္းယူရင္း ေခါင္းညိမ့္ျပလိုက္သည္။ ရွင္းလက္်ာသည္ ‌ျမတ္တို႔အေရွ႕တန္း၌ ထိုင္ကာ ေန႔လယ္စာကို အတူလာစားသည္။ ဟန္ေႏြရာသည္ ေခါက္ဆြဲကို ပူပူေလာင္ေလာင္ စားေသာက္ေနရင္း ဆရာမေလးအေၾကာင္းကို ေျပာေနေလသည္။ ျမတ္သည္ အသံတိတ္နားေထာင္ေပးေနရင္း မည္သည္ကိုမွ ျပန္မတုန႔္ျပန္ေခ်။

" ျမတ္ နင့္ဆီမွာ ေရွ႕ႏွစ္က အဂၤလိပ္စာေမးခြန္းေဟာင္းရွိရင္ ငါ့ကို တစ္ခ်က္ေလာက္ငွားပါဦး၊ ငါ မိတၱဴကူးခ်င္လို႔၊ ငါ ဝယ္ခဲ့တဲ့စာအုပ္မွာက ေရွ႕ႏွစ္က ေမးခြန္းမပါခဲ့ဘူး"

" ငါဒီေန႔ မယူခဲ့လို႔ မနက္ျဖန္က်မွ ယူလာေပးမယ္၊ နင္ Grammar စာ႐ြက္ေတြေရာ ယူဦးမလား"

"ေကာင္းၿပီေလ၊ ငါ Adjective Degree Comparison ေတြကို သိပ္မရလို႔ အဲတာကို ပိုလုပ္ရမယ္"

"နင္ ဘယ္ေနရာနားမလည္တာလဲ ငါရွင္းျပမယ္ေလ"

   ဟန္ေႏြရာသည္ ေန႔လယ္စာစားရင္း စာအေၾကာင္းေျပာေနေသာ ျမတ္ႏွင့္ ရွင္းလက္်ာေၾကာင့္ စိတ္အခ်ဥ္ေပါက္လာသည္။ သူ ဆရာမေလးအေၾကာင္းေျပာစဥ္က အင္းမလုပ္အဲမလုပ္ဘဲနဲ႔ အခုက်မွ အေတာ္‌ေလးကို ေလေပးေျဖာင့္ေနၾကေလသည္။

"ေတာ္ၾကပါေတာ့! နင္တို႔ႏွစ္ေယာက္လုံးေတာ္တာ ငါသိပါတယ္။ အတန္းထဲမွာ ပထမနဲ႔ ဒုတိယကို နင္တို႔ပဲ ရၾကတယ္ဆိုတာကိုလည္း သိပါတယ္။ ေက်းဇူးျပဳၿပီး စားေနတဲ့အခ်ိန္ေလးမွာေတာ့ ငါ ေျဖာင့္ေျဖာင့္တန္းတန္း စားပါရေစ။ ငါနဲ႔ စာက allergic ရွိတယ္။ေတာ္ၾကာ ေခါက္ဆြဲစားေနရင္း အဖုေတြ ေပါက္လာေတာ့မလားမသိဘူး"

"ဒါေပါ့ ဟန္ဟန္ေလး ဗိုက္ဝဖို႔ကပဲ အေရးႀကီးတာေပါ့"
ရွင္းလက္်ာက ေထာက္ခံေပးလိုက္တာေၾကာင့္ ဟန္ေႏြရာသည္ ပို၍ မ်က္ႏွာငယ္စြာ ျပဳမူေနေလေတာ့သည္။

   ေန႔လယ္စာ စားၾကၿပီးေနာက္ အဂၤလိပ္စာအခ်ိန္ေရာက္လာသည္။ျမတ္သည္ ရွင္းလက္်ာအတြက္ စာ႐ြက္မ်ားကို အမွတ္အသားျပဳေပးေနစဥ္ အဂၤလိပ္စာဆရာမသည္ အတန္းထဲသို႔ ဝင္လာသည္။

"ကေလးတို႔ေရ မဂၤလာပါ၊ ဆရာမ ဒီႏွစ္ ကေလးတို႔အတန္းရဲ႕ အဂၤလိပ္စာဆရာမ ေဒၚသက္လ်ာေက်ာ္ပါ၊ တစ္ႏွစ္ပတ္လုံးေကာင္းေကာင္းမြန္မြန္ သင္ၾကတာေပါ့ "

   ျမတ္သည္ ခ်ိဳသာေသာ အသံေလးေၾကာင့္အလိုအေလ်ာက္ ေခါင္းေမာ့မိသြားသည္။ ေက်ာင္းဝတ္စုံအျဖဴအစိမ္းကို ႐ိုးရွင္းစြာ ဝတ္ထားေသာ ဆရာမေလးသည္ ႏူးညံ့ခ်ိဳသာေသာ  အၿပဳံးေလးအတူ ေက်ာင္းသားမ်ားကို ႏႈတ္ဆက္ေနေလသည္။ ဆံပင္အေရွ႕ဆံၿမိတ္ေလးခ်ထားၿပီး ဆံထုံးေလးထုံးထားသျဖင့္ ေက်ာ့ရွင္းေသာ လည္တိုင္ျဖဴျဖဴေလးသည္ စြဲမက္ဖြယ္ေကာင္းလွသည္။ ႏွာတံေပၚ၌ အက်အနတပ္ဆင္ထားေသာ မ်က္မွန္ေလးကို ပင့္တင္လိုက္စဥ္ ျမတ္ႏွင့္ ဆရာမေလးတို႔ အၾကည့္ခ်င္းဆုံမိသြားသည္။ ထိုစဥ္ ဆရာမေလးသည္ သူ႔အား ႏူးညံ့စြာ ၿပဳံးျပလာခဲ့သည္။

    တခဏေလးသာ ဆိုေသာ္လည္း ထိုအရာသည္ ျမတ္အတြက္ တစ္သက္သာ အမွတ္ရေနေစရန္ လုံေလာက္သြားခဲ့သည္။ ထိုႏူးညံ့ေသာ အၿပဳံးေလးေၾကာင့္ ျမတ္၏ ရင္ဘတ္အတြင္း တစ္ေနရာက ျပင္းထန္စြာ လႈပ္ရွားေနခဲ့ၿပီး သူသည္ပင္ ရွင္းလင္းစြာ ၾကားေနခဲ့ရသည္။ အဘယ္ေၾကာင့္ဆိုသည္ကို  ျမတ္မသိေသာ္လည္း ထိုအရာသည္ သူ၏ အရာအားလုံးကို

You are reading the story above: TeenFic.Net