အခန်း ၇ (U/Z)
Background color
Font
Font size
Line height
Part 7 Started - 14.3.2025 8:35 PM
Unicode
(ထိုအခန်းတွင် အချို့သော ကျန်းမာရေးတွေ့ရှိချက်များကို Hello Sayarwon Website မှတစ်ဆင့် ကူးယူဖော်ပြထားပါသည်။)
"သူကြီးရေ...သူကြီး..သူကြီး"
တပေါင်းနွေက ပူလှသည်မို့သက်လူ အိမ်ရှေ့တန်းလျားပေါ်၌ ရေနွေးချမ်းလေးသောက်ရင်း ယပ်တောင်လေးတဖျက်ဖျက်ခက်၍ အေးအေးလူလူထိုင်နေစဉ် အိမ်ထဲသို့ ငစံသာမှ အပြေးလွှားဝင်လာသည်။
သောက်လက်စ ရေနွေးချမ်းခွက်လေးကိုချ၍ သက်လူမက်တပ်ရပ်ကာ ပုဆိုးကိုပြင်စီးလိုက်ပြီး ငစံသာအနားသို့ သွားလိုက်သည်။
"ဘာဖြစ်ပြန်ပြီတုန်းကွ မင်းမလည်းငစံ အမြဲအလျင်လိုနေတာပဲ"
"မလိုလို့မရဘူး သူကြီးရဲ့...ဟူး..ဟူး"
"ပြောစမ်းပါဦး ဒီတစ်ခါရောဘာဖြစ်တာတုန်းဟ"
"ကိုမြင့်ဇော်ကြီး..ကိုမြင့်ဇော်ကြီး စုန်းကိုက်ခံရလို့ အဲ့တာပေါင်မှာ အညိုမည်းကွက်ကြီးစွဲနေတယ်ဗျ..အဲ့တာ နာတယ် နာတယ်ဆိုပြီးအော်နေလို့ သူကြီးကိုလာခေါ်တာ"
ခက်ပါရောလား၊သည်တစ်ခါလည်း အယူသီးကြပြန်ချေပြီ။
သက်လူ သက်ပြင်းတိုးတိုးကိုခပ်ဖွဖွသာချမိသည်။
ထိုသို့ကျန်းမာရေး ဗဟုသုတများနည်းပေလို့ ဆရာဝန်ပင့်ထားပြန်တော့လည်း ဆရာဝန်ဆီမသွားကြချေ။
လူငယ်ပိုင်းက သူကြီးပေမို့ ထိုသို့ကိစ္စတွေလည်း သက်လူအယုံကြည်မရှိပါ။
သို့ဖြစ်၍ ကျန်းမာရေးရှူထောင့်ကသာ တိကျသည့်ဖြေရှင်းချက်ကိုရဖို့ ဆရာလေးကိုစစ်ပိုင်ထွန်းကို ဝင်ခေါ်ကာ စုန်းကိုက်ခံရသူ ကိုမြင့်ဇော်အိမ်သို့သွားရသည်။
ကိုမြင့်ဇော်၏ အိမ်ကို သက်လူ၊ဆရာလေး၊မိုးသောက်နှင့် တာလီဖိုးတို့ရောက်တော့ ရွာသူရွာသားတချို့က ဝိုင်းအုံကြည့်နေကြသည်။
ထိုအထဲမှ ရွာကဟိုယောင်ယောင် ဒီယောင်ယောင် ဆရာမကြီး ဒေါ်စိန်ဖွားက ကိုမြင့်ဇော် ခေါင်းကိုကိုင်ကာ မန်းမှုတ်နေ၏။
"ဖူး....မကောင်းတဲ့ဟာတွေ အကုန်သွားဟဲ့..သွားဟဲ့"
ဝိုင်းအုံနေသော ရွာသားများက သူကြီးလာတော့ လမ်းဖယ်ပေးကြသည်။
သူကြီးကလည်း ရှေ့ဆုံးမှသွားပြီး ရပ်နေလိုက်သည်။
"အရီးစိန်ဖွား ဘာလုပ်နေတာတုန်းဗျ"
"ဪ...သူကြီးပါလားကွယ်..ဒီမှာလေး မကောင်းတဲ့အညံ့တွေနှင်နေတာကွယ့် ဖယ်စမ်းပါဦး သူကြီးရယ်"
သက်လူအား ဖယ်ခိုင်းကာ သူ့အလုပ်သူဆက်လုပ်နေသည့် ဒေါ်စိန်ဖွားအား ဆရာလေးကလည်းကြောင်ကြည့်နေကာ သက်လူမှလည်းရှေ့ဆက်မတိုးပဲ ငြိမ်ကြည့်နေ၏။
"ဟဲ့ မြင့်ဇော် ဒါက စုန်းကိုက်တာဆိုတော့ ဘယ်သူလဲ သိချင်ရင် နနွင်းမှုန့်လေး လိမ်း၊ဒါမှမဟုတ်ရင် စကောကို သွေးလိမ်းထားလိုက်ပေါ့ဟယ် နက်ဖန်ခါလောက်ဆို လုပ်ထားတဲ့ စုန်းက စကော လာငှားလိမ့်မယ်၊နနွင်း လာချေးလိမ့်မယ်ဟဲ့"
ကွမ်းတဗျစ်ဗျစ်စားရင် ဒေါ်စိန်ဖွားက ပြောချင်တာများပြောနေသည်မို့ ဆရာလေးက ရယ်ကျဲကျဲဖြင့်ဖယ်ခိုင်းသည်။
"အရီးခင်ဗျ ကျွန်တော်က ဒီရွာကိုဆေးကုဖို့တာဝန်ကျတဲ့ ဆရာဝန် စစ်ပိုင်ထွန်းပါခင်ဗျ၊အရီးကျွန်တော့်အသံ ကြားမိမှာပါ ဒါကြောင့်အခု ကျွန်တော်က အရီးဆေးကုပေးနေတာကို မလေးမစားလုပ်တာမဟုတ်ပေမယ့် ကျွန်တော်လည်း ကိုမြင့်ဇော်ရဲ့အခြေနေလေးကိုသိချင်လို့ အဲ့တာခဏကြည့်ခွင့်ပြုပါခင်ဗျ"
ဆရာလေးက ထိုသို့ချိုသာစွာပြောတော့ ဒေါ်စိန်ဖွားက မျက်မှောင်ကြီးကုပ်နားထောင်ရာကနေ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြ၏။
"‌အေး‌အေး ပြီးတာပဲ မင်းတို့ အင်္ဂလိပ်ဆရာဝန်‌တွေငါကမသိပါဘူး၊ငါလည်း တတ်သလိုကုတာပဲ ပျောက်တာမပျောက်တာတော့ ဒီအကောင့်ကိစ္စပဲ"
"ဟုတ်ကဲ့အရီး အရီးစေတနာကို ကျွန်တော်နားလည်ပါတယ် ဒါဆိုရင် ဖယ်ပေးပါဦးဗျ"
ဆရာလေးပြောအပြီးတွင် ဒေါ်စိန်ဖွားကနေရာဖယ်ပေးကာ ဆရာလေးက ကိုမြင့်ဇော်အနားသို့ကပ်၍ စုန်းကိုက်သည်ဟူသော အညိုမည်းအကွက်ကြီးကိုသေချာကိုင်ကြည့်၏။
"နာလား အစ်ကိုကြီး"
"အ့..သိပ်မဖိနဲ့ဆရာ နာတယ်ဗျ နာတယ်"
ထိုနောက်ဆရာလေးက ထိုအကွက်ကိုပိုဖိကြည့်သည်။
"နာလား"
"နာတယ်"
"အရက်သောက်လား အစ်ကိုကြီး"
"ဂေ့...."
ဆရာလေးမှ မေးရုံရှိသေး ကိုမြင့်‌ဇော်မှာ လေချဉ်တက်လိုက်သည်မို့ ရှင်းရှင်းလင်းလင်းကြီး အဖြေအားသိရတော့သည်။
ဆရာလေးက ထိုသို့မေးတော့ ကိုမြင့်ဇော်၏ ဇနီးကလည်း အာပေါင်အာရင်းသန်သန်နှင့်ဝင်ဖြေ၏။
"အမယ်လေးလေ အရက်ကတော့ မယားလိုကိုပေါင်းတာ ဆရာရေ၊အိမ်က သင်းမယား ကျုပ်ကိုတောင် အရက်လောက်မချစ်ဘူး မနက်မနက်ဆို အရက်နဲ့မျက်နှာသစ်တာလေ ဘယ်အချိန်သေမလဲမသိဘူး သင်းက သေလည်းအေးတာပဲ"
"ဟေ့..ဟေ့ လှစန်း မဆိုင်တာတွေမပါနဲ့၊ကောင်မ ငါထရိုက်ရင် သေမယ်"
"ကဲကဲ ထားပါ ထားပါ၊အရက်သောက်တယ် ဆိုရင်ပဲ အဖြေကပေါ်ပါတယ် ကဲကဲ ရွာသူရွာသားတွေထိုင်ပါဦးခင်ဗျ ကျွန်တော် အားလုံးကို ဒီကိစ္စနဲ့ပက်သက်ပြီး အသိပညာဗဟုသုတအချို့ပေးချင်ပါတယ်၊သူကြီး ထိုင်ဖို့စီစဉ်ပေးပါဦး"
ဆရာလေး၏ တောင်းဆိုချက်အရ သူကြီးကခေါင်းညိတ်ပြပြီး ကိုမြင့်ဇော်၏ဇနီးဖြစ်သူအား ဖျာကြမ်းများတောင်းကာ အိမ်ဝိုင်းထဲ၌ခင်း၍ ကျန်ရွာသူရွာသားများကို ထိုင်စေ၏။
ထို့နောက် ဆရာလေးက ကိုမြင့်ဇော်ထိုင်နေသည့် ကုတင်ပေါ်သို့ ထိုင်ကာ စကားစ၏။
"ကဲ...စုန်းကိုက်တာတဲ့ဗျား လူတိုင်းလူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ရှိလို့ ကျွန်တော်ကတော့ မှားတယ်မှန်တယ်မပြောလိုဘူး၊ဒါပေမယ့် ယုံကြည်မှုလွန်ကဲပြီး တလွဲ ဆံပင်ကောင်းလည်းမဖြစ်စေချင်ဘူး"
"ဒါကြောင့် အနည်းငယ်ရှင်းပြချင်ပါတယ် စုန်းကိုက်တယ်ဆိုတာက အားလုံးသိထားတဲ့အတိုင်း ညတုန်းကတော့ အကောင်းကြီးပါဘာအကွက်မှမတွေ့ရဘူး၊မနက်ကျမှ ဒီအကွက်ကြီးက ထပေါ်လာတယ် ဒါဆိုရင် စုန်းကိုက်တာပဲ...စုန်းကချစ်လို့ကိုက်တာ မုန်းရင်ဘာလုပ်တယ် ညာလုပ်တယ်ပေါ့ဗျာ နေရာတိုင်းနေရာတိုင်းမှာတော့ သူ့ယုံကြည်မှုနဲ့သူရှိပေမယ့် အခုနပြောသလို ယုံကြည်မှုလွန်ကဲလို့လည်းမရဘူးမလားခင်ဗျ၊ဒါကြောင့် ကျွန်တော်က ဆရာဝန်ဖြစ်တဲ့အတွက် ကျန်းမာရေးရှူထောင့်ကပဲ ရှင်းပါမယ်"
"ကျန်းမာရေး ရှူထောင့်ကနေကြည့်မယ်ဆိုရင် စုန်းကိုက်တယ်ဆိုတာက အရေ‌ပြားအောက်မှာ သွေးတွေစုသွားတာကြောင့်ပါ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောလေးတွေ ပျက်စီးတာကြောင့် အရေပြားမှာ အညိုအမည်း စွဲတဲ့သဘောပေါ့၊ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုရင် အညိုအမည်းစွဲခြင်းရဲ့ အကြောင်းရင်းတွေက အမြင့်တစ်ခုခုကနေပြုတ်ကျတာ၊ထိခိုက်ဒဏ်ရာရတာ၊အားပြင်းတဲ့ အရာဝတ္ထုတစ်ခုခု ကိုယ်ပေါ်ပြုတ်ကျတာတို့ဖြစ်ပါတယ်"
"ပြင်းပြင်းထန်ထန်ထိခိုက်မိရင်တော့ ရက်သတ္တပတ်အကြာကုသရပေမယ့် သိပ်မပြင်းထန်ဘူးဆိုရင်တော့ ရက်အနည်းငယ်နဲ့ပျောက်ပါတယ်၊ဒါပေမယ့် အခု ကိုမြင့်ဇော်က မတော်တဆမှုတစ်ခုခုကနေ ရလာတဲ့ဒဏ်ရာမဟုတ်တော့ ကျွန်တော့်အနေနဲ့ နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ရှင်းပြချင်ပါတယ်"
"ဘာတွေလဲ ဆိုရင်တော့ တစ် မျိုးရိုးလိုက်တာ‌ကြောင့်၊နှစ် ‌သုံးစွဲတဲ့ဆေးဝါးတွေကြောင့်၊သုံးအသက်အရွယ်ကြောင့်၊‌လေး အရက်အလွန်အကျွံသောက်ခြင်းကြောင့်၊ငါး အသည်းရောဂါကြောင့်၊‌ခြောက် သွေးကျဲတာကြောင့်၊ခုနစ် ဗီတာမင်ချို့တဲ့တာ‌ကြောင့်၊ရှစ် ကင်ဆာရောဂါကြောင့်"
"ကဲ ဒါဆိုရင်တော့ ကိုမြင့်ဇော်ဘာကြောင့် အညိုမည်းကွက်တွေစွဲနေလဲ အားလုံးသိရတော့မှာပါ၊ဟုတ်ပါတယ် ကျွန်တော်ပြောခဲ့တဲ့ နံပါတ် လေးအချက် အရက်အလွန်ကျွံသောက်ခြင်းကြောင့်ပေါ့၊အရက်ကိုအလွန်ကျွံမှီဝဲတာက အသည်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျစေနိုင်သလို သွေးခဲနိုင်စွမ်း ကျစေပြီး အရေပြားမှာ အညိုအမည်းစွဲတာမျိုးတွေ ခံစားရနိုင်ပါတယ်၊အရက်‌သောက်တိုင်းဖြစ်တာလားဆိုတော့လည်းမဟုတ်ပါဘူး မျိုးရိုးလိုက်ပြီး ဖြစ်ချိန်တန်ရင်တော့ ဖြစ်သွားတာပါပဲ။ဒါကြောင့် ကိုယ့်လူတို့ကိုလည်း လျှော့လျှော့ပေါ့ပေါ့ သောက်စေချင်ပါတယ် အညိုမည်းစွဲတာက မပျောက်ဘူးလားဆိုရင်တော့ပျောက်မှာပါ၊သက်သာစေမဲ့ လိမ်းဆေးတချို့နဲ့ မှီဝဲရမဲ့ဆေးတွေကိုတော့ ကျွန်တော်ပေးခဲ့ပါမယ်ခင်ဗျ ဒီလောက်ဆိုရင် အားလုံးလည်းကွဲကွဲပြားပြား သိမယ်ထင်ပါတယ် အချုပ်ပြောရရင်တော့ ဒီလိုအညိုမည်းစွဲခြင်းကို စုန်းကိုက်တာလို့ တစ်ထစ်ချယုံကြည်လို့မရပဲ ဆံချည်မျှင်သွေးကြောလေးတွေ ပျက်စီးတာကြောင့် အရေပြားမှာ အညိုအမည်း စွဲခြင်းလို့ပဲ မှတ်သားထားလိုက်ကြပါခဗျ...ကဲ ဒါဆိုရင် အားလုံးအဆင်ပြေပြေရှိကြမယ်လို့ မျှော်လင့်ပါတယ်"
ဆရာလေး အချိန်အနည်းငယ်ယူကာ လေသံ‌အေးဖြင့်ရှင်းပြလိုက်တော့ ရွာသူရွာသားများက "ဪ" ဟု ကိုယ်စီရေရွတ်ကြကာ ဆရာလေးကိုသိလိုရာများ မေးကြပြီး မိမိတို့အိမ်သို့ပြန်သွားကြသည်။
ကိုမြင့်ဇော်အားလည်း ‌ဆရာလေးက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ပြီး သူကြီးကလည်း မလိုအပ်ပဲ ပုံကြီးချဲ့ကာ လူတွေအများကြီးမခေါ်ရန် မှာခဲ့သည်။
သို့ဖြစ်၍ ဆရာလေး၊သူကြီး၊တာလီဖိုးနှင့် မိုးသောက်တို့လေးယောက် အိမ်ကိုသာပြန်ခဲ့တော့သည်။
~~~~~~~~~~
ကျွန်းကန်သာ၏ ညည့်ယံပိုင်းသည် ထုံးစံအတိုင်းမဲမှောင်နေစဲပင်။
မနက် ၁ နာရီဝန်းကျင်ဖြစ်သောကြောင့် တစ်ရွာလုံးအိပ်မောကျနေကြသည်။
သူကြီး၏ အိမ်မှာလည်း မီးမလင်းတော့သဖြင့် တစ်အိမ်သားလုံး အိပ်မောကျနေသည်မှာ မလွဲဧကန်ပင်။
ဖိုးရွှေလမင်းအား တိမ်ဖုံးသောည ဖြစ်သဖြင့် တစ်ရွာလုံးမှာ အမှောင်ထုကြီးစိုးနေသည်။
ခွေးများမှာလည်း အကြောင်းပြချက်မရှိ အူနေကြသည်။
တစ်ချက်တစ်ချက် ကြက်ဖတွန်သံကြားရပြီး ညည့်ယံမှာ တိတ်ဆိတ်နေသည်။
ပူပြင်းသောရာသီဖြစ်သဖြင့် သူကြီးကိုသက်လူ၏ အိမ်ခန်း ပြတင်းပေါက်နှစ်ချပ်မှာ ဖွင့်ဟထား၍ ပွင့်နေသည်။
လမင်းအရောင်လည်း မှိန်ပျပျသာ ရှိသဖြင့် အခန်းအတွင်းကို သည်းသည်းကွဲကွဲကိုမမြင်ရချေ။
"အာဝူး......"
"ဝုတ်..ဝုတ်...ဝုတ်"
ဆူညံစွာထွက်ပေါ်လာသော ခွေးအူသံများကြောင့် သက်လူ ဆက်ကနဲနိုးလာရသည်။
ညမှောင်မှောင် နွေပူပူနှင့် အိပ်ပျော်အောင်ကြိုးစားပြီး အိပ်ရာမှ မှေးမှေးကလေးပျော်သွားချိန် ခွေးကထအူသည်မို့ သက်လူဆက်ကနဲနိုးလာရသည်ကို သိပ်တော့မကျေနပ်ချေ။
နားကိုပိတ်ပြီး ဆက်အိပ်ရန်ကြိုးစားသော်ငြား အသံများက ယခင်ကထက် ကျယ်လောင်လာသည်မို့ အောက်ဆင်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ခုတင်ဘေးစားပွဲတင်ပေါ်မှ မီးအိမ်လေးကို အသာယူ၍ လှေကားထစ်မှ တစ်ဆင့်သက်လူဆင်းလာခဲ့တော့သည်။
"ဝှား....."
သက်လူ အိမ်အောက်သို့ဆင်းလာတော့ အိမ်ဘေးမှ လူရိပ်တစ်ခုကိုဖျက်ကနဲ မြင်ရသဖြင့် တံခါးကြားတွင် အသင့်ဆောင်ထားသည့် ဝါးရင်းတုတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ကာ ထိုအရိပ်အနားသို့တဖြေးဖြေး တိုးလာခဲ့သည်။
ထိုအရိပ်က သက်လူတို့ဝိုင်းနောက်ဘက်သို့ ဦးတည်သွားနေသည်မို့ လိုက်ရင်းလိုက်ရင်းကနေ သူကတုန့်ကနဲရပ်သွားသဖြင့် သက်လူက အားပြင်းပြင်းနှင့် ဝါးရင်းတုတ်ဖြင့် လွှဲရိုက်လိုက်သည်။
"အား.....သေပါပြီ ကိုကိုရေ"
မထင်မှတ်ထားသည့် အသံကို ရင်းရင်းနှီးနှီးကြီးကြားလိုက်ရသည်မို့ သက်လူပြူးပြာသွားရသည်။
သို့ဖြစ်၍ လက်ထဲမှ မီးအိမ်ကို ထိုသူရဲ့မျက်နှာ အနားသို့ကပ်ကြည့်လိုက်တော့..
"ဟ..ဟာ မိုးသောက်"
"အား...သေပြီ သေပြီ ကျွတ်ကျွတ်..နာလိုက်တာ သွေးထွက်ကုန်ပြီလား မသိဘူး နောက်စေ့ကွဲလောက်ပြီ အီးဟီး"
မိုးသောက်က နောက်ခိုင်းနေရာကနေ သူ့ခေါင်းနောက်ဘက်လေးကိုကိုင်၍ သက်လူဘက်ကိုလှည့်လာကာ ငိုသံပါကြီးနှင့်ပြောသည်။
"အား အစ်ကို အစ်ကို ကျွန်တော့်ကိုရိုက်တာလား၊ရက်စက်လိုက်တာ"
"ဟေ..အာ..အေး..အေးပါ အေးပါ ငါ့ညီလေးရယ်၊အစ်ကိုက သူခိုးတွေ ဓားပြတွေထင်လို့ လုပ်လိုက်တာပါကွာ နာသွားလား"
သက်လူ လက်ထဲမှဝါးရင်းတုတ်ကို ချကာ မီးအိမ်ကိုစွဲ၍ မိုးသောက်ကို အိမ်ထဲခေါ်လာကာ ခေါင်းကိုကြပ်ပူထိုးပေးနေရသည်။
"အားလားလား...နာတယ်လို့ အစ်ကို"
"အေးပါ ညီလေးရယ် အေးပါ"
"ဘာလို့ရိုက်တာလဲဗျာ"
"အစ်ကိုလည်း သူခိုးထင်လို့ပါဆို၊မင်းကရော ဘာလို့ ညကြီးအချိန်မတော်ကို မီးအိမ်မပါပဲ ဝိုင်းနောက်ဘက်သွားနေတာလဲ"
"အိမ်သာသွားချင်လို့ကို မီးအိမ်ယူဖို့ဟာကို လကမသာတော့ မတွေ့တာနဲ့ ဒီတိုင်းမှန်းဆင်းလာတာ"
"အဲ့တာ အစ်ကို့ကို နှိုးပါလား၊အစ်ကို လိုက်ခဲ့မှာပေါ့"
"အစ်ကို ‌အိပ်ရေးပျက်မှာဆိုးလို့"
"အစ်ကိုကရတယ်ဆို မင်းကတော့ ကဲ နောက်တစ်ခါနှိုးပါခင်ဗျ လိုက်ခဲ့ပါမယ်"
"ဟုတ်ကဲ့"
ထို့နောက် မိုးသောက်ကို ကြပ်ပူဆက်ထိုးပေးကာ နာရီဝက်လောက်အကြာတွင် ထိုကောင်လေးက အိပ်ချင်တယ်ဟုဆိုသဖြင့် သူ့အခန်းသို့လိုက်ပို့ကာ သက်လူလည်း မိမိအခန်းထဲသို့ ဝင်ရန်အိမ်ပေါ်ထပ် တက်လာခဲ့သည်။
မိုးသောက်က မီးအိမ်ရှာမရဘူးဟု ဆိုသဖြင့် သက်လူက မိုးသောက်ကိုမီးအိမ်ပေးခဲ့ကာ မိမိကိုယ်တိုင်တော့ လက်ဗလာဖြင့်အိမ်ပေါ်တက်လာခဲ့၏။
မိမိအိမ်နှင့်မိမိ၊မီးအိမ်မပါရင်တောင် မျက်စိမှိတ်ပြီးသွားနိုင်သည်။
သို့ဖြစ်၍ အိမ်ပေါ်ထပ်က မိမိအခန်း ဝါးတံခါးလေးကို သက်လူဖွင့်ကြည့်လိုက်တော့ အခန်းတွင်း၌ လူရိပ်တစ်ခုကိုတွေ့ရသည်။
ရုတ်တရက်ဖြင့်တစ်ကြောင်း အမှောင်ထဲဖြင့်တစ်ကြောင်းနှင့် သက်လူထိုသူအား သဲသဲကွဲကွဲမမြင်ရပါ။‌မှုန်ဝါးဝါး ပုံစံမှာတော့ ပုဆိုးကို ပဝါအဖြစ် မျက်နှာတစ်ခုလုံးစည်းထားပြီး မျက်လုံးသာဖော်ထားသည်။သဏ္ဌာန်မှာ‌ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်လူပင်။
သက်လူ ထိပ်လန့်ကာ ရပ်တရက်ကြောင်ကြည့်နေတုန်း ထိုလူရိပ်က သက်လူကိုသတိထားမိပြီးအထုပ်တစ်ထုပ်ကိုပိုက်၍ သက်လူ၏ပြတင်းပေါက်မှ ခုန်ချသွားသည်။
ထပ်မံအံ့ဩရပြန်ပြီး ထိုသူခုန်ချသွားရာ ပြတင်းပေါက်ကို အပြေးသွားကြည့်မိတော့ အိမ်ပေါ်အမြင့်တစ်နေရာမှ ခုန်ချရသည့်ဒဏ်ကြောင့် ထိုသူခြေထောက်နာသွားဟန်တူကာ သက်လူကိုမော့ကြည့်ပြီး သုတ်‌ခြေတင်ပြေးတော့သည်။
သက်လူလည်း ထိုအခါမှ သတိကပ်ကာ မိုးသောက်အခန်းသို့သွားကာ မီးအိမ်ကိုအပြေးယူ၍အိမ်အောက်ထပ်သို့ ဒုန်းဆိုင်းဆင်းလာခဲ့တော့သည်။
မိုးသောက်မှလည်း ဘာဖြစ်တာလဲဟု ဆိုကာ အပြေးလွှားဆင်းလာပြီးမေးသည်။
"ဘာဖြစ်တာလဲ အစ်ကို"
"သူခိုး"
သက်လူမှ တိုးတိုးသာသာဖြေလိုက်သော်ငြား မိုးသောက်မှ မျက်လုံးပြူး၍
"ဟ....သူခိုးဟေ့..သူခိုး...သူခိုးတဲ့ဗျ" ဟုအကျယ်ကြီးအော်လေ၏။
ထိုအခါ တစ်ရွာလုံးနိုး၍ မီးတုတ်ကိုယ်စီ၊မီးအိမ်ကိုယ်စီကိုင်ကာ သက်လူအိမ်ရှေ့သို့ရောက်လာကြသည်။
သက်လူမှာ မိုးသောက်ကို ပါးစပ်ပိတ်ချိန်တောင်မရချေ။
"သူခိုး...သူခိုး သူခိုးဆိုသူကြီး ဘယ်မှာလဲသူခိုး"
ရွာသားများက ဝါးရင်းတုတ်များပါကိုင်ကာ ရောက်လာကြသည်။
"အခုတော့ ဘယ်ပြေးပြီလဲမသိဘူး ကိုမျိုးမောင်၊အခုနက ကျုပ်အခန်းထဲကိုဝင်ခိုးသွားတာပဲ"
"ဟာ ဟုတ်လား သူကြီး ဘာတွေပါသွားသေးလဲ"
"ဘာတွေ ပါသွားလဲတော့မသိရဘူး အထုပ်တစ်ထုပ်ယူသွားတာပဲ"
"ရွှေတွေ ဘာတွေသိမ်းမိသေးလားသူကြီး"
"အေးကွာ သွားပါပြီ"
"ရွှေတွေဘာတွေ မသိမ်းမိပါဘူး သူခိုးကို ဗီဒိုဘက်မှာတွေ့တာပဲဗျာ...ဘာလုပ်ရမှန်းတောင်မသိဘူး ပါချင်ပါအဝတ်ထုပ်ပဲဗျ"
"ဟာ အဝတ်လည်းတန်ဖိုးရှိတာပဲ၊လိုချင်ရင် ကောင်းကောင်းမွန်မွန်တောင်းပေါ့"
"လှူတယ်ပဲ သဘောထားလိုက် ငါ့ညီရာ"
သူကြီးအိမ်ဝိုင်းထဲ၌ မီးတုတ်များ၊မီးအိမ်များဖြင့် ရွာသားများစုစုဝေးဝေးဖြစ်နေကာ သူကြီးအဝတ်ထုပ်ကို မ,သွားသည့်သူခိုးအား လိုက်ရန်တိုင်ပင်နေကြ၏။
"ဒီလိုလုပ် ကိုစံထွားတို့အုပ်စုက တောင်ပိုင်းကိုသွား၊ကျုပ်တို့က မြောက်ပိုင်းကိုသွားမယ် ငစံသာတို့က အရှေ့ပိုင်းကိုသွား၊မိုးသောက် မင်းက ‌အနောက်ကိုလိုက်"
"ဟုတ်ကဲ့အစ်ကို"
ထိုသို့ တိုင်ပင်နေရင်းပင် ငစံသာမှအလန့်တကြား အော်၏။
"ဟ...ဟ ဟိုဘက်မှာလူရိပ်ဟေ့"
"အဲ့တာဆို ခွဲမနေနဲ့ လိုက်ကြ...လိုက်ကြ..လိုက်ကြဟေ့"
"သူခိုး သူခိုး"
သက်လူတောင် ဆက်တားချိန်မရပဲ အုပ်စုလိုက်ကြီး ရွာသားများ ထိုဘက်သို့ချီတက်သွားသည်။
"အစ်ကို အစ်ကို ကျွန်တော်နဲ့အစ်ကိုကျန်ခဲ့ရအောင် သူခိုးက ဒီဘက်မှာရှိနေမလားမပြောနိုင်ဘူး"
သက်လူနှင့်အတွေးတူသော မိုးသောက်က ကျန်ခဲ့ရန်တားသဖြင့် သက်လူအသာငြိမ်ကျန်ခဲ့သည်။
ထို့နောက် အိမ်ဝိုင်းအနှံ့ နှစ်ယောက်သား မီးအိမ်ကိုယ်စီဖြင့်ရှာနေရသည်။
မိုးသောက်က အိမ်ဝိုင်းရှေ့ရှာပြီး သက်လူက အိမ်နောက်ဘက်သို့ရောက်လာကာ မြင့်မားသည့် မိမိတို့၏ကောက်ရိုးပုံကြီးဘက်သို့ အကြည့်ပို့မိသည်။
ကောက်ရိုးပုံကြီးဘက်ကို သက်လူကြည့်မိတော့ ကောက်ရိုးပုံ၏နောက်ဘက်ခြမ်းတွင် ပြူထွက်နေသော လက်မောင်းတစ်ဖက်အားမြင်ရ၏။
အဝေးကကြည့်ခြင်းကြောင့် လူစင်စစ်လား တခြားအရာလားအတိကျမပြောနိုင်သဖြင့် သက်လူအနီးနားသို့အသာတိုးကာ ကြည့်မိတော့ ထိုအရာက လှုပ်ရှားလာပြီး ဒုန်းဆိုင်းပြေးတော့သည်။
သက်လူလည်း ရုတ်တရက်လှုပ်ရှားရပြီး ထိုလူနောက်လိုက်တော့ မမှီတော့ချေ။
ထိုလူက ကောက်ရိုးပုံကနေ အနောက်ဘက်လယ်ကန်သင်းများဘက်သို့ ပြေးကာ အမှောင်ထုထဲတွင်ပျောက်ကွယ်သွားတော့သည်။
သူမပြေးမီက သက်လူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အရာမှာတော့ လက်ကောက်ဝတ်အထက်ရှိ အနာရွတ်များပင်။
တစ်ခုခုက ကုတ်ခြစ်ထားသဖြင့် ထင်ကျန်ခဲ့သည့် ကုတ်ရာမျိုးပင်။
ထိုကဲ့သို့ ကုတ်ရာများထင်နေပါလျှင် ထိုသူက....
"ကိုအောင်ဘချစ်....."
~~~~~~~~~~
"အ့..အား ‌သေပြီဟ"
"အာစတိ နာလား"
"အ့ နာတယ်ဟ...ကျိုးပြီလားမသိဘူး"
နာဂရာဇာသူရိန်မင်းထင် စခန်းတွင် ဗိုလ်နာဂနှင့်သူ့တပည့်ဖြစ်သူများ ထုံးစံမပျက်ဆူညံနေသည်။
"အဲ့‌တာကြောင့် အာစတိကိုပြောတယ် ဓာတ်ခဲသွားခိုးပေးပါမယ်လို့ ဆိုတာကို..အာဒဲ"
"အေးလေ ကျွန်တော် ‌မောင်ထန်းသီးတစ်ယောက်လုံး အခိုးပိုင်တာကို အာစတိက ကိုယ်တိုင်သွားခိုးတယ် အခုတော့ဖြစ်ပြီ"
ယောင်ရမ်းနေသော ‌နာဂ၏ခြေထောက်များအား ထန်းသီးနှင့်ဓာတ်ခဲမှ တစ်ယောက်တစ်ဖက်စီ နှိပ်ကာ ပွစိပွစိပြောနေ၏။
"အား.....မင်းအမေကလွှား...နာတယ်ဟ မအေဘေးတွေရ"
နှစ်ယောက်လုံး၏ နှိပ်ချက်မှာ အရမ်းပြင်းသဖြင့် နာဂအာခေါင်ခြစ်ကာ အော်လိုက်မိသည်။
"အာဒဲ...နားတွေတော့ ပင်းတော့မှာပဲ အာစတိရယ် အော်လိုက်တာ"
"မင်းတို့ လူလိုနှိပ်လေ"
အာစတိမှ မျက်စောင်းကြီးထိုးကာ မျက်နှာကြီးကိုတင်းပြီးပြောသဖြင့် ထန်းသီးနှင့်ဓာတ်ခဲမှာ ခေါင်းလေးငုံ့ကာအသာဆက်နှိပ်ရ၏။
"စခန်းက ဆေးဆရာဆီပို့ပေးမယ်လေ အာစတိ"
"ဘာ မသွားဘူး...မသွားဘူး"
"ဘာလို့လဲဗျ"
"မင်းတို့ကလွဲရင် ငါအထုပ်သွားခိုးလို့ ခြေထောက်ထိတာ ဘယ်သူမှမသိစေချင်ဘူးလေ၊စခန်းတစ်ခုလုံးသာသိရင် ငါ့ကို အချစ်ရူးသမားအာစတိလို့ခေါ်နေမှာ"
နာဂက ထိုသို့ပြောပြတော့ တပည့်နှစ်ယောက်က အသာခေါင်းညိတ်သည်။
နာဂလည်း မိမိခြေထောက်များအား ကိုင်ကာ မနေ့ညကအဖြစ်ပျက်ကိုသတိရ၏။
ဟုတ်ပါသည်၊ယမာန်ညက နာဂ ကျွန်းကန်သာရွာသို့သွားခဲ့သည်။
ကျွန်းကန်သာရွာဆိုတာထက် သူကြီး၏အိမ်ကိုပင်။
သူကြီးကိုသက်လူ၏အိမ်ကိုသွားသည်မှာ အခြားမဟုတ်ပဲ သူကြီး၏အဝတ်အစားများကို သွားယူခြင်းပင်။
ထိုသို့ယူလို့လည်း နာဂမှာဝတ်စရာမရှိလို့မဟုတ်ပေ။
သူကြီးကိုသက်လူ စခန်းတွင်နေရမည့်အချိန်နီးကပ်လာခြင်းကြောင့် ကြိုတင်ပြင်ဆင်ကာ အဝတ်စားများကို စခန်းသို့‌ပို့ထားပေးခြင်းပင်။
ပုံမှန်အားဖြင့် တပည့်နှစ်ယောက်အား ခိုင်းလို့ရသော်ငြား မပိရိမှာစိုးရိမ်၍မိမိသွားသော် ဘူးပေါ်သလိုပေါ်တော့မည့်ဖြစ်ခြင်းပင်။
ကိုယ့်ကိုယ်ကိုယ်လည်း သူခိုးလိုင်းမရ၍ ဓားပြလိုင်းနှင့်သာ အဆင်ပြေသည်ဟုတွေးမိ၏။
ထိုသို့ သွားခိုးရာတွင် သူကြီးကိုသက်လူကမိသွားသဖြင့် ပြတင်းပေါက်မှခုန်ဆင်းရာ ‌မှောင်မှောင်မဲမဲဖြင့် အနိမ့်အမြင့်ကိုမချိန်ဆနိုင်ခဲ့ပေ။
ရမ်းတိုးသမ်းတိုးခုန်ခဲ့ရသဖြင့် အရှိန်နှင့်မြေပေါ်ကျကာ ခြေထောက်ထိသွားခဲ့သည်။
ယခုတော့ ထိုအရှိန်နှင့် လေ့ကျင့်ရေးများလုပ်နိုင်မည်မထင်ပေ။
"ဓာတ်ထန်း"
"အမ်"
"ဟမ်...အာဒဲ...အာစတိကလည်း ဓာတ်ခဲနဲ့ထန်းသီးလို့ခေါ်ပါ ကြောင်သွားတာပဲ အာဒဲ"
"အေးလေ ဒါနဲ့အာစတိ ဓာတ်ထန်းက မကောင်းဘူး ကျွန်တော့်နာမည် ရှေ့ကထားပေး"
"အာဒဲ ငါ့နာမည်ရှေ့ကထားတာလေးလည်း လှပါတယ်"
နာမည်ခေါ်ခြင်းကို အရေးထဲ ရှေ့နောက်လုနေသဖြင့် တပည့်နှစ်ယောက်အား နာဂ တစ်ယောက်တစ်ချက်စီ ခေါင်းကိုပုတ်လိုက်သည်။
"အရေးအရေးဆို မဟုတ်တာပြောဖို့ပဲ၊ဘယ်လိုခေါ်ခေါ်ပေါ့ မင်းတို့ကိုမေးမလို့"
"ဟုတ်ကဲ့ အာစတိ"
"သူကြီးကိုသက်လူနေဖို့ အဆောင်ပြီးပြီလား"
"ပြီးပြီ အာစတိ"
"ဝတ်စရာရော"
"အာစတိ ခိုးလာလို့ ဝတ်စရာလည်းရှိပါပြီ"
"ရိက္ခာလည်း လောက်တယ်နော်"
"ဟုတ်ကဲ့ လောက်ပါတယ်"
"သူချစ်တဲ့ အကောင်လေးတွေလည်းမွေးထားတယ်နော်"
"မွေးထားပါတယ်"
မိမိမေးသမျှကို ပြူးကြောင်ကြောင်ဖြင့် အသေချာလိုက်ဖြေပေးနေသည့် တပည့်နှစ်ယောက်အား နာဂပြုံး၍ကြည့်သည်။
ထိုနောက် ကျေနပ်စွာအပြုံးကြီးပြုံးရင်း....
"အေး အဲ့တာဆို မနက်ဖန် ငါ့နှလုံးသားလေးကို သွားသိမ်းရအောင်"
"ဗျာ"
"ဖူး....အဟွတ် အဟွတ်"
----------------------------
အခန်း ၇ လေးလည်းပြီးပါပြီ။
ဒီတစ်ပိုင်းက မအားတဲ့ကြားကနေ အချိန်လုရေးရတာမို့ ဦးနှောက်ကုန်ကုန်နဲ့နည်းနည်းတိုသွားပါတယ်နော်။
ဖတ်ရတာ အားမရလောက်ဘူး နောက်ရက်ပိုင်းနေရင်တော့ ကျွန်းကန်သာက ကိုကိုလေး ပါတော်မူတဲ့အပိုင်းကိုအသေချာရေးပေးမယ်နော \⁠(⁠^⁠o⁠^⁠)⁠/
ထုံးစံအတိုင်း ထူးထူးဆန်းဆန်းစကားလေးတွေနဲ့ သတ်ပုံအမှားတွေတွေ့ရင် ထောက်ပြပေးပါဦး။
စာဖတ် ပရိတ်သတ်များထံသို့ မေတ္တာများစွာဖြင့် သျှား (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)
----------------------
Part 7 Started - 14.3.2025 8:35 PM
Zawgyi
တပေါင်းနွကေ ပူလှသည်မို့သက်လူ အိမ်ရှေ့တန်းလျားပေါ်၌ ရေနွေးချမ်းလေးသောက်ရင်း ယပ်တောင်လေးတဖျက်ဖျက်ခက်၍ အေးအေးလူလူထိုင်နေစဉ် အိမ်ထဲသို့ ငစံသာမှ အပြေးလွှားဝင်လာသည်။
"နာလား အစ်ကိုကြီး"
"နာလား"
"နာတယ်"
"ဂေ့...."
You are reading the story above: TeenFic.Net