အခန်း ၄ (U/Z)

Background color
Font
Font size
Line height

Part 4 Started - 12.2.2025 9:30 PM

Unicode

(အများကြီးနောက်ကျသွားလို့ ဂျင်ဂျားမီးယားနဲပါ(⁠´⁠;⁠ω⁠;⁠`⁠)

စတင်ရေးသားချိန် 11.2.25 10:46 AM

အတည်ပေါက်နှင့် စကားလုံးတစ်လုံးချင်းစီကိုအလေးနက်ပြောနေသည့် မိုးသောက်အားသက်လူကြည့်နေရုံသာတက်နိုင်‌‌ပါသည်။
ထိုစကားများနောက် မျောပါရင်းအတွေးတို့သည် လွန်ခဲ့သည့်ဆယ်နှစ်ခန့်ဆီသို့....

လွန်ခဲ့သော ၂၀၀၀ ခုနှစ်~~~

ကျွန်းကန်သာရွာ၏ တိတ်ဆိတ်ငြိမ်သက်မှုသည် တစ်ရွာလုံး၌ခွေးဟောင်သံပင်မကြားရအောင် ဆိတ်ငြိမ်နေသည်။
နွေခေါင်ခေါင်တွင် ထွန့်ထွန့်လူးအောင်ပူရသည့်အပူမှာ သက်လူရင်ထဲကအပူထပ်တော့အေးမည်ထင်၏။
ရွာထိပ်၌ လှုပ်ရှားသွားလာနေသောလူများ၏ မျက်နှာမှာလည်းဝမ်းနည်းရိပ်တို့သန်းနေသည်။
သက်လူတို့အားလုံး ရွာပြင်သို့ရောက်နေကာ စိတ်မချမ်းမြေ့ဖွယ်အခမ်းနားတစ်ခုအား တက်ရောက်နေရပါသည်။သက်လူမိမိရှေ့၌ရှိနေသော အဘနှင့်အမေ၏အလောင်းစင်အား ကြာရှည်စွာငေးကြည့်နေမိပါသည်။
ငိုချင်သော်ငြားမငိုနိုင်ပါ၊ရင်ထဲနှလုံးသားထဲ၌ ဗလာနတ္ထိဖြစ်နေကာ ဘာပြောလို့ပြောရမှန်းကိုမသိပေ။
အဘနှင့်အမေအားယနေ့မြေမြှုပ်ပါမည်။
သက်လူမြို့သို့ကျောင်းသွားတက်နေစဉ်အတွင်း အဘနှင့်အမေမှသတိတရမြို့သို့လာတွေ့သည်။
သက်လူတို့ရွာနှင့်မြို့မှာ အဝေးကြီးဝေး၏၊မြို့သို့တစ်ခါတက်လျှင် ခုနစ်ရက်တစ်ပတ်ကြာသည်။
လမ်းခရီးကလည်းကြမ်းသလို ဝေးကလည်းဝေး၏။သက်လူကျောင်းတက်ဖို့တောင် အဘနှင့်အမေကအတော်ရုန်းခဲ့ရသည်။
ရွာမှာပညာတတ်မရှိပေ၊အဘကိုယ်တိုင်လည်းအတန်းပညာမတတ်ပါ သို့သော်ငြား အသိပညာတတ်၍သူကြီးဖြစ်နေ၏။
ရွာတွင်ပညာတတ်က သက်လူတစ်ယောက်ထဲပဲဟု ရွာသူ/သားများကပြောကြသည်။
သက်လူတို့ရွာသည် ကောက်ပဲသီးနှံဖြစ်ထွန်းပြီး ရွာထဲတွင်ဖိနပ်ချုပ်လုပ်ငန်းများလည်းရှိသည်။
ရွာစီးပွားရေးကောင်းမွန်ကာ မြို့သို့တက်၍ ရွာတွင်းဖြစ်များ ရောင်းချပါကသူကြွယ်ဖြစ်လာကြစမြဲပင်။လူတန်းစေ့နေနိုင်ကြကာ ဝတ်နိုင်စားနိုင်၏။
သို့သော်ငြား အလှူတန်းများတွင် ကပ်စေးအင်မတန်ကုပ်ကာ လမ်းဆိုလည်းမပြင်ကြ၊ချောင်းဆိုလည်းတံတားမထိုးကြပဲ ပေပေတေတေနေကြ၏။ပြည့်နေသည့်အိုးအား ထပ်ထပ်ဖြည့်သည်ဟုဆိုသလို ရွာဦး‌ကျောင်းကိုသာ အလျှံပယ်လှူဒန်းကြ၏။ထိုအလှူအားသက်လူအပြစ်မဆိုချင်ပါ၊သို့သော်ငြား ပြည့်စုံပြီးသားကိုထပ်ဖြည့်နေတာထက် မပြည့်စုံသည့်နေရာကိုဖြည့်တင်းပေးခြင်းကပိုကောင်းသည်ဟုသက်လူမြင်သည်။ရွာ၏အစွဲများထဲထိုအစွဲကိုလည်း သက်လူမကြိုက်ပါ။
ဒါကြောင့်လည်းအဘက "အဘမစည်းရုံးနိုင်တဲ့ကိစ္စကို လူလေးသူကြီးဖြစ်ရင် ရအောင်စည်းရုံးနော်"ဟုပြောလေ့ရှိ၏။
ထိုအခါလည်းသက်လူက "ဟာဗျာ သား သူကြီးမဖြစ်ချင်ပါဘူး၊သူကြီးမလုပ်ပဲ စည်းရုံးလို့ရမဲ့နည်းတွေရှိမှာပါ၊အဘသူကြီးလုပ်တာနဲ့ပဲ သားသူကြီးမဖြစ်ချင်ဘူး သူကြီးဖြစ်ရတာပင်ပန်းမှာ" ဟုပင်ပြန်ပြောသည်။ယခုတော့ မဖြစ်ချင်ရင်တောင်ဖြစ်ရတော့မည့်သူကြီးပင်။
အဘနှင့်အမေသည် မြို့တွင်တက္ကသိုလ်တက်နေသောသက်လူအားလာတွေ့သည်။
လာတုန်းက ကုန်စိမ်းကားစီးခဲ့သည်ဟုသိရသည်၊အဘနှင့်အမေလာတွေ့တော့သက်လူပျော်မိပါသည်။
မတွေ့တာကြာသော အဘအားလွမ်းသလို အမေ့လက်ရာများကိုလည်းသက်လူလွမ်းပါ၏။
သက်လူအတွက်အမေကအကြော်အလှော်များထည့်လာကာ အဘကအသုံးစရိတ်ပေးသွား၏။
နေစရာအတွက် မိုးသောက်၏ဖခင်၊သက်လူ၏ဆရာတို့အိမ်တွင်နေသည်။စားစရာအတွက်လည်း မပူရပေ၊သို့သော်ငြား တစ်ကိုယ်‌ရည်အသုံးစရိတ်တော့လိုအပ်သည်။
သက်လူကလိမ္မာသည်ဟု တစ်ရွာလုံးကပြော၏၊ကိုယ့်ဒူးကိုယ်ချွန်ကာ ပညာကိုလည်းတစိုက်မတ်မတ်ကြိုးစားသူဖြစ်၍ အပိုကဏ္ဍအနေဖြင့်မကုန်ပါ။
တခြားသောကဏ္ဍများမှာလည်း ထူးချွန်သောကြောင့် တစ်ရွာလုံးကအနာဂတ်သူကြီးဟုပြောရှာသည်။
သက်လူတို့ရွာကြီးသည် အထက်ပိုင်းဒေသဖြစ်၍တချို့အရာများတွင် ခေါင်သည်။
မြို့တက်ရန်လည်းအင်မတန်ခက်ခဲကာ ရွာတွင်ရှေးရိုးစွဲထုံးတမ်းများလည်းရှိသည်။
သက်လူမကြိုက်သည့် ထုံးတမ်းစဉ်လာထဲမှတစ်ခုမှာ ‌ဖအေသူကြီးဖြစ်လျှင် သားလည်းသူကြီးဖြစ်ရမည်ဟူသာတည်း။

ထိုစနစ်ကြီးသည် ရှေးဘုရင်များလက်ထပ်ကတည်းက စနစ်ကြီးပါဟုသက်လူ မလုပ်ချင်ကြောင်းငြင်းတိုင်း အဘကပြုံးသည်။
အဘနှင့်အမေကသက်လူကို အတင်းကြပ်မစေခိုင်းပါ၊သက်လူက သူကြီးမဖြစ်ချင်ပဲ ဘွဲ့ယူကာအလုပ်ကိုင်အတည်တကျလေးနှင့်အဘ၊အမေနှင့်ဖွားလေးကိုစောင့်ရှောက်သွားချင်သည်။
ယခုတော့ အရာအားလုံးပျက်စီးချေပြီ။
သက်လူအားလာတွေ့ပြီး အဘတို့ပြန်ရာတွင် မီးသွေးတင်လာသည့်ကားကိုစီး၍ပြန်သည်၊သို့သော်ငြား အပြန်လမ်းတွင်ကားတိမ်းမှောက်ကာ အဘနှင့်အမေဆုံးလေပြီ။
ထိုသတင်းအားကြားကြားခြင်းပဲ သက်လူရွာသို့ပြန်လာပါသည်။
ရွာပြင်မှာဆုံးသောကြောင့် ရွာထဲသွင်းခွင့်မရှိပေ။
သက်လူ၏အိမ်မက်များ၊ဆန္ဒများ၊မျှော်လင့်ချက်များ တစ်စစီကျိုးပဲ့ကုန်၏။
အရာရာဟာ လေဟာနယ်ထဲလွင့်ပြယ်သွားသလိုခံစားချက်ပင်။
သက်လူချစ်သောဖွားလေးမှာလည်း သက်လူအားနှစ်သိမ့်ရှာပါသည်။နှစ်သိမ့်ရှာရင်း ဖွားလေးပါအိပ်ရာထဲလဲနေ၏။
ယခု ဖွားလေး၏အချစ်ဆုံးသား၊သက်လူ၏အဘအရိုက်ရာသို့ သက်လူဆက်ခံရပေတော့မည်။
ဘာလုပ်လို့ဘာကိုင်ရမလဲမသိ၊ဒီရွာ၏ရှေ့ရေးကလည်း သက်လူခေါင်းပေါ်ရုတ်တရက်ကြီးကျလာသည်။
အဘနှင့်အမေဆုံးရုံရှိသေး ရွာ၏လူကြီးပိုင်းများက သက်လူကိုဖိအားပေးပါသည်။
သက်လူခေါင်းထဲ "သူကြီးလုပ်ရမယ် လုပ်ရမယ် လုပ်ရမယ်"ဟူသောစကားများ ပဲ့တင်ထပ်နေပါသည်။
သက်လူအသက်အခုမှ ၂၀ ပဲရှိပါသေးသည်၊သက်လူအဆင်သင့်မဖြစ်သေးပါ။အဓိပ္ပာယ်မရှိဘူးဟုသာ သက်လူတွေးမိပါသည်။
ယခုလည်း သက်လူ၏မျက်ဝန်းများအသက်မဲ့နေပါသည်။
အတွေးတို့ လေဟာနယ်ထဲလွင့်ပြယ်ရင်းမှ သက်လူပခုံးပေါ်သို့လက်တစ်စုံရောက်လာသည်။

"ကို...ကိုသက်လူ အဆင်ပြေရဲ့လား"

သက်လူလှည့်ကြည့်လိုက်တော့ အဘသူငယ်ချင်းဦးရာဇ၏သားပင်။
ထို‌ကောင်လေးက သက်လူထက်တစ်နှစ်ငယ်ကာ အသက် ၁၉ ဝန်းကျင်ပင်၊သက်လူမှတက္ကသိုလ်တက်နေစဲ ဖြစ်သော်ငြား သူကသူ့အဘနှင့်အတူ ဆေးရောင်းလိုက်သည်တဲ့။သူဘာကြောင့်ကျောင်းဆက်မတက်တော့တာလဲလို့ သက်လူအဘကိုမေးခဲ့တော့အဘက "ဖြစ်တည်မှုမတူမှတော့ ရပ်တည်မှုတွေလည်းဘယ်တူပါ့မလဲလူလေးရယ်" ဟုသာပြောသည်။သက်လူအဘနှင့်သူ့အဘမှာ ငယ်ပေါင်းဖော်တွေဖြစ်၏။
သက်လူတို့အဘတွေသည် ကျွန်းကန်သာရွာတွင်အတူကြီးပြင်းခဲ့ကြပြီး သက်လူ၏အဘကမျိုးရိုးဓလေ့အတိုင်း သူကြီးအရိုက်ရာဆက်ဆံရ၏။
ထိုလူ၏အဘမှာ အဘနဲ့မတူခြားနားစွာပင်၊ရွာမှာပဲနေ၍ လယ်ကောင်းကောင်းလုပ်နိုင်သော်ငြား ဘာစိတ်ကူးပေါက်သည်မသိ အလုပ်လုပ်ရမည်ဟုဆိုကာ မြို့တက်သွားတယ်လို့အဘကပြောသည်။
သူ့အဘအကြောင်းမဟုတ်ပါဘဲ အခုနလူအကြောင်းပြန်ဆက်ရလျှင် ထိုသူ၏နာမည်မှာ "နာဂ" ပင်။
ဘာစိတ်ကူးနဲ့ နာဂတောင်တန်းနာမည်ကြီး လျှောက်ပေးထားတာလဲဟု သက်လူသူ့အဘကိုမေးတော့ သူ့အမေကအဲ့ဒီတောင်တန်းသူမို့လို့ပါတဲ့။
အဓိပ္ပာယ်မရှိပေ၊မြန်မာပြည်အထက်ပိုင်း ရွာသားက အိန္ဒိယမြန်မာနယ်စပ်က နာဂလူမျိုးမိန်းမငယ်တစ်ဦးနှင့်ချစ်ကြိုက်ကာ ကပြားကလေးကိုမွေးသတဲ့။
ထိုလူကြီး ဘယ်လိုလုပ်နာဂတောင်တန်းဘက်ရောက်သွားလည်းဟု သက်လူသိချင်မိပါ၏၊ရွာကနေမြို့ကိုတက်ရာက ဘာသာစကားမတူ၊ယဉ်ကျေးမှုမတူ၊စရိုက်မတူတဲ့ လူတစ်ယောက်နှင့်ချစ်ကြိုက်ကာ ယခုတော့ရွာကိုခဏအလည်လာသည်။အဘနှင့်မတွေ့ရသည့်ကာလများတွင် ထိုလူကြီးကဘိန်းစွဲသွားသည်တဲ့၊ဘာတွေလုပ်ကိုင်စားလဲဟု အဘကမေးတာ့တောင်တန်း‌မှာ တောပစ်သည်ဟုဖြေသည်။သေနတ်ကိုလည်း ကျွမ်းကျင်စွာပစ်တတ်ပြီး ထိုတောင်တန်းဘက်မှာပဲ နှစ်ပေါင်းအတော်ကြာနေခဲ့ကာသားဖြစ်သူ အသက် ၁၉ နှစ်ရောက်မှဇာတိသို့ခေါ်လာသည်။သူ့မိန်းမတော့မပါချေ၊ဆုံးရှာပြီဟုသာ ပြော၏။
အဘနှင့်သူငယ်ချင်းဖြစ်သော်ငြား အဘလောက် လူမွှေးလူယောင်မပြောင်ဘူးဟု သက်လူကောက်ချက်ချခဲ့မိသည်။
သို့သော်ငြား သက်လူ၏အထင်နှင့်အမြင်လွဲခဲ့ရပါသည်။
နာဂ၏အဘမှာ သက်လူ၏အဘအားခင်တွယ်ရှာကာ ရွာကိုရောက်လာသည့်ကာလပက်လုံး အဘတောင်းဆိုသမျှကို ကကြီးကနေ အ,အထိလုပ်ပေး၏။ဘိန်းစွဲခဲ့တယ်ဆိုသော်ငြား ယခုတွင်တော့အခြေနေပြန်ကောင်းလာကာ တကယ့်လူရိုးကြီးပင်။သူ့သားဖြစ်သူကိုလည်း စိတ်သဘောထားနူးညံ့အောင်သင်ပေးထား၏။
နာဂဆိုသောကောင်လေးမှာ သက်လူထပ်တစ်နှစ်ငယ်သည့်အလျောက် သူ့မျက်နှာကလေးမှာကလေးရုပ်ပင်မပျောက်သေး။

အသားသည်ညိုလွန်းသည်လည်းမဟုတ်၊ဖြူလွန်းသည်လည်းမဟုတ်ပဲ သက်လူထက်အရပ်ကားအနည်းငယ်နိမ့်နေ၏။
သူ့မျက်ဝန်းနက်နက်များနှင့် မျက်ခုံးမွှေးထူထူတို့မှာလည်း လိုက်ဖက်တင့်တယ်စွာတည်ရှိနေ၏။
ဆံပင်ခပ်အုပ်အုပ်နှင့် သင်္ဘောသားအကွက်အင်္ကျီများအားဝတ်တက်ပြီး ဘောင်းဘီရှည်ကိုသာစွဲစွဲမြဲမြဲဝတ်၏။
သက်လူတက္ကသိုလ်စာမေးပွဲပြီးတိုင်း ရွာသို့ပြန်လာချိန် သူတို့သားအဖနှင့်တွေ့ခဲ့ရသည်။
အဘက ထိုကောင်လေးအားညီလေးတစ်ယောက်လိုစောင့်ရှောက်ခိုင်းသည်၊အချိန်ကြာလာတာနှင့်အမျှ သက်လူကညီလေးလိုမမြင်နိုင်တော့ပေ။
သည်အတွက်လည်း သက်လူကိုယ့်ကိုယ်ကိုယ် ယောင်္ကျားချင်းသဘောကျနေမိတာလားဟုပင် သံသယဝင်ကာ မသထီပါ။သက်လူရွာသို့ပြန်ရောက်တိုင်း သက်လူအနောက်သို့တကောက်ကောက်လိုက်ကာ "ကိုသက်လူ ကိုသက်လူ"နှင့်ပါးစပ်ကမချ‌ချေ။စကားကလည်းပေါကာ သက်လူဆူတိုင်း သွားတန်းများပေါ်၍မျက်လုံးများမှိတ်သည်အထိရယ်ပြ၏။
ကြာလေကြာလေ သံယောဇဉ်တွယ်မိပါသည်၊သက်လူ မည်သို့ဖြတ်ရမည်လဲမသိပါ။သို့သော်ငြား နှလုံးသားရေးထက် ဦးနှောက်ရေးအားပိုတွေးရမည်ဖြစ်သောကြောင့် သက်လူရွာကိုသာရွေးရပါမည်။
သက်လူ အသက်ငယ်ငယ်နှင့်သူကြီးတစ်ယောက်ဖြစ်ရပါတော့မည်။သက်လူ၏ရင်ခုန်သံ အသစ်စက်စက်ကလေး စစ်မှန်လားမစစ်မှန်လားသက်လူမစမ်းစစ်ရသေးခင်မှာပင် သက်လူဦးနှောက်ကိုသာအသားပေးခဲ့ရပါတော့သည်။သူ့အားလည်း ယခုတလောစိမ်းစိမ်းကားကားနေမိပါသည်။
ယခုလည်း သူကသက်လူ၏ပခုံးအားဆုပ်ကိုင်ကာ စိုးရိမ်ပူပန်သည့်မျက်လုံးများဖြင့် ကြည့်နေ၏။

"အစ်ကို အဆင်ပြေပါတယ်..."

"ကိုသက်လူအဆင်မပြေပါဘူး၊ကျုပ်သိပါတယ်"

နာဂကပြောပြောဆိုဆိုနှင့် သက်လူအားအနီးနားရှိသစ်ပင်ကြီးတစ်ပင်ကွယ်ရာသို့ ဆွဲခေါ်သွား၏။
ရုတ်တရက်မို့သက်လူမှာ ကြောင်အအနှင့်ပါသွားရသည်။

"ကိုသက်လူ"

"အင်း"

"ငိုချင်လို့လား ငိုချလိုက်ပါ..ဖက်ထားရအောင်..ကျုပ်..ဖက်ထားပေးမယ်လေ"

သက်လူအား သူ့အင်အားပြည့်နေသောမျက်ဝန်းများနှင့်ကြည့်နေပြန်သည်။
သူ့မျက်ဝန်းများထဲ နှစ်သိမ့်မှု၊နွေးထွေးမှု၊ကြင်နာမှုများလည်းပြည့်နှက်နေတော့ သက်လူစိတ်ထဲပိတ်လှောင်ခံထားရသည့် ခံစားချက်များပွင့်ထွက်ကာ မျက်ရည်များတသွင်သွင်စီးကျရပါတော့သည်။

"တိတ်..တိတ်နော် ကျုပ်ရှိပါတယ်ကိုသက်လူရယ်..ကျုပ်တင်မဟုတ်ပါဘူး ကျုပ်ရောအဘရော ရှိတယ် ဝအောင်ငိုလိုက်"

သက်လူအားဖက်ထားကာ ကျောကိုလည်းသပ်ပေးနေ၏။သက်လူလည်းသူ့အားပြန်ဖက်မိပါသည်။
သူ့လက်မှာ ခပ်နွေးနွေးဖြစ်နေပြီး သက်လူ၏ဆံပင်များကိုလည်းပွတ်သပ်ပေးနေသည်။

"အစ်ကို..အစ်ကိုဘာလုပ်ရမလဲနာဂ..အင့်..အစ်ကိုသူကြီးမဖြစ်ချင်ဘူး..သူကြီးမဖြစ်ချင်ဘူး အစ်ကိုအဘနဲ့အမေကိုပြန်လိုချင်တယ်..အစ်ကို..အစ်ကိုတစ်ယောက်ထဲမရပ်တည်နိုင်ဘူး အစ်ကိုသေပစ်ချင်လောက်အောင်မွန်းကျပ်တယ် အင့်..."

သက်လူကလေးတစ်ယောက်လို ရှိုက်ခါငင်ခါငိုမိပါသည်၊စကားများကိုလည်း ပလုံးပထွေးနှင့်တအင့်အင့်ရှိုက်ရင်းပြောနေမိပါ၏။

"အိုဗျာ...တိတ်ပါ အသက်ရယ်..ကျုပ်ရှိပါတယ်"

နာဂဆီမှထွက်လာသော "အသက်" ဆိုသည့်နာမ်စားကြောင့်သက်လူခေတ္တငိုင်မိသွားပါသည်။
အသက်တဲ့လား...အသက်ဟုခေါ်လိုက်သည်လား....

"အစ်ကို...အစ်ကို သူကြီးလည်းမဖြစ်ချင်ဘူး အစ်ကိုဖြစ်ချင်တာတွေနဲ့ဖြစ်သွားတာတွေတလွဲချည်းပဲကွ..ပြီးတော့ အစ်ကိုမင်းကို..ဟုတ်တယ်၊အစ်ကိုမင်းကိုချစ်တယ်..ချစ်တယ် ညီလေးလိုမဟုတ်ဘဲ..ချစ်သူလိုချစ်တာ"

သက်လူ၏ရင်ဘက်ထဲ၌ ဗလောင်ဆူနေသည့်ခံစားချက်နှင့်အတူ စကားအချို့ကိုပါ ပလုံးပထွေးနှင့်မထင်မှတ်ပဲပြောမိသွားသည်။
ကိုယ့်ကိုယ်ကိုယ်လည်းသတိမမူမိပဲ မထိန်းမိလိုက်ချေ။
သက်လူ၏ ထိုစကားအဆုံး နာဂမှသက်လူကိုဖက်ထားပေးရာကနေ ရုတ်တရက်လွှတ်လိုက်သောကြောင့် သက်လူအသိစိတ်ပြန်ကပ်ကာ များစွာတုန်လှုပ်မိသွားသည်။

"အစ်ကို...ဘာတွေပြောမိမှန်းမသိဘူး တောင်းပန်ပါတယ်..အစ်ကို့ကိုမမုန်းပါနဲ့ အစ်ကိုက..မင်းထင်သလို..မဟုတ်..."

သက်လူ၏စကားမဆုံးသေးခင်မှာပင် နာဂမှာသက်လူသက်လူမျက်နှာအနားသို့‌တဖြေးဖြေးကပ်လာသည်။
သက်လူ၏ရင်ခုန်သံများ အဆမတန်ကျယ်လောင်လာရပြီး ချွေးစီးများပင်ပြန်လာရသည်။သူဘာလုပ်မည်လဲသက်လူစောင့်ကြည့်နေစဉ်မှာပဲ သူ့နှုတ်ခမ်းလွှာများသည် သက်လူ၏နှုတ်ခမ်းလွှာများထက်သို့ နူးညံ့အိစက်စွာ ခစားလာ၏။
ချိုမြိန်သောခစားမှုတွင် ရုတ်တရက်မို့မရုန်းနိုင်သူမှာ သက်လူပဲဖြစ်ရပြန်သည်။
နှုတ်ခမ်းခြင်းကပ်၍ မျက်နှာခြင်းလည်းနီးကပ်နေသည်မို့ သက်လူပါးပြင်ပေါ်မှ တလိမ့်လိမ့်ခုန်ဆင်းနေသောမျက်ရည်စက်များကို သူ့လက်မဖြင့်ဖိသုပ်ပေးသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့နှုတ်ခမ်းများအားရုတ်ချည်းသိမ်းကာ သက်လူနှင့်မျက်လုံးချင်းဆုံကြည့်၏။

"ကျုပ်လည်း အသက်ကိုချစ်တယ်..ညီကိုတွေလိုမဟုတ်ဘဲ ချစ်သူရည်းစားတွေလိုချစ်တာ...."

သူ့ဆီမှမထင်မှတ်ထားသော စကားကိုကြားရသည့်အခါ သက်လူအထိပ်တလန့်ဖြစ်သွားရပြန်ပါသည်။
သူ့စကားအားဘာမှပြန်မပြောနိုင်သေးပါ၊သက်လူရင်ဘက်ထဲ ‌ဗလောင်ဆူနေလေပြီ။
ဦးနှောက်မှလည်း ဘာမှမတုန့်ပြန်နိုင်ချေ။
ယခုပဲ သက်လူခံစားချက်အား ဆက်ပြီးမျိုသိပ်ရမလဲ၊ဖွင့်ပြောရမလားမသိချေ။
သက်လူကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေမိတော့ သက်လူ၏ခေါင်းအား သူ့မျက်နှာရှေ့တည့်ကာကိုင်ထား၏။

"ကြည့်..ကျုပ်ကိုသေချာကြည့်ထားနော်ကိုသက်လူ..ကျုပ်လည်းကိုသက်လူကိုချစ်တယ်၊ကျုပ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ချစ်တယ်..ဒါကြောင့်ဖြစ်လာမဲ့ပြသာနာတွေကို အတူတူရင်ဆိုင်ရင်း ကျော်ဖြတ်ကြမယ်လေ..နော်"

"ဟင့်အင်း"

"ဟင်"

"ဟင့်အင်း..မဖြစ်ဘူး မင်းအစ်ကို့ကိုချစ်လို့မရဘူး၊အစ်ကိုလည်းမင်းကို ချစ်လို့မရဘူး မဖြစ်နိုင်ဘူး၊အစ်ကိုတို့က ယောင်္ကျားလေးတွေ..အိမ်ထောင်ဖက်ကမိန်းကလေးပဲဖြစ်သင့်တာ"

သက်လူအကြောက်ကန်နှင့်ခေါင်းတဆက်ဆက်ခါကာ ငြင်းမိပါသည်။
သက်လူထိုသို့ပြောတော့ နာဂက "ဟင်း"ကနဲသက်ပြင်းချ၍ သက်လူ၏လက်နှစ်ဖက်အား သူ့လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ မျက်လုံးချင်းတဖန်ဆုံကြည့်စေ၏။

"အချစ်မှာ ဒီလိုကန့်သတ်ချက်ကြီးရှိလို့လားကိုသက်လူ၊အချစ်ဟာချစ်နေရင် လှပနေတာပဲလေ အရာရာကိုချစ်တက်တဲ့မျက်စိနဲ့ကြည့်ရင် လှပါတယ်ကိုသက်လူရယ်၊ကျုပ်လည်းကိုသက်လူကိုချစ်တယ် ကိုသက်လူလည်းကျုပ်ကိုချစ်တယ် ဘာမှမလိုတော့ဘူး ကျုပ် အထူးရယ်အဆန်းရယ်လို့မမြင်ပါဘူးဗျာ ကျုပ်ကချစ်မိရင်တော့နောက်ဆုတ်မှာမဟုတ်ဘူးနော်"

နာဂဆီမှ ရင့်ကျက်သောစကားသံများကိုကြားပြီး သက်လူအံ့ဩမိပါသည်။
သို့သော်ငြား မဖြစ်နိုင်ပါ။သက်လူဟာ သာမန်လိုနေထိုင်ရတော့မည်မဟုတ်ချေ၊သူကြီး..သူကြီးဆိုသည့်ဝန်အားလည်းထမ်းရမည်ဖြစ်ကာ ရှေ့ရေးအားတွေးရသည်။

"မဖြစ်နိုင်ဘူးလို့ အစ်ကိုပြောပြီးပြီလေနာဂ၊ဒီရွာရဲ့သူကြီးဖြစ်သူက ယောင်္ကျားချင်းချစ်ကြိုက်နေပါတယ်ဆိုတာသာရွာသားတွေသိရင် အစ်ကိုဘယ်လိုမျက်နှာပြရမလဲ၊အဘအစ်ကို့ကိုဆုံးမထားတာက အားလုံးအတွက်စံပြဖြစ်ဖို့ပဲကွ...အစ်ကိုလက်မခံနိုင်ဘူးနာဂ.."

"ခက်ပါရောလားကိုသက်လူ..ကျုပ်ရှိတယ်လေ၊ကျုပ်တို့အတူတူရင်ဆိုင်မယ်လို့ပြောပြီးပါရောလား၊ကျုပ်ချစ်မိသွားပြီလေ..."

သက်လူလက်အားဆုပ်ကိုင်ထားသည့် နာဂ၏လက်များကိုသက်လူကိုယ်တိုင်ပဲ ဖြုတ်ချလိုက်မိပြီးမိမိဦးနှောက်ထဲ၌ပြောရန် ကြိုတင်မစီစဉ်ဖြစ်သောစကားအား လွှတ်ကနဲထွက်သွားရတော့၏။

"အစ်ကို့ကို လူတကာတံတွေးခွက်ထဲဆွဲချနေတာလားနာဂ..."

သက်လူ၏မထင်မှတ်သောစကားကြောင့် နာဂမှဆွံ့အသွားတော့သည်။
သူ့မျက်ဝန်းများမှာလည်း အရောင်ပြောင်းသွားကာသက်လူအားစိုက်ကြည့်လာသည်။

"ဘယ်လိုစကားပြောလိုက်တာလဲ ကိုသက်လူ..ကျုပ်ကဆွဲချမယ်တဲ့လား ကျုပ်ချစ်တဲ့သူကိုကျုပ်ကလူတကာတံတွေးခွက်ထဲ ထားမယ်တဲ့လား.."

"နာဂ..အစ်ကိုက.."

"ဟင့်အင်း..ကျုပ်ကိုသက်လူကိုလူတကာတံတွေးခွက်ထဲမထားဘူး..အဲ့ဒီအစားကျုပ်ပဲလူတကာတွံတွေးခွက်ထဲဝင်နေလိုက်မယ် ကျုပ်ကိုသက်လူသိပ်ချစ်တာတော့ ယုံထားပါ..."

နာဂသည်ထိုစကားအားပြောပြီးနောက် သက်လူအားကျောခိုင်းကာထွက်ခွာသွားတော့၏။
ထိုနေ့ကသာ နာဂကိုနောက်ဆုံးတွေ့ရခြင်းဆိုသာလျှင် သက်လူသေချာပေါက်နာဂဘက်အား တွေးမိခဲ့မည်။

အဘတို့ရက်လည်အပြီး သက်လူခံစားချက်ကိုရှေ့တန်းမတင်ပဲ ပြတ်ပြတ်သားသားဆုံးဖြတ်ကာ ကျွန်းတောသာဆယ့်နှစ်ရွာအုပ်စု၏သူကြီးအရိုက်ရာသို့ဆက်ခံရန်သာပြင်ဆင်မိတော့သည်။

သို့သော်ငြား တက္ကသိုလ်ပြီး၍ဘွဲ့ယူပြီးမှသာလျှင် တရားဝင်သူကြီးတင်မြှောက်ပါဟု သက်လူ‌အားလုံးကိုတောင်းဆိုထား၏။ရွာသားများကလည်း ပညာတတ်သူကြီး၏အုပ်ချုပ်မှုအောက်တွင် ကောင်းကောင်းနေပါမည်ဟု အားပေးစကားပြောထားကြ၏။
ယခုနေတော့သက်လူဘေးနား နာဂမရှိပါ၊အဘတို့ရက်ပင်မလည်သေးပဲ သက်လူ၏ဘဝထဲမှနာဂထွက်ခွာသွားလေသည်။
သူ့အဘနှင့်တစ်နယ်တခြားအားခရီးနှင်လေပြန်သည်။သက်လူစကားလွန်မိသည်ကို သိပါသည်၊နာဂကိုလည်းသက်လူတောင်းပန်ရန်လိုက်ရှာခဲ့ပါသည်..သို့သော်ငြား သက်လူနောက်ကျသွားသည်လားမပြောတတ် နာဂသည်သက်လူဘဝထဲမှထွက်သွားပါရစေဟုစာချန်ခဲ့၏။
မိမိပြိုလဲနေရာကနေ သန်မာဖို့တောင်အားမမွေးရသေးပဲ ထပ်ဆင့်ပြိုလဲအောင်ဝေဒနာတွေပေးခဲ့သလားဟု သက်လူနာကျင်စွာတွေးမိပါသေးသည်။သို့သော်ငြား နာဂ၏ရွေးချယ်မှုပင်မို့ သက်လူမေ့ရန်သာဆုံးဖြတ်ရပါသည်၊သည်အရွယ်ရင်ခုန်ခြင်းမှာ အစစ်မှန်ဟုလည်းသက်လူမသတ်မှတ်ချင်သောကြောင့်ဖြစ်သည်။ယခုချေတော့ လက်ကိုင်ပဝါတစ်ထည်အား ကျစ်ကျစ်ပါအောင်
ကိုင်ရင်းသာ အမှတ်တရများကိုချိတ်ပိတ်ရတော့မည်တည်း။

~~~

ကန်ရေပြင်အားငေးကာ တော်တော်ကြာကြာအတွေးတို့အတိတ်ကိုလွင့်ပြယ်မိသွားသောကြောင့် သက်လူ၏ပါးပြင်ပေါ်မှ မျက်ရည်ပူတစ်စက်တောက်ကနဲကျလာမှသာ သတိမူမိတော့သည်။
သက်လူဘေးမှ မိုးသောက်သည်လည်း သက်လူလိုအတွေးနယ်ကျွံနေသည်။
သက်လူသက်ပြင်းတစ်ချက်ချကာ မိုးသောက်ပခုံးအား ပုတ်လိုက်သည်။

"ကဲ..ထ ငါ့ညီ ပြန်မယ်ဗျား"

"ဟင် ပြန်ရတော့မှာလား"

"အင်းလေ ပြောချင်ရာပြောပြီးပြီမဟုတ်လား၊ပြန်မယ်လေ"

"ဟုတ် အစ်ကို၊ဒါနဲ့လေ.."

"အင်း"

"ဟီးဟီး အတိတ်က ဟိုကောင်လေးနာမည်ကဘာလဲ"

"မသိချင်စမ်းနဲ့ မင်းနဲ့ဆိုင်လို့လား"

သက်လူမျက်မှောင်ကုပ်ကာတစ်ချက်ငေါက်လိုက်တော့ မိုးသောက်ကမျက်နှာငယ်လေးနှင့်ကြည့်ရှာသည်။

"နော်..ပြောပြပါဗျ၊ကျွန်တော်ဘယ်သူ့မှပြန်မပြောဘူးလေ ကိုယ့်ညီလေးကိုပြောမပြချင်ဘူးလားဗျ"

"ဟင်း မင်းနဲ့လည်းခက်တယ်"

"နော်.."

"နာဂ...အင်း..နာဂတဲ့"

"ဗျ..ဗျာ၊ကျွန်တော်လာတုန်းက ရွာထဲမှာပြောနေကြတာ ဓားပြတွေရှိတယ်တဲ့..အခုခေတ်ကြီးမှာတောင်‌ဓားပြရှိသေးတာလား"

"ရှိလို့မင်းကြားရတာပေါ့အရူးရဲ့၊မရှိပဲလီစယ်ပြီးပြောမလားကွ အခုတလောဓားပြတွေတကယ်ဆိုးနေတာ..အဲ့တာနဲ့နာဂနာမည်နဲ့ဘာဆိုင်လဲ"

"ဆိုင်တာပေါ့ဗျ ဓားပြဗိုလ်နာမည်က နာဂဆို..ဟိုကောင်လေးမဖြစ်နိုင်ဘူးလား"

မိုးသောက်၏စကားကြောင့် သက်လူပင်ယခုမှအ‌တွေးပေါက်ကာ ကြောင်တောင်တောင်ဖြစ်သွားရ၏။
အတန်ကြာစဉ်းစားပြီးမှ သေချာသည့်အဖြေတစ်ခုအားရသည်။

"အခုဆိုမင်းထက်ကြီးတယ် ခွေးကောင်ရ ဘာကိုဟိုကောင်လေးလဲ၊ဟိုအစ်ကိုလို့ပြော..ပြီးတော့ ဓားပြဗိုလ်နာမည်နဲ့နာဂနဲ့မဆိုင်လောက်ပါဘူး ငါသိတဲ့နာဂကအဲ့လိုလူစားမဟုတ်ဘူး၊သူ့အဘသာ သေနတ်ကိုင်ပိုင်တာ သူကဖြင့် မောင်းတောင်မချိန်တတ်ဘူး အဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နာဂကလူကောင်းပါ၊အင်း..အခုလည်း တစ်နေရာရာမှာအိမ်ထောင်ရက်သားကျနေလောက်ပါပြီ၊အခုပြန်တွေ့ရင်လည်း အစ်ကိုသူ့ကိုမမှတ်မိလောက်တော့ဘူး နှစ်တွေဒီလောက်ကြာမှတော့ပြောင်းလဲကုန်လောက်ပါပြီကွာ..."

"သူပဲမေ့နိုင်တယ်ဗျာ..လာတောင်မတွေ့ဘူး၊ကျွန်တော့်အစ်ကိုမှာတော့ အိမ်ထောင်တွေမပြုနိုင်..ရည်းစားမထားနိုင်နဲ့ဆွေးနေရှာတာ"

"ဟာ ပေါက်ကရ.." သက်လူပြောပြောဆိုဆိုဖြင့်မိုးသောက်၏ပခုံးအား လက်ဖြင့်ခပ်ဆက်ဆက်ထုလိုက်သည်။

"အ့..နာတယ်ဗျ ဟားဟား နောက်တာ နောက်တာ၊ပြန်ကြမယ်လေ အစ်ကိုကျွန်တော့်ကိုကုန်းပိုးပါဦး"

"ကလေးလား မင်းက"

"ကိုကို့ကလေးလေဗျာ"

"လက်လန်တယ်"

သက်လူမှခေါင်းရမ်းရင်း ရှေ့မှအရင်လျှောက်သည်၊မိုးသောက်ကနောက်ကနေအမြန်လိုက်၍ သက်လူ၏ပခုံးအားဖက်ကာ အိမ်ပြန်ခဲ့ကြတော့သည်။

~~~

"ဖွားလေးရေ...ပြန်ရောက်ပြီ"

ဝိုင်းထဲသို့ဝင်ဝင်ချင်းသက်လူမှဖွားလေးအား ကြိုနှုတ်ဆက်၏။

"အေးအေး လာကြ လာကြ မွန်းတည့်ချိန်တောင်‌ကျော်နေပြီလူလေးတို့ရယ်၊တော်တော်နဲ့ပြန်မလာကျဘူးကြည့်စမ်း ဟဲ့မိုးသောက် ရွာထဲကအဲ့သလောက်ပျော်စရာကောင်းသလားအေ့"

"ကောင်းသပါ့ဗျာ..စိတ်ကိုလန်းသွားတာပဲ သူကြီးချောချောလေးလိုက်ပြတော့ ပိုတောင်စိတ်ဝင်စားစရာကောင်းသေးတယ်"

"အမယ်လေး ဟုတ်ပါပြီအေ"

"ဖွားလေး ကိုအောင်ဘချစ်ရော"

"အေး....အဲ့တာပြောမလို့ပဲလူလေးရယ်၊လူလေးတို့ရွာထဲထွက်သွားပြီး မကြာမှပဲ ဆေးရောင်းဆရာလေးကပြန်သွားလေရဲ့၊တစ်ခြားရွာဘက်ဆေးသွားရောင်းချည်မယ်ဆိုပြီးသွားတာပဲ၊ဖွားလေးကိုတောင် ဆေးတစ်ပုလင်းကန်တော့ခဲ့သေးတယ်၊ဘာလို့လည်းမသိပါဘူးကွယ်...သူ့စိတ်ထဲ တစ်ခုခုအလိုမကျပြီးပြန်သွားတာထင်တယ်"

"ဗျာ.."

သက်လူ၏မျက်နှာမှာချက်ချင်းသိသိသာသာညှိုးကျသွားရတော့သည်။
အဘယ်ကြောင့် သက်လူအားမစောင့်ပါသနည်း။အဘယ်ကြောင့် သက်လူအားနှုတ်မဆက်ဘဲထွက်သွားရသနည်း။
အဘယ်ကြောင့် ရုတ်တရက်သက်လူအနားမှထွက်သွားရသနည်း။
အတိတ်ကနာဂနှင့်အလားတူစွာ ဖြစ်ရပ်ကြောင့်သက်လူရင်ထဲအောင့်သက်သက်နှင့်သာကျန်ခဲ့ရပါတော့သည်။

~~~~~~~~~

"အာဒဲ မောင်ဓာတ်ခဲ အာစတိကိုနားမလည်ဘူး"

"မင်းကိုဘယ်သူကနားလည်ခိုင်းလို့လဲ"

"အာ‌ဒဲ..ပြန်ရောက်တာနဲ့ဟောက်တော့တာပဲ"

လွန်ခဲ့သည့်နာရီအနည်းငယ်ကပဲ ဗိုလ်နာဂနှင့်မောင်ဓာတ်ခဲ စခန်းသို့ပြန်ရောက်ခဲ့လေသည်။
စခန်းတွင်အရာအားလုံးအဆင်ပြေပြေရှိနေကာ လည်ပတ်မြဲလည်ပတ်နေ၍စိတ်ချရသည်။
နာဂအဘယ်ကြောင့် ရုတ်တရက်ကြီးပြန်ချလာသနည်းဟု သိချင်လျှင်တော့လက်ကိုသာကြည့်ရမည်။

"မင်းကိုကအလိုက်ထိုက်မသိတာ စိတ်တိုရတဲ့ကြားထဲကွာ၊ဟူး..ကဲ ထန်းသီး ဂွေးပင်ကုန်းအခြေနေဘယ်လိုလဲ"

"ဂွေးပင်ကုန်းကတော့ အခုကုန်းကိုမကုန်းနိုင်တော့ဘူးဗျာ ဟဲဟဲ၊နောက်ပြီး လိင်တန်းအခြေနေကလည်း အရင်လောက်မမာတော့ဘူးဗျ ကျွန်တော်တို့ကိုင်ထားတော့‌နည်းနည်းပျော့သွားရှာပြီ"

"ဖူးးးး..အဟွတ်..အဟွတ်"

တပည့်ဖြစ်သူမောင်ထန်းသီး၏ ဘွင်းဘွင်းရှင်းရှင်းဖြစ်လှသော အခြေနေသုံးသပ်မှုကြီးကြောင့်ရေခွက်အားလှမ်းယူကာ ရေသောက်နေသည့်နာဂပင်သီးသွားရ၏။

"အာစတိ ရလားဗျ ‌ဖြေးဖြေး..ဖြေးဖြေး"

"အဟွတ်..အဟွတ် လခွမ်းလိုညစ်တီးညစ်ပတ်တွေပြောနေတာလား၊အလိုလိုမှ ကျွန်းတောသာကရွာနာမည်တွေတစ်မျိုးကြီးဖြစ်နေပါတယ်ဆို မင်းလုပ်မှကွာ..ကဲ တော်ပြီ ဒါဆို ကိုယ်ဝန်ဆောင်-လိင်တန်း ရွာလမ်းဆုံမှာဇရပ်ဆောက်မဲ့ကိစ္စကရော"

"ဟုတ်ကဲ့ အာစတိ၊အဲ့တာအတွက်လည်း ကျွန်တော် ငဖောတို့ငထောတို့ကိုလွှတ်ထားပါတယ် ဝါးတွေဝယ်ပြီးဆောက်ကြတော့မယ်တဲ့ဗျ"

"အင်း ကောင်းတယ်၊ဇရပ်ပြီးရင် ရေအိုးစင်ပါထည့်ဖို့မမေ့နဲ့နော်"

"ဟုတ် အာစတိ အလှူရှင်နာမည်ကရောဗျ"

"ကိုယ်ဝန်ဆောင်-လိင်တန်း ရွာသားများကောင်းမှုပဲထည့်လိုက်"

"‌ဟင် ဒါပေမယ့်ကျွန်တော်တို့ဆောက်ရတာလေ အာစတိ"

"သူတို့ဆီက ဓားပြတိုက်လာတဲ့ငွေနဲ့ဆောက်တာပဲမဟုတ်လား၊ရွာနာမည်ပဲထည့်လိုက် မကောင်းမှုကနေ ကောင်းမှုပြောင်းရမယ်လေ လိုအပ်တဲ့နေရာသူတို့မဖြည့်မှတော့ငါတို့ဖြည့်ရတာပေါ့"

နာဂ၏စကားကြောင့် ထန်းသီးနှင့်ဓာတ်ခဲမှာခေါင်းတညိတ်ညိတ်ပင်။
နာဂမှာယုံကြည်အားကိုးရသည့် တပည့်အရင်းချာဟူ၍အနားတွင် ထန်းသီးနှင့်ဓာတ်ခဲကိုသာထားဖြစ်၏။
ဓာတ်ခဲက နာဂနှင့်အတူကိစ္စအဝဝလိုက်ဆောင်ရွက်ကာ ထန်းသီးကစခန်းတွင်းကိုစီမံခန့်ခွဲသည်။
တချို့ရွာလေးများသို့ ဓားပြတိုက်ရာတွင် နာဂမပါပဲသူတို့သာ သွားလေ့ရှိသည်။
ဓားပြတိုက်ရသည့်အလုပ်အား နာဂကိုယ်တိုင်လည်းမနှစ်ခြိုက်ပါ၊သို့သော်ငြား ဤရွာများသည် ဤသို့လုပ်မှသာလျှင်ဖွံ့ဖြိုးတော့မည်။
သူကြီးကိုသက်လူ၏စည်းရုံးအားကြောင့် ဆယ့်နှစ်ရွာတွင် ငါးရွာအထိဖွံ့ဖြိုးလာသည်။
ကျန်ရှိရွာများကိုတော့ ကြိုးပမ်းနေဆဲပင်၊သို့သော်ငြား ပါရမီဖြည့်ပေးချင်သည့်နာဂက လိုက်လံဆောင်ရွက်ပေးမည်။
ကျွန်းတောသာအုပ်စုသည် သူကြွယ်များသလောက် လေကလည်းကျယ်ကြသည်။ပြည့်သည့်အိုးများကိုသာဆက်ဖြည့်တင်း၍ မပြည့်သည့်အိုးများအားဒီအတိုင်းထားသည်။
အစိုးရသည်လည်း ကျွန်းတောသာအုပ်စုကြီးကို ‌ဖျောက်ထားသလားမသိ၊ဘာစာမှလည်းကျမလာသလို ဖွံ့ဖြိုးတိုးတက်ရေးများမဆောင်ရွက်သေးချေ။
ရွာသားများကလည်း လမ်းလည်းမပြင်၊ရေတွင်းလည်းမတူး၊ဇရပ်လည်းမဆောက်သဖြင့် နာဂအသည်းယားကာ ဓားပြသူတော်ကောင်းလုပ်၍ဝင်ကူနေရသည်။
နာဂ၏ဓားပြဘဝသို့ကူးပြောင်းခဲ့ပုံမှာတော့ အဲ့သလောက်မဖြူစင်သလို အဲ့သလောက်မရိုးရှင်းပါ။
ဒုစရိုက်လောကကိုခြေဆန့်ဝင်ခဲ့ရသည်မို့ ယခုနေ‌တွင်စွမ်းရာကသာ ထောက်ရပါသည်။
နာဂထိုသို့အလုပ်များလုပ်သည်ကိုတော့ အများသိချင်မှသိမည်၊သိဖို့အတွက်လည်းမကြိုးပမ်းပါ။
မိမိကောင်းသည့်ဘက်အား မိမိသိလျှင်ရပြီဟုသာ ခံယူထား၏။
ဓားပြဖြစ်သော်ငြား မိမိဂိုဏ်း၏စာရိတ္တပိုင်းအား မိမိအသိဆုံးဖြစ်၍ လူတကာမြင်အောင်လည်းနာဂမပြသဖြစ်ပေ။
တစ်ချိန်ချိန်တော့ အားလုံးသိမှာပင်။
ယခုလည်း ကိုယ်ဝန်ဆောင်ရွာနှင့် လိင်တန်းရွာ၏ရွာလမ်းဆုံသည် တခြားရွာများနှင့်အတော်ဝေးကာ တခြားရွာမှလာမည့်သူများကလည်း

You are reading the story above: TeenFic.Net