Unicode
Background Music-ချစ်တာတစ်ခုတည်းသိတယ် by စိုင်းထီးဆိုင်
🎧
အချစ်ဆိုတဲ့အရာကို ဘာမှန်းမသိခဲ့တဲ့အချိန်က ဘယ်လိုအရာဖြစ်မလဲဆိုတာကို ကျွန်တော် စိတ်ကူးယဥ်ကြည့်ခဲ့ဖူးတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲကလို ကြည်နူးစရာကောင်းတာမျိုးလား။ ဒါမှမဟုတ် အပြင်က လူကြီးတွေပြောနေကြသလို စမ်းသပ်ကြည့်လို့ မကောင်းတဲ့၊ အန္တရာယ်များတဲ့ အရာမျိုးလား။ ဒါပေမဲ့ ဘာတစ်ခုကိုမှ ရေရေရာရာ မသိခဲ့ဖူးဘူး။
ဒါပေမဲ့လည်း အချစ်ကို ရှာဖို့ မေ့နေတဲ့အချိန်ကျမှ အချစ်ဟာ ကျွန်တော့်ဆီကို တည့်တည့်ပဲ ဝင်ရောက်လာခဲ့တယ်။ အေးစက်တဲ့ မိုးရေစက်တွေကပဲ အချစ်ဟာ နူးညံ့ညင်သာပြီး နွေးထွေးကြောင်းကို ကျွန်တော့်ကို ပြသပေးခဲ့တယ်။ အစ်ကိုတဲ့။ ကျွန်တော့်ရင်ကို မိုးစက်တွေနဲ့အတူ နေရောင်ခြည်တွေလို ဖောက်ဝင်လာခဲ့သူဟာ အစ်ကိုတဲ့လေ။
ကျွန်တော့်အပေါ်ကို အချစ်ရဲ့အပိုင်းအစတွေကို အလှပဆုံး ကြဲချပေးခဲ့သူ အစ်ကိုက ဆံပင်ကောက်လေးတွေနဲ့လေ။ ပြီးတော့ တရုတ်စကားပန်းတွေကိုလည်း သိပ်ချစ်တာတဲ့။
မိုးရေစက်တွေအောက်က အေးစက်စက်လက်တွေနဲ့ အစ်ကိုက သူမတူအောင် နွေးထွေးတယ်။ သူစိမ်းတစ်ယောက်က ဘာလို့ ဒီလောက်ထိ နွေးထွေးပြီး ကိုယ့်အပေါ် ကောင်းနေရသလဲလို့လည်း ကျွန်တော် ခဏခဏ အဖြေထုတ်ခဲ့ရတယ်။ မျက်လုံးအကြည့်တွေကအစ စကားလုံးတွေအဆုံး ညင်သာလွန်းတဲ့ အစ်ကိုဟာ ကျွန်တော့်နှလုံးသားကို သိမ်မွေ့စွာပဲ အပိုင်ယူခဲ့တယ်။ ဟုတ်တယ်။ ကျွန်တော် အစ်ကို့အပေါ်ကို ရိုးရှင်းစွာနဲ့ပဲ ငြိတွယ်မိခဲ့တယ်။ အဲဒီငြိတွယ်မှုဟာလည်း အချစ်ဖြစ်ခဲ့ပါတယ်။
အချစ်အကြောင်းကို ပြောဖြစ်ခဲ့တဲ့ နေ့ကို ကျွန်တော် မမေ့ဘူး။ စိန်ပန်းပင်အောက်က ကွပ်ပျစ်မှာထိုင်ရင်း ကျွန်တော့်ကို ကြည့်နေတဲ့ အစ်ကို့ရဲ့အချစ်က တစ်စုံတစ်ယောက်ကို နေရာတိုင်းမှာထည့်ပြီး နေထိုင်နေတဲ့ ရှင်သန်မှုမျိုးတဲ့။ အဲဒီအခိုက်မှာလေ... ကျွန်တော်ဟာ လောဘကြီးစွာနဲ့ အစ်ကို့ရဲ့ နေရာတိုင်းမှာ ရှိချင်မိသွားတာပဲ။
အစ်ကိုက ကျွန်တော့်အချစ်ကိုရော မေးလာသေးတယ်။ ကျွန်တော် အပြင်းအထန် စဥ်းစားမိတာပဲ။ ဒါပေမဲ့ အချစ်လို့ တွေးလိုက်တိုင်း ကျွန်တော် မြင်တာက အစ်ကိုပဲဖြစ်နေတယ်။ ဆံပင်ကောက်ကောက်လေးတွေနဲ့ အစ်ကို။ အသားညိုညိုနဲ့ အစ်ကို။ အမြဲရွှင်လန်းနေတတ်တဲ့ အစ်ကို။ တရုတ်စကားပန်းတွေကို ချစ်တဲ့အစ်ကို။ ကျွန်တော် သိသမျှ အချစ်ဟာ အစ်ကိုက လွဲပြီး အခြားမရှိခဲ့ဘူး။
'ဘာကြောင့်လဲ ဘာအတွက်လဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါဘဲ...'
အချစ်ကိုသိပြီးတဲ့နောက်မှာ ဘာကြောင့်ချစ်တာလဲဆိုတဲ့ မေးခွန်းကိုလည်း ကျွန်တော် စဥ်းစားမိပြန်တယ်။ ဘာလို့လဲ။ ဘာလို့ အစ်ကို့ကိုချစ်တာလဲ။ ဒီမေးခွန်းကို ကျွန်တော် တစ်လျှောက်လုံး အဖြေရှာလာခဲ့တာ။ ဒါပေမဲ့... ဦးထီးရဲ့ သီချင်းလိုပါပဲ။ မေးဖို့လွယ်လှတဲ့ အဲ့မေးခွန်းက ဖြေဖို့တော့ အခက်သားပဲ။ ဟိုဟာလိုလို၊ ဒီဟာလိုလိုနဲ့ သိသလို၊ မသိသလိုပါပဲလေ။
'ပန်ချင်သူမရှိလဲ အချိန်တန်ရင်
ပန်းကတော့ပွင့်နေမှာပဲ
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တစ်ကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်...'
ပန်းတွေဘာလို့ပွင့်လာတာလဲ။ လူတွေပန်ဖို့လား။ ဟင့်အင်း၊ မဟုတ်ဘူးလေ။ ပွင့်ချိန်တန်လို့ ပွင့်လာတာမလား။ ဒီလိုပဲတွေးရလေမလား။ မပြောတတ်ပြန်ပါ။ ကျွန်တော် ပြောလည်းမပြောတတ်သလို၊ တွေးလည်း မတွေးတတ်ပြန်ဘူး။ ဒီအကြောင်းကိုလည်း စာတစ်သံ၊ ပေတစ်သံနဲ့ မရွတ်တတ်ပြန်ဘူး။ ကျွန်တော် သိတာတစ်ခုပဲရှိတယ်။ အဲဒါက ကျွန်တော်... အစ်ကို့ကို ချစ်တယ်။
'ဘယ်လောက်လဲ ဘယ်အထိလဲ
ကိုယ်ကချစ်နေရတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလိုမသိသလိုပါဘဲ...'
ချစ်လား၊ ဘယ်လောက်ထိ ချစ်လဲဆိုတဲ့ မေးခွန်းကို ကြားဖူးမှာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ပေါက်စလေးတုန်းက မေးခဲ့ဖူးတာကို။ ဖေဖေတို့ကိုပါလေ။ ဖေဖေတို့ကတော့ ကျွန်တော်ပေါက်စကို ကျေနပ်အောင် စကြဝဠာကြီးလောက်ချစ်တယ်လို့ ဖြေခဲ့ကြတာပဲ။ ကျွန်တော် အသက်ကြီးလာမှ သိခဲ့တာတစ်ခုက အချစ်ဟာ မတိုင်းတာသင့်ဘူးဆိုတာပေါ့။ တကယ်တော့ တိုင်းတာလို့လည်း မရပါဘူးလေ။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို တိုင်းတာလို့ရတဲ့အရာမှ မရှိဘဲ။
ဒီလိုပါပဲ။ သူ အစ်ကို့ကို ချစ်တဲ့အချစ်ဟာလည်း အတိုင်းအဆမဲ့တယ်။ ဟိုလိုလည်း ပြောမရဘူး၊ ဒီလိုလည်း ပြောမရဘူး။ မေးလွယ်၊ အဖြေခက်တဲ့ မေးခွန်းပါပဲ။
'ပင်လယ်ဘယ်လောက်ကြီးကြီး
အိုင်ငယ်ဘယ်လောက်သေးသေး
ရေ...ရေချင်းတော့အတူ
အပိုတွေကိုမဆိုတတ်ဘူး
အစ်ကိုကရော ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ။ မပြောတတ်ပြန်ဘူး။ ဒါပေမဲ့ အစ်ကို့ထက်မပိုရင်တောင် မလျော့တဲ့မေတ္တာတွေနဲ့ ကျွန်တော် အစ်ကို့ကို ချစ်တယ်။ ပင်လယ်ထဲက ရေနဲ့၊ အိုင်ငယ်ထဲကရေဟာ ရေချင်းတူသလိုပဲ ကျွန်တော်နဲ့ အစ်ကို့ရဲ့ အချစ်ဟာလည်း အချစ်ချင်းတူညီပြီး ထပ်တူကျတယ်။
'ဘယ်ကစလဲ ဘယ်မှာဆုံးမလဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလိုမသိသလိုပါဘဲ'
ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် သိပ်ကြောက်တာ။ အစ်ကို့အပေါ် ထားရှိတဲ့ ကျွန်တော့်အချစ်တွေဟာ တစ်နေ့ပြီးဆုံးသွားမှာကို၊ သိပ်ကြောက်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော် နောက်မှသိခဲ့ရတာက အချစ်ဟာ အလွယ်တကူ ကုန်ဆုံးရတဲ့အထိ ပေါ့ပြက်မနေဘူးဆိုတာပဲ။ ပြီးတော့ အစ်ကို့ရဲ့ နေရာတိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်အချစ်တွေရှိနေသမျှ ဒီအချစ်က ဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ဘူး။ ဒါကြောင့် ဒီမေးခွန်းကို ဖြေနိုင်တဲ့ အဖြေဟာလည်း ရှိပေမဲ့ အတိအကျဟုတ်မနေပြန်ဘူး။
'နေရာဟာမတည်ငြိမ်ခြင်း
အချိန်ဆိုတာမတည်မြဲခြင်းလို့
ယူဆကြရင်...
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်...ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်...'
ဒီလောကမှာ ဘယ်အရာမှ မတည်မြဲဘူးတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရှိနေသ၍ ဒီအချစ်တွေကတော့ မပြိုလဲနိုင်ပါဘူး။ ဒါကို ကျွန်တော် ယုံတယ်သလို အစ်ကိုလည်း ယုံတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ မမြဲခဲ့ဘူးဆိုရင်တောင် နောက်ပြန်လှည့်ကြည့်လိုက်တိုင်း ပစ်ချခဲ့ရက်စရာမရှိတဲ့ ဒီအမှတ်တရတွေကိုတော့ ကျွန်တော်ရော၊ အစ်ကိုရော တစ်သက်လုံး ထုပ်ပိုးသွားမိကြမှာပဲ။ ဘာလို့ဆို အချစ်ကြောင့်ပဲပေါ့။ ကျွန်တော်လေ... အစ်ကို့ကို သိပ်ချစ်တာပဲ။
'အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်...
တကယ်ပါမေရယ် ကိုယ်ကတော့
ဘာလို့ချစ်တာလဲ။ ဘယ်လောက်ထိချစ်တာလဲ။ ဘယ်အထိ ချစ်နေဦးမှာလဲ။ ကျွန်တော် ဘာမှမသိဘူး အစ်ကိုရဲ့။ အဖြေခက်တဲ့ မေးခွန်းတွေကို အစ်ကိုလည်း မသိချင်ပါနဲ့ အစ်ကိုရယ်။ အကြောင်းပြချက်မရှိ၊ အတိုင်းအဆမရှိ၊ အဆုံးအစမရှိတဲ့ မေတ္တာတွေကိုပဲ အချင်းချင်းဖလှယ်ရအောင်လား။
ကျွန်တော် သိတာက အစ်ကို့ကို ချစ်တယ်ဆိုတာပဲ။ အစ်ကိုလည်း သိတယ်မလား။ အစ်ကိုလည်း ယုံတယ်မလား။ ဘဝက အချစ်တစ်ခုတည်းနဲ့ မဖူလုံပေမဲ့ ကျွန်တော့်နှလုံးသားကတော့ အစ်ကို့အချစ်နဲ့တင် လုံလောက်ပါတယ်။ ဒါကြောင့် အစ်ကို့နှလုံးသားကိုလည်း ကျွန်တော့်ရဲ့ အချစ်တွေနဲ့ ဖြည့်ပေးမယ် အစ်ကို။ ချစ်ခြင်းမေတ္တာရဲ့ စာမျက်နှာတွေမှာ အစ်ကို့နာမည်ကို အစချီလို့ အစ်ကို့ကိုချစ်တဲ့အကြောင်းတွေ ချရေးထားတယ်။ တကယ်ပါ... အစ်ကိုရဲ့၊ ကျွန်တော်ကတော့လေ ချစ်တာတစ်ခုတည်းပဲ သိတော့တယ်။
🎧
၃၁.၁၂.၂၀၂၄
မထင်မှတ်ဘဲ ရေးမိသွားတဲ့ Extraလေးပါ💛 အဆင်ပြေမယ်ဆိုရင် ဦးထီးရဲ့ ချစ်တာတစ်ခုတည်းသိတယ်ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး ဖတ်ကြည့်ကြည့်ပါနော်🌿 Happy New Yearပါဗျ🎉
°°°°°°°°°°
Zawgyi
Background Music-ခ်စ္တာတစ္ခုတည္းသိတယ္ by စိုင္းထီးဆိုင္
🎧
အခ်စ္ဆိုတဲ့အရာကို ဘာမွန္းမသိခဲ့တဲ့အခ်ိန္က ဘယ္လိုအရာျဖစ္မလဲဆိုတာကို ကြၽန္ေတာ္ စိတ္ကူးယဥ္ၾကည့္ခဲ့ဖူးတယ္။ စာအုပ္ေတြ၊ ရုပ္ရွင္ေတြထဲကလို ၾကည္ႏူးစရာေကာင္းတာမ်ိဳးလား။ ဒါမွမဟုတ္ အျပင္က လူႀကီးေတြေျပာေနၾကသလို စမ္းသပ္ၾကည့္လို႔ မေကာင္းတဲ့၊ အႏၲရာယ္မ်ားတဲ့ အရာမ်ိဳးလား။ ဒါေပမဲ့ ဘာတစ္ခုကိုမွ ေရေရရာရာ မသိခဲ့ဖူးဘူး။
ဒါေပမဲ့လည္း အခ်စ္ကို ရွာဖို႔ ေမ့ေနတဲ့အခ်ိန္က်မွ အခ်စ္ဟာ ကြၽန္ေတာ့္ဆီကို တည့္တည့္ပဲ ဝင္ေရာက္လာခဲ့တယ္။ ေအးစက္တဲ့ မိုးေရစက္ေတြကပဲ အခ်စ္ဟာ ႏူးညံ့ညင္သာၿပီး ေနြးေထြးေၾကာင္းကို ကြၽန္ေတာ့္ကို ျပသေပးခဲ့တယ္။ အစ္ကိုတဲ့။ ကြၽန္ေတာ့္ရင္ကို မိုးစက္ေတြနဲ႔အတူ ေနေရာင္ျခည္ေတြလို ေဖာက္ဝင္လာခဲ့သူဟာ အစ္ကိုတဲ့ေလ။
ကြၽန္ေတာ့္အေပၚကို အခ်စ္ရဲ့အပိုင္းအစေတြကို အလွပဆံုး ႀကဲခ်ေပးခဲ့သူ အစ္ကိုက ဆံပင္ေကာက္ေလးေတြနဲ႔ေလ။ ၿပီးေတာ့ တရုတ္စကားပန္းေတြကိုလည္း သိပ္ခ်စ္တာတဲ့။
မိုးေရစက္ေတြေအာက္က ေအးစက္စက္လက္ေတြနဲ႔ အစ္ကိုက သူမတူေအာင္ ေနြးေထြးတယ္။ သူစိမ္းတစ္ေယာက္က ဘာလို႔ ဒီေလာက္ထိ ေနြးေထြးၿပီး ကိုယ့္အေပၚ ေကာင္းေနရသလဲလို႔လည္း ကြၽန္ေတာ္ ခဏခဏ အေျဖထုတ္ခဲ့ရတယ္။ မ်က္လံုးအၾကည့္ေတြကအစ စကားလံုးေတြအဆံုး ညင္သာလြန္းတဲ့ အစ္ကိုဟာ ကြၽန္ေတာ့္ႏွလံုးသားကို သိမ္ေမြ့စြာပဲ အပိုင္ယူခဲ့တယ္။ ဟုတ္တယ္။ ကြၽန္ေတာ္ အစ္ကို႔အေပၚကို ရိုးရွင္းစြာနဲ႔ပဲ ၿငိတြယ္မိခဲ့တယ္။ အဲဒီၿငိတြယ္မႈဟာလည္း အခ်စ္ျဖစ္ခဲ့ပါတယ္။
အခ်စ္အေၾကာင္းကို ေျပာျဖစ္ခဲ့တဲ့ ေန့ကို ကြၽန္ေတာ္ မေမ့ဘူး။ စိန္ပန္းပင္ေအာက္က ကြပ္ပ်စ္မွာထိုင္ရင္း ကြၽန္ေတာ့္ကို ၾကည့္ေနတဲ့ အစ္ကို႔ရဲ့အခ်စ္က တစ္စံုတစ္ေယာက္ကို ေနရာတိုင္းမွာထည့္ၿပီး ေနထိုင္ေနတဲ့ ရွင္သန္မႈမ်ိဳးတဲ့။ အဲဒီအခိုက္မွာေလ... ကြၽန္ေတာ္ဟာ ေလာဘႀကီးစြာနဲ႔ အစ္ကို႔ရဲ့ ေနရာတိုင္းမွာ ရိွခ်င္မိသြားတာပဲ။
အစ္ကိုက ကြၽန္ေတာ့္အခ်စ္ကိုေရာ ေမးလာေသးတယ္။ ကြၽန္ေတာ္ အျပင္းအထန္ စဥ္းစားမိတာပဲ။ ဒါေပမဲ့ အခ်စ္လို႔ ေတြးလိုက္တိုင္း ကြၽန္ေတာ္ ျမင္တာက အစ္ကိုပဲျဖစ္ေနတယ္။ ဆံပင္ေကာက္ေကာက္ေလးေတြနဲ႔ အစ္ကို။ အသားညိုညိုနဲ႔ အစ္ကို။ အၿမဲရႊင္လန္းေနတတ္တဲ့ အစ္ကို။ တရုတ္စကားပန္းေတြကို ခ်စ္တဲ့အစ္ကို။ ကြၽန္ေတာ္ သိသမ်ွ အခ်စ္ဟာ အစ္ကိုက လြဲၿပီး အျခားမရိွခဲ့ဘူး။
'ဘာေၾကာင့္လဲ ဘာအတြက္လဲ
ကိုယ္ကခ်စ္ေနမိတာ
ေမးရန္လြယ္ေပမယ့္ အေျဖခက္
သိသလို မသိသလိုပါဘဲ...'
အခ်စ္ကိုသိၿပီးတဲ့ေနာက္မွာ ဘာေၾကာင့္ခ်စ္တာလဲဆိုတဲ့ ေမးခြန္းကိုလည္း ကြၽန္ေတာ္ စဥ္းစားမိျပန္တယ္။ ဘာလို႔လဲ။ ဘာလို႔ အစ္ကို႔ကိုခ်စ္တာလဲ။ ဒီေမးခြန္းကို ကြၽန္ေတာ္ တစ္ေလ်ွာက္လံုး အေျဖရွာလာခဲ့တာ။ ဒါေပမဲ့... ၪီးထီးရဲ့ သီခ်င္းလိုပါပဲ။ ေမးဖို႔လြယ္လွတဲ့ အဲ့ေမးခြန္းက ေျဖဖို႔ေတာ့ အခက္သားပဲ။ ဟိုဟာလိုလို၊ ဒီဟာလိုလိုနဲ႔ သိသလို၊ မသိသလိုပါပဲေလ။
'ပန္ခ်င္သူမရိွလဲ အခ်ိန္တန္ရင္
ပန္းကေတာ့ပြင့္ေနမွာပဲ
အပိုေတြကိုမဆိုတတ္ဘူး
သာမာန္လူတစ္ေယာက္မို႔ေလ
တစ္ကယ္ပါေမရယ္ ကိုယ္ကေတာ့
ခ်စ္တာတစ္ခုတည္းသိတယ္...'
ပန္းေတြဘာလို႔ပြင့္လာတာလဲ။ လူေတြပန္ဖို႔လား။ ဟင့္အင္း၊ မဟုတ္ဘူးေလ။ ပြင့္ခ်ိန္တန္လို႔ ပြင့္လာတာမလား။ ဒီလိုပဲေတြးရေလမလား။ မေျပာတတ္ျပန္ပါ။ ကြၽန္ေတာ္ ေျပာလည္းမေျပာတတ္သလို၊ ေတြးလည္း မေတြးတတ္ျပန္ဘူး။ ဒီအေၾကာင္းကိုလည္း စာတစ္သံ၊ ေပတစ္သံနဲ႔ မရြတ္တတ္ျပန္ဘူး။ ကြၽန္ေတာ္ သိတာတစ္ခုပဲရိွတယ္။ အဲဒါက ကြၽန္ေတာ္... အစ္ကို႔ကို ခ်စ္တယ္။
'ဘယ္ေလာက္လဲ ဘယ္အထိလဲ
ကိုယ္ကခ်စ္ေနရတာ
ေမးရန္လြယ္ေပမယ့္ အေျဖခက္
သိသလိုမသိသလိုပါဘဲ...'
ခ်စ္လား၊ ဘယ္ေလာက္ထိ ခ်စ္လဲဆိုတဲ့ ေမးခြန္းကို ၾကားဖူးမွာေပါ့။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေပါက္စေလးတုန္းက ေမးခဲ့ဖူးတာကို။ ေဖေဖတို႔ကိုပါေလ။ ေဖေဖတို႔ကေတာ့ ကြၽန္ေတာ္ေပါက္စကို ေက်နပ္ေအာင္ စၾကဝဠာႀကီးေလာက္ခ်စ္တယ္လို႔ ေျဖခဲ့ၾကတာပဲ။ ကြၽန္ေတာ္ အသက္ႀကီးလာမွ သိခဲ့တာတစ္ခုက အခ်စ္ဟာ မတိုင္းတာသင့္ဘူးဆိုတာေပါ့။ တကယ္ေတာ့ တိုင္းတာလို႔လည္း မရပါဘူးေလ။ မိဘေတြရဲ့ ခ်စ္ျခင္းေမတၲာကို တိုင္းတာလို႔ရတဲ့အရာမွ မရိွဘဲ။
ဒီလိုပါပဲ။ သူ အစ္ကို႔ကို ခ်စ္တဲ့အခ်စ္ဟာလည္း အတိုင္းအဆမဲ့တယ္။ ဟိုလိုလည္း ေျပာမရဘူး၊ ဒီလိုလည္း ေျပာမရဘူး။ ေမးလြယ္၊ အေျဖခက္တဲ့ ေမးခြန္းပါပဲ။
'ပင္လယ္ဘယ္ေလာက္ႀကီးႀကီး
အိုင္ငယ္ဘယ္ေလာက္ေသးေသး
ေရ...ေရခ်င္းေတာ့အတူ
အစ္ကိုကေရာ ကြၽန္ေတာ့္ကို ဘယ္ေလာက္ခ်စ္လဲ။ မေျပာတတ္ျပန္ဘူး။ ဒါေပမဲ့ အစ္ကို႔ထက္မပိုရင္ေတာင္ မေလ်ာ့တဲ့ေမတၲာေတြနဲ႔ ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္တယ္။ ပင္လယ္ထဲက ေရနဲ႔၊ အိုင္ငယ္ထဲကေရဟာ ေရခ်င္းတူသလိုပဲ ကြၽန္ေတာ္နဲ႔ အစ္ကို႔ရဲ့ အခ်စ္ဟာလည္း အခ်စ္ခ်င္းတူညီၿပီး ထပ္တူက်တယ္။
'ဘယ္ကစလဲ ဘယ္မွာဆံုးမလဲ
ကိုယ္ကခ်စ္ေနမိတာ
ေမးရန္လြယ္ေပမယ့္ အေျဖခက္
သိသလိုမသိသလိုပါဘဲ'
ဒီေမးခြန္းရဲ့ အေျဖကို ကြၽန္ေတာ္ သိပ္ေၾကာက္တာ။ အစ္ကို႔အေပၚ ထားရိွတဲ့ ကြၽန္ေတာ့္အခ်စ္ေတြဟာ တစ္ေန့ၿပီးဆံုးသြားမွာကို၊ သိပ္ေၾကာက္ခဲ့ရတာ။ ဒါေပမဲ့ ကြၽန္ေတာ္ ေနာက္မွသိခဲ့ရတာက အခ်စ္ဟာ အလြယ္တကူ ကုန္ဆံုးရတဲ့အထိ ေပါ့ျပက္မေနဘူးဆိုတာပဲ။ ၿပီးေတာ့ အစ္ကို႔ရဲ့ ေနရာတိုင္းမွာ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္အခ်စ္ေတြရိွေနသမ်ွ ဒီအခ်စ္က ဘယ္ေတာ့မွၿပီးဆံုးသြားမွာမဟုတ္ဘူး။ ဒါေၾကာင့္ ဒီေမးခြန္းကို ေျဖႏိုင္တဲ့ အေျဖဟာလည္း ရိွေပမဲ့ အတိအက်ဟုတ္မေနျပန္ဘူး။
'ေနရာဟာမတည္ၿငိမ္ျခင္း
အခ်ိန္ဆိုတာမတည္ၿမဲျခင္းလို႔
ယူဆၾကရင္...
အပိုေတြကိုမဆိုတတ္ဘူး
သာမာန္လူတစ္ေယာက္မို႔ေလ
တကယ္ပါေမရယ္...ကိုယ္ကေတာ့
ခ်စ္တာတစ္ခုတည္းသိတယ္...'
ဒီေလာကမွာ ဘယ္အရာမွ မတည္ၿမဲဘူးတဲ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ့ စိတ္ထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရိွေနသ၍ ဒီအခ်စ္ေတြကေတာ့ မၿပိဳလဲႏိုင္ပါဘူး။ ဒါကို ကြၽန္ေတာ္ ယံုတယ္သလို အစ္ကိုလည္း ယံုတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ပါေလ၊ မၿမဲခဲ့ဘူးဆိုရင္ေတာင္ ေနာက္ျပန္လွည့္ၾကည့္လိုက္တိုင္း ပစ္ခ်ခဲ့ရက္စရာမရိွတဲ့ ဒီအမွတ္တရေတြကိုေတာ့ ကြၽန္ေတာ္ေရာ၊ အစ္ကိုေရာ တစ္သက္လံုး ထုပ္ပိုးသြားမိၾကမွာပဲ။ ဘာလို႔ဆို အခ်စ္ေၾကာင့္ပဲေပါ့။ ကြၽန္ေတာ္ေလ... အစ္ကို႔ကို သိပ္ခ်စ္တာပဲ။
'အပိုေတြကိုမဆိုတတ္ဘူး
သာမာန္လူတစ္ေယာက္မို႔ေလ
တကယ္ပါေမရယ္ ကိုယ္ကေတာ့
ခ်စ္တာတစ္ခုတည္းသိတယ္...
တကယ္ပါေမရယ္ ကိုယ္ကေတာ့
ခ်စ္တာတစ္ခုတည္းသိတယ္...'
ဘာလို႔ခ်စ္တာလဲ။ ဘယ္ေလာက္ထိခ်စ္တာလဲ။ ဘယ္အထိ ခ်စ္ေနၪီးမွာလဲ။ ကြၽန္ေတာ္ ဘာမွမသိဘူး အစ္ကိုရဲ့။ အေျဖခက္တဲ့ ေမးခြန္းေတြကို အစ္ကိုလည္း မသိခ်င္ပါနဲ႔ အစ္ကိုရယ္။ အေၾကာင္းျပခ်က္မရိွ၊ အတိုင္းအဆမရိွ၊ အဆံုးအစမရိွတဲ့ ေမတၲာေတြကိုပဲ အခ်င္းခ်င္းဖလွယ္ရေအာင္လား။
ကြၽန္ေတာ္ သိတာက အစ္ကို႔ကို ခ်စ္တယ္ဆိုတာပဲ။ အစ္ကိုလည္း သိတယ္မလား။ အစ္ကိုလည္း ယံုတယ္မလား။ ဘဝက အခ်စ္တစ္ခုတည္းနဲ႔ မဖူလံုေပမဲ့ ကြၽန္ေတာ့္ႏွလံုးသားကေတာ့ အစ္ကို႔အခ်စ္နဲ႔တင္ လံုေလာက္ပါတယ္။ ဒါေၾကာင့္ အစ္ကို႔ႏွလံုးသားကိုလည္း ကြၽန္ေတာ့္ရဲ့ အခ်စ္ေတြနဲ႔ ျဖည့္ေပးမယ္ အစ္ကို။ ခ်စ္ျခင္းေမတၲာရဲ့ စာမ်က္ႏွာေတြမွာ အစ္ကို႔နာမည္ကို အစခ်ီလို႔ အစ္ကို႔ကိုခ်စ္တဲ့အေၾကာင္းေတြ ခ်ေရးထားတယ္။ တကယ္ပါ... အစ္ကိုရဲ့၊ ကြၽန္ေတာ္ကေတာ့ေလ ခ်စ္တာတစ္ခုတည္းပဲ သိေတာ့တယ္။
🎧
၃၁.၁၂.၂၀၂၄
မထင္မွတ္ဘဲ ေရးမိသြားတဲ့ Extraေလးပါ💛 အဆင္ေျပမယ္ဆိုရင္ ၪီးထီးရဲ့ ခ်စ္တာတစ္ခုတည္းသိတယ္ဆိုတဲ့ သီခ်င္းေလးကို နးာေထာင္ၿပီး ဖတ္ၾကည့္ၾကည့္ပါေနာ္🌿 Happy New Yearပါဗ်🎉
You are reading the story above: TeenFic.Net