ဇာတ်သိမ်းပိုင်း

Background color
Font
Font size
Line height

Unicode

ပြင်ဦးလွင်။

နွေဦးဆိုသော်ငြား မိုးရိပ်တို့ စိုးမိုးနေသည့် နေ့တစ်နေ့ဖြစ်လေသည်။ မိုးတိမ်မည်းမည်းတို့ကား ကောင်းကင်ယံတွင် နေရာအပြည့်ယူထားလေရာ အခုချက်ချင်း ရွာချလာတော့မည့်ဟန်ရှိနေ၏။

သူရသည် သည်လတွင် အစ်ကိုဖြစ်သူ ကိုလတ်နှင့်အတူ ရုံးတွင်အလုပ်လုပ်ဖြစ်သည်။ ဆယ်တန်းအောင်ရုံပဲရှိသေးသည်မို့ ရာထူးကတော့ မရှိသေးပါ။ သို့သော် တက္ကသိုလ်က ဇွန်လမှတက်ရမည်ဖြစ်သဖြင့် အားနေစဥ်တွင် အလုပ်လုပ်နေခြင်းဖြစ်သည်။ သည်နေ့ကတော့ ပိတ်ရက်မို့ သူ အားနေ၏။

အခန်းကျဥ်းလေးထဲဝယ် ခိုင်ထူး၏ ခတ္တာသီချင်းသံလေးက ပျံ့လွင့်လို့နေသည်။ သူရသည် ခုတင်ပေါ်တွင်ထိုင်ကာ ဂီတာတီးရင်း သီချင်းကို ခပ်ညည်းညည်းလေး ဆိုနေသည်။ အောင်ထွေးကတော့ အနောက်ပြတင်းပေါက်ဘောင်တွင် တင်ပလွဲတက်ထိုင်ကာ အပြင်သို့ လှမ်းငေးနေလေသည်။

"ဝါဆိုပန်းမင်းဝေ
ပုန်းညက်နွမ်းရက်လွန်ကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုးနဲ့
လှမ်းလာခဲ့တော့ ခတ္တာရေ"

မျက်နှာကိုပြင်တစ်ခုကို ထိရိုက်တဲ့ အသံလှိုင်းနဲ့ ပြန်လာတဲ့အသံလှိုင်းဟာ ကြိမ်နှုန်းတူတယ်ဆိုရင် ပဲ့တင်သံထွက်လာတယ်တဲ့။ သူ့ရင်ကို ရိုက်ခတ်လာတဲ့ ခတ္တာသီချင်းသံနဲ့ သူ့နှလုံးသားက ပြန်ထွက်လာတဲ့ ခတ္တာဆိုတဲ့ ရင်ခုန်သံတွေကြောင့် ထွက်လာတဲ့ ပဲ့တင်သံတွေကို သူရ ပြန်ကြားနေရတယ်။ ခတ္တာ၊ ခတ္တာတဲ့။

သည်ရက်ပိုင်းတွင်း အရှုပ်တွေများလွန်းလှသည်နှင့် သူ ခတ္တာအကြောင်းကိုတောင် ကောင်းကောင်းမတွေးဖြစ်တာကို ဝန်ခံရမည်။ လွမ်းဖို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်မနေတာပေါ့လေ။ ကိုယ့်ကိစ္စမဟုတ်သော်ငြား သူငယ်ချင်းဖြစ်သူ၏ ကိစ္စဖြစ်နေသဖြင့် မျက်ကွယ်ပြုထားလို့လည်းရသည်မဟုတ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း မသိချင်ယောင် မဆောင်နိုင်ပါ။ လွန်းညီတစ်ယောက် ခံစားနေရသည်ကို အနီးဆုံးဖြစ်သည့်သူက အတိုင်းသားမြင်နေရသည်လေ။ အမြဲလိုလို အိမ်မှာပဲနေတတ်သည့် လွန်းညီက ခုရက်တွေထဲမှာ သူ့အိမ်မှာမကပ်။ ဟိုးဘက်က တရုတ်စကားပင်တန်းအောက်မှာ သွားထိုင်ရင်ထိုင် သို့မဟုတ်လည်း သူ့ဆီလာချင်ရင် လာနေတတ်သည်။ သည်လိုမြင်တော့လည်း လွန်းညီကို သနားမိသည်။ ရွှင်လန်းနေတတ်သည့် မျက်နှာလေးက သည်ငါးရက်အတွင်းမှာ ညှိုးနွမ်းလာကာ ချောင်ကျလို့လာသည်။ ထို့အတွက်လည်း အဝေးက သကောင့်သားကို မေတ္တာပို့မိ၏။ ရုတ်တရက်ကြီး အဆက်အသွယ်ဖြတ်သွားသည့် ခွေးကောင်။

အတွေးတို့က ခတ္တာဆီမှတစ်ဆင့် ထိုအကောင်ဆီရောက်သွားသည့်အခါ စိတ်ရှုပ်သွားရပြန်ကာ ဂီတာကို အိပ်ရာပေါ် ချလိုက်မိသည်။ သည်လောက်တောင်ကြာနေပြီကို သည်ကောင်ဖုန်းဆက်သင့်သည်မဟုတ်လား။ သူ ဩစတြေးလျကို ရောက်ရင် ဖုန်းဆက်နိုင်ဖို့က သိပ်ခက်သွားမှာကို။

ထိုစဥ်မှာပင် စားပွဲပေါ်တင်ထားသည့် သူ့ဖုန်းက အသံမြည်လာသည်။ သူရနှင့် အောင်ထွေး၏ အကြည့်များက ပြိုင်တူပင် ထိုဖုန်းဆီသို့ ရောက်သွား၏။ သူရသည် ထိုင်ရာမှမထဘဲ သူ့ဖုန်းကိုယ်သူ လှမ်းယူမိသည်။ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်မိသည့်အခါ ဖုန်းခေါ်ဆိုသူသည် သူ ငါးရက်လုံးမျှော်နေခဲ့သူဖြစ်နေသည်။ ဝမ်းသာစိတ်နှင့်အတူ ဒေါသကလည်း ထိန်းမရအောင် ထွက်လာသည့်အခါ သူရ ဆတ်ခနဲ မတ်တပ်ရပ်လိုက်မိသည်။ အောင်ထွေးက သူ၏ အမူအရာကို မြင်တော့ အနားကို ချက်ချင်းရောက်လာသည်။

"ဟယ်လို"

"ခွေးကောင်၊ အသက်တော့ ရှိသေးသားပဲ"

တစ်ဖက်က လင်းသစ်၏ စကားသံကို သူရ အလောတကြီးနှင့် ထိုသို့ပြန်ပြောမိသည့်အခါ လင်းသစ်ဘက်က တိတ်သွား၏။ သို့သော် သူရကတော့ မတိတ်နိုင်။

"မအေ-ိုး၊ -ီးမို့ ဖုန်းမကိုင်တာလား၊ ဟမ်။ ချီးလိုပဲ။ ဒီမှာဘာတွေဖြစ်နေလဲ၊ မင်းသိလား။ ဘာ​ေ-ာက်ချိုးတွေ ချိုးနေတာလဲ၊ ခွေးမသားရ..."

"ခဏလေးပါကွာ။ မင်း ငါ့ကိုဆဲချင်တယ်ဆိုရင်လည်း ပြီးမှဆဲစမ်းပါ။ ခု ညီ့ကို ဖုန်း​ပေးပေးပေးဦး။ ငါ ပြောစရာရှိတယ်"

လင်းသစ်၏ အသံက တောင်းဆိုဟန်အပြည့်။

"-ီးပဲ၊ ခုမှ အသိတရားရတာလား။ ငါတို့ မင်းကို ဒီလောက်ပြောနေခဲ့ရဲ့သားနဲ့..."

"ငါ့ပေး"

သူရ စကားမဆုံးသေးခင်မှာဘဲ အောင်ထွေး ဖုန်းကို လုယူလိုက်သည်။

"ခုမှဆက်တာလား။ အရင်နေ့တွေတုန်းက မင်း သေနေတာလား၊ ခွေးသား။ လွန်းညီ ဘာတွေဖြစ်နေလဲသိရဲ့လား! ဘယ်ထောင့်မှာ ကပ်သေနေလို့ ခုမှဆက်ရတာလဲ"

အောင်ထွေး၏ အသံက ခပ်ကျယ်ကျယ်နှင့် မသိမသာ တုန်နေသည်။

"ငါ တောင်းပန်ပါတယ်ကွာ။ ပြီးမှပြောကြပါ။ အခု ညီ့ကို ဖုန်းပေးပေးစမ်းပါ။ လုပ်ပါ၊ ကူညီပါကွာ"

"-ီးလိုပဲ"

အောင်ထွေး ထိုသို့တစ်ချက်ဆဲရေးပြီးနောက် အပြင်သို့ ခြေလှမ်းကျဲကြီးများနှင့် ထွက်လာကာ သူ၏ဆိုင်ကယ်ပေါ်တက်လိုက်သည်။ သူရကား သူ့နောက်မှ ပြေးလိုက်လာပြီး ဆိုင်ကယ်ထွက်ခါနီးမှ ခုန်တက်လာလေသည်။

"ခုချိန် လွန်းညီ ဘယ်မှာရှိလောက်လဲ သူရ"

ဆိုင်ကယ်ကို ဦးတည့်ရာမောင်းလာပြီးမှ အောင်ထွေး သူရကို ပြန်မေးရသည်။

"လခွမ်းတဲ့မှပဲ။ အိမ်မှာမရှိမှတော့ တရုတ်စကားပင်တန်းဘက်မှာပဲ ရှိမှာပေါ့ဟ"

သူရ၏ စိတ်မရှည်ဟန် စကားသံကြောင့် ကျော်သွားသည့်လမ်းကို ပြန်လှည့်သွားကာ ထိုတရုတ်စကားပင်တန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။ တစ်ခါမှ ဆိုင်ကယ်ကို အမြန်မမောင်းခဲ့ဖူးသည့် အောင်ထွေးသည် ခုချိန်မှာ လီဗာအကုန်တင်ထားမိသည်။ လက်တွေတုန်နေသည်ကို အတင်းထိန်းနေရသော်ငြား ရင်တုန်နေသည်ကိုတော့ သူမထိန်းနိုင်ချေ။ လင်းသစ်ကို ဒေါသမပြေသေးသော်လည်း လွန်းညီ၏ စိုးရိမ်မှုတို့ကို နည်းနည်းလောက်ဖြစ်ဖြစ် လျော့ကျစေချင်မိသည်။

တရုတ်စကားပင်တန်းနားရောက်သည့်အခါ အဝေးကနေပင် အပင်ငယ်လေးနားမှာ ထိုင်နေသည့် လွန်းညီကို လှမ်းတွေ့နေရသည်။ လွန်းညီနားတွင် အရှိန်ကိုအမြန်သတ်ပြီး ဆိုင်ကယ်ရပ်လိုက်သည့်အခါ လွန်းညီက သူတို့အား အလန့်တကြား မော့ကြည့်လာသည်။

"လင်းသစ်၊ လင်းသစ် ဖုန်းဆက်တယ်"

သူ၏ တုန်ယင်နေသော အသံအဆုံးတွင် မျှော်လင့်များနှင့် တောက်ပသွားသည့် လွန်းညီ၏ မျက်လုံးဝိုင်းလေးများကို ငေးကြည့်ပြီး အောင်ထွေး ရင်ထဲလှပ်ခနဲဖြစ်သွားရသည်။

"တကယ်လားဟင်..."

"ဒီမှာ... ဖုန်း..."

"-ီးတဲ့မှ၊ ဒီမှာပြောမလို့လား။ မင်း အိမ်ပဲအရင်မောင်း"

အောင်ထွေး ဖုန်းကို လွန်းညီထံ လှမ်းပေးသည့်အခါ နောက်ရှိ သူရက စိတ်မရှည်စွာ ပြောလာသည်။ အောင်ထွေးသည် လွန်းညီ၏ တုန်နေသော နှုတ်ခမ်းလေးများကို သတိလက်လွတ် ကြည့်မိရင်း

"ဟုတ်သားပဲ။ လွန်းညီ... တက်။ အိမ်သွားရအောင်"

ထို့နောက် လွန်းညီကို သူတို့နှစ်ယောက်ကြား၌ ဝင်ထိုင်စေပြီး အနီးဆုံးဖြစ်သည့် သူ့အိမ်ကိုသာ မောင်းထွက်လာခဲ့လိုက်သည်။ လွန်းညီသည် ဆိုင်ကယ်မောင်းရင်း အောင်ထွေးကိုင်ထားသော ဖုန်းကိုသာ  ကြည့်နေ၏။ မျက်ရည်များ ရစ်သိုင်းနေသည့် ထိုမျက်လုံးဝိုင်းဝိုင်းလေးများကို အောင်ထွေး နောက်ကြည့်မှန်မှတစ်ဆင့် မြင်နေရသည်။

အိမ်သို့ရောက်သောအခါ သုံးယောက်သား ဝုန်းဒိုင်းကြဲပြီး အောင်ထွေးအခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ အောင်ထွေး လွန်းညီကို ဖုန်းပေးလိုက်သည့်အခါ လွန်းညီက အလျင်အမြန်ပင် နားနားကပ်လိုက်သည်။ အောင်ထွေးနှင့်သူရ ခပ်လှမ်းလှမ်းကနေသာ လွန်းညီကို ကြည့်နေမိကြသည်။

လွန်းညီ၏ လက်များက တုန်ယင်နေသည်။ နှုတ်ခမ်းလေးသည်လည်း ခပ်ဟဟ ပွင့်ဟလျက် တဆတ်ဆတ် တုန်နေ၏။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည့် မျက်လုံးလေးများထဲတွင် ငွေ့ရည်ဖွဲ့နေလေသည်။ သို့ရာတွင် တောက်ပလို့နေသည်။ အောင်ထွေးသည် လွန်းညီကိုကြည့်ပြီး ​ကြည်နူးဝမ်းသာမှုတို့ စီးကူးလာသကဲ့သို့ နှလုံးသားတစ်ခုလုံးကို မညှာမတာ ဆုပ်ညှစ်ခံထားသလို ခံစားရပြန်သည်။

လွန်းညီသည် ဖုန်းကိုနားနားကပ်မိချိန် သူ့နားထဲ စီးဝင်လာသည့် အသက်ရှူသံသဲ့သဲ့ကို ကြားရသည့်အခါ ရစ်ဝိုင်းနေသည့် မျက်ရည်တို့သည် တာကျိုးသကဲ့သို့ ပါးပြင်ပေါ် အလုအယက် သက်ဆင်းကြလေသည်။ 'အစ်ကို'ဟု မပီမသ ရေရွတ်မိသောအခါ ဖျတ်ခနဲ မြန်သွားသည့် ထိုအသက်ရှူသံ။ ထို့နောက် လွမ်းဆွတ်တမ်းတနေခဲ့ရသော ခေါ်သံ။

"ညီ..."

လွန်းညီ ရပ်တည်နိုင်စွမ်းမရှိတော့သကဲ့သို့ မတ်တပ်ရပ်နေရာမှ ထိုင်ချလိုက်မိတော့သည်။ အစ်ကို၊ အစ်ကို။ စိတ်ထဲမှနေ၍ တစာစာ ရေရွတ်မိသော်လည်း အပြင်မှာမ​ခေါ်နိုင်ပါ။ လည်ချောင်းဝတွင် ဝမ်းနည်းဝမ်းသာဖြစ်မှုများ၊ ငိုချင်မှုများ စသည့် ခံစားချက်တို့က တစ်ဆို့လို့နေသည်။ ထိုအသံကို သူ ဘယ်လောက်တောင် လွမ်းဆွတ်နေခဲ့ရသလဲ၊ သူ ဘယ်လောက်တောင် လိုအပ်နေခဲ့သလဲ၊ ဘယ်လောက်တောင်ကြားချင်နေခဲ့ရသလဲ။

"ညီ..."

အစ်ကို့ခေါ်သံ တိုးတိုးကို ထပ်ကြားရပြန်သည်။ ထိုအသံကို သူ သိပ်လွမ်းနေခဲ့ရသည်။ မျက်ရည်များနှင့် အိပ်ရာဝင်ခဲ့ရသည့် ညတွေမှာ အိပ်မက်မက်တိုင်း ထိုအသံကို လွန်းညီကြားရသည်။ ဘယ်ကခေါ်နေမှန်းမသိတဲ့ ခပ်တိုးတိုး အသံလေး။ လွန်းညီ လိုက်ရှာပေမဲ့ ဘယ်လိုမှ ရှာမတွေ့နိုင်ခဲ့ပါ။ အိပ်မက်ထဲမှာလည်း လွန်းညီဟာ ဝမ်းပမ်းတနည်း ငိုနေခဲ့ရပါသည်။

"ညီ... အစ်ကို့ကို ကြားရရဲ့လား"

ကြားပါသည်။ အစ်ကို့အသံကို နေ့တိုင်းကြားရသည်။ ညတိုင်း ကြားရသည်။ တရုတ်စကားပန်တွေဆီကနေ၊ သီချင်းသံတွေဆီကနေ၊ ဗီရိုထဲက အင်္ကျီအပြာရောင်လေးဆီကနေ အစ်ကို့ခေါ်သံတွေကို သူ ကြားရပါသည်။

"အစ်ကို..."

လွန်းညီ၏ မပီမသနှင့် ဗလုံးဗထွေးခေါ်သံ။

"ညီ... အဆင်ပြေရဲ့လား"

"ဟင့်အင်း... မပြေဘူး၊ အစ်ကို။ မပြေဘူး"

ငိုသံတွေနှင့် လုံးထွေးနေသည့် စကားသံက တိုးတိုးလေးရယ်သာ။ လွန်းညီ သည်တစ်ခေါက်မှာတော့ မညာနိုင်တော့ပါ။ သည်ရက်တွေတွင်းမှာ သူ ဘယ်လိုမှအဆင်မပြေနိုင်ခဲ့ပါ။

"အစ်ကို့ကို... ကျွန်တော် လွမ်းတယ်..."

"အစ်ကိုရောပဲ..."

အစ်ကို့အသံကလည်း တိုးညင်းပြီး တုန်ယင်မှုကို အတင်းထိန်းထားနေရသလိုမျိုး။

"အစ်ကို တောင်းပန်ပါတယ်၊ ကလေးရယ်... အစ်ကို ပစ်ထားမိလို့ တောင်းပန်ပါတယ်။ အစ်ကိုလည်း... တကယ်..."

အစ်ကိုက ထပ်မပြောနိုင်တော့ဟန်ဖြင့် ရပ်လိုက်သည်။ ထိုရပ်တန့်မှုတွင် ငိုချင်စိတ်တို့ကပါ တန့်သွားရဟန်တူသည်။ လွန်းညီ၏ ပါးပြင်ပေါ် မျက်ရည်တို့ ထပ်ကျလာသည်။ အစ်ကိုလည်း အဆင်မပြေနေဘူးထင်တယ်။ ဘယ်သူမှ အဆင်ပြေမနေကြတဲ့ သည်အခြေအနေကြီးမှာ အဆင်ပြေဖို့လမ်းဟာ ဝေးဖို့ပဲလို့တော့ မပြောကြပါနဲ့လား။

"အစ်ကို့ဆီကို ဦးလေး ဖုန်းဆက်တယ်..."

လွန်းညီ အံကိုကြိတ်ပြီး ဘုရားတ,မိလိုက်သည်။ ဖေဖေ ဆက်တာလား။ ဖေဖေ အစ်ကို့ကို ဘာတွေများပြောလိုက်သေးလဲ။ လွန်းညီ ​စိတ်တွေ ခြောက်ခြားလာမိသည်။ ဖေဖေ အစ်ကို့ကို ရင့်ရင့်သီးသီးတွေ ပြောလိုက်တာတော့ မဟုတ်ဘူးလား။

"အစ်ကို..."

"ညီ့ကိုရော... ပြောလား၊ အစ်ကိုတို့အကြောင်း"

လွန်းညီ ခေါင်းကို တဆတ်ဆတ်သာ ညိတ်ပြနေမိသည်။ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားသည့် သူ့လက်များ တုန်နေသည်။

"ဘာဆက်လုပ်ဖို့ပြောလဲ"

"ရပ်လိုက်ဖို့... ပြောတယ် အစ်ကို..."

ထိုစကားကိုပြောပြီး လွန်းညီ ရင်ဘတ်ကြီးတစ်ခုလုံး လစ်ဟာသွားသယောင် ခံစားလိုက်ရသည်။ 'ဒါပေမဲ့ မရဘူးနော်၊ အစ်ကို'ဟု စိတ်ထဲမှနေ၍ ပြောမိသော်ငြား ပြောမထွက်ရက်ပြန်။

"အစ်ကို့ကိုလည်း... ပြောတယ်"

လွန်းညီ မျက်လုံးတို့ကို မှိတ်ချလိုက်မိသည်။ အစ်ကို သူ့ကို လက်မလွှတ်လောက်ဘူးမလား။

"ညီ... အစ်ကို့ကို ဆုံးရှုံးရဲလား"

"ဟင့်အင်း၊ ကျွန်တော် မလုပ်ရဲဘူး။ ကျွန်တော် အစ်ကိုနဲ့ မဝေးချင်ဘူး"

အစ်ကို့အမေးကို စက္ကန့်မ​ခြားစေဘဲ လွန်းညီ ချက်ချင်းပြန်ဖြေမိသည်။ သူ အစ်ကို့ကို မဝေးချင်ပါ၊ မဆုံးရှုံးချင်ပါ၊ လက်မလွှတ်ရဲပါ။

"အစ်ကိုရောပဲ..."

လွန်းညီ ပြုံးလိုက်မိသည်။ ဒါပေါ့၊ အစ်ကိုက သူ့ကို သည်လောက်ချစ်တဲ့ဟာ။ အစ်ကို သူ့ကို လက်မလွှတ်လောက်ပါဘူး။

"အစ်ကို ဦးလေးကို ပြောကြည့်မေဲ့၊ ဦးလေးက လက်မခံဘူးဖြစ်နေတယ် ညီ။ ဒါပေမဲ့လေ... နောက်ကျ ဦးလေးက ညီ့ကို အစ်ကိုနဲ့သဘောတူတဲ့အထိ စောင့်ပေးရင် အစ်ကိုတို့ကို လက်ခံပေးမယ်တဲ့... အဲ့လိုပြောတယ်..."

လွန်းညီ အစ်ကို့စကားများကို တအံ့တဩ နားထောင်နေမိတုန်းမှာပဲ ဝေါခနဲ မိုးတွေရွာချလာကာ အစ်ကို့စကားသံများကို ဖုံးလွှမ်းသွားတော့သည်။ လွန်းညီ ကြောင်အ,စွာဖြင့် ပြတင်းပေါက်မှ စင်လာသည့် မိုးရေစက်များကို မော့ကြည့်နေမိချိန်မှာ အစ်ကိုအောင်ထွေးက ပြတင်းပေါက်များ ထ,ပိတ်သည်။

"ဟယ်လို... ညီ... ကြားရလား"

"ဟယ်လို... ဟုတ်၊ အစ်ကို။ ဆောရီး၊ မိုးရွာလာလို့"

မိုးက ခပ်ကြမ်းကြမ်း ရွာလေရာ မိုးသံများကလည်း ကျယ်လှသည်။

"နားထောင်လို့ရလား"

"ဟုတ်၊ ဟုတ်။ ရတယ် အစ်ကို"

မိုးသံများကြားမှ မြှင့်လိုက်သော အစ်ကို့အသံကို လွန်းညီ နားစိုက်ထောင်နေရသည်။

"ဦးလေးက အဲ့လိုပြောတယ်။ အစ်ကိုတို့ကို သူ သဘောတူလက်ခံပေးနိုင်တဲ့အထိ စောင့်ရမယ်တဲ့"

လွန်းညီ မျက်ရည်များဝဲလာပြန်သည်။ ထိုမျက်ရည်သည် ပျော်ရွှင်မှုများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြောချင်တာက သေချာပေါက် လက်ခံပေးမှာပေါ့။ အချိန်တစ်ခု ကြာနိုင်ပေမဲ့လေ။ လွန်းညီသည် ရွှင်မြူးစွာ ပြုံးမိရင်း မျက်ရည်များကို သုတ်မိသည်။ သည်လိုဆိုရင်လည်း ဖေဖေတို့ပ ဘာလို့ရပ်ဖို့ပြောနေရတာလဲ။ သည်လိုဆိုပြီးနေတာကို။

"ဒါပေမဲ့... အစ်ကို ညီ့ကို ဆက်သွယ်လို့မရဘူးတဲ့"

"ဟင်..."

လွန်းညီ၏ အာမေဍိတ်သံသည် မိုးရေများကြားတွင် ပျောက်သွားသည်။ အဆက်အသွယ်ဖြတ်ရမယ်ပေါ့။ ဘာကြီးလဲ။ ဖေဖေ ဘာဖြစ်ချင်နေတာလဲ။

"ဒါကြောင့်... အစ်ကို ညီ့ဆီကို မဆက်တာ။ ဒီနည်းလမ်းက ဖြေရှင်းတဲ့နည်းအမှန်မဟုတ်ပေမဲ့ အဆင်ပြေလောက်မယ်ထင်လို့။ ဒါပေမဲ့... အစ်ကို မှားသွားတယ်။ ဒီနည်းက အစ်ကိုကိုယ်တိုင်ရော၊ ညီ့ကိုရော ပင်ပန်းစေတယ်..."

တိတ်တဆိတ်နှင့်သာ လွန်းညီ အစ်ကို့စကားကို နားစိုက်ထောင်နေမိသည်။ ဟုတ်သည်။ သိပ်ပင်ပန်းသည်။ သတင်းမကြားရ၊ အကြောင်းမသိရသည့် အချိန်တွေမှာ လွန်းညီ အပူတပြင်းနှင့် လွန်စွာမှကို ပင်ပန်းခဲ့ရသည်။

"ဦးလေးက အစ်ကိုတို့ အချစ်ကို စမ်းသပ်နေတာ ညီရဲ့။ အင်း... တကယ်တော့... အကုန်လုံးပဲ။ အကုန်လုံးက အစ်ကိုတို့တွေကို စိတ်ကစားနေတယ်ထင်ကြတာ။ ဒါကြောင့် ဝေးစေပြီး စမ်းသပ်နေကြတာ။ ဒီတော့... အစ်ကိုတို့က သူတို့အားလုံးကို သက်သေပြဖို့ လိုတယ်။ လူချင်းဝေးလည်း စိတ်ချင်းမဝေးဘူးဆိုတာကို ပြဖို့လိုတယ် ညီ၊ အစ်ကို ပြောတာ နားလည်လား"

"ဟုတ်၊ အစ်ကို"

အစ်ကို့အသံက အစပိုင်းမှာ ရယ်သံစွက်၏။ နောက်ပိုင်းမှာ အဖျားခတ်တုန်ယင်သွားသည်။ သို့ရာတွင် ပြတ်သားလို့နေသည်။ လွန်းညီ၏ နားထဲသို့လည်း ရှင်းလင်းစွာ ဝင်ရောက်လာသည်။

"ဝေးရတယ်ဆိုတာ အပြောလွယ်ပေမဲ့ တကယ်တမ်းကျ ခက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့... တစ်ဘဝစာ မဝေးဖို့အတွက် ခဏတာ အဝေးပြေးဖို့တော့ လိုမယ် ညီ..."

အစ်ကိုအသံသည် ကြည်လင်နေသော်ငြား မသိမသာလေးတော့ တုန်နေသည်။ ဝေးဖို့ကိစ္စပြောနေတာပဲလေ၊ ဘယ်သူက တည်ငြိမ်နေနိုင်ပါ့မလဲ။

"အဲဒါကြောင့်... အစ်ကိုတို့ ခဏ... ဟင့်အင်း... အချိန်တစ်ခုလောက်ထိ ရှေ့တိုးမလာဘဲ နေရအောင်။ ရမလား"

အစ်ကိုက စကားကို သိပ်ရွေးတတ်သည်။ 'အချိန်တစ်ခု'တဲ့။ ခဏမဟုတ်တာတော့ သေချာတဲ့ ကာလအပိုင်းအခြားတစ်ခု။ ပြီးတော့ 'ရမလား'တဲ့။ နှစ်ဦးလုံးအတွက် အဆင်မပြေနိုင်မှတော့ 'အဆင်ပြေမလား'ဆိုသည့် အစ်ကိုက ရှောင်သည်။

လွန်းညီ မျက်ရည်များဝဲလာပြန်ပြီး ရှိုက်သံများကို မြိုသိပ်မိသည်။ ရမှာပါ။ ရမှာပါ။ တစ်သက်လုံးမှမဟုတ်ဘဲလေ။ လွန်းညီ သည်လောက်တော့ လုပ်နိုင်ရမှာပေါ့၊ လုပ်ရဲရမှာပေါ့။

"ရတယ်၊ အစ်ကို။ ရတယ်။ အစ်ကိုသာ... ပြန်လာမယ်ဆိုရင် ကျွန်တော် လာလို့ရတဲ့အထိလာပြီး စောင့်နေမယ်။ ဒါပေမဲ့... ကျွန်တော့်လက်ကို မလွှတ်နဲ့နော်..."

"မလွှတ်ပါဘူး ကလေးရယ်။ သိတယ်မလား၊ အစ်ကိုက မင်းကို သိပ်ချစ်တာ"

လွန်းညီ မျက်ရည်များကြားမှ ပြုံးလိုက်မိသည်။ မိုးကပိုကြမ်းလာ၏။ လေထုကလည်း အေးစိမ့်လာသည်။ သို့ရာတွင် လွန်းညီ၏ နှလုံးသားတစ်ခုလုံး နွေးထွေးလို့လာသည်။

"သိတယ်၊ အစ်ကို။ ကျွန်တော် အစ်ကို့ကို သိပ်ချစ်တယ်ဆိုတာကိုလည်း မှတ်ထားပေးပါနော်"

"အမြဲမှတ်ထားပါ့မယ်။ အစစအရာရာ ဂရုစိုက်နော်။ ပြန်တွေ့ကြတဲ့အခါ ညီ့ကို အစ်ကိုကိုယ်တိုင် ဂရုစိုက်ပေးမယ်"

မိုးတွေက တဖြည်းဖြည်း စဲလာသည်။ ဖုန်းလိုင်းလေးက တိတ်ဆိတ်သွားသည်။ သို့ရာတွင် လွန်းညီသည် ဖုန်းကို ဆုပ်ကိုင်ထားမိရင်း ပိတ်ထားသော ပြတင်းပေါက်ကို ငေးနေမိသည်။ သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ၊ သူ့နှုတ်ခမ်းထက်မှာတော့ အပြုံးတစ်ပွင့်။

ဤအရာသည် မိုးရေထဲတွင် အစပြုခဲ့သည့် ဇာတ်လမ်းလေး၏ အဆုံးသတ်မဟုတ်သေးပါ။ တစ်ခန်းရပ်သွားရုံသာ ရှိပါသေးသည်။ နောက်စာမျက်နှာကို လှန်ကြည့်လိုက်ပါက မိုင်ပေါင်းထောင်ချီအဝေးတွင် ချစ်ခြင်းမေတ္တာတို့ ပေကပ်ပြီး ကုပ်ကပ်ရှင်သန်နေပုံကို တွေ့ရပါလိမ့်မည်။

ပြီးပါပြီ။

၃၀.၁၂.၂၀၂၄
Ami(Stellari)

အခုဆိုရင်ဖြင့် Amiရဲ့ ပထမဆုံး Fictionလေးကတော့ ပြီးသွားပါပြီ🌷 (very happy🎉) ဒါပေမဲ့ မိုးရေစက်တွေကြားက ဒီချစ်ခြင်းလေးကတော့ အဆုံးမသတ်သေးပါဘူး။ ကျွန်တော့်ရဲ့ ဒုတိယမြောက် Fiction သို့မဟုတ် 'မေတ္တာသွန်းဖြိုး ဝသန်မိုး'ရဲ့ နောက်ဆက်တွဲ အတွဲ(၂)လေးကလည်း မကြာခင် ထပ်လာပါဦးမယ်။ ဒါကြောင့် မိုးရေစက်လေးတွေနဲ့အတူ စီးမျောပြီး အစ်ကိုနဲ့ညီတို့ရဲ့ ချစ်ခြင်းမေတ္တာရဲ့ နောက်က စာမျက်နှာတွေကို အတူတူလှန်လျောဖတ်ရှုဖို့ စောင့်မျှော်ပေးကြပါဦးနော်🫶

အမှားပေါင်းများစွာနဲ့ ဒီFictionလေးကို ဒီအထိ လိုက်ပါဖတ်ရှုပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ မနက်ဖြန်ကျရင် plotမပါတဲ့ အတွေးသက်သက် extraအပိုင်းတစ်ပိုင်းနဲ့ ကျေးဇူးတင်လွှာလေး လာပါဦးမယ်ဗျ♡ ဒါကြောင့် see you tomorrowပါ(⁠つ⁠≧⁠▽⁠≦⁠)⁠つ အစစအရာရာ ဂရုစိုက်ကြပါဗျ🍀

°°°°°°°°°°

Zawgyi

ျပင္ဦးလြင္။

ေႏြဦးဆိုေသာ္ျငား မိုးရိပ္တို႔ စိုးမိုးေနသည့္ ေန႔တစ္ေန႔ျဖစ္ေလသည္။ မိုးတိမ္မည္းမည္းတို႔ကား ေကာင္းကင္ယံတြင္ ေနရာအျပည့္ယူထားေလရာ အခုခ်က္ခ်င္း ႐ြာခ်လာေတာ့မည့္ဟန္ရွိေန၏။

သူရသည္ သည္လတြင္ အစ္ကိုျဖစ္သူ ကိုလတ္ႏွင့္အတူ ႐ုံးတြင္အလုပ္လုပ္ျဖစ္သည္။ ဆယ္တန္းေအာင္႐ုံပဲရွိေသးသည္မို႔ ရာထူးကေတာ့ မရွိေသးပါ။ သို႔ေသာ္ တကၠသိုလ္က ဇြန္လမွတက္ရမည္ျဖစ္သျဖင့္ အားေနစဥ္တြင္ အလုပ္လုပ္ေနျခင္းျဖစ္သည္။ သည္ေန႔ကေတာ့ ပိတ္ရက္မို႔ သူ အားေန၏။

အခန္းက်ဥ္းေလးထဲဝယ္ ခိုင္ထူး၏ ခတၱာသီခ်င္းသံေလးက ပ်ံ႕လြင့္လို႔ေနသည္။ သူရသည္ ခုတင္ေပၚတြင္ထိုင္ကာ ဂီတာတီးရင္း သီခ်င္းကို ခပ္ညည္းညည္းေလး ဆိုေနသည္။ ေအာင္ေထြးကေတာ့ အေနာက္ျပတင္းေပါက္ေဘာင္တြင္ တင္ပလြဲတက္ထိုင္ကာ အျပင္သို႔ လွမ္းေငးေနေလသည္။

"ဝါဆိုပန္းမင္းေဝ
ပုန္းညက္ႏြမ္းရက္လြန္ေႂကြၿပီမို႔
သိဟ္ရာသီ ဝါေခါင္မိုးနဲ႔
လွမ္းလာခဲ့ေတာ့ ခတၱာေရ"

မ်က္ႏွာကိုျပင္တစ္ခုကို ထိ႐ိုက္တဲ့ အသံလႈိင္းနဲ႔ ျပန္လာတဲ့အသံလႈိင္းဟာ ႀကိမ္ႏႈန္းတူတယ္ဆိုရင္ ပဲ့တင္သံထြက္လာတယ္တဲ့။ သူ႔ရင္ကို ႐ိုက္ခတ္လာတဲ့ ခတၱာသီခ်င္းသံနဲ႔ သူ႔ႏွလုံးသားက ျပန္ထြက္လာတဲ့ ခတၱာဆိုတဲ့ ရင္ခုန္သံေတြေၾကာင့္ ထြက္လာတဲ့ ပဲ့တင္သံေတြကို သူရ ျပန္ၾကားေနရတယ္။ ခတၱာ၊ ခတၱာတဲ့။

သည္ရက္ပိုင္းတြင္း အရႈပ္ေတြမ်ားလြန္းလွသည္ႏွင့္ သူ ခတၱာအေၾကာင္းကိုေတာင္ ေကာင္းေကာင္းမေတြးျဖစ္တာကို ဝန္ခံရမည္။ လြမ္းဖို႔ စိတ္လြတ္ကိုယ္လြတ္ျဖစ္မေနတာေပါ့ေလ။ ကိုယ့္ကိစၥမဟုတ္ေသာ္ျငား သူငယ္ခ်င္းျဖစ္သူ၏ ကိစၥျဖစ္ေနသျဖင့္ မ်က္ကြယ္ျပဳထားလို႔လည္းရသည္မဟုတ္။ ေနာက္ၿပီး သူကိုယ္တိုင္ကလည္း မသိခ်င္ေယာင္ မေဆာင္ႏိုင္ပါ။ လြန္းညီတစ္ေယာက္ ခံစားေနရသည္ကို အနီးဆုံးျဖစ္သည့္သူက အတိုင္းသားျမင္ေနရသည္ေလ။ အၿမဲလိုလို အိမ္မွာပဲေနတတ္သည့္ လြန္းညီက ခုရက္ေတြထဲမွာ သူ႔အိမ္မွာမကပ္။ ဟိုးဘက္က တ႐ုတ္စကားပင္တန္းေအာက္မွာ သြားထိုင္ရင္ထိုင္ သို႔မဟုတ္လည္း သူ႔ဆီလာခ်င္ရင္ လာေနတတ္သည္။ သည္လိုျမင္ေတာ့လည္း လြန္းညီကို သနားမိသည္။ ႐ႊင္လန္းေနတတ္သည့္ မ်က္ႏွာေလးက သည္ငါးရက္အတြင္းမွာ ညႇိဳးႏြမ္းလာကာ ေခ်ာင္က်လို႔လာသည္။ ထို႔အတြက္လည္း အေဝးက သေကာင့္သားကို ေမတၱာပို႔မိ၏။ ႐ုတ္တရက္ႀကီး အဆက္အသြယ္ျဖတ္သြားသည့္ ေခြးေကာင္။

အေတြးတို႔က ခတၱာဆီမွတစ္ဆင့္ ထိုအေကာင္ဆီေရာက္သြားသည့္အခါ စိတ္ရႈပ္သြားရျပန္ကာ ဂီတာကို အိပ္ရာေပၚ ခ်လိုက္မိသည္။ သည္ေလာက္ေတာင္ၾကာေနၿပီကို သည္ေကာင္ဖုန္းဆက္သင့္သည္မဟုတ္လား။ သူ ဩစေၾတးလ်ကို ေရာက္ရင္ ဖုန္းဆက္ႏိုင္ဖို႔က သိပ္ခက္သြားမွာကို။

ထိုစဥ္မွာပင္ စားပြဲေပၚတင္ထားသည့္ သူ႔ဖုန္းက အသံျမည္လာသည္။ သူရႏွင့္ ေအာင္ေထြး၏ အၾကည့္မ်ားက ၿပိဳင္တူပင္ ထိုဖုန္းဆီသို႔ ေရာက္သြား၏။ သူရသည္ ထိုင္ရာမွမထဘဲ သူ႔ဖုန္းကိုယ္သူ လွမ္းယူမိသည္။ စိတ္လႈပ္ရွားစြာျဖင့္ ၾကည့္လိုက္မိသည့္အခါ ဖုန္းေခၚဆိုသူသည္ သူ ငါးရက္လုံးေမွ်ာ္ေနခဲ့သူျဖစ္ေနသည္။ ဝမ္းသာစိတ္ႏွင့္အတူ ေဒါသကလည္း ထိန္းမရေအာင္ ထြက္လာသည့္အခါ သူရ ဆတ္ခနဲ မတ္တပ္ရပ္လိုက္မိသည္။ ေအာင္ေထြးက သူ၏ အမူအရာကို ျမင္ေတာ့ အနားကို ခ်က္ခ်င္းေရာက္လာသည္။

"ဟယ္လို"

"ေခြးေကာင္၊ အသက္ေတာ့ ရွိေသးသားပဲ"

တစ္ဖက္က လင္းသစ္၏ စကားသံကို သူရ အေလာတႀကီးႏွင့္ ထိုသို႔ျပန္ေျပာမိသည့္အခါ လင္းသစ္ဘက္က တိတ္သြား၏။ သို႔ေသာ္ သူရကေတာ့ မတိတ္ႏိုင္။

"မေအ-ိုး၊ -ီးမို႔ ဖုန္းမကိုင္တာလား၊ ဟမ္။ ခ်ီးလိုပဲ။ ဒီမွာဘာေတြျဖစ္ေနလဲ၊ မင္းသိလား။ ဘာ​ေ-ာက္ခ်ိဳးေတြ ခ်ိဳးေနတာလဲ၊ ေခြးမသားရ..."

"ခဏေလးပါကြာ။ မင္း ငါ့ကိုဆဲခ်င္တယ္ဆိုရင္လည္း ၿပီးမွဆဲစမ္းပါ။ ခု ညီ့ကို ဖုန္း​ေပးေပးေပးဦး။ ငါ ေျပာစရာရွိတယ္"

လင္းသစ္၏ အသံက ေတာင္းဆိုဟန္အျပည့္။

"-ီးပဲ၊ ခုမွ အသိတရားရတာလား။ ငါတို႔ မင္းကို ဒီေလာက္ေျပာေနခဲ့ရဲ႕သားနဲ႔..."

"ငါ့ေပး"

သူရ စကားမဆုံးေသးခင္မွာဘဲ ေအာင္ေထြး ဖုန္းကို လုယူလိုက္သည္။

"ခုမွဆက္တာလား။ အရင္ေန႔ေတြတုန္းက မင္း ေသေနတာလား၊ ေခြးသား။ လြန္းညီ ဘာေတြျဖစ္ေနလဲသိရဲ႕လား! ဘယ္ေထာင့္မွာ ကပ္ေသေနလို႔ ခုမွဆက္ရတာလဲ"

ေအာင္ေထြး၏ အသံက ခပ္က်ယ္က်ယ္ႏွင့္ မသိမသာ တုန္ေနသည္။

"ငါ ေတာင္းပန္ပါတယ္ကြာ။ ၿပီးမွေျပာၾကပါ။ အခု ညီ့ကို ဖုန္းေပးေပးစမ္းပါ။ လုပ္ပါ၊ ကူညီပါကြာ"

"-ီးလိုပဲ"

ေအာင္ေထြး ထိုသို႔တစ္ခ်က္ဆဲေရးၿပီးေနာက္ အျပင္သို႔ ေျခလွမ္းက်ဲႀကီးမ်ားႏွင့္ ထြက္လာကာ သူ၏ဆိုင္ကယ္ေပၚတက္လိုက္သည္။ သူရကား သူ႔ေနာက္မွ ေျပးလိုက္လာၿပီး ဆိုင္ကယ္ထြက္ခါနီးမွ ခုန္တက္လာေလသည္။

"ခုခ်ိန္ လြန္းညီ ဘယ္မွာရွိေလာက္လဲ သူရ"

ဆိုင္ကယ္ကို ဦးတည့္ရာေမာင္းလာၿပီးမွ ေအာင္ေထြး သူရကို ျပန္ေမးရသည္။

"လခြမ္းတဲ့မွပဲ။ အိမ္မွာမရွိမွေတာ့ တ႐ုတ္စကားပင္တန္းဘက္မွာပဲ ရွိမွာေပါ့ဟ"

သူရ၏ စိတ္မရွည္ဟန္ စကားသံေၾကာင့္ ေက်ာ္သြားသည့္လမ္းကို ျပန္လွည့္သြားကာ ထိုတ႐ုတ္စကားပင္တန္းဘက္သို႔ ထြက္လာခဲ့လိုက္သည္။ တစ္ခါမွ ဆိုင္ကယ္ကို အျမန္မေမာင္းခဲ့ဖူးသည့္ ေအာင္ေထြးသည္ ခုခ်ိန္မွာ လီဗာအကုန္တင္ထားမိသည္။ လက္ေတြတုန္ေနသည္ကို အတင္းထိန္းေနရေသာ္ျငား ရင္တုန္ေနသည္ကိုေတာ့ သူမထိန္းႏိုင္ေခ်။ လင္းသစ္ကို ေဒါသမေျပေသးေသာ္လည္း လြန္းညီ၏ စိုးရိမ္မႈတို႔ကို နည္းနည္းေလာက္ျဖစ္ျဖစ္ ေလ်ာ့က်ေစခ်င္မိသည္။

တ႐ုတ္စကားပင္တန္းနားေရာက္သည့္အခါ အေဝးကေနပင္ အပင္ငယ္ေလးနားမွာ ထိုင္ေနသည့္ လြန္းညီကို လွမ္းေတြ႕ေနရသည္။ လြန္းညီနားတြင္ အရွိန္ကိုအျမန္သတ္ၿပီး ဆိုင္ကယ္ရပ္လိုက္သည့္အခါ လြန္းညီက သူတို႔အား အလန္႔တၾကား ေမာ့ၾကည့္လာသည္။

"လင္းသစ္၊ လင္းသစ္ ဖုန္းဆက္တယ္"

သူ၏ တုန္ယင္ေနေသာ အသံအဆုံးတြင္ ေမွ်ာ္လင့္မ်ားႏွင့္ ေတာက္ပသြားသည့္ လြန္းညီ၏ မ်က္လုံးဝိုင္းေလးမ်ားကို ေငးၾကည့္ၿပီး ေအာင္ေထြး ရင္ထဲလွပ္ခနဲျဖစ္သြားရသည္။

"တကယ္လားဟင္..."

"ဒီမွာ... ဖုန္း..."

"-ီးတဲ့မွ၊ ဒီမွာေျပာမလို႔လား။ မင္း အိမ္ပဲအရင္ေမာင္း"

ေအာင္ေထြး ဖုန္းကို လြန္းညီထံ လွမ္းေပးသည့္အခါ ေနာက္ရွိ သူရက စိတ္မရွည္စြာ ေျပာလာသည္။ ေအာင္ေထြးသည္ လြန္းညီ၏ တုန္ေနေသာ ႏႈတ္ခမ္းေလးမ်ားကို သတိလက္လြတ္ ၾကည့္မိရင္း

"ဟုတ္သားပဲ။ လြန္းညီ... တက္။ အိမ္သြားရေအာင္"

ထို႔ေနာက္ လြန္းညီကို သူတို႔ႏွစ္ေယာက္ၾကား၌ ဝင္ထိုင္ေစၿပီး အနီးဆုံးျဖစ္သည့္ သူ႔အိမ္ကိုသာ ေမာင္းထြက္လာခဲ့လိုက္သည္။ လြန္းညီသည္ ဆိုင္ကယ္ေမာင္းရင္း ေအာင္ေထြးကိုင္ထားေသာ ဖုန္းကိုသာ  ၾကည့္ေန၏။ မ်က္ရည္မ်ား ရစ္သိုင္းေနသည့္ ထိုမ်က္လုံးဝိုင္းဝိုင္းေလးမ်ားကို ေအာင္ေထြး ေနာက္ၾကည့္မွန္မွတစ္ဆင့္ ျမင္ေနရသည္။

အိမ္သို႔ေရာက္ေသာအခါ သုံးေယာက္သား ဝုန္းဒိုင္းႀကဲၿပီး ေအာင္ေထြးအခန္းထဲသို႔ ေျပးဝင္လာခဲ့သည္။ ေအာင္ေထြး လြန္းညီကို ဖုန္းေပးလိုက္သည့္အခါ လြန္းညီက အလ်င္အျမန္ပင္ နားနားကပ္လိုက္သည္။ ေအာင္ေထြးႏွင့္သူရ ခပ္လွမ္းလွမ္းကေနသာ လြန္းညီကို ၾကည့္ေနမိၾကသည္။

လြန္းညီ၏ လက္မ်ားက တုန္ယင္ေနသည္။ ႏႈတ္ခမ္းေလးသည္လည္း ခပ္ဟဟ ပြင့္ဟလ်က္ တဆတ္ဆတ္ တုန္ေန၏။ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ေနသည့္ မ်က္လုံးေလးမ်ားထဲတြင္ ေငြ႕ရည္ဖြဲ႕ေနေလသည္။ သို႔ရာတြင္ ေတာက္ပလို႔ေနသည္။ ေအာင္ေထြးသည္ လြန္းညီကိုၾကည့္ၿပီး ​ၾကည္ႏူးဝမ္းသာမႈတို႔ စီးကူးလာသကဲ့သို႔ ႏွလုံးသားတစ္ခုလုံးကို မညႇာမတာ ဆုပ္ညႇစ္ခံထားသလို ခံစားရျပန္သည္။

လြန္းညီသည္ ဖုန္းကိုနားနားကပ္မိခ်ိန္ သူ႔နားထဲ စီးဝင္လာသည့္ အသက္ရႉသံသဲ့သဲ့ကို ၾကားရသည့္အခါ ရစ္ဝိုင္းေနသည့္ မ်က္ရည္တို႔သည္ တာက်ိဳးသကဲ့သို႔ ပါးျပင္ေပၚ အလုအယက္ သက္ဆင္းၾကေလသည္။ 'အစ္ကို'ဟု မပီမသ ေရ႐ြတ္မိေသာအခါ ဖ်တ္ခနဲ ျမန္သြားသည့္ ထိုအသက္ရႉသံ။ ထို႔ေနာက္ လြမ္းဆြတ္တမ္းတေနခဲ့ရေသာ ေခၚသံ။

"ညီ..."

လြန္းညီ ရပ္တည္ႏိုင္စြမ္းမရွိေတာ့သကဲ့သို႔ မတ္တပ္ရပ္ေနရာမွ ထိုင္ခ်လိုက္မိေတာ့သည္။ အစ္ကို၊ အစ္ကို။ စိတ္ထဲမွေန၍ တစာစာ ေရ႐ြတ္မိေသာ္လည္း အျပင္မွာမ​ေခၚႏိုင္ပါ။ လည္ေခ်ာင္းဝတြင္ ဝမ္းနည္းဝမ္းသာျဖစ္မႈမ်ား၊

You are reading the story above: TeenFic.Net