Unicode
ပစ္စည်းများသိမ်းပြီးသည့်နောက် အိပ်ရန်ကြိုးစားသော်လည်း မင်းခွန်မှိုင်းအိပ်၍မရ။ Kite စိတ်ဆိုးသွားသည်ဟူသောအတွေးက သူ့အားနေရထိုင်ရခက်စေသည်။ သူ့ဘာသာစိတ်ဆိုးတာ သူ့အရေးလည်းမဟုတ်။ သို့ပေမဲ့ သူ့အမှားကြောင့်ပင်မဟုတ်ပေဘူးလား။ မင်းခွန်မှိုင်းဆိုသည်မှာ စိတ်ကိုကမျောက်စိတ်။ ချော့ရမည်လား၊ မချော့ဘဲနေရမည်လား တွေးရင်းခေါင်းပူလာသည်။ ချော့ရအောင်လည်း သူကဘယ်ရောက်နေမှန်းမသိ၊ ကိုယ်ယောင်ပျောက်နေလေသည်။
"Kite...
Kite.....မင်းရှိနေလား"
ဆက်တိုက်ခေါ်ပြီး စမ်းတဝါးဝါးရှာနေပေမဲ့ ပေါ်မလာ။ မိမိကချော့ရန် ခေါ်နေသည်ကိုပင် သင်းကအကြောကြီးနှင့် ပေါ်မလာ။
"ဘာပြောမလို့လဲ"
ပစ်ထားလိုက်တော့မည်ဟုတွေးနေစဉ်မှာပင် သူပေါ်လာ၏။ ကုတင်ခြေရင်းတွင် မင်းခွန်မှိုင်းအားကျောပေးလျက် ထိုင်နေခြင်းဖြစ်သည်။ ယခုအထိလည်း သူ့အားလှည့်ကြည့်သည်မဟုတ်။ မိမိကိုကယ်ထားသည်ဆိုတော့လည်း မိမိဘက်ကပင်လျှော့သင့်သည်။ မင်းခွန်မှိုင်းသည် ထိုမျှလောက်လူမှုရေး မခေါင်းပါးသေး။ ကုတင်ခြေရင်းသို့ တင်တရွတ်တိုက်ရင်း ရွေ့သွားကာ Kiteနောက်ကျောတည့်တည့်နောက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
"ငါ့ကိုစိတ်ဆိုးနေတာလား"
"မဆိုးပါဘူး"
ဖြေပေမဲ့လှည့်မကြည့်။
"တကယ်လား"
"မင်းဘာသာမင်းသာဂရုစိုက်...ဒါဆိုအဆင်ပြေတယ်။ ဟုတ်ပြီလား"
Kiteစိတ်ဆိုးမနေတော့၍ တော်သေးသည်။ သူယခုမှ စိတ်သက်သာရာရသည်။
"ငါ့ကိုကယ်တာလည်း....ကျေးဇူးပဲ"
Kiteသည်သက်ပြင်းလေးချလျက် သူ့အား လည်ပြန်လှည့်ကြည့်လာသည်။ မင်းခွန်မှိုင်းလည်း မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် ငါးခူပြုံးပြုံးပြလိုက်သည်။ စိတ်မပါဘဲ မျက်နှာချိုသွေးဖို့ဆိုသည်မှာ လွယ်သည်မဟုတ်။ ကြိုးစားပြီးပြုံးနေသည့်ကြားက ငါးခူပြုံးဖြစ်သွားတာပဲကြည့်။ Kiteသည် မင်းခွန်မှိုင်းအပြုံးကြီးကိုမြင်တော့ ဟက်ခနဲရယ်ချမိသည်။ ပြီးမှ မျက်နှာပြန်တည်လိုက်သည်။
"ငါကငါ့တာဝန်အရ ကယ်တာ။ ကျေးဇူးတင်မနေနဲ့။ အခုအိပ်တော့ ၊ မနက်စောစောထရမှာမလား"
"ငါအိပ်မှာပါ။ မင်းကရော မအိပ်ဘူးလား"
"ငါအိပ်ရင်မင်းကိုဘယ်သူစောင့်ရှောက်မှာလဲ။ ပြီးတော့ ငါကမအိပ်ဘဲလည်းနေလို့ရပါတယ်။ မင်းကအိပ်စေချင်ရင်တော့ ငါအိပ်ပေးပါ့မယ်။ ဒါပေမဲ့..."
ပြောနေရင်း ရပ်သွားသောလေသံ၌ တစ်ခုခုကြံစည်နေကြောင်း အရိပ်အငွေ့ပါသည်။
"ငါကမင်းပေါင်လေးပေါ်မှာမှမဟုတ်ရင် အိပ်မပျော်ဘူး..."
မင်းခွန်မှိုင်း မျက်နှာအိုကြီးဖြင့်သာ သကောင့်သားကို စိုက်ကြည့်မိတော့သည်။ ညနေကကယ်ထားပေးသဖြင့် ကျေးဇူးတင်နေသည့် စိတ်ကလေးများကလည်း အလိုလိုပျောက်ကွယ်သွားတော့၏။
"တော်ပြီ။ မင်းဘာသာမင်းအိပ်ချင်အိပ်မအိပ်ချင်နေ"
Kiteဖိထိုင်ထားသည့်စောင်ကိုဆွဲယူပြီး လည်ပင်းထိတက်ခြုံလိုက်သည်။ နွေရာသီဆိုပေမဲ့ အဲကွန်းကျေးဇူးကြောင့် စောင်ခြုံနိုင်သည်။ Kiteသည်လည်း နှစ်ယောက်အိပ်ကုတင်၏ လွတ်နေသောတစ်ဖက်တွင် ဝင်လှဲလိုက်ရင်း မင်းခွန်မှိုင်းဆိုသည့်ကောင်လေးရှိရာသို့ မျက်နှာမူလိုက်သည်။ အိပ်ချိန်များအထိဆူပွပွဖြင့် မျက်နှာလေး။ အပြုံးအရယ်ဆိုသည်မှာ အစားအသောက်ရှေ့မှာပင် ရှိသည့်ကောင်လေး။ ဘုကလန့်ပြော၊ အရွဲ့တိုက်တတ်သည့်ကောင်လေး။ သည်ကောင်လေးဘက်မှ မိမိကိုချစ်လာစေဖို့ဆိုသည်မှာ ခဲယဉ်းလွန်းပါပေသည်။
"Kite"
မျက်လုံးမဖွင့်ဘဲ သူ့နာမည်အားခေါ်သည်။
"ဘာလဲ"
ခပ်အေးအေးပြန်ဖြေလိုက်သည်။
"မီးလေးသွားပိတ်ပေးပါလား။ မျက်လုံးစူးလို့။"
"မင်းဘာသာထပိတ်လေ"
"လုပ်ပါကွာ...ငါတကယ်ပင်ပန်းနေပြီ။ မထနိုင်တော့ဘူး"
တကယ့်အရှုပ်ထုပ်ပါပင်။ ပြောမယ့်သာပြောပေမယ့် မနေသာတော့ လုပ်ပေးလိုက်ရသည်။ ကောင်းကောင်းအိပ်စက်ပါတော့ ကောင်ဆိုးလေး။
"Kite"
သင်းလေးကအိပ်ကိုမအိပ်နိုင်သေး။ ဘာတွေခိုင်းဦးမည်လဲ မသိ။
"ဘာလဲကွာ"
စိတ်မရှည်စွာဖြေမိတော့ သူကသက်ပြင်းပြန်ချသည်။ မင်းခွန်မှိုင်းသည် လူကိုယ်တိုင်ကသာကန့်လန့်၊ သူများကသူ့အား ကန့်လန့်လုပ်လျှင်ကျ မကြိုက်။ တကယ့်ကို တစ်ကိုယ်ကောင်းအကျင့်ပုတ်။
"မင်း စောစောက ငါနဲ့စိတ်ဆိုးပြီးပျောက်သွားတော့ ဘယ်တွေသွားနေသေးလဲ။ ငါ့အနားမှာပဲနေတာလား"
အိပ်စရာရှိသည်ကိုမအိပ်ဘဲ စပ်စုနေပြန်၏။
"မင်းအနားမှာမနေဘူး။ စိတ်တိုတာပျောက်အောင် ခွေးစာသွားကျွေးနေတာ"
"ဟမ်...မင်းမှာခွေးရှိတာလား"
"ရှိတာပေါ့။ သုံးကောင်တောင်။ အဲ့ကောင်တွေက လူသားလည်းစားတယ်။ ငါကျွေးရင်အကုန်လုံးကိုစားတာ။ မင်းကိုတောင်ကျွေးပစ်ရင်ကောင်းမလား စဉ်းစားနေတာ"
"မင်းကျွေးရက်ရင်ကျွေးပေါ့ကွာ။ ငါလည်းအသက်ရှင်ဖို့ရက် သိပ်မကျန်တော့ဘူးမလား။"
မင်းခွန်မှိုင်းအသက်ဆက်ရှင်ရန် ၂၃ရက်သာကျန်တော့၏....။
"သေဖို့အထိတောင်တွေးပြီးပြီလား။ မင်းငါ့ကိုချစ်ဖို့လုံးဝစိတ်ကူးမရှိဘူးပဲ။"
"မင်းလည်းငါ့အကြောင်းသိရက်နဲ့ Kiteရာ။ မင်းကိုချစ်ဖို့ ငါတွေးလို့တောင်မရဘူး။ ဒီတော့ ကျန်တဲ့ရက်တွေမှာ ငါအကောင်းဆုံးရှင်သန်ဖို့ပဲ ကြိုးစားတော့မယ်။"
Kiteဆီမှ မည့်သည့်တန်ပြန်စကားမှမကြားရတော့ဘဲ တိတ်ဆိတ်သွားသည်။ မင်းခွန်မှိုင်းကလည်း မနိုင်သည့်လမ်းကိုမှ ရွေးခဲ့မိသည်မဟုတ်လား။ အနည်းဆုံးတော့ ရုတ်တရက်သေသွားပြီး အားလုံးကို သည်တိုင်းထားခဲ့ရမှာထက်စာလျှင်တော့ သာပါသေးသည်။
စိတ်ကိုလျှော့ချပြီး အတွေးကိုရပ်ကာအိပ်ဖို့ ကြိုးစားလိုက်တော့သည်။
************************************
"မင်းခွန်မှိုင်း...ဟိတ်ကောင်...ထတော့။ ငါတောင်ကားပေါ် ပစ္စည်းတွေတင်ပြီးနေပြီ။ မင်းခွန်မှိုင်း..."
ပြန်ရန်စီစဉ်ထားသည့် အချိန်အထိမထသေးဘဲ အိပ်ပျော်နေသည့် မင်းခွန်မှိုင်းအား နှိုးရသည်မှာ နွားကိုမယ်ဒလင်တီးပြသည့်နှယ်။ တုပ်တုပ်မျှပင်မလှုပ်။ နွားကမှ မျက်စိနောက်လျှင်ထဝှေ့ဦးမည်။ မင်းခွန်မှိုင်းကတော့ နေမြဲအတိုင်းနေ၊ အိပ်မြဲအတိုင်းအိပ်ပင်။
"လဒလေးရေ...ထပါတော့။ ရောင်နီလာလှပေါ့..."
အမြင်ကပ်ကပ်ဖြင့် သားချော့တေးပင်ကောက်ဆိုမိလိုက်သည်။ သင်းကဖက်လုံးလေးကိုပင် သေချာခွလိုက်သေး၏။ စိတ်မရှည်တော့၍ ရေဖြင့်ပက်ပြီးနှိုးရန် ရေချိုးခန်းထဲမှ ရေခွက်တစ်ခွက်ဖြင့် ရေအပြည့်ထည့်ကာထွက်လာတော့ သူကနိုးနေသည့်အပြင်ခေါင်းလေးတကုတ်ကုတ်နှင့် ငုတ်တုတ်ပင် ထထိုင်နေပြီ။ သူဒုက္ခရောက်တော့မှာ ကြိုများမြင်နေသည်လားမသိ။ တတ်လည်းတတ်နိုင်သည့် မင်းခွန်မှိုင်း။
"ဟိတ်ကောင် ထတော့။ ဇိမ်ယူမနေနဲ့။ နေ့လယ်အမီပြန်ပြီး စတူဒီယိုဖွင့်ရဦးမှာ"
သည်တော့မှ မျက်မှောင်ကြီးကုတ် ယိုင်တိုင်ယိုင်တိုင်ဖြင့် ရေချိုးခန်းထဲဝင်သွားလေသည်။ ဘယ်လိုတောင်အိပ်ပုတ်ကြီးသည့်ကောင်ပါလိမ့်။ ကိုသာနှင့်များတခြားစီ။ ကိုသာဆို မနက်တိုင်းအမြဲအစောထပြီး အပြေးလေ့ကျင့်တတ်သည်။ ကိုသာ့အားတစ်နေ့တစ်ကြိမ်မှ မတွေ့ရလျှင် စားမဝင်အိပ်မပျော်သူ ငစိုင်းမှာလည်း အိပ်ရေးအပျက်ခံပြီးပင် လိုက်ချောင်းတာဝန်ကိုယူခဲ့သည်။ အမှန်တကယ်ဆို နေ့လယ်လောက်မှအေးဆေး ပြန်လည်းဖြစ်ပေမဲ့ ကိုသာ့အားလွမ်းနာကျနေသဖြင့် ပြန်ရောက်ချင်လှပြီ။ ကိုသာ့အားမတွေ့ရလျှင်တောင် ကိုသာနှင့်တစ်မြို့တည်းရှိနေသည်ဟူသောခံစားချက်လေးက သူ့စိတ်ကိုအေးချမ်းစေသည်။
အဝတ်အစားလဲပြီးသည်နှင့် မင်းခွန်မှိုင်း ကိုယ့်Lagguageအိတ်ကိုသယ်ကာ အခန်းထဲမှထွက်လာခဲ့သည်။ ထို့နောက် ဓာတ်လှေကားစောင့်နေစဉ် ဘုန်းကျော်စွာဆိုသည့်လူကြီးနှင့် တွေ့ပြန်သည်။ နှဖူးတွင်လည်း ပလာစတာများကပ်ထားသည်ဆိုတော့ မနေ့ကKiteလက်ချက်ကြောင့်ဖြစ်မည်။
"မင်းပြန်တော့မလို့လား။ ကိုယ်ကမင်းကိုမနက်စာလိုက်ကျွေးမလို့ ဒီကိုထွက်လာတာ။ မနေ့က ကိုယ်ဆေးခန်းရောက်သွားတော့ မင်းနဲ့ဒိတ်တာပျက်သွားတယ်လေ"
ဒိတ်သည်ဟူသောအတွေးသည် သည်လူကြီးဘယ်လိုများခေါင်းထဲဝင်သွားပါသနည်း။ ဦးနှောက်ကို ဗိုင်းရပ်စ်ကိုက်သွားခြင်းဖြစ်မည်။
"ဟိုမှာအလုပ်တွေရှိသေးတော့ ပြန်မှရမှာမလို့ပါ ကိုဘုန်းကျော်စွာ"
ကိုဘုန်းကျော်စွာက ခေါင်းတဆတ်ဆတ်ညိတ်လေသည်။
"ဒါဆိုလည်းနောက်မှဆုံကြတာပေါ့။ ကိုယ်ပြင်ဦးလွင်ကိုရောက်ဖြစ်ဦးမှာပါ။"
ထို့သို့ဆိုပြီး မင်းခွန်မှိုင်းသယ်လာသည့် Luggageကိုဆွဲယူလေသည်။
"ကိုယ်မင်းကိုအပြင်အထိလိုက်ပို့မယ်။ ဒီလောက်တော့ ရတယ်မဟုတ်လား"
"အားနာစရာကြီး။ ကျွန်တော့်အိတ် ကျွန်တော်သယ်ပါ့မယ်"
မင်းခွန်မှိုင်း Luggageဆီသို့ လက်လှမ်းလိုက်တော့ ကိုဘုန်းကျော်စွာသည် သူ့လက်ကောက်ဝတ်အား ဖျက်ခနဲလှမ်းကိုင်လေသည်။
"ကိုယ့်ကိုဒီလောက်တောင် ခွင့်မပြုနိုင်ဘူးလား။ မင်းပရိသတ်စစ်စစ်ပါကွာ"
သူ့အကြည့်များသည် ကြက်သီးထစရာကောင်းသည်မို့ လက်ကိုပြန်ဆွဲရုတ်လိုက်ပြီး အိတ်ကိုသာသယ်ခွင့်ပြုရတော့သည်။
"ဒါဆိုလည်း ကျေးဇူး"
ကိုဘုန်းကျော်စွာသည် ဟန်ပါပါဖြင့်ကျေကျေနပ်နပ်ကြီးပြုံးရင်း Luggage ကို ဆွဲလိုက်သော်လည်း အိတ်ကတစ်လက်မပင်ရွေ့မလာ။ ဓာတ်လှေကားသည် ပွင့်နေပြီဖြစ်သော်လည်း အိတ်ကမရွေ့။ 'ငါ့အိတ်အဲ့လောက်ထိလေးလား'ဆိုပြီး မင်းခွန်မှိုင်းပင်တွေးလိုက်မိသည်။ မျက်မှောင်ကုတ်လျက် အိတ်ကိုသေချာကြည့်နေစဉ် သူနိုးစဉ်ကတည်းကပျောက်နေသည့် Kite ပေါ်လာလေသည်။ Luggageပေါ်တွင် အခန့်သားတက်ထိုင်နေပြီး မင်းခွန်မှိုင်းအား မျက်ခုံးပင် ပင့်ပြသေးသည်။ ထို့ကြောင့် အိတ်သည်ထိုမျှလောက် လေးနေခြင်းဖြစ်မည်။ ကိုဘုန်းကျော်စွာခမျာ လိုက်ပို့မည်ပြောပြီးကာမှ အိတ်ကမရွေ့တော့ ပျာယာခတ်ပြီး ဇောချွေးများတောင်ပြန်နေချေပြီ။
"ကျွန်တော်ပဲသယ်သွားလိုက်တော့မယ်နော် ကိုဘုန်းကျော်စွာ"
မင်းခွန်မှိုင်းအိတ်ကို ပြန်ဆွဲယူချိန်တွင်တော့ Kiteကကူ၍ပင် တွန်းပေးသောကြောင့် စွေ့ခနဲပင်ရွေ့သည်။ ကိုဘုန်းကျော်စွာခမျာ မျက်လုံးကြီးပြူးသွားပြီး မျက်စိပျက် မျက်နှာပျက်။ မင်းခွန်မှိုင်းအေးဆေးသယ်လိုက်နိုင်သည့်အိတ်ကို သူမသယ်နိုင်တော့ သိက္ခာတွေအတုံးလိုက်အတစ်လိုက်ကျသည်ဟု ခံစားသွားရခြင်းဖြစ်မည်။
ကိုဘုန်းကျော်စွာသည် သူနှင့်အတူ ဓာတ်လှေကားထဲလိုက်လာပြန်သည်။ ကြားထဲတွင် Luggageကြီးအပြင် Kiteပါခြားထားသည့်အတွက် မင်းခွန်မှိုင်းစိတ်တော့အေးမိသည်။
"ဪ...ကိုယ့်ကိုမင်းဖုန်းနံပါတ်ပေးဦးလေ။ ကိုယ်တို့အလုပ်ကိစ္စဆွေးနွေးဖို့ ထပ်ဆုံလို့ရအောင်"
ကိုဘုန်းကျော်စွာသည် အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး မင်းခွန်မှိုင်းဖုန်းနံပါတ်အပြောကို အသင့်စောင့်နေလေသည်။
"ကျွန်တော့်ဖုန်းနံပါတ်က ဇီးရိုး နိုင်း..."
',,,,'
Kiteသည် ကိုဘုန်းကျော်စွာလက်ကို ရုတ်တရက်ဖြတ်ရိုက်လိုက်သဖြင့် ဖုန်းသည်လွင့်ထွက်ကာ ပြုတ်ကျသွားသည်။ ကျသည့်အသံသည် တော်တော်ပြင်းသည့်အတွက် ဖုန်းလေးအငြိမ်းစားရသွားမည်မှာသေချာသည်။ ဘုန်းကျော်စွာသည် သူ့ဖုန်းသူပြန်ကောက်ယူပြီး ဖွင့်ကြည့်သော်လည်း စက်ပင်မပွင့်တော့ချေ။ ဖုန်းသည် ရုတ်တရက်ကြီးလွင့်ထွက်သွားသည့်အတွက် လန့်လည်းလန့်သွားပုံပင်။ ဟိုကြည့်သည်ကြည့်နှင့် ကြောင်တောင်တောင်ဖြစ်နေပုံကြောင့် မင်းခွန်မှိုင်းမှာ သူ့ကိုသနားပဲသနားရမည်လား ၊ ရယ်ပဲရယ်ရမည်လား မသိတော့ချေ။ သို့ပေမဲ့ ကိုဘုန်းကျော်စွာသည် ဘာမှမဖြစ်သလိုပင် သူ့အားကြည့်လာပြီး ပခုံးတွန့်ပြသည်။
"ဟိုလေ...ကိုယ့်ဖုန်းကဖွင့်မရတော့လို့။ ကိုယ့်ဖုန်းနံပါတ်ပဲ မင်းမှတ်ထားလိုက်နော်။ ဆက်ဖို့တော့သတိရပေါ့.."
Kiteသည် မင်းခွန်မှိုင်းအား ပေစောင်းစောင်းပုံစံဖြင့် အချိုးမပြေစွာကြည့်လာသည်။ သဘောက 'မှတ်ရဲရင်မှတ်ကြည့်စမ်း'ဟုဖြစ်မည်။ သူသည်လောက် ကာကွယ်ပေးထားသည်ကို သည်ကကောင်ကဖုန်းနံပါတ်ယူလိုက်လျှင် သူ့ဖုန်းကိုပါ ပေါက်ခွဲချင်ခွဲနေဦးမည်။
"ကျွန်တော့်ဖုန်းက ဘက်ထရီမရှိတော့လို့။ ညကတည်းကသွင်းဖို့မေ့နေတာ။ ကိုဘုန်းကျော်စွာဆက်ချင်ရင် အလုပ်ဖုန်းကိုပဲဆက်လိုက်တော့နော်။ ကျွန်တော့်ကိုခွင့်ပြုပါဦး"
အောက်ထပ်လည်းရောက်ပြီမို့ ခပ်သုတ်သုတ်သာထွက်လာလိုက်တော့သည်။ နောက်ကပါလာသည့်Kiteကို တစ်ချက်လှည့်ကြည့်မိတော့ ကျေကျေနပ်နပ်ပြုံးနေပုံက အမြင်ကပ်စရာကောင်း၏။ Kiteသည် တကယ့်ကို ဒုတိယမင်းခွန်မှိုင်းဖြစ်သည်။ လုပ်ချင်ရာလုပ်ပြီးလျှင် ပြုံးပြုံး ပြုံးပြုံးဖြင့် ကျေနပ်နေတတ်တာမျိုး။ သို့ပေမဲ့ မူလပထမ မင်းခွန်မှိုင်း၏ချောမောလှပမှုကိုတော့ မည်သို့မျှမမီနိုင်ပါလေ။ ကုသိုလ်ကံပေါ့။
************************************
"ငစိုင်းနဲ့ကျော်ကြီး ငါပြန်တော့မယ်။ ၅ခွဲနေပြီ။"
"ငါလိုက်ပို့မယ်လေ ခွန်မှိုင်း။ မင်းပစ္စည်းတွေ အိမ်ပြန်သယ်ရဦးမှာမလား"
ငစိုင်းသည် တစ်ကိုယ်လုံးအကြံတွေနှင့် တည်ဆောက်ထားတဲ့ကောင်ဖြစ်သည်။ ကိုသာ့ကိုတွေ့ချင်လျှင် တွေ့ချင်သည်ပေါ့။ အလကားနေရင်း မင်းခွန်မှိုင်းကို အကြောင်းပြသည်။ ပွဲလှန့်တုန်းဖျာဝင်ခင်းသည့်သတ္တဝါ။
"လိုက်ပို့တော့ကောင်းတာပေါ့။ ကိုသာကလည်း အလုပ်တွေရှုပ်နေလို့ အိမ်ပြန်နောက်ကျမှာဆိုတော့ လာကြိုခိုင်းလို့လည်းမရဘူးလေ။ ကဲ...လာလာ သွားမယ်"
Luggageကိုဆွဲယူပြီး သွားဖို့ခေါ်တော့ ငစိုင်းသည် တစ်ခုခုသတိရသွားပုံပြုသည်။
"ငါအိမ်ကိုစောစောပြန်မှရမှာ။ အမေကစောစောပြန်ခဲ့ ၊ ခိုင်းစရာရှိလို့ဆိုပြီးမှာထားတာ။ ဆောရီး ခွန်မှိုင်းရာ။ ငါပြန်နှင့်တော့မယ်။ ကျော်ကြီး...စတူဒီယိုကိုမင်းပဲပိတ်လိုက်တော့နော်"
ချက်ချင်းပင်လစ်ထွက်သွားသည်။
"ခွေးကောင် သေနာကျ။ ငါ့အိမ်ထပ်လာရဲလာကြည့်စမ်း ၊ အိမ်ပေါက်ဝကနေကန်ထုတ်မှာ"
ငစိုင်းကိုလှမ်းကြိမ်းတော့ ငစိုင်းသည် သူ့အားပြောင်ပြသွားသည်။ ကျော်ကြီးကတော့ ရယ်နေလေသည်။
"ငါလစ်ပြီ ကျော်ကြီး"
"အေး သွားသွား ဦးစိတ်တိုလေး"
"မင်းမေကြီးတော်ကို ဦးစိတ်တိုပါလား"
ကျော်ကြီးနံရိုးကြားထဲ လက်ဝါးသိုင်းတစ်ကွက်ထိုးသွင်းပြီး ထွက်လာခဲ့တော့သည်။ သည်လိုမျိုး အမြဲရန်သတ်နေရသည့်ကောင်တွေနှင့် အတူတူထပ်ရှိရဖို့ဘယ်နှရက်မှမကျန်တော့ပါလေ။ စိတ်တူကိုယ်တူ အမြဲအတူ ရှိခဲ့ကြသူတွေမို့ သူ့မှာသံယောဇဉ်ကြီးရသည်။
"မင်းဝမ်းနည်းနေတာလား"
ဘေးနားတွင်အတူယှဉ်လျှောက်လာသည့် Kiteမှမေးခြင်းဖြစ်သည်။
"ဝမ်းမနည်းပါဘူးကွာ။ ဒီလိုပါပဲ။
"လေးရင် ပေးလေ။ ငါသယ်ပေးမယ်"
Kiteသည် Luggageကိုဆွဲယူလေသည်။ သည်လိုကျတော့လည်း အားကိုးရသားပေ။ သို့ပေမဲ့ နားချင်ပြီဖြစ်သောကြောင့် လမ်းလျှောက်မပြန်နိုင်တော့ချေ။ ကားသာအရငှားခဲ့တော့သည်။ ထို့နောက် လမ်းထိပ်ကစတိုးဆိုင်တွင် ကားကိုရပ်ခိုင်းပြီး energy drinkတစ်မျိုးဝယ်သောက်ကာ အိမ်သို့ကုန်းကြောင်းပြန်လျှောက်လာခဲ့သည်။ အိတ်ကလည်းKiteသယ်ပေးထားသည့်အတွက် သူအေးအေးဆေးဆေးဖြစ်နေသည်။
"ဝုတ်...ဝုတ်.."
သည်ခွေးက လာဟောင်နေပြန်သည်။ လူကိုမြင်တာနှင့် ဟောင်ပဲဟောင်နေတော့သည်။ Kiteကြောင့်များလား။ ခွေးများသည် ညဘက်ဆို မကောင်းဆိုးဝါးများကိုမြင်ရသည်ဟု ငယ်ငယ်ကကြားခဲ့ဖူး၏။ Kiteပါနေခြင်းကြောင့် သူ့အား အမြဲဟောင်နေခြင်းဖြစ်မည်။
"Kite အဲ့ခွေးက ငါ့ကိုတွေ့တာနဲ့ဟောင်နေတာ။ အဲ့တာ မင်းငါ့ဘေးမှာပါလာလို့မဟုတ်လား"
Kiteကမျက်မှောင်တစ်ချက်ကုတ်ပြီး မင်းခွန်မှိုင်းကိုကြည့်လာသည်။
"ဘာမှမဆိုင်ဘူး။ မင်းကိုမျက်စိနောက်လို့ဟောင်တာ။"
"မဟုတ်တာ။ အလကား ဘလိုင်းကြီးတော့ဟောင်မနေပါဘူး။ မင်းပါလာလို့ဟောင်တာသေချာတယ်"
"မင်းတကယ်ပြောနေတာလား။"
ဆရာကြီးအထာနှင့်ခေါင်းညိတ်ပြလိုက်တော့ Kiteသည် Luggageကိုလမ်းမအလယ်၌ထားခဲ့ပြီး လက်ကလေးနောက်ပစ်လျက် ခွေးစုတ်ဖွားရှိရာသို့ တစ်လှမ်းချင်းလျှောက်သွားလေသည်။ ဟောင်နေသည့်ခွေးစုတ်ဖွားလေးသည် ရုတ်တရက် 'အိ'ခနဲငြိမ်ကျသွားပြီး အမြီးပါကုပ်သွားသည်။ Kite နောက်ထပ်တစ်လှမ်းရှေ့တိုးလိုက်ချိန်တွင်တော့ ခြံထဲသို့လှစ်ခနဲပင်ဝင်ပြေးလေသည်။ သည်တော့မှ Kiteသည် သူ့ဘက်ပြန်လှည့်လာသည်။
"ဘယ်လိုလဲ။ ငါ့ကိုဟောင်တာဟုတ်ရဲ့လား"
"ဘာလို့လဲ...။ ခွေးတွေကမကောင်းဆိုးဝါးကို မြင်ရတယ်မဟုတ်ဘူးလား"
"မြင်ရတာတော့မှန်တယ်။ ဒါပေမဲ့ ငါ့ကိုဟောင်တာတော့မဟုတ်ဘူး။ မင်းကိုမျက်စိနောက်လို့ဟောင်တာ။ ခွေးတွေကသူတို့အန္တရာယ်သူတို့သိတယ်။ နတ်ဆိုးတွေနဲ့ ခွန်အားကြီးတဲ့မကောင်းဆိုးဝါးတွေကို ဟောင်ရဲလောက်တဲ့အထိတော့ သူတို့မရဲပါဘူး"
"မင်းတို့လောကကလည်းတော်တော်ထူးဆန်းတာပဲနော်"
Kiteကပြုံးသည်။ ထို့နောက် Luggageကိုဆွဲပြီး ဆက်လျှောက်သွားလေတော့သည်။ Kiteတိုးတိုးလေးပြောလိုက်သည့် စကားတစ်ခွန်းကိုတော့ မင်းခွန်မှိုင်းကြားမိပါသေးသည်။ "မင်းငါ့အကြောင်းဘာမှမသိသေးပါဘူး"တဲ့။ Kiteကိုကြည့်ရသည်မှာတစ်ခုခုကို လျှို့ဝှက်ထားသလိုပင်။ သေချာသည်။ သူ့အားဖုံးကွယ်ထားသည်အရာ တစ်ခုခုရှိလိမ့်မည်။
"ငါသိချင်တာတစ်ခုရှိသေးတယ်"
"ဘာကိုလဲ"
"ငါကမင်းကိုချစ်ရမယ်လို့ ပြောထားတယ်မဟုတ်လား။ မင်းကရော...."
Kiteသည် သူ့အားတစ်ချက်ငဲ့ကြည့်ပြီး အေးဆေးဆက်လျှောက်ရင်ဖြေသည်။
"မင်းငါ့ကိုချစ်နိုင်သွားတဲ့နေ့ကျရင် ငါပြောပြမယ်။"
"မင်းကတကယ်ထူးဆန်းတယ် Kite...။ ငါမင်းကိုအခုထိ နည်းနည်းမှနားမလည်နိုင်သေးဘူး။ မင်းကနတ်ဆိုးတစ်ကောင်ပါဆိုတဲ့အရာထက်ပိုပြီး ငါဘာမှမသိရဘူး။ မင်းအကြောင်းတွေပြောပြမယ်ဆိုရင် ငါတို့နှစ်ယောက် ပိုရင်းနှီးလာနိုင်တယ်လေ"
Kiteသည်ခပ်ယဲ့ယဲ့လေးပြုံးသည်။ ထို့နောက် အမှောင်ဖုံးလွှမ်းနေသည့်ကောင်းကင်ကြီးသို့ မော့ကြည့်လေသည်။
"ပြောလို့မရလို့ပေါ့။ စည်းမျဉ်းစည်းကမ်းတွေကို ငါချိုးဖောက်လို့မရလို့ပေါ့။ မင်းငါ့ကိုချစ်နိုင်သွားတဲ့နေ့ကျရင် အရာအားလုံးမင်းသိရမှာပါ။"
"ငါကအခုသိချင်တာလေ"
Kiteသက်ပြင်းချမိသည်။ သုံးဆယ့်တစ်ဘုံတွင် မင်းခွန်မှိုင်းအား အမေးအမြန်းအထူဆုံးဆုပေးချင်မိသည်။
မေးဖျားလေးကို လက်ချောင်းအေးအေးတွေဖြင့် ထိကိုင်လိုက်တော့ မင်းခွန်မှိုင်းမျက်လုံးပြူးပြန်သည်။ သူ့ပါးစပ်ကလေးကို ပိတ်ဖို့ရာနည်းကလည်း ဒါပင်ရှိသည်။
"အခုသိချင်ရင် အခုချစ်လိုက်လေ"
"စဉ်းစားလေ ဆုတောင်း။
သောက် ရူး"
တစ်လုံးချင်းစီခွဲပြောပြီး Kiteလက်ကိုဖယ်ထုတ်ကာ အရှေ့ကနေအမြန်လျှောက်လာလိုက်တော့သည်။ အမြဲဆိုသလို သည်ဘူတာပင်လာဆိုက်နေတော့သည်။ ဘူတာဆိုက်သည်က ကိစ္စမရှိ။ လူကိုလာလာမြှူဆွယ်နေသည်ကတော့ ကြက်သီးတွေဖြန်းခနဲ ၊ ဖြန်းခနဲထစေသည်။ သူ့ကိုမချစ်နိုင်လို့ သူ့အကြောင်းတွေမသိရဘူးဆိုလျှင် သည်တစ်သက်တော့ ဝေးချေပြီ။ ယခုအချိန်ထိ Kiteအပေါ်တွင် သူဘာဆိုဘာမှ ခံစား၍မရနိုင်သေး...။
Thanks For Reading
Note
ပျင်းနေကြပြီလား🤧🤧
ဇာတ်ကအခုမှပုံဖော်တုန်းဆိုတော့လေ...။ သည်းခံပြီးဖတ်ပေးကြပါလို့။ ကျေးဇူးပါရှင်။ ချစ်တယ်မပြောလည်းသိတယ်လုပ်လိုက်။😗❤
Zawgyi
ပစၥည္းမ်ားသိမ္းၿပီးသည့္ေနာက္ အိပ္ရန္ႀကိဳးစားေသာ္လည္း မင္းခြန္မႈိင္းအိပ္၍မရ။ Kite စိတ္ဆုိးသြားသည္ဟူေသာအေတြးက သူ႔အားေနရထုိင္ရခက္ေစသည္။ သူ႔ဘာသာစိတ္ဆုိးတာ သူ႔အေရးလည္းမဟုတ္။ သုိ႔ေပမဲ့ သူ႔အမွားေၾကာင့္ပင္မဟုတ္ေပဘူးလား။ မင္းခြန္မႈိင္းဆုိသည္မွာ စိတ္ကိုကေမ်ာက္စိတ္။ ေခ်ာ့ရမည္လား၊ မေခ်ာ့ဘဲေနရမည္လား ေတြးရင္းေခါင္းပူလာသည္။ ေခ်ာ့ရေအာင္လည္း သူကဘယ္ေရာက္ေနမွန္းမသိ၊ ကိုယ္ေယာင္ေပ်ာက္ေနေလသည္။
"Kite...
Kite.....မင္း႐ွိေနလား"
ဆက္တုိက္ေခၚၿပီး စမ္းတဝါးဝါး႐ွာေနေပမဲ့ ေပၚမလာ။ မိမိကေခ်ာ့ရန္ ေခၚေနသည္ကုိပင္ သင္းကအေၾကာႀကီးနွင့္ ေပၚမလာ။
"ဘာေျပာမလို႔လဲ"
ပစ္ထားလိုက္ေတာ့မည္ဟု ေတြးေနစဥ္မွာပင္ သူေပၚလာ၏။ ကုတင္ေျခရင္းတြင္ မင္းခြန္မႈိင္းအားေက်ာေပးလ်က္ ထုိင္ေနျခင္းျဖစ္သည္။ ယခုအထိလည္း သူ႔အားလွည့္ၾကည့္သည္မဟုတ္။ မိမိကိုကယ္ထားသည္ဆုိေတာ့လည္း မိမိဘက္ကပင္ေလ်ွာ့သင့္သည္။ မင္းခြန္မႈိင္းသည္ ထုိမ်ွေလာက္လူမႈေရး မေခါင္းပါးေသး။ ကုတင္ေျခရင္းသုိ႔ တင္တရြတ္တုိက္ရင္း ေရြ႔သြားကာ Kiteေနာက္ေက်ာတည့္တည့္ေနာက္တြင္ တင္ပ်ဥ္ေခြထုိင္လိုက္သည္။
"ငါ့ကိုစိတ္ဆုိးေနတာလား"
"မဆုိးပါဘူး"
ေျဖေပမဲ့လွည့္မၾကည့္။
"တကယ္လား"
"မင္းဘာသာမင္းသာဂ႐ုစုိက္...ဒါဆုိအဆင္ေျပတယ္။ ဟုတ္ၿပီလား"
Kiteစိတ္ဆုိးမေနေတာ့၍ ေတာ္ေသးသည္။ သူယခုမွ စိတ္သက္သာရာရသည္။
"ငါ့ကုိကယ္တာလည္း....ေက်းဇူးပဲ"
Kiteသည္သက္ျပင္းေလးခ်လ်က္ သူ႔အား လည္ျပန္လွည့္ၾကည့္လာသည္။ မင္းခြန္မႈိင္းလည္း မ်က္လံုးေလးေပကလပ္ ေပကလပ္ျဖင့္ ငါးခူျပံဳးျပံဳးျပလိုက္သည္။ စိတ္မပါဘဲ မ်က္ႏွာခ်ဳိေသြးဖုိ႔ဆုိသည္မွာ လြယ္သည္မဟုတ္။ ႀကိဳးစားၿပီးျပံဳးေနသည့္ၾကားက ငါးခူျပံဳးျဖစ္သြားတာပင္ၾကည့္။ Kiteသည္ မင္းခြန္မႈိင္းအျပံဳးႀကီးကုိျမင္ေတာ့ ဟက္ခနဲရယ္ခ်မိသည္။ ၿပီးမွ မ်က္ႏွာျပန္တည္လိုက္သည္။
"ငါကငါ့တာဝန္အရ ကယ္တာ။ ေက်းဇူးတင္မေနနဲ႔။ အခုအိပ္ေတာ့ ၊ မနက္ေစာေစာထရမွာမလား"
"ငါအိပ္မွာပါ။ မင္းကေရာ မအိပ္ဘူးလား"
"ငါအိပ္ရင္မင္းကိုဘယ္သူေစာင့္ေ႐ွာက္မွာလဲ။ ၿပီးေတာ့ ငါကမအိပ္ဘဲလည္းေနလို႔ရပါတယ္။ မင္းကအိပ္ေစခ်င္ရင္ေတာ့ ငါအိပ္ေပးပါ့မယ္။ ဒါေပမဲ့..."
ေျပာေနရင္း ရပ္သြားေသာေလသံ၌ တစ္ခုခုႀကံစည္ေနေၾကာင္း အရိပ္အေငြ႕ပါသည္။
"ငါကမင္းေပါင္ေလးေပၚမွာမွမဟုတ္ရင္ အိပ္မေပ်ာ္ဘူး..."
မင္းခြန္မႈိင္း မ်က္ႏွာအိုႀကီးျဖင့္သာ သေကာင့္သားကုိ စုိက္ၾကည့္မိေတာ့သည္။ ညေနကကယ္ထားေပးသျဖင့္ ေက်းဇူးတင္ေနသည့္ စိတ္ကေလးမ်ားကလည္း အလိုလိုေပ်ာက္ကြယ္သြားေတာ့၏။
"ေတာ္ၿပီ။ မင္းဘာသာမင္းအိပ္ခ်င္အိပ္မအိပ္ခ်င္ေန"
Kiteဖိထုိင္ထားသည့္ေစာင္ကုိဆြဲယူၿပီး လည္ပင္းထိတက္ျခံဳလိုက္သည္။ ေႏြရာသီဆုိေပမဲ့ အဲကြန္းေက်းဇူးေၾကာင့္ ေစာင္ျခံဳႏုိင္သည္။ Kiteသည္လည္း ႏွစ္ေယာက္အိပ္ကုတင္၏ လြတ္ေနေသာတစ္ဖက္တြင္ ဝင္လွဲလိုက္ရင္း မင္းခြန္မႈိင္းဆုိသည့္ေကာင္ေလး႐ွိရာသုိ႔ မ်က္ႏွာမူလိုက္သည္။ အိပ္ခ်ိန္မ်ားအထိဆူပြပြျဖင့္ မ်က္နွာေလး။ အျပံဳးအရယ္ဆုိသည္မွာ အစားအေသာက္ေ႐ွ႕မွာပင္ ႐ွိသည့္ေကာင္ေလး။ ဘုကလန္႔ေျပာ၊ အရြဲ႔တိုက္တတ္သည့္ေကာင္ေလး။ သည္ေကာင္ေလးဘက္မွ မိမိကုိခ်စ္လာေစဖို႔ဆုိသည္မွာ ခဲယဥ္းလြန္းပါေပသည္။
"Kite"
မ်က္လံုးမဖြင့္ဘဲ သူ႔နာမည္အားေခၚသည္။
"ဘာလဲ"
ခပ္ေအးေအးျပန္ေျဖလိုက္သည္။
"မီးေလးသြားပိတ္ေပးပါလား။ မ်က္လံုးစူးလို႔။"
"မင္းဘာသာထပိတ္ေလ"
"လုပ္ပါကြာ...ငါတကယ္ပင္ပန္းေနၿပီ။ မထႏုိင္ေတာ့ဘူး"
တကယ့္အ႐ႈပ္ထုပ္ပါပင္။ ေျပာမယ့္သာေျပာေပမယ့္ မေနသာေတာ့ လုပ္ေပးလိုက္ရသည္။ ေကာင္းေကာင္းအိပ္စက္ပါေတာ့ ေကာင္ဆုိးေလး။
"Kite"
သင္းေလးကအိပ္ကုိမအိပ္ႏုိင္ေသး။ ဘာေတြခုိင္းဦးမည္လဲ မသိ။
"ဘာလဲကြာ"
စိတ္မ႐ွည္စြာေျဖမိေတာ့ သူကသက္ျပင္းျပန္ခ်သည္။ မင္းခြန္မႈိင္းသည္ လူကုိယ္တုိင္ကသာကန္႔လန္႔၊ သူမ်ားကသူ႔အား ကန္႔လန္႔လုပ္လ်ွင္က် မႀကိဳက္။ တကယ့္ကို တစ္ကိုယ္ေကာင္းအက်င့္ပုတ္။
"မင္း ေစာေစာက ငါနဲ႔စိတ္ဆုိးၿပီးေပ်ာက္သြားေတာ့ ဘယ္ေတြသြားေနေသးလဲ။ ငါ့အနားမွာပဲေနတာလား"
အိပ္စရာရွိသည္ကုိမအိပ္ဘဲ စပ္စုေနျပန္၏။
"မင္းအနားမွာမေနဘူး။ စိတ္တုိတာေပ်ာက္ေအာင္ ေခြးစာသြားေကြၽးေနတာ"
"ဟမ္...မင္းမွာေခြး႐ွိတာလား"
"႐ွိတာေပါ့။ သံုးေကာင္ေတာင္။ အဲ့ေကာင္ေတြက လူသားလည္းစားတယ္။ ငါေကြၽးရင္အကုန္လံုးကုိစားတာ။ မင္းကိုေတာင္ေကြၽးပစ္ရင္ေကာင္းမလား စဥ္းစားေနတာ"
"မင္းေကြၽးရက္ရင္ေကြၽးေပါ့ကြာ။ ငါလည္းအသက္႐ွင္ဖုိ႔ရက္ သိပ္မက်န္ေတာ့ဘူးမလား။"
မင္းခြန္မႈိင္းအသက္ဆက္႐ွင္ရန္ ၂၃ရက္သာက်န္ေတာ့၏....။
"ေသဖုိ႔အထိေတာင္ေတြးၿပီးၿပီလား။ မင္းငါ့ကိုခ်စ္ဖုိ႔လံုးဝစိတ္ကူးမ႐ွိဘူးပဲ။"
"မင္းလည္းငါ့အေၾကာင္းသိရက္နဲ႔ Kiteရာ။ မင္းကုိခ်စ္ဖုိ႔ ငါေတြးလို႔ေတာင္မရဘူး။ ဒီေတာ့ က်န္တဲ့ရက္ေတြမွာ ငါအေကာင္းဆံုး႐ွင္သန္ဖုိ႔ပဲ ႀကိဳးစားေတာ့မယ္။"
Kiteဆီမွ မည့္သည့္တန္ျပန္စကားမွမၾကားရေတာ့ဘဲ တိတ္ဆိတ္သြားသည္။ မင္းခြန္မႈိင္းကလည္း မႏုိင္သည့္လမ္းကိုမွ ေရြးခဲ့မိသည္မဟုတ္လား။ အနည္းဆံုးေတာ့ ႐ုတ္တရက္ေသသြားၿပီး အားလံုးကို သည္တုိင္းထားခဲ့ရမွာထက္စာလ်ွင္ေတာ့ သာပါေသးသည္။
စိတ္ကုိေလ်ွာ့ခ်ၿပီး အေတြးကုိရပ္ကာအိပ္ဖုိ႔ ႀကိဳးစားလိုက္ေတာ့သည္။
************************************
"မင္းခြန္မႈိင္း...ဟိတ္ေကာင္...ထေတာ့။ ငါေတာင္ကားေပၚ ပစၥည္းေတြတင္ၿပီးေနၿပီ။ မင္းခြန္မႈိင္း..."
ျပန္ရန္စီစဥ္ထားသည့္ အခ်ိန္အထိမထေသးဘဲ အိပ္ေပ်ာ္ေနသည့္ မင္းခြန္မႈိင္းအား ႏႈိးရသည္မွာ ႏြားကုိမယ္ဒလင္တီးျပသည့္ႏွယ္။ တုပ္တုပ္မွ်ပင္မလႈပ္။ ႏြားကမွ မ်က္စိေနာက္လွ်င္ထေဝွ့ဦးမည္။ မင္းခြန္မႈိင္းကေတာ့ ေနျမဲအတုိင္းေန၊ အိပ္ျမဲအတုိင္းအိပ္ပင္။
"လဒေလးေရ...ထပါေတာ့။ ေရာင္နီလာလွေပါ့..."
အျမင္ကပ္ကပ္ျဖင့္ သားေခ်ာ့ေတးပင္ေကာက္ဆုိမိလိုက္သည္။ သင္းကဖက္လံုးေလးကုိပင္ ေသခ်ာခြလိုက္ေသး၏။ စိတ္မရွည္ေတာ့၍ ေရျဖင့္ပက္ၿပီးႏႈိးရန္ ေရခ်ဳိးခန္းထဲမွ ေရခြက္တစ္ခြက္ျဖင့္ ေရအျပည့္ထည့္ကာထြက္လာေတာ့ သူကႏုိးေနသည့္အျပင္ ေခါင္းေလးတကုတ္ကုတ္ႏွင့္ ငုတ္တုတ္ပင္ ထထုိင္ေနၿပီ။ သူဒုကၡေရာက္ေတာ့မွာ ႀကိဳမ်ားျမင္ေနသည္လားမသိ။ တတ္လည္းတတ္ႏုိင္သည့္ မင္းခြန္မႈိင္း။
"ဟိတ္ေကာင္ ထေတာ့။ ဇိမ္ယူမေနနဲ႔။ ေန႔လယ္အမီျပန္ၿပီး စတူဒီယုိဖြင့္ရဦးမွာ"
သည္ေတာ့မွ မ်က္ေမွာင္ႀကီးကုတ္ ယုိင္တုိင္ယုိင္တုိင္ျဖင့္ ေရခ်ဳိးခန္းထဲဝင္သြားေလသည္။ ဘယ္လိုေတာင္အိပ္ပုတ္ႀကီးသည့္ေကာင္ပါလိမ့္။ ကုိသာနွင့္မ်ားတျခားစီ။ ကုိသာဆုိ မနက္တုိင္းအျမဲအေစာထၿပီး အေျပးေလ့က်င့္တတ္သည္။ ကုိသာ့အားတစ္ေန႔တစ္ႀကိမ္မွ မေတြ႕ရလ်ွင္ စားမဝင္အိပ္မေပ်ာ္သူ ငစုိင္းမွာလည္း အိပ္ေရးအပ်က္ခံၿပီးပင္
You are reading the story above: TeenFic.Net