အပိုင်း (၆၆) ရွာသို့အပြန်
ဆန်ဆိုင်သို့လွှတ်လိုက်သည့် စာရေးက မြန်မြန်နှင့် ပြန်မရောက်လာချေ။ စန်းလော့က တုန်းဖူစားသောက်ဆိုင်တွင် တစ်နာရီနီးပါး စောင့်စားလိုက်ရပြီး စိုးရိမ်စိတ်များတိုးပွားလာကာ မမြင်ရသည့် အခြေအနေတစ်ခုခုက သူမ၏ စပါးဝယ်ယူခြင်းကို အတားအဆီး ဖြစ်နေမည် စိုးရိမ်နေမိသည်။
အချိန်ကိုကြည့်လိုက်ပြီး စန်းလော့၏ စိုးရိမ်ပူပန်စိတ်ကို စိုးရိမ်မိသည့် ဆိုင်တာဝန်ခံရွှီက သူမအတွက် အထူးတလည် သွားရောက်စစ်ဆေးပေးလေသည်။
ဒီအချိန်မှာပင် စာရေးကပြန်ရောက်လာပြီး ဆိုင်တာဝန်ခံကို သတင်းပေးလေသည်။
"စပါး၉တင်းကို ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ အနောက်ဖက်တံခါးဆီ သယ်လာပြီးပါပြီ"
ဆိုင်တာဝန်ခံရွှီက စန်းလော့ကို သူနှင့်အတူလိုက်ခဲ့ဖို့ မြန်မြန် ဖိတ်ခေါ်လိုက်သည်။
လမ်းတွင် စာရေးက ဆန်ဆိုင်များက လက်ရှိတွင် အကန့်အသတ်ဖြင့် စပါးကို ရောင်းချနေကြောင်း ရှင်းပြလိုက်လေသည်။
"ကျွန်တော်တို့မျက်နှာကြောင့်သာမဟုတ်ရင် ဆိုင်တာဝန်ခံထုန်းက စပါး၉တင်းကို ရောင်းပေးလိမ့်မှာ မဟုတ်ဘူး။ တစ်ဦးချင်းစီအတွက် တစ်ယောက်ကိုစပါး၅ပြည်ထက် ပိုဝယ်ခွင့် တားမြစ်ထားတယ်။ ဆိုင်ကလဲ နေ့စဥ်ရောင်းအားကို သတ်မှတ်ထားတယ်။ ကျွန်တော်ရောက်သွားတော့ တာဝန်ခံထုန်းက ကျွန်တော်တို့အတွက် အထူးအမှာစာတစ်ခုရေးပေးလိုက်တော့ ဂိုဒေါင်ကနေပြီး တိုက်ရိုက်သွားယူလို့ရခဲ့တယ်၊ အဲဒီမှာ လူတွေတောင်အုံနေပြီ၊ အစားအသောက်ဆိုင် တော်တော်များများကလည်း ဒီသတင်းကို ကြားလိုက်ပြီးတော့ ဆန်တွေကိုအလောတကြီး လာဝယ်ကြတယ်လေ၊ ဒါကြောင့်မလို့ အချိန်ကြာသွားတာပါ"
စန်းလော့သည် ဒီနေ့အတွက် သူမ၏ကံတရားကို နားလည်လိုက်လေရာ ဆိုင်တာဝန်ခံရွှီကို အဖန်တလဲလဲ ကျေးဇူးတင်စကားပြောမိတော့သည်။
"ကျွန်မ ဒီနေ့တော့ ဆိုင်တာဝန်ခံရွှီကို တကယ်ပဲ အကြွေးတင်ခဲ့မိပါပြီ၊ ရှင့်ရဲ့ အကူအညီသာမရခဲ့ရင်ကျွန်မတစ်ယောက်ထဲ စပါး၉တင်းစုဆောင်းဖို့က တကယ်ကို ခက်ခဲနေတော့မှာ၊ ကျွန်မက ဒီစျေးနှုန်းနဲ့ဆိုရင် နောက်ပိုင်းကျရင် ဝယ်နိုင်မှာတောင် မဟုတ်တော့ဘူး"
ချင်ဖန်းညန်နဲ့ တခြားသူတွေကိုလဲ တန်းစီဖို့ အကူအညီတောင်းရလိမ့်အုံးမယ်။ ဒါဆိုရင်တော့ သူတို့ရဲ့အလုပ်ကိုလည်း နှောက်နှေးကြန့်ကြာစေလိမ့်အုံးမယ်။
ဆိုင်တာဝန်ခံရွှီက လက်ကာပြလေသည်။
"ဒါက အားထုတ်မှု သေးသေးလေးပါဗျာ"
သူက သက်ပြင်းချလိုက်သည်။
"စပါးစျေးက အဲလောက်အထိ တက်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ၊ ဒီနှစ်က လူအများစုအတွက် ခက်ခဲနေတာ"
စားသောက်ဆိုင်ကို သိသိသာသာ သက်ရောက်မှုမရှိသော်လည်း လူအများစုအတွက်တော့ ဒီဆောင်းဦးရာသီမှစပြီး နောက်တနှစ်စပါးရိတ်သိမ်းချိန် မတိုင်ခင်အထိ ခက်ခက်ခဲခဲ ရုန်းကန်နိုင်စရာ ရှိလေသည်။
"အမှန်ပါပဲ"
သူတို့တွေသည် စားသောက်ဆိုင်၏ အနောက်ဖက်တံခါးသို့ ရောက်လာခဲ့ကြသည်။ ဆန်ဆိုင်ကအလုပ်သမားများက စပါးများကို ချပေးနေကြသည်။ ပိုင်ရှင်အစစ်အမှန်ကို မြင်လိုက်သည်တွင် သူတို့က ဖော်ဖော်ရွေရွေနှင့် စကားပြောတတ်သည့် ဆိုင်တာဝန်ခံရွှီကို မြန်မြန်ဆန်ဆန် သွားနှုတ်ဆက်လိုက်ကြပြီး အခြေအနေကို ပုံမှန်အတိုင်း မေးမြန်းစူးစမ်းလေသည်။
ဆိုင်တာဝန်ခံရွှီ၏ ဖော်ရွေပြူငှာမှုကြောင့် ဆန်ဆိုင်အလုပ်သမားက လေသံတိုးတိုးဖြင့် ပြောလေသည်။
"ကျွန်တော်တို့မှာ လှောင်ထားတာတော့ ရှိပါတယ်၊ ကျွန်တော်တို့သူဌေးက ပြည်နယ်အသီးသီးကနေ စုဆောင်းထားတာလေ၊ ဒါပေမဲ့ စျေးနှုန်းကိုတော့ ဘယ်လောက်လို့ မသတ်မှတ်ရသေးပါဘူး"
"ပိုကောင်းတဲ့စျေးတစ်ခုကို စောင့်ရမှာပေါ့"
ဆန်ကုန်သည်တွေက ဒီအကြောင်းကိုသိလေသည်။ ဆိုင်တာဝန်ခံရွှီက စကားအများကြီး မပြောနိုင်ပေ။ အလုပ်သမားများကို ကျေးဇူးတင်စကားသာ ပြောလိုက်တော့သည်။ ပစ္စည်းများကို ချလိုက်ပြီးနောက် စန်းလော့က ပစ္စည်းကိုစစ်ဆေးကာ ငွေချေလိုက်သည်။ ဆိုင်တာဝန်ခံရွှီက ပစ္စည်းလာပို့ပေးသည့်သူများကို သူတို့၏လုပ်အားအတွက် မုန့်ဖိုးကို တိုးတိုးတိတ်တိတ်ပေးကာ ယဉ်ယဉ်ကျေးကျေးဖြင့် လိုက်ပို့လေသည်။
တိုးတိုးတိတ်တိတ်ဖြစ်သည်ဆိုသော်ငြားလည်း စန်းလော့ကတော့ အရာအားလုံးကို သတိထားမိလိုက်၏။ သို့သော်ငြား နှုတ်ဆိတ်နေလိုက်လေသည်။
ဆိုင်တာဝန်ခံရွှီလိုလူများက ကျယ်ပြောလှသည့် ကိစ္စများကို ဆောင်ရွက်ရာတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းရှိလေသည်။ မုန့်ဖိုးလို ငွေကြေးအနည်းအငယ်က မသိသာသယောင် ဖြစ်သော်လည်း သူမက အတင်းပေးဖို့ လုပ်ဆောင်နေလျှင် အနည်းငယ် အနေကြပ်မိလိမ့်မည်။
ဒီစေတနာကို လက်ခံလိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။
စပါးဝယ်ယူသွားပြီးသည့်နောက်တွင် ဆိုင်တာဝန်ခံရွှီက အချိန်ကို ကြည့်လိုက်ပြီး စန်းလော့ကို စားသောက်ဆိုင်တွင် နေ့လည်စာစားဖို့ ဖိတ်ခေါ်ရင်း ပြောလိုက်လေသည်။
"နေ့လည်စာစားပြီးသွားရင် ကျွန်တော်က စပါးတွေကို မင်းရဲ့ အိမ်အရောက်ပို့ပေးဖို့ ကျွန်တော့အလုပ်သမားတွေကို ကူညီပြီး စီစဥ်ခိုင်းလိုက်ပါ့မယ်"
စန်းလော့က စေတနာကို ငြင်းပယ်ကာပြောလိုက်သည်။
"ရှင့်ရဲ့ စေတနာကို ကျွန်မက ကျေးဇူးတင်ပါတယ် ဒါပေမဲ့လည်း ကျွန်မက ငြင်းဆိုပါရစေ၊ ကျွန်မရွာက အဒေါ်တွေကလဲ စီရင်စုထဲမှာ ဆိုင်ခင်းနေကြတာလေ၊ ကျွန်မက သူတို့နဲ့အရှေ့စျေးမှာ တွေ့ဆုံဖို့ ကတိပေးထားသေးတယ်၊ ကျွန်မသူတို့ကို အရင်ဆုံး သတင်းပေးဖို့လိုတယ်၊ ကျွန်မတို့တွေ ခဏနေမှ ပြန်လာခဲ့ပါ့မယ်၊ ဒီတော့ ကျွန်မဒီမှာ နေ့လည်စာ မစားတော့ပါဘူး၊ ဒါပေမဲ့လဲ ဒီနေ့ ကျွန်မအတွက် အဖော်ပြုပေးတဲ့ဆိုင်က ဆိုင်ဝန်ထမ်းလေးကိုတော့ ကျွန်မက ဒုက္ခပေးရပါလိမ့်အုံးမယ်"
"ကိစ္စမရှိပါဘူး ခင်ဗျာ"
ဆိုင်တာဝန်ခံရွှီက သူမ၏ငြင်းပယ်စကားကို ပျူပျူငှာငှာဖြင့် လက်ခံလိုက်လေသည်။
"ကျွန်တော်က စပါးတွေကို လှည်းပေါ်တင်ပေးဖို့ အလုပ်သမားတွေ စီစဥ်ပေးပါ့မယ်၊ မင်းပြန်လာတဲ့အချိန်ကျရင် သွားဖို့အသင့်ဖြစ်တာပေါ့၊ မင်းက အရှေ့စျေးကို သွားမယ်ဆိုရင်တော့ မင်းရဲ့ရွာကအဒေါ်ကို ကျွန်တော်ရဲ့သတင်းစကား ကျေးဇူးပြုပြီး ပါးပေးပါ၊ မနက်ဖြန်ကျရင် ရိုးရိုးတို့ဟူး အတုံး၃၀ နတ်သမီးတို့ဟူး အတုံး၂၀ကို လာပို့ပေးဖို့ သူ့ကိုပြောပေးပါ၊ စျေးကတော့စျေးကွက်ထဲက ပေါက်စျေးအတိုင်းပါပဲ၊ မနက်ပိုင်းမှာ အရင်ဆုံး အနောက်ဖက်မီးဖိုဆောင်ကို ပစ္စည်းတွေလာပို့ပေးပြီးရင် စာရင်းကို ရှင်းပေးပါမယ်၊ ကျွန်တော်က နောက်ပိုင်းအမှာစာတွေ အတွက်တော့ မနက်ဖြန်မှသူနဲ့ပဲ တိုင်ပင်လိုက်ပါ့မယ်၊ ဒီနေ့ကတော့ ကျွန်တော်အရှေ့စျေးကို မသွားတော့ပါဘူး"
စန်းလော့ကလည်း လှိုက်လှဲစွာဖြင့် သဘောတူလိုက်ကာ ချက်ခြင်းပင် ဆိုင်တာဝန်ခံရွှီအား လက်မှတ်ထိုးပေးပြီး အကြွေးတံဆိပ် ရိုက်နှိပ်ထားသည့် စာချုပ်ကို လှမ်းပေးလိုက်လေသည်။
"ကျွန်မ ဒီနေ့ရှင့်ဆီမှာ ကျေးဇူးကြွေးတွေ အများကြီးတင်ခဲ့ပါတယ်၊ ကျွန်မက ကျေးဇူးတင်လို့မဆုံးပါဘူး၊ ဒါက တုန်းဖူစားသောက်ဆိုင်ကနေ ကျွန်မချေးငှားထားတဲ့ ငွေ၆လျန်အတွက် အကြွေးစာရွက်ပါ၊ ကျေးဇူးပြုပြီး ဒါကို စာရင်းလုပ်ပေးဖို့ စာရေးဆီကိုပေးပေးပါ၊ ကျွန်မက အကြွေးပြန်ဆပ်ပြီးမှပဲ ဒီစာရွက်ကိုပြန်လာယူပါ့မယ်"
ဆိုင်တာဝန်ခံရွှီက တဒင်္ဂအံ့သြ သွားလေသည်။ သို့သော်လည်း သီးသန့်အခန်းထဲတွင် ချထားသည့် စာရေးပစ္စည်းများကို အမှတ်ရလိုက်သည်။
သူက ပြုံးကာခေါင်းငြိမ့်လိုက်ပြီး အကြွေးစာရွက်ကို လက်ခံလိုက်ကာ စန်းလော့ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။
အထဲသို့ပြန်ဝင်လာပြီးနောက် သူကစာရေးဆီကို အကြွေးစာရွက် ကမ်းပေးလိုက်ကာ မှာကြားလိုက်လေသည်။
"ဒါကို သေသေချာချာလေး စာရင်းလုပ်ထားလိုက်ပါ၊ အကြွေးပြန်ဆပ်ပြီးသွားရင် ဒီစာရွက်ကို မိန်ကလေးစန်းဆီ ပြန်ပေးလိုက်ပါ" စာရေးက နားလည်ကြောင်း အသိအမှတ်ပြုလိုက်ပြီး သူ့နားဖူးကို ပုတ်လိုက်လေသည်။
"ကျွန်တော်က အရမ်းကို သံသယများခဲ့မိတာပဲ"
ဆိုင်တာဝန်ခံရွှီက စန်းလော့ကို ငွေပေးခိုင်းတဲ့အကာ သူက တွေဝေနေမိသေးတယ်လေ။ ဒီလောက်များပြားတဲ့ ၆လျန်ကိုပြန်မရမှာ စိုးရိမ်နေတာပေါ့။
အဲဒီ့တုန်းက ဆိုင်တာဝန်ခံရွှီက ပြုံးပြီး သူ့ကို အာမခံပေးလိုက်သေးတယ်။ စိုးရိမ်မှုမရှိပဲ ငွေကို ချေးပေးလိုက်ဖို့ပေါ့၊ နောက်ပြီး ဆုံးရှုံးမှုရှိခဲ့ရင်တောင် သူကိုယ်တိုင် တာဝန်ယူမယ်လို့ ပြောခဲ့သေးတယ်။
အခုတော့ စန်းလော့ပြန်သွားပြီးနောက် ဆိုင်တာဝန်ခံရွှီက ပြန်သုံးသပ်ပြလိုက်လေသည်။
"မိန်းကလေးစန်းက တော်တော်လေးကို အသေးစိတ်ကျတာပဲ၊ ငါတို့တွေ လက်တွဲလုပ်ထားတဲ့ သတ်သတ်လွတ်အူကြမ်းနဲ့တို့ဟူးအပြင် ဒီနေ့ ငါတို့စားသောက်ဆိုင်မှာ သူပေးလိုက်တဲ့ဟင်းလျာကတင် တော်တော်လေး တန်ဖိုးရှိနေပြီလေ၊ သူက အကြွေးကို ပြန်မဆပ်ဘူးဆိုရင်တောင် ငါတို့စားသောက်ဆိုင်က အကျိုးအမြတ်တွေ ရနေသေးတယ်"
စာရေးက စာချုပ်ကိုအရင်ဆုံး သိမ်းထားလိုက်ပြီး ငွေကိုပြန်လွှဲပေးလိုက်ကာ အရှေ့ဖက်ခန်းမဆီသို့ ပြန်လာခဲ့လိုက်လေသည်။ ယခုအချိန်မှ စန်းလော့ပေးခဲ့သည့် တို့ဟူးဟင်းလျာ၏ သိသာထင်းရှားမှုကို နားလည်သဘောပေါက်သွားတော့သည်။
အရှေ့စျေးသို့ရောက်လာသည်တွင် စန်းလော့က ချင်ဖန်းညန်၏တို့ဟူးဆိုင်ကို အလွယ်တကူ ရှာတွေ့သွားသည်။ တို့ဟူးထည့်ထားသည့် ထမ်းပိုးကို လေ့လာကြည့်လိုက်တော့ ၁၂တုံး ၁၃တုံးလောက်သာ ကျန်တော့သည်။ သူမက မေးလိုက်၏။
"ဒီနေ့ လုပ်ငန်းအခြေအနေ ဘယ်လိုလဲ"
ချင်ဖန်းညန်က ခေါင်းခါပြသည်။
"မနေ့ကထက်တောင် ပိုဆိုးသေးတယ်၊ မနေ့က ဒီအချိန်ဆိုင်ရင် အားလုံးနီးပါးရောင်းကုန်သွားပြီ၊ ကြည့်ရတာ စီရင်စုမှာလဲ ထိခိုက်ပုံပေါ်ပါတယ်။
ဒါပေါ့လေ ထိခိုက်တာပေါ့၊ စီရင်စုထဲက ဝင်ငွေနည်းတဲ့မိသားစုတွေအတွက် ဝမ်သုံးလေးထောင်ဆိုတာက အကြီးအကျယ် ထိခိုက်တာမျိုးတော့ မဟုတ်ပေမဲ့လဲ အတိုင်းအတာတစ်ခုထိတော့ ထိခိုက်တယ်လေ။ ဒီလိုကုန်ကျစရိတ်မျိုးနဲ့ဆိုရင် သူတို့တွေက အစားအသောက်နဲ့အဝတ်အစားအတွက် သူတို့ရဲ့ခါးပတ်တွေကို ကြပ်ထားဖို့လိုလိမ့်မယ်"
စန်းလော့က ထပ်ပြောလိုက်သည်။
"စပါးစျေးကလည်း တက်သွားပြန်ပြီ၊ မနေ့နေ့လည်တုန်းကတောင်မှ စီရင်စုက စပါးစျေးက တစ်ပြည်ကို ၈၂ဝမ်ပဲ ရှိသေးတာ၊ သူတို့တွေက တစ်ယောက်ချင်းစီရဲ့ အများဆုံးဝယ်ယူခွင့်ကိုလည်း ၅ပြည်လို့သတ်မှတ်လိုက်တယ်၊ ဆန်ဆိုင်တွေက သူတို့ရဲ့နေ့စဥ်ရောင်းချတဲ့ သတ်မှတ်နှုန်း ပြည့်သွားပြီဆိုတာနဲ့ ဆိုင်ပိတ်လိုက်တော့တယ်၊ ဒီတော့ ဒီ ၈၂ ဝမ် စျေးနှုန်းက အဖွင့်စျေးနှုန်းပဲ ဖြစ်သွားတယ်၊ ဒီသတင်းက စီရင်စုမှာ ဒီနေ့နဲ့မနက်ဖြန် အကုန်ပြန့်သွားလောက်တယ်၊ စပါးစျေးကတော့ထပ်ပြီး တက်ဖို့ရှိသေးတယ်"
သူမက အလေးအနက် အကြံပေးလိုက်လေသည်။
"ဒေါ်ဒေါ် ဒေါ်ဒေါ်လည်းအိမ်ပြန်ရောက်သွားရင် အဘိုးအဘွားတို့နဲ့ တိုင်ပင်သင့်တယ်၊ ငွေနည်းနည်းပါးပါး ရှာထားတယ်ဆိုရင်လဲ အဲဒါတွေကိုအရေးပေါ်အတွက် သိမ်းထားလိုက်၊ စပါးစျေးက အရမ်းကြီး ထိုးတက်မသွားခင် စပါးနည်းနည်းလောက် လှောင်ထားလိုက်တာက အမြှော်အမြင်ရှိတယ်လို့ထင်တယ်"
ချင်ဖန်းညန်က ဇဝေဇဝါ ဖြစ်သွားလေသည်။
"ငါတို့တွေက စပါးကို လှောင်ထားဖို့တကယ်ပဲ လိုအပ်သလား၊ ငါတို့တွေက နောက်တစ်နှစ်ဆောင်းဦးရာသီ ရိတ်သိမ်းတဲ့ အချိန်ကြရင်လည်း ရအုံးမှာပဲလေ။
စန်းလော့က ခေါင်းခါပြသည်။
"ကျွန်မလဲမသိဘူး ဒါပေမဲ့ လက်ထဲမှာစပါးရှိနေတယ်ဆိုရင် ကျွန်မအတွက်တော့ စိတ်လုံခြုံမှုရစေတယ်လေ"
နှစ်ယောက်စလုံးက နှုတ်ဆိတ်သွားပြီး ထိုနေ့ကအရှေ့စျေးထဲတွင် လွှမ်းခြုံနေသည့် ထူးထူးခြားခြား ငြိမ်သက်မှုကို ပြန်လည်စဥ်းစားမိလေသည်။
ပစ္စည်းရောင်းချဖို့ရန် မြို့သို့ မကြာခဏရောက်လာတတ်သည့် ရွာသားများနှင့်ပြည့်နေသည့် အရှေ့စျေးက စီရင်စုမြို့ထဲက လမ်းမကြီးများနှင့်ယှဥ်လျှင် အခြေအနေက အများကြီးငြိမ်သက်ကာ ပြင်းရိဖွယ်ဖြစ်နေလေသည်။
စန်းလော့က ချင်ဖန်းညန်ကို အလုပ်ဆက်လုပ်ဖို့အားပေးလိုက်ပြီး သူမတစ်ယောက်ထဲ အရှေ့စျေးသို့ ဆက်လျှောက်သွားလိုက်သည်။သူမသည် လမ်းလျှောက်လာစဥ် ပုံမှန်ဆိုလျှင် အရှေ့စျေးထဲတွင် စပါးများရောင်းချတက်သူများကို အခုတော့မတွေ့ရတော့သည်ကို သတိထားမိလိုက်သည်။
အမှန်ပဲပေါ့ နေ့တစ်နေ့ရဲ့ ဒီလိုအချိန်မှာ စပါးကုန်သည်တွေကလွဲရင် ပိုလျှံနေတဲ့စပါးကို ဘယ်သူက ရောင်းချနိုင်အုံးမှာလဲ။
နေ့လည်ခင်းရောက်သည့်တိုင် ချင်ဖန်းညန်သည် ရောင်းမကုန်သေးသည့် တို့ဟူးအနည်းငယ် ကျန်ရှိနေလေသည်။ စန်းလာ့က မန်ထိုနှစ်လုံးကိုဝယ်လာလိုက်ပြီး အမျိုးသမီးနှစ်ယောက်က သူတို့၏နေ့လည်စာအဖြစ် တစ်ယောက်တစ်လုံးစားလိုက်ကြသည်။
စားသောက်နေရင်းမှ စန်းလော့က စပါးဝယ်ဖို့ရန် တုန်းဖူစားသောက်ဆိုင်က ဆိုင်တာဝန်ခံရွှီထံမှ ငွေကြေး ချေးငှားခဲ့ရသည့်အကြောင်း ချင်ဖန်းညန်ကို ပြောပြလိုက်ကာ တုန်းဖူစားသောက်ဆိုင်က တို့ဟူးအမှာစာအကြောင်းကိုလဲ ပြောပြလိုက်လေသည်။
သည်သတင်းကောင်းက ချင်ဖန်းညန်၏စိတ်အားကို ရုတ်တရက်ထိုးတက်သွားသည်မှာ သံသယဖြစ်စရာ မလိုပေ။ သူမ၏မနက်ခင်းရောင်းအားကို သိသိသာသာ တိုးတက်သွားစေလိမ့်မည်။
သိုသော်ငြားလည်း သူမက တခုခုကို မြန်မြန်နားလည်လိုက်သည်။
"ဒါက ရှင်နဲ့လုပ်ထားတဲ့ လုပ်ငန်းတစ်ခုပဲ ဘာဖြစ်လို့အမှာစာကို ကျွန်မဆီပေးလိုက်တာလဲ၊ ကျွန်မကဘာမှမလုပ်ပဲနဲ့တောင် ရှင့်ရဲ့ လုပ်အားခကနေ အကျိုးအမြတ်ရနေပြီးပြီလေ"
ဒါက နေ့တိုင်းတို့ဟူး ဒါဇင်အများအပြား အမှာစာတစ်ခုလေ နတ်သမီးတို့ဟူးကို ၉လပိုင်းအလယ် နောက်ပိုင်းမှာ မရောင်းနိုင်ဘူးဆိုရင်တောင် တနေ့ကိုတို့ဟူးအတုံး ၃၀က သူမအတွက်ဝမ် ၁၂ဝမ် ကျော်လောက်ကို ရှာ ပေးနိင်တယ်လေ။
စန်းလော့က ရယ်မောလိုက်လေသည်။
"အဒေါ်က အလကားနေရင်း အကျိုးအမြတ်ရနေတာ မဟုတ်ပါဘူး၊ နောက်ပိုင်းကျရင် ကျွန်မက တုန်းဖူစားသောက်ဆိုင်မှာ သတ်သတ်လွတ်အူကြမ်းတွေကို ပုံမှန်ပို့ပေးရမှာလေ၊ အဲဒီအခါကျရင် ပစ္စည်းတွေကို ကျွန်မကိုယ်စားအဒေါ်နဲ့ ထည့်ပေးလိုက်မှာ၊ တုန်းဖူစားသောက်ဆိုင်ရဲ့ နေ့စဥ်အမှာစာကိုလည်း အဒေါ်ကပဲ ယူလာပေးရမှာလေ"
ချင်ဖန်းညန်က ပြန်ဖြေလိုက်လေသည်။
"ဒါလည်း ကိစ္စကြီး မဟုတ်ပါဘူး၊ ဒီအတွက်နဲ့တော့ တိုက်ရိုက်လုပ်ငန်းတစ်ခုကို ပေးစရာမလိုပါဘူး"
စန်းလော့က ရှင်းပြလေသည်။
"ဒါက တရက်နှစ်ရက်ထဲအတွက် မဟုတ်ဘူးလေ၊ နောက်ဆိုရင် ကျွန်မက တခြားနေရာတွေကိုလဲ လက်တွဲလုပ်ကိုင်ချင် လုပ်ကိုင်ရအုံးမှာ နေ့တိုင်းအစားအသောက်အမျိုးမျိုးကို ပြင်ဆင်ရတာဆိုတော့ ကျွန်မမှာ သွားလိုက်ပြန်လိုက်လုပ်ဖို့ အချိန်မရှိဘူး၊ ဒီတော့ ကျွန်မကအဒေါ်ရဲ့အကူအညီကို လိုတယ်လေ၊ ကျေးဇူးပြုပြီးတော့ စိတ်ပူမနေပဲ ဆိုင်တာဝန်ခံရွှီရဲ့ တို့ဟူးအမှာကို လက်ခံပေးလိုက်ပါ"
ဒီစကားကို ကြားလိုက်သည်တွင် ချင်ဖန်းညန်က ခေါင်းငြိမ့်ပြလေသည်။
"ဒါဆိုရင်လဲ ကောင်းပြီလေ၊ စီရင်စုကနေ တခုခုယူစရာရှိတာဖြစ်ဖြစ် ဝယ်စရာလိုတာပဲဖြစ်ဖြစ် အဒေါ့်ကိုအသိပေးလိုက်ပါ၊ ရှင့်ရဲ့ပစ္စည်းတွေကို သေချာပေါက် ကောင်းကောင်းလေးသယ်သွားပေးမှာပါ၊ ကျွန်မရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို မသယ်ရဘူးဆိုရင်တောင်မှပေါ့"
စန်းလော့က ဒီစကားကို ကြားလိုက်သည်တွင် မနေနိုင်ပဲ ပြုံးမိတော့သည်။
နေ့လည်ခင်းကုန်ခါနီးတွင် ဖန်းလျိုညန်နှင့် ကန်းရှီတို့က သူတို့လေးယောက်ဆုံကြမည့် အရှေ့ဖက်စျေးဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလေသည်။
စန်းလော့က ဆန်စျေးတက်သည့်အကြောင်းနှင့် စပါးဝယ်ရန်အတွက် တုန်းဖူစားသောက်ဆိုင်မှ သူမက ငွေချေးငှားခဲ့သည့်အကြောင်းကို သူတို့အားပြောပြလိုက်လေသည်။ သူမက စပါးစျေးနိမ့်တုန်း စပါးများကို သိုလှောင်ထားသင့်သည့်အကြောင်း ချင်ဖန်းညန်ကို အကြံပေးခဲ့သည့်စကားကို ကန်းရှီနှင့်ဖန်းလျိုညန်တို့ကိုလဲ ပြောပြလိုက်သည်။
ကန်းရှီက ပြောလိုက်၏။ "ဒီနေ့ ပစ္စည်းတွေကိုပတ်ရောင်းရင်း သတိထားမိလိုက်တယ်၊ မနက်ခင်းတုန်းက စီရင်စုရဲ့ ဆန်ဆိုင်တော်တော်များများမှာ လူတန်းရှည်ကြီးဖြစ်နေတာ တွေ့ခဲ့တယ်၊ ကျွန်မကမေးလိုက်တော့ စပါးစျေးကတက်သွားတာကို သိလိုက်ရတယ်"
စပါးကိုဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ကန်းရှီသည် ဒီအကြောင်းကိုတော့ သူမ၏မိသားစုနှင့်တိုင်ပင်ဖို့ရန် လိုအပ်လိမ့်မည်။
နှစ်တနှစ်၏ ပထမနှစ်ဝက်ကဲ့သို့ပင် သူတို့သည် ဆောင်းဦးမရောင်ခင်အထိ ချွေချွေတာတာ စားသောက်နိုင်ပါသော်လည်း ကန်းရှီလိုပြတ်သားလှသည့် လူတစ်ယောက်အတွက်ပင် ဒီလိုမြင့်မားသည့် စျေးနှုန်းဖြင့် စပါးကိုဝယ်ယူဖို့ပြီး နောက်တနှစ်ဆောင်းဦးမတိုင်ခင်အထိ သိုလှောင်ထားဖို့ဆုံးဖြတ်ချက်ချဖို့ရန်က ခက်ခဲနေလေသည်။
ထိုအချိန်မရောက်ခင် စပါးစျေးပြန်ကျသွားခဲ့လျှင် သုံးထားသည့်ငွေက အလကားဖြစ်သွားလိမ့်မည်။
တုန်းဖူစားသောက်ဆိုင်သို့ သွားသည့်လမ်းတွင် သူတို့သည် တနေ့တာအတွက် ပိတ်သွားသည့်ဆန်ဆိုင်များကို ဖြတ်လာပြီး နေ့လည်ခင်းနှောင်းပိုင်းသာ ရှိသေးသော်လည်း အနီးအနားက တခြားဆိုင်များကတော့ ဖွင့်နေသေးသည်။
တုန်းဖူစားသောက်ဆိုင်၏ အနောက်ဖက်တံခါးတွင် မနက်ခင်းက စန်းလော့တွေ့ခဲ့သည့်ကောင်လေးက ပန်းကန်ဆေးရင်း အလုပ်များနေဆဲပင်။ အဝေးမှစန်းလော့ကို လှမ်းမြင်လိုက်သည်တွင် သူ့မျက်လုံးများက လင်းလက်သွားပြီး သူက လှမ်းခေါ်လိုက်လေသည်။
"မိန်းကလေးစန်း ရောက်ပြီလား ကျွန်တော်တို့ဆိုင်တာဝန်ခံက ကျွန်တော်တို့ကိုမှာထားတယ်၊ ကျွန်တော့အစ်ကိုနဲ့ကျွန်တော်က မင်းရဲ့စပါးတွေကို သယ်ပို့ပေးရမှာတဲ့"
"ကောင်းလိုက်တာ ရှင့်တို့အားလုံးနေလည်စာ စားပြီးကြပြီလား"
ကောင်လေးက ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ စားပြီးပါပြီ"
စန်းလော့က ပြုံးလိုက်သည်။
"ဒါဆိုလဲ ဟုတ်ပါပြီ ရှင့်ရဲ့အစ်ကိုကို ကျေးဇူးပြုပြီးခေါ်လိုက်ပါ၊ ကျွန်မက ဆိုင်တာဝန်ခံရွှီကို အသိပေးပြီးရင် ထွက်ကြတာပေါ့" ချင်ဖန်းညန်က စန်းလော့ကို တားလိုက်သည်။
"စန်းရှီ ကျွန်မရဲ့လှည်းက ပစ္စည်းတွေကို နည်းနည်းလေး ပိုမြှင့်ပြီးတင်လိုက်လျှင် စပါး ၈တင်းကိုသယ်နိုင်ပါတယ်၊ သူတို့ကို အလုပ်ရှုပ်ခိုင်းစရာမလိုဘူးလေ ဟုတ်တယ်မဟုတ်လား။ အားလုံးက သူတို့ကိုယ်ပိုင်ပစ္စည်းတွေကို သယ်နိုင်တယ် နောက်လူတစ်ယောက်က နောက်ကနေကူပြီးတွန်းပေးမယ်ဆို ဒါက ဖြစ်နိုင်ချေရှိတယ်လေ"
စန်းလော့သည် ချင်ဖန်းညန်၏လက်ကို ပွတ်ပေးလိုက်ကာ ပြောလိုက်လေသည်။
"အဒေါ် ကျွန်မတို့လဲလှည်းက သေးတယ် ကျွန်မတို့ကပစ္စည်းအများကြီးလဲ ထည့်ထားသေးတယ်၊ ကျွန်မတို့ကိုယ့်ဟာကိုယ် တွန်းလာမယ်ဆိုရင် အရမ်းပင်ပန်းမှာ ဆိုင်တာဝန်ခံရွှီရဲ့ အကူအညီကို လက်ခံလိုက်ကြမယ်၊ ကျွန်မတို့က စီးပွားရေးလုပ်ငန်းလဲ တွဲလုပ်နေတာဆိုတော့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာလဲ ကောင်းတယ်လေ၊ ကျွန်မတို့က နောက်ပိုင်း အကူအညီတစ်ခုခုလိုတယ်ဆိုရင်လဲ ဘယ်ကိုသွားလာရမယ်ဆိုတာ သိတာပေါ့"
ချင်ဖန်းညန်က တဒင်္ဂအံသြသွားပြီးနောက် စန်းလော့သည် ပထမဦးဆုံးအကြိမ်အဖြစ် တုန်းဖူစားသောက်ဆိုင်နှင့် စီးပွားရေးလုပ်ကာ ငွေ၆လျန်ကို ချေးငှားထားခဲ့သည့်အကြောင်း သတိရလိုက်လေသည်။နောက်ပိုင်းလိုအပ်ချက်အတွက် အဆက်အသွယ်တခု တည်ဆောက်ထားဖို့ရန် ကုန်ပစ္စည်းများကို ပို့ခိုင်းသည်က ပိုပြီးအဓိပ္ပါယ်ရှိသည်ဟု ထင်မိသည်။
ချင်ဖန်းညန်ခန့်မှန်းခြင်းက မှန်ကန်ခဲ့လေသည်။ ဆိုင်တာဝန်ခံရွှီက ထိုသို့ တွေးမည်မဟုတ်သော်ငြားလည်း စန်းလော့က များပြားသည့်ပမာဏကို ချေးငှားထားခဲ့သည့်အတွက် စားသောက်ဆိုင်ကို စိတ်အေးချမ်းမှုကိုပေးစွမ်းရမည်ဟု ခံစားမိလေသည်။
ချင်ဖန်းညန်က ခေါင်းငြိမ့်လိုက်သည်။
"ရှင်ပြောတာ ဟုတ်ပါတယ်၊ ကျွန်မရဲ့လှည်းက တကယ်ပဲအရမ်းကိုသေးတယ်၊ ကျွန်မတို့တွေ စပါး၉တင်းကို သယ်ရမယ်ဆိုရင် အပြန်ခရီးကခက်ခဲလိမ့်မယ် ကျွန်မက အိတ်တချို့ကိုသယ်ကူပေးမယ်၊ ဒီတော့ တုန်းဖူစားသောက်ဆိုင်က လူလေးတွေက အရမ်းကြီး ဝန်မများတော့ဘူးပေါ့"
စန်းလော့က သဘောတူလေသည်။
"ကောင်းပါပြီ ကျွန်မက ရှင့်လှည်းကို ခဏနေကြရင် တွန်းကူမယ်၊ ကောင်လေးနှစ်ယောက် ထွက်လာရင် ကျေးဇူးပြုပြီး သူတို့ကိုလဲ စကားပြောပေးပါအုံး"
ဆုံးဖြတ်ချက်ချပြီးသွားသည့်နောက်တွင် စန်းလော့က ဆိုင်တာဝန်ခံရွှီကို ကျေးဇူးတင်စကားနှင့်နှုတ်ဆက်စကားပြောရန် မီးဖိုဆောင်ထဲသို့ ဝင်သွားလိုက်လေသည်။သူမက အလွန်မှနွေးထွေးပြီးဖော်ရွေသည့် စာဖိုမှူးယွီနှင့်မမျှော်လင့်ပဲ တွေ့လိုက်သေးသည်။
နေ့လည်ခင်းနှောင်းပိုင်းတွင် လှည်းနှစ်စီးက ရှီလီရွာ၏အပြင်ဖက် တောင်ကြားလမ်းထဲတွင် ရပ်ထားလေသည်။ ဖန်းလျိုညန်က လှည်းများကိုစောင့်ကြည့်ပေးနေစဥ် ကန်းရှီကသူ့ယောက်ကျားနှင့်လုညီအစ်ကိုတို့ကို အကူအညီတောင်းရန် သွားခေါ်လိုက်သည်။ စန်းလော့နှင့်ချင်ဖန်းညန်တို့က ဆန်အိတ်တစ်အိတ်စီ သယ်ပြီး တောင်ပေါ်ရှိစန်းလော့အိမ်သို့ ဆန်များကိုသယ်ရန် ညီအစ်ကိုနှစ်ယောက်ကို ခေါ်လာလိုက်လေသည်။
လူငယ်လေးက စပါးများကို တောင်တက်လမ်းအတိုင်း သယ်ယူလာသည်တွင် တော်တော်လေး ခက်ခဲသည်ကို တွေ့လိုက်ရတော့ စန်းလော့ကိုအော်ပြီး မေးလိုက်လေသည်။
"မိန်းကလေးစန်း မင်းတို့ရွာမှာ လှည်းတွန်းလို့ရတဲ့ လမ်းလေးတစ်ခုလောက် မရှိဘူးလား"
အစ်ကိုဖြစ်သူက သူ့နောက်မှနေ၍ စိမ်းစိမ်းဝါးဝါးဖြင့် လှမ်းကြည့်လိုက်လေသည်။
စန်းလော့က ပြုံးလိုက်၏။
"ကျွန်မတို့မှာ ရွာလမ်းရှိပါတယ် ဒါပေမဲ့ ကျွန်မအိမ်က တောင်ပေါ်မှာသီးခြားဖြစ်နေတာလေ၊ ကျွန်မတို့က နည်းနည်းတော့ လမ်းလျှောက်ဖို့လိုတယ်၊ အဓိကကတော့ ဒီလမ်းကြောင်းက မသိသာတော့ ပိုပြီး အဆင်ပြေတယ်လေ"
တောင်ပေါ်တွင် ကလေးနှစ်ယောက်နှင့် အတူနေရသည့် အမျိုးသမီးတစ်ယောက်အနေဖြင့် စပါးပမာဏအများကြီးကို သယ်ကာ ရွာလမ်းမှဖြတ်သွားခြင်းက အာရုံဆွဲဆောင်မှုကိုဖြစ်စေပြီး ချက်ခြင်းပြသာနာမဖြစ်နိုင်သော်ငြားလည်း ခက်ခဲသည့်အချိန်ရောက်လာလျှင်တော့ ဆာလောင်နေသည့်ရွာသားများက ကြံရာမရဖြစ်ကာ သူမ၏မိသားစုက အရင်ဆုံး ထိခိုက်နစ်နာသူ ဖြစ်လာနိုင်လေသည်။
သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်လာရသည်တွင် လူများ၏ ကြောက်စရာကောင်းသည့် အခြေအနေကို လျှော့တွက်ထား၍မရနိုင်ပေ။
ကောင်လေးက အတိုင်းအတာတစ်ခုအထိ နားလည်သွားဟန်ရှိပြီး ဆက်မမေးတော့ချေ။
တောင်လမ်း၏ဘယ်ညာကို ချိုးလာပြီးနောက် တောင်ကုန်းလေးတစ်ခုနှစ်ခုကို ဖြတ်သန်းလာပြီးနောက်တွင် သူတို့သည် နောက်ဆုံးတော့ တောင်ပေါ်လေးက လမ်းတစ်ဝက်ရှိ သေးငယ်လှသည့် ခြံလေးတစ်ခုကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက်က အိမ်ကိုစောင့်နေပြီး သူတို့ရောက်လာသည်ကို တွေ့လိုက်သည်တွင် ဝမ်းသာအားရဖြင့် ပြေးထွက်လာကြလေသည်။
ထို့နောက်တွင် ကလေးများက စန်းလော့ကို ယောက်မဟု ခေါ်လေသည်။
ယောက်မတဲ့လား။
ညီအစ်ကိုနှစ်ယောက်စလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စန်းလော့၏ ဆံပင်များကို လက်ထပ်ပြီးသား အိမ်ထောင်သည်တစ်ယောက်လို ထုံးဖွဲ့ထားခြင်းမရှိပေ။ သူမက လက်ထပ်ပြီးပြီတဲ့လား။
ကလေးများက သိလိုစိတ်နှင့်သတိထားကာ စောင့်ကြည့်နေသည်တွင် ညီအစ်ကိုနှစ်ယောက်ကလဲ မှတ်ချက်မပေးလိုက်တော့ချေ။ သူတို့က စန်းလော့ကို စပါးထားမည့်နေရာအား မေးမြန်းလိုက်ပြီး မှာကြားထားသည့်အတိုင်း ခြံဝန်းထဲသို့သယ်သွားပေးလိုက်လေသည်။ ထို့နောက်တွင်တော့ သူတို့သည် နောက်ထပ်ပစ္စည်းတစ်ခုကို သွားသယ်ဖို့ထွက်လာခဲ့ကြ၏။
အပြန်လမ်းတွင် သူတို့သည် စပါးအိတ်များကိုသယ်လာသည့် လူကြီးနှစ်ယောက်နှင့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်တို့ကို မမျှော်လင့်ပဲတွေ့လိုက်ရသည်။ ညီအစ်ကိုနှစ်ယောက်က သူတို့နှင့်စန်းလော့၏ ရင်းနှီးသည့်သဘောထားကို မှတ်သားထားလိုက်သည်။
နောက်ထပ် အကူအညီရောက်လာသဖြင့် ကျန်သည့်စပါးများကို မြန်မြန် သယ်ယူပြီးစီးသွားလေသည်။ မကြာမှီ ရှီအာ့လန်နှင့်လုညီအစ်ကိုဟု ခေါ်သည့်သူများက ပြန်သွားကြသည်။စားသောက်ဆိုင်က ညီအစ်ကိုနှစ်ယောက်က ရှန်းအန်းနှင့်ရှန်းနဥ်တို့ ခပ်လာပေးသည့်ရေကို ဆာဆာလောင်လောင်နှင့် တကျိုက်မော့ချလိုက်ပြီးနောက် စန်းလော့ကို နှုတ်ဆက်စကားပြောကာ ပြန်လေသည်။
"နောက်ကျနေပြီ ရှင်တို့လဲ ပြန်ရမှာအဝေးကြီးပဲ၊ ကျွန်မရှင်တို့ကို မဆွဲထားတော့ဘူးနော်၊ ဒီနေ့ ရှင်တို့ရဲ့လုပ်အားအတွက် ကျေးဇူးတင်ပါတယ်"
စန်းလော့က ပြောရင်းဆိုရင်း သူတို့ကို အပြင်အထိလိုက်ပို့ပေးကာ သူမ စောစောကပြင်ဆင်ထားသည့် ၁၆ဝမ်ကို တစ်ယောက် ၈ ဝမ် စာ ကမ်းပေးလိုက်လေသည်။
"ဒါကတော့ ကျွန်မရဲ့ကျေးဇူးတင်စိတ်အတွက် လက်ဆောင်လေးပါ၊ ပြန်ရောက်သွားရင်လဲ ဆိုင်တာဝန်ခံရွှီကို ကျေးဇူးတင်စကား ပြောပေးပါနော်"
အကြိမ်ကြိမ်ငြင်းဆိုပြီးနောက်တွင် အစ်ကိုဖြစ်သူက နောက်ဆုံးတော့ ငွေကိုလက်ခံလိုက်ပြီး စန်းလော့ကို လိုက်မပို့ပေးဖို့ ပြောကာ ပြန်သွားကြတော့သည်။
ဆိုင်တာဝန်ခံရွှီကို သတင်းပြန်ပို့ချိန်တွင် သူတို့က ပေးလိုက်သည့်မုန့်ဖိုးကို ပြလိုက်လေသည်။ဆိုင်တာဝန်ခံရွှီက ခေါင်းညိတ်ပြလိုက်၏။
"ဒါက ပင်ပင်ပန်းပန်းအလုပ်ပဲ၊ ဒီတော့ မင်းတို့ကိုယ်တိုင်ပဲ သိမ်းထားလိုက်ပါ"
စိတ်ထဲတွင်တော့ သူသည် စန်းလော့၏ နောက်ခံကိုစဥ်းစားမိလေသည်။ သူမက မြောက်ပိုင်းပြည်နယ်က ချမ်းသာသည့်မိသားစုတစ်ခုက ဖြစ်နိုင်သည်ဟု ခန့်မှန်းကြည့်လိုက်သည်။ ကျေးလက်အိမ်ထောင်စုတစ်ခုက ဒီလောက်များပြားသည့် ဟင်းအမယ်များကို ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို သည်လက်ရှိအခြေအနေတွင် အကူအညီပေးသူများကိုလဲ ရက်ရက်ရောရော ဆုချလိမ့်မည် မဟုတ်ချေ။
စန်းလော့အပေါ် သူ၏ အထင်ကြီးလေးစားမှုက တိုးပွားလာတော့သည်။
...
You are reading the story above: TeenFic.Net