အပိုင်း(၆၇) အစီအစဉ်

Background color
Font
Font size
Line height


အပိုင်း(၆၇) အစီအစဉ်

ညီအစ်ကိုများ ထွက်ခွာသွားပြီးနောက် စန်းလော့သည် ခြံတွင်းရှိ စပါးအိတ်နှစ်ဆယ်နီးပါးကို သိုလှောင်ရန်နေရာအတွက် စိုးရိမ်ရင်း လှည့်ကြည့်လိုက်သည်။

မြေထည်ဆန်အိုးအပြင် စပါးသိုလှောင်ရန် သင့်တော်သည့် အခြားထည့်စရာများမရှိသောကြောင့် မည်သည့်နေရာတွင် ထားရမလဲ မသိပေ။

သူမသည် ထိုအရာများကို မြေကြီးပေါ်တွင်စုပုံမထားနိုင်ပေ။ ထိုအရာက စိုစွတ်စေနိုင်ပြီး စပါးများမှာလည်းမှိုတက်ပြီး ပိုးတက်လာနိုင်သည်။

စပါးသိုလှောင်မည့်နေရာကိုဆုံးဖြတ်ရခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ မီးဖိုခန်းသည် ကျယ်ဝန်းသော်လည်း စွံပလွန်များ၊ ပဲနို့ သို့မဟုတ် ဝဥချက်ပြုတ်ခြင်းဖြင့် အမြဲအလုပ်ရွှီပ်နေပါသည်။ ရေနွေးငွေ့များကြောင့် စပါးသိုလှောင်ရန်မှာမသင့်တော်ပေ။

တစ်ခုတည်းသော ရွေးချယ်စရာမှာ ပင်မအိမ်ဖြစ်သည်။

စန်းလော့နှင့်သူမ၏မောင်၊ညီမများသည် ရှန်းအန်းနှင့်ရှန်းနဉ်၏ အိပ်ယာအသစ်ကို အခန်းထဲရှိ ပိုပြီးအလယ်ကျသောနေရာသို့ ကြိုးကြိုးစားစား ရွှေ့လိုက်ကြပြီး အိပ်ယာနှစ်ခုကြားတွင် လမ်းလျှောက်ရန် လုံလောက်ရုံနေလးကိုသာ ချန်ထားလိုက်သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏မရီးဖြစ်သူနှင့် ပိုနီးကပ်လာသဖြင့် ခွဲအိပ်ရသည့်အချိန်ကထက် အတော်လေးပျော်ရွှင်နေကြပြီး

စန်းလော့ : "......"

ကလေးတွေ ပျော်နေရင် ပြီးတာပါပဲ။

အိပ်ယာများကိုစီစဉ်ပြီးသည့်နောက် အခန်းတစ်ဝက်လောက် လွတ်သွားသော်လည်း အစိုဓာတ်နှင့်ပိုးမွှားများကို ရှောင်ရှားရန် စပါးအိတ်များကို မြေပြင်ပေါ်တွင် မချထားရလေအောင် စင်တစ်ခုလိုလေသည်။

ပရိဘောဂအဟောင်းများကို ရှာဖွေကြည့်သော်လည်း သင့်တော်သောသစ်သား မတွေ့ပေ။ သူမသည် ဝါးနှင့်အကိုင်းငယ်များကို ခုတ်ထစ်နိုင်သော်လည်း သစ်ပင်များကိုခုတ်လှဲခြင်းမှာ သူမ မတတ်နိုင်သည့်အရာ ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် ခိုင်ခံ့သောပျဉ်ပြားများနှင့်ပေါင်းကာ စပါးအိတ်များသိုလှောင်ရန် ယာယီစင်တစ်ခုဖန်တီးရန် မီးဖိုချောင်ရှိ ထိုင်ခုံလေးခုံမှ သုံးခုံကို ပြန်လည်အသုံးပြုခဲ့သည်။

ဗျာများရခြင်း အားလုံးပြီးသည့်နောက် သူတို့သည် စပါးအိတ်များကို သယ်ရန်အဆင်သင့်‌ဖြစ်လာသည်။ ကလေးများနှင့်အတူ စန်းလော့သည် ထိုအရာကို အထဲသို့ထည့်ရန်ပြင်ဆင်ရင်း တစ်အိတ်ချင်းစီ မ,ရန်စီစဉ်နေ၏။ တိုက်ဆိုင်စွာပင် လာမလည်သည်မှာ အချိန်‌အတော်ကြာပြီဖြစ်သော ရှန်းကျင့်သည် အလည်ရောက်လာလေသည်။

သိချင်‌စိတ်ဖြင့် ခြံထဲသို့ချောင်းကြည့်ရင်း သူသည် စပါးအိတ် ဆယ့်ငါးလုံးမှနှစ်ဆယ် အပြည့်ထည့်ထားသည်ကို တွေ့လိုက်ရသည်။

ရှန်းကျင့်: "???"

ခြံတံခါးပိတ်ဖို့မေ့‌သွားသည်ကို သတိရတော့ ရှန်းအန်းသည် သူ့လျှာကိုကိုက်လုမတတ်ပင် ဒေါသထွက်နေသည်။

ကျူးကျော်လာပြီဟူသည့် ခံစားချက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိဘဲ ရှန်းကျင့်က ရွှင်မြူးစွာဖြင့် လှမ်းခေါ်လိုက်သည်။

"မရီး၊ ရှန်းအန်း၊ ရှန်းနဉ်၊ အကူအညီလိုသေးလား"

ထို့နောက်သူသည် တက်တက်ကြွကြွဖြင့် အထဲသို့ပြေးဝင်လာသည်။

သူသည် တအံ့တဩဖြင့် အိတ်အပုံများကို လေ့လာကြည့်လိုက်သည်။

"ဒါတွေအားလုံးက ဘာတွေလဲ။ အများကြီးပဲ"

ထို့နောက် အိတ်တစ်အိတ်ကို ထိုးကြည့်ပြီး သူ၏မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားတော့သည်။

"စပါးတွေပဲ။ ဝိုးး၊ ရှန်းအန်း၊ မင်းတို့မိသားစုမှာ စပါးတွေ အများကြီးရှိတာပဲ"

သူသည် စန်းလော့နှင့်ကလေးများ စပါးသယ်နေကြသည်ကိုကူညီရန် တက်တက်ကြွကြွပင် လာလေသည်။

အသန်မာဆုံးမဟုတ်သော်လည်း သူ၏ ကူညီလိုစိတ်မှာ စစ်မှန်ပြီး စိတ်အားထက်သန်၏။

စန်းလော့: "......"

ထို့နောက် သူနှင့် ကလေးသုံးယောက်အပါအဝင် လေးယောက်သည် အဖွဲ့လိုက်ဖြင့် အိတ်တစ်လုံးစီသယ်ကြလေ၏။

ဆန်အိတ်များကို မသေမသပ်ဆင့်ပြီးသည့်နောက် ကလေးများတင်မကဘဲ စန်းလော့ပါလျှင် မောပန်းနေကြသည်။ သူတို့အားလုံးသည် ရှန်းအန်း၏ ကုတင်အသစ်ပေါ်၌ အတန်းလိုက်လဲလျောင်းရင်း လက်ဖျားလေးပင် မလှုပ်နိုင်လောက်အောင် ပင်ပန်းသွားကြ၏။

ခဏကြာပြီးနောက် ရှန်းအန်းသည် နောက်ဆုံးတွင် စကားပြောရန်ခွ န်အားရှိလာလေသည်။

"ဒီကို မလာတာကြာပြီ၊ ဒီနေ့မှ ဘာလို့လာတာလဲ"

ဟမ်.... ရှန်းကျင့်ကို မေးခွန်းထုတ်လိုက်သည်။

ရှန်းကျင့် : "ငါ့ကိုမစပါနဲ့ကွာ၊ ငါ့အဖေက သဘောထားသေးလိုက်တာ။ မောင်နှမတွေနဲ့ အတူတူ မင်းအိမ်မှာ ထမင်းစားတာကို သူကျ အဖိတ်မခံရလို့ စိတ်ဆိုးနေတာ။ အရင်က မင်းအိမ်မှာအလုပ် လုပ်ခဲ့တာလည်း သိရော အဲ့နောက်မှာ လယ်ကွင်းတွေထဲကို ဆွဲခေါ်သွားပြီး အလုပ်လုပ်ခိုင်းတော့တာပဲ။ အခြောက်လှမ်းထားတဲ့စပါးတွေနဲ့ ငှက်တွေကိုခြောက်လှန့်ဖို့လေ။ ဒီနေ့ကျမှပဲ စပါးတွေသိမ်းပြီးသွားလို့ အားတော့တယ်"

အမှန်တော့ သူသည် အရိုက်လဲခံလိုက်ရသေးကာ ရှက်မိသဖြင့် ထိုအကြောင်းကို မပြောတော့ဘဲ ဒေါသထွကထွက်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

ရှန်းအန်းက သူ့ဟာသူ စဉ်းစားလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် အလည်ရောက်လာသူလဲ အချိန်ကိုက်လွန်းတယ်။သူ့မရီးက စပါးသယ်ဖို့တောင်ပေါ်လမ်းကို တမင်ရွေးခဲ့ရတာ။စပါးတွေကိုတောင် ဝှက်မထားရသေးဘူး။အလည်လာသူက တွေ့သွားပြီတဲ့လေ။

ယခုတော့ အိမ်လည်လာသည့်သူက သူ့အိပ်ယာတွင် သက်တောင့်သက်သာပင် လှဲနေလိုက်သေးသည်။

ရှန်းအန်းသည် စကားပင် မပြောချင်တော့ပေ။

ရှန်းကျင့်သည် အတော်ပျော်နေပုံရပြီး သူ့အောက်က ကုတင်ကို ပွတ်သပ်ကာ နေရာမှာတင် အနည်းငယ် လှိမ့်နေ၏။

"ရှန်းအန်း၊ မင်းအိပ်ယာက သက်တောင့်သက်သာရှိလိုက်တာ။ ဖျာကလဲအသစ်ဆိုတော့ လတ်ဆတ်တဲ့အနံ့လေးရတယ်။ ငါတို့အိမ်မှာရှိတဲ့ နံစော်ပြီး ထျန်းယာ ဖျက်ဆီးထားတဲ့ဟာနဲ့ မတူဘူး"

အိမ်က အိပ်ယာအကြောင်းညည်းညူရင်း သူသည် ရုတ်တရက် အရေးကြီးသောအရာတစ်ခုကို သတိရသွားပြီး ရုတ်တရက် ထလိုက်ကာ အလန့်တကြား ပြောလိုက်၏။

"အဓိကဟာကို မေ့တော့မလို့၊ ငါ ဘာယူလာလဲဆိုတာ ကြည့်လိုက်"

သူ့အိတ်ကပ်ထဲမှ ဝက်ဆီလက်တစ်ဆုပ်စာ အကြွင်းအကျန်လေးကို ဂုဏ်ယူစွာ ထုတ်ယူလိုက်ရင်း ရှန်းကျင့်က ပြောလိုက်၏။

"ဒီမှာကြည့်၊ ငါတို့အိမ်မှာလဲ ဝက်ဆီထုတ်တယ်။ ဒီမှာ မင်းတို့အစားကိုပဲ အလကားစားတာ မဟုတ်တော့ဘူးနော်၊ ငါ့ဟာကို မင်းတို့နှစ်ယောက်ကို မျှကျွေးမယ်"

တစ်ခုခုကိုသဘောပေါက်တော့ သူက ချက်ခြင်းထပ်ပြောလိုက်၏။

"ပြီးတော့ အကြီးဆုံးမရီးအတွက်ရောပဲ"

သူ၏ဂုဏ်ယူနေသည့်အသံကြောင့် ရယ်ချင်နေသောစန်းလော့က တစ်ဖက်သို့လှည့်ကာ နေလောင်ထားသော သို့မဟုတ် ဖုန်ပေနေသောလက်ကလေးတွင် ကိုင်ထားသည့် အဆီကျန်‌၆ခု သို့မဟုတ် ၇ ခုကို ကြည့်လိုက်၏။

သူမက ရီမောလိုက်၏။

"ငါက တော်ပါပြီ၊ သားတို့ပဲ စားကြနော်"

သူတို့၏ ညစ်ပတ်ပေရေနေသောပုံစံဖြစ်သော်ငြား မောင်နှမနှစ်ယောက်သည် ဇီဇာမကြောင်သင့်ပေ။ ပါးစပ်က သေးသေးလေးကိုတောင် အလွတ်မပေးတတ်သည့် ရှန်းကျင့်အတွက် လွယ်ကူမဟုတ်ချေ။

စန်းလော့ မစားသည်ကိုကြားတော့ ရှန်းကျင့်သည် ရွှီပ်ထွေးသည့်အမူအရာ ဖြစ်သွား၏။ သူ့ကမ်းလှမ်းခြင်းကို သူ့မရီးက မမြည်းကြည့်သောကြောင့် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်လား။ သူ့အတွက် ဝက်ဆီတစ်ဖက် သိမ်းဆည်းနိုင်သောကြောင့် အနည်းငယ်စိတ်သက်သာရာရသည်လား သေချာမသိတော့ချေ။

သူသည် အထူးတလည် ဒွိဟဖြစ်နေသယောင်။

ဝက်ဆီအကြွင်းအကျန်များ အကြောင်းကြားတော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့သည်လည်း ရုတ်တရက် ထထိုင်လိုက်လေသည်။

ရှန်းကျင့်က တကယ်ပဲ ဝက်ဆီဖတ်ကို သူတို့နဲ့ မျှစားမလို့တဲ့လား။

မောင်နှမနှစ်ယောက်မှာ ယုံကြည်ဖို့ရာ ခက်ခဲသွားတော့သည်။

သူတို့သည် လက်မဲလေးက လက်တစ်ဆုပ်စာ ဝက်ဆီဖက်ကိုင်ထားသည်ကို လက်တွေ့မမြင်မချင်း မယုံကြည်နိုင်ကြသေးချေ။

လက်မှာအမှန်ပင် အတော်လေးညစ်ပတ်နေသည်။ သို့သော် ထိုအဆီအကြွင်းအကျန်များမှာ စားချင်စဖွယ်ဖြစ်နေ၏။

အထူးသဖြင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ ဇီဇာကြောင်သော အစားသမားများ မဟုတ်သော်လည်း သူတို့သည် အသား သို့မဟုတ် ဝက်ဆီအကြွင်းအကျန်များကို ဇိမ်ခံစားသုံးခြင်းမှာ ရှားပါသည်။ အထူးသဖြင့်သူတို့အိမ်တွင် ကျွေးမွေးသည့်အစားအသောက်များသည် သူတို့၏‌ငွေများကို ကုန်လုနီးပါးဖြစ်သွားသောကြောင့် ခြိုးခြံချွေတာသည့်ကာလတစ်ခု ဖြစ်နေလေသည်။

ယခုတော့ ဝက်ဆီအမွှေးအကြိုင်များ၏စွဲဆောင်မှုဖြင့် မောင်နှမနှစ်ယောက်လုံး သွားရည်ကျနေသည်ကို တွေ့ရ၏။

စိတ်ကြည်နူးမှုကြောင့် ရှန်းကျင့်၏မျက်လုံးများမှာ ကွေးညွတ်သွားပြီး ထူးထူးခြားခြား ဂုဏ်ယူဝံ့ကြွားစွာတောက်ပနေသည်။ သူကပဲ ရှန်းအန်းနဲ့ရှန်းနဥ်တို့အိမ်မှာ အစားအစာတွေကို ပျော်ပျော်ကြီးစားနေတာ မဟုတ်ပါဘူးနော်။ သူ့မှာလဲ ပြန်ကျွေးစရာရှိပါသေးတယ်။

"အတူတူဝေမျှကြရအောင်။ ငါ့အတွက်က နှစ်ဖက်ပဲရှိတယ်"

ဝက်ဆီအပိုင်းအစ ခုနစ်ခုသာရှိသဖြင့် ရှန်းအန်းသည် လူတစ်ဦးလျှင် နှစ်ခုရပြီ တစ်ခုပိုမှန်း ချက်ချင်း သိလိုက်သည်။

သို့သော် ရှန်းကျင့်က တစ်ခုချင်း ဝေဖို့ရန်သာ ခေါင်းမာနေသည်။

"တစ်ခုက မင်း၊ တစ်ခုက ငါ၊ တစ်ခုက အားနဉ်၊ တစ်ခုက မင်း၊ တစ်ခုက ငါ၊ တစ်ခုက အားနဉ်၊ တစ်ခုက မင်း.... နေဦး၊ မင်းမှာ ဘာလို့ သုံးခုရှိနေတာလဲ"

ဘေးမှစန်းလော့က ပြုံးလိုက်၏။

"ရှန်းအန်း၊ သားမှာအချိန်ရှိတယ်ဆိုရင် သူ့ကို တွက်နည်းတစ်ချို့ကို သင်ပေးလိုက်အုံး"

ရှန်းအန်း: "......"

"အရင်က သား သူ့ကိုသင်ပေးဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် သူက သင်ရတာကို မကြိုက်ဘူး"

ရှန်းကျင့် : "ဝက်ဆီအကြွင်းအကျန်လေးစားတာကို ဘာလို့တွက်ချက်ပြီး အပင်ပန်းခံနေမှာလဲ"

ထို့နောက် ရှန်းအန်းလက်ထဲရှိ သုံးခုမြောက်အဆီဖက်ကို ကြည့်နေလေသည်။

"အဲ့တာ ငါ့ရဲ့ဝက်အဆီပဲ။ ငါ မင်းနဲ့ရှန်းနဉ်ကို တစ်ယောက်နှစ်ခုစီ ပေးပြီးပြီ၊ ငါ့အတွက် သုံးခုရနိုင်မလား။ အဲ့တာက ငါ့ပစ္စည်းဆိုတော့လေ နဲနဲလေးပိုစားတာက ငါ့အတွက်တရားမျှတတယ်မလား"

သူသည် ရှန်းအန်းကို ပေးခဲ့သော ဝက်ဆီတစ်ဖက်အား ပြန်ရယူရန် တရွရွဖြစ်နေ၏။

သူ့ကိုဤသို့မြင်တော့ ရှန်းအန်းသည် ရှန်းကျင့်က လေးခုကိုပေးခဲ့သည်ကို အံ့ဩသွားပြီး ငြင်းခုံထားရသည့်တစ်ခုကို လိုလိုလားလား ပြန်ပေးလိုက်လေသည်။

"ရတယ်လေ၊ တကယ်တော့ အားလုံးက မင်းဟာတွေပဲ၊ ဘယ်လောက်ပေးရမလဲဆိုတာကို မင်းပဲ ဆုံးဖြတ်ရမှာပေါ့။ စားတော့"

သုံးယောက်သား ကုတင်ပေါ်တွင်ထိုင်ပြီး ဝက်အဆီ၏ ကြွယ်ဝသောအရသာကို မြုံ့ကာအရသာခံနေကြသည်။ စန်းလော့က သူ၏သုံးခုအား ခဏလေးအတွင်း အမြန်ဆုံးစားပြီးသွားသည့် ရှန်းကျင့်ကို ကြည့်နေခဲ့ပြီး ဆီပေနေသောလက်များကို သူ့အဝတ်ဖြင့်သုတ်ခါနီးတွင် မျက်နှာထားတင်းတင်းဖြင့် တားလိုက်၏။

"နေဦး၊ ဆီတွေကို မင်းရဲ့အဝတ်အစားတွေ ဒါမှမဟုတ် အစ်မရဲ့အိပ်ယာမှာ မသုတ်နဲ့။ အားလုံးအိပ်ယာပေါ်က ဆင်းကြတော့။ အပြင်မှာလက်သွားဆေးကြတော့"

ရှန်းကျင့်သည် လှုပ်ရှားမှုအလယ်တွင် ရပ်တန့်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ကုတင်ပေါ်မှ ရှောဆင်းလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို စောင့်လိုက်ကာ အားလုံးအတူတူ အတူတူပြေးထွက်သွားကြတော့သည်။

သူတို့ ခြံတံခါးဝသို့ရောက်သည်နှင့် ချန်းအာ့ရှန်ဆီသို့ပြေးသွားကြ၏။

"အစ်ကိုအာ့ရှန်၊ ဒီကိုဘာလာလုပ်တာလဲ"

"ငါ့ရဲ့အဘိုးက မင်းတို့အစ်မကိုရှာဖို့ လွှတ်လိုက်တာ။ သူရှိလား"

အသံများကိုကြားတော့ စန်းလော့ထွက်လာ၏။

"အဘိုးချန်းက ငါ့ကို ရှာနေတာလား"

သူမကိုမြင်တော့ ချန်းအာ့ရှန်က သူမကို မြန်မြန်နှုတ်ဆက်ပြီးနောက် ပြောလိုက်၏။

"ဟုတ်ပါတယ်။ စပါးဈေးတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အဘိုးက မေးချင်နေတယ်။ အစ်မ အားတဲ့အခါ လာလည်နိုင်မလားလို့လဲ ပြောပါတယ်။ ဒါပေမယ့် သူက လောစရာမလိုတာမလို့ အစ်မရဲ့အရေးကြီးတဲ့ကိစ္စတွေကို အရင်လုပ်ပါလို့လည်း ပြောလိုက်တယ်။ အစ်မ အချိန်ရတာနဲ့လာခဲ့ပါဦးတဲ့"

ချန်းမိသားစုက စန်းလော့၏ နတ်သမီးတို့ဟူးသည် တောင်များမှ ပင်ရင်းပါဝင်ပစ္စည်းများ လိုအပ်သည်ကိုသတိထားမိ၏။

"ကောင်းပါပြီ၊ ညစာစားပြီးရင်လာခဲ့ပါ့မယ်လို့ မင်းရဲ့အဘိုးကို ပြောလိုက်ပါ"

စန်းလော့ကပြန်ပြောလိုက်ပြီး အမှန်ပင် မကြာမီတွင် သွားရန်ဆုံးဖြတ်ထား၏။ နောက်ကျနေပြီဖြစ်သဖြင့် သူမသည် တောနက်ထဲသို့ စွန့်စားပြီး မသွားရဲချေ။ အဖျားပိုင်းတွင်ရှိသည့် "နတ်သမီးသစ်ပင်"မှ အရွက်များသည် ရှားပါးလာလေသည်။ မကြာသေးမီက သူမသည် ကလေးများအား အရွက်မခူးခိုင်းတော့ဘဲ တောင်ပေါ်သို့ ကိုယ်တိုင်သွားရန်သာ ရွေးချယ်လိုက်သည်။

ချန်းအာ့ရှန်သည် သဘောတူလိုက်၏။ စန်းလော့နှင့်အခြားသူများကို နှုတ်ဆက်ပြီးနောက် တောင်အောက်ရှိ သူ့အိမ်ဆီသို့ ဦးတည်သွားလေသည်။

သူမ၏တောင်ပေါ်ခရီးစဉ်အတွက် ပြင်ဆင်နေသော စန်းလော့သည် ခြင်းတောင်းနှစ်ခုကို သယ်ထား၏။ တစ်ခုမှာ စွံပလွန်သီးများခူးရန်ဖြစ်ပြီး နောက်တစ်ခုမှာ သစ်ရွက်များအတွက်ဖြစ်သည်။

သူမက ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို မှာကြားလိုက်၏။

"အစ်မတို့မှာ စပါးတွေရှိတာကို ဘယ်သူ့ကိုမှမပြောရဘူး။ စကားလုံးတစ်လုံးတောင် မဟမိစေနဲ့နော်"

ရှန်းကျင့်က ကန့်ကွက်လိုက်၏။

"အဲဒီအကြောင်း ဘာလို့ ပြောလို့မရတာလဲ။ ငါတို့အိမ်မှာလည်း စပါးရှိတာပဲလေ"

"မင်းကိုပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ။ ဖော်ကောင်လုပ်လို့ကတော့ ငါ့ဆီကနေ ဘာစားစရာမှထပ်ရမယ် မအောက်မေ့နဲ့"

"အင်းပါ၊ ငါ ဘယ်သူ့ကိုမှမပြောပါဘူး။ လူတိုင်းမှာ စပါးရှိတယ်လေ ဘာပြောစရာရှိတော့မှာလဲ"

သူက ညည်းလိုက်၏။ ထို့နောက်အကြောင်းအရာပြောင်းကာ ပြောလိုက်၏။

"အခုတော့ အိမ်ပြန်ရဦးမယ်။ မနေ့ထဲက ငါ့မိဘတွေက တစ်ကယ်စိတ်တိုနေကြတာ။ သူတို့က ငါ့ကို ဝက်ဆီအပိုတောင် မပေးကြဘူး။ ငါ ဒီနေ့ မင်းအတွက်ပိုယူလာပေးမယ်။ သွားတော့မယ် မဟုတ်ရင် နောက်ကျလို့အဆူခံနေရလိမ့်မယ်"

သူသွားဖို့လိုကြောင်းပြောရင်းနှင့်ပင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်ပြောလိုက်၏။

"မင်းမှာ စားစရာတစ်ခုခုရှိရင် ငါ့ကို သတိရနော်။ ငါ့ဟာကိုလဲ မင်းကို ပြန်ပြီးဝေမျှပေးမယ်"

ဤသည်ကိုကြားတော့ စန်းလော့၏မျက်လုံးများမှာ ရယ်ချင်စိတ်ကြောင့် ကွေးညွတ်သွားကာ အတွင်း၌ ကျိတ်ပြီးသက်ပြင်းချလိုက်၏။ ကလေးများသည် ဘဝ၏စိုးရိမ်ပူပန်မှုများကို အမှန်စင်စစ် နားမလည်ကြပေ။ သူတို့ထံ စားစရာရှိနေသရွေ့ တင်းတိမ်ရောင့်ရဲတတ်ကြ၏။

......

ညစာစားပြီးနောက် သဘောတူထားသည့်အတိုင်း စန်းလော့သည် ချန်းအိမ်ထောင်စုသို့သွားလိုက်သည်။

ချန်းမိသားစု၏ပင်ပခန်းမတွင် သူတို့၏မိသားစုသာမကဘဲ ရှီအာ့လန်နှင့်သူ့ဇနီး၊ ကန်းရှီ၊ လုလောင်ဟန်၊ လုဘွားဘွားနှင့် သူမနှင့်သိပ်မရင်းနှီးသော တစ်စုံယောက်နှင့်အတူ ကျိုးရွာသူကြီးတို့လည်း ရှိနေကြသည်။

စန်းလော့အထဲကိုဝင်သွားတော့ စိတ်ဓာတ်ကျကာ တိတ်ဆိတ်နေကြသော လူအုပ်ကြီးသည် တစ်ညီတစ်ညွတ်ထဲ မတ်တပ်ရပ်လိုက်ကြလေသည်။

"စန်းရှီ ရောက်လာပြီ"

စန်းလော့က လူတိုင်းကို နှုတ်ဆက်ပြီး အဘွားချန်း ရွှေ့ပေးသော ထိုင်ခုံပေါ်တွင် ထိုင်၍အခြေမကျသေးခင်မှာပင် အဘိုးချန်းက မေးလိုက်၏။

"ဖန်းညန်ပြောတာ သမီးက စပါးတစ်ချို့ဝယ်ဖို့အကြံပေးတယ်ဆို။ သူက အသေးစိတ် မရှင်းပြတတ်ဘူး။ အဲ့တာကြောင့် မိသားစုတစ်ချို့က သမီးကို တိုက်ရိုက်မေးမလို့ ဒီမှာ စုဝေးနေကြတာ"

စန်းလော့သည် အဘိုးအိုက သူမအား အဘယ်ကြောင့် ဖိတ်ခေါ်သည်ကို မှန်းဆခဲ့ပါသည်။ သူမက စီရင်စုရှိစပါးဆိုင်၏အခြေအနေနှင့် ဆိုင်ရှင်ရွှီထံမှ သူမ သိခဲ့ရသော အချက်အလက်များကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။

ကူးစက်ရောဂါနှင့် ကြောက်မက်ဖွယ် အကျပ်အတည်းများအကြောင်း ကြားတော့ လူတို့၏မျက်နှာမှာ ပြောင်းလဲသွား၏။ အထူးသဖြင့် မိုးခေါင်သည့်နှစ်များတုန်းက ထွက်ပြေးလာကြသော ချန်းမိသားစုဖြစ်သည်။ သူတို့သည် တုန်လှုပ်သွားကြ၏။

"ဒီသတင်းက ယုံကြည်ရလို့လား" အဘိုးချန်းနှင့်အဘွားချန်းတို့ ပြိုင်တူမေးလိုက်ကြလေသည်။

စန်းလော့မှမတုံ့ပြန်နိုင်ခင် ငြိမ်နေကျဖြစ်သော ကျိုးရွာသူကြီးက ပြောလိုက်၏။

"တစ်ကယ်လို့သာ သတင်းက တုန်းဖူစားသောက်ဆိုင်တာဝန်ခံဆီက လာတယ်ဆိုရင် တော်တော်လေးမှန်နိုင်တယ်။ တုန်းဖူစားသောက်ဆိုင်ပိုင်ရှင်က ငါတို့ချီယန်စီရင်စုမှာပဲ ဖွင့်ထားတာမဟုတ်ဘူး။ အနီးအနားက စီရင်စုတွေနဲ့ ပြည်နယ်တွေမှာ ဆိုင်ခွဲတွေ အများကြီးရှိတယ်။ ယုံကြည်စိတ်ချရတဲ့ ဆိုင်တာဝန်ခံရွှီလို လူတစ်ယောက်က ပြင်ပသတင်းကို ငါတို့ထက် ပိုရလောက်တယ်"

လူတိုင်း၏စိတ်ထဲတွင် လေးလံမှုတစ်ခုကို ခံစားနေကြရပြီး အဘိုးချန်းသည် မေးလိုက်၏။

"ငါတို့တွေ ဒီလိုမြင့်တဲ့ဈေးနှုန်းမျိုးနဲ့ စပါးကို တစ်ကယ်ပဲ သိုလှောင်သင့်တာလား"

သူ စကားပြောနေစဉ်တွင် လူတိုင်းကို လိုက်ကြည့်နေပြီး သူ၏အကြည့်များသည် နောက်ဆုံးတွင် စန်းလော့နှင့်ကျိုးရွာသူကြီးထံ၌ ရပ်တန့်သွားလေသည်။

သူတို့ထဲတွင် နောက်ခံကောင်းရှိပြီး အရည်အချင်းရှိသူဖြစ်ပြီး သူတို့၏မိသားစု၏ အကျိုးစီးပွားကို ဦးဆောင်ပေးနေကာ အခြားတစ်ဦးမှာ နှစ်ပေါင်းများစွာ ရွာသူကြီးတစ်ဦးဖြစ်ပြီး အတွေ့အကြုံကြွယ်ဝသည်။

လူတိုင်း၏အာရုံစူးစိုက်မှုသည် သူတို့အပေါ်တွင်ရှိနေသည်ကို သတိထားမိသော စန်းလော့က မပြောခင် ခေတ္တမျှ စဉ်းစားချင့်ချိန်နေ၏။

"နောက်နှစ်စပါးရိတ်သိမ်းပြီးတဲ့နောက်မှာ စပါးဈေးကျဆင်းမယ့် အလားအလာနဲ့ပတ်သတ်ပြီး အဒေါ်ချန်းစိတ်ပူနေတာတွေက ကျိုးကြောင်းညီညွတ်ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်အနေနဲ့ကတော့ နောက်မှ ပိုက်ဆံရမယ်ဆိုရင်တောင် ဆားနဲ့စပါးကို ဝယ်ပြီး သိုလှောင်နေဦးမှာပဲ။ အရှုံးနဲ့အဆုံးသတ်သွားရင်တောင်မှပဲ စိတ်အေးချမ်းဖို့အတွက် အဲ့တာကိုလက်ခံလိုက်မှာ"

စိတ်၏ငြိမ်းချမ်းမှုကိုရှာဖွေခြင်း။

ဤခံစားချက်သည် ရှိနေသူတိုင်း၏စိတ်တွင် ပဲ့တင်ထပ်သွားတော့သည်။

ထို့နောက် လူအုပ်ကြီးသည် သူတို့၏အကြည့်အား ကျိုးရွာသူကြီးထံသို့‌ ပြောင်းလိုက်ကြ၏။

ကျိုးရွာသူကြီးက အံကြိတ်ကာ ကြေညာလိုက်၏။

"ငါလဲ ဝယ်မယ်။ မင်းတို့အားလုံး အဲဒါကိုတော့ ကိုယ့်ဘာသာ စဉ်းစားသင့်တယ်။ စန်းရှီရဲ့အကြံက သင့်တော်တယ်လို့ ငါထင်တယ်။ အဲ့တာက စိတ်အေးချမ်းဖို့အတွက်ပဲ။ တစ်ကယ်ဒုက္ခရောက်ရင် ငွေက စပါးတစ်ခုထဲကို အာမခံချက်ပေးနိုင်ပါ့မလား"

အမှန်ပင် တစ်ကယ့်ဒုက္ခရင်ဆိုင်ရပါက ငွေသည် စပါးများကို သေချာပေါက်လုံခြုံစေမည်လား။

ရှီနှင့်လုမိသားစုများအတွက် သက်ရောက်မှုသည် လေးနက်မည် မဟုတ်သော်လည်း အခက်အခဲများမှ တိမ်းရှောင်ခဲ့ရသော ချန်းမိသားစုအတွက်မူ ဤအခြေအနေမှာ လေးနက်စွာ ပဲ့တင်ထပ်နေလေသည်။

အဘိုးချန်းနှင့်အဘွားချန်းတို့က အကြည့်ချင်းဖလှယ်ကာ ဆုံးဖြတ်လိုက်ကြ၏။

"ငါတို့လည်း ဝယ်ပါ့မယ်"

အသက်ကယ်မည့်စပါးမရှိခြင်းထက်စာလျှင် ပိုက်ဆံဆုံးရှူံးခြင်းက ပိုကောင်းပါသည်။

...

အပိုင္း(၆၇) အစီအစဥ္

ညီအစ္ကိုမ်ား ထြက္ခြာသြားၿပီးေနာက္ စန္းေလာ့သည္ ၿခံတြင္းရွိ စပါးအိတ္ႏွစ္ဆယ္နီးပါးကို သိုေလွာင္ရန္ေနရာအတြက္ စိုးရိမ္ရင္း လွည့္ၾကည့္လိုက္သည္။

ေျမထည္ဆန္အိုးအျပင္ စပါးသိုေလွာင္ရန္ သင့္ေတာ္သည့္ အျခားထည့္စရာမ်ားမရွိေသာေၾကာင့္ မည္သည့္ေနရာတြင္ ထားရမလဲ မသိေပ။

သူမသည္ ထိုအရာမ်ားကို ေျမႀကီးေပၚတြင္စုပုံမထားႏိုင္ေပ။ ထိုအရာက စိုစြတ္ေစႏိုင္ၿပီး စပါးမ်ားမွာလည္းမႈိတက္ၿပီး ပိုးတက္လာႏိုင္သည္။

စပါးသိုေလွာင္မည့္ေနရာကိုဆုံးျဖတ္ရျခင္းသည္ စိန္ေခၚမႈတစ္ခုျဖစ္သည္။ မီးဖိုခန္းသည္ က်ယ္ဝန္းေသာ္လည္း စြံပလြန္မ်ား၊ ပဲႏို႔ သို႔မဟုတ္ ဝဥခ်က္ျပဳတ္ျခင္းျဖင့္ အၿမဲအလုပ္႐ႊီပ္ေနပါသည္။ ေရေႏြးေငြ႕မ်ားေၾကာင့္ စပါးသိုေလွာင္ရန္မွာမသင့္ေတာ္ေပ။

တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာမွာ ပင္မအိမ္ျဖစ္သည္။

စန္းေလာ့ႏွင့္သူမ၏ေမာင္၊ညီမမ်ားသည္ ရွန္းအန္းႏွင့္ရွန္းနဥ္၏ အိပ္ယာအသစ္ကို အခန္းထဲရွိ ပိုၿပီးအလယ္က်ေသာေနရာသို႔ ႀကိဳးႀကိဳးစားစား ေ႐ႊ႕လိုက္ၾကၿပီး အိပ္ယာႏွစ္ခုၾကားတြင္ လမ္းေလွ်ာက္ရန္ လုံေလာက္႐ုံေနလးကိုသာ ခ်န္ထားလိုက္သည္။

ရွန္းအန္းႏွင့္ရွန္းနဥ္တို႔သည္ သူတို႔၏မရီးျဖစ္သူႏွင့္ ပိုနီးကပ္လာသျဖင့္ ခြဲအိပ္ရသည့္အခ်ိန္ကထက္ အေတာ္ေလးေပ်ာ္႐ႊင္ေနၾကၿပီး

စန္းေလာ့ : "......"

ကေလးေတြ ေပ်ာ္ေနရင္ ၿပီးတာပါပဲ။

အိပ္ယာမ်ားကိုစီစဥ္ၿပီးသည့္ေနာက္ အခန္းတစ္ဝက္ေလာက္ လြတ္သြားေသာ္လည္း အစိုဓာတ္ႏွင့္ပိုးမႊားမ်ားကို ေရွာင္ရွားရန္ စပါးအိတ္မ်ားကို ေျမျပင္ေပၚတြင္ မခ်ထားရေလေအာင္ စင္တစ္ခုလိုေလသည္။

ပရိေဘာဂအေဟာင္းမ်ားကို ရွာေဖြၾကည့္ေသာ္လည္း သင့္ေတာ္ေသာသစ္သား မေတြ႕ေပ။ သူမသည္ ဝါးႏွင့္အကိုင္းငယ္မ်ားကို ခုတ္ထစ္ႏိုင္ေသာ္လည္း သစ္ပင္မ်ားကိုခုတ္လွဲျခင္းမွာ သူမ မတတ္ႏိုင္သည့္အရာ ျဖစ္သည္။

ေနာက္ဆုံးတြင္ သူမသည္ ခိုင္ခံ့ေသာပ်ဥ္ျပားမ်ားႏွင့္ေပါင္းကာ စပါးအိတ္မ်ားသိုေလွာင္ရန္ ယာယီစင္တစ္ခုဖန္တီးရန္ မီးဖိုေခ်ာင္ရွိ ထိုင္ခုံေလးခုံမွ သုံးခုံကို ျပန္လည္အသုံးျပဳခဲ့သည္။

ဗ်ာမ်ားရျခင္း အားလုံးၿပီးသည့္ေနာက္ သူတို႔သည္ စပါးအိတ္မ်ားကို သယ္ရန္အဆင္သင့္‌ျဖစ္လာသည္။ ကေလးမ်ားႏွင့္အတူ စန္းေလာ့သည္ ထိုအရာကို အထဲသို႔ထည့္ရန္ျပင္ဆင္ရင္း တစ္အိတ္ခ်င္းစီ မ,ရန္စီစဥ္ေန၏။ တိုက္ဆိုင္စြာပင္ လာမလည္သည္မွာ အခ်ိန္‌အေတာ္ၾကာၿပီျဖစ္ေသာ ရွန္းက်င့္သည္ အလည္ေရာက္လာေလသည္။

သိခ်င္‌စိတ္ျဖင့္ ၿခံထဲသို႔ေခ်ာင္းၾကည့္ရင္း သူသည္ စပါးအိတ္ ဆယ့္ငါးလုံးမွႏွစ္ဆယ္ အျပည့္ထည့္ထားသည္ကို ေတြ႕လိုက္ရသည္။

ရွန္းက်င့္: "???"

ၿခံတံခါးပိတ္ဖို႔ေမ့‌သြားသည္ကို သတိရေတာ့ ရွန္းအန္းသည္ သူ႔လွ်ာကိုကိုက္လုမတတ္ပင္ ေဒါသထြက္ေနသည္။

က်ဴးေက်ာ္လာၿပီဟူသည့္ ခံစားခ်က္ေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္မိဘဲ ရွန္းက်င့္က ႐ႊင္ျမဴးစြာျဖင့္ လွမ္းေခၚလိုက္သည္။

"မရီး၊ ရွန္းအန္း၊ ရွန္းနဥ္၊ အကူအညီလိုေသးလား"

ထို႔ေနာက္သူသည္ တက္တက္ႂကြႂကြျဖင့္ အထဲသို႔ေျပးဝင္လာသည္။

သူသည္ တအံ့တဩျဖင့္ အိတ္အပုံမ်ားကို ေလ့လာၾကည့္လိုက္သည္။

"ဒါေတြအားလုံးက ဘာေတြလဲ။ အမ်ားႀကီးပဲ"

ထို႔ေနာက္ အိတ္တစ္အိတ္ကို ထိုးၾကည့္ၿပီး သူ၏မ်က္လုံးမ်ားမွာ ခ်က္ခ်င္း အေရာင္လက္သြားေတာ့သည္။

"စပါးေတြပဲ။ ဝိုးး၊ ရွန္းအန္း၊ မင္းတို႔မိသားစုမွာ စပါးေတြ အမ်ားႀကီးရွိတာပဲ"

သူသည္ စန္းေလာ့ႏွင့္ကေလးမ်ား စပါးသယ္ေနၾကသည္ကိုကူညီရန္ တက္တက္ႂကြႂကြပင္ လာေလသည္။

အသန္မာဆုံးမဟုတ္ေသာ္လည္း သူ၏ ကူညီလိုစိတ္မွာ စစ္မွန္ၿပီး စိတ္အားထက္သန္၏။

စန္းေလာ့: "......"

ထို႔ေနာက္ သူႏွင့္ ကေလးသုံးေယာက္အပါအဝင္ ေလးေယာက္သည္ အဖြဲ႕လိုက္ျဖင့္ အိတ္တစ္လုံးစီသယ္ၾကေလ၏။

ဆန္အိတ္မ်ားကို မေသမသပ္ဆင့္ၿပီးသည့္ေနာက္ ကေလးမ်ားတင္မကဘဲ စန္းေလာ့ပါလွ်င္ ေမာပန္းေနၾကသည္။ သူတို႔အားလုံးသည္ ရွန္းအန္း၏ ကုတင္အသစ္ေပၚ၌ အတန္းလိုက္လဲေလ်ာင္းရင္း လက္ဖ်ားေလးပင္ မလႈပ္ႏိုင္ေလာက္ေအာင္ ပင္ပန္းသြားၾက၏။

ခဏၾကာၿပီးေနာက္ ရွန္းအန္းသည္ ေနာက္ဆုံးတြင္ စကားေျပာရန္ခြ န္အားရွိလာေလသည္။

"ဒီကို မလာတာၾကာၿပီ၊ ဒီေန႔မွ ဘာလို႔လာတာလဲ"

ဟမ္.... ရွန္းက်င့္ကို ေမးခြန္းထုတ္လိုက္သည္။

ရွန္းက်င့္ : "ငါ့ကိုမစပါနဲ႔ကြာ၊ ငါ့အေဖက သေဘာထားေသးလိုက္တာ။ ေမာင္ႏွမေတြနဲ႔ အတူတူ မင္းအိမ္မွာ ထမင္းစားတာကို သူက် အဖိတ္မခံရလို႔ စိတ္ဆိုးေနတာ။ အရင္က မင္းအိမ္မွာအလုပ္ လုပ္ခဲ့တာလည္း သိေရာ အဲ့ေနာက္မွာ လယ္ကြင္းေတြထဲကို ဆြဲေခၚသြားၿပီး အလုပ္လုပ္ခိုင္းေတာ့တာပဲ။ အေျခာက္လွမ္းထားတဲ့စပါးေတြနဲ႔ ငွက္ေတြကိုေျခာက္လွန႔္ဖို႔ေလ။ ဒီေန႔က်မွပဲ စပါးေတြသိမ္းၿပီးသြားလို႔ အားေတာ့တယ္"

အမွန္ေတာ့ သူသည္ အ႐ိုက္လဲခံလိုက္ရေသးကာ ရွက္မိသျဖင့္ ထိုအေၾကာင္းကို မေျပာေတာ့ဘဲ ေဒါသထြကထြက္ျဖင့္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္သည္။

ရွန္းအန္းက သူ႔ဟာသူ စဥ္းစားလိုက္ေလသည္။ တိုက္တိုက္ဆိုင္ဆိုင္ အလည္ေရာက္လာသူလဲ အခ်ိန္ကိုက္လြန္းတယ္။သူ႔မရီးက စပါးသယ္ဖို႔ေတာင္ေပၚလမ္းကို တမင္ေ႐ြးခဲ့ရတာ။စပါးေတြကိုေတာင္ ဝွက္မထားရေသးဘူး။အလည္လာသူက ေတြ႕သြားၿပီတဲ့ေလ။

ယခုေတာ့ အိမ္လည္လာသည့္သူက သူ႔အိပ္ယာတြင္ သက္ေတာင့္သက္သာပင္ လွဲေနလိုက္ေသးသည္။

ရွန္းအန္းသည္ စကားပင္ မေျပာခ်င္ေတာ့ေပ။

ရွန္းက်င့္သည္ အေတာ္ေပ်ာ္ေနပုံရၿပီး သူ႔ေအာက္က ကုတင္ကို ပြတ္သပ္ကာ ေနရာမွာတင္ အနည္းငယ္ လွိမ့္ေန၏။

"ရွန္းအန္း၊ မင္းအိပ္ယာက သက္ေတာင့္သက္သာရွိလိုက္တာ။ ဖ်ာကလဲအသစ္ဆိုေတာ့ လတ္ဆတ္တဲ့အနံ႔ေလးရတယ္။ ငါတို႔အိမ္မွာရွိတဲ့ နံေစာ္ၿပီး ထ်န္းယာ ဖ်က္ဆီးထားတဲ့ဟာနဲ႔ မတူဘူး"

အိမ္က အိပ္ယာအေၾကာင္းညည္းညဴရင္း သူသည္ ႐ုတ္တရက္ အေရးႀကီးေသာအရာတစ္ခုကို သတိရသြားၿပီး ႐ုတ္တရက္ ထလိုက္ကာ အလန႔္တၾကား ေျပာလိုက္၏။

"အဓိကဟာကို ေမ့ေတာ့မလို႔၊ ငါ ဘာယူလာလဲဆိုတာ ၾကည့္လိုက္"

သူ႔အိတ္ကပ္ထဲမွ ဝက္ဆီလက္တစ္ဆုပ္စာ အႂကြင္းအက်န္ေလးကို ဂုဏ္ယူစြာ ထုတ္ယူလိုက္ရင္း ရွန္းက်င့္က ေျပာလိုက္၏။

"ဒီမွာၾကည့္၊ ငါတို႔အိမ္မွာလဲ ဝက္ဆီထုတ္တယ္။ ဒီမွာ မင္းတို႔အစားကိုပဲ အလကားစားတာ မဟုတ္ေတာ့ဘူးေနာ္၊ ငါ့ဟာကို မင္းတို႔ႏွစ္ေယာက္ကို မွ်ေကြၽးမယ္"

တစ္ခုခုကိုသေဘာေပါက္ေတာ့ သူက ခ်က္ျခင္းထပ္ေျပာလိုက္၏။

"ၿပီးေတာ့ အႀကီးဆုံးမရီးအတြက္ေရာပဲ"

သူ၏ဂုဏ္ယူေနသည့္အသံေၾကာင့္ ရယ္ခ်င္ေနေသာစန္းေလာ့က တစ္ဖက္သို႔လွည့္ကာ ေနေလာင္ထားေသာ သို႔မဟုတ္ ဖုန္ေပေနေသာလက္ကေလးတြင္ ကိုင္ထားသည့္ အဆီက်န္‌၆ခု သို႔မဟုတ္ ၇ ခုကို ၾကည့္လိုက္၏။

သူမက ရီေမာလိုက္၏။

"ငါက ေတာ္ပါၿပီ၊ သားတို႔ပဲ စားၾကေနာ္"

သူတို႔၏ ညစ္ပတ္ေပေရေနေသာပုံစံျဖစ္ေသာ္ျငား ေမာင္ႏွမႏွစ္ေယာက္သည္ ဇီဇာမေၾကာင္သင့္ေပ။ ပါးစပ္က ေသးေသးေလးကိုေတာင္

You are reading the story above: TeenFic.Net