Part 6 Started - 26.2.2025 9:30 PM
(ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ပက်သက်ပြီး စကားလေးအနည်းငယ်ပြောနေတာကြောင့်နာရီဝက်ကျန့်ကြာသွားခြင်းကို အနူးညွတ်တောင်းပန်ပါတယ်။)
A/N (နောက်ဆုံးအခန်းတွင် အကြမ်းဖက်မှုများနှင့်စိတ္တဇဆန်ဆန်ဇာတ်ကွက်များ အနည်းငယ်ထည့်သွင်းထားခြင်းကြောင့် 15 နှစ်အောက်များ မဖတ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဖတ်ပါကလည်း ထိုအခန်းများအား အတုယူခြင်းမပြုပဲ မကောင်းမှုဟုသာဆင်ခြင်စေလိုပါသည်။)
Unicode
"ကိုကို...."
စစ်ပိုင်ထိုရွာက သူကြီးဆိုသည့်ကိုသက်လူနှင့်စကားပြောနေစဉ် အိမ်ပေါက်ဝမှာအသံတစ်သံကြားလိုက်ရသဖြင့် လှမ်းကြည့်သော် မိမိမထင်မှတ်ထားသည့် ဖြူလွှလွှ လူကောင်လေးအားမြင်လိုက်ရသည်။
မျက်ဝန်းများမှာမယုံကြည်နိုင်၍ တွေတွေသာငေးနေမိသည်။
နှုတ်ခမ်းနှစ်လွှာသည် ဖွင့်ချီပိတ်ချီဖြင့် စိတ်လှုပ်ရှားနေသည့်ပုံစံအား ဖော်ပြနေသည်။
ပင့်တက်သွားသည့် မျက်ခုံးများအား တဖန်တွန့်ချိုးမိပြီး စစ်ပိုင်တကယ့်ကိုမယုံနိုင်ဖြစ်နေရပါသည်။
သို့ဖြစ်၍ မျက်မှန်ကိုင်းအား ပင့်တင်ကာ အထုတ်ပိုးများကိုဘုန်းကနဲချ၍ ထိုကောင်လေးရှိရာသို့ အပြေးသွားရင်း အနီးနားသို့ရောက်သည်နှင့် ထိုကောင်လေးအားသိမ်းကျုံးဖက်လိုက်သည်။
"အငယ်...."
"......."
"အငယ် အငယ်မဟုတ်လားဟင်..ဟင် အငယ် ကိုကိုလွမ်းနေတာအငယ်ရယ်...အငယ်ကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ၊ကိုကို့ကို ပြောစမ်းပါဦး နောက်ပြီး ဘာလို့ကိုကို့ကိုအဆက်သွယ်ဖြတ်ရတာလဲအငယ်ရယ်...ဦးလက်ခံနိုင်အောင် ကိုကိုကြိုးစားပေးမယ်လို့ အငယ့်ကိုပြောခဲ့တယ်မဟုတ်လားအငယ်ရဲ့ ဟင်.."
မထင်မှတ်ပဲရောက်လာသည့် ကိုကိုကြောင့်မိုးသောက်စွံ့အကာ မတုန်မလှုပ်ရပ်နေရာတွင် ကိုကိုမှလာဖက်သည်။
သို့ဖြစ်၍ မိုးသောက်၏လက်များမှာလည်း ကိုကို့ကျောပြင်ထက်သို့ရောက်သွားကာ တင်းတင်းကျပ်ကျပ်ပြန်ဖက်ထားမိပါသည်။
ကိုကိုပြောနေသည့်စကားများအား ကြားသော်ငြား မိုးသောက်ဘာမှပြန်မပြောနိုင်ချေ။
ယခုမိုးသောက်စိတ်ထဲတွင် ရှိသည်မှာ ကိုကို့ကိုအကြာကြီးဖက်ထားချင်ခြင်းသာ။
စစ်ပိုင်ရင်ထဲ ဗလောင်ဆူနေသောခံစားချက်နှင့် ယခုထိခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အငယ့်ကိုသာဦးစားပေးဖက်ထားမိသည်။
အနှီကောင်လေးအား သူမည်မျှလွမ်းနေသလဲ သူသာသိသည်။
အနှီကောင်လေးအား ထွေးပွေ့ထားချင်သည်မှာ အတန်ကြာခဲ့ချေပြီ။
အနှီကောင်လေးအပေါ် မကျေပွန်ခဲ့သည့်တာဝန်များအား ကျေပွန်အောင်ဆောင်ရွက်ပေးချင်ပြီး နွေးထွေးစွာထွေးဖက်ထားချင်သော်ငြား သူမလုပ်နိုင်ခဲ့ပေ။
အရာရာအား သူသိမြင်၍ လိုက်ရှာချိန် အနှီကောင်လေးသည်သူ့အနားမရှိတော့။
ပတ်ဝန်းကျင်၏ရိုက်ခတ်သံများနှင့် လူကြီးမိဘများ၏ အမျက်ဒေါသအားထိုကောင်လေးသာ ခါးစီးခံခဲ့ရသည်။
စစ်ပိုင်၏ဂုဏ်သိက္ခာညှိုးငယ်မှာကို များစွာစိုးရိမ်သောအငယ်သည် ထွက်သွားရမည့်လမ်းကိုသာရွေးခဲ့ကာ၊တကယ်တမ်းထွက်သွားသူမှာလည်း အငယ်ပင်။
ဆရာဝန်တစ်ယောက်အနေဖြင့် ဆေးရုံတွင်သာလူနာများဖြင့် နိစ္စဓူဝအချိန်ကုန်ခဲ့သဖြင့် အငယ့်အား သူပြည့်ပြည့်ဝဝအချိန်မပေးဖြစ်ပေ။
ဒါကိုနားလည်သည့်အငယ်က အပြစ်မမြင်ရှာပဲ သူ့ကိုအားပေးမြှောက်ထားသည်။
အငယ်ထွက်သွားပြီဟု သိရပြီးနောက်ပိုင်း အငယ့်မိဘများသည်လည်းအငယ့်စိတ်အား နားလည်နိုင်ခဲ့သည်။
အငယ့်အလုပ်မှ အငယ့်သူငယ်ချင်းများကမူ အငယ့်မိဘများအိမ်သို့သွားကာ ကူညီနားချပေးသည်။
စစ်ပိုင်လည်း စိတ်မှိုင်းကိုယ်ထိုင်းနှင့်လပိုင်းအကြာတွင် တာဝန်အရဤရွာတွင်တာဝန်ထမ်းဆောင်ရန် အကြောင်းဖန်လာသည်မို့ ထိုကိစ္စရပ်များအားမေ့၍ စိတ်သစ်လူသစ်နှင့်ဆရာဝန်တစ်ယောက်အနေဖြင့် ဤရွာကိုလာခဲ့သည်။
မထင်မှတ်ထားသည်မှာတော့ အငယ်နှင့်ဆုံရခြင်းပင်။
"ကိုကို...လွှတ်..လွှတ်ပါဦး"
အငယ်ကသူ့ကိုဖက်ထားရာမှ သူ့ကိုယ်ကိုလက်ဖြင့်တွန်း၍ လွှတ်ခိုင်းသည်။
သူလည်းတင်းတင်းကျပ်ကျပ်ဖက်ထားရာမှ အငယ့်ကိုလွှတ်ပေးလိုက်သည်။
သူတို့နှစ်ယောက်လုံး ဘေးဘီကိုဝေ့ကြည့်မိတော့ သူကြီးကိုသက်လူနှင့်ကိုတာလီဖိုးသည် သူတို့အနားမှာပြူးကြောင်ကြောင်လေးရပ်၍ကြည့်နေကြသည်။
"ဟို...အစ်..အစ်ကို ဒါကကိုကို..."
"ဟမ်...."
"ဟိုဟာ..ဪ..ဒေါက်တာစစ်ပိုင်ထွန်းလို့ပြောတာ"
"ဟမ်....အင်းလေ အစ်ကိုသိတယ်လေ၊အစ်ကိုသိလို့ပဲ ရွာကိုပင့်ထားတာလေကွ"
သက်လူက ထိုသို့ပြောတော့ တာလီဖိုးကပါဝင်ပြောသည်။
"အေးလေ...သိလို့ပဲဆရာလေးကိုပင့်လာတာလေကွာ..ကိုကြီးတို့မေးချင်တာက မင်းတို့နှစ်ယောက်ကဘာတွေလဲ"
"ဟုတ်တယ် အဲ့တာသိချင်တာ"
သူကြီးနှင့်သူကြီးလက်ထောက်ဖြစ်သူ၏အမေးကြောင့် စစ်ပိုင်အငယ့်လက်အား တင်းတင်းကျပ်ကျပ်ကိုင်၍ ထိုသူတို့ဘက်သို့မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
ပြီးနောက် ရေရာတိကျသည့်စကားလုံးများအား တစ်လုံးချင်းပြောလိုက်၏။
"ကျွန်တော်တို့နှစ်ယောက်က....ချစ်သူစုံတွဲတွေပါ"
"ဟေ"
"ဟေ"
~~~~~~~~~~
အချိန်အားဖြင့် ည ၈ နာရီဖြစ်၍ ကျွန်းကန်သာတစ်ရွာလုံး နှစ်ခြိုက်စွာအိပ်စက်နေကြသည်။
ကိုသက်လူမှာတော့ ထုံးစံအတိုင်းအိမ်အောက်တွင်လုပ်စရာရှိတာများလုပ်နေသည်။
အိမ်ရှေ့တန်းလျားမှာထိုင်ရင်း သက်လူနေ့လည်ကအဖြစ်ပျက်အား ပြန်တွေးမိပါသည်။
မိုးသောက်သည် သက်လူတို့ရွာသို့တာဝန်ကျသည့်ဆရာလေးအား ကိုကိုဟုခေါ်သည်။
ဖြစ်နိုင်သည်မှာ သေချာပေါက်မိုးသောက်ပြောပြဖူးသည့် မိုးသောက်ကိုကိုပင်ဟု သက်လူနေ့လည်ကတွေးခဲ့ပါသည်။
ထင်သည့်အတိုင်း မိုးသောက်နှင့်ဆရာလေးသည်ချစ်သူရည်းစားတွေပင်။
ဆရာလေးမှ သူတို့သည်ချစ်သူစုံတွဲတွေဖြစ်ကြောင်း ဝန်ခံလိုက်ချိန် မိုးသောက်မျက်နှာမှာနီရဲ၍ အိမ်ပေါ်သို့ဒုန်းဆိုင်းတက်သွားသည်။
ဆရာလေးမှလည်း ဘာမပြောညာမပြောလိုက်တက်သွားသည်။
နာရီဝက်လောက်အကြာတွင် ဆရာလေးမှညှိုးငယ်စွာပြန်ဆင်းလာပြီး သက်လူနှင့်တာလီဖိုးအားဖြစ်ကြောင်းကုန်စဉ်ပြောပြခဲ့သည်။
သူတို့နှစ်ယောက်၏ပက်သက်မှုကအစ အခြေနေတစ်ခုအဆုံးထိပင်။
ယခုလည်း မိုးသောက်ကဆရာလေးအား လက်မခံသေးပေ။
မုန်းလို့လက်မခံခြင်းမဟုတ်ပဲ ချစ်၍သာလက်မခံခြင်းပင်။
ဆရာလေးလည်း ခရီးပန်းလာသဖြင့် သက်လူတို့မှနားရန် နားချပြီးရွာဦးကျောင်းသို့လိုက်ပို့ခဲ့သည်။
ထိုကတည်းက မိုးသောက်သည် အိမ်ပေါ်မှညစာစားရန်နှင့်ရေချိုးရန်သာဆင်းလာပြီး ပြန်တက်သွားသည်။
တာလီဖိုးမှလည်း နောက်ရက်အခြေနေကြည့်ပေးရန် လာခဲ့မည်ဟုပြောကာ ညနေစောင်းချိန်တွင်ပြန်သွား၏။
ဖွားလေးကလည်း ဟိုဘက်ရွာမှဆွေမျိုးသားချင်းများစီသို့ ယနေ့သွားလည်ရင်း ဟိုဘက်ရွာမှာခုနှစ်ရက်စခန်းရှိသဖြင့် တစ်ပတ်ဆယ်ရက်နေမှပြန်လာမည်ဟုအကြောင်းကြားထားသည်။
သို့ဖြစ်၍ အိမ်တွင် ယနေ့ည သက်လူနှင့်မိုးသောက်သာရှိသည်။
အိမ်အောက်တွင် လုပ်စရာရှိတာများလုပ်ပြီးချိန် မိုးသောက်အားအဖော်ပြုပေးရန် သက်လူအိမ်ပေါ်ထပ်သို့မီးအိမ်တစ်လုံးနှင့်တတ်လာခဲ့တော့သည်။
ဘုရားကျောင်းဆောင်ဘေးမှ အခန်းရှိဝါးတံခါးကိုဆွဲဖွင့်လိုက်တော့ မိုးသောက်သည် ပြတင်းပေါက်နားတွင် ကျုံ့ကျုံကလေးထိုင်နေသည်။
တပေါင်းလပြည့်ညဖြစ်သောကြောင့် လမင်းကြီးသည်ထိန်ထိန်သာနေကာ လွမ်းမောစရာအတိပင်။
ပြတင်းပေါက်ဘက်ကိုမျက်နှာမူ၍ ကောင်းကင်အားငေးနေသော မိုးသောက်သည် သက်လူဝင်လာတာကိုသတိပင်မထားမိ။
သက်လူ မီးအိမ်အား မိုးသောက်အိပ်ရာဘေးရှိစားပွဲခုံပုလေးပေါ်သို့တင်၍ မိုးသောက်နှင့်မျက်နှာချင်းဆိုင်သို့ဝင်ထိုင်ကာ မိုးသောက်ကဲ့သို့ပင် ပြတင်းပေါက်ကတဆင့် ကောင်းကင်အားကြည့်နေမိသည်။
မိုးသောက်က သက်လူအားခေါင်းလေးငဲ့ကြည့်၍ ပြုံးပြကာပြတင်းပေါက်ဘက်သို့ပြန်လှည့်သွား၏။
"မအိပ်သေးဘူးလား အစ်ကို"
"ငါ့ညီလေးက မအိပ်ပဲအတွေးတွေများနေမှတော့ အစ်ကိုကဘယ်လိုလုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မလဲကွာ"
"အိပ်ပါအစ်ကိုရဲ့...ကျွန်တော်ကဘာမှမဖြစ်ပါဘူး"
"မိုးသောက်"
"ဗျာ"
"ဆရာလေးကိုမြင်တော့ ဘယ်လိုခံစားရလဲ"
"ဟင်း....."
"မဖြေချင်လည်းရတယ်နော် အစ်ကိုကမင်းပေါ့သွားအောင်ပြောချင်မလားလို့"
"ကျွန်တော်ချစ်နေတုန်းပဲအစ်ကို၊ကျွန်တော် ကိုကို့ကိုသံယောဇဉ် မပြတ်နိုင်ဘူး..ဘယ်လိုမှပြတ်မရတာအစ်ကိုရယ်..ကိုကို့အကြည့်တွေစကားလုံးတွေကို ကျွန်တော်ခုထိမလွန်ဆန်နိုင် မပြတ်နိုင်ဘူး"
"ဒါဖြင့် ဘာဆက်လုပ်မှာလဲ၊ဆုံးဖြတ်ချက်တစ်ခုကိုတော့ ရေရေရာရာချပါညီလေးရာ...ဆရာလေးလည်းအစ်ကိုတို့ကို သေချာရှင်းပြသွားတယ် မင်းမိဘတွေလည်းနားလည်သင့်သလောက်နားလည်နေပါပြီ၊ဆရာလေးမိဘတွေဘက်ကိုတော့ နည်းနည်းနားချရမှာပေါ့...အင်း ဆရာလေးလည်းမင်းကိုမျှော်လင့်နေတုန်းပဲလေ သူမင်းကိုလွန်း(လွမ်း)နေရှာတာ"
"ကျွန်တော်သိပါတယ်အစ်ကို...အကယ်၍ ကျွန်တော်ကိုကိုနဲ့ဆက်ပက်သက်နေဦးမယ်ဆိုရင် အစ်ကိုကရော လက်ခံမှာလားဟင်..ဒါပြီးတော့ ကိုကြီးတာလီဖိုးကရော လက်ခံမှာလား"
"တာလီဖိုးဆိုတဲ့ကောင်ကတော့ပြောမနေနဲ့...သူက အစ်ကိုမင်းလိုဆိုတာ အရင်ကတည်းကသိထားတာတောင် အစ်ကို့ကိုနားလည်ပေးပြီး သူပဲဖေးမခဲ့တာပဲ။အင်း ငါ့ညီလေးပျော်မယ်ဆိုရင်၊ငါ့ညီလေးအတွက် ကောင်းတဲ့ကိစ္စဆိုရင် အစ်ကိုလက်မခံနိုင်စရာဘာအကြောင်းရှိလဲကွာ...ဆရာလေးသာမင်းကို နောက်တစ်ကြိမ်ပျော်အောင်ထပ်မထားနိုင်ဘူးဆိုရင်တော့ ဘာအရေးလဲ..အစ်ကိုကလက်ခံမှာမဟုတ်ဘူး၊အဓိက မင်းနဲ့ဆရာလေးအပေါ်ပဲမူတည်တယ်"
"အစ်ကို...ကိုကို့ကိုယုံပေးပါ..ဟို..ကျွန်တော့်ကိုရောပဲ"
"အဟားဟား...အေးပါ အေးပါ ဒါဆိုပြန်လက်ခံမယ်ဆိုတဲ့သဘောပေါ့"
သက်လူကရယ်ရယ်မောမောဖြင့် ထိုသို့မေးတော့ မိုးသောက်က သတ်ပြင်းလေးချ၍ မျက်နှာလေးညှိုးကာ သူ့အဝတ်ဗီရိုနားသို့သွားပြီး အဝတ်များကိုပြန်ထုတ်နေသဖြင့် သက်လူမှာမျက်လုံးပြူးသွားရသည်။
"ဟေ့...ဟေ့ ဘာလို့အဝတ်တွေပြန်ထုတ်နေတာတုန်းကွ..ဟော်ဗျာ..ဒီကောင်လေးနှယ့် ဘာလို့ပြန်မှာလဲ..မင်းကိုကိုလဲရွာမှာရှိနေပြီပဲဥစ္စာ၊ပြန်လက်မခံဘူးလားကွ ဟေ့ မိုးသောက်"
မိုးသောက်မှ အထုတ်များကိုသိမ်းဆည်းနေရာမှ သက်လူဘက်သို့လှည့်ကာ သွားကလေးဖြီး၍ရယ်ကြသည်။
"ဟီး...အိမ်ပြန်မလို့မဟုတ်ပါဘူး အစ်ကိုကလည်း"
"ဒါဆို ဘာလို့အထုတ်တွေသိမ်းနေတာတုန်းကွ"
"မနက်ဖန် ဘုန်းကြီးကျောင်းပြောင်းတည်းမလို့လေ"
"ဟေ"
"အာ အဲ့ဒီလိုမဟုတ်ပါဘူး၊ဟိုဟာ...ကိုကိုက ဆရာဝန်ဆိုတော့ ဘုန်းကြီးကျောင်းမှာဆေးခန်းထိုင်ရင်လူနာတွေလာမှာလေ..အဲ့ဒီအခါ ဘုန်းကြီး
ကျောင်းမှာ လူနာတွေတရုန်းရုန်းနဲ့ သံဃာတွေတရားအားထုတ်တာအာရုံပျက်မှာဆိုးလို့ ကိုကို့ကို အစ်ကို့အိမ်မှာတည်းခိုင်းပြီး ကျွန်တော်ဘုန်းကြီးကျောင်းသွားမလို့လေ"
"ဟမ်"
"ပြီးတော့ ကိုကိုက...ဟင်းနည်းနည်းချေးများတယ်၊ပူရင်လည်း သိပ်မအိပ်တက်ဘူး..ခွေးလည်းကြောက်တက်တော့ ဘုန်းကြီးကျောင်းမှာအဆင်မပြေမှာဆိုးလို့လေ...အဲ့တာ..."
"တော် တော်..တော်မိုးသောက်ရယ်၊မင်းနှယ့် ချစ်တတ်သူကြီးပါကွာ နောက်ဆိုသူကြီးနေရာပါလွှဲပေးရမယ် အရမ်းတွေးတတ်ပြီး ဂရုစိုက်တတ်လို့လေ"
"ဟီး...အဲ့တာဆို ကိုကို့ကို အစ်ကို့အိမ်မှာထားမယ်မလားဟင်"
"မ..ထား..ဘူး ရွာဦးကျောင်းက အစ်ကို့အိမ်ထက်ပိုအဆင်ပြေလို့အဲ့ဒီမှာထားတာလေ မင်းကငါ့ထက်သိလို့ ဆရာကြီးလာလုပ်နေတာလားကွဟေ
တကယ့်ကောင် မလိုချင်ဘူး ရွာဦးကျောင်းမှာအကုန်စီစဉ်ပြီးပြီ၊မင်းလည်းတွေ့ချင်ရင် ရွာဦးကျောင်းသွားတွေ့ ဒါပဲ မင်းအကြောင်းမသိရင်ခက်မယ်"
"ဟာဗျာ...အစ်ကိုကဗျာ"
"အစ်ကိုကဗျာမနေနဲ့ မီးမှိတ်..အိပ် မနက်ဆရာလေးဆီသွားရမယ် စောစောထဖို့အိပ်တော့"
ဆရာလေးဆီသွားရမည်ဟုဆိုသောအခါ မိုးသောက်မှအလွန်တက်ကြွစွာဖြင့် ခေါင်းကိုတဆက်ဆက်ညိတ်ကာ ခြင်ထောင်ထဲဝင်၍လှဲချလိုက်တော့သည်။
သက်လူလည်း ဟက်ခနဲရယ်ကာ မိုးသောက်အခန်းပြတင်းပေါက်အား ဆွဲပိတ်ပေးခဲ့ပြီး မိုးသောက်အားစောင်ပါးလေးတစ်ထည်ခြုံပေးခဲ့ကာ သူ့အခန်းအတွင်းမှထွက်လာခဲ့တော့သည်။
သက်လူလည်းအိပ်ရန်လိုအပ်နေခြင်းကြောင့် မိမိအခန်းကိုသာထွက်လာခဲ့တော့သည်။
ထိုသို့ သက်လူနှင့်မိုးသောက်သည် ညီအစ်ကိုအရင်းချာများမဟုတ်သော်ငြား ညီအစ်ကိုအရင်းချာများထပ် တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ပိုကြပါသည်။
~~~~~~~~~~
ယနေ့သည် စစ်ပိုင်၏ကျွန်းကန်သာရွာ၌ ပထမဆုံးနေထိုင်ခြင်းနေ့ဖြစ်သည်။
သူကြီးနှင့်ရွာသားများမှ ရွာဦးကျောင်းတွင်စီစဉ်စရာရှိတာများ ဝိုင်းဝန်းစီစဉ်ပေးကြသဖြင့် မနက်ဖန်တွင်ဆေးပေးခန်းစတင်ဖွင့်လှစ်မည်ဖြစ်သည်။
သို့ဖြစ်၍ ရွာဦးကျောင်းတွင်အားလုံးအလုပ်ရှုပ်နေကြသည်။
စစ်ပိုင်လည်း ကူစရာရှိတာများဝိုင်းဝန်းကူညီပေး၏၊သူကြီးနှင့်သူကြီးလက်ထောက်ဖြစ်သူအား တွေ့ရသော်ငြား အငယ့်ကိုမတွေ့ရသဖြင့်စစ်ပိုင်စိတ်ပူမိသည်။
သူကြီးကိုမေးလိုက်တော့ အငယ်က မနက်အစောကတစ်ခါလာပြီးကြောင်းသိရသည်။
ဆေးပေးခန်းအတွက် နေရာထိုင်ခင်းများချပြီး မွန်းတည့် ၁၂ နာရီအချိန်တွင်အားလုံးပြီးစီးသွားသဖြင့် သူကြီးမှစစ်ပိုင်အား သူ့အိမ်သို့ထမင်းဖိတ်ကျွေးသည်။
အငယ့်ကိုလည်းတွေ့ချင်သောကြောင့် သူကြီးခေါ်ရာနောက်သို့လိုက်ခဲ့ပါတော့သည်။
"ကြွပါ ဆရာလေး၊ကျွန်တော်နဲ့တာလီဖိုး ထမင်းပွဲပြင်လိုက်ပါဦးမယ်"
"ဟုတ်ကဲ့ သူကြီးခင်ဗျ...ဒါနဲ့လေ"
"ဟုတ်ကဲ့"
"ဆရာလေးလို့မခေါ်လည်း အဆင်ပြေပါတယ်ဗျ သူကြီးကကျွန်တော်နဲ့မှရွယ်တူမဟုတ်လား ဒီတော့ရင်းရင်းနှီးနှီး ကိုစစ်လို့ခေါ်လည်းအဆင်ပြေပါတယ်ဗျ...ဟို ကိုတာလီဖိုးရောပဲနော်ဗျ"
သူဒီလိုပြောတော့ သူကြီးကပြုံး၍ခေါင်းညိတ်ပြကာ ကိုတာလီဖိုးက သဘောကျစွာပြော၏။
"အဟားဟား ဟုတ်ပြီ ဟုတ်ပြီဗျာ..ကိုစစ်ဆိုလည်း ကိုစစ်ပေါ့..ကဲ ကိုစစ်ထိုင်ဗျာ"
"ကျေးဇူးပါ ဒါနဲ့ အငယ်ရော"
"အဟမ်း...."
ကိုတာလီဖိုးက ချောင်းတစ်ချက်ဟန့်တော့သူကြီးက ကိုတာလီဖိုးကိုမျက်မှောင်ကုပ်ပြသဖြင့် စစ်ပိုင်မှာရှက်ရမ်းရမ်းစွာ ကိုယ့်လည်ပင်းကိုယ်ပြန်ပွတ်သပ်နေမိ၏။
"ကိုစစ်ရဲ့ အငယ်က ဘယ်တောင်ရောက်နေလဲမသိပါဘူး"
"ဟုတ်ပါ့ဗျာ..ဒီကောင်လေး အလည်ကျူးနေပြန်ပြီထင်တယ်၊ကျွန်းကန်သာမှာ အနေများပြီး ကျွန်းကန်သာရွာသားလေးကိုဖြစ်လို့ နေနေ ကျုပ်သွားရှာချည်ဦးမယ်"
"ရပါတယ် ကိုတာလီဖိုး ကျွန်တော်ပဲရှာလိုက်ပါ့မယ်"
"မိုးသောက်က ကိုစစ်ပိုင်နဲ့အနေဝေးတော့ နည်းနည်းစိမ်းသွားတာပါ၊ပြီးတော့ သူလက်ခံဖို့လည်းကြိုးစားနေတုန်းထင်တယ် ဒါကြောင့်သိပ်မျက်နှာချင်းမဆိုင်တာနေမယ် အဆင်ပြေတယ်မဟုတ်လားကိုစစ်"
"ဟုတ်ကဲ့သူကြီး ပြေပါတယ် ကျွန်တော်လည်းအငယ် လက်ခံလာဖို့ပဲဆက်ကြိုးစားလိုက်ပါမယ်၊ဒါဆို သွားရှာလိုက်ဦးမယ်နော်"
စစ်ပိုင်သူကြီးနှင့်ကိုတာလီဖိုးအား ပြုံးပြနှုတ်ဆက်ကာ ဝိုင်းအနောက်ဘက်သို့လျှောက်လာခဲ့သည်။
ပုဆိုးနက်ပြာရောင်နှင့်ရှပ်လက်ရှည်မိုးပြာရောင်လေးကို တွဲဖက်ဝတ်ဆင်ကာ မျက်မှန်ကိုင်းနက်ကိုပါသေချာတပ်ထားသဖြင့် စစ်ပိုင်မှာယနေ့လည်းအထူးချောမောနေသည်။
ကိုယ့်ဆံပင်ကိုယ်ပြန်သပ်၍ သဘောကျနေကာ အငယ်တော့သေချာပေါက် သူ့ချောမောမှုတွေမှာ ထပ်ပြီးနစ်မျောသွားမည်ကိုတွေးပြီး တစ်ယောက်ထဲပြုံးစိစိဖြစ်နေရသည်။
ဤကဲ့သို့ စစ်ပိုင်သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားမြင့်လွန်းပါသည်။
မြင့်မားသော သူကြီးအိမ်မှကောက်ရိုးပုံကြီးအကျော်တွင် ကြီးမားသောကုက္ကိုလ်ပင်ကြီးအားတွေ့ရ၏။
ကုက္ကိုလ်ပင်ကြီးသည် အကိုင်းအခက်ကြီးကြီးများဝေဆာကာ စိမ်းစိုလန်းဆန်းနေသည်။
အကိုင်းကြီးများမှာ လွန်စွာကြီးလှပြီး ကိုင်းကြီးကြီးတစ်ခုသည် တံတားတစ်စင်းသဖွယ် တန်းတန်းလေးရှိနေ၏။
စစ်ပိုင်အပေါ်သို့မော့ကြည့်ရာတွင် အငယ်ကထိုအကိုင်းပေါ်တွင် ထိုင်နေ၏။
"အငယ်"
"ဗျာ..."
စစ်ပိုင်အငယ့်အားလှမ်းခေါ်လိုက်တော့ အငယ်ကအပင်အောက်သို့ငုံ့ကြည့်လာကာ ထူး၏။
"အပင်ပေါ်မှာဘာတက်လုပ်နေတာလဲ အောက်ကိုဆင်းစမ်းအငယ်"
"ဟာဗျာ ကိုကိုကလည်း...မဆင်းချင်ပါဘူး မကျေနပ်ရင်ကိုကိုတက်ခဲ့လေ"
"ကိုကိုကမတက်ဘူး လာပါအငယ်ရယ် ပြုတ်ကျမယ်ဆင်းစမ်းပါကွာ"
"မဆင်းချင်ပါဘူးကိုကိုရ ဒီပေါ်မှာအေးတယ်"
"ကိုကို့ရင်ခွင်က အဲ့ဒီအပေါ်ထက်ပိုအေးတယ် လာ"
စစ်ပိုင်က ထိုသို့ပြောတော့ အပင်ပေါ်မှပေါက်စနလေးမှာ ခရမ်းချဉ်သီးသဖွယ်မျက်နှာလေးနီမြန်းသွား၏။
စစ်ပိုင်တို့နှစ်ယောက်သည် အပင်ပေါ်၊အပင်အောက်ဖြစ်နေသဖြင့် ထိုစကားများကိုကျယ်ကျယ်လှမ်းအော်နေခြင်းဖြစ်သောကြောင့် အငယ်မှသူ့အစ်ကိုများကြားမှာဆိုးသဖြင့် မျက်မှောင်လေးကုပ်ပြ၏။
"အဟားဟား ဆင်းခဲ့နော် မဆင်းခဲ့လို့ပြုတ်ကျရင်ကတော့ ကိုကိုကလေ..ဟောဒီမယ် ဆေးထိုးအပ်ကြီးကြီးနဲ့ အငယ့်တင်ပါးကို အကိုက်ခဲပျောက်ဆေးတွေထိုးပေးရမှာဗျား"
"ကိုကိုအရင်အကျင့်မပျောက်သေးဘူးပဲ ဆရာဝန်ဆိုတိုင်းကျွန်တော့်ကို အဲ့ဒီအပ်နဲ့ပဲခြိမ်းခြောက်နေတယ်"
"ဟွန် ဒါဆိုအငယ်ကမကြောက်ဘူးပေါ့...ဪ"
"ကြောက်တယ်လို့ ကြောက်တယ်"
"အဟားဟား အဲ့တာဆိုအခုဆင်းခဲ့"
"မရမချင်းကို ခေါ်နေတာပဲ"
ထိုသို့ငြူစူစွာပြော၍ အငယ်သည် သစ်ပင်ပေါ်မှတဖြေးဖြေးချင်းဆင်းလာကာ မြစ်ခြေရင်းရောက်ခါနီးတွင် အကိုင်းတစ်ခုနှင့်ချော်ကာ ပြုတ်ကျမည်အလုပ် စစ်ပိုင်မှဖမ်းထိမ်းပေးလိုက်ရသည်။
အငယ်က မျက်လုံးလေးစုံမှိတ်ကာ လက်ကလေးပိုက်ထား၏။
စစ်ပိုင်က အငယ်မျက်လုံးလေးမှိတ်ထားသည်ကို အခွင့်ကောင်းယူ၍ နှစ်လိုစွာပြုံးပြီး အငယ့်ပါးလေးအား မွှေးကြူလိုက်သည်။
အငယ်မှ မျက်လေးပုတ်ခပ်ပုတ်ခပ်ဖြစ်လာကာ စစ်ပိုင်ရင်ခွင်ထဲမှထွက်သွား၏။
"ဖယ်..ဖယ်ဗျာကိုကိုရာ ရောက်တာမှမကြာသေးဘူး လူကိုအသားယူနေတာပဲ၊လာ..လာ သွားမယ်"
"ဟားဟား ဘယ်ကိုသွားမှာလဲ"
"ဟာ အိမ်ရှေ့လေဗျာ"
"ဟုတ်လား အိမ်ရှေ့ကိုဘာသွားလုပ်မှာတုန်း"
"ဟာ ဒီလူနှယ့် အရစ်ရှည်တယ်၊ဗိုက်ဆာတယ် ထမင်းသွားစားမယ် လိုက်ချင်ရင်လိုက်ခဲ့ မလိုက်ချင်ရင်နေ သွားပြီ"
မိုးသောက် ကိုကို့အားထိုသို့ထားခဲ့ကာ ကိုကိုမှအနောက်ကနေ သဘောကျစွာ တဝါးဝါးရယ်၍လိုက်လာခဲ့တော့သည်။
"စောင့်ဦးနော် ဟိတ်ကောင်လေး၊မစောင့်လို့ကတော့ ထပ်နမ်းမှာဗျား"
~~~~~~~~~~
ကြို့ပင်ကန်ဆယ့်နှစ်ရွာအုပ်စု၊ကြို့ပင်သာ အဓိကရွာကြီးအတွင်းသို့ ဗိုလ်နာဂနှင့်သူ၏ တပ်ဖွဲ့များဝင်ရောက်စီးနင်းနေသဖြင့် ရွာသားများမှာ သူကြီးဦးမြင့်ဆောင်အိမ်၌ စုစည်းနေကြသည်။
ဒိုင်း....ဒိုင်း....ဒိုင်း
ဟီး...ဟီး..ဟီး
မိုးကောင်းကင်ယံသို့ ကျည်သုံးတောင့်အား ဆက်တိုက်ပစ်တင်ပြီးနောက် သေနတ်ကိုလက်ဖြင့်လှည့်ကစားကာ မိမိခါးကြားထဲသို့ ဗိုလ်နာဂဟန်ပါပါနှင့်ထိုးသွင်းလိုက်သည်။
နာဂ မိမိဆံနွယ်များအား စုစည်းကာ ခါးကြားမှသေနတ်ကိုထုတ်၍ သူကြီးဦးမြင့်ဆောင်ထံသို့တစ်လှမ်း လျှောက်သွားသည်။
ရွာသားများမှာလည်း သူကြီးအိမ်ဝိုင်းထဲ၌ပြည့်နေကာ အားလုံးနာဂ၏အလာအား ခေါင်းမဖော်တမ်းဝပ်တွားခစားနေသည်။
ကောင်းသောခစားခြင်းမဟုတ်သည်ကိုတော့ နာဂကောင်းကောင်းသိပါသည်။
နှစ်လိုခြင်းမရှိသည့်အကြည့်တွေအား နာဂလျစ်လျှူရူ၍ ခေါင်းငုံ့ဝပ်တွားကာ ခုတင်ပေါ်၌ထိုင်နေသော သူကြီးဦးမြင့်ဆောင်ထံသို့သာ ဦးတည်သွားလိုက်သည်။
ခုတင်ပေါ်သို့ ဘွတ်ဖိနပ်စီးနင်းထားသည့် ခြေထောက်များနှင့် တက်ကာ၊ညာဘက်ခြေထောက်ကို ခုတင်ပေါ်တင်၍ ဘယ်ဘက်ခြေထောက်ကိုခုတင်အောက်ချထားကာ ခါးထောက်ရပ်နေလိုက်သည်။
"ကဲ...ဆိုစမ်းဦးဗျာ...ကြို့ပင်သာရဲ့သူကြီးဆိုပါ့ကော ဦးမြင့်ဆောင် ဟုတ်သလား"
"ဟုတ်...ဟုတ်ပါတယ် ဗိုလ်မင်းရယ်"
"ခင်ဗျားအတင်းအဓမ္မသိမ်းထားတဲ့ လယ်ဧက ဘယ်လောက်ရှိလဲ"
"ခင်ဗျာ"
ဦးမြင့်ဆောင်က သူဘာမှမသိသလိုပြုမူနေခြင်းကြောင့် နာဂစိတ်မရှည်စွာ ခေါင်းကိုရမ်းရင်း ခါးကြားမှသေနတ်ကိုထုတ်၍ သေနတ်အား ဝှီးကနဲတစ်ချက်မှုတ်လိုက်သည်။
ထို့နောက် မောင်းကိုချိန်၍ ဦးမြင့်ဆောင်၏ ခေါင်းတည့်တည့်အားချိန်ကာ ပြုံးပြလိုက်တော့သည်။
"ကဲဗျာ ဒီလိုဆိုရင်ရော...ပြောမှာလား၊မသိဘူးတော့လုပ်လို့မရဘူးနော်...ဟောဒီမှာလေ ဒီလက်ညှိုးလေးကွေးတာနဲ့..ဖောင်း"
နာဂမှ သေနတ်မောင်းကိုချိန်ကာ ထိုသို့အပြုမူဖြင့်ခြိမ်းခြောက်လိုက်တော့ ဦးမြင့်ဆောင်မှချွေးစီးချွေးပေါက်များပြန်ကာ အလွန်မင်းကြောက်ရွံ့နေသည်။
"စကားမပြောနိုင်လောက်အောင် ကြောက်နေတာလား ဟင်...ကြည့်ပါဦးချွေးစီးတွေပြန်နေတာ"
နာဂမှ သူ့လက်ဖြင့်ဦးမြင့်ဆောင်၍ နဖူးမှချွေးပေါက်များအား အသာအယာဖိသုပ်ပေးသည်။
"ခင်ဗျား မရှိဆင်းရဲသားတွေရဲ့လယ်တွေကို မရမကသိမ်းတုန်းက အဲ့အချိုးလား..ဟမ်"
ဦးမြင့်ဆောင်မှဘာမျှမပြော။
"ဝေါင်း..."
"အေ့..."
နာဂမှ ဦးမြင့်ဆောင်အား ဝေါင်းကနဲသေနတ်ဖြင့်ခြောက်လိုက်တော့ တုန်တုန်ရီရီဖြင့်ယောင်ရှာသည်။
"ဘယ်လိုလုပ်မလဲ ဦးမြင့်ဆောင် သေမလား..ရှင်မလား"
"ရှင်...ရှင်ချင်ပါတယ်ဗိုလ်မင်း"
"အဲ့တာဆို ကြို့ပင်ကန်အုပ်စုမှာ ခင်ဗျားဝက်ဝက်ကွဲသိမ်းထားတဲ့ လယ်တွေ၊ယာတွေ၊ကိုင်းတွေကိုပြန်ပေးလိုက် တစ်ယောက်မကျန်အကုန်ပြန်ပေးနော် ကျုပ်အခု ဓားပြလာတိုက်နေတာမဟုတ်ဘူး။ရွာသူရွာသားတွေ ပိုင်တာကိုပြန်လာတောင်းနေတာ"
"ခင်ဗျားတို့ဆယ့်နှစ်ရွာအုပ်စုမှာလေ ကြို့ပင်သာကလွဲရင် တခြားရွာတွေအကုန် ကုန်းကောက်စရာမရှိအောင်မွဲနေတာ၊ခင်ဗျားသားမယားကို ဖို့တဲ့ပိုက်ဆံတွေက မသန့်ဘူးဆိုတာရော ခင်ဗျားသိလား"
"ဟမ်..သိလားလို့ မေးနေတယ်လေ"
"သိ..သိပါတယ်"
"အခုခင်ဗျားသေရမှာတော့ ကြောက်တယ်ပေါ့၊ခင်ဗျားစိတ်နဲ့ကြိုးဆွဲချသေရတဲ့လူတွေကရော..သူတို့မိသားစုတွေကရော"
"လူရယ်လို့ဖြစ်လာရင်၊ခေါင်းဆောင်ရယ်လို့ဖြစ်လာရင် ခင်ဗျားကောင်းစားဖို့၊ခင်ဗျားမိသားစု ကောင်းစားဖို့ပဲ ဟောဒီ အလကားဦးနှောက်နဲ့တွေးလို့မရဘူးသိလား၊ဟော ရပ်ရွာကောင်းစားဖို့ဆိုရင် သူကြီးကောင်းမှဗျ...အခု ခင်ဗျားအုပ်ချုပ်တဲ့ဆယ့်နှစ်ရွာအုပ်စုမှာအကုန် အနုတ်စုတ်ဂုတ်စုတ်ဖြစ်ကုန်ပြီ၊ဘယ်သူတွေချမ်းသာလဲ..ခင်ဗျားနဲ့ပေါင်းစားပင်းစားနေတဲ့ မြို့ကရဲဆိုတဲ့ကောင်တွေရယ် ရွာက သူဌေးဆိုတဲ့ကောင်တွေရယ်ပဲလေ။"
"ကျုပ် ကသတင်းအကုန်ရထားပြီးသား၊ခင်ဗျားကြောင့် ခင်ဗျားကြောင့် သေရတဲ့လူတွေများနေပြီ"
နာဂပြောရင်းနှင့်ပင် အံကိုတင်းတင်းကြိတ်ထားမိသည်။
ကြို့ပင်သာဆယ့်နှစ်ရွာအုပ်စုသည် ကျွန်းတောသာ ဆယ့်နှစ်ရွာအုပ်စုနှင့်ပင် မတူခြားနားစွာ ကလိမ်ကကျစ်ပေါ၏။
ထိုရွာများအား အဓိကအုပ်ချုပ်သည့် သူကြီးဦးမြင့်ဆောင်ဆိုသူသည် သူကြီးတန်မဲ့ငွေတိုးချေးစားသည်။
ငွေတိုးချေးစားတော့လည်း တန်ရာတန်ရာမဟုတ်ပေ၊အတိုးကိုလေတိုက်တိုင်းမြှင့်ကာ နောက်ဆုံးမဆပ်နိုင်တော့လျှင် လယ်တွေကိုသိမ်းလို့ရနိုင်သည့် အနေထားထိလုပ်သည်။
မြို့နယ်အဖွဲ့စည်းများနှင့် ပေါင်းပင်းစားကာ အစိုးရက လမ်းတစ်ခုခင်းရန်ငွေ သိန်း ၅၀ ချပေးလျှင် သိန်း ၃၀ လောက်ကသူ့အိတ်ထဲရောက်ပြီး ကျန်သည့် ၂၀ ကဟိုလိုလိုဒီလိုလိုနှင့်ကုန်ကာ လမ်းသည်လည်းဖြစ်ဖြစ်မြောက်မြောက်မခင်းဖြစ်ပေ။
ကျွန်းတောသာ၏ သူကြီးနှင့် ကြို့ပင်ကန်သူကြီးဟုဆိုလျှင် အပြတ်သတ်ပင်ကွာသည်။
ယခုလည်း သူ့အုပ်စုမှ သူ့လူများအား ထိုကဲ့သို့ဖိနှိပ်ကာ စည်းစိမ်ဥစ္စာများအားသိမ်းသည်။
လယ်သိမ်းသည်၊နွားသိမ်းသည်၊နွားမရှိလျှင် ဝိုင်းကိုသိမ်းသည်။
ရှိရှိသမျှ ပိုင်ဆိုင်မှုများအကုန်သိမ်းသည်။
ညှာတာထောက်ထားခြင်း တစ်စက်ကလေးမျှမထားဘဲ သူ့သားမယားကောင်းစားရေးသာအာရုံထားသဖြင့် ရွာသူရွာသားများမှာ ဦးမြင့်ဆောင်အား ရွံကြောက်ကြီးကြောက်ရသည်။
ဦးမြင့်ဆောင်အားနှစ်လိုသူမှာ ရွာမှသူဌေးကြီးများသာရှိမည်။
ယခုလည်း ဦးမြင့်ဆောင်သိမ်းထားသည့် မိမိအပိုင်ပစ္စည်းဥစ္စာများစိတ်ဖြင့် တချို့သောရွာသူရွာသားတို့သည် မိမိကိုယ်ကိုယ်အဆုံးစီရင်သွားကြသည်။
နာဂက ဤကဲ့သို့လုပ်ရပ်များအား အင်မတန်မုန်းသည်။ကိုယ်တိုင်လည်း ထိုလိုသူကြီးကြောင့် ဓားပြဘဝအားရောက်ခဲ့ရသဖြင့် မကောင်းတာလုပ်နေရလျှင်တောင်၊နာမည်ဆိုးရနေလျှင်တောင် အကြမ်းနည်းသုံး၍ တကယ့်ပိုင်ရှင်များ ရသင့်ရထိုက်တာကိုပြန်တောင်းမည်။
ယခုနေတော့ ဦးမြင့်ဆောင်က နာဂ၏ပစ်မှတ်ပင်။
"လုပ်စမ်းပါ စကားလေးဘာလေးပြောပါဦး၊ခင်ဗျားလည်း လူယုတ်မာ၊ကျုပ်လည်း လူယုတ်မာပဲ...လူယုတ်မာအချင်းချင်း ဘယ်သူပိုရက်စက်နိုင်လဲဦးမြင့်ဆောင် လူယုတ်မာအချင်းချင်းမျက်နှာချင်းဆိုင်စမ်းပါ"
"အခု ဗိုလ်မင်းဘာလိုချင်တာလဲ...ကျုပ်..ကျုပ်ကိုပြော"
"ကျုပ်ပြောတာ ခင်ဗျားမကြားဘူးလား၊ခင်ဗျားသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကိုရထိုက်သလောက် ပြန်ပေးလိုက်ဆိုတာ"
"ပေးလို့မရဘူး"
"ဘာကိုမရတာလဲ"
"ကျုပ်...ကျုပ်သိမ်းတာမဟုတ်ဘူး"
"ခင်ဗျား ဗြောင်လိမ်ဗြောင်စားမျက်နှာပြောင်တိုက်လိုက်တာ၊ခင်ဗျားစည်းစိမ်ပြုတ်မှာတော့
You are reading the story above: TeenFic.Net