မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤7
၀မ်ရိပေါ်ရဲ့အိမ်ကကျစ်ယောင်ဆိုတဲ့ကောင်လေးပြန်ဆင်းလာတော့မြို့အုပ်ကစာကြည့်ခန်းထဲကဆင်းလာမယ်ဆိုတဲ့အကြောင်းပြောတယ်
ဖက်ထုပ်ချိုင့်ကိုလှယ်ပြီးတော့အဲ့ကောင်လေးအပြင်ထွက်သွားပြီးမကြာခင်မှာပဲဆင်းလာတဲ့မြို့အုပ်မင်း
ရှောင်း
မောင့်အတွက်ဖက်ထုပ်လာပို့တာဆို
အင်း
ကိုယ်တိုင်လုပ်လာတာလား
မဟုတ်ဘူး
သြော်
ဘာမှမပြောဘဲသာမန်အတိုင်းအေးစက်စက်နဲ့ထိုင်နေတဲ့၀မ်ရိပေါ်ကြောင့်သူ့စိတ်ထဲမှာမွန်းကျပ်လာတယ်
မျက်နှာမကောင်းဖြစ်နေတဲ့၀မ်ရိပေါ်ကခါတိုင်းလိုတက်ကြွနေခြင်းမရှိဘူး
၀မ်ရိပေါ်
ဟင်
နေမကောင်းဘူးလား
စမ်းကြည့်ပေးပါ့လား
ပြောပြီးသူထိုင်နေတဲ့ဘေးကိုရွှေ့ထိုင်လိုက်တယ်
မဖျားနေဘူး
သူနဖူးကိုစမ်းကြည့်လိုက်တဲ့အခါအပူချိန်ကသာမန်အတိုင်းပဲ ဒါပေမယ့်သူ့ပုံစံကဘာလို့အရမ်းပင်ပန်းနေတဲ့ပုံပေါက်နေတာလဲ
၀မ်ရိပေါ် ပင်ပန်းနေတာလား
စိတ်လေးနည်းနည်းပါ
သြော်
ရှောင်း
ဟင်
မောင့်ကိုနည်းနည်းတောင်မချစ်ဘူးလား
အာ
မောင်ကရှောင်းကိုသိပ်ချစ်တာ
ဒီနေ့ရှောင်းကိုခေါက်ဆွဲဆိုင်မှာမိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်
အဲ့ဒါက
မောင့်ရင်ကိုပူလောင်စေလိုက်တာ
၀မ်ရိပေါ် အဲဒါကဒီတိုင်းအသိပါ
ပြီးတော့ငါလည်းသူ့ကိုမကြိုက်ပါဘူး
တကယ်
အင်းငါ သူ့ကိုမကြိုက်ဘူး
မောင်စိတ်ပူတယ်ရှောင်းရဲ့
မောင်ကရှောင်းကိုသိပ်ချစ်တယ်ဆိုတာသိလား
အင်း
ဘယ်တော့မောင့်ကိုပြန်ချစ်မလဲ
၀မ်ရိပေါ်
ဘေးနားက၀မ်ရိပေါ်ကသူ့ကိုယ်ရုတ်တရက်ဆွဲဖက်လို့ဆံပင်တွေကြားကိုနမ်းရှိုက်လိုက်တယ်
သူ့နှလုံးသားပေါက်ကွဲတော့မလိုပဲ
၀မ်ရိပေါ်
ခနပါ မောင်အရမ်းပင်ပန်းနေလို့
ရှောင်းကျန့်ရဲ့ဆံပင်တွေကြားထဲမှာခေါင်းနှစ်ထားတဲ့၀မ်ရိပေါ်ကခိုးပြုံးတယ်
ရှောင်းကသူ့စိတ်ကိုစိတ်ရောက်လာပြီပဲ
ငြိမ်သက်နေတဲ့ရှောင်းကျန့်က၀မ်ရိပေါ်ဆီကစီးကရက်နံ့ရောနေတဲ့ယောကျာ်းဆန်တဲ့ကိုယ်သင်းနံ့တချို့ကိုရနေတယ်
သူတိတ်တဆိတ်ရှုရှိုက်လိုက်မိတဲ့အခိုက်မှာသူဒီထက်ပိုပြီးရူးသွပ်ချင်လာသလိုပဲ
၀မ်ရိပေါ်ကတကယ်ဆိုးလွန်းတယ်
သူ့အာရုံတွေကိုအရမ်းမှားစေတာပဲ
ရှောင်းအနေရခက်နေပြီထင်တယ်
မောင်တောင်းပန်တယ်နော်
အင်း
ရှောင်းအထီးကျန်နေတဲ့မောင့်နေရာကိုသနားသောအားဖြင့်မြို့အုပ်ကတော်ဖြစ်လာပါလား
၀မ်ရိပေါ်
စဉ်းစားပေါ့ရှောင်းရယ်
မင်းကကိုယ့်ဘက်ကိုယ်ယက်လွန်းနေတာပဲ
ကိုယ့်ဘက်ကိုယ်ယက်တာမဟုတ်ပါဘူး
မောင်ကမင်းအတွက်စေတနာနဲ့ပါ
အဲ့စေတနာတွေမလိုချင်ဘူး
အိုး...
အခုဆိုဆောင်း၀င်လာပြီ
မောင်ကြားတာတော့နမ်ချိုင်ဆောင်းကသိပ်အေးတာဆို
အဲ့တော့
အေးလှတဲ့ဆောင်းရာသီမှာဆောင်ခြုံလို့ကွေးမယ့်အစားမောင့်ရင်ခွင်တည်းလာကွေးလှည့်ပါလား
မောင်ကတစ်ညလုံးနွေးအောင်လုပ်ပေးနိုင်ပါတယ်
ခွေးကောင်
ထူပူလာတဲ့ရှောင်းကျန့်ကပထမဆုံးသူဒီကိုလာမိတာနောင်တရတယ်
အဲ့ဒီခွေးကောင်ကိုတစ်ခုခုလုပ်ပြစ်ရမှကျေနပ်မယ့်ရှောင်းကျန့်ကရိ၀မ်ပေါ်ရဲ့လက်ကိုဆွဲယူလို့အားပါပါနဲ့ကိုက်လိုက်တယ်
အာ့
မှတ်ပြီလား
ယုန်သွားလေးတွေနဲ့မောင့်လက်ကိုကိုက်မယ့်အစား
မောင့်လည်ပင်းမှာမာကင်ရာချန်မယ်ဆိုရင်မောင်ကပိုပျော်မိမှာ
၀မ်ရိပေါ်
မင်းကခွေးကောင်သိလား
ကိုယ့်အိမ်ထောင်ဦးစီးဖြစ်လာမယ့်သူကိုရှောင်းကစော်ကားနေတာပဲ
စိတ်လေလာတဲ့ရှောင်းကျန့်က သက်ပြင်းသာချလို့ထလို့ပြန်ဖို့လုပ်တယ်
သူပြန်ဖို့ထအရပ်မှာပြိုင်တူထရပ်လာတဲ့၀မ်ရိပေါ်ကသူ့ပါးကိုနမ်းလိုက်တယ်
၀မ်ရိပေါ်
အင်းနောက်များမောင့်အပိုင်ဖြစ်ကာမှနှုတ်ခမ်းလေးတွေကိုနမ်းမယ်
ဆွံ့အသွားတဲ့ရှောင်းကျန့်က၀မ်ရိပေါ်ရဲ့အိမ်ထဲကနေထွက်လာခဲ့တယ်
သူအပေါက်၀နားမရောက်ခင်ကြားလိုက်ရတဲ့စကားကြောင့်သူ့တစ်ကိုယ်လုံးကသွေးတွေပြောင်းပြန်စီးသွားသလိုပဲ
ဆောင်းရောက်တော့မှာဆိုတော့အိပ်ယာနွေးအောင်လုပ်ဖို့မောင်စောင့်နေမယ်
လက်ခလယ်ထောင်ပြပြီးပြေးထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်လို့၀မ်ရိပေါ်ကကြည်နူးနေတယ်
သူရှောင်းကျန့်ရဲ့မျက်၀န်းတွေထဲကတစ်စုံတစ်ရာကိုဖတ်လိုက်နိုင်လို့
******
အိမ်ထဲကို၀င်လာတယ်ဆိုမြင်လိုက်ရတဲ့ရှောင်ပါးရဲ့မျက်နှာကြောင့်သူအံ့သြသွားတယ်
ရှောင်ပါး:::ရှောင်းကျန့် မင်းဘယ်လိုလုပ်လိုက်တာလဲ
ဘာကိုလဲ
မေ:::နင် ငါ မြို့အုပ်မင်းဆီဖက်ထုပ်သွားပို့မယ့်ဟာကိုဖျက်လိုဖျက်စီးလုပ်သွားတာ
အခုငါသွားပို့တော့လည်း ၀မ်ရိပေါ်ကဖက်ထုပ်စားရတာပဲလေ
ရှောင်ပါး:::မင်းသိလား
အဲ့လိုသိပ်တော်ပြီးထက်မြတ်ပြည့်စုံတဲ့မြို့အုပ်မင်းကပဲမင်းအမနဲ့လိုက်ဖက်ကြောင်းကို
မေ:::ပါးကလည်း
ဟား..ဟား...ဟား
ပါးရဲ့စကားကြောင့်ရှက်ရမ်းရမ်းသွားးတဲ့သူ့အမနဲ့ အော်ရယ်နေတဲ့သူ့ပါးကိုကြည့်လို့ရှောင်းကျန့်မဲ့လိုက်တယ်
ပါးကအဲ့လိုပြောနေရအောင် ဟိုကသူ့ကိုကြိုက်လို့လား
ရှောင်ပါး:::အခုမှတစ်ခါတည်းတွေ့ရသေးတယ်လေ
အခုသွားမယ့်ဟာကျတော့လည်းမင်းကကန့်လန့်လုပ်သွားပြီးတော့
တစ်ခါတည်းတွေ့ရုံနဲ့ကြိုက်မသွားဘူးလို့ဘယ်သူပြောလည်း ဟင်း...
၀မ်ရိပေါ်ဆိုသူ့ကိုဘယ်လောက်လိုချင်နေလဲဆိုတာသူအသိဆုံး
ရှောင်ပါး:::မင်းသိလား ဒီမြို့မှာ မေကျီလောက်လှတဲ့သူမရှိဘူးဆိုတာ
ပြီးတော့မြို့အုပ်မင်းလိုလူမျိုးကိုသာသမက်တော်ထားလိုက်ရင်ငါတို့ကဒီမြို့မှာအာဏာအကြီးဆုံးဖြစ်လာမှာ
ပြီးတော့မြို့အုပ်မင်းကတော်ကလည်းငါ့သမီးလို့လူမျိုးမှတင့်တယ်တာ
ရှောင်းကျန့်ကမျက်ဖြူသာလှန်လိုက်တယ်
ဘယ်လိုတောင်ယုံကြည်မှုတွေလွန်ကဲနေရတာလဲ ရှောင်းမေကျီကလှတာနဲ့ပဲမြို့အုပ်ကတော်ဖြစ်ရမယ်တဲ့လား ဝေးသေး
ဒါထက်ရှောင်းအဖိုးကြီးကလည်းအသက်ကြီးကာမှအာဏာရူးပြီး မြို့အုပ်မင်းကို့သူ့သမီးပေးလို့သမက်တော်ချင်နေသေးတယ်
ရှေ့ကအတိုင်အဖောက်ညီနေတဲ့ရှောင်းသားအဖကိုကြည့်လို့ခပ်ချဥ်ချဥ်အတွေးတစ်ခု၀င်လာတယ်
"မြို့အုပ်မင်းကိုသမီးပေးမှသမက်တော်လို့ရတာမဟုတ်ဘဲ
သားပေးပြီးလည်းသမက်တော်လို့ရကြောင်းကိုပြောပြလိုက်ချင်တယ်......"
အတွေးထဲမှာမျောနေတဲ့ရှောင်းကျန့်ကိုရှောင်မားရဲ့စကားကလက်ရှိပစ္ဆုပ္ပန်ကိုဆွဲခေါ်တယ်
ရှောင်မား:::သမီးလေးကမြို့အုပ်မင်းကိုသဘောကျလား
မေ:::အာ...မားကလည်း
ရှောင်ပါး:::အဲ့တော့မကြိုက်ဘူးလား
မေ:::ဟို...ကြိုက်တယ်
ဟား...ဟား...ဟား
သဘောတကျရယ်နေတဲ့မိဘတွေကြားထဲမှာခေါင်းကိုငုံ့လို့ရှက်နေတဲ့သူ့အမ
မရယ်နိုင်တာကသူ
၀မ်ရိပေါ်ကသူ့အမကိုမကြိုက်ဘူး
ဟိုကရောလာမှာလား
လာရင်ဘယ်လိုလုပ်မလဲသူ့အမကအလှတွေပြင်ထားမှာ
စိတ်ညစ်လာတဲ့ရှောင်းကျန့်ကမနက်အတွက်ကြိုလို့စဉ်းစားတယ်
သူ့စိတ်တွေကိုညို့ယူလွန်းတဲ့၀မ်ရိပေါ်ကိုဆဲဖို့မမေ့ခဲ့ပါဘူး
ချီးပဲ ခွေးကောင်၀မ်ရိပေါ်
မကြာဘူးမင်းကိုငါနာနာလေးအုပ်ပေးမယ်.....
B Bhone🖤
You are reading the story above: TeenFic.Net