အပိုင်း (၆၂) ဆန်လေးတင်း

Background color
Font
Font size
Line height


အပိုင်း (၆၂) ဆန်လေးတင်း

ရွာသူကြီးကျိုးမှာ သူ့ပါးစပ်များကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်လည်း ပြန်ဖြေဖို့ရန် စကားလုံးများကိုရှာမတွေ့နိုင်ခဲ့ချေ။

လုံးဝကိုအဓိပ္ပာယ်မရှိတာလေ။

သူတို့တွေရဲအသက်ကို စစ်မြေပြင်မှာ ဆုံးရှုံးခဲ့ရပေမဲ့ သေဆုံးကြောင်းသက်သေ မပြနိုင်သေးတဲ့အတွက် အိမ်မှာကျန်ခဲ့တဲ့ လူကြီးနဲ့လူမမယ်တွေက အခွန်ကိုဆက်ပြီး ပေးဆောင်ရအုံးမယ်တဲ့။

ဒီလောက်အဓိပ္ပာယ်မရှိတဲ့ကိစ္စကို သူက ဘယ်လိုလုပ်ပြီး ထုတ်ပြောနိုင်ပါ့မလဲ။

အဘိုးချန်းနောက်က လိုက်လာသည့် ရွာသားများက လုံးဝကိုခေါင်းခြောက်သွားတော့သည်။

"ဒါက ဘာအဓိပ္ပာယ်လဲ၊ လူလေးသရှန်းက မသေသေဘူးဆိုတဲ့ သဘောလား"

အဘိုးချန်းမှာ ဘယ်သူ့အိမ်ကပိုင်ဆိုင်ထားမှန်းမသိရသည့် မဖြည်ရသေးသည့် မျက်ထုံးခြောက်ပေါ်ကို ပစ်ကာထိုင်ချလိုက်ပြီး သူ့ပေါင်ကိုရိုက်ရင်း မျက်ရည်များ စီးကျလာတော့သည်။

"သူ အသက်ရှင်နေသေးတယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့၊ လူက သွားလိုက်ပြီလေ ဒါပေမဲ့အခွန်ကိုတော့ ပေးရအုံးမယ်တဲ့၊ လူကသွားလိုက်တာတောင် အခွန်ကိုတော့ပေးရအုံးမယ်တဲ့၊ ဒါကဘယ်လိုလောကကြီးလဲ၊ ဘယ်လိုလောကကြီးလဲကွ"

ဒေါသကြောင့် လှိုက်တက်လာသည့်အဘွားချန်းမှာ မူးနောက်လာတော့သည်။ နောက်သို့လဲကျသွားတော့မလို ယိမ်းယိုင်သွားသော်လည်း စန်းလော့နှင့်ချင်ဖန်းညန်တို့ နှစ်ယောက်စလုံးက ချက်ခြင်းတွဲထားလိုက်ကြလေသည်။

အခြောက်ခံသည့်ကွင်းကပိုပြီးတော့ ဖရိုဖရဲဖြစ်လာကာ ငိုသံနှင့်ကြိမ်ဆဲသံများရောနှောနေပြီး အရင်ကထက်ပိုပြီးကြမ်းတမ်းကာ မွန်းကျပ်စရာဖြစ်နေတော့သည်။

ရွာသူကြီးကျိုးက မြင်ကွင်းကိုကြည့်လိုက်ပြီး သူနှုတ်ခမ်းများက ကော်နှင့်ကပ်ထားသလိုပိတ်နေကာ အချိန်တော်တော်များများ ရုန်းကန်လိုက်ရပြီးမှ နောက်ဆုံးတော့ ထုတ်ပြောနိုင်တော့သည်။

ဒါပေမဲ့ဘာပြောရမှာလဲ။ သူက ဘာပြောနိုင်အုံးမှာလဲ။ သူကဘာတတ်နိုင်မှာလဲ။

နှုတ်ဆိတ်ပြီးရပ်နေရကာ လူတွေကငိုသံနှင့် ကြိမ်ဆဲသံများ လွမ်းမိုးခံနေရပြီး သူကြီးကျိုးမှာ အခိုက်အတန့်မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

"ကျေးရွာသူကျေးရွာသားတို့ အခုလောလောဆယ်တော့ အားလုံးအိမ်ပြန်လိုက်ကြပါအုံး၊ ကျုပ်တို့တွေ မနက်ဖြန်မှ အခွန်ပေးရမယ့်ကိစ္စကို ဆွေးနွေးကြတာပေါ့"

ဟုတ်တယ်။ မနက်ဖြန်အထိစောင့်ရမယ်။ သူ့မှာဘာကတိကိုမှ မပေးနိုင်ဘူး။ ဒီအကျိုးမရှိတဲ့စကားလုံးတွေကိုပဲ ထုတ်ပြောရဲတော့တယ်။

လက်ထဲက အိမ်ထောင်စုစာရင်းကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး ရွာသူကြီးကျိုးက ရွာအပြင်ဘက်သို့ ခြေလှမ်းကျဲဖြင့် လှည့်ထွက်သွားတော့သည်။

သူ့ကို မြင်လိုက်သည့် မိန်းမဖြစ်သူက နောက်ကအမြန်လိုက်သွားလေသည်။

"ရှင်ဘယ်သွားမလို့လဲ"

သူကြီးကျိုးက ခေါင်းကိုခါပြလိုက်ပြီး "အပြင်ထွက် လမ်းလျှောက်မလို့ပါ"

ထိုလမ်းလျှောက်ခြင်းက ကောင်းကင် မည်းမှောင်သွားသည်အထိ ကြာမြင့်သွားလေသည်။ သူသည် အိမ်ပြန်မရောက်လာသေးချေ။ မိသားစုများက ကြံရာမရဖြစ်ကာ စိုးရိမ်စိတ်ဖြင့် ဟိုဟိုဒီဒီ လျှောက်နေကြတော့သည်။ သားဖြစ်သူများက နှစ်ယောက်တစ်တွဲ မီးတုတ်ဖြင့်ကိုင်ကာ သူ့ကိုထွက်ရှာတော့သည်။

ကျိုးသလန်နှင့်ကျိုးစန်းလန်တို့က စီရင်စုဘက်သို့ ဦးတည်သွားလိုက်သည်။ ညပိုင်းမှ ပြန်လျှောက်လာသည့် အဖေဖြစ်သူနှင့် တွေ့လိုက်လေသည်။ သူ့လက်ထဲတွင် နေ့လည်ခင်းကကိုင်ထားသည့် အိမ်ထောင်စုစာရင်းကို ကိုင်ထားဆဲ။

ဝမ်းသာအားရဖြင့် ညီအစ်ကိုနှစ်ယောက်က သူ့ထံ အပြေးအလွှား သွားလိုက်ကြသည်။

"အဖေ တစ်ညနေခင်းလုံး ဘယ်သွားနေတာလဲ အားလုံးက အရမ်းကိုစိတ်ပူနေတာ၊ အဖေ့ကို နေရာတိုင်းမှာရှာနေကြတာ"

ကျိုးသူကြီးက သူ့ခံစားချက်ကိုမြိုသိပ်ထားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ပြန်ကြစို့"

အိမ်သို့ပြန်ရောက်လာတော့ သူကြီးကျိုး၏မိန်းမက ညစာကိုပြန်နွှေးပေးကာ သူ့အတွက် ယူလာခဲ့သည်။ သို့သော် သူကတော့ ခေါင်းညိတ်ပြလိုက်ပြီး တစက်ကလေးမှ မထိခဲ့ချေ။

သူကြီးကျိုး၏မိန်းမက သက်ပြင်းချတော့သည်။

"ရှင်ကဘာတတ်နိုင်မှာလဲ ရှင့်ကိုရွာသူကြီးလို့သာခေါ်တာ ကျွန်မတို့ရွာက တစ်ခြားလူတွေနဲ့ ဘာကွာခြားတာရှိလို့လဲ၊ လာပါ နည်းနည်းတော့စားလိုက်"

သို့သော်ငြားလည်း သူကြီးကျိုးကခေါင်းခါပြလေသည်။

"ငါ မစားနိုင်ဘူး၊ ခဏလောက်ထားလိုက်ပါအုံး"

သူကြီးကျိုး၏မိန်းမက သက်ပြင်းချပြန်သည်။

"ဒီနေ့ညနေခင်းတုန်းက ရှင် ဝမ်လျို့ဆီ သွားခဲ့တာလား"

ထိုအခါမှ သူကြီးကျိုးက သူမကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"သူက ဘာပြောလဲ သခင်ကြီးဝမ်နဲ့ရောရှင်တွေ့ခဲ့လား"

"တွေ့ခဲ့တယ်၊ ဝမ်လျို့က သူ့ကိုခေါ်တွေ့ပေးတာလေ" သူက ခေါင်းခါလိုက်သည်။

"သခင်ကြီးဝမ်က ပြောတယ် သူ တတ်နိုင်တာမရှိဘူးတဲ့ အထက်က စပါးတောင်းဆိုတာကလည်း အရမ်းကို အရေးတကြီးဖြစ်နေတာတဲ့၊ ခွဲတမ်းကို အထက်ကတိုက်ရိုက် ပြဌန်းထားတာတဲ့၊ ငါတို့ရွာတွေရဲ့အခြေအနေက ထူးထူးခြားခြားဖြစ်နေတာ မဟုတ်ဘူးတဲ့ စီရင်စုက လူအများစုကလည်း ဒီလိုပဲရင်ဆိုင်နေရတာတဲ့ စီရင်စုတရားသူကြီးကလည်း ဒီကိစ္စကိုအလျှော့ပေးမှာမဟုတ်ဘူးတဲ့"

"ဒါပေမဲ့ ဒါကကိစ္စတွေကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ဘူးလေ"

သူကြီးကျိုး၏မိန်းမက ငြီးငြူလိုက်ပြီး သူမ၏ပုခုံးများက လျှောကျသွားကာ ထိုင်ချလိုက်လေသည်။

"နှစ်အစတုန်းကတော့ သူတို့ပြောခဲ့တယ် မဟုတ်လား၊ သူတို့တွေက ဆောင်းဦးရာသီအခွန်ကိုပဲ ကြိုကောက်တာဆို၊ ရွာထဲက မိသားစု တော်တော်များများ ထမင်းတောင် သေချာနပ်မှန်အောင် မစားခဲ့ရဘူး၊ ကျွန်မတို့တွေက အခုမှ စပါးရိတ်သိမ်းကာစပဲ ရှိသေးတယ် ဂိုထောင်ထဲတောင် မရောက်သေးဘူး အခုတော့ နောက်တစ်နှစ်အတွက် အခွန်ကိုထပ်ပြီးတောင်းနေပြီတဲ့၊ ကျွန်မတို့တွေက နောက်တစ်နှစ် ဆောင်းဦးအထိ ခါးပတ်ကို ကြပ်ပြီးတော့နေရမှာလား"

"တကယ်လို့ အစကတည်းကကြိုသိခဲ့ပြီး တစ်နှစ်ခွဲလောက် အငတ်ခံနေရမယ်ဆိုရင်လည်း ဒါကတစ်မျိုးပေါ့၊ ဒါပေမဲ့ အားလုံးက လာမယ့်နှစ်ကြရင် သုံးလလောက်တော့အနည်းဆုံး ကောင်းကောင်းစားရလိမ့်မယ်လို့ တွေးထားကြတာလေ၊ ဒီလိုရုတ်တရက် တောင်းဆိုတာက ဘယ်သူမှ သည်းခံနိုင်မယ့်ကိစ္စ မဟုတ်ဘူး"

"နောက်ပြီးတော့ သေဆုံးသွားတဲ့သူတွေအတွက် အခွန်ပေးရအုံးမယ်တဲ့ ဘယ်မှာလဲ တရားမျှတာမှု"

"ဒီညနေခင်းတုန်းက ရွာထဲမှာ ငိုသံတွေကလုံးဝမရပ်ခဲ့ဘူး"

အိမ်တွေမှာသေဆုံးသွားကြတဲ့ သားဖြစ်သူတွေအတွက် ငိုငြီးသံတွေ။

သူကြီးကျိုးမှာ အချိန်တော်တော်ကြာသည်အထိ နှုတ်ဆိတ်နေကာ ထိုစကားကို ဆက်မပြောနိုင်တော့ချေ။ နောက်တစ်နှစ်တွင်လည်း စိတ်အေးစရာ ဖြစ်မလာမှာကို သူက စိုးရိမ်နေလေသည်။

အခွန်ကို ၆လစာကြိုကောက်တယ်။ ဒါမှမဟုတ် ၁နှစ်စာကြိုကောက်တယ်။ ထားပါတော့။ နောက်၂နှစ်စာအတွက် တောင်းဆိုလာမှာဆိုရင်လည်း ဘယ်သူကတားနိုင်မှာလဲ။

ကျိုးသူကြီးမှာ သည်နေ့ည၏ဆီမီးအိမ်က ထူးထူးခြားခြားပိုပြီးတော့ မှိန်ပြနေသည်ဟု ခံစားရသည်။ တစ်ခုတည်းသော မီးတောက်က လေထဲတွင် တဖျတ်ဖျတ်လှုပ်ရမ်းနေပြီး နံရံပေါ်တွင်ဝေ့ရမ်းနေသည့် အရိပ်တစ်ခုထင်နေကာ မကျေနပ်နိုင်သည့်သေဆုံးမှုကြောင့် ငြီးငြူသည့်ဝိညာဥ်များလို ဖြစ်နေတော့သည်။ သူက ပင်မဆောင်၏တံခါးဝတွင် ရပ်လိုက်ကာ ကျယ်ဝန်းလှသည့် ညကောင်းကင်ကို ငေးမောကြည့်လိုက်ပြီး စိတ်မအေးနိုင်သည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။

ထိုတူညီသည့်ရတက်မအေးနိုင်သည့် ခံစားချက်ကို အိမ်ထဲတွင်ရှိနေသည့်စန်းလော့ကလည်း ခံစားနေရလေသည်။

ထို့နေ့လည်ခင်းတွင် သူတို့သည် အတူတူထိုင်ကာ တိုင်ပင်နေကြရင်းက ရှန်းအန်းရောက်လာချိန်မှ စန်းလော့က အိမ်ပြန်လာခဲ့လေသည်။ သည်အချိန်တွင် ဆိုင်ခင်းထားကြသည့်တခြားသူများက အိန္ဒြေကို ပြန်ဆယ်ထားလိုက်ကြသည်။ နောက်တစ်နေ့၏အရောင်းအားအတွက် တို့ဟူးအရေအတွက်ကို ဆုံးဖြတ်လိုက်ကြသည်။ သေသွားသည့်ရှန်းလီ၏ ဝေစုအပါအဝင် သူမကိုယ်တိုင်၏အခွန်အခကို တွက်ချက်ကြည့်လိုက်တော့ ငွေကြေးဖြင့် ၈၀ ရာခိုင်နှုန်းပေးရကာ ကျန်တာကပဲ ပိစပ်များဖြစ်လေသည်။

ချန်းယိုထျန်းက နေ့လည်ကသတ်မှတ်ထားသည့် အရေအတွက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး တို့ဟူအမျိုးအစားတစ်ခုစီအတွက် ၁၀တုံးလောက် လျှော့လိုက်လေသည်။ အမှန်အတိုင်းပြောရလျှင်တော့ ဝန်ထုတ်ဝန်ပိုးကို သယ်စရာမလိုအပ်ချေ။ အဘွားချန်းက ခြင်းတောင်းတစ်တောင်းနှင့် ဒီပမာဏလောက်ကိုတော့ ဖြေရှင်းနိုင်လေသည်။

မနက်ဖြန်ကစပြီး ကျေးလက်များ၏အလုပ်က ခက်ခဲလာလိမ့်မည်။

အိမ်ပြန် ရောက်လာပြီးနောက်တွင် နတ်သမီးအရွက်ကိုခူးလိုက်သည့်အပြင် စန်းလော့က ဝဥကိုလည်းတူးခဲ့လေသည်။ ချန်းမိသားစုအိမ်ကတည်းက သူမသည် သူမ၏အိမ်ထောင်အတွက် အခွန်အခြေအနေကို စုံစမ်းလာခဲ့ပြီးဖြစ်သည်။

ဒေသအာဏာပိုင်တွေမှ ထုတ်ပြန်ထားသည့် အိမ်ထောင်စုစာရင်းအရဆိုရင် ရှန်းမိသားစုသည် အနိမ့်ဆုံးလူတန်းစားထဲတွင်ပါဝင်ပြီး အိမ်ထောင်စုအခွန်အတွက် ဆန် စပါးလေးတင်း ပေးရပေမည်။

သေဆုံးမှု ရာခိုင်နှုန်း၉၉ရာခိုင်နှုန်းရှိခဲ့သည့်တိုင် တရားဝင်မထုတ်ပြန်ထားသဖြင့် ရှန်းလီသည် အရွယ်ရောက်ပြီးသားဖြစ်နေလေရာ အရွယ်ရောက်ပြီး ယောက်ကျားတစ်ယောက်၏အခွန်ခ ၂တင်းကို ပေးရလေသည်။

သူမ၊ ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက်ကတော့ အလယ်အလတ်အရွယ်နှင့် ကလေးနှစ်ယောက်အတွက် အခွန်ခပေးရကာ စုစုပေါင်း အရွယ်ရောက်ပြီးသား ယောက်ကျားအခွန် ပမာဏ၂တင်းကျသင့်လေသည်။

ထို့ကြောင့် လုပ်အားပေး ပို့ခံရခြင်းမှ ရှောင်ရှားဖို့ရန် ၉လပိုင်း၁၅ရက်မတိုင်ခင်အထိ စန်းလော့သည် အခွန်အတွက်စပါးတင်းနှင့် နှင့်၄ပြည်ကို ထုတ်ပေးဖို့ လိုအပ်လေသည်။ ၄တင်းနဲ့၄ပြည်။ တစ်တင်းကို စပါးက ဝမ်၇၀လောက်ပေးရတာ။ စျေးကတက်သွားပြီလို့လည်း ကြားထားတယ်။ အခုဆိုရင် စန်းလီရွာရဲ့ အထွေထွေဆိုင်မှာ တစ်တင်းကို ၇၇ဝမ်လောက်ရှိနေပြီ။

ဆန်လေးတင်းနှင့်လေးပြည်က ၃၃၈၈ဝမ်လောက်ကျတယ်။ ၉လပိုင်း၁၅ရက်မတိုင်ခင် ဆန်စျေးမတက်ခဲ့ရင်ပေါ့။

လဝက်မပြည့်ခင် ဝမ်၃၀၀၀ထောင်ရှာရမည်တဲ့။ စန်းလော့မှာ စိတ်ရှုပ်သွားတော့သည်။ ထို့နေ့ နေလည်ခင်းတွင် စိတ်ရှုပ်မခံရဲပဲ သူမက ဝဥများကိုတူးလိုက်ကာ ဟင်းခတ်အမွှေးအကြိုင် နည်းနည်းပါးပါးယူရန် အဘွားချန်းဆီသွားလိုက်ပြီးနောက် အိမ်ပြန်လာကာ အလုပ်များနေတော့သည်။

၉လပိုင်းအစောပိုင်း၏ညများသည် တောင်တန်းများပေါ်တွင် အေးစိမ့်လာခဲ့သည်။ စန်းလော့က ဝါးဥတို့ဟူး ခဲမည့်အချိန်ကိုစောင့်ရင်း နတ်သမီးတို့ဟူးကို လုပ်လိုက်လေသည်။

သိုသော် ဒီနေ့တွင်တော့ သူမက အလုပ်လုပ်နေရင်းမှ စိတ်တို့ကတစ်ခြားသို့ ရောက်နေလေသည်။ တဖက်မှာ ရက်အနည်းငယ်အတွင်း ဝမ်၃၀၀၀ ကျော်ကို ရှာဖို့ရန် အလုပ်လုပ်ဖို့စဥ်းစားရပြီး တဖက်တွင်တော့ အပြင်ဘက်က ကောင်းကင်ကိုကြည့်ရင်း ရာသီဥတုပြောင်းလဲမည်ကို စိုးရိမ်မိနေတော့သည်။

အာရုံတက်ချိန်မှာ တို့ဟူးကိုလုပ်မည်ဟု စဥ်းစားထားလိုက်ကာ သူမက စောစောအိပ်ရာဝင်ခဲ့သော်လည်း ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေပြီး အိပ်မပျော်ချေ။ နောက်ဆုံး တစ်မှေးလောက်မှေးလိုက်ပြီးနောက်တွင် ဖရိုဖရဲ ဖြစ်နေသည့်ကာလအတွင်း ထွက်ပြေးနေရသည်ဟု အိမ်မက်မက်ကာ တညလုံးဒုက္ခသုတ်ခများထဲတွင် ချောင်ပိတ်မိနေလေသည်။

အပြင်ဘက်က ကြက်တွန်သံကြောင့်နိုးလာပြီး စန်းလော့သည် အိပ်ယာပေါ်တွင် ထထိုင်လိုက်တော့ ချွေးအေးများဖြင့် ရွှဲနေတော့သည်။

အချိန်စောနေသေးသည်ကို တွေ့လိုက်ရတော့ သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ ကိုယ့်ဟာကိုယ် စိတ်ကိုပြန်စုစည်းထားလိုက်ကာ ရေနံဆီမီးအိမ်ကိုထွန်းရင်း မီးဖိုချောင်သို့မြန်မြန်ဝင်လာလိုက်ပြီး ပဲများကို စတင်ကြိတ်လိုက်တော့သည်။

သူမက ကျောက်သားကြိတ်စက်ကို မရွှေ့ရသေးခင်မှာပင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ထလာပြီး မြန်မြန်ပြောလိုက်လေသည်။

"မကြီး ကျွန်တော်တို့လည်း ပဲကြိတ်ပေးမယ်"

မောင်နှမနှစ်ယောက်ကပဲများကို တလှည့်စီကြိတ်ပေးကြလေသည်။

မနေ့ညကတည်းကမောင်နှမနှစ်ယောက်သည် ထူးထူးခြားခြား ငြိမ်သက်သွားကာ အလုပ်တိုင်းတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီပေးပြီး ဒီနေ့တွင်တော့ ပိုပြီးသိသာထင်ရှားနေလေသည်။

စန်းလော့က သက်ပြင်းချလိုက်ပြီး မောင်နှမနှစ်ယောက်ကိုကြည့်ကာ နှုတ်ဆိတ်နေလိုက်တော့သည်။

အမြဲလိုလို စန်းလော့၏အမူအယာကို လေ့လာနေတတ်သည့် ရှန်းအန်းက သူမကို ဒီလိုပုံစံမြင်လိုက်ရသည်တွင် စိုးရိမ်စိတ်များ တိုးထွက်လာတော့သည်။ အမှတ်တမဲ့အံကြိတ်ထားလိုက်ပြီး သူမေးရိုးက ဖိအားကြောင့်အနည်းငယ် နာကျင်လာကာ ခေါင်းကိုဆက်ငုံ့ထားလိုက်ပြီး အလုပ်ကို အာရုံစိုက်နေလေသည်။

စန်းလော့က ကျောက်မှုန့်ကိုဆေးကြောလိုက်ပြီး သတ်သတ်လွတ်အူကြမ်းနှင့် ရေကြည်မုန့်တို့အတွက် ငရုတ်သီးဆီကို ပြင်ဆင်ဖို့ရန် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်လေသည်။ သူမက ထိုအရာများကို စီရင်စုတွင်ရောင်းချဖို့ စဥ်းစားထားလိုက်သည်။

သူမက ပါဝင်ပစ္စည်းများကိုပြင်ဆင်နေစဥ် ရှန်းနဥ်ကမီးမွှေးကူရန် ထင်းများကို သွားယူလာခဲ့သည်။

သည်လိုအလိုက်သိနေမှုက စန်းလော့ကို တဒင်္ဂအတွင်း ဆွံ့အသွားစေတော့သည်။

မနေ့က သူတို့ရဲ့လုံလဝီရိယနှင့် ဂရုတစိုက် ဖြစ်နေတာကို သတိမထားမိခဲ့ဘူး။ သူမက အလုပ်များနေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ ဒီနေ့ကျတော့ ဒီမောင်နှမနှစ်ယောက်က ခါတိုင်းထက်ပိုပြီး လုံ့လဝီရိယရှိနေတာကို သူမက ဘယ်လိုလုပ်ပြီး မမြင်ပဲနေပါ့မလဲ။

စန်းလော့သည် ကလေးများစဥ်းစားနေသည့် အကြောင်းအရာကို ခန့်မှန်းမိလေသည်။ အခွန်ခအကြောင်းကို သူတို့တွေသိထားကြတော့ မောင်နှမတွေက ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ခံစားမိကြမှာပေါ့။ နောက်ပြီးတော့ မောင်နှမသုံးယောက် ဖြစ်နေတယ်လေ။

စန်းလော့မှာ ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။ ဒါက ကလေးများအတွက် စိတ်ရှုပ်စရာကိစ္စပင် မဟုတ်ချေ။ သူတို့ကို ထည့်တွက်ထားပြီးဖြစ်သည့်အတွက် သူမက သူတို့၏ဝေစုဖြစ်သည့် အခွန်စပါးတစ်တင်းကို ပေးဖို့ ဆန္ဒရှိပေသည်။

သူမမျှော်လင့်မထားသည်က အသက်ပင်မရှိတော့သည့် တစ်စုံတစ်ယောက်အတွက် နောက်ထပ်၂တင်းကို ပေးရမည့်ကိစ္စပင်။

တကယ်ပါပဲ။ လူတစ်ယောက်က သုံးယောက်စာ ပေးရမယ်တဲ့။

ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား။

ဒါပေမဲ့လည်း သူမက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အစ်မည်ခံယောက်ကျားဖြစ်သူ ရှန်းလီကိုလည်း အပြစ်တင်လို့ မရဘူးလေ။ တကယ်လို့များကျဆုံးသွားတဲ့ စစ်သားတွေရဲ့ဝိညာဥ်သာ ရှိနေအုံးမယ်ဆိုရင် သူတို့တွေက လက်ရှိအုပ်ချုပ်သူကို ဆန့်ကျင်ဖို့အတွက် မြေကြီးထဲကနေတောင် ထထွက်လာပြီး သူ့ကို ငရဲပြည် ဆွဲခေါ်သွားကြလိမ့်အုံးမယ်။

ဒီအကြောင်းကိုစဥ်းစားမိပြီး မနေ့ညက အိမ်မက်ဆိုးအကြောင်းကို တွေးတောမိလိုက်တော့ စန်းလော့မှာ စိတ်အခြေအနေ မကောင်းဖြစ်သွားတော့သည်။ ထို့ကြောင့် နုံးချိနေကာ စကားပြောဖို့ရန် စိတ်မပါဖြစ်နေတော့သည်။

တို့ဟူးနှင့်သတ်သတ်လွတ်အူကြမ်းများကို ပြင်ဆင်ပြီး မြေအိုးထဲတွင် သေချာထည့်ထားလိုက်ပြီးနောက် မုန့်ရေကြည်သုံးအိုးကို ပြီးအောင်လုပ်လိုက်သည်။ ထို့နောက်တွင်တော့ သုံးယောက်သားက ထိုင်ပြီး မနက်စာစားကြလေသည်။ စန်းလော့က စိတ်ထဲတွင် အချိန်ကိုဆက်တိုက်မှတ်ထားလိုက်ပြီး တို့ဟူးကို ဖိထားသည့်ကျောက်တုံးကို ဖယ်လိုက်ကာ ပုံစံတစ်ကျရှိနေသည့်တို့ဟူးများ ပေါ်လာပြီး သူမက တို့ဟူးများကို အတုံးလေးများဖြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် လှီးဖြတ်လိုက်လေသည်။

နေ့တစ်နေ့၏ ပထမဦးဆုံးအလင်းရောင်က ပေါ်ထွက်လာပြီး ကိုယ့်ရဲ့လက်ကို မြင်နိုင်သည်အထိ မှောင်မည်းမနေတော့ချေ။

ချန်းယိုထျန်းနှင့်ချင်ဖန်းညန်တို့သည် တံခါးလာခေါက်ကြပြီး ကန်းရှီနှင့်ဖန်းလျိုညန်တို့လည်း သူတို့နှင့်အတူ ပါလာလေသည်။ စန်လော့က သူတို့၏အမှာစာများကို လွှဲပေးလိုက်ပြီး ဒီနေ့စီရင်စုသို့သွားမည့်ခရီးတွင် သူမကလည်း သူတို့နှင့်လိုက်ခဲ့မည့်အကြောင်း ပြောလိုက်လေသည်။

ပစ္စည်းအားလုံးကိုယူထုတ်လာပြီး စထွက်တော့မည့်အချိန်တွင် မောင်နှမနှစ်ယောက်က အိုးငယ်လေးတစ်လုံးစီကိုသယ်ကာ မမျှော်လင့်ပဲ ရောက်လာပြီး စန်းလော့နောက်မှနေ၍ တောင်ပေါ်မှ လိုက်ဆင်းလာကြလေသည်။

ချန်းယိုထျန်းက လှည်းကိုစပြီးထွက်မည် ပြင်လိုက်စဥ်တွင် ရှန်းအန်းသည်သူ့ စိတ်ထဲကပူပန်မှုကိုဆက်ပြီး ထိန်းမထားနိုင်တော့ချေ။

စန်းလော့နောက်မှ နီးနီးကပ်ကပ်လိုက်လာပြီး သူမက သူတို့ကိုအိမ်ပြန်အိပ်ဖို့ ပြောလိုက်သည်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူမ၏အင်္ကျီလက်ကို ရှေ့ဆင့်နောက်ဆင့် ဖမ်းဆွဲထားကြလေသည်။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အနီးနားတွင်ချင်ဖန်းညန်နှင့် တစ်ခြားသူများရှိသည်ကို သတိထားလိုက်မိကာ မည်သို့စပြောရမည်မသိ ဖြစ်သွားတော့သည်။ သူ့ကိုဒီလိုပုံစံ မြင်လိုက်ရသည်တွင် စန်းလော့က ချန်းယိုထန်းနှင့်တခြားသူများကို ခဏစောင့်ပေးဖို့ပြောလိုက်ကာ မောင်နှမနှစ်ယောက်ဆီ ပြန်လျှောက်လာခဲ့ပြီး သူတို့ကို အားပေးလိုက်သည်။

"အများကြီးတွေးမနေကြနဲ့၊ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးမလား၊ ပြန်သွားပြီးတော့ နည်းနည်းလောက် အနားယူလိုက်အုံးနော်"

မောင်နှမနှစ်ယောက်က ရှေဆင့်နောက်ဆင့်ခေါင်းခါပြီး ပြန်ဖြေကြလေသည်။

ရှန်းအန်းက ခပ်တိုးတိုးပြောလိုက်လေသည်။

"မကြီး ကျွန်တော် မပင်ပန်းပါဘူး၊ ကျွန်တော်က အခုအရွယ်ရောက်နေပါပြီ၊ ကျွန်တော် တို့ဟူးလည်းလုပ်တတ်တယ်၊ အိမ်မှုကိစ္စတွေကိုလည်း လုပ်တတ်တယ်၊ တောထဲမှာလည်း ရှာဖွေတတ်တယ်၊ ကျွန်တော်မိသားစုအတွက် ငွေရှာဖို့ကူညီနိုင်ပါတယ်၊ ကျွန်တော်နဲ့ညီမလေးကို ကျေးဇူးပြုပြီး မချန်ခဲ့ပါနဲ့နော်"

ရှန်းနဥ်ကလည်း ခေါင်းညိတ်လေသည်။

"မကြီး ညီမလေးကလည်း ကြက်နဲ့ဘဲတွေကို မွေးတတ်တယ်၊ မကြီးက ငန်းတွေကိုဝယ်လာမယ်ဆိုရင်လည်း သူတို့ကို စောင့်ရှောက်ပေးနိုင်တယ်၊ သူတို့တွေက တစ်နှစ်လုံးနီးပါးငွေနဲ့အလဲအလှယ် လုပ်လို့ရတယ်လေ"

သည်စကားကိုကြားလိုက်သည်တွင် စန်းလော့ကပြုံးလိုက်ပြီး သူမ၏စိတ်အခြေအနေကလည်း မိုးသောက်ယံက ပထမဦးဆုံးအလင်းရောင်လို တောက်ပသွားတော့သည်။ သူမက ရှန်းနဥ်၏ခေါင်းကို ပွတ်ပေးလိုက်သည်။

"ဟုတ်ပါပြီ၊ ငါတို့တွေ အခွန်ပေးပြီးသွားပြီးလို့ ငွေနည်းနည်းလောက်ရှိလာရင် အစ်မက ညီမလေးအတွက် ဘဲနဲ့ငန်းတွေကိုဝယ်ပေးမယ်၊ အစ်မတို့မိသားစုက ဥတွေကို စားတာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် အားလုံး ညီမလေးသဘော"

အနာဂတ်အစီအစဥ်နှင့် ပတ်သက်သည့်ကတိစကားသည် မောင်နှမနှစ်ယောက်ကို စိတ်အေးသွားဟန်ဖြစ်ပေကာ နှစ်ယောက်စလုံးက ပြုံးလိုက်ကြလေသည် ။ရှန်းနဥ်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ ညီမလေးက သေသေချာချာစောင့်ရှောက်ပါ့မယ်"

စန်းလော့ကပြုံးလိုက်ကာ "ပြန်သွားတော့ အားလုံးက စောင့်နေပြီ လိုက်မပို့ပေးတော့ဘူး၊ ကိုယ့်ဟာကိုယ်ဂရုစိုက်ကြနော်"

မောင်နှမနှစ်ယောက် လျှောက်ပြေးထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် စန်းလော့က ချင်ဖန်းညန်းနှင့်အခြားသူတို့နှင့်အတူ ထွက်သွားကြလေတော့သည်။ တိုးညှင်းသည့်လေသံတစ်ခုဖြင့် ချင်ဖန်းညန်က မေးလိုက်လေသည်။

"သူတို့တွေအခွန်ပေးရမယ့်အကြောင်းကို သိသွားကြတာလား"

စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မက သူတို့တွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်နေမှာ စိုးရိမ်နေကြတာလေ၊ ဒါကြောင့် သူတို့တွေက ဆက်တိုက်ကို အလုပ်လုပ် နေကြတော့တယ်"

တကယ်တော့ သူတို့လေးတွေက ငါသူတို့ကိုထားခဲ့မှာစိုးရိမ်နေတာပဲ ဖြစ်ရမယ်။

အားလုံးက သက်ပြင်းချလိုက်ကြလေသည်။

သူတို့မိသားစုလေးခုထဲတွင် တစ်ယောက်စီကရှေ့ တန်းကိုထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့သည့် မိသားစုတစ်ယောက်စီအတွက် စပါး၂တင်းကို အခွန်အဖြစ်ပေးရပေမည်။

စပါး၂တင်းတဲ့။ ဒါက အကောင်းဆုံးမြေဆိုရင်တောင်မှ တစ်နှစ်လောက်အလွန်ဆုံး သေချာစိုက်ပျိုးမှ ဒီလောက်ရနိုင်တာ။ ရာသီဥတုက လည်းကောင်းအုံးမှ။ တကယ်လို့များ မြေကိုငှားရမ်းထားတာဆိုရင် ဝေစုတစ်ခုက အရင်ဆုံး မြေရှင်ဆီကိုပေးရတာ။ မြေရှင်ဆီကို ပေးလိုက်ပြီးကျန်တဲ့ဟာကိုမှ အားလုံးကပိုင်ရတာ။

အခုတော့ စိုက်ထားတဲ့နှစ်ဧကက အလကားပဲ ဖြစ်သွားတာပေါ့။ ထွက်လာတဲ့စပါးတွေအားလုံးက အစိုးရဆီကို တန်းရောက်သွားတယ်လေ။

နောက်ပြီးတော့ ဒီဆုံးပါးသွားပြီးသားယောက်ျားတွေအတွက် အခွန်အခကလည်း ရှိသေးတယ်။ မိသားစု တစ်ခုချင်းစီက သားတွေက သဘာဝဘေးအန္တရာယ်၊ စစ်မှုထမ်းခြင်း၊ စစ်ပွဲတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်။ လုံလောက်တဲ့လူအင်အားမရှိတဲ့အချိန်မှာ တရိစ္ဆာန်တွေကိုအသုံးချပြီး လူတွေက မြေအများကြီးကို စိုက်ပျိုးဖို့ ရုန်းကန်ခဲ့ရတယ်။ သူတို့တွေက သူတို့ကိုယ်တိုင်အတွက် ဘယ်လောက်များများ သိမ်းထားနိုင်မှာမလို့လဲ။

ကန်းရှီက ငြီးငြူလေသည်။

"ဒီကလေးတွေက ရှင်နဲ့တွေ့ရတာ ကံကောင်းတာပဲ"

သူတို့တွေသာ ရှန်းစန်းနှင့်လီရှီရဲ့စောင့်ရှောက်မှု အောက်မှာရှိနေခဲ့ပြီး မနေ့ကပြသာနာကိုရင်ဆိုင်ခဲ့ရမယ်ဆိုရင် သူတို့ရဲ့ကံကြမ္မတွေကတော့ တကယ့်ကိုမသေမချာဖြစ်သွားမှာပဲ။

ကြံရာမရဖြစ်ကြပြီး သူတို့တွေကိုစွန့်ပစ်တာပဲဖြစ်ဖြစ် အိမ်ထောင်ခွဲတာပဲဖြစ်ဖြစ် လုပ်ခဲ့ရင်လည်း ဒါကအံ့သြစရာ မဟုတ်တော့ဘူး။ သချန်းမင်းဆက်ရဲ့မူဝါဒအရ အိမ်ထောင်စုခွဲခြင်းက အခွန်များကို တိုးလာစေတဲ့အတွက် အားပေးပြီး စုပေါင်းနေထိုင်ခြင်းကိုတော့ အားမပေးလေဘူး။

စာရင်းတွင်သာ အိမ်ထောင်စုခွဲထားသည်ဟု အပေါ်ယံပြထားသည့် ရှီမိသားစု၏အကြီးဆုံးမိသားစုနှင့် ဒုတိယအိမ်ထောင်စုကဲ့သို့ပင်။ သူတို့သည် ညီအစ်ကိုများက စည်းလုံးကြလေရာ ရှီအာ့လန်၏မိန်းမဖြစ်သူက ကန်းရှီ၏အကြံဉာဏ်ကို လိုက်နာပြီး သူတို့သည်နေ့စဥ်ဘဝတွင် အတူတူနေထိုင်ကြဆဲ ဖြစ်လေသည်။

ထို့ကြောင့် သူတို့သည်စန်းလော့ကဲ့သို့ ကပ်ဘေးကိုရှောင်ရသည့်အဖြစ်ကိုလည်းမကြုံခဲ့သလို လီရှီကအခွင့်ကောင်းကိုယူပြီး စန်းလော့နှင့်ရှန်းမောင်နှမနှစ်ယောက်ကို တွဲပေးလိုက်ကာ အပေါ်ယံမိသားစုတစ်ခုလိုလည်း မတွေကြုံခဲ့ရချေ။ သူတို့သည်လက်ရှိပြသာနာမှ ရှောင်လွှဲနိုင်ခဲ့လေသည်။

"ကလေးတွေကလည်း အရမ်းကိုသိတတ်ပါတယ်" စန်းလော့က ဝန်ခံရပေသည်။ သူတို့လေးတွေနဲ့ တွေ့ဆုံရသည်က တော်တော်လေး ကံကောင်းတယ်ဟု ခံစားမိသည်။

လမ်းတွင် ဖန်းလျိုညန်ကလည်း ငြီးငြူလေသည်။

"ဘေးအိမ်က ကျိုးလိုင်ကျီတို့ရဲ့မိသားစုအကြောင်းကို ရှင်တို့သိတယ်မလား၊ သူတို့တွေလည်း မနေ့ညကငိုယိုနေကြတယ်လေ၊ သူတို့မှာက မြေအများကြီးမရှိသလို စားမယ့်ပါးစပ်ပေါက်တွေကလည်း များတယ်၊ သူတို့တွေက အခွန်ခကိုမတတ်နိုင်မှာ စိုးရိမ်နေတယ်၊ အခွန်ခကို ပေးလိုက်ရင် သူတို့တွေအတွက် နောက်တစ်နှစ်နွေဦးအထိတောင် ခံနိုင်ပါ့မလားမသိဘူး"

တစ်နှစ်ထဲတွင် အခွန်၂နှစ်စာကောက်ခံခြင်းက ရုန်းကန်နေရပြီးသားမိသားစုများကို နင်းချေလိုက်သကဲ့သို့ပင်။

မနေ့က ကျိုးအုပ်ချုပ်ရေးမှူး ဖတ်ပြသွားသည့် အကြောင်းအရာကို ပြန်စဥ်းစားလိုက်ပြီး ဖန်းလျိုညန်က စန်းလော့ကို မေးလိုက်လေသည်။

"အစိုးရက ရှင့်ရဲ့ဇာတိမြို့မှာ ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးခဲ့လား၊ အားလီမိန်းမ"

စန်းလော့သည် သည်ကိစ္စနှင့်ပတ်သက်ပြီး မူလခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲတွင် ရှိနေကာ ခေါင်းခါပြလိုက်လေသည်။

"တစ်ခြားနေရာတွေကိုတော့ ကျွန်မမသိပါဘူး၊ ကျွန် မလာခဲ့တဲ့နေရာမှာတော့ မရှိဘူး ကျွန်မတို့တွေ ရေကြဲဆန်ပြုတ်ကိုတောင်မှ လုံးဝမမြင်ခဲ့ရဖူးဘူး၊ မဟုတ်လို့ရှိရင် ကျွန်မတို့က ဘာလို့တောင်ပိုင်းကို ထွက်ပြေးလာရမှာလဲ၊ ကျွန်မတို့ချမ်းသာတဲ့မိသားစုကတောင် ကျွန်မတို့ထဲက ဘယ်နှယောက်များ အသက်ရှင်ကျန်နေလိမ့်မယ်လို့ မသိနိုင်ဘူး"

စန်းလော့က သူမ၏မိသားစုအကြောင်းကို အများကြီး မပြောပြခဲ့သော်လည်း ချင်ဖန်းညန်နှင့်တခြားသူများက အနည်းကျဥ်းတော့ သိကြလေသည်။ သူမရဲ့မိသားစုမှာ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဟင်းချက်နည်းတွေရှိတယ်။ သူမက စာလည်းတတ်တယ်။ သူတို့တွေက တော်တော်လေးကို အဆင်ပြေတဲ့ဘဝမှာနေခဲ့ကြတာ။ ခြံဝန်းထဲမှာတောင် ပန်းပုံစံလျှောက်လမ်းလေးတစ်ခုလုပ်ထားတယ်။ ဒေသထဲကဝမ်မိသားစုထက် မနိမ့်ဘူးဆိုတာ သိသာတယ်။

အားလုံးက နှုတ်ဆိတ်သွားကြလေသည်။

အစိုးရကတော့ သည်ကိစ္စကိုကြေငြာရခြင်းက ကပ်ဘေးကိုသက်သာစေဖို့ရန် အကြောင်းတရားဖြစ်သည်။ အခွန်စောစောကောက်ခံခြင်းက လိုအပ်သည်ဟု ဆိုလေသည်။ ကန်းရှီ၊ ချင်ဖန်းညန်နှင့်တစ်ခြားသူတို့က တိုင်းပြည်အရေးကို နားမလည်ပါသော်လည်း သူတို့သည် တုံးအနေကြသူများတော့ မဟုတ်ပေ။ အဆက်မပြတ် စစ်ပွဲတွေဖြစ်နေတာက ငွေနှင့်စပါးကို လိုအပ်တယ်မဟုတ်လား။ နောက်ပြီးတော့ တော်ဝင်နန်းတော်တွေနဲ့ အိမ်ယာတွေကို ထိန်းသိမ်းဖို့ကလည်း ကုန်ကျစရိတ် လိုသေးတယ် မဟုတ်လား။

ထိုစည်းကြပ်ခွန်များနှင့်စပါးများသည် ဘယ်နေရာသို့ရောက်သွားသည့်အကြောင်းကတော့ အားလုံးစဥ်းစားမိကြသည့် အကြောင်းအရာပင်။

ပိန်းပိတ်အောင် မှောင်မည်းနေသည့်အချိန်မှ မိုးသောက်ယံအချိန်အထိ ချီယမ်စီရင်စု၏ဂိတ်တံခါးသည် ရှေ့တွင် ရေးရေးကလေး ပေါ်လာလေသည်။ မြို့သို့ပုံမှန်လာနေကြသည့်သူများက တစ်ချို့ရင်းနှီးကြသည့်မျက်နှာကို မှတ်မိလေသည်။ ထိုသူများက စိတ်ပျက်ခြင်းနှင့်ဆွံအခြင်းများ ဖြစ်နေကြတော့သည်။

လူတိုင်း၏ အပြုအမူများကိုမြင်လိုက်သည်တွင် စန်းလော့သည် သူမကဆက်ပြီးတော့စိုးရိမ်နေလျှင် သူမသည်လည်း တစ်ခြားသူနှင့်မခြား အဆုံးသတ်သွားမည်ဟု နားလည်လိုက်သည်။ သူမက ချက်ခြင်းဆိုသလိုအားတက်အောင် ကိုယ့်ဟာကိုယ် ပြုမူလိုက်တော့သည်။

စိတ်ပူနေလည်း ငွေ ၃၀၀၀က အလကားနေရင်း ရောက်လာမှာ မဟုတ်ဘူးလေ။ ပြုံးနေဖို့လိုတယ်။ ငါ့ရဲ့ပစ္စည်းတွေအတွက် ဝယ်သူကောင်းကောင်းတစ်ယောက် ရှာပေးဖို့လိုလိမ့်မယ်။

...

အပိုင်း (၆၂) ဆန်လေးတင်း




You are reading the story above: TeenFic.Net