မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤5
ရှောင်းအိမ်တော်ရဲ့အိမ်ရှေ့ပန်းဉယျာဉ်ထဲမှာစာထိုင်ဖတ်နေတဲ့ရှောင်းမေကျီ ဘေးနားမှာချထားတဲ့ကော်ဖီခွက်ကိုသောက်လိုက်တယ်
စာအုပ်ကိုကောက်ကိုင်လို့ပြန်ဖတ်မလို့လုပ်နေတုန်း
အိမ်တော့ရှေ့မှာလာရပ်လိုက်တဲ့ကားကြောင့်သူမပတ်၀န်းကျင်ကိုအကဲခတ်လို့ထလိုက်တယ်
ခြံစောင့်ကအပြင်ကိုလွှတ်လိုက်တာကြောင့်မရှိသလို
အိမ်ထဲကကောင်မလေးတွေကလည်းရှောင်းမားစျေး၀ယ်ထွက်တဲ့နောက်ပါသွားကြတာမို့သူမကိုယ်တိုင်ပဲခြံတံခါးဖွင့်ဖို့သွားလိုက်ရတယ်
သူမခြံတံခါးကိုဖွင့်လိုက်တော့မှကားပေါ်ကဆင်းလာတဲ့လူက
သူမထက်အသက်ငယ်မယ့်ပုံစံ
ငယ်ရွယ်နုပျိုမှု တည်ငြိမ်ရင့်ကျက်မှုနဲ့
ချောမောခန့်ညားမှုတို့ကိုပေါင်းစပ်ထားတဲ့ထိုလူငယ်လေးက စူးရှတဲ့မျက်၀န်းတွေနဲ့သူမကိုစိုက်ကြည့်နေတာရင်မဆိုင်ရဲလောက်အောင်ထိ
တဆတ်ဆတ်တုန်နေတဲ့ရင်ကိုထိန်းချုပ်နေတုန်းမှာတင်ထွက်လာတဲ့သြရှရှအသံလေးကအစ ဆွဲဆောင်မှုရှိနေလေရဲ့
ရှောင်းအိမ်တော်မဟုတ်လား
မေ:::ဟုတ်..ဟုတ်ပါတယ်
ကိုယ်ကဒီမြို့ကိုအသစ်ရောက်လာတဲ့မြို့အုပ်မင်း၀မ်ရိပေါ်ပါ
မေ:::ဟုတ် အိမ်ထဲ၀င်ပါ
ကောင်းပါပြီ
မေ:::ဟို ခနနော် မေကျီ ကော်ဖီသွားယူလိုက်ဦးမယ်
ရှောင်းမေကျီဆိုတဲ့မိန်းကလေးထွက်သွားတော့ရိပေါ်ဧည့်ခန်းကိုလှည့်ပတ်ကြည့်လိုက်တယ်
ချမ်းသာတဲ့အသိုင်းအ၀ိုင်းဖြစ်တဲ့အလျောက်ခမ်းနားထည်ဝါတဲ့ဧည့်ခန်းကြီးထဲမှာချိတ်ဆွဲထားတဲ့ပုံတူပန်းချီကားတစ်
မိသားစုပန်းချီကားကြီးထဲမှာတောင်သူ့ယုန်လေးကလူဆိုးလေးစတိုင်လ်ဖမ်းထားတာပဲ
မေ:::မြို့အုပ်မင်း ကော်ဖီသောက်ပါဦး
အင်း
အေးစက်စက်နဲ့မြို့အုပ်မင်းကိုကြည့်လို့မေကျီ နှလုံးသားလေးအခုန်မြန်နေရတယ်
ဆိုင်ကကောင်မလေးတွေမြို့အုပ်မင်းရဲ့အကြောင်းစာဖွဲ့နေတုန်းကသူမပိုတယ်ထင်မိခဲ့တာ
ကိုယ်တိုင်တွေ့လိုက်ရတော့မငြင်းနိုင်လောက်အောင်ပဲ
တိတ်ဆိတ်တဲ့လေထုကိုဖြိုဖျက်ဖို့သူမဘက်ကပဲစကားစရှာရတယ်
မေ:::မြို့အုပ်မင်းကအကြောင်းကိစ္စများရှိလို့လား
မလိမ္မာတဲ့ယုန်ရိုင်းလေးကိုဖမ်းမလို့ပါ
မေ:::မြို့အုပ်မင်းရဲ့ယုန်လေးလား
ဆိုပါတော့
အခုမှအိပ်ယာနိုးလို့အောက်ထပ်ကိုဆင်း
လာတဲ့ရှောင်းကျန့်ကဧည့်ခန်းထဲမှာထိုင်နေတဲ့လူကိုမြင်တော့လိပ်ပြာလွင့်မတတ်လန့်သွားရတယ်
ဒီခွေးကောင်ကဘာကိစ္စတုန်း
ဘောပဲခွေးကောင်
မေ:::ရှောင်းကျန့် လာပါဦး
မလာနိုင်ဘူး
မေ:::ရှောင်းကျန့်
ကျစ်
ကဲ ဘာကိစ္စတုန်း
မေ:::ဒါမြို့အုပ်အသစ် ၀မ်ရိပေါ်တဲ့
အဲ့တော့
အဟမ်း...
မေ:::မြို့အုပ်မင်းရဲ့ယုန်လေးကဘယ်လိုပုံလေးလဲ
နှုတ်ခမ်းအောက်မှာမှဲ့လေးနဲ့
ဘာ!
မှဲ့လေးနဲ့
မေ:::ဖြည်းဖြည်းအော်ပါ
ကိုယ်ကြားတာမမှားဘူးပဲ မေကျီက တကယ်ကိုနူးညံ့ပါတယ်
အို
နီဆွေးသွားတဲ့ပါးပြင်နှစ်ဖက်နဲ့ရှက်ရွံ့စွာခေါင်းငုံ့သွားတဲ့သူ့အမရှောင်းမေကျီနဲ့
မြို့အုပ်အစုတ်ပလုတ်ကိုကြည့်လို့ရှောင်းကျန့်ကမဲ့မဲ့ရွဲ့ရွဲ့ပြုံးတယ်
ရှောင်းအိမ်တော်ကခြံထဲမှာသိပ်လှတဲ့ပန်းရိုင်းလေးတစ်ပွင့်တွေ့တယ်
မေ:::ဟုတ်လား
အင်း ကိုယ်ပြန်တော့မယ်
*******
ရှောင်းအိမ်တော်ကပြန်လာတဲ့ရိပေါ်က
နမ်ချိုင်မြို့ရဲ့အစွန်ဘက်မှာရှိတဲ့ ပန်းရိုင်းတွေအများကြီးပေါက်နေတဲ့ဖက်ကိုဦးတည်လို့သူ့ကားကိုမောင်းလာခဲ့တယ်
အကြောင်းရင်းကသူ့ကားနောက်မှာပါလာတဲ့ဂျစ်ကားအညိုလေးကြောင့်
လမ်းသွယ်လေးပေါ်မှာကားကိုရပ်လို့သူအောက်ကိုဆင်းလိုက်တော့
နောက်ကပါလာတဲ့ကားလေးလည်းရပ်လို့ဆင်းလာပြီးသူ့နားကိုခပ်မြန်မြန်လျှောက်လာတဲ့လူ
၀မ်ရိပေါ် မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ
မောင့် ရှောင်းကသိပ်ကိုစိတ်တိုနေပုံပဲ
ကြာလာလို့ရုပ်ရင့်သွားရင်တော့ပြဿနာပဲကွယ်
၀မ်ရိပေါ်
၀မ်ရိပေါ်လို့ခေါ်နေမယ့်အစား
မောင် ဖြစ်ဖြစ် လောင်ကုန်း ဖြစ်ဖြစ်ပြောင်းခေါ်ပါ့လား
ဒီမြို့အုပ်ကဗွေမယူပါဘူး
-ီးစကားတွေမပြောစမ်းနဲ့
*လို့ပဲခေါ်
နှုတ်ခမ်းလှလှလေးတွေကဆဲတဲ့စကားလုံးတွေနဲ့မလိုက်ဖက်လိုက်တာ
မောင့် အပိုင်ဖြစ်မှ ရှောင်းနှုတ်ခမ်းလေးတွေကိုခပ်ဖွဖွကိုက်လို့အပြစ်ပေးဦးမယ်
ရား::;၀မ်ရိပေါ်
စိတ်တိုလာတဲ့ရှောင်းကျန့်ကသူ့ရှေ့က၀မ်ရိပေါ်ရဲ့မျက်နှာကိုလက်သီးနဲ့အားပါပါထိုးတယ်
လေထဲမှာတင်ဆုပ်ကိုင်ခံလိုက်ရတဲ့သူ့လက်ကြောင့်ပိုလို့စိတ်တိုရပြန်တယ်
သူ့လက်ကိုဆွဲလိုက်တဲ့အချိန်မှာနီးကပ်လာတဲ့မျက်နှာတစ်ခုမွေးညှင်းနုနဲ့ပသိုင်းရေးရေးတွေမြင်နေရတဲ့အထိပဲ
ဘာ ဘာ...လုပ်တာလဲ
ငါ့ကိုလွှတ်
ရှောင်းခါးလေးကကျဉ်းကျဉ်းလေးရယ်
မောင်ဖြင့်စိုးရိမ်လိုက်တာ
ဘာ..ဘာကို
အိပ်ယာထဲမှာအချိန်ကုန်ကြတဲ့အခါ
ရှောင်းခါးလေးကျိုးသွားမှာကိုပေါ့
မင်း...
ဘယ်လိုမြို့အုပ်မင်းတုန်း
ရှောင်းကိုအုပ်မယ့်မြို့အုပ်မင်းလေ
၀မ်ရိပေါ်
အော...
မောင်လို့ခေါ်ပါဆို
မင်းကစောက်ရူးပဲ
ရှောင်းကိုချစ်မိတည်းကမောင်ကရူးမလိုဖြစ်နေတာ
မင်း...သေတော့မယ်
ရှောင်းကျန့်စိတ်တိုရပါတယ် စကားတတ်လွန်းမြို့အုပ်နဲ့စကားနိုင်လုတိုင်းသူ့မှာပြောစရာတွေပြောက်ရှပြီး ရင်တုန်ရပါတယ်
ထွက်လာတဲ့ဒေါသကိုထိန်းချုပ်လို့ပြန်လှည့်ထွက်လိုက်တုန်းမှာ လှမ်းဆွဲခံလိုက်ရတဲ့သူ့ရဲ့လက်
ဘာလုပ်ပြန်တာလဲ
ငါ့လက်ကိုလွှတ်
ဘာမှမလုပ်ပါဘူး
မောင်ကရှောင်းမေ့နေတာလေးကိုပေးလိုက်ချင်ရုံပါ
ဘာမှမေ့မနေတဲ့ရှောင်းကျန့်ကသူအသည်းအသန်စဉ်းစားတယ်
ကျန်နေတာဆိုရင်တောင်အခုတည်းကယူသွားရမယ် သူဒီမြို့အုပ်နဲ့တကယ်မတွေ့ချင်ဘူး
ဒါပေမယ့်သူမထင်မှတ်ထားတာတစ်ခု
သူ့နှဖူးပေါ်ကိုရောက်ရှိလာတဲ့အနမ်းတစ်ခု
အခုလေမြို့လူဆိုးလို့ခေါ်တဲ့သူ့ကို၀မ်ရိပေါ်ကနမ်းလိုက်တယ်
ရေနွေးထဲပြုတ်ကျသလိုထူပူသွားတဲ့ရှောင်းကျန့်ကလှည့်ထွက်လို့မြန်မြန်ပြေးတယ်
သူ့ရင်တွေစိတ်တိုလွန်းလို့ခုန်လိုက်တာ...
#B Bhone🖤
You are reading the story above: TeenFic.Net