မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤8
နမ်ချိုင်မြို့ရဲ့မနက်ခင်းကသာယာလှတယ်
ကြီးကျယ်လွန်းတဲ့ရှောင်းအိမ်တော်မှာရှိတဲ့၀န်ထမ်းတွေကနေ့တိုင်းထက်ပိုပြီးအလုပ်ရှုပ်နေတယ်
ပျားပန်းခပ်လှုပ်ရှားနေတဲ့အိမ်တော်တွင်းရဲ့၀န်ထမ်းတစ်၀က်လောက်က
ရှောင်းသခင်မလေးရဲ့ဝေယျာ၀စ္စအတွက်လုပ်ကိုင်နေရတယ်
ဆူညံနေတဲ့အိမ်တော်ထဲမှာပဲတိတ်ဆိတ်နေတဲ့အခန်းတစ်ခုထဲမှာအလုပ်ရှုပ်နေတဲ့လူသားတစ်ယောက်ရှိသေးတယ်
သူ့ပုံစံကမျက်ခုံးတွေတွန့်ချိုးလို့တစ်စုံတစ်ရာကိုအာရုံရှုပ်ထွေးနေပုံရတယ်
အား...ဘာလို့အနက်ရောင်တွေချည်းပဲလဲ
ရှောင်းကျန့်ကသူ့ရဲ့အရှေ့မှာရှိနေတဲ့အ၀တ်ပုံနဲ့ဗီရိုထဲကအ၀တ်တွေကိုကြည့်လို့သူအော်လိုက်တယ်
သူအရင်ကမြို့လူဆိုးဆိုတဲ့ဂုဏ်ပုဒ်နဲ့လိုက်အောင်အနက်တွေချည်းရွေး၀ယ်ခဲ့တာ
အခုလိုချင်တော့မရှိဘူး
မနေ့ကသူအပေါ်တတ်လာတော့အောက်မှာကျန်ခဲ့တဲ့ပါးကခြံစောင့်လုရွယ်ကိုလွှတ်လို့ညစာစားဖို့ဖိတ်ခိုင်းလိုက်တယ်
ညစာစားဖို့ငြင်းနေတဲ့မြို့အုပ်မင်းကရှောင်းအိမ်တော်ကဆိုတော့လက်ခံလိုက်တယ်တဲ့လေ
သဘောတွေကျလို့အတွေးချော်နေတဲ့သူမပါရှောင်းမိသားစုကအားကြိုးမာန်တတ်
သူ့အမဆိုရင်ညတည်းကပြင်နေတာ
ဒီအကြောင်းကိုတွေးမိတော့ရှောင်းကျန့်ကနှာခေါင်းရှုံ့လိုက်တယ်
အဲ့ခွေးကောင်၀မ်ရိပေါ်ကဘာလို့ညစာစားဖို့ကိုဘာလို့လက်ခံလိုက်တာလဲ
အခုတော့သူ့မှာအာရုံရှုပ်နေရပြီ
အဲ့မြို့အုပ်မင်းစုတ်ကြောင့်သာမဟုတ်ရင်သူအခုထိအိပ်နေရမှာ
အခုနေမှအ၀တ်ထွက်၀ယ်ရင်လည်းသူကလှချင်တယ်ဖြစ်နေဦးမယ်
တကယ်တော့အဲ့လိုမဟုတ်ပါဘူး
သူ့အမထက်သာချင်ရုံလေးပါ
********
ညနေဘက်ရှောင်းအိမ်တော်ကိုညစာသွားစားဖို့အခန်းထဲမှာပြင်နေတဲ့၀မ်ရိပေါ်ကခါတိုင်းထက်တတ်ကြွနေတယ်
မှန်တင်ခုံရှေ့မှာရပ်နိုင်ငံခြားဖြစ်ခေါင်းလိမ်းဆီကိုလိမ်းလို့ဆံပင်တွေကိုသပ်တင်လိုက်တယ်
အနံသင်းသင်းထွက်တဲ့ခေါင်းလိမ်းဆီကရှောင်းရဲ့ဆံနွယ်တွေလောက်မမွှေးဘူး
အင်္ကျီကြယ်သီးတပ်ကိုနေတဲ့၀မ်ရိပေါ်ရဲ့လက်တို့ကခနအကြာမှာရပ်တန့်သွားတယ်
သူ့အင်္ကျီကျယ်သီးတွေတပ်ပေးနေတာရှောင်းကျန့်ရဲ့လက်ဖြူသွယ်သွယ်တွေလို့တွေးလိုက်မိလို့
ညစာဖိတ်တာကိုငြင်းပေမယ့်ရှောင်းအိမ်တော်ကဆိုသူလက်ခံလိုက်တယ်
စုံစမ်းထားပြီးသားဖြစ်တဲ့သူ့ယောက္ခမလောင်းရှောင်းအဖိုးကြီးအကြောင်းကိုသိနေလို့
ရှောင်းမျိုးနွယ်ရဲ့သမက်ဖြစ်လာမှာပါ
သူ့ရှောင်းရဲ့အိမ်ထောင်ဦးစီးအဖြစ်နဲ့ပေါ့
ဒီလိုသာပြောမိရင်ဒေါသကြီးလွန်းတဲ့မြို့လူဆိုးလေးကသူ့ကိုထထိုးမလားပဲ
သူမြန်မြန်သွားမှဖြစ်မယ်
ဒီမေါင်ကအသည်းသက်ညှာကိုတွေ့ချင်လှပြီ
*********
ညနေဘက်ရှောင်းကျန့်အိမ်ထဲကို၀င်လာတဲ့ဂျစ်ကားသံကိုကြားတော့မှန်ရှေ့ကိုနောက်တစ်ခေါက်သွားကြည့်လိုက်တယ်
အနက်ရှောင်ရှပ်လက်ရှည်ကိုဘောင်းဘီထဲထည့်၀တ်လိုက်တယ်
၀မ်ရိပေါ်ကသူ့ခါးလေးကသေးသေးလေးတွေလို့ပြောဘူးတယ်
ဟွန်း...အသားယူလွန်းတယ်
အပြင်ထွက်လိုက်တယ်ဆိုကြားလာရဲ့သူ့ပါးပါးရဲ့ရယ်သံကအိမ်ပေါ်ကနေတောင်ကြားရတယ်
အောက်ကိုမဆင်းသေးဘဲအပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါမြင်ရတဲ့၀မ်ရိပေါ်ကအရင်နေ့တွေထက်ခန့်ညားလာသလိုပဲ
အဲ့မြို့အုပ်စုတ်ရဲ့ဘေးမှာကပ်ထိုင်နေတဲ့သူ့အမဖြူဖွေးနေတဲ့၀တ်စုံကို၀တ်ထားတယ်
ခါတိုင်းထက်ပိုပြင်ထားတဲ့သူ့အမက
၀မ်ရိပေါ်ရဲ့ဘေးနားကိုလိုတာထပ်ပိုကပ်နေသလိုပဲ
ပြုံးပြနေတဲ့မျက်နှာကြီးကိုမြင်ရတဲ့အချိန်မှာစိတ်ကတိုလာရပြန်တယ်
ဘောပဲခွေးကောင်
အဲ့အခွက်ကြီးကဘာလို့အဲ့လောက်ပြုံးနေတာတုန်း
အိမ်အကူတွေရဲ့ထမင်းပွဲပြင်ပြီးသွားပြီဆိုတဲ့စကားသံအဆုံးမှာဧည့်ခန်းကလူလေးယောက်ကထမင်း၀ိုင်းဆီကိုဦးတည်တယ်
အိမ်ပေါ်ကိုတတ်လာတဲ့အိမ်တော်ထိန်းကိုမြင်မှရှောင်းကျန့်ကအာက်ထပ်ကိုခပ်သွက်သွက်ဆင်းလာတယ်
ထမင်းစားပွဲ၀ိုင်းရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ရှောင်ပါး
ဘေးမှာထိုင်နေတဲ့သူ့မား
တခြားဘက်မှာထိုင်နေတဲ့၀မ်ရိပေါ်ရဲ့ဘေးမှာကသူ့အမကကပ်လို့ထိုင်တယ်
ဒါဆိုငါကဟ်ိုဘက်မှာပေါ့
ဒါပေမယ့်နည်းလမ်းရှိနေတဲ့ရှောင်းကျန့်က
ထမင်းစားပွဲကိုဘယ်သူ့မှဂရုမစိုက်တဲ့ပုံနဲ့၀င်လာလိုက်တယ်
ငေးကနဲပဲ
အဲ့လိုပဲဖြစ်ရမှာပေါ့
ရှောင်ပါး:::ဒါကတော့ကျုပ်သား
အင်းသိတယ်
မေကျီ:::မြို့အုပ်မင်းကြိုက်မယ်ထင်တာလေးတွေပဲမေကျီစီစဉ်ထားတာ
ပြုံးပြီးပြောနေတဲ့ရှောင်းမေကျီရဲ့အသံတွေကတကယ်ကိုချိုသာလှပါတယ်
ရှောင်မား:::သမီး မြို့အုပ်မင်းကိုထပ်ထည့်ပေးလိုက်ပါအုံးကွယ်
မေကျီ::::မြို့အုပ်မင်းကမေကျီလက်ရာတွေကိုမကြိုက်ဘူးလား
မဟုတ်ပါဘူး
ကြိုက်ပါတယ်
"ရှေ့ကမြင်ကွင်းလေးကိုပေါ့"
ဆိုတာကိုတော့စိတ်ထဲမှာပဲပြောလိုက်တယ်
ကြည်တောက်တဲ့မျက်၀န်းတွေကတစ်စက်ကလေးတောင်မော့ကြည့်မလာတဲ့အခါရင်ထဲမှာမရိုးမရွဖြစ်ရတယ်
ဘေးနားကရေဖန်ခွက်ကိုယူလို့သောက်လိုက်တဲ့အချိန်ဖန်ခွက်နေရာမှာကိုယ်သာဖြစ်လိုက်ချင်တယ်
မောင်တော့ရူးရင့်ပြီထင်တယ်
သိပ်လှတယ်
စိတ်ထဲမှာရေရွတ်လိုက်တဲ့စကားကအပြင်မှာပါအသံထွက်မိတဲ့အခါထမင်း၀ိုင်းလေးကတိတ်ဆိတ်သွားတယ်
မောင်တော့ရူးနေပြီ
မေကျီ:::သိပ်လှတယ်ဆိုတာဘာကိုပြောလိုက်တာလဲမြို့အုပ်မင်း
နမ်ချိုင်မြို့ကမောင့်ပန်းရိုင်းလေးကို
အာ
ပြောပြီးမှပြုံးမိသွားတဲ့သူကဟင်းတွေထပ်ခပ်ထည့်ပေးနေတဲ့ရှောင်းမေကျီကိုကြည့်လိုက်တယ်
စိတ်တော့မကောင်းပေမယ့်လူဆိုးလေးဆီကတုန့်ပြန်မှုရဖို့ဒီနည်းပဲရှိလို့ပါ
အကဲပိုနေတဲ့ရှေ့ကသူ့အမနဲ့ပဥ္စရူပ၀မ်ရိပေါ်ကိုကြည့်လို့မဲ့လိုက်တယ် မျက်နှာလေးနဲ့လုပ်စားနေတဲ့အဲ့ခွေးကောင်ကိုနောက်တစ်ခါသူ့ကိုချစ်ကြောင်းလာပြောမှစုတ်ပျက်သွားအောင်ထိုးဖို့အားမွေးထားလိုက်မယ်
ပြုံးနေတဲ့မျက်နှာကြီးကိုကုတ်ချင်လိုက်တာ
နှစ်ယောက်တစ်ကမ္ဘာတည်ကြာလှပြီမလွန်ဘူးလား
ထွက်လာတဲ့ဒေါသကိုရေနဲ့မျှောချလိုက်ပေမယ့်ကန်ထွက်လာတာကိုတော့တားလို့မရဘူးလေ
"ခွပ်"
ရေခွက်ဆောင့်ချလိုက်လို့အသံကျယ်သွားတာကြောင့်ကြည့်လာတဲ့အခိုက်မှာ
မျက်လုံးတွေ၀ိုင်းကနဲပဲ
အကြံအောင်သွားတဲ့ရှောင်းကျန့်ကအင်္ကျီရင်ဘတ်ကိုဟပြီးဘေးနားကယပ်ခပ်နေတဲ့လုလုကိုခေါ်လို့ယပ်ခတ်ခိုင်းလိုက်တယ်
မျက်နှာကြီးကမဲခနဲပဲ
အဟင်း...ရှောင်းကျန့်ပါ၀မ်ရိပေါ်ရယ်
မင်းဘာတတ်နိုင်သေးလဲ။မျက်ခုံးတစ်ဘက်ကိုပင့်ပြလိုက်တဲ့အခါ
နမ်းခမ်းထောင့်တွန့်ရုံပြန်ပြုံးပြလိုက်တဲ့အပြုံးကြောင့်သူပုခုံးတွန့်ပြပြီးထမင်း၀ိုင်းကထွက်ခဲ့လိုက်တယ်
ဒီညကျန်းချန်တို့ဆီသွားလို့သူအောင်ပွဲခံရမယ်
********
ထမင်းစားပွဲကထလို့ဧည့်ခန်းထဲမှာထိုင်နေသည်ထိ၀မ်ရိပေါ်ရဲ့စိတ်ထဲမှာထမင်းစားပွဲကအဖြစ်အပျက်ကစွဲနေတုန်း
မြင်လိုက်ရတဲ့ရင်ဘတ်ဖြူဖြူတွေကိုတခြားသူပါခေါ်ပြီးယပ်ခတ်ခိုင်းရတယ်လို့
ဒီမြို့လူဆိုးလေးကတော့ဆိုးချင်တိုင်းဆိုးနေတော့တာပဲ
သူမြန်မြန်အုပ်ထိမ်းသူရာထူးရမှဖြစ်တော့မယ်.........
အဲ့ဒီအချိန်ကျမှအဆိုးလေးရဲ့ရင်ဘတ်ဖြူဖြူတွေချယ်ရီတွေပွင့်လာအောင်လုပ်ရမယ်.....
B Bhone🖤
You are reading the story above: TeenFic.Net