မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P2

Background color
Font
Font size
Line height

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤4

တောက် ခွမ်း

ကျန်း:::ရှောင်းကျန့်ဘာဖြစ်လာတာလဲ

ဘာမှမဖြစ်ပါဘူး
ဒီလိုပဲ
ငါဒီညဒီမှါအိပ်မယ်

စန်း:::မြို့အုပ်မင်းအသစ်ရောက်နေပြီတဲ့လေ

ကျန်း:::ဟုတ်တယ်
ငါထပ်ကြားတာကလောင်းကစားရုံတွေကိုစုံစမ်းနေတယ်တဲ့ ရှောင်းကျန့် မင်းဘာလုပ်မယ်စဉ်းစားထားလဲ

မြို့အုပ်အသစ်ကမလိမ္မာဘူးပဲ
စိတ်မပူပါနဲ့ငါကိုင်လိုက်မယ်

စန်း:::မင်းဘယ်တော့သူနဲ့တွေ့မလဲ

နောက်နေ့

******
၀မ်ရိပေါ်ရဲ့ပထမဆုံးရုံးတတ်တဲ့နေ့မှာအားလုံးအဆင်ပြေပြေနဲ့ပြီးတယ်
ပုံနေတဲ့အမှုတချို့ကလွဲရင်ပေါ့
ပညာပြတာမဟုတ်ပေမယ့်နည်းနည်းတော့ဆုံးမဖို့စီစဉ်ထားတယ်
ရုံးထဲကစည်းကမ်းတွေတိုးတယ်မလိုက်နာတဲ့သူတွေကိုဒဏ်ငွေပြစ်ဒဏ်ပေးတယ်
နည်းနည်းတော့သူ့ကိုအမြင်ကပ်ကြဦးမယ်နဲ့တူတယ်
ညနေအိမ်ပြန်ရောက်တော့၀မ်ရိပေါ်ခနနားပြီးရေချိုးဖို့လုပ်ရတယ်
စားဖို့အတွက်ကမပူရဘူး ကျစ်ယောင်ကအားလုံးစီမံပေးတယ်
မိသားစုမရှိတဲ့လူနှစ်ယောက်ဖြစ်တာကြောင့်မြန်မြန်ရင်းနှီးလွယ်တယ်

****
ရှောင်းကျန့်အခုမြို့အုပ်မင်းရဲ့အိမ်ရှေ့ရောက်နေတယ်
သူခြံတံခါးမှာချိတ်ထားတဲ့ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့ကောင်လေးတစ်ယောက်ခပ်သုတ်သုတ်ထွက်လာတယ်

"မြို့ ...မြို့လူဆိုးလေး"

မြို့အုပ်မင်းရှိလား

"ဟုတ်ကဲ့ ရှိ...ရှိပါတယ်

ဟို..အထဲကို၀င်ပါ"

ကောင်းပြီ

"မြို့အုပ်မင်းကအပေါ်ထပ်ကသူ့အခန်းမှာပါ
ကျွန်တော်သွားခေါ်ပေးပါ့မယ်"

အင်း

ထိုကောင်လေးအပေါ်တတ်သွားတော့ဧည့်ခန်းမှာကျန်နေခဲ့တဲ့ရှောင်းကျန့်ကမျက်လုံးကို​ေ၀့ကြည့်လို့အကဲခတ်တယ်
ဘာဂုဏ်ထူးဆောင်ဆုတံဆိပ်မှချိတ်မထားတဲ့ရိုးရိုးရှင်းရှင်းဧည့်ခန်းက သူ့ကိုတော့နည်းနည်းအံ့သြစေတယ်

"မြို့အုပ်မင်းက အနားယူနေလို့စောင့်နေနိုင်ရင်စောင့်နေဖို့ပြောလိုက်ပါတယ်
မစောင့်နိုင်ရင်တော့သူ့အခန်းမှာလာတွေ့ဖို့ပြောလိုက်ပါတယ်"

ရှေ့ကကောင်လေးရဲ့စကားကိုကြားတော့ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်မိတယ်
ဘယ်လိုမြို့အုပ်မင်းလည်း

အဲ့မြို့အုပ်ရဲ့အခန်းကဘယ်မှာလဲ ငါတတ်သွားလိုက်မယ်

"အပေါ်ထပ်အစွန်ကအခန်းပါ"

အပေါ်ထပ်ကိုတတ်သွားတဲ့မြို့လူဆိုးလေးကိုကြည့်လို့ကျစ်ယောင်သက်ပြင်းချတယ်
တော်သေးတယ်သူ့ကိုရိုက်မသွားလို့
ကျစ်ယောင်မြို့အုပ်မင်းကိုနားမလည်နိုင်ဘူး
အခန်းထဲမှာရေချိုးပြီးအေးအေးဆေးဆေးထိုင်နေတဲ့မြို့အုပ်ကဆင်းတွေ့လို့ရရဲ့သားနဲ့ဘာလို့ဆင်းမတွေ့ဘဲအပေါ်ကိုလာခိုင်းတာလဲဆိုတာသူစဉ်းစားလို့မရဘူး

****
ဒေါက်...ဒေါက်...ဒေါက်

ရှောင်းကျန့်သူ့ရှေ့ကကျွန်းတံခါးကိုခေါက်လိုက်ပေမယ့်တုံ့ပြန်သံမကြားရတာကြောင့်အခန်းမှားလာသလားလို့ထင်လိုက်မိပေမယ်မမှားကြောင်းသိတာမို့တံခါးကိုကန်လိုက်တယ်

ဒုန်း!

ရောက်လာပြီပဲ
ဖြည်းဖြည်းလုပ်ပါ တံခါးပျက်တာအကြောင်းမဟုတ်ပေမယ့်ခြေထောက်တွေနာသွားရင်တော့ခက်ရချည်ရဲ့

မင်း...မင်း
၀မ်ရိပေါ်

ရှောင်း ကကိုယ့်နာမည်ကိုမှတ်မိနေတာပဲ

ဘာကို ရှောင်း လဲ

အိုး
ခင်ဗျားလေးရဲ့နာမည်က ရှောင်းကျန့်မို့ ရှောင်းလို့ခေါ်တာမှားသလားဗျ

ဘောပဲခွေးကောင် ၀မ်ရိပေါ်
မြို့အုပ်အသစ်ဆိုတာမင်းလား

ဟုတ်သပါ့ဗျာ
ပြောပါဦး ရှောင်း ကကျုပ်အခန်းထဲထိရောက်လာတယ်ဆိုတော့သိပ်ကိုတွေ့ချင်နေပုံပဲ

ကဲ ထိုင်ပါဦးခုံကကိုယ်ထိုင်လိုက်တော့ရှောင်းက ကုတင်ပေါ်မှာထိုင်လိုက်ပေါ့

အင်း

နောက်ကျမှအခန်းထဲကို ရှောင်းထိုင်ဖို့ခုံတစ်လုံးထပ်ထည့်ထားလိုက်မယ်

မင်းအခန်းထဲဘယ်သူကနောက်တစ်ခေါက်လာထိုင်မှာလဲ

မသိဘူးလေ ရှောင်း ကလာထိုင်ဦးမယ်ထင်နေတာပေါ့
ဒါနဲ့ ကိုယ့်ကုတင်ကကျယ်ရဲ့လား
ခိုင်တာတော့ခိုင်တယ်

မင်း ၀မ်ရိပေါ်-ီးစကားတွေပြောနေတာလား

က်ုယ်ရိုးရိုးပြောတာကိုဆန်းဆန်းတွေးနေတဲ့ရှောင်းကအရိုင်းတုံးလေးပဲ

၀မ်ရိပေါ်!!!

ဟုတ်ပြီ ပြောပါဦးကိုယ့်ကိုတွေ့ချင်ရတဲ့ကိစ္စလေး

မြို့အုပ်အသစ်ကဘာကိုကြိုက်သလဲ
နမ်ချိုင်ကလိုချင်စရာတွေပေါပါတယ်

ဟုတ်မယ် ကိုယ်တောင်ရောက်တာတစ်ပတ်မပြည့်သေးပေမယ့် ပန်းရိုင်းလေးတစ်ပွင့်ကိုသိပ်ခူးချင်နေပြီလေ
အဟင်းး

၀မ်ရိပေါ်ကသာကိုယ့်လောင်းကစားလုပ်ငန်းတွေကိုမနှောင့်နှေးစေပါနဲ့

ရှောင်း ကကိုယ့်ကိုအမိန့်ပေးချင်နေတာပဲ

ဘာကိုလိုချင်လဲသာပြောပါ
အသပြာလား ရတနာလား

အသပြာလည်းမလိုသလို ရတနာလည်းမလိုပါဘူး လိုနေတာကကြင်ယာပါ

အဲ့တော့ငါကကြင်ယာရှာပေးရမှာလား

အများကြီးစဉ်းစားနေတာပဲ ရှောင်းက တကယ်တော့ရှောင်းလုပ်ရမှာတစ်ခုတည်းပါ

ဘာလဲ

ရာထူးတိုးဖို့လေ

ရာထူးတိုးဖို့

ဟုတ်တယ်
ရှောင်းကိုမြို့အုပ်ကတော်အဖြစ်ရာထူးတိုးဖို့
အဲ့ရာထူးနဲ့သာဆို လောင်းကစားလုပ်ငန်းတင်မကဘူး အဖြူရောအမဲပါစိတ်ကြိုက်လုပ်လို့ရတယ်
မမိုက်ဘူးလားဗျ

အား...၀မ်ရိပေါ် မင်းသေပြီသာမှတ်

ကုတင်ပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်ကပြေးထလို့၀မ်ရိပေါ်ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးတယ်
ဒါ​ေပမယ့်သူ့ရဲ့လက်က မျက်နှာနားရောက်ခါနီးမှာတင်ဖမ်းဆုပ်ခံလိုက်ရတယ်
ထိုင်ရာကနေထလာတဲ့၀မ်ရိပေါ်ကရှောင်းကျန့်ရဲ့ဆုပ်ကိုင်ထားတဲ့လက်ကောတ်၀တ်ကိုလွှတ်မပေးဘူး

၀မ်ရိပေါ်ငါ့လက်ကိုလွှတ်

စိတ်တွေကြီးလိုက်တာ

ပြုံးပြီးပြောလာတဲ့မြို့အုပ်အသစ်က
သူ့ရှေ့ကဒီခွေးကောင်၀မ်ရိပေါ်မှန်းသာသိရင်သူမလာဘူးလို့တွေးမိစေတဲ့အထိပဲ
ရုတ်တရက်ရှောင်းကျန့်တစ်ကိုယ်လုံးရေနွေးငွေ့တွေရိုက်လိုက်သလိုခံစားသွားရတယ်
၀မ်ရိပေါ်ကသူကိုင်ထားတဲ့ရှောင်းကျန့်ရဲ့လက်ကောက်၀တ်ကိုနမ်းလိုက်တယ်

သူရုတ်တရက်ဆွံ့အသွားသလိုပဲ

၀မ်...၀မ်ရိပေါ်

မောင့်ရဲ့ရှောင်းကတော့လေလက်လေးတွေကအစချစ်ဖို့ကောင်းနေရောပဲ
စိတ်တိုနေတာလေးကလည်း မောင့်ရင်ကိုဖြင့်သိပ်ယားစေတာပဲကွယ်

မင်း...မင်း

ထူပူလာတဲ့ရှောင်းကျန့်ကအခန်းထဲကပြေးထွက်လို့အောက်ကိုအသားကုန်ပြေးဆင်းလာခဲ့တယ်
ဒီ၀မ်ရိပေါ်ကိုသူသိပ်မျက်မုန်းကျိုးတာပဲ
ဒီတစ်ခါတော့ရှိစေတော့နောက်တစ်ခါကျမှသူဒီမြို့အုပ်ခွေးကောင်ကိုမှတ်သွားအောင် အုပ်ပေးလိုက်ဦးမယ်

အခန်းထဲကပြေးထွက်လို့သွားတဲ့လူသားကိုကြည့်လို့၀မ်ရိပေါ်ကကျေကျေနပ်နပ်ရယ်တယ်
သူသိပ်အသည်းယားလွန်းလို့နမ်းလိုက်တာ
နောက်များတော့ဒီထပ်ပိုတဲ့နေရာတွေကိုနမ်းရှိုက်ချင်သေးရဲ့
စိတ်တိုနေတဲ့ယုန်ရိုင်းလေးကသူ့ကိုသိပ်အသည်းယားစေတာပဲ

B Bhone🖤











You are reading the story above: TeenFic.Net

#yizhan