Unicode
၇နာရီခွဲကျော်ကျော်သာရှိသေးသဖြင့် မနက်ခင်း၏ နေရောင်မှိန်ဖျော့ဖျော့က ရှိနေရုံလေးသာ။ စက်တင်ဘာမို့ ဆောင်းဦးကလည်း အေးစိမ့်စိမ့် ရာသီဥတုကိုပေးပြီး စတင်နေလေပြီ။
ကျောင်းစျေးတန်း၏ လူရှုပ်နေသော ဆိုင်ငယ်လေးအတွင်း ကျောင်းသားနှစ်ယောက်က စားပွဲဝိုင်းတစ်ဝိုင်း၌ ထိုင်နေကြသည်။ ထိုနှစ်ယောက်ကတော့ အောင်ထွေးနှင့် ခမ်းမောင်ပင်။ ခမ်းမောင်နားမလည်သည့် စာများကို အောင်ထွေးက ရှင်းပြနေခြင်းဖြစ်၏။ ထိုစဥ်က ကျောင်းသားတစ်ယောက်က ခပ်ဖြည်းဖြည်းချင်း ထိုဝိုင်းသို့လာရောက်ထိုင်သည်။ သူရဖြစ်သည်။
အောင်ထွေးက သူရအား တစ်ချက်မော့ကြည့်ပြီး
"ခြေထောက်သက်သာရဲ့လား"
"အင်း နာတော့မနာတော့ပါဘူး။ ပြေးလို့လွှားလို့တော့ မရသေးဘူး"
မနေ့က ဘောလုံးပွဲ၌ သူရ၏ ခြေချင်းဝတ်သည် ဒဏ်ရာရသွားခဲ့ပြီး သည်နေ့ထိ အရှင်းမပျောက်သေးပေ။ ခမ်းမောင်က စားပွဲပေါ်တွင် တင်ထားသော ရောင်စုံခဲတံဘူးလေးအား သူရဆီသို့ တိတ်ဆိတ်စွာပင် ကမ်းပေး၏။ ယနေ့က စက်တင်ဘာ ၂၁ရက်နေ့ပြီး သူရ၏ မွေးနေ့ဖြစ်သည်။ ထို့ကြောင့် ခမ်းမောင်က သူ့အား မွေးနေ့လက်ဆောင်ပေးခြင်းပင်။ တိတ်ဆိတ်လွန်းသည့် ခမ်းမောင်ကြောင့် သူရလည်း နွေးထွေးစွာပင် ပြုံးပြပြီး လက်ခံလိုက်သည်။ အောင်ထွေးကလည်း သူ့ဘေးက ဝတ္ထုစာအုပ်အသစ်တစ်အုပ်ကို လှမ်းပေး၏။
ခမ်းမောင်က စာရသွားသည်မို့ စာအုပ်ကို ယူလာသည့် ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်သည်။ အောင်ထွေးက ပျင်းရိစွာ အကြောဆန့်ရင်း ရှူတည်တည်နှင့် ပြောလာ၏။
"ဘာလိုလိုနဲ့ မင်းတောင် သေဖို့တစ်နှစ်နီးလာပြီပဲ"
သူရ၏ မျက်နှာက မကျေနပ်စွာဖြင့် ရှုံ့မဲ့သွား၏။
"ခွေးသား"
အောင်ထွေးက ပြုံးစစ လုပ်သည်။ ထို့နောက် အောင်ထွေးနှင့် သူရက စပ်မိစပ်ရာ စကားပြောကြသည်။ ခမ်းမောင်က ငြိမ်သက်စွာပင် ထိုင်နေ၏။ မကြာမီ လွန်းညီက သုထက်တို့ ညီအစ်ကိုနှင့်အတူ ရောက်လာသည်။
"မွေးနေ့ရောက်ခါနီးမှ ဒဏ်ရာရတော့ မင်းအမေ မဆူဘူးလား"
လင်းသစ်က သူ့လက်ထဲက ဘောလုံးအသစ်ကို သူရထံ ပေးပြီး သူရ၏ ပတ်တီးစည်းထားသော ခြေချင်းဝတ်ကို လှမ်းကြည့်ကာ မေးသည်။ သူရက မပြောချင်ပါဘူးဆိုသော မျက်နှာပေးဖြင့်
"ပြောတာပေါ့။ ငါ့အမေပဲလေ မပြောဘဲနေမလား"
လွန်းညီက ပလတ်စတစ်အိတ်အကြည်ဖြင့် ဖုံးအုပ်ထားသော ပါကင်ထုပ် ရှပ်အင်္ကျီကို ပေး၏။
"မင်းအမေ အထည်တွေထဲက နှိုက်လာတာမလား"
သူရမေးတော့ လွန်းညီက ပါးချိုင့်လေးပေါ်သည်အထိ သူ့လုပ်ရပ်ကို ကျေနပ်နေဟန်ဖြင့် ပြုံးသည်။
"ဒီလိုရမှန်းသိရင် ငါ့ကြီးတော်ကြီးဆီက ပုစွန်ခြောက်တစ်ဘူးလောက် ယူပြီး ပေးပါတယ်ကွာ"
အောင်ထွေးက အတည်ပေါက်ကြီး ဝင်ပြောသဖြင့် အားလုံးဝိုင်းရယ်ကြပြီး ခမ်းမောင်ပင် လိုက်ပြုံးသည်။ သုထက်က သူရအား ခြေအိတ်ထည့်ထားသည့် ပါကင်ဂျက်ထူဘူးလေးအား လှမ်းပေး၏။ ညီအစ်ကိုနှစ်ယောက်၏ လက်ဆောင်တွေက လိုက်ဖက်စွာ။
ထို့နောက် လူစုံသဖြင့် မုန့်မှာစားကြသည်။ စားနေရင်း လင်းသစ်က သူရကို လှော်သည်။
"မွေးနေ့အထိမ်းအမှတ်အနေနဲ့ မင်း ခတ္တာကို ဖွင့်ပြောလိုက်ပါ့လား"
"အငြင်းခံရတဲ့နေ့ဆိုပြီး သတ်သတ် မှတ်စရာ မလိုတော့တာပေါ့"
သုထက်က ဝင်ဖောက်သဖြင့် သူရက ရှုံ့မဲ့စွာနှင့် သုထက်ကို ပြန်ကြည့်ရင်း
"ဒီမျောက်တစ်ပိုင်း၊ ခွေးတစ်ပိုင်းကတော့"
လင်းသစ်၏ နှုတ်ခမ်းက မဲ့သွား၏။ ကြားထဲက သူက အဲ့မျောက်တစ်ပိုင်း၊ ခွေးတစ်ပိုင်းရဲ့ အစ်ကိုဖြစ်သွားရော။
"အဲ့အစ်မကြီးက အစ်ကိုသူရကို ကြည်ဖြူပါတယ်။ မငြင်းလောက်ပါဘူး"
"အေးလေ။ မင်း အချိန်ဆွဲမနေနဲ့တော့"
လွန်းညီစကားကို လင်းသစ်က ဝင်ထောက်ခံသည်။ လွန်းညီက သူ့စကားကို ထောက်ခံပေးသော လင်းသစ်ကို နွေးထွေးစွာ ပြုံးပြသည်။ လင်းသစ်၏ တုံ့ပြန်အပြုံးကလည်း နူးညံ့စွာ။
"ငါ့ချည်းမပြောနဲ့။ မင်းကျတော့ရော"
သူရက မြားဦးကို လင်းသစ်ထံ ပြန်လှည့်သည်။ အားလုံး၏ အကြည့်တွေက ဟင်းရည်ခပ်သောက်နေသည့် လင်းသစ်ထံတွင် စုသွား၏။ လင်းသစ်က ဟင်းရည်ကို အေးဆေးစွာ သောက်သည်။ ပြီးမှ လွန်းညီ၏ စူးစမ်းဟန်အပြည့်နှင့် မျက်နှာနုနုလေးကို တစ်ချက်ကြည့်ပြီး အေးဆေးစွာပင် ပြောသည်။
"ငါက အစီအစဥ်ရှိပြီးသား။ မင်းသာ ပလန်ကြိုဆွဲထား"
သူရ၏ နှုတ်ခမ်းမဲ့ရွဲ့သွားသည်။ သုထက်က အံ့ဩဟန်ဖြင့်
"ဘယ်... ဘယ်သူလဲ"
လင်းသစ်က ဂရုမစိုက်ဘဲ မုန့်ဆက်စားသည်။
"ဘယ်သူလဲလို့။ ဟေ့ကောင် ပြောပြလေ။ မင်းက မင်းညီတောင် မပြောပြချင်ဘူးလား"
"အေး၊ မပြောပြချင်ဘူး"
"ချီး"
သုထက်က လင်းသစ်ကို မေးမရတော့ သူရနှင့် အောင်ထွေးဆီ နားပူနားဆာလုပ်သည်။ သူရက မကြားချင်ယောင်သာ ဆောင်နေပြီး အောင်ထွေးက မသိဘူးဟု ငြင်းသည်။ သုထက်၏ မကျေနပ်သည့်အသံသည် ဆိုင်ထဲ၌ ခပ်ညံညံ ထွက်ပေါ်လာတော့သည်။
"ခွေးသားလေးတွေ။ တစ်ယောက်မှ ေ-ာက်ကျင့် မကောင်းကြဘူး"
ခမ်းမောင်က သုထက်အား တံတောင်နှင့် လှမ်းတွတ်ကာ
"သုထက် အကုန်လုံးက မင်းထက်အကြီးတွေနော်။ ပြီးတော့ ဆိုင်ထဲမှာ ဆူညံမနေနဲ့။ လူတွေအများကြီးရှိနေတာကို မရှက်ဘူးလား"
"ဒီမျောက်လောင်းက မွေးကတည်းက အရှက်ပါလာပုံမရဘူး"
သူရက ဝင်ပြောတော့ သုထက်က အသံတိတ် လက်ခလယ်ထောင်ပြသည်။
"သုထက် မင်း အေးဆေး စားတော့"
"အဲ့ကောင်ကမှ မအေးဆေးတာကို"
သုထက်က သူရကို ညွှန်ပြပြီး တိုင်သည့်သဘောဖြင့် ပြော၏။ ခမ်းမောင် သူရကို ကြည့်လိုက်သည်။ သူရက ပြုံးစစနှင့် မျက်နှာချိုသွေးပြီး မုန့်သာငုံ့စားတော့သည်။ ခမ်းမောင်က အသက်အရွယ်နှင့်မလိုက်တောင် တည်ငြိမ်သဖြင့် သူ့ပုံစံက ရှိန်စရာကောင်းလှသည်။ ထို့ကြောင့် သူရပင် မစနောက်ရဲပေ။
ခဏတာ ငြိမ်သက်သွားသည့် သူတို့စားပွဲဝိုင်းက ဇွန်းသံ၊ ပန်းကန်သံ၊ စားသောက်သည့် အသံတို့က လွှမ်းမိုးသွားသည်။ ဆိုင်အတွင်းကတော့ အခြားဝိုင်းများကြောင့် ဆူဆူညံညံဖြစ်နေသည်။ ဝိုင်းများမှာလည်း ကျောင်းသူကျောင်းသားများအပြည့်။ ထိုစဥ် သူတို့ဝိုင်းဆီကို အသံတစ်ခုနှင့် လူနှစ်ယောက် ရောက်လာသည်။
"ထိုင်လို့ရမလား။ အခြားဝိုင်းတွေက လူပြည့်နေလို့"
အယောင်ယောင်၊ အမှားမှားနှင့် ခြောက်ယောက်သား မော့ကြည့်လိုက်တော့ ခတ္တာနှင့် သူနှင့်အမြဲ တွဲတွေ့တတ်ရသော ကျောင်းသူတစ်ယောက်။
"ရပါတယ် ထိုင်ပါ"
အောင်ထွေးက ပြောလိုက်တော့ ခတ္တာတို့နှစ်ယောက်က လွတ်နေသော လင်းသစ်နှင့် အောင်ထွေးကြားက ခုံနှစ်ခုံတွင် ဝင်ထိုင်သည်။ ထို့နောက် မနက်စာ မှာသည်။ သူရကတော့ သိသိသာသာပင် ငြိမ်ပြီး ခေါင်းငုံ့ကာ မုန့်သာ ဆက်စားသည်။
"ခြေထောက် သက်သာရဲ့လား သူရ"
သူရက တအံ့တဩဖြင့် ခတ္တာကို မော့ကြည့်သည်။ ခတ္တာ၏ မျက်မှန်အောက်က ကြည်လင်နေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံးသွားတော့ ချက်ချင်း ပြန်ခေါင်းငုံ့သွားသည်။
"အင်း... သက်သာနေပါပြီ"
ခတ္တာက အသာအယာသာ ပြုံးသည်။ အောင်ထွေး၊ လင်းသစ်၊ သုထက်နှင့် လွန်းညီက သူရကို အဓိပ္ပာယ်ပါသော အကြည့်တို့နှင့် ကြည့်ကာ ပြုံးစိစိ လုပ်နေကြသည်။
"ဟို... ဒီက လင်းသစ်မာန်မလား။ မနေ့က ပွဲထဲမှာ တွေ့လိုက်တယ်"
ခတ္တာ၏ ဘေးက ကျောင်းသူက လင်းသစ်ကို ပြောလာခြင်းပင်။ လင်းသစ် သူမကို လှည့်ကြည့်ပြီး ခပ်ဖွဖွပြုံးလျက်
"အင်း... ဟုတ်တယ်"
"ငါက (A)တန်းထဲလေ။ နန်းယွန်းချယ်။ ခတ္တာနဲ့ သူငယ်ချင်းပဲ"
နန်းယွန်းချယ်က လင်းသစ်ကိုပဲ ဦးတည်ပြောနေသလို။ လင်းသစ်က ပြုံးပြခေါင်းညိတ်ပြီးတော့သာ တုံ့ပြန်သည်။
"မနေ့က ဂိုးသွင်းတာ တကယ်မိုက်တယ်နော်"
လင်းသစ်က ခေါင်းသာ ညိတ်ပြန်သည်။ နန်းယွန်းချယ်က ကျန်သူများအား မရှိသလိုမျိုးနှင့် လင်းသစ်ကိုသာ ဦးတည် စကားပြောသည်။
"လဲသွားတဲ့ ဟိုဘက်က တစ်ယောက်ကို ပြန်ထူပေးတော့ ငါတို့တွေ အံ့ဩသွားကြသေးတယ်"
လင်းသစ်ကတော့ အင်းဟု တုံ့ပြန်လိုက်၊ ခေါင်းညိတ်လိုက်၊ ပြုံးလိုက်နှင့်သာ။ ခတ္တာကတော့ သူ့ပုံစံအတိုင်း ခပ်ဆိတ်ဆိတ်ပင်။ နန်းယွန်းချယ်ကတော့ နဂိုထဲက သွက်သွက်လက်လက်နှင့် စကားများတတ်သူ ဖြစ်ဟန်တူသည်။
ခဏကြာတော့ ခမ်းမောင်က စားလို့ပြီးသွားပြီး တစ်ရှူးနှင့် ပါးစပ်သုတ်ကာ
"ကျွန်တော်သွားနှင့်မယ်နော်"
"ငါလည်း လိုက်မယ်"
လွန်းညီက ရုတ်တရက် ထပြောပြီး တစ်ရှူးကို လှမ်းယူကာ ပါးစပ်ကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။
"ကုန်အောင်စားလေ။ နှမြောစရာကြီး"
ခမ်းမောင်ကတော့ လွန်းညီပန်းကန်ထဲက မကုန်သေးသည့် ထမင်းကြော်များကို ကြည့်ပြီး နှမြောစွာ ပြောမိသည်။
"ထားလိုက်တော့ကွာ။ ငါသွားချင်ပြီ"
လွန်းညီက အလိုက်မသိသည့် ပုံဖြင့်ပင် ခမ်းမောင်အား ဆွဲခေါ်ပြီး ထွက်သွားတော့သည်။ ကျန်သူများက နားမလည်ဟန်နှင့် ကျန်ခဲ့၏။
••••••••••
"ဘာပုံဆွဲမလို့လဲ"
"ဒီတိုင်း အိမ်ပုံပါပဲ"
နေ့လည်မုန့်စားဆင်းချိန်မို့ ခမ်းမောင်က ပုံဆွဲရန် ပစ္စည်းများ ထုတ်နေသည်ဖြစ်ပြီး သုထက်က မေးလိုက်ခြင်းပင်။
"မင်းက ပန်းချီဆရာဖြစ်ချင်တာလား"
သုထက်က စိတ်ဝင်တစားဖြင့် မေးလာသည်။ ခမ်းမောင်၏ နှုတ်ခမ်းလေးက ကော့ညွတ်သွား၏။ ပုံဆွဲစာအုပ်၊ ခဲတံ၊ ခဲဖျက်နှင့် ပေတံကို စားပွဲပေါ် အဆင်သင့်တင်းရင်း ခမ်းမောင်က ပြန်ဖြေလိုက်သည်။
"ဟင့်အင်း၊ Architect"
သုထက်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြီး သဘောကျစွာ ပြုံးသည်။
"ကောင်းပါတယ်။ မိုက်တယ်"
"အင်း"
ခမ်းမောင်က ဆိတ်ငြိမ်စွာ ပုံထိုင်ဆွဲတော့သည်။ သုထက်လည်း မနှောင့်ယှက်တော့ဘဲ ကျောင်းခန်းတစ်ဖက်က ပြတင်းပေါက်ဘောင်မှာ ပျင်းရိပျင်းတွဲ မှီရပ်နေသည့် လွန်းညီကို ကြည့်လိုက်မိသည်။ လွန်းညီတစ်ယောက် မနက်ကတည်းက မှိုင်တိုင်တိုင်နှင့် ဟိုငေးသည်ငေးဖြစ်နေသည်ကို သုထက် သတိထားမိ၏။ အမြဲကိုယ့်နေရာက ပြတင်းပေါက်ကို ငေးရတာအားမရလို့များ မိန်းကလေးတန်းဘက်က ပြတင်းပေါက်မှာ သွားပြီး ရပ်ငေးနေသလားမသိ။
"သုထက်"
ရုတ်တရက် ကြားလိုက်ရသည့် ခေါ်သံကြောင့် အခန်းပေါက်ဝသို့ သုထက် အကြည့်ပို့မိတော့ လင်းသစ်မာန် ဖြစ်နေသည်။ လာဖို့ရန် လက်ယပ်ခေါ်သောကြောင့် သုထက် လင်းသစ်နား ထသွားလိုက်သည်။
"ညီ့ကို ခေါ်ပေးပါ့လား"
သုထက်က မျက်ခုံးအသာပင့်ပြီး လွန်းညီကို သွားခေါ်သည်။ လွန်းညီက ပျင်းရိပျင်းတွဲနှင့်ပင် သုထက်နောက် အသာအယာ လိုက်လာ၏။
"အစ်ကိုနဲ့ လိုက်ခဲ့ပါလား"
လွန်းညီက ခေါင်းသာညိတ်ပြပြီး လင်းသစ်ဘေး၌ ကပ်ပါလာသည်။ ကော်ရစ်ဒါတစ်လျှောက် ယှဥ်လျှောက်လာကြရင်း ကျောင်းဆောင်တွင်းမှထွက်ကာ ကျောင်းဝင်းထဲသို့ လှမ်းလာခဲ့ကြသည်။ ရာသီဥတုက မိုးရိပ်များ ကင်းနေသော်ငြား နေရောင်က မတောက်ပပါ။ သို့သော် နံဘေးမှာရှိနေသည့် တစ်စုံတစ်ယောက်ကြောင့် လင်းသစ်ရင်ထဲ ရာသီဥတုကတော့ သာယာနေသည်။ သို့ပေမဲ့ ထိုတစ်စုံတစ်ယောက်ကတော့ ထိုသို့ဖြစ်နေဟန် မတူပါ။
လင်းသစ် စိန်ပန်းပင်ကြီးအောက် ရပ်ပြီး ကွပ်ပျစ်ပေါ် ဝင်ထိုင်လိုက်တော့ ညီကလည်း ဖြည်းညင်းစွာပင် ဘေးမှာ ဝင်ထိုင်သည်။
"နေမကောင်းလို့လား ညီ"
"ဟင်... ကောင်းပါတယ်"
ညီက ရှေ့သို့သာကြည့်ရင်း ဖြေသည်။ လင်းသစ်သည် ဘေးတိုက်မြင်နေရသည့် ညီ့မျက်နှာဖွေးဖွေးလေးကို မြတ်နိုးစွာ ငေးမိသည်။ ဆံပင်ပျော့ပျော့လေးများကို အသာပွတ်သပ်ပေးရင်း
"ညီ"
"ဟုတ်"
အသံက တိုးညင်းညင်းလေးဖြစ်သည်။ လင်းသစ် မထိန်းချုပ်နိုင်စွာပင် ပြုံးလိုက်မိသည်။
"အစ်ကို့ကို လှည့်ကြည့်ပါဦး"
ထိုသို့ဆိုတော့ ညီက ဖြည်းဖြည်းလေးပင် လှည့်ကြည့်လာသည်။ ညီ့မျက်နှာနုနုလေးက မှုန်ပေပေလေး ဖြစ်နေသည်။ တစ်စုံတစ်ခုကို မလိုမကျသလို၊ မကျေနပ်သလိုနှင့် မခံမရပ်နိုင်ဖြစ်နေသော မျက်နှာပေးလေး။ သို့ရာတွင် ဝမ်းနည်းသည့်အရိပ်အယောင်တွေကို သတိထားမိသွားသည့်အခါ လင်းသစ် ထိတ်လန့်သွားမိသည်။
"ဘာတွေဖြစ်နေတာလဲ အစ်ကို့ကို ပြောပြ"
"ကျွန်တော် ဘာမှမဖြစ်ပါဘူး"
လင်းသစ်သည် တည်ငြိမ်စွာဖြင့် ညီ့မျက်လုံးဝိုင်းဝိုင်းလေးများကို စိုက်ကြည့်လိုက်သည်။ သေချာပေါက်ကို သည်ကလေး ဝမ်းနည်းနေတာပါ။ မကျေမနပ်ဖြစ်နေပြီး အကြောင်းအရင်းကို ရိပ်မိသော်ငြား အဘယ်ကြောင့် ဝမ်းနည်းနေသည်ကိုတော့ လင်းသစ် မတွေးတတ်ပါ။
"ဘာကို မကျေမနပ်ဖြစ်နေတာလဲဟင် ညီ။ ဘာဖြစ်လို့လဲ။ အစ်ကို့ကြောင့်လား"
"အာ... မဟုတ်တာဗျာ"
"ဒါဆို အကုန်မဟုတ်ရင်တောင် ဘယ်လိုတွေ ခံစားနေရတယ်ဆိုတော့ ပြောပြလေကွာ"
ယခုအစ်ကို့အသံက ကြားနေကြအသံများထက် ပို၍ နူးညံ့ပျော့ပျောင်းနေသည်။ လွန်းညီ သဘောကျစွာ ဖျော့တော့တော့ ပြုံးလိုက်မိသည်။ ထို့နောက် အစ်ကို့ကို အကြည့်လွှဲပြီး ကျောင်းဝင်းထဲက ဟိုဟိုသည်သည် လျှောက်သွားနေကြသော ကျောင်းသားကျောင်းသူတွေဆီ အကြည့်ပို့လိုက်သည်။
"အစကတော့ မကျေနပ်ဘူး၊ အဲ့တစ်ယောက်ကို။ ဒါပေမဲ့ အခုကျ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး...။ ဘာလို့... ကျွန်တော်က...။ ကျစ်... သူ့လိုသာဖြစ်ရင် သိပ်ကောင်းမှာ။ အနည်းဆုံးတော့..."
လွန်းညီ၏ စကားတွေက တစ်ဝက်တစ်ပြတ်တွေသာ။ ခေါင်းကို ငုံ့ချကာ နှုတ်ခမ်း ကိုက်လိုက်မိသည်။
ဆက်မပြောရဲပါ။ ဆက်မပြောချင်ပါ။ အစ်ကို့ကို စကားလာပြောတဲ့ အစ်မကြီးကို မကျေနပ်ကြောင်း၊ သူလည်း မိန်းကလေးတစ်ယောက်ဖြစ်လျှင် မျှော်လင့်ချက်ရှိနိုင်ကြောင်း၊ အခွင့်အရေးရှိနိုင်ကြောင်းတွေကိုပေါ့။ ပြောလိုက်လည်း ဘာမှပြောင်းလဲနိုင်မှာလည်း မဟုတ်ပါဘဲ။
"ညီ..."
အစ်ကိုက ညင်သာစွာ ထိုသို့ ခေါ်လာပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည်။ လွန်းညီ ရင်ထဲ သိမ့်ခနဲ ဖြစ်သွားရ၏။
"ဘာလို့ ကိုယ့်ဖြစ်တည်မှုကိုယ်ကို မကျေမနပ် ဖြစ်နေရတာလဲ။ ညီကိုယ်တိုင်က လက်ခံမှ၊ နားလည်ပေးမှ အခြားသူတွေကလည်း ညီ့ကို နားလည်နိုင်မှာပေါ့ ညီရဲ့"
အစ်ကိုက သူ့လက်ကို အသာဖျစ်ညှစ်ရင်း လေသံအေးအေးဖြင့် ပြောလာသည်။
"မသိဘူး။ ကျွန်တော်ဖြစ်နေတာတွေက တကယ်ရော ဖြစ်သင့်ရဲ့လားတောင် ကျွန်တော်မသိဘူး"
သူ့အသံက အဖျားခတ် တုန်ယင်နေသည်။ ဟုတ်ပါသည်။ အစ်ကို့ကို ချစ်သည်ဆိုသော အသိသည် မြတ်နိုးရင်ခုန်ဖွယ်ရာ ကောင်းသော်ငြား ထိတ်လန့်စရာလည်းကောင်းသည်။ အစကတော့ ဘာဖြစ်ဖြစ်ဆိုပြီး မျက်စိမှိတ်လက်ခံခဲ့သော်ငြား နောက်ပိုင်းတွင် ခက်ခဲလာသည်။ သူ့မှာ သိသိသာသာ ရှေ့ဆက်တိုးခွင့် မရှိဘူး။ ချစ်ကြောင်းကို ဖော်ထုတ်ခွင့်မရှိဘူး။ ချစ်နေမိတာကတောင် မှန်နေရဲ့လားဆိုတာ သူ မတွေးတတ်တော့ဘူး။
"ဖြစ်သင့်တာတွေ၊ မဖြစ်သင့်တာတွေကို ခဏဖယ်ထားဦး။ အခုညီဖြစ်နေတဲ့အရာတွေကို မဖြစ်သင့်ဘူးဆိုပြီး ဖယ်ရှားလိုက်ရင်၊ ရပ်တန့်ရင် ညီ နောင်တမရမှာသေချာလား၊ ကျေနပ်နိုင်မှာလား။ ဟင် ညီ။ စဥ်းစားကြည့်စမ်းပါ"
လွန်းညီသည် အံကိုတင်းတင်းကြိတ်ရင်း စဥ်းစားမိသည်။ သူ အစ်ကို့ကို မေ့ပစ်လိုက်ရင်၊ မချစ်တော့ရင် သည်ကိစ္စက အဆင်ပြေသွားမှာလား။ သူ နောင်တရနေမှာလား။ မပြောတတ်ပါ။ သို့သော် ထိုသို့လုပ်ပစ်ရန် သေချာပေါက် မဖြစ်နိုင်မှန်းတော့ သိသည်။ သူ အစ်ကို့ကို ချစ်သည်။ တစ်ခါမှ မချစ်ဖူးသည့် အချစ်မျိုးနှင့် အစ်ကို့ကို သိပ်ချစ်သည်။ မဖြစ်သင့်မှန်း သိရက်နှင့် မရပ်တန့်နိုင်ခဲ့။ မပိုင်နိုင်မှန်းသိရက်နှင့်လည်း မရပ်တန့်နိုင်ခဲ့ပါ။ ထိုသို့ဆိုလျှင် အမှန်တကယ် အစ်ကို့ကို မေ့ပစ်ခဲ့ပါက သူ နောင်တရနေလိမ့်မည်ထင်သည်။
"အကယ်၍ ညီ နောင်တရနေမယ်ဆိုရင်တော့ မရပ်တန့်စေချင်ဘူး။ ကိုယ့်စိတ်ကို အတင်းချိုးနှိမ်ပြီး ဘောင်ထဲ၊ ကျဥ်းထဲကို အတင်းမဝင်စေချင်ဘူး"
လွန်းညီ အစ်ကို့အား မော့ကြည့်လိုက်မိသည်။ အစ်ကို့မျက်နှာက တည်ကြည်နေပြီး မျက်လုံးတွေက ငြိမ်သက်ကာ အကြည့်တွေက နူးညံ့နေသည်။ အစ်ကိုက သူ့လက်ကို ဖွဖွလေး ဖျစ်ညှစ်ပြီး
"အဲတော့ ကိုယ့်ကိုယ်ကို အရင်လက်ခံလိုက်၊ ကျေနပ်လိုက်။ အဲဒီအခါ ညီ စိတ်ထဲက အရှုပ်အထွေးကြီးက ပြေကျသွားလိမ့်မယ်။ ညီ့ကို တကယ်ခင်တွယ်တဲ့သူတွေ၊ ချစ်တဲ့သူတွေက ညီ့အနားမှာ ရှိနေပြီး ညီ့ကို ပြန်လက်ခံပေးမှာ"
အစ်ကို့စကားများသည် သူ့အကြားအာရုံထဲ ညင်သာစွာ တိုးဝင်လာပြီး အသိတရားကို နှိုးဆော်ပေးသည်။ သူသည် မိန်းကလေးတစ်ယောက် မဟုတ်သော်ငြား ယောက်ျားလေးတစ်ယောက်ဖြစ်သည့် အစ်ကို့ကို ချစ်သည်။ ပိုင်ဆိုင်ရန် မဖြစ်နိုင်သော်ငြား မမေ့ပစ်ရက်နိုင်ဘဲ ချစ်သည်။ ထိုအရာကို လွန်းညီ ကိုယ်တိုင်လက်ခံပေးရမည်။ ကိုယ်တိုင်နားလည်ပေးရမည်။ ထိုအခါ သူ့အားချစ်သော မိဘ၊ သူငယ်ချင်းများက တကယ်ရော လက်ခံပေးနိုင်မည်တဲ့လား။
"အစ်ကိုကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့သေးတယ်။ အခြားသူတွေက လက်ခံမပေးရင်ရောဆိုပြီး အရမ်းကြောက်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အရင်ဆုံး အဲဒီ့လက်ခံပေးနိုင်တဲ့သူ ဖြစ်ရမယ်လို့ နားလည်ခဲ့တယ်"
"အခုရော အစ်ကို့ကို တခြားသူတွေက လက်ခံပေးကြပြီလား"
"အကုန်လုံးကို ဖွင့်မပြောရသေးပေမဲ့ တကယ်ခင်မင်တဲ့ သူအချို့ကတော့ အစ်ကိုမပြောခင်ကတည်းက လက်ခံပေးကြတာပဲ"
လွန်းညီ အစ်ကို့အတွက် ဝမ်းသာစွာ ပြုံးလိုက်မိသည်။ ထိုစဥ် အစ်ကိုက လွတ်နေသော လက်တစ်ဖက်ဖြင့် လွန်းညီ၏ ပါးပြင်ကို ကိုင်လိုက်သည်။ လွန်စွာနွေးထွေးနေသည်မဟုတ်သော်ငြား ရာသီဥတုကြောင့် အနည်းငယ်အေးနေသော ပါးတစ်ခြမ်းက အစ်ကို့လက်၏ အနွေးဓာတ်အနည်းအကျဥ်းကြောင့် နွေးခနဲ ဖြစ်သွားသည်။ လွန်းညီ၏ နှလုံးသားလည်း ပူနွေးလာရသည်။
"ညီ့ကိုလည်း တကယ်ချစ်တဲ့ သူတွေက လက်ခံပေးမှာပါ"
~~~~~~~~~~~~~~~
၁၂.၁၀.၂၀၂၄
°°°°°°°°°°
Zawgyi
၇နာရီခြဲေက်ာ္ေက်ာ္သာရွိေသးသျဖင့္ မနက္ခင္း၏ ေနေရာင္မွိန္ေဖ်ာ့ေဖ်ာ့က ရွိေန႐ုံေလးသာ။ စက္တင္ဘာမို႔ ေဆာင္းဦးကလည္း ေအးစိမ့္စိမ့္ ရာသီဥတုကိုေပးၿပီး စတင္ေနေလၿပီ။
ေက်ာင္းေစ်းတန္း၏ လူရႈပ္ေနေသာ ဆိုင္ငယ္ေလးအတြင္း ေက်ာင္းသားႏွစ္ေယာက္က စားပြဲဝိုင္းတစ္ဝိုင္း၌ ထိုင္ေနၾကသည္။ ထိုႏွစ္ေယာက္ကေတာ့ ေအာင္ေထြးႏွင့္ ခမ္းေမာင္ပင္။ ခမ္းေမာင္နားမလည္သည့္ စာမ်ားကို ေအာင္ေထြးက ရွင္းျပေနျခင္းျဖစ္၏။ ထိုစဥ္က ေက်ာင္းသားတစ္ေယာက္က ခပ္ျဖည္းျဖည္းခ်င္း ထိုဝိုင္းသို႔လာေရာက္ထိုင္သည္။ သူရျဖစ္သည္။
ေအာင္ေထြးက သူရအား တစ္ခ်က္ေမာ့ၾကည့္ၿပီး
"ေျခေထာက္သက္သာရဲ႕လား"
"အင္း နာေတာ့မနာေတာ့ပါဘူး။ ေျပးလို႔လႊားလို႔ေတာ့ မရေသးဘူး"
မေန႔က ေဘာလုံးပြဲ၌ သူရ၏ ေျခခ်င္းဝတ္သည္ ဒဏ္ရာရသြားခဲ့ၿပီး သည္ေန႔ထိ အရွင္းမေပ်ာက္ေသးေပ။ ခမ္းေမာင္က စားပြဲေပၚတြင္ တင္ထားေသာ ေရာင္စုံခဲတံဘူးေလးအား သူရဆီသို႔ တိတ္ဆိတ္စြာပင္ ကမ္းေပး၏။ ယေန႔က စက္တင္ဘာ ၂၁ရက္ေန႔ၿပီး သူရ၏ ေမြးေန႔ျဖစ္သည္။ ထို႔ေၾကာင့္ ခမ္းေမာင္က သူ႔အား ေမြးေန႔လက္ေဆာင္ေပးျခင္းပင္။ တိတ္ဆိတ္လြန္းသည့္ ခမ္းေမာင္ေၾကာင့္ သူရလည္း ေႏြးေထြးစြာပင္ ၿပဳံးျပၿပီး လက္ခံလိုက္သည္။ ေအာင္ေထြးကလည္း သူ႔ေဘးက ဝတၳဳစာအုပ္အသစ္တစ္အုပ္ကို လွမ္းေပး၏။
ခမ္းေမာင္က စာရသြားသည္မို႔ စာအုပ္ကို ယူလာသည့္ ေက်ာပိုးအိတ္ထဲ ျပန္ထည့္လိုက္သည္။ ေအာင္ေထြးက ပ်င္းရိစြာ အေၾကာဆန္႔ရင္း ရႉတည္တည္ႏွင့္ ေျပာလာ၏။
"ဘာလိုလိုနဲ႔ မင္းေတာင္ ေသဖို႔တစ္ႏွစ္နီးလာၿပီပဲ"
သူရ၏ မ်က္ႏွာက မေက်နပ္စြာျဖင့္ ရႈံ႕မဲ့သြား၏။
"ေခြးသား"
ေအာင္ေထြးက ၿပဳံးစစ လုပ္သည္။ ထို႔ေနာက္ ေအာင္ေထြးႏွင့္ သူရက စပ္မိစပ္ရာ စကားေျပာၾကသည္။ ခမ္းေမာင္က ၿငိမ္သက္စြာပင္ ထိုင္ေန၏။ မၾကာမီ လြန္းညီက သုထက္တို႔ ညီအစ္ကိုႏွင့္အတူ ေရာက္လာသည္။
"ေမြးေန႔ေရာက္ခါနီးမွ ဒဏ္ရာရေတာ့ မင္းအေမ မဆူဘူးလား"
လင္းသစ္က သူ႔လက္ထဲက ေဘာလုံးအသစ္ကို သူရထံ ေပးၿပီး သူရ၏ ပတ္တီးစည္းထားေသာ ေျခခ်င္းဝတ္ကို လွမ္းၾကည့္ကာ ေမးသည္။ သူရက မေျပာခ်င္ပါဘူးဆိုေသာ မ်က္ႏွာေပးျဖင့္
"ေျပာတာေပါ့။ ငါ့အေမပဲေလ မေျပာဘဲေနမလား"
လြန္းညီက ပလတ္စတစ္အိတ္အၾကည္ျဖင့္ ဖုံးအုပ္ထားေသာ ပါကင္ထုပ္ ရွပ္အက်ႌကို ေပး၏။
"မင္းအေမ အထည္ေတြထဲက ႏႈိက္လာတာမလား"
သူရေမးေတာ့ လြန္းညီက ပါးခ်ိဳင့္ေလးေပၚသည္အထိ သူ႔လုပ္ရပ္ကို ေက်နပ္ေနဟန္ျဖင့္ ၿပဳံးသည္။
"ဒီလိုရမွန္းသိရင္ ငါ့ႀကီးေတာ္ႀကီးဆီက ပုစြန္ေျခာက္တစ္ဘူးေလာက္ ယူၿပီး ေပးပါတယ္ကြာ"
ေအာင္ေထြးက အတည္ေပါက္ႀကီး ဝင္ေျပာသျဖင့္ အားလုံးဝိုင္းရယ္ၾကၿပီး ခမ္းေမာင္ပင္ လိုက္ၿပဳံးသည္။ သုထက္က သူရအား ေျခအိတ္ထည့္ထားသည့္ ပါကင္ဂ်က္ထူဘူးေလးအား လွမ္းေပး၏။ ညီအစ္ကိုႏွစ္ေယာက္၏ လက္ေဆာင္ေတြက လိုက္ဖက္စြာ။
ထို႔ေနာက္ လူစုံသျဖင့္ မုန္႔မွာစားၾကသည္။ စားေနရင္း လင္းသစ္က သူရကို ေလွာ္သည္။
"ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ မင္း ခတၱာကို ဖြင့္ေျပာလိုက္ပါ့လား"
"အျငင္းခံရတဲ့ေန႔ဆိုၿပီး သတ္သတ္ မွတ္စရာ မလိုေတာ့တာေပါ့"
သုထက္က ဝင္ေဖာက္သျဖင့္ သူရက ရႈံ႕မဲ့စြာႏွင့္ သုထက္ကို ျပန္ၾကည့္ရင္း
"ဒီေမ်ာက္တစ္ပိုင္း၊ ေခြးတစ္ပိုင္းကေတာ့"
လင္းသစ္၏ ႏႈတ္ခမ္းက မဲ့သြား၏။ ၾကားထဲက သူက အဲ့ေမ်ာက္တစ္ပိုင္း၊ ေခြးတစ္ပိုင္းရဲ႕ အစ္ကိုျဖစ္သြားေရာ။
"အဲ့အစ္မႀကီးက အစ္ကိုသူရကို ၾကည္ျဖဴပါတယ္။ မျငင္းေလာက္ပါဘူး"
"ေအးေလ။ မင္း အခ်ိန္ဆြဲမေနနဲ႔ေတာ့"
လြန္းညီစကားကို လင္းသစ္က ဝင္ေထာက္ခံသည္။ လြန္းညီက သူ႔စကားကို ေထာက္ခံေပးေသာ လင္းသစ္ကို ေႏြးေထြးစြာ ၿပဳံးျပသည္။ လင္းသစ္၏ တုံ႔ျပန္အၿပဳံးကလည္း ႏူးညံ့စြာ။
"ငါ့ခ်ည္းမေျပာနဲ႔။ မင္းက်ေတာ့ေရာ"
သူရက ျမားဦးကို လင္းသစ္ထံ ျပန္လွည့္သည္။ အားလုံး၏ အၾကည့္ေတြက ဟင္းရည္ခပ္ေသာက္ေနသည့္ လင္းသစ္ထံတြင္ စုသြား၏။ လင္းသစ္က ဟင္းရည္ကို ေအးေဆးစြာ ေသာက္သည္။ ၿပီးမွ လြန္းညီ၏ စူးစမ္းဟန္အျပည့္ႏွင့္ မ်က္ႏွာႏုႏုေလးကို တစ္ခ်က္ၾကည့္ၿပီး ေအးေဆးစြာပင္ ေျပာသည္။
"ငါက အစီအစဥ္ရွိၿပီးသား။ မင္းသာ ပလန္ႀကိဳဆြဲထား"
သူရ၏ ႏႈတ္ခမ္းမဲ့႐ြဲ႕သြားသည္။ သုထက္က အံ့ဩဟန္ျဖင့္
"ဘယ္... ဘယ္သူလဲ"
လင္းသစ္က ဂ႐ုမစိုက္ဘဲ မုန္႔ဆက္စားသည္။
"ဘယ္သူလဲလို႔။ ေဟ့ေကာင္ ေျပာျပေလ။ မင္းက မင္းညီေတာင္ မေျပာျပခ်င္ဘူးလား"
"ေအး၊ မေျပာျပခ်င္ဘူး"
"ခ်ီး"
သုထက္က လင္းသစ္ကို ေမးမရေတာ့ သူရႏွင့္ ေအာင္ေထြးဆီ နားပူနားဆာလုပ္သည္။ သူရက မၾကားခ်င္ေယာင္သာ ေဆာင္ေနၿပီး ေအာင္ေထြးက မသိဘူးဟု ျငင္းသည္။ သုထက္၏ မေက်နပ္သည့္အသံသည္ ဆိုင္ထဲ၌ ခပ္ညံညံ ထြက္ေပၚလာေတာ့သည္။
"ေခြးသားေလးေတြ။ တစ္ေယာက္မွ ေ-ာက္က်င့္ မေကာင္းၾကဘူး"
ခမ္းေမာင္က သုထက္အား တံေတာင္ႏွင့္ လွမ္းတြတ္ကာ
"သုထက္ အကုန္လုံးက မင္းထက္အႀကီးေတြေနာ္။ ၿပီးေတာ့ ဆိုင္ထဲမွာ ဆူညံမေနနဲ႔။ လူေတြအမ်ားႀကီးရွိေနတာကို မရွက္ဘူးလား"
"ဒီေမ်ာက္ေလာင္းက ေမြးကတည္းက အရွက္ပါလာပုံမရဘူး"
သူရက ဝင္ေျပာေတာ့ သုထက္က အသံတိတ္ လက္ခလယ္ေထာင္ျပသည္။
"သုထက္ မင္း ေအးေဆး စားေတာ့"
"အဲ့ေကာင္ကမွ မေအးေဆးတာကို"
သုထက္က သူရကို ၫႊန္ျပၿပီး တိုင္သည့္သေဘာျဖင့္ ေျပာ၏။ ခမ္းေမာင္ သူရကို ၾကည့္လိုက္သည္။ သူရက ၿပဳံးစစႏွင့္ မ်က္ႏွာခ်ိဳေသြးၿပီး မုန္႔သာငုံ႔စားေတာ့သည္။ ခမ္းေမာင္က အသက္အ႐ြယ္ႏွင့္မလိုက္ေတာင္ တည္ၿငိမ္သျဖင့္ သူ႔ပုံစံက ရွိန္စရာေကာင္းလွသည္။ ထို႔ေၾကာင့္ သူရပင္ မစေနာက္ရဲေပ။
ခဏတာ ၿငိမ္သက္သြားသည့္ သူတို႔စားပြဲဝိုင္းက ဇြန္းသံ၊ ပန္းကန္သံ၊ စားေသာက္သည့္ အသံတို႔က လႊမ္းမိုးသြားသည္။ ဆိုင္အတြင္းကေတာ့ အျခားဝိုင္းမ်ားေၾကာင့္ ဆူဆူညံညံျဖစ္ေနသည္။ ဝိုင္းမ်ားမွာလည္း ေက်ာင္းသူေက်ာင္းသားမ်ားအျပည့္။ ထိုစဥ္ သူတို႔ဝိုင္းဆီကို အသံတစ္ခုႏွင့္ လူႏွစ္ေယာက္ ေရာက္လာသည္။
"ထိုင္လို႔ရမလား။ အျခားဝိုင္းေတြက လူျပည့္ေနလို႔"
အေယာင္ေယာင္၊ အမွားမွားႏွင့္ ေျခာက္ေယာက္သား ေမာ့ၾကည့္လိုက္ေတာ့ ခတၱာႏွင့္ သူႏွင့္အၿမဲ တြဲေတြ႕တတ္ရေသာ ေက်ာင္းသူတစ္ေယာက္။
"ရပါတယ္ ထိုင္ပါ"
ေအာင္ေထြးက ေျပာလိုက္ေတာ့ ခတၱာတို႔ႏွစ္ေယာက္က လြတ္ေနေသာ လင္းသစ္ႏွင့္ ေအာင္ေထြးၾကားက ခုံႏွစ္ခုံတြင္ ဝင္ထိုင္သည္။ ထို႔ေနာက္ မနက္စာ မွာသည္။ သူရကေတာ့ သိသိသာသာပင္ ၿငိမ္ၿပီး ေခါင္းငုံ႔ကာ မုန္႔သာ ဆက္စားသည္။
"ေျခေထာက္ သက္သာရဲ႕လား သူရ"
သူရက တအံ့တဩျဖင့္ ခတၱာကို ေမာ့ၾကည့္သည္။ ခတၱာ၏ မ်က္မွန္ေအာက္က ၾကည္လင္ေနေသာ မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံးသြားေတာ့ ခ်က္ခ်င္း ျပန္ေခါင္းငုံ႔သြားသည္။
"အင္း... သက္သာေနပါၿပီ"
ခတၱာက အသာအယာသာ ၿပဳံးသည္။ ေအာင္ေထြး၊ လင္းသစ္၊ သုထက္ႏွင့္ လြန္းညီက သူရကို အဓိပၸာယ္ပါေသာ အၾကည့္တို႔ႏွင့္ ၾကည့္ကာ ၿပဳံးစိစိ လုပ္ေနၾကသည္။
"ဟို... ဒီက လင္းသစ္မာန္မလား။ မေန႔က ပြဲထဲမွာ ေတြ႕လိုက္တယ္"
ခတၱာ၏ ေဘးက ေက်ာင္းသူက လင္းသစ္ကို ေျပာလာျခင္းပင္။ လင္းသစ္ သူမကို လွည့္ၾကည့္ၿပီး ခပ္ဖြဖြၿပဳံးလ်က္
"အင္း... ဟုတ္တယ္"
"ငါက (A)တန္းထဲေလ။ နန္းယြန္းခ်ယ္။ ခတၱာနဲ႔ သူငယ္ခ်င္းပဲ"
နန္းယြန္းခ်ယ္က လင္းသစ္ကိုပဲ ဦးတည္ေျပာေနသလို။ လင္းသစ္က ၿပဳံးျပေခါင္းညိတ္ၿပီးေတာ့သာ တုံ႔ျပန္သည္။
"မေန႔က ဂိုးသြင္းတာ တကယ္မိုက္တယ္ေနာ္"
လင္းသစ္က ေခါင္းသာ ညိတ္ျပန္သည္။ နန္းယြန္းခ်ယ္က က်န္သူမ်ားအား မရွိသလိုမ်ိဳးႏွင့္ လင္းသစ္ကိုသာ ဦးတည္ စကားေျပာသည္။
"လဲသြားတဲ့ ဟိုဘက္က တစ္ေယာက္ကို ျပန္ထူေပးေတာ့ ငါတို႔ေတြ အံ့ဩသြားၾကေသးတယ္"
လင္းသစ္ကေတာ့ အင္းဟု တုံ႔ျပန္လိုက္၊ ေခါင္းညိတ္လိုက္၊ ၿပဳံးလိုက္ႏွင့္သာ။ ခတၱာကေတာ့ သူ႔ပုံစံအတိုင္း ခပ္ဆိတ္ဆိတ္ပင္။ နန္းယြန္းခ်ယ္ကေတာ့ နဂိုထဲက သြက္သြက္လက္လက္ႏွင့္ စကားမ်ားတတ္သူ ျဖစ္ဟန္တူသည္။
ခဏၾကာေတာ့ ခမ္းေမာင္က စားလို႔ၿပီးသြားၿပီး တစ္ရႉးႏွင့္ ပါးစပ္သုတ္ကာ
"ကြၽန္ေတာ္သြားႏွင့္မယ္ေနာ္"
"ငါလည္း လိုက္မယ္"
လြန္းညီက ႐ုတ္တရက္ ထေျပာၿပီး တစ္ရႉးကို လွမ္းယူကာ ပါးစပ္ကို ခပ္ၾကမ္းၾကမ္း
You are reading the story above: TeenFic.Net