Introduction

Background color
Font
Font size
Line height


Name- You are the cause of my euphoria

Main Characters - မြတ်၊ သက်လျာကျော်

Side Characters -ရှင်းလက်ျာ၊ ဟန်နွေရာ

Description - ဆယ်ကျော်သက်ဘဝတစ်လျှောက်လုံး လူအများထံမှ ချစ်ခင်နှစ်သက်မှုများကို ရရှိခဲ့သော်လည်း ပညာသင်ကြားရေးကိုသာ အာရုံစိုက်ခဲ့သော မြတ်သည် အထက်တန်းနောက်ဆုံးနှစ်၌ ကျောင်းသို့အသစ်ပြောင်းလာသော အင်္ဂလိပ်စာဆရာမကို မြင်မြင်ချင်း နှစ်သက်ကျွမ်းဝင်ရာမှ သူ၏ ဘဝသည်လည်း တည်ငြိမ်နေသောရေပြင်မှ လှိုင်းထန်လာခဲ့ရသည်။ တစ်ဖက်ကလည်း အရေးကြီးလှသော တက္ကသိုလ်ဝင်တန်းဖြစ်နေသည့်အချိန်တွင် တစ်ဖက်က သဘောကျရသူကလည်း ဆရာမတစ်ဦးဖြစ်နေသောအခါ မြတ်တစ်ယောက် ဘယ်လိုတွေ ဗျာများရမလဲ? တည်ငြိမ်နေတဲ့ကျောင်းသူလေးတစ်ယောက် အချစ်ကို တွေ့သွားရတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။ Side couple လေးတွေကလည်းပါဝင်တာကြောင့် အသက်ကွာခြားတဲ့ Romantic themeလေးကို ခံစားရစေမှာပါ။

My note !!
ကျွန်မကလေ Lesbian ကို သိပ်ပြီးတော့ ဖတ်လေ့ဖတ်ထလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ရေးဖူးတာကတော့ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ အထက်တန်းတုန်းက တစ်ကြိမ်ရေးဖူးခဲ့ပေမဲ့ အဲတာက လက်ရေးနဲ့ရေးတာဖြစ်ပြီး စာအုပ်ကိုလည်း သူငယ်ချင်းဆီ လက်ဆောင်ပေးလိုက်တာပေါ့နော်။ ဒီဇာတ်လမ်းကို ရေးဖို့ တွေးထားတာ ရှေ့နှစ်လောက်ထဲကပါ။ ဒီဇာတ်လမ်းက အထက်တန်းတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ပါပဲ။ ကိုယ့်နဲ့အတူထိုင်တဲ့ကောင်မလေးက သူသဘောကျတဲ့ ဆရာမအကြောင်းကို ရင်ဖွင့်ပြောတာကနေ ကိုယ်ကလည်း ဇာတ်လမ်းလေးတစ်ပုဒ်ဖန်တီးချင်ခဲ့တာပါ။ကိုယ်ကလည်း ရေးလက်စဇာတ်လမ်းတွေ အများကြီး‌ရှိနေတာကြောင့်လည်း ပါတာပေါ့နော်။အခုတော့ ဖြစ်ချင်ရာဖြစ် စရေးပြီလို့ ဆုံးဖြတ်လိုက်တယ်။ ဒီဇာတ်လမ်းထဲက အကြောင်းအရာ‌အတော်များများက အပြင်က အဖြစ်အပျက်တွေအတိုင်းရေးထားပြီး ကိုယ့်ပိုင်စိတ်ကူးယဉ် ဇာတ်လမ်းအနည်းငယ်သာ ပါဝင်တာကြောင့် ကျွန်မ့သူငယ်ချင်းရဲ့ ဇာတ်လမ်းလေးကို စပ်စုချင်တယ်ဆိုရင်တော့ ဆက်လက်ဖတ်ရှုပေးပါဦးနော် ။




Name- You are the cause of my euphoria

Main Characters - ျမတ္၊ သက္လ်ာေက်ာ္

Side Characters -ရွင္းလက္်ာ၊ ဟန္ေႏြရာ

Description - ဆယ္ေက်ာ္သက္ဘဝတစ္ေလွ်ာက္လုံး လူအမ်ားထံမွ ခ်စ္ခင္ႏွစ္သက္မႈမ်ားကို ရရွိခဲ့ေသာ္လည္း ပညာသင္ၾကားေရးကိုသာ အာ႐ုံစိုက္ခဲ့ေသာ ျမတ္သည္ အထက္တန္းေနာက္ဆုံးႏွစ္၌ ေက်ာင္းသို႔အသစ္ေျပာင္းလာေသာ အဂၤလိပ္စာဆရာမကို ျမင္ျမင္ခ်င္း ႏွစ္သက္ကြၽမ္းဝင္ရာမွ သူ၏ ဘဝသည္လည္း တည္ၿငိမ္ေနေသာေရျပင္မွ လႈိင္းထန္လာခဲ့ရသည္။ တစ္ဖက္ကလည္း အေရးႀကီးလွေသာ တကၠသိုလ္ဝင္တန္းျဖစ္ေနသည့္အခ်ိန္တြင္ တစ္ဖက္က သေဘာက်ရသူကလည္း ဆရာမတစ္ဦးျဖစ္ေနေသာအခါ ျမတ္တစ္ေယာက္ ဘယ္လိုေတြ ဗ်ာမ်ားရမလဲ? တည္ၿငိမ္ေနတဲ့ေက်ာင္းသူေလးတစ္ေယာက္ အခ်စ္ကို ေတြ႕သြားရတဲ့အေၾကာင္းအရာေလး ျဖစ္ပါတယ္။ Side couple ေလးေတြကလည္းပါဝင္တာေၾကာင့္ အသက္ကြာျခားတဲ့ Romantic themeေလးကို ခံစားရေစမွာပါ။

My note !!
ကြၽန္မကေလ Lesbian ကို သိပ္ၿပီးေတာ့ ဖတ္ေလ့ဖတ္ထလည္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ ေရးဖူးတာကေတာ့ ဒါ ပထမဆုံးေတာ့ မဟုတ္ပါဘူး။ အထက္တန္းတုန္းက တစ္ႀကိမ္ေရးဖူးခဲ့ေပမဲ့ အဲတာက လက္ေရးနဲ႔ေရးတာျဖစ္ၿပီး စာအုပ္ကိုလည္း သူငယ္ခ်င္းဆီ လက္ေဆာင္ေပးလိုက္တာေပါ့ေနာ္။ ဒီဇာတ္လမ္းကို ေရးဖို႔ ေတြးထားတာ ေရွ႕ႏွစ္ေလာက္ထဲကပါ။ ဒီဇာတ္လမ္းက အထက္တန္းတုန္းက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ပါပဲ။ ကိုယ့္နဲ႔အတူထိုင္တဲ့ေကာင္မေလးက သူသေဘာက်တဲ့ ဆရာမအေၾကာင္းကို ရင္ဖြင့္ေျပာတာကေန ကိုယ္ကလည္း ဇာတ္လမ္းေလးတစ္ပုဒ္ဖန္တီးခ်င္ခဲ့တာပါ။ ။ကိုယ္ကလည္း ေရးလက္စဇာတ္လမ္းေတြ အမ်ားႀကီး‌ရွိေနတာေၾကာင့္လည္း ပါတာေပါ့ေနာ္။အခုေတာ့ ျဖစ္ခ်င္ရာျဖစ္ စေရးၿပီလို႔ ဆုံးျဖတ္လိုက္တယ္။ဒီဇာတ္လမ္းထဲက အေၾကာင္းအရာ‌အေတာ္မ်ားမ်ားက အျပင္က အျဖစ္အပ်က္ေတြအတိုင္းေရးထားၿပီး ကိုယ့္ပိုင္စိတ္ကူးယဥ္ ဇာတ္လမ္းအနည္းငယ္သာ ပါဝင္တာေၾကာင့္ ကြၽန္မ့သူငယ္ခ်င္းရဲ႕ ဇာတ္လမ္းေလးကို စပ္စုခ်င္တယ္ဆိုရင္ေတာ့ ဆက္လက္ဖတ္ရႈေပးပါဦးေနာ္ ။


You are reading the story above: TeenFic.Net