Unicode
ဇူလိုင်လအစပိုင်း။
စိန်ပန်းပင်ကြီး၏ ပတ်လည်တွင် ထိုးထားသော ကွပ်ပျစ်ပေါ်၌ သုထက်မာန်နှင့် နေလွန်းညီတို့ စာအုပ်တစ်အုပ်ကို ခေါင်းချင်းဆိုင်ကာ ဖတ်နေကြသည်။
လွန်းညီသည် စာဖတ်ရသည်ကို သိပ်ကြိုက်လှသည့်ထဲတွင်တော့မပါပါ။ သို့သော် ဝတ္ထုတော့ ဖတ်သည်။ ဒါတောင် အရှည်ကြီးတွေဆို မဖတ်၊ မသိသည့် စာရေးဆရာဆိုလျှင် မဖတ်၊ စာအုပ်နာမည်မကြိုက်လျှင် မဖတ်ပေ။
ဒီတစ်ခေါက်မှာတော့ ဆရာမင်းလူ၏ 'ချစ်သောပန်းကလေး'ဆိုသော စာအုပ်ကို ဖတ်ရန် ရွေးခဲ့သည်။ ထိုအချိန်တွင် ခမ်းမောင်က စာဖတ်ရန် တိုက်တွန်း၍ လာဖတ်သော သုထက်ကလည်း လွန်းညီနှင့်အတူ ထိုစာအုပ်လာဖတ်သည်။ မနက်ခင်း ကျောင်းမတက်ခင်ကတည်းက စာကြည့်တိုက်တွင် ဖတ်နေခဲ့သော ထိုစာအုပ်ကို ယခုမုန့်စားဆင်းချိန်တွင်လည်း စိန်ပန်းပင်အောက်က ကွပ်ပျစ်ပေါ်တွင် နှစ်ယောက်သား အချိန်ရှိခိုက် လုံ့လစိုက်ကာ ဖတ်နေကြခြင်းပင်။
ဖတ်နေရင်းမှ လွန်းညီက ဆက်မဖတ်ဘဲရပ်ပြီး တစ်ခုခုကို တွေးသည်။ ထိုအခြင်းအရာကို သတိထားမိသော သုထက်က လွန်းညီကို ကြည့်ကာ
"ဘာဖြစ်လို့လဲ"
"အာ... ဟင့်အင်း။ ဘာမှမဖြစ်ပါဘူး"
လွန်းညီ အမှန်တကယ် တွေးနေသည်ကတော့ အစ်ကိုနှင့် ပတ်သက်သည့်အရာပါ။ သူသည် အစ်ကို့အပေါ်တွင် ခံစားချက်များလွန်နေသည်။ ထိုခံစားချက်များသည် စာအုပ်ထဲက ပြောထားသော အချစ်ဖြစ်နေမည်လားဟု တွေးလိုက်မိသည်။ ထိိုသို့မဟုတ်လည်း လူကြီးများပြောသည့် စိတ်ကစားနေသည်လား။ မပြောတတ်ပါ။ ထိုအရာတွေထက် လွန်းညီ စဥ်းစားနေမိသည်က အစ်ကိုသည် ယောကျ်ားလေးတစ်ယောက် ဖြစ်သည်။ သူသည်လည်း ယောက်ျားလေးဖြစ်သည်။ အဘယ်အကြောင်းကြောင့် သူ စိတ်လွန်နေမိပါသနည်း။ သက်ပြင်းကို ခပ်ပြင်းပြင်း ရှိုက်လိုက်မိသည်။ သူ တကယ် မတွေးတတ်တော့ပါ။
"လွန်းညီ"
"ဟင်... အင်း သုထက်။ ပြောလေ"
"အချစ်ဆိုတာ ဘာလဲဟင်"
"ဟမ်"
သုထက် မျက်နှာသည် အနည်းငယ်တည်နေသောကြောင့် နောက်နေဟန်တော့မရှိ။ သူ တကယ်ကို သိချင်နေဟန်ရှိသည်။
"သူငယ်ချင်းကို ချစ်တာ၊ မိဘကို ချစ်တာဆိုတာတွေကို ငါနားလည်သင့်သလောက် နားလည်တယ်။ ငါပြောချင်တာ ချစ်သူရည်းစားတွေလေ။ အဲ့လိုအချစ်က ဘာလဲ"
လွန်းညီ ခေါင်းကုတ်မိသည်။ ကိုယ့်ဘာသာတောင် ကိုယ့်ကိစ္စနှင့်ကိုယ် ရှုပ်နေရသည့်ကြားထဲ။
"မသိဘူးလေ။ ငါ့ဟာ ငါတောင် မသေချာနေတာကို"
"ဟင်... မသေချာဘူးဆိုတော့..."
"အာ... တော်တော့"
လွန်းညီသည် ထွက်သွားမိသည့် ကိုယ့်ပါးစပ်ကိုယ်သာ နာနာရိုက်လိုက်ချင်သည်။ သုထက်က သူကိစ္စကို လျစ်လျူရှုကာ ကိုယ့်ကိစ္စကိုယ် ပြန်တွေးမိသည်။
အချစ်တဲ့။ စကားလုံးနှစ်လုံးတည်းရှိ၍ တော်သေးသည်။ ထိုနှစ်လုံးထဲကိုပဲ လူပေါင်းစုံက အမျိုးမျိုးပြောနေသည်။ ပူလောင်သည်၊ အေးမြသည်နှင့်။ ချိုသည်၊ ခါးသည်က ပါသေးသည်။ အချစ်က စားလို့ရလို့လား။
သူတို့နှစ်ယောက် အတွေးကိုယ်စီနှင့် ရှုပ်နေချိန်တွင် ခမ်းမောင်က ရောက်လာသည်။
"ခမ်း ခဏ၊ ခဏ။ ဒီမှာ ထိုင်ဦး"
အနီးရောက်ရောက်ချင်း သုထက်က ခမ်းမောင်ကို သူ့ဘေးတွင် ထိုင်ခိုင်းသည်။
"ဘာလဲကွာ။ အလန့်တကြားရှိလိုက်တာ"
"မေးစရာရှိလို့ကွ"
လွန်းညီကပါ တိုးကပ်လာသောကြောင့် နှစ်ယောက်ပေါင်းကာ ဘာတွေများ ခေါင်းစားဦးမည်နည်းဟု ခမ်းမောင် တွေးလိုက်မိသည်။
"အင်း... မေး။ ဗရုတ်သုတ်ခတွေတော့ မမေးနဲ့"
"အေးပါ။ ဟို... ဆရာမတော့ ပြန်မတိုင်နဲ့"
"ဆရာ့ပြန်တိုင်မှာ"
"ခမ်း... မင်းနော်"
"မေးစရာရှိတာ မေးကွာ။ မမေးရင် ငါသွားမယ်"
"မသွားပါနဲ့။ ပြန်ထိုင်ပါကွာ မင်းကလည်း။ စိတ်ကြီးပဲ"
ထရန် ပြင်နေသော ခမ်းမောင်ကို သုထက်က ပြန်ဆွဲထိုင်ခိုင်းသည်။
"မေးစရာရှိတာ မြန်မြန်မေးလေ မင်းကလည်း။ ငါတောင် စိတ်မရှည်တော့ဘူး"
လွန်းညီသည် စိတ်မရှည်စွာ ၀င်ပြောမိသည်။ သုထက်မာန်က စိတ်ကသာ မရှည်တာ အရစ်တော့ အတော်ရှည်သည့်ကောင်ပင်။
"အေးပါ။ ဟိုလေ... ခမ်း... အချစ်ဆိုတာ ဘာလဲဟင်"
ခမ်းမောင်က မျက်ခုံးတစ်ချက်ပင့်ကာ နှစ်ယောက်လုံးကို ကြည့်သည်။ ထို့နောက် အကြည့်လွှဲကာ သူတို့ကို မကြည့်ဘဲ ပြန်ဖြေသည်။
"အချစ်ဆိုတာ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ်၊ အများကိုပဲဖြစ်ဖြစ် နွေးထွေးစေချင်၊ ပျော်ရွှင်လုံခြုံစေချင်တဲ့၊ ကောင်းတဲ့ စိတ်သဘောထား ခံစားချက်လေးတစ်ခုလေ။ တစ်ခါတစ်လေတော့ အတ္တဆန်တဲ့ ပိုင်ဆိုင်လိုစိတ်တွေလည်း ရှိတတ်တယ်။ ဥပမာ၊ မိဘနဲ့ သားသမီးကိုပဲကြည့်။ မိဘတွေက ချစ်လွန်းတော့ သားသမီးကို ရင်အုပ်မကွာ၊ အနီးအနားမှာပဲ ထားကြတယ်၊ အဝေးမလွှတ်ရဲကြဘူး။ ကြာတော့ ကလေးတွေက လောင်းရိပ်မိတဲ့ သစ်ပင်တွေလို ကောင်းကောင်းမဖွံ့ဖြိုးနိုင်ကြတော့ဘူးလေ။ အဲ့သလို"
ခမ်းမောင်က တည်ငြိမ်သော လေသံဖြင့် ပြောသည်။ သုထက် ကြားဖူးခဲ့သော ချိုသည်၊ ခါးသည်၊ ပူလောင်သည်၊ အေးမြသည်များ မပါသော ခမ်းမောင်၏ စကားသည် မှန်သလား၊ မှားသလားတော့ သူမသိပေ။ သို့သော် သူမေးချင်တာ ထိုအရာမှ မဟုတ်ပါဘဲ။
"အင်း... ဒါပေမဲ့ ငါမေးချင်တာက... ချစ်သူရည်းစားတွေ ချစ်တဲ့ အချစ်မျိုးကို မေးတာ"
ခမ်းမောင်က သူ့ကို ဆတ်ခနဲ လှည့်ကြည့်လာသည်။ သုထက်သည် မျက်လုံးကျဥ်းကျဥ်းလေးများ၏ စူးရှမှုကို မခံနိုင်စွာဖြင့် အကြည့်လွှဲလျက်
"ဟို... ဒီစာအုပ်ထဲ မှာပါလို့လေ... ငါသိချင်လို့ မေးတာကို မင်းကလည်း..."
သုထက်က လက်ထဲ၌ ဖွင့်လျက်ရှိသော စာအုပ်ကို ထောင်ပြသည်။
"စာဖတ်ခိုင်းတာကို ၀တ္တုတွေ ဖတ်နေတယ်ပေါ့"
ခမ်းမောင်က ခပ်ဆတ်ဆတ်ပင် ပြော၏။ ထိုစဥ် သုထက်ဘေး၌ ငြိမ်ကာထိုင်နေသော လွန်းညီက
"ခမ်းမောင်... မင်းအဲ့လိုတော့ မပြောပါနဲ့ကွာ။ ၀တ္တုဆိုတာလည်း စာပေပဲလေ။ ရသစာပေဆိုတိုင်း အချစ်အကြောင်းတွေချည်း မဟုတ်ဘူးကွ။ သင်ယူစရာ သင်ခန်းစာတွေကို ရယ်စရာ၊ မောစရာ၊ လွမ်းမောစရာတွေနဲ့ သင်ပြပေးတာ။ အကောင်းအဆိုးအကြောင်းအကျိုးဆိုတဲ့ အရာတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောရင်း ရှာဖွေရတာမျိုး၊ ပြီးရင် ကိုယ့်ဘာသာ ချင့်ချိန်ပြီး ဆောင်သင့်၊ ရှောင်သင့် ရွေးချယ်ရတာမျိုးကွ"
လွန်းညီသည် စိတ်တိုင်းမကျစွာ ၀င်ပြောမိသည်။ လူကြီးများသည် လူငယ်များ ၀တ္တုဖတ်သည်ဆိုလျှင် နှာခေါင်းရှုံ့ချင်ကြသည်။ ဘာလို့များလဲ။ ၀တ္တုသည်လည်း စာပေပဲ မဟုတ်လား။ ရသစာပေဆိုသော်ငြား သုတတွေကို ရှာဖွေနိုင်သည်။ ဒါက ဒီလိုပါ၊ ဒီလိုမျိုးလုပ်စေချင်တာပါဆိုတဲ့ တိုက်ရိုက်ပြသတာမျိုးမရှိဘဲ ဇာတ်လမ်းထဲက ပေးချင်တဲ့ သင်ခန်းစာတွေကို ကိုယ့်ဘာသာ ချဲ့တွေးပြီး အဖြေရှာရတာ မဟုတ်လား။ လွန်းညီသည် ထိုသို့တွေးသည့်နေရာ၌ မတော်ပါ။ သို့သော်ငြား တွေးနေရသည်ကိုတော့ ကြိုက်သည်။
"အေးပါ... ငါ... စကားပြောတာ နည်းနည်းလောသွားလို့။ ပြောချင်တာက သုထက်က စာဖတ်လေ့မရှိလို့ ဆောင်းပါးတွေ၊ ဘာတွေ ဖတ်စေချင်တာ။ တိကျတဲ့ အသိတစ်ခုကို ရစေချင်လို့။ ငါပြောတဲ့ထဲမှာ ရသစာပေကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်တယ်"
အခြေအနေက အနည်းငယ်တော့ ငြိမ်သွားသည်။ လွန်းညီက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ထို့နောက် သုထက်ကို တံတောင်နှင့် တွတ်ကာ
"ဆက်မမေးဘူးလား"
"အင်း... အင်း"
"ခမ်း..."
"ပြော"
"ဟို... ခုနက ငါပြောတဲ့ အချစ်လေ။ အဲ့လိုအချစ်ကရော ဘာလဲဟင်"
ခမ်းမောင်က သုထက်ကို သေချာကြည့်ရင်း ဖြေသည်။
"တူတူပဲလေ သုထက်ရာ။ အဲဒါလည်း အချစ်ပဲကို။ ဒါပေမဲ့ သူက တသီးတသန့်ဆန်တယ်။ တစ်စုံတစ်ယောက်အတွက် သီးသန့်ဖြစ်တည်တဲ့ နှလုံးသားထဲက ခံစားချက်ပေါ့။ သီးသန့်ဖြစ်တဲ့အတွက် ပိုပြီးလည်း အတ္တတွေ များတယ်။ သူ့ကို ပိုင်ဆိုင်ချင်တယ်၊ သူ့ကို အနားမှာ ထားချင်တယ်၊ သူ့ကိုပျော်ရွှင်အောင်လုပ်တဲ့ သူက ကိုယ်ပဲ ဖြစ်ချင်တာမျိုးလေ... ဒါပေမဲ့..."
ခမ်းမောင်က စကားကို ခဏရပ်လိုက်ပြီး စိန်ပန်းပင်ကြီးကို မော့ကြည့်သည်။ အကိုင်းအခတ်များကြားတွင် နေရောင်မှိန်ပျပျကို မြင်ရသည်။
"ဒါပေမဲ့... မဖြစ်နိုင်တဲ့အခါမျိုးတွေမှာတော့ အဲ့အတ္တတွေကို ချိုးနှိမ်လိုက်ရတာပေါ့"
ခမ်းမောင်၏ မျက်လုံးလေးများသည် အဆွေးရိပ်သန်းသွားသည်။ လွန်းညီက ခမ်းမောင်ကို လှမ်းကြည့်ရင်း
"မင်းက ချစ်ဖူးလို့လား"
"အင်း"
ကျန်နှစ်ယောက်၏ မျက်လုံးများက အံ့ဩမှုကြောင့် ဝိုင်းစက်သွားသည်။
"တကယ်လား"
"ဘယ်သူလဲ"
ခမ်းမောင်က ဘာမှပြန်မဖြေပါ။
"ခမ်း... ဘယ်သူလဲလို့"
"မင်းကလည်း မပြောပြချင်ဘူးလား"
"အေး"
သုထက် လက်ထဲက စာအုပ်ကို ပိတ်ချကာ တစ်ဖက်သို့ ပစ်လိုက်သည်။
"ဟာ ဒီခွေးကောင်ကတော့။ စာမျက်နှာတွေ ပျောက်ကုန်ပြီ"
လွန်းညီက စာအုပ်ကို ပြန်ယူပြီး စာမျက်နှာပြန်ရှာရသည်။ သုထက်ကတော့ ခမ်းမောင်နား ပိုတိုးကပ်ရင်း တိုးတိုးပြောသည်။
"သူ့ မပြောချင်လဲ၊ ငါ့ကိုတော့ ပြောပြပါကွာ။ နော်"
"ခမ်းကလည်း... ပြောပြလို့ဆိုနေ"
"ခမ်း..."
လက်မောင်းကို ဖက်တွယ်ကာ တတွတ်တွတ် ပြောနေသော သုထက်ကြောင့် ခမ်းမောင် ခေါင်းခြောက်သွားသည်။ ဘာ့ကြောင့် လျှာရှည်ပြီး 'အင်း'ဟု ဖြေသလဲ မသိတော့။
စိတ်ရှုပ်စွာဖြင့် သူ့ကို စူးစူးစိုက်စိုက် ကြည့်တော့လည်း သူကပဲ အလျင်ဆုံး အကြည့်လွှဲသွားပြန်သည်။
"သိချင်လား"
"အင်း"
မော့မကြည့်ဘဲ ဖြေလာသည့် သုထက်ကို ခမ်းမောင် ခပ်ငေးငေး ကြည့်လိုက်မိသည်။
"ငါ့ကို ကြည့်။ ငါ့မျက်လုံးတွေကို ကြည့်ကြည့်။ လူတွေရဲ့ မျက်လုံးတွေထဲမှာ သူတို့ချစ်တဲ့သူတွေ ရှိတယ်တဲ့"
"ဟမ်"
သုထက်က မော့ကြည့်လာသည်။ သုထက်၏ ဆွဲဆောင်မှုရှိလွန်းသော ထိုမျက်လုံးများသည် သိပ်သဘောကျစရာကောင်းသည်။
"တကယ်လား"
"အင်း။ သူတို့ရဲ့ ပုံရိပ်တွေကို မြင်ရတယ်တဲ့"
"ဒါဆို ကြည့်ကြည့်မယ်လေ"
သုထက်သည် ခမ်းမောင်၏ မျက်လုံးမှေးကျဥ်းကျဥ်းလေးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်မိသည်။ ခမ်းမောင်၏ မျက်လုံးလေးများသည် ကြည်လင်နေ၏။ အကြည့်တွေက ညင်သာနေသည်ဟု ခံစားရသည်။
မျက်တောင်တိုစင်းစင်းလေးများ ၀န်းရံထားသော မျက်လုံးအိမ်သည် မှေးကျဥ်းသည်ဆိုသော်ငြား စိုက်ကြည့်ခံရသူအဖို့ ရင်တထိတ်ထိတ် တုန်စေနိုင်သည်။ နူးညံ့စွာ အကြည့်ခံနေရသည့် သုထက်မာန်ကတော့ ရင်တုန်သလိုလို၊ ရင်ခုန်သလိုလို ဖြစ်လာရသည်။ မျက်ဆံနက်နက်များတွင် အခြားပုံရိပ်များ မတွေ့ရပါ။ သူကိုယ်တိုင်၏ ပုံရိပ်ကိုသာ မြင်နေရပါသည်။ ခမ်းမောင်သည် မျက်တောင်ကို ခပ်ဖြည်းဖြည်း ပုတ်ခတ်ပုတ်ခတ် လုပ်သည်။ သူ့ရင်ထဲက တစ်စုံတစ်ခုသည် လှုပ်ရှားသွားသည်။
"ခမ်းမောင်း မျက်တောင်ခတ်လိုက်ပြီ"
သူတို့နှစ်ယောက်အရှေ့ ဘယ်တုန်းက ရောက်တုန်းက ရောက်နေမှန်းမသိသော လွန်းညီက ထပြောသည်။ သုထက်နှင့် ခမ်းမောင် နားမလည်စွာဖြင့် လွန်းညီကို ကြည့်လိုက်၏။
"ဘာတွေပြောနေတာလဲ"
"မျက်တောင်မခတ်ကြေးဆော့နေမလား။ ငါ့တောင်မခေါ်ဘူး။ အခုမင်းရှုံးပြီ။ ငါနဲ့ သုထက်နဲ့ ဆက်ဆော့မယ်"
"ဟာ... ဒီေ-ာက်ရူးကတော့"
သုထက်ကပြောရင်း လွန်းညီကို လှမ်းကန်သည်။ ခမ်းမောင်သည် တစ်ချက်ပြုံးလိုက်ရင်း
"သွားတော့မယ်"
"အဲ... ခဏ၊ ခဏလေ။ ငါမမြင်လိုက်ဘူးကွ။ ပြန်ကြည့်ကြည့်မယ်"
"မကြည့်နဲ့တော့။ သာမန်ကြည့်ရုံနဲ့ မမြင်ရဘူး။ သွားပြီ။ မလိုက်ခဲ့နဲ့"
ခမ်းမောင်က ထထွက်သွားသည်။ လွန်းညီက သုထက် အနားကပ်လာပြီး
"ဘာပြသွားတာလဲ။ ငါ့လည်း ပြလေ"
"မင်းမေကြီးတော်"
သုထက်က ထပ်ကန်သည်။ လွန်းညီက မကျေနပ်စွာ ပြန်ကြည့်သည်။ ဘာလဲ။ သူဘာလုပ်လို့လဲ။ သူတို့ပဲ စာအုပ်ပြန်လှန်နေတဲ့ သူ့ကိုပယ်ထာပြီးတော့လေ။ လွန်းညီ စိတ်ထဲကနေ နှစ်ယောက်စလုံးကို ဆဲလိုက်သည်။
"ညီ"
လွန်းညီ၏ တွန့်ချိုးထားသည့် မျက်ခုံးတွေသည် တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် ပြေလျော့သွားသည်။ အသံလာရာဆီသို့ လှမ်းကြည့်မိတော့ အစ်ကိုလင်းသစ်မာန်နှင့် အစ်ကိုအောင်ထွေးနောင်တို့ လာနေသည်ကို တွေ့ရသည်။ အောင်ထွေးက အပြေးလာကာ ကွပ်ပျစ်ပေါ်တွင် သုထက်၏ တစ်ဖက်၌ ၀င်ထိုင်ပြီး အမောဖြေသည်။
"မုန့်ဦးနှောက်လေးတစ်ခုရဖို့ကို စောင့်ရတာ၊ ခြေထောက်တောင် ကိုက်တယ်"
အောင်ထွေးက ညည်းတွားကာ ပြောသည်။ လင်းသစ်ကလည်း သုထက်ဘေးတစ်ဖက်တွင် ၀င်ထိုင်၍ လွန်းညီလည်း အစ်ကို့ဘေးတွင် ၀င်ထိုင်လိုက်သည်။
လင်းသစ်က လက်ထဲက ဖက်နှင့်ထုပ်ထားသော ငှက်ပျောထုပ်ကို သုထက်ဆီ ပေးလိုက်သည်။ ထို့နောက် လက်ထဲက ကျန်သည့်ငှက်ပျောထုပ်၏ ဖက်များကို ခွာလိုက်သည်။ ဖက်ထဲရှိ ငှက်ပျောထုပ်သည် ဓားနှင့် စိတ်ထားပြီးသား ဖြစ်သည့်အပြင် သကြားများသာ ပါရှိပြီး အုန်းသီးခြစ်များ မပါပါ။
"စားဦး ညီ"
လွန်းညီသည် အစ်ကို့လက်ထဲကနေ ငှက်ပျောထုပ်တစ်တုံးကို ယူစားလိုက်သည်။ ချိုမြမြအရသာသည် သူ့စိတ်ထဲရှိ မကျေနပ်မှု၊ စိတ်ရှုပ်မှုတွေကို အရည်ဖျော်သွားသည်။
"အုန်းသီးမကြိုက်ဘူးမလား။ အဲဒါကြောင့် မထည့်ခဲ့တာ"
လွန်းညီ အစ်ကို့ကို အံ့ဩစွာဖြင့် ကြည့်မိသည်။ တစ်ခါက မုန့်စျေးတန်း၌ ငှက်ပျောထုပ်၀ယ်နေရင်း အစ်ကိုနှင့် တွေ့သည်။ ထိုအခါက အစ်ကို့ရှေ့တွင်ပင် စျေးသည်အန်တီကြီးအား အုန်းသီးမထည့်ရန် ပြောခဲ့သည်။ အစ်ကိုသည် သူ့အကြိုက်အား မှတ်မိနေသည်ဟု တွေးမိတော့ ပါးစပ်က ငှက်ပျောထုပ်အရသာသည် ပို၍ ချိုလာသယောင်။
"ပါးစပ်ထဲ ဝါးရတာ ရှုပ်လို့ပါ"
ငှက်ပျောထုပ်တစ်တုံးကို ထပ်ယူစားရင်း ဖြေလိုက်သည်။
"အစ်ကိုရော စားလေ"
"အစ်ကိုက သိပ်မကြိုက်ဘူး"
လွန်းညီ စကားပြန်ပြောမည်အပြု အစ်ကိုက သူ့လက်ထဲက စာအုပ်ကို သတိထားမိကာ
"စာဖတ်နေတာလား။ ဘယ်သူ့စာအုပ်လဲ"
"ဟုတ်။ ဆရာမင်းလူရဲ့ စာအုပ်။ ဖတ်လို့ကောင်းတယ်"
သုထက်သည် ငှက်ပျောထုပ်ကို မကျေမနပ် ဝါးစားနေတုန်း လင်းသစ်တို့ဆီက ကြားရသည့် စကားများကြောင့် ကိစ္စဟောင်းကို သတိရသွားပြန်သည်။ ထို့ကြောင့် လင်းသစ်မာန်အနား တိုးကပ်သွားရင်း
"လင်းသစ်မာန်"
"အင်း ပြော"
"မေးစရာရှိလို့"
"မေးလေ"
"ဘယ်သူ့မှပြန်မတိုင်နဲ့နော်။ ပြန်တိုင်ရင် သူရရည်းစားထားနေတဲ့ အကြောင်းကို ငါပြန်တိုင်မှာ"
လင်းသစ်က မျက်မှောင်ကုတ်ပြီး လှည့်ကြည့်လာသည်။
"အဲဒါ သူ့အကြောင်းလေ။ တိုင်ပေါ့"
"မင်း... ထားတော့ လျှာမရှည်နဲ့။ မေးတာ ဖြေ"
"ကျစ်... မေး"
"အချစ်ဆိုတာ ဘာလဲ"
လင်းသစ်မာန်က တစ်ခုခုကို အလေးအနက် စဥ်းစားဟန်ပြုလိုက်သည်။ ဘေးက ကလေးနှစ်ယောက်သည် သူ့ပုံစံကြောင့် ပိုသိချင်လာဟန်ဖြင့် အနားပိုကပ်လာသည်။ သုထက် ဘေးက အောင်ထွေးသည်လည်း မုန့်ဦးနှောက်စားရင်း နားစွင့်မိသည်။
လင်းသစ်က အဟမ်းဟု လည်ချောင်းအရင် ရှင်းသည်။ ထို့နောက်
"အချစ်ဆိုတာ..."
လင်းသစ်က စကားကို ခဏရပ်လိုက်ပြီး သူ့ဘေးက လွန်းညီကို လှမ်းကြည့်သည်။ လွန်းညီ၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် သိချင်ဇောဖြင့် အရောင်တောက်နေသည်။ လင်းသစ်သည် ခပ်ဖွဖွပြုံးပြီး အရှေ့တူရူသို့ အကြည့်ပို့ကာ
"အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပဲတဲ့"
"ဟမ်"
"ဟင်"
အငယ်နှစ်ယောက်ဆီမှ အာမေဍိတ်သံ ကိုယ်စီထွက်ပေါ်လာသည်။ အောင်ထွေးသည်ပင် ပါးစပ်ထဲ ထည့်မည်ပြုနေသည့် မုန့်ဦးနှောက်ကို ဆက်မထည့်နိုင်ဘဲ ကြောင်သွားသည်။
"တကယ်လား"
"ဘယ်သူပြောတာလဲဟင်"
သုထက်နှင့် လွန်းညီက မေးလာသည်။ လင်းသစ်က ပြုံးပြန်သည်။
"ကိုထီးပြောတာ"
"ဟမ်"
သုထက်ဆီက အာမေဍိတ်သံ ထွက်လာပြန်သည်။ လွန်းညီက ခစ်ခနဲ ရယ်သည်။ အောင်ထွေးကလည်း ခေါင်းကို ခပ်ဖြည်းဖြည်းခါရင်း မုန့်ဆက်စားသည်။
"ချီးတဲ့မှပဲ။ အကောင်းမေးနေတာကို"
သုထက်လက်သီးက လင်းသစ်၏ လက်မောင်းပေါ် ရောက်လို့လာသည်။ ထို့နောက် အောင်ထွေးကို လှမ်းကြည့်လိုက်ပြီး သူ့နား ကပ်သွားပြန်သည်။
"အောင်ထွေးနောင်"
အောင်ထွေးတစ်ယောက် ပါးစပ်ထဲက မုန့်ပင် မ၀ါးရသေးဘဲ မျိုကျသွားသည်။ မြားဦးက သူ့ဘက်လှည့်လာပြီ။
"အချစ်ဆိုတာ ဘာလဲလို့။ ကောင်းကောင်းဖြေ"
အောင်ထွေးသည် စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်မိသည်။
"ငါဘယ်သိမှာလဲ။ သူရ မေးလိုက်ကွာ။ သူ့မှာ ရည်းစားတောင် ရှိတယ်။ သူသိလောက်တယ်"
သုထက်က သက်ပြင်းကို စိတ်ပျက်စွာ ချသည်။ အမလေး၊ သူကပဲ ဖြစ်ရသေးတယ်။
"တစ်ယောက်မှ ငါ့ခမ်းလောက်တောင် အသုံးမကျဘူး။ သူကမှ ဖြေသေးတယ်"
"ဟ၊ အဲဒါဆိုလည်း အဖြေရပြီမလား"
"တစ်ယောက်မေးတိုင်း အဖြေတစ်မျိုးထွက်နေလို့ကွ"
လင်းသစ်သည် သူ၏ အားနေသော လက်တစ်ဖက်ဖြင့် ဆံပင်ကို တစ်ချက်သပ်ကာ
"အချစ်ဆိုတာက အဖြေတစ်မျိုးတည်း အတိအကျ ထွက်တဲ့ ပုစ္ဆာမှ မဟုတ်တာ။ ဆယ်ယောက်ကို မေးလို့ရလာတဲ့ အဖြေကို ၁၀နဲ့စားပြီး ပျမ်းမျှတွက်လို့ရတဲ့ဟာလည်း မဟုတ်ဘူးလေကွာ"
သုထက်က လင်းသစ်ကို လှမ်းကြည့်သည်။
"ဒါဆို ဘာလဲ။ ကောင်းကောင်းဖြေ"
လင်းသစ်က သူ၏ လက်တစ်ဖက်ကို ထောင်ပြရင်း
"ဒီလက်ကိုပဲ ကြည့်။ မင်းတို့နှစ်ယောက်ဘက်က ကြည့်ရင် လက်ဖဝါး၊ ငါတို့ဘက်ကကြည့်ရင် လက်ဖမိုး။ အပေါ်ကကြည့်ရင်လည်း တစ်မျိုးမြင်ရမယ်၊ အောက်ကကြည့်ရင်လည်း တစ်မျိုးမြင်ရမယ်။ ဘေးက ကြည့်ရင်လည်း တစ်မျိုးမြင်ရမယ်။ အချစ်ဆိုတာလဲ အဲ့လိုပဲ။ ငါတို့ ခံစားရသလောက်၊ ကြုံတွေ့ရသလောက်၊ ထင်မြင်ရသလောက်နဲ့ ကောက်ချက်ချပြီး ပြောကြတာ။ ဒါကြောင့် မင်း လူဆယ်ယောက်ကို မေးရင် အဖြေက ဆယ်မျိုးထွက်မှာပဲ"
သုထက်သည် မျက်မှောင်ကုတ်လျက် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်သည်။
"အင်း။ ငါ့ကို အဲ့စာအုပ်ပေး။ ဖတ်ကြည့်မယ်။ အဲ့စာအုပ်ထဲမှာရော ဘယ်လိုပြောထားလဲ သိချင်လို့"
သုထက်က လွန်းညီ လက်ထဲက စာအုပ်ကို တောင်းသည်။ လွန်းညီသည် မပေးချင် ပေးချင်နှင့်
"ပြန်ပေးနော်။ မပြဲမစုတ်စေနဲ့၊ ပြီးတော့ စွန်းလည်း မစွန်းစေနဲ့။ အဲ့စာအုပ်က ငါ့နာမည်နဲ့ ငှားထားရတာ"
သုထက်က နှုတ်ခမ်းကို ရွဲ့ပြကာ စာအုပ်ကို ယူပြီး ထွက်သွားသည်။ လင်းသစ်က သူ့လက်ထဲက ကုန်သွားပြီဖြစ်သော ဖက်အခွံကို ခေါက်လိုက်သည်။
"ညီ"
လွန်းညီက မော့ကြည့်လာသည်။ လင်းသစ်သည် ထိုမျက်လုံးလေးများကို ခပ်ငေးငေး ကြည့်မိသည်။
"ညီရော အချစ်ဆိုတာကို ဘယ်လိုမြင်လဲ"
~~~~~~~~~~~~~~
၂၂.၈.၂၀၂၄
°°°°°°°°°°
Zawgyi
ဇူလိုင္လအစပိုင္း။
စိန္ပန္းပင္ႀကီး၏ ပတ္လည္တြင္ ထိုးထားေသာ ကြပ္ပ်စ္ေပၚ၌ သုထက္မာန္ႏွင့္ ေနလြန္းညီတို႔ စာအုပ္တစ္အုပ္ကို ေခါင္းခ်င္းဆိုင္ကာ ဖတ္ေနၾကသည္။
လြန္းညီသည္ စာဖတ္ရသည္ကို သိပ္ႀကိဳက္လွသည့္ထဲတြင္ေတာ့မပါပါ။ သို႔ေသာ္ ဝတၴုေတာ့ ဖတ္သည္။ ဒါေတာင္ အရွည္ႀကီးေတြဆို မဖတ္၊ မသိသည့္ စာေရးဆရာဆိုလ်ွင္ မဖတ္၊ စာအုပ္နာမည္မႀကိဳက္လ်ွင္ မဖတ္ေပ။
ဒီတစ္ေခါက္မွာေတာ့ ဆရာမင္းလူ၏ 'ခ်စ္ေသာပန္းကေလး'ဆိုေသာ စာအုပ္ကို ဖတ္ရန္ ေရြးခဲ့သည္။ ထိုအခ်ိန္တြင္ ခမ္းေမာင္က စာဖတ္ရန္ တိုက္တြန္း၍ လာဖတ္ေသာ သုထက္ကလည္း လြန္းညီႏွင့္အတူ ထိုစာအုပ္လာဖတ္သည္။ မနက္ခင္း ေက်ာင္းမတက္ခင္ကတည္းက စာၾကည့္တိုက္တြင္ ဖတ္ေနခဲ့ေသာ ထိုစာအုပ္ကို ယခုမုန္႔စားဆင္းခ်ိန္တြင္လည္း စိန္ပန္းပင္ေအာက္က ကြပ္ပ်စ္ေပၚတြင္ ႏွစ္ေယာက္သား အခ်ိန္ရိွခိုက္ လံု႔လစိုက္ကာ ဖတ္ေနၾကျခင္းပင္။
ဖတ္ေနရင္းမွ လြန္းညီက ဆက္မဖတ္ဘဲရပ္ၿပီး တစ္ခုခုကို ေတြးသည္။ ထိုအျခင္းအရာကို သတိထားမိေသာ သုထက္က လြန္းညီကို ၾကည့္ကာ
"ဘာျဖစ္လို႔လဲ"
"အာ... ဟင့္အင္း။ ဘာမွမျဖစ္ပါဘူး"
လြန္းညီ အမွန္တကယ္ ေတြးေနသည္ကေတာ့ အစ္ကိုႏွင့္ ပတ္သက္သည့္အရာပါ။ သူသည္ အစ္ကို႔အေပၚတြင္ ခံစားခ်က္မ်ားလြန္ေနသည္။ ထိုခံစားခ်က္မ်ားသည္ စာအုပ္ထဲက ေျပာထားေသာ အခ်စ္ျဖစ္ေနမည္လားဟု ေတြးလိုက္မိသည္။ ထိုသို႔မဟုတ္လည္း လူႀကီးမ်ားေျပာသည့္ စိတ္ကစားေနသည္လား။ မေျပာတတ္ပါ။ ထိုအရာေတြထက္ လြန္းညီ စဥ္းစားေနမိသည္က အစ္ကိုသည္ ေယာက်္ားေလးတစ္ေယာက္ ျဖစ္သည္။ သူသည္လည္း ေယာက္်ားေလးျဖစ္သည္။ အဘယ္အေၾကာင္းေၾကာင့္ သူ စိတ္လြန္ေနမိပါသနည္း။ သက္ျပင္းကို ခပ္ျပင္းျပင္း ရိႈက္လိုက္မိသည္။ သူ တကယ္ မေတြးတတ္ေတာ့ပါ။
"လြန္းညီ"
"ဟင္... အင္း သုထက္။ ေျပာေလ"
"အခ်စ္ဆိုတာ ဘာလဲဟင္"
"ဟမ္"
သုထက္ မ်က္ႏွာသည္ အနည္းငယ္တည္ေနေသာေၾကာင့္ ေနာက္ေနဟန္ေတာ့မရိွ။ သူ တကယ္ကို သိခ်င္ေနဟန္ရိွသည္။
"သူငယ္ခ်င္းကို ခ်စ္တာ၊ မိဘကို ခ်စ္တာဆိုတာေတြကို ငါနားလည္သင့္သေလာက္ နားလည္တယ္။ ငါေျပာခ်င္တာ ခ်စ္သူရည္းစားေတြေလ။ အဲ့လိုအခ်စ္က ဘာလဲ"
လြန္းညီ ေခါင္းကုတ္မိသည္။ ကိုယ့္ဘာသာေတာင္ ကိုယ့္ကိစၥႏွင့္ကိုယ္ ရႈပ္ေနရသည့္ၾကားထဲ။
"မသိဘူးေလ။ ငါ့ဟာ ငါေတာင္ မေသခ်ာေနတာကို"
"ဟင္... မေသခ်ာဘူးဆိုေတာ့..."
"အာ... ေတာ္ေတာ့"
လြန္းညီသည္ ထြက္သြားမိသည့္ ကိုယ့္ပါးစပ္ကိုယ္သာ နာနာရိုက္လိုက္ခ်င္သည္။ သုထက္က သူကိစၥကို လ်စ္လ်ူရႈကာ ကိုယ့္ကိစၥကိုယ္ ျပန္ေတြးမိသည္။
အခ်စ္တဲ့။ စကားလံုးႏွစ္လံုးတည္းရိွ၍ ေတာ္ေသးသည္။ ထိုႏွစ္လံုးထဲကိုပဲ လူေပါင္းစံုက အမ်ိဳးမ်ိဳးေျပာေနသည္။ ပူေလာင္သည္၊ ေအးျမသည္ႏွင့္။ ခ်ိဳသည္၊ ခါးသည္က ပါေသးသည္။ အခ်စ္က စားလို႔ရလို႔လား။
သူတို႔ႏွစ္ေယာက္ အေတြးကိုယ္စီႏွင့္ ရႈပ္ေနခ်ိန္တြင္ ခမ္းေမာင္က ေရာက္လာသည္။
"ခမ္း ခဏ၊ ခဏ။ ဒီမွာ ထိုင္ၪီး"
အနီးေရာက္ေရာက္ခ်င္း သုထက္က ခမ္းေမာင္ကို သူ႔ေဘးတြင္ ထိုင္ခိုင္းသည္။
"ဘာလဲကြာ။ အလန္႔တၾကားရိွလိုက္တာ"
"ေမးစရာရိွလို႔ကြ"
လြန္းညီကပါ တိုးကပ္လာေသာေၾကာင့္ ႏွစ္ေယာက္ေပါင္းကာ ဘာေတြမ်ား ေခါင္းစားဦးမည္နည္းဟု ခမ္းေမာင္ ေတြးလိုက္မိသည္။
"အင္း... ေမး။ ဗရုတ္သုတ္ခေတြေတာ့ မေမးနဲ႔"
"ေအးပါ။ ဟို... ဆရာမေတာ့ ျပန္မတိုင္နဲ႔"
"ဆရာ့ျပန္တိုင္မွာ"
"ခမ္း... မင္းေနာ္"
"ေမးစရာရိွတာ ေမးကြာ။ မေမးရင္ ငါသြားမယ္"
"မသြားပါနဲ႔။ ျပန္ထိုင္ပါကြာ မင္းကလည္း။ စိတ္ႀကီးပဲ"
ထရန္ ျပင္ေနေသာ ခမ္းေမာင္ကို သုထက္က ျပန္ဆြဲထိုင္ခိုင္းသည္။
"ေမးစရာရိွတာ ျမန္ျမန္ေမးေလ မင္းကလည္း။ ငါေတာင္ စိတ္မရွည္ေတာ့ဘူး"
လြန္းညီသည္ စိတ္မရွည္စြာ ၀င္ေျပာမိသည္။ သုထက္မာန္က စိတ္ကသာ မရွည္တာ အရစ္ေတာ့ အေတာ္ရွည္သည့္ေကာင္ပင္။
"ေအးပါ။ ဟိုေလ... ခမ္း... အခ်စ္ဆိုတာ ဘာလဲဟင္"
ခမ္းေမာင္က မ်က္ခံုးတစ္ခ်က္ပင့္ကာ ႏွစ္ေယာက္လံုးကို ၾကၫ့္သည္။ ထို႔ေနာက္ အၾကၫ့္လႊဲကာ သူတို႔ကို မၾကၫ့္ဘဲ ျပန္ေျဖသည္။
"အခ်စ္ဆိုတာ တစ္စံုတစ္ေယာက္ကိုပဲျဖစ္ျဖစ္၊ အမ်ားကိုပဲျဖစ္ျဖစ္ ေနြးေထြးေစခ်င္၊ ေပ်ာ္ရႊင္လံုၿခံဳေစခ်င္တဲ့၊ ေကာင္းတဲ့ စိတ္သေဘာထား ခံစားခ်က္ေလးတစ္ခုေလ။ တစ္ခါတစ္ေလေတာ့ အတၲဆန္တဲ့ ပိုင္ဆိုင္လိုစိတ္ေတြလည္း ရိွတတ္တယ္။ ဥပမာ၊ မိဘနဲ႔ သားသမီးကိုပဲၾကည့္။ မိဘေတြက ခ်စ္လြန္းေတာ့ သားသမီးကို ရင္အုပ္မကြာ၊ အနီးအနားမွာပဲ ထားၾကတယ္၊ အေဝးမလႊတ္ရဲၾကဘူး။ ၾကာေတာ့ ကေလးေတြက ေလာင္းရိပ္မိတဲ့ သစ္ပင္ေတြလို ေကာင္းေကာင္းမဖြံ႔ၿဖိဳးႏိုင္ၾကေတာ့ဘူးေလ။ အဲ့သလို"
ခမ္းေမာင္က တည္ၿငိမ္ေသာ ေလသံျဖင့္ ေျပာသည္။ သုထက္ ၾကားဖူးခဲ့ေသာ ခ်ိဳသည္၊ ခါးသည္၊ ပူေလာင္သည္၊ ေအးျမသည္မ်ား မပါေသာ ခမ္းေမာင္၏ စကားသည္ မွန္သလား၊ မွားသလားေတာ့ သူမသိေပ။ သို႔ေသာ္ သူေမးခ်င္တာ ထိုအရာမွ မဟုတ္ပါဘဲ။
"အင္း... ဒါေပမဲ့ ငါေမးခ်င္တာက... ခ်စ္သူရည္းစားေတြ ခ်စ္တဲ့ အခ်စ္မ်ိဳးကို ေမးတာ"
ခမ္းေမာင္က သူ႔ကို ဆတ္ခနဲ လွည့္ၾကည့္လာသည္။ သုထက္သည္ မ်က္လံုးက်ဥ္းက်ဥ္းေလးမ်ား၏ စူးရွမႈကို မခံႏိုင္စြာျဖင့္ အၾကည့္လႊဲလ်က္
"ဟို... ဒီစာအုပ္ထဲ မွာပါလို႔ေလ... ငါသိခ်င္လို႔ ေမးတာကို မင္းကလည္း..."
သုထက္က လက္ထဲ၌ ဖြင့္လ်က္ရိွေသာ စာအုပ္ကို ေထာင္ျပသည္။
"စာဖတ္ခိုင္းတာကို ၀တၲုေတြ ဖတ္ေနတယ္ေပါ့"
ခမ္းေမာင္က ခပ္ဆတ္ဆတ္ပင္ ေျပာ၏။ ထိုစဥ္ သုထက္ေဘး၌ ၿငိမ္ကာထိုင္ေနေသာ လြန္းညီက
"ခမ္းေမာင္... မင္းအဲ့လိုေတာ့ မေျပာပါနဲ႔ကြာ။ ၀တၲုဆိုတာလည္း စာေပပဲေလ။ ရသစာေပဆိုတိုင္း အခ်စ္အေၾကာင္းေတြခ်ည္း မဟုတ္ဘူးကြ။ သင္ယူစရာ သင္ခန္းစာေတြကို ရယ္စရာ၊ ေမာစရာ၊ လြမ္းေမာစရာေတြနဲ႔ သင္ျပေပးတာ။ အေကာင္းအဆိုးအေၾကာင္းအက်ိဳးဆိုတဲ့ အရာေတြကို ဇာတ္ေကာင္ေတြနဲ႔အတူ စီးေမ်ာရင္း ရွာေဖြရတာမ်ိဳး၊ ၿပီးရင္ ကိုယ့္ဘာသာ ခ်င့္ခ်ိန္ၿပီး ေဆာင္သင့္၊ ေရွာင္သင့္ ေရြးခ်ယ္ရတာမ်ိဳးကြ"
လြန္းညီသည္ စိတ္တိုင္းမက်စြာ ၀င္ေျပာမိသည္။ လူႀကီးမ်ားသည္ လူငယ္မ်ား ၀တၲုဖတ္သည္ဆိုလ်ွင္ ႏွာေခါင္းရႈံ႔ခ်င္ၾကသည္။ ဘာလို႔မ်ားလဲ။ ၀တၲုသည္လည္း စာေပပဲ မဟုတ္လား။ ရသစာေပဆိုေသာ္ျငား သုတေတြကို ရွာေဖြႏိုင္သည္။ ဒါက ဒီလိုပါ၊ ဒီလိုမ်ိဳးလုပ္ေစခ်င္တာပါဆိုတဲ့ တိုက္ရိုက္ျပသတာမ်ိဳးမရိွဘဲ ဇာတ္လမ္းထဲက ေပးခ်င္တဲ့ သင္ခန္းစာေတြကို ကိုယ့္ဘာသာ ခ်ဲ့ေတြးၿပီး အေျဖရွာရတာ မဟုတ္လား။ လြန္းညီသည္ ထိုသို႔ေတြးသည့္ေနရာ၌ မေတာ္ပါ။ သို႔ေသာ္ျငား ေတြးေနရသည္ကိုေတာ့ ႀကိဳက္သည္။
"ေအးပါ... ငါ... စကားေျပာတာ နည္းနည္းေလာသြားလို႔။ ေျပာခ်င္တာက သုထက္က စာဖတ္ေလ့မရိွလို႔ ေဆာင္းပါးေတြ၊ ဘာေတြ ဖတ္ေစခ်င္တာ။ တိက်တဲ့ အသိတစ္ခုကို ရေစခ်င္လို႔။ ငါေျပာတဲ့ထဲမွာ ရသစာေပကို ေစာ္ကားသလို ျဖစ္သြားရင္ ေတာင္းပန္တယ္"
အေျခအေနက အနည္းငယ္ေတာ့ ၿငိမ္သြားသည္။ လြန္းညီက အသက္ကို ခပ္ျပင္းျပင္း တစ္ခ်က္ရႉလိုက္၏။ ထို႔ေနာက္ သုထက္ကို တံေတာင္ႏွင့္ တြတ္ကာ
"ဆက္မေမးဘူးလား"
"အင္း... အင္း"
"ခမ္း..."
"ေျပာ"
"ဟို... ခုနက ငါေျပာတဲ့ အခ်စ္ေလ။ အဲ့လိုအခ်စ္ကေရာ ဘာလဲဟင္"
ခမ္းေမာင္က သုထက္ကို ေသခ်ာၾကည့္ရင္း ေျဖသည္။
"တူတူပဲေလ သုထက္ရာ။ အဲဒါလည္း အခ်စ္ပဲကို။ ဒါေပမဲ့ သူက တသီးတသန္႔ဆန္တယ္။ တစ္စံုတစ္ေယာက္အတြက္ သီးသန္႔ျဖစ္တည္တဲ့ ႏွလံုးသားထဲက ခံစားခ်က္ေပါ့။ သီးသန္႔ျဖစ္တဲ့အတြက္ ပိုၿပီးလည္း
You are reading the story above: TeenFic.Net