Unicode
"ညီရော အချစ်ဆိုတာကို ဘယ်လိုမြင်လဲ"
အချစ်တဲ့လား။ လွန်းညီ၏ အချစ်အပေါ် ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်က ဘာများလဲ။ သူကိုယ်တိုင်လည်း မသိပါ။ ဘာဖြစ်မည်လဲ။ မတွေးတတ်ချေ။
"မပြောတတ်ဘူး အစ်ကို"
လင်းသစ် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
"ခုနက ပြောသလိုပဲလေ။ အချစ်ဆိုတာက တကယ်တော့ ကိုယ့်ဆီကနေ တစ်စုံတစ်ယောက်အတွက် ဖြစ်ပေါ်တဲ့ ခံစားချက်တစ်ခုပဲ။ ဒါကိုမှ လူတွေက သူတို့ခံစားရသလို၊ ကြုံတွေ့ရသလို ခေါင်းစဥ်တပ်ကြတာ။ အဲတော့ ကိုယ်စီကိုယ်စီမှာ အချစ်ဆိုတဲ့ အရာနဲ့ပတ်သတ်ပြီး ကိုယ်ပိုင်ခံယူချက်တွေ ရှိကြတယ်"
ညီက ဖြည်းဖြည်းချင်း ခေါင်းညိတ်လာသည်။ လင်းသစ်သည် ထိုကောင်ငယ်လေးကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ပါ။
"အဲ့အချစ်ဆိုတာကို ပန်းလေးတစ်ပွင့်အဖြစ် အရင်မြင်ကြည့်လိုက် ညီ။ အဲ့ပန်းလေးကို ဥယျာဥ်မှူးတစ်ယောက်သာဆို ဘယ်လိုမြင်မလဲ"
ညီက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှ လင်းသစ်ကို ကြည့်လျက် ဖြေသည်။
"ချစ်စရာလေးလို့ မြင်မှာပေါ့"
လင်းသစ်သည် သွားများပေါ်သည်အထိ ပြုံးမိသည်။
"အင်းပေါ့။ ချစ်စရာလေး၊ မြတ်နိုးစရာလေးလို့ မြင်မှာပေါ့။ ပြီးတော့ အဲဒီပန်းလေး ပိုပြီးလှလာအောင် ဂရုစိုက်ပေးမယ်၊ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးမယ်။ ပန်းချစ်တဲ့ သူတစ်ယောက်အနေနဲ့ဆိုရင်ရော"
"တူတူပဲ... ထင်တယ်"
ညီက မပွင့်မလင်း ဖြေသည့်အခါ လင်းသစ်က ခေါင်းညိတ်ပြီး
"ဟုတ်တယ်။ ပန်းချစ်တတ်တဲ့ သူကလည်း ပန်းလေးကို ချစ်မှာ၊ မြတ်နိုးမှာ၊ ဂရုစိုက်မှာလေ။ ပန်းမချစ်တတ်တဲ့ သူဆိုရင်ရော"
"လျစ်လျူရှုထားမှာပေါ့။ ဒါမှမဟုတ် ဖျက်ဆီးပစ်မှာ"
"အင်း... အဲ့လိုပဲလေ။ ပန်းလေးက တစ်ပွင့်တည်း။ သူ့ဘာသာသူနေတယ်။ ဒါကို ဘေးကလူတွေက အဲ့ပန်းလေးကို မတူညီတဲ့ အရာတွေ လုပ်ပေးတယ်၊ မတူညီတဲ့ ပုံစံတွေနဲ့ ဆက်ဆံတယ်။ အချစ်ဆိုတာလည်း အဲ့လိုပဲ။ အဲတော့ ညီရော ပန်းလေးအပေါ်ကို ဘယ်လိုမြင်လဲ"
လွန်းညီက ခပ်တွေတွေလေး စဥ်းစားဟန်ပြုသည်။
"ကျွန်တော်ကတော့... ပန်းကို ပန်းလို့ပဲ မြင်တယ်"
အစ်ကိုက မျက်ခုံးပင့်ကာ သူ ဆက်ပြောမည့်စကားကို စောင့်နေ၏။
"ဒီတိုင်း ပန်းတစ်ပွင့်လို့ပဲ မြင်တယ်။ သူ့မှာလည်း သူ့အလှနဲ့ သူ၊ သူ့တန်ဖိုးနဲ့ သူ ရှိတယ်လေ"
အစ်ကိုက ခေါင်းညိတ်လျက် ပြုံးရင်း ဆက်မေးသည်။
"ဒါဆို အချစ်ကိုရော ဘယ်လိုမြင်လဲ"
အချစ်။ ကြားလိုက်ရသည့် ထိုစကားလုံးလေးသည် လွန်းညီ၏ အတွေးထဲကို ပုံရိပ်တစ်ခုအား ဆွဲခေါ်လာသည်။ ထိုပုံရိပ်သည် နူးညံ့ညင်သာသော အကြည့်တို့ ပေးအပ်သော မျက်လုံးတစ်စုံ။ အပြုံးချိုချိုတို့ကို စွန့်ကြဲသော နှုတ်ခမ်းပါး။ သူ့လက်ကို ဆွဲကိုင်ခဲ့ဖူးသော ညိုစိမ့်စိမ့် အသားရောင်နှင့် လက်တစ်ဖက်။
"ကျွန်တော့်အတွက်တော့ အချစ်က... ကျွန်တော်တို့ ချစ်တဲ့သူပဲ"
အစ်ကို့ကို သူစိုက်ကြည့်မိသည်။ ဟုတ်သည်။ သူ့အတွက်တော့ အချစ်က သူချစ်ရသည့် သူပင်။ ထိုသူသည် အစ်ကိုပင် ဖြစ်သည်။ ထိုအတွေးကို တွေးမိသည်နှင့် လွန်းညီ၏ ရင်ထဲ ရှိန်းခနဲ ဖြစ်သွားရသည်။
"ကျွန်တော် ချစ်တဲ့သူက ကျွန်တော် သိတဲ့ အချစ်ပဲ။ သူရဲ့ အရယ်၊ အပြုံး၊ အကြည့်၊ အပြုအမူ။ သူကိုယ်တိုင်ရော၊ သူနဲ့ ပတ်သက်သမျှကရော အချစ်။ ဒါက... ကျွန်တော် သိတာပဲ အစ်ကို"
လွန်းညီ အများကြီး မပြောတတ်ပါ။ ထို့ကြောင့် သူ့စကားသည် အနည်းငယ် မရှင်းမရှင်းဖြစ်နေသည်။ သို့သော် သူ့စိတ်တွေကတော့ ရှင်းသွားယောင် ခံစားရသည်။ ယောက်ျားတစ်ယောက်လေးက သူ့နည်းတူ ယောက်ျားလေးတစ်ယောက်ကို ချစ်ခွင့်ရှိ၊ မရှိ သူ မသိသော်ငြား သူ အစ်ကို့ကို ချစ်မိနေပြီဟု တထစ်ချ ထင်နေမိသည်။ စည်းမျဥ်းတွေကို ဖောက်ဖျက်ရာ ကျမလားမသိပေမဲ့ ဇာတ်လမ်းတွေ၊ ၀တ္တုတွေထဲကလို တိုးတိုးတိတ်တိတ် ချစ်မယ်ဆိုရင်တော့ အဆင်ပြေမယ်မလား။ ပန်းလေးကို အနီးကပ် ကြည့်ရှုခွင့်မရှိတောင် အဝေးကနေတော့ ငေးကြည့်ချင်သည်။
"ချစ်စရာကောင်းလိုက်တဲ့ အတွေးလေး"
အစ်ကိုက ခပ်ပြုံးပြုံးဖြင့် ပြောကာ လွန်းညီ၏ ဆံပင်များကို ဖွသည်။ ထို့နောက် ပြန်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်တင်ပေးပြန်သည်။
"အစ်ကိုကရော... အချစ်ကို ဘယ်လိုထင်လဲ"
အစ်ကိုက သူ့ကို ညင်သာစွာ စိုက်ကြည့်သည်။ အစ်ကို့၏ ထိုအကြည့်များကို သူ သဘောကျသည်။ မဟုတ်။ ချစ်ပါသည်။ ထိုအကြည့်တို့ဖြင့် ကြည့်သော အစ်ကို့ကိုလည်း ချစ်ပါသည်။ အစ်ကိုနှင့် ပတ်သက်သမျှကိုလည်း သူချစ်ပါသည်။
"ကိုထီးရဲ့ နေရာတိုင်းမှာဆိုတဲ့ သီချင်းကို ကြားဖူးလား"
"ဟုတ်၊ ကြားဖူးတယ်"
လွန်းညီသည် သီချင်းများနှင့်တော့ စိမ်းလှပါ။ ဖေဖေသည် အိမ်မှာရှိတိုင်း ကတ်ဆတ်နှင့် သီချင်းတွေ ဖွင့်ထားလေ့ရှိရာ ဖေဖေရှိချိန်ဆို သူတို့အိမ်သည် သီချင်းသံတို့ဖြင့် လွှမ်းခြုံနေတတ်သည်။ ထိုကတ်ဆတ်သည် ဖေဖေ၏ အချစ်ဆုံးသူငယ်ချင်းမှ ပေးထားသော လက်ဆောင်ဟု သိရပြီး ဖေဖေက တော်တော်တန်ဖိုးထားသည်။ လွန်းညီသည်ပင် အလုပ် တစ်ခုခု လုပ်မည်ဆိုပါက သီချင်းလေး ဖွင့်ထားလျှင် လုပ်ရတာ ပိုမြန်သလိုလိုနှင့် ခံစားရပြီး သဘောကျမိသည်အထိ ဖေဖေ့ဆီက ထိုအကျင့်ကို ရလာခဲ့သည်။
"အဲ့သီချင်းလိုပဲ။ အစ်ကို့အတွက်တော့ အချစ်ဆိုတာက အစ်ကိုချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ရင်ဘတ်ထဲမှာ ထည့်ပြီး အသက်ရှင်ရတာမျိုး။ အဲဒီအခါ သူက အစ်ကို့ရဲ့ နေရာတိုင်းမှာ ရှိနေတာပေါ့။ သူ့ခေါင်းက ခေါင်းလျှော်ရည်အနံ့လေးက အစ သူ့အပြုံးလေးအဆုံး၊ သူနဲ့သက်ဆိုင်သမျှက အစ်ကို့ဘ၀ထဲမှာရော၊ နှလုံးသားထဲမှာရော ရှိနေမှာ"
လွန်းညီ၏ နှုတ်ခမ်းလေးသည် ခပ်ဟဟဖြစ်ကာ အစ်ကို့ကို တအံ့တဩ ကြည့်မိသည်။ အစ်ကိုကလည်း သူ့ကို ငေးကြည့်သည်။ မျက်လုံးတွေက စကားပြောသည်ဟု သူကြားဖူးသည်။ ယခု အစ်ကိုသည် မျက်လုံးတွေဖြင့် စကားပြောနေသလား၊ သူ မသိပါ။ ပြောနေခဲ့လျှင်တောင် ထိုမျက်လုံးတွေရဲ့ ဘာသာစကားကို သူနားမလည်ပါ။
လင်းသစ်မာန်နှင့် နေလွန်းညီတို့၏ အချစ်ဒဿနများကို တိုးတိုးတိတ်တိတ် နားထောင်နေသူတစ်ဦးလည်း ရှိသည်။ ထိုသူကား ကွပ်ပျစ်ပေါ်တွင် ပက်လက်လန် လှဲလျောင်းလျက် စိန်ပန်းပင်ကြီးအားကို မော့ကြည့်နေသော အောင်ထွေးနောင်ပင်။
နေလွန်းညီအတွက် အချစ်က သူချစ်ရတဲ့ သူ။ လင်းသစ်မာန်အတွက်တော့ အချစ်က တစ်စုံတစ်ယောက်ကို ရင်ဘတ်ထဲထည့်ပြီး နေထိုင်တဲ့ ရှင်သန်ခြင်းမျိုး။ ဒါဆိုရင်... သူ့အတွက်ကရော။
အောင်ထွေးနောင်အတွက်ကတော့ အချစ်ဆိုတာ စွန့်လွှတ်ခြင်းပဲ။ အမှန်တကယ် ချစ်လျှင် စွန့်လွှတ်ရဲရမည်ဆိုသည်ကို တစ်စုံတစ်ယောက်က သူ့အား သင်ပေးခဲ့ဖူးသည်။ ဟုတ်သည်၊ တစ်စုံတစ်ယောက်။ သူ၏ တစ်စုံတစ်ယောက်။
••••••••••
၂၀၀၆ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်း။
နဝမတန်း (ဂ)အတန်းတွင် ဖြစ်ပါသည်။
"အင်္ဂလိပ်ဆရာ မလာဘူးတဲ့ဟေ့။ သမိုင်းဆရာမ နှစ်ချိန်ဆက်တိုက် ၀င်မယ်တဲ့"
အတန်းခေါင်းဆောင်၏ အသိပေးသံအဆုံးတွင် အိပ်ငိုက်ဘာသာကို မသင်လိုသော ကျောင်းသားအချို့ဆီမှ ညည်းညူသံအချို့ ထွက်ပေါ်လာသည်။ အချို့ကတော့ ပျော်သွားသည်။ သမိုင်းဆရာမသည် အသက်ငယ်ငယ်နှင့် အစမ်းခန့် ဆရာမအသစ်ဖြစ်သော်ငြား စာသင်ကြားရာ၌ တော်သည်။ သဘောလည်း ကောင်းသည်။ စာသင်ရင်းနှင့် အခြားဗဟုသုတများကိုလည်း ပြောပြတတ်သေးသည်။ တစ်ခါတစ်ရံဆိုလျှင် စကားတွေကောင်းရင်း ဘယ်တွေရောက်သွားမှန်းမသိသည့် အခိုက်အတန့်များပင် ရှိဖူးသည်။ ထို့ကြောင့် စာသင်ချိန်ကို ထိုသို့အချိန်ဖြုန်းချင်သူတို့က ပျော်ကြခြင်းပင်။ ပျော်ကြသူတွေထဲတွင် ထိပ်ဆုံးတန်းက ညာဘက်စွန်းတွင် ထိုင်နေသော အောင်ထွေးနောင်လည်းပါ၏။ သို့သော် သူကတော့ စာမသင်ချင်သော အကြောင်းပြချက်ကြောင့် မဟုတ်ပေ။
ခဏအကြာတွင် ကျောင်းခန်းထဲသို့ သမိုင်းဆရာမလေးက တည်ငြိမ်စွာ ၀င်လာသည်။ ပါလာသည့် စာအုပ်တွေကို စားပွဲတင်ကာ အကြည့်တွေကို တစ်တန်းလုံးသို့ ဖြန့်ကျက်သည်။ ထိပ်ဆုံးတန်းက ညာဘက်စွန်းဆီသို့ အကြည့်ရောက်သောအခါ သူမ၏ နှုတ်ခမ်းထောင့်လေးက မသိမသာ ကော့ညွှတ်သွားသည်ကိုတော့ သူမ ကိုယ်တိုင်သာ သတိထားမိသည်။
••••••••••
"အောင်ထွေးရေ... ငါ့ကို ရုံးခန်းထဲ ခေါ်ထားတာ။ ငါအဆင်မပြေလို့ သွားပေးပါလား"
အတန်းခေါင်းဆောင် ပိုင်စိုးက အောင်ထွေးကို အကူအညီတောင်းလာသည်။
"အေးအေး၊ သွားလိုက်မယ်"
ထိုအခါ ပိုင်စိုးသည် ဗိုက်ကိုနှိပ်ပြီး အပြင်သို့ အပြေးတပိုင်း ပြေးထွက်သွားသည်။ အောင်ထွေးလည်း ကျောင်းရုံးခန်းထဲသို့ သွားလိုက်သည်။ ကျောင်းမတက်သေးသဖြင့် ကျောင်းလမ်းတစ်လျှောက် လူများရှုပ်နေသည်။
သူ ရုံးခန်းထဲရောက်တော့ ဆရာမတွေက ထိုင်ခုံများတွင် ထိုင်လျက် စကားပြောနေကြပြီး စာစစ်နေကြသည်။
"ပိုင်စိုးက လာဖို့မအားလို့ သားကို လွှတ်လိုက်တာ။ သား ဘာလုပ်ပေးရမလဲ ဆရာမ"
အခန်းထဲဝင်ပြီး သူ၏ အတန်းပိုင်ဆရာမကို မေးလိုက်တော့ ဆရာမက
"ဪ... အေးအေး။ ဟိုစားပွဲပေါ် တင်ထားတဲ့ ရီပို့ကဒ်တွေကို အတန်းထဲ ယူသွားလိုက်ပေးပါဦး။ စစ်ကြည့်ဦးနော်။ အခြားတန်းက လူတွေနဲ့ ရောနေမယ်"
"ဟုတ်ကဲ့"
အောင်ထွေးတစ်ယောက် စားပွဲခုံပေါ်က ကဒ်တွေကို စစ်ကြည့်နေသည်။ သူတို့အတန်းထဲတွင် အတန်းခေါင်းဆောင်ပြီးလျှင် သူက ဆရာ၊ ဆရာမတွေ၏ အားကိုးရသည့် သူပင်။ စာလည်း တော်သည့် သူ့ကို ဆရာ၊ ဆရာမတွေကလည်း ချစ်ကြပါသည်။
"ဒါနဲ့ ခုနကပြောတာ၊ တကယ်လား။ ရီရီက လက်ထပ်တော့မှာလား"
အောင်ထွေး၏ ကဒ်တွေကို လှန်နေသော လက်တို့သည် ဆရာမငယ်လေးတစ်ဦး၏ စကားကြောင့် တုန့်ခနဲ ရပ်သွားသည်။ ရီရီ။ သူတို့၏ သမိုင်းဆရာမလေး။ ရုတ်တရက် ကြားလိုက်ရသော ထိုစကားသည် အောင်ထွေး၏ ခေါင်းကို ချာချာလည်သွားစေသည်။
"မဟုတ်ပါဘူး။ စေ့စပ်တုန်းပါ နွယ်ရဲ့"
"ဒါပေမဲ့... ရီရီက ကြည်ဖြူရဲ့လား"
"ဘာလို့မေးတာတုန်း"
"အစ်မကလည်း... ရီရီက လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူလေ။ စေ့စပ်လိုက်ပြီဆိုကတည်းက ဆိုင်သူရှိနေပြီဆိုပြီး လှောင်ပိတ်လိုက်တဲ့ သဘောပဲ။ ရီရီက သူ့ဘ၀ကို ယောက်ျားတစ်ယောက်ဆီ အလွယ်တကူ ပုံအပ်ချင်တဲ့ သူမှ မဟုတ်တာ။ ဒီတော့ အတင်းအကျပ်လက်ခံခိုင်းတာလားလို့ စဥ်းစားမိလို့ပါ"
"ဒါကတော့ သူတို့ ကိစ္စလေကွယ်"
အောင်ထွေးသည် စိတ်ငြိမ်အောင် မနည်းပင် ထိန်းချုပ်လိုက်ရသည်။ စီစစ်ပြီးပြီဖြစ်သော ကဒ်တွေကိုယူကာ ဆရာမထံသို့ သွားပြီး
"ဆရာမ စစ်ပြီးပြီ။ ယူသွားတော့မယ်နော်"
"အေးအေး သား။ ဒီနေ့ သမိုင်းဆရာမ မလာဘူးနော်။ ခွင့်ယူထားတယ်။ အဲဒါ အတန်းကို ပြောပြလိုက်ဦး"
"ဟင်... ရီရီက ဘာလို့ခွင့်ယူတာလဲ။ နေမကောင်းလို့လား"
ရုံးခန်းထဲသို့ ရုတ်တရက် ၀င်လာသော ရူပဗေဒဆရာက မေးလိုက်သည်။ ထို့နောက် ဆရာက ဗီရိုထဲက စာရွက်အချို့ကို သွားထုတ်သည်။
"စေ့စပ်ပွဲရှိလို့တဲ့ အစ်ကို"
နွယ်ဆိုသော ဆရာမလေးက လှမ်းဖြေသည်။
"ဘယ်တုန်းက ချစ်သူရှိသွားတာလဲ၊ ရီရီက"
"အဲဒါပြောတာလေ။ ဒီစေ့စပ်ပွဲက မိဘတွေဘက်ကပဲဖြစ်ဖြစ် အတင်းအကျပ် လုပ်တာကြီးပဲနေမှာ"
အောင်ထွေးသည် မပြေးရုံတမယ် အခန်းထဲက ထွက်လာခဲ့ရသည်။ သူ့လက်တွေရော၊ ဒူးတွေရောပါ တုန်နေသည်။ သူ့ခေါင်းကို တူတွေနှင့် ၀ိုင်းထုနေသကဲ့သို့ ခံစားရ၏။ ရင်ဘတ်တစ်ခုလုံးလည်း စုတ်ပြတ်သတ်သွားသလို ခံစားရသည်။
ကျောင်းခန်းထဲကို ဘယ်လိုရောက်ပြီး ကဒ်တွေကို ဘယ်မှာထားခဲ့သလဲ၊ သူမသိတော့ပေ။ အိမ်သာဘက်ကို ပြေးလာသည့် လမ်းတစ်လျှောက်လုံး သူ ငိုမချမိအောင် အတင်းထိန်းချုပ်ခဲ့ရသည်။ သို့ရာတွင် သူ့မျက်လုံးများကား စိုစွတ်နေခဲ့သည်။
အိမ်သာတစ်ခုထဲသို့ ပြေး၀င်ကာ ငိုချလိုက်မိသည်။ တအိအိနှင့် ကလေးတစ်ယောက်နှယ် ငိုရှိုက်နေသော သူ့အား ဆရာမ မြင်ပါက မည်သို့ နှစ်သိမ့်ပေးမည်နည်း။ သူ ယခုငိုနေခြင်းမှာ မိမိ၏ဆရာမအား နှမြောမိ၍ မည်သူ့ကိုမျှ မပေးလိုသော တပည့်တစ်ယောက်အနေနှင့် မဟုတ်ပါ။ ရှင်းရှင်းပြောရလျှင် သူသည် ဆရာမကို အဖြူရောင်မဟုတ်သော မေတ္တာများနှင့် ချစ်မိနေသည်။ ထို့ကြောင့် ဆရာမကို သူဘယ်သူ့မှ မပေးချင်၍ ငိုခြင်းပင် ဖြစ်သည်။
စိတ်ထဲက မဖြစ်နိုင်ဘူးဟု တစ်ကိုယ်တည်း ငြင်းနေမိသော်ငြား သူ့ကို မည်သူကမှ အတည်မပြုပေးကြပါ။ တကယ်ပါဆိုလျှင်ရော သူဘာတက်နိုင်မှာလဲ။ သူ ဘာများလုပ်နိုင်တာ ရှိမလဲ။ ဘာမှမရှိပါ။ တကယ်ကို ဘာမှရှိမနေပါ။ ဆံပင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ၀မ်းနည်းပက်လက် ငိုနေရုံသာ သူတတ်နိုင်တော့သည်။
••••••••••
ဆောင်းဦး၏ နေ့လယ်ခင်းတစ်နေ့။
စိန်ပန်းပင်အောက်၌ ပတ်လည်ထိုးထားသော ကွပ်ပျစ်ပေါ်တွင် အောင်ထွေးနောင် မလှုပ်မယှက် ထိုင်နေမိသည်။ ကျောင်းတက်ချိန်ဖြစ်သောကြောင့် ကျောင်း၀င်းထဲ၌ သူကလွဲ၍ မည်သူမျှ မရှိပါ။
"နောင်လေး"
ထိုအသံသည် လူသေကောင်လို ငြိမ်သက်နေသော အောင်ထွေးနောင်အား လှုပ်နှိုးလိုက်သည်။ အသံလာရာကို အားအင်ကုန်ဆုံးစွာ ငေးကြည့်မိတော့ သူ ချစ်သော ဆရာမသည် သူ့ဆီ လှမ်းလာနေသည်။
"ကျောင်းတက်နေပြီလေ။ တက္ကသိုလ်ရောက်နေတယ်များ ထင်နေတာလား"
ဆရာမ၏ အသံသည် အနည်းငယ်တော့ မာနေသည်။ အောင်ထွေး ခေါင်းငုံ့ထားမိ၏။
"မင်းက တို့အချိန်ကျမှ ပျက်တယ်ပေါ့လေ။ လပတ်စာမေးပွဲမှာ ပထမရလို့ ဆုပေးမလို့ဟာကို။ လူဆိုးလုပ်ပြီး အတန်းလစ်ချင်နေတယ်ပေါ့"
အောင်ထွေး ပြန်မဖြေပါ။ မည်သည့်အချိန်ထိများ ထိုအသံလေးကို လိပ်ပြာသန့်သန့်နှင့် ချစ်ကျွမ်း၀င်နိုင်တော့မည်နည်းဟုသာ တွေးနေမိသည်။
"နောင်လေး... မင်းရဲ့ဆရာမ ပြောနေတယ်လေ။ မင်းက တို့ကို အလေးမထားတာလား"
အောင်ထွေး မေ့ကြည့်လိုက်သည်။ ဆရာမ၏ မျက်နှာ၀ိုင်း၀ိုင်းလေးသည် သနပ်ခါးမှုန်မှုန်နှင့် ကျက်သရေရှိစွာ လှနေသည်။
"ဆရာမ စေ့စပ်လိုက်ပြီဆို။ လက်ထပ်တော့မှာလား"
ဆရာမ၏ မျက်လုံးများက မှုန်မှိုင်းသွားသည်။ သူသည် ဆရာမ ပါးစပ်က ထိုအကြောင်းကို အတည်မပြုမချင်း မယုံဘူးဟု တွေးထားခဲ့သော်ငြား ထိုကိစ္စကို သူတို့တစ်တန်းလုံး သိနေပါပြီ။ သို့သော် ဆရာမဆီက သူကြားချင်သည်။ မဟုတ်ပါဘူးဆိုသည့် အကြောင်းကိုလေ။
"အင်း။ လက်ထပ်ဖို့ကတော့ လိုပါသေးတယ်"
သူသည် ဟန်မဆောင်နိုင်စွာ မျက်ရည်တွေ ၀ဲလာရသည်။ အခု သူ့ကို ရိုက်တာဖြစ်ဖြစ်၊ ဆွဲထိုးတာဖြစ်ဖြစ် တစ်ယောက်ယောက် လုပ်ပေးကြပါလား။ ရင်ဘတ်ထဲက နာလွန်းလို့ပါ။ သူ မခံနိုင်တော့လို့ပါ။ အခြားနာကျင်မှုတွေ ပြောင်းပေးလို့မရဘူးလား။
"ဆရာမ... ကျွန်တော်လေ... ဆရာမကို..."
"တစ်ယောက်ယောက် မြင်သွားရင် ကျောင်းလစ်နေတဲ့ ကျောင်းသားကို အားပေးအားမြှောက် လုပ်နေတယ်ဆိုပြီး ဖြစ်လိမ့်ဦးမယ်။ သွားရအောင် နောင်လေးရာ၊ ထ"
သူ့လက်မောင်းကို ဆွဲကိုင်နေသည့် ဆရာမလက်၏ လက်သူကြွယ်တွင် လက်စွပ်လေးတစ်ကွင်းသည် သူ့အား လှောင်နေသည်။
"မသွားချင်ဘူး..."
သူ့ပုံစံက ဂျစ်တိုက်နေသည့် ကလေးတစ်ယောက်လို ဖြစ်နေသည်။ ဆရာမသည် အပြုံးယဲ့ယဲ့လေးကို ပြုံးသည်။ ထို့နောက် သူ၏ ဦးခေါင်းကို ပွတ်သပ်ရင်း
"အချို့အရာတွေက ဖြစ်ချင်တိုင်း ဖြစ်လို့မရဘူး၊ လုပ်လို့မရဘူး ကလေးရဲ့"
ဆရာမ၏ စကားကြောင့် သူ ငိုချင်လာသည်။ အခု ဆရာမက သူ့ခံစားချက်တွေကို ရပ်တန့်ခိုင်းနေတာလား။
"မင်းအခု စာမသင်ချင်ဘူး။ ဒါပေမဲ့ မသင်လို့မရဘူးလေ။ လုပ်သင့်တဲ့ အရာဖြစ်တာကြောင့် လုပ်ရမယ်။ လာ စာသွားသင်မယ်။ ပြီးမှ ပြန်ကူးနေရလိမ့်ဦးမယ်"
••••••••••
ဆရာမကို နေ့တိုင်းအကြိုအပို့လုပ်ပေးနေသော ဆိုင်ကယ်တစ်စီးနှင့် အစ်မကြီးတစ်ယောက်က သည်နေ့မလာပါ။ သူ့အစား အင်္ကျီလက်ရှည်နှင့် စတိုင်ပန့်ဘောင်းဘီရှည်ကို သပ်သပ်ရပ်ရပ် ၀တ်စားထားသော ယောက်ျားတစ်ဦးက ကားအကောင်းစားတစ်စ်ီးနှင့် ဆရာမကို ကြိုရန် ရောက်လာသည်။
အောင်ထွေးနောင်သည် ကျောင်းဆောင်ရှေ့တွင် ကျောပိုးအိတ်နှင့် ထမင်းချိုင့်ကို ကိုင်လျက် ကျောင်း၀န်းရှေ့က မြင်ကွင်းကို မမှိတ်မသုန် ကြည့်နေမိသည်။ ထိုသန့်သန့်ပြန့်ပြန့်လူကြီးဘေးတွင် ဆရာမရှိသည်။ ထိုလူကြီးက ဆရာမနွယ်တို့ကို စကားပြောနေပြီး လက်ထဲမှာ ဆရာမရဲ့ ကြိမ်ခြင်းတောင်းလေးကိုလည်း ကိုင်ထားသည်။ အောင်ထွေးသည် ဖြစ်နိုင်လျှင် ထိုခြင်းတောင်းကို ဆွဲလုချင်သည်။ ထိုခြင်းတောင်းသည် ဆရာမကျောင်းရောက်တိုင်း သူ ယူကိုင်ပေးနေကျ မဟုတ်လား။
ဆရာမသည် ကားပေါ်မတက်ခင်တွင် သူ့အား မြင်သွားသည်။ အပြုံးဟု မဆိုနိုင်သော အပြုံးသေးသေးလေး တစ်ခုကိုလည်း ပေးသွားသည်။
သူသည် ယခုပိုင်ဆိုင်သူရှိနေပြီဟု သတ်မှတ်ထားသော အမျိုးသမီးတစ်ယောက်အား ချစ်နေမိသည်။ ထို့ပြင် ထိုအမျိုးသမီးသည် သူ့အား စာသင်ပေးသော ဆရာမတစ်ယောက် ဖြစ်သည်။ သူသည် စည်းပေါင်းများစွာကို ချိုးဖျက်နေမိသည်ပဲ။
••••••••••
"အောင်ထွေးရေ... ဆရာမရီရီက ရုံးခန်းထဲ လာခဲ့ပါဦးတဲ့"
သူရ၏ စကားကြောင့် လေးကန်သော ခြေလှမ်းများဖြင့် ရုံးခန်းဆီသို့ သူ လှမ်းလာခဲ့သည်။ ရုံးခန်းထဲတွင် ဆရာမရီရီ တစ်ယောက်တည်း ကုလားထိုင်၌ ထိုင်ကာ တစ်ခုခုကို ရေးမှတ်နေသည်။
"ဆရာမ... ခေါ်တယ်ဆိုလို့"
"ဪ... အင်း၊ ဟုတ်တယ်၊ နောင်လေး"
ဆရာမက စားပွဲခုံပေါ်တင်ထားသော စာအုပ်တစ်အုပ်ကို လှမ်းပေးသောအခါ အောင်ထွေးက လက်နှစ်ဖက်နှင့် ယူလိုက်သည်။
"အဆင့်(၁)ရလို့ ဆုပေးတာလေ။ အရင်ကတည်းက ပေးမလို့ကို ၊ ရှင်လေးက ဖမ်းရခက်နေလို့"
စာအုပ်သည် မှတ်စုစာအုပ်လေးတစ်အုပ် ဖြစ်သည်။ မှတ်စုရေးတတ်သော အကျင့်ရှိသည့် အောင်ထွေးအတွက် ထိုဆုသည် တကယ်ကို အသုံး၀င်လှပါသည်။ သူ စာအုပ်ကို လှန်ကြည့်ရင်း စာအုပ်အလယ်၌ ညှပ်ထည့်ထားသည့် ခေါက်ထားသော စာရွက်ပိုင်းလေးတစ်ခုကို တွေ့လိုက်သည်။
"မင်းအတွက် ရေးထာတာ။ အခုမဖတ်နဲ့ဦး။ လိုအပ်မှ ဖတ်"
ဆရာမက ဖြေပြီးနောက် တစ်ဖက်သို့ လှည့်သွားသည်။ အောင်ထွေးသည် စာရွက်လေးအား ခပ်ဖွဖွ တို့ကြည့်မိသည်။
"သုံးလပြည့်ပြီနော်"
အောင်ထွေး နားမလည်စွာဖြင့် ဆရာမကို မော့ကြည့်လိုက်သည်။ ဆရာမက သူ့အား ကြည့်မနေပါ။
"အစမ်းခန့်ကာလလေ။ အဲဒါပြီးသွားပြီဆိုတော့ နယ်ပြောင်းစာ ကျလာပြီ"
အောင်ထွေး၏ ဒူးများ ယိုင်နဲ့သွားသည်။ ဘုရားရေ... သူသည် မပိုင်ဆိုင်ရသည့် လူတစ်ဦးအား အနီးမှ နေ၍ပင် ငေးကြည့်ခွင့် မရှိတော့ဘူးလား။
"တို့... မင်းကို ချစ်တယ် နောင်လေး။ မင်းက တို့ရဲ့ အချစ်ဆုံး တပည့်ပဲ"
ဆရာမက လှည့်ကြည့်ရင်း ပြောလာသည်။ နောက်ဆုံးက စကားသည် သူ့ရင်ကို နင့်ခနဲ ဖြစ်သွားစေသည်။ နှစ်ပေနီးပါးသာ ကွာဝေးနေသည့် သူတို့ကြားတွင် မမြင်နိုင်သော စည်းပေါင်းများစွာရှိနေသည်။
"စာကြိုးစားနော်။ ဘာကိုမှ သိပ်ပြီး မခံစားနဲ့။ တစ်ချိန်ချိန် ပြီးသွားမှာ"
"ပြီးတော့ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို သေချာ စဥ်းစားချင့်ချိန်ပါ။ အင်း... မင်းက တော်ပြီးသားပဲ။ ဆရာမ မင်းကို ယုံတယ်"
••••••••••
အောက်တိုဘာလ အကုန်တွင် ဆရာမ သူတို့ကျောင်းကို မလာတော့ပါ။
သူသည် သူ့ခံစားချက်များကို သူရကိုပင် မပြောဖြစ်ခဲ့ဘဲ နှစ်ပတ်မျှနီးပါး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေခဲ့ရသည်။ ဆရာမ၏ အငွေ့အသက်တွေ ပြည့်နေသော ဤ၀န်းကျင်သည် သူ့အား ဒဏ်ခတ်နေသယောင်။
သူကျိန်ဆိုရဲပါသည်။ ဆရာမကို ချစ်ခဲ့သည်မှာ မှန်ပါ၏။ မည်သူ့ကိုမျှ မပေးချင်အောင် ချစ်မြတ်နိုးပါ၏။ သို့သော် သူ့စိတ်တွေသည် ချစ်ခြင်းဧရိယာ၏ အပြင်ကို မကျော်ထွက်ခဲ့ဖူးပါ။ အပြစ်ဆိုလျှင် ပညာသင်ပေးသော ဆရာမကို ချစ်မိခြင်းနှင့် စေ့စပ်ထားပြီးသော အမျိုးသမီးတစ်ဦးအပေါ်တွင် စိတ်များ မထိန်းချုပ်နိုင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ဆရာမက လိုအပ်လျှင် ဖတ်ဟု ပြောခဲ့သော စာရွက်ခေါက်ပိုင်းလေးကို သူဖွင့်ဖတ်မိသည့် ညက ဘယ်လိုမှ အိပ်မပျော်ခဲ့ပါ။ စာရွက်ကို ကိုင်လျက် ငူငူကြီး ထိုင်ငိုင်နေခဲ့မိသည်။ စာတွေအများကြီး ရေးထားသော စာရွက်၏ အဆုံးတွင် စာတစ်ပိုဒ်ရှိနေသေးသည်။ ငိုဖို့ရန်ပင် မျက်ရည်မကျနိုင်အောင်အထိ စိတ်ပင်ပန်းခဲ့ရသော ရက်သတ္တပတ်များကို ထိုစာပိုဒ်လေးက အဝေးဆုံးသို့ ယူဆောင်သွားနိုင်ခဲ့သည်။
'တကယ်ချစ်ရင် သူ့အတွက် စွန့်လွှတ်ရဲရမယ်၊ နောင်လေးရဲ့။ ကိုယ့်နှလုံးသား၊ ဘ၀၊ ဂုဏ်သိက္ခာ၊ အရည်အချင်း... တစ်ခုခုတော့ စွန့်လွှတ်ရတာပဲ။ တစ်ခါတလေတော့ သူ့ကိုပါ သူ့အတွက် စွန့်လွှတ်ပေးရတာမျိုးလည်းရှိသေးတယ်။ အခုကတော့... အဲဒီတစ်ခါတလေဆိုတဲ့ ကာလလေးပေါ့ ကလေးရယ်'
စွန့်လွှတ်ခဲ့သူတန်အောင် သူ အကောင်းဆုံး နေထိုင်သင့်သည် မဟုတ်လား။ စွန့်ပစ်ခဲ့တာမှ မဟုတ်ပါဘဲနဲ့လေ။ ဆရာမ ဖြစ်စေချင်သည့် စာတော်သော ကျောင်းသားတစ်ယောက်၊ ရင့်ကျက်သော လူတစ်ယောက်ဖြစ်အောင် သူ ကြိုးစားမည်ဟု အောင်ထွေး ဆုံးဖြတ်ချက်ချလိုက်ပါသည်။
~~~~~~~~~~~~~~
၂၅.၈.၂၀၂၄
°°°°°°°°°°
Zawgyi
"ညီေရာ အခ်စ္ဆိုတာကို ဘယ္လိုျမင္လဲ"
အခ်စ္တဲ့လား။ လြန္းညီ၏ အခ်စ္အေပၚ ကိုယ္ပိုင္ အဓိပၸါယ္ဖြင့္ဆိုခ်က္က ဘာမ်ားလဲ။ သူကိုယ္တိုင္လည္း မသိပါ။ ဘာျဖစ္မည္လဲ။ မေတြးတတ္ေခ်။
"မေျပာတတ္ဘူး အစ္ကို"
လင္းသစ္ ခပ္ဖြဖြ ၿပံဳးလိုက္မိသည္။
"ခုနက ေျပာသလိုပဲေလ။ အခ်စ္ဆိုတာက တကယ္ေတာ့ ကိုယ့္ဆီကေန တစ္စံုတစ္ေယာက္အတြက္ ျဖစ္ေပၚတဲ့ ခံစားခ်က္တစ္ခုပဲ။ ဒါကိုမွ လူေတြက သူတို႔ခံစားရသလို၊ ႀကံဳေတြ့ရသလို ေခါင္းစဥ္တပ္ၾကတာ။ အဲေတာ့ ကိုယ္စီကိုယ္စီမွာ အခ်စ္ဆိုတဲ့ အရာနဲ႔ပတ္သတ္ၿပီး ကိုယ္ပိုင္ခံယူခ်က္ေတြ ရိွၾကတယ္"
ညီက ျဖည္းျဖည္းခ်င္း ေခါင္းညိတ္လာသည္။ လင္းသစ္သည္ ထိုေကာင္ငယ္ေလးကို ၾကည့္ၿပီး မၿပံဳးဘဲ မေနႏိုင္ပါ။
"အဲ့အခ်စ္ဆိုတာကို ပန္းေလးတစ္ပြင့္အျဖစ္ အရင္ျမင္ၾကည့္လိုက္ ညီ။ အဲ့ပန္းေလးကို ဥယ်ာဥ္မွဴးတစ္ေယာက္သာဆို ဘယ္လိုျမင္မလဲ"
ညီက မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္ လုပ္ၿပီးမွ လင္းသစ္ကို ၾကည့္လ်က္ ေျဖသည္။
"ခ်စ္စရာေလးလို႔ ျမင္မွာေပါ့"
လင္းသစ္သည္ သြားမ်ားေပၚသည္အထိ ၿပံဳးမိသည္။
"အင္းေပါ့။ ခ်စ္စရာေလး၊ ျမတ္ႏိုးစရာေလးလို႔ ျမင္မွာေပါ့။ ၿပီးေတာ့ အဲဒီပန္းေလး ပိုၿပီးလွလာေအာင္ ဂရုစိုက္ေပးမယ္၊ အႏၲရာယ္ကင္းေအာင္ ေစာင့္ေရွာက္ေပးမယ္။ ပန္းခ်စ္တဲ့ သူတစ္ေယာက္အေနနဲ႔ဆိုရင္ေရာ"
"တူတူပဲ... ထင္တယ္"
ညီက မပြင့္မလင္း ေျဖသည့္အခါ လင္းသစ္က ေခါင္းညိတ္ၿပီး
"ဟုတ္တယ္။ ပန္းခ်စ္တတ္တဲ့ သူကလည္း ပန္းေလးကို ခ်စ္မွာ၊ ျမတ္ႏိုးမွာ၊ ဂရုစိုက္မွာေလ။ ပန္းမခ်စ္တတ္တဲ့ သူဆိုရင္ေရာ"
"လ်စ္လ်ူရႈထားမွာေပါ့။ ဒါမွမဟုတ္ ဖ်က္ဆီးပစ္မွာ"
"အင္း... အဲ့လိုပဲေလ။ ပန္းေလးက တစ္ပြင့္တည္း။ သူ႔ဘာသာသူေနတယ္။ ဒါကို ေဘးကလူေတြက အဲ့ပန္းေလးကို မတူညီတဲ့ အရာေတြ လုပ္ေပးတယ္၊ မတူညီတဲ့ ပံုစံေတြနဲ႔ ဆက္ဆံတယ္။ အခ်စ္ဆိုတာလည္း အဲ့လိုပဲ။ အဲေတာ့ ညီေရာ ပန္းေလးအေပၚကို ဘယ္လိုျမင္လဲ"
လြန္းညီက ခပ္ေတြေတြေလး စဥ္းစားဟန္ျပဳသည္။
"ကြၽန္ေတာ္ကေတာ့... ပန္းကို ပန္းလို႔ပဲ ျမင္တယ္"
အစ္ကိုက မ်က္ခံုးပင့္ကာ သူ ဆက္ေျပာမည့္စကားကို ေစာင့္ေန၏။
"ဒီတိုင္း ပန္းတစ္ပြင့္လို႔ပဲ ျမင္တယ္။ သူ႔မွာလည္း သူ႔အလွနဲ႔ သူ၊ သူ႔တန္ဖိုးနဲ႔ သူ ရိွတယ္ေလ"
အစ္ကိုက ေခါင္းညိတ္လ်က္ ၿပံဳးရင္း ဆက္ေမးသည္။
"ဒါဆို အခ်စ္ကိုေရာ ဘယ္လိုျမင္လဲ"
အခ်စ္။ ၾကားလိုက္ရသည့္ ထိုစကားလံုးေလးသည္ လြန္းညီ၏ အေတြးထဲကို ပံုရိပ္တစ္ခုအား ဆြဲေခၚလာသည္။ ထိုပံုရိပ္သည္ ႏူးညံ့ညင္သာေသာ အၾကည့္တို႔ ေပးအပ္ေသာ မ်က္လံုးတစ္စံု။ အၿပံဳးခ်ိဳခ်ိဳတို႔ကို စြန္႔ႀကဲေသာ ႏႈတ္ခမ္းပါး။ သူ႔လက္ကို ဆြဲကိုင္ခဲ့ဖူးေသာ ညိုစိမ့္စိမ့္ အသားေရာင္ႏွင့္ လက္တစ္ဖက္။
"ကြၽန္ေတာ့္အတြက္ေတာ့ အခ်စ္က... ကြၽန္ေတာ္တို႔ ခ်စ္တဲ့သူပဲ"
အစ္ကို႔ကို သူစိုက္ၾကၫ့္မိသည္။ ဟုတ္သည္။ သူ႔အတြက္ေတာ့ အခ်စ္က သူခ်စ္ရသည့္ သူပင္။ ထိုသူသည္ အစ္ကိုပင္ ျဖစ္သည္။ ထိုအေတြးကို ေတြးမိသည္ႏွင့္ လြန္းညီ၏ ရင္ထဲ ရိွန္းခနဲ ျဖစ္သြားရသည္။
"ကြၽန္ေတာ္ ခ်စ္တဲ့သူက ကြၽန္ေတာ္ သိတဲ့ အခ်စ္ပဲ။ သူရဲ့ အရယ္၊ အၿပံဳး၊ အၾကည့္၊ အျပဳအမူ။ သူကိုယ္တိုင္ေရာ၊ သူနဲ႔ ပတ္သက္သမ်ွကေရာ အခ်စ္။ ဒါက... ကြၽန္ေတာ္ သိတာပဲ အစ္ကို"
လြန္းညီ အမ်ားႀကီး မေျပာတတ္ပါ။ ထို႔ေၾကာင့္ သူ႔စကားသည္ အနည္းငယ္ မရွင္းမရွင္းျဖစ္ေနသည္။ သို႔ေသာ္ သူ႔စိတ္ေတြကေတာ့ ရွင္းသြားေယာင္ ခံစားရသည္။ ေယာက္်ားတစ္ေယာက္ေလးက သူ႔နည္းတူ ေယာက္်ားေလးတစ္ေယာက္ကို ခ်စ္ခြင့္ရိွ၊ မရိွ သူ မသိေသာ္ျငား သူ အစ္ကို႔ကို ခ်စ္မိေနၿပီဟု တထစ္ခ် ထင္ေနမိသည္။ စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ရာ က်မလားမသိေပမဲ့ ဇာတ္လမ္းေတြ၊ ၀တၲုေတြထဲကလို တိုးတိုးတိတ္တိတ္ ခ်စ္မယ္ဆိုရင္ေတာ့ အဆင္ေျပမယ္မလား။ ပန္းေလးကို အနီးကပ္ ၾကည့္ရႈခြင့္မရိွေတာင္ အေဝးကေနေတာ့ ေငးၾကည့္ခ်င္သည္။
"ခ်စ္စရာေကာင္းလိုက္တဲ့ အေတြးေလး"
အစ္ကိုက ခပ္ၿပံဳးၿပံဳးျဖင့္ ေျပာကာ လြန္းညီ၏ ဆံပင္မ်ားကို ဖြသည္။ ထို႔ေနာက္ ျပန္ၿပီး သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ သပ္တင္ေပးျပန္သည္။
"အစ္ကိုကေရာ... အခ်စ္ကို ဘယ္လိုထင္လဲ"
အစ္ကိုက သူ႔ကို ညင္သာစြာ စိုက္ၾကည့္သည္။ အစ္ကို႔၏ ထိုအၾကည့္မ်ားကို သူ သေဘာက်သည္။ မဟုတ္။ ခ်စ္ပါသည္။ ထိုအၾကည့္တို႔ျဖင့္ ၾကည့္ေသာ အစ္ကို႔ကိုလည္း ခ်စ္ပါသည္။ အစ္ကိုႏွင့္ ပတ္သက္သမ်ွကိုလည္း သူခ်စ္ပါသည္။
"ကိုထီးရဲ့ ေနရာတိုင္းမွာဆိုတဲ့ သီခ်င္းကို ၾကားဖူးလား"
"ဟုတ္၊ ၾကားဖူးတယ္"
လြန္းညီသည္ သီခ်င္းမ်ားႏွင့္ေတာ့ စိမ္းလွပါ။ ေဖေဖသည္ အိမ္မွာရိွတိုင္း ကတ္ဆတ္ႏွင့္ သီခ်င္းေတြ ဖြင့္ထားေလ့ရိွရာ ေဖေဖရိွခ်ိန္ဆို သူတို႔အိမ္သည္ သီခ်င္းသံတို႔ျဖင့္ လႊမ္းၿခံဳေနတတ္သည္။ ထိုကတ္ဆတ္သည္ ေဖေဖ၏ အခ်စ္ဆံုးသူငယ္ခ်င္းမွ ေပးထားေသာ လက္ေဆာင္ဟု သိရၿပီး ေဖေဖက ေတာ္ေတာ္တန္ဖိုးထားသည္။ လြန္းညီသည္ပင္ အလုပ္ တစ္ခုခု လုပ္မည္ဆိုပါက သီခ်င္းေလး ဖြင့္ထားလ်ွင္ လုပ္ရတာ ပိုျမန္သလိုလိုႏွင့္ ခံစားရၿပီး သေဘာက်မိသည္အထိ ေဖေဖ့ဆီက ထိုအက်င့္ကို ရလာခဲ့သည္။
"အဲ့သီခ်င္းလိုပဲ။ အစ္ကို႔အတြက္ေတာ့ အခ်စ္ဆိုတာက အစ္ကိုခ်စ္ရတဲ့ တစ္စံုတစ္ေယာက္ကို ရင္ဘတ္ထဲမွာ
You are reading the story above: TeenFic.Net