အပိုင်း(၆၁) ယုတ္တိမရှိခြင်း

Background color
Font
Font size
Line height

အပိုင်း(၆၁) ယုတ္တိမရှိခြင်း

သူတို့သည် ညနေခင်းထိ စောင့်စရာမလိုပေ။ နေ့လည်ခင်းတွင် စီရင်စုမှ ပြန်ရောက်လာကြသာ ချင်ဖန်းညန်နှင့်ကန်းရှီတို့သည် သိသိသာသာပင် စိတ်မကောင်းပုံပေါ်နေသည်။

အစပိုင်းတွင် စန်းလော့သည် သူတို့၏ကုန်ပစ္စည်းများအားလုံး မရောင်းချနိုင်ခဲ့ခြင်းကြောင့်ဟု တွေးမိသော်လည်း သူတို့၏ခြင်းတောင်းအလွတ်များကို မြင်တော့ ချင်ဖန်းညန်ကို မေးလိုက်၏။

"အဒေါ်၊ ဘာဖြစ်လို့လဲ"

ဖျော့တော့သောမျက်နှာဖြင့် ချင်ဖန်းညန်က ပြန်ဖြေလိုက်၏။

"မြို့ကနေ ထွက်လာတော့ အခွန်ငွေပေးရမဲ့ကိစ္စပတ်သတ်ပြီး မြို့တော်တံခါးမှာ သတိပေးစာတစ်ခု ကပ်ထားတာတွေ့ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်နွေဦး ရာသီအစောပိုင်းမှာထဲက ငါတို့က အခွန်တွေပေးပြီးနေပြီ။ အဲ့တာအတွက် သူတို့က ဘာလို့ နောက်တစ်ခေါက် ထပ်မေးနေတာလဲ"

ဖန်းလျိုညန်သည် မယုံကြည်နိုင်သေးပေ။

"အဲ့တာက အမှားတစ်ခုများလား။ အဲဒီမှာ ဘယ်သူမှ စာမဖတ်နိုင်ကြဘူး။ လူတွေက သူတို့ကြားတာကို အသံလွှင့်နေကြတာလား"

ချင်ဖန်းညန်သည် အာရုံထွေပြားနေပုံပေါ်၏။

"အဲ့တာက အမှားတစ်ခုလို့ပဲ မျှော်လင့်ပါတယ်။ အိမ်မြန်မြန်ပြန်ပြီး လူတိုင်းကို အသိပေးဖို့လိုတယ်။ နောက်ကျရင် ရွာလူကြီးကို မေးပေးဖို့ အဖေ့ကိုပြောရမယ်"

အိမ်ပြန်ရန် ဆန္ဒစောနေသော ကန်းရှီသည် နောက်နေ့အတွက် သူမ၏တို့ဟူးအမှာစာကို အတည်ပြုနေဆဲဖြစ်သည်။ ထို့နောက် ချင်ဖန်းညန်နှင့်ဖန်းလျိုညန်တို့သည် သူတို့၏တွေဝေမှုမှ ရုန်းထွက်လိုက်ကာ နောက်မှပိုက်ဆံယူလာမည်ဟုပြောရင်း အလျင်အမြန်မထွက်ခွာမီတွင် နောက်ရက်အတွက်အမှာစာကို သတ်မှတ်လိုက်ကြ၏။

အခြောက်ခံစင်နှစ်ခုလုပ်ပြီးပြီဖြစ်သော စန်းလော့သည် အလုပ်ဆက်လုပ်ရန်ပင် စိတ်ဓာတ်ကျသွားလေသည်။ သူမသည်လည်း တောင်အောက်သို့ဆင်းပြီး ချန်းအိမ်ထောင်စုသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်၏။

......

"အခွန်တွေထပ်ပေးရမယ်..."

အဘိုးချန်းသည် နတ်သမီးပုံပြင်ကို ကြားလိုက်ရသလိုပင် တုန်လှုပ်သွားပြီး ခေါင်းယမ်းလိုက်သည်။

"အဲ့တာက မဖြစ်နိုင်ဘူး။ ဒီနှစ်အတွက်အခွန်တွေကို ငါတို့ပေးပြီးပြီလေ။ အဲ့တာက ရုံးတော်အကူတွေရဲ့ကြေညာချက်တစ်ခုပဲမလား"

ချင်ဖန်းညန်က ခေါင်းခါလိုက်ပြီး

"ရုံးတော်အကူတွေ သတိပေးစာကပ်ပြီးထွက်သွားမှ သမီးတို့လည်း မြို့ကထွက်လာခဲ့တာ။ အနီးနားကလူတွေဆွေးနွေးနေတာကို ကြားလို့ သူတို့ကိုမေးခဲ့တယ်။ သူတို့ပြောတာက အဲ့တာကအခွန်ငွေပေးရတဲ့အကြောင်းတဲ့"

မသိမ်းဆည်းရသေးဘဲ လယ်ကွင်းများထဲတွင် အခြောက်ခံထားသည့် စပါးအသစ်များနှင့်အတူ ဤကဲ့သို့သတင်းကြားလိုက်ရသောအခါ အဘိုးချန်းသည် စိတ်မငြိမ်မသက် ဖြစ်သွားလေသည်။ သူသည် မဆုံးဖြတ်ခင်တွင် လှည့်ပတ်လျှောက်နေ၏။

"ကျိုးမိသားစုဆီကို သွားဦးမယ်"

သူထွက်သွားသည်နှင့် အတူတူလာကြသော ရှီအာ့လန်နှင့်အဘိုးလုတို့ကို မမျှော်လင့်ဘဲ တွေ့ဆုံကြလေသည်။ အဘိုးချန်းကို မြင်တော့ အဘိုးလုက မေးလိုက်၏။

"ကျိုးမိသားစုဆီ သွားမလို့လား"

အဘိုးချန်းက ခေါင်းညိတ်ပြလိုက်၏။

"အခြေအနေတွေ သွားစုံစမ်းမလို့"

အမျိုးသားနှစ်ယောက်သည် ချန်းအိမ်ထောင်စုသို့မဝင်တော့ဘဲ ထို့အစား သူနှင့်အတူ ကျိုးမိသားစုသို့ လိုက်သွားရန်သာ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် တိတ်တဆိတ်ပင် လမ်းလျှောက်သွားကြ၏။

စပါးအခြောက်ခံသည့်ရက်များတွင် ရွာသူကြီးကျိုးသည် အပြင်ဘက်တွင် အလုပ်ရှုပ်စရာမလိုသောကြောင့် ယနေ့တွင် အိမ်၌ ထူးထူးခြားခြား အနားယူနေသည်။

အဘိုးချန်းနှင့် တစ်ခြားသူများ ရောက်လာသည်ကိုမြင်တော့ သူသည် အစပိုင်းတွင် အံ့ဩသွားလေသည်။ ဤမိသားစုသုံးစုသည် စီရင်စုအတွင်း စျေးဆိုင်များဖွင့်လှစ်ထားသောသူများ ရှိသည်ကို တွေးဆရင်း သူတို့လာရောက်လည်ပတ်ခြင်း၏ ရည်ရွယ်ချက်ရမည်ဟု ခပ်ရေးရေး မှန်းဆကာ နမိတ်မကောင်းဘဲ စိတ်လေးနေသလို ခံစားရ၏။

ထိုစိတ်ဖြင့်ပင် မတ်တပ်ရပ်လိုက်ပြီး သူတို့ဆီသို့လှမ်းသွားကာ နှုတ်ဆက်လိုက်၏။

"ဦးလေးချန်း၊ ဦးလေးလု၊ မမျှော်လင့်ပဲ ဒီကို ဘာကြောင့် လာခဲ့ကြတာလဲခင်ဗျာ"

သူသည် ရှီအာ့လန်ကိုပါနှုတ်ဆက်လိုက်ပြီး အမျိုးသားသုံးယောက်ကို အထဲသို့ ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

အဘိုးချန်းသည် စကားစမြည်ပြောဖို့ရန် စိတ်မဝင်စားဘဲ စီရင်စုတွင် သူ့ချွေးမ ကြားခဲ့သမျှကို တိုက်ရိုက်ပြန်ပြောပြလိုက်လေသည်။

"ငါတို့ ယုံကြည်ဖို့တောင် ခက်တယ်။ ဒီနွေထဲက အခွန်ငွေတွေ ပေးခဲ့ပြီးပြီ မဟုတ်ဘူးလား။ ဘာလို့ ငါတို့ကနောက်ထပ် ထပ်ပေးဖို့လိုတာလဲ။ အကြောင်းကြားစာမှာ စာမတတ်သူရှိတာကြောင့် နားလည်မှု လွဲမှားတာမျိုးလား။ အဲ့တာကြောင့် တစ်ခုခု ကြားသေးလားလို့ မေးဖို့လာခဲ့တာပါ"

ကျိုးသူကြီးက ခေတ္တမျှ‌စဉ်းစားပြီး ခေါင်းယမ်းလိုက်၏။

"ဒီမှာတော့ ဘာသတင်းမှမရသေးဘူး။ ဒါပေမယ့် ကျွန်တော် ရေးတေးတေး ကြားထားတာက မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်တော်တော်များများက ဒီနှစ်မှာ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေကို ခံစားကြရပြီး အခြေအနေကတော့ မကောင်းဘူးပေါ့"

သူသည် ထင်ကြေးပေးသော်လည်း မသေချာပေ။

အကြုံပြုခြင်းသာဖြစ်၏။

"စောင့်ကြည့်ကြရအောင်။ အကြောင်းကြားစာသာ တစ်ကယ်ဆိုရင် ရွာလူကြီးတွေက ကျွန်‌တော်တို့ကို ဒီနေ့ညနေ ဒါမှမဟုတ် မနက်ဖြန်နောက်ဆုံးထားပြီး အကြောင်းကြားသင့်ပါတယ်"

အဘိုးချန်းနှင့် အခြားသူများသည် ညနေ သို့မဟုတ် နောက်နေ့အထိ မစောင့်နိုင်ပေ။ ကြန့်ကြာနေသည့် အခိုက်အတန့်တိုင်းသည် ဒုက္ခကြီးလှသည်။

ခက်ခဲတဲ့နှစ်ဝက်ရဲ့အဆုံးကို သူတို့ မမြင်ခဲ့ရသလောက်ပါပဲ။ ဒါပေမယ့် အခုသူတို့ကို အခွန်ထပ်ပေးဆောင်ဖို့ အမိန့်ထုတ်ခံရတယ်လေ။ အဲ့တာက ခံနိုင်ရည်ရှိဖို့တော့ လွန်လွန်းတယ်။

သူတို့သည် ဘာဆက်လုပ်ရမည်မှန်း မသိဖြစ်နေသည့်အချိန်တွင် အဝေးမှ မောင်းထုသံ သုံးကြိမ်ကြားရပြီး ကျယ်လောင်စွာ အော်နေသည့် တစ်စုံတစ်ယောက်သည် ကြေညာချက်အတွက် ရွာရှိအခြောက်ခံကွင်းသို့ လူတိုင်းကို ခေါ်နေလေသည်။

ရွာရှိအခြောက်ခံကွင်းတွင် စုဝေးရန် ခေါ်ဆိုခြင်းသည် များသောအားဖြင့် ရွာသူကြီး သို့မဟုတ် ကျေးရွာလူကြီးများထံမှ ကြေငြာချက်ကို ဆိုလိုပါသည်။ ရွာသူကြီးက ဤနေရာတွင်ရှိနေလျှင် မည်သူက ပြည်သူများကို မောင်းဖြင့် ဆင့်ခေါ်ခြင်းဖြစ်သနည်း။

မောင်းသံများသည် ကျိုးရွာသူကြီး၏ အစောပိုင်းခန့်မှန်းမှုကို အတည်ပြုခဲ့ပြီး လူလေးဦးစလုံးတွင် မသာမယာခံစားချက်ကို ဖြစ်ပေါ်စေကာ သူတို့၏နောက်ဆုံးမျှော်လင့်ချက်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့သည်။

"သွားကြည့်ရအောင်"

သူကြီးကျိုးက အဘိုးချန်းနှင့်အဘိုးလုတို့၏ အနောက်မှ အနီးကပ်လိုက်ကာ လမ်းပြခိုင်းလိုက်၏။

အကွာအဝေးတစ်ခုမှ သူတို့သည် အခြောက်ခံကွင်းတွင် မတ်တပ်ရပ်နေကြသော ပုဂ္ဂိုလ်များကို တွေ့ကြရ၏။ ကျိုးအုပ်ချုပ်ရေးမှူးနှင့် အခြားသော ရပ်ရွာခေါင်းဆောင်နှစ်ဦးမှလွဲ၍ အခြားမည်သူမျှ မရှိပါ။

ရွာသားများသည် အုပ်စုလိုက်ရောက်ရှိလာနေကြဆဲပင်ဖြစ်သည်။ သူကြီးကျိုးသည် အုပ်ချုပ်ရေးမှူးကျိုးဆီသို့ တည့်တည့်သွားလိုက်ကာ

"အစ်ကိုချီ၊ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်တို့ အခွန်ထပ်ပေးဆောင်ဖို့ တစ်ကယ်ပဲ အတောင်းခံနေရတာလား"

အုပ်ချုပ်ရေးမှူးကျိုးက သူ့ကို ကြည့်လိုက်၏။

"မင်းရော ကြားပြီးပြီလား"

သူကြီးကျိုးက ခေါင်းညိတ်ပြလိုက်ပြီး ဘယ်ကကြားလာခဲ့သည်ကိုတော့ ထုတ်မပြောဘဲ အဖြေကိုသာ စောင့်နေလိုက်သည်။

သို့သော် အုပ်ချုပ်ရေးမှူးကျိုးသည် လက်ကိုဝေ့ယမ်းကာ

"စောင့်ပါဦးကွာ၊ ခဏလေးနေရင် အကုန်လုံးကိုရှင်းပြပါ့မယ်"

......

စန်းလော့လည်း အဘွားချန်းနှင့်ရောက်ရှိလာလေသည်။ တိုက်ဆိုင်စွာပင် သူမသည် မောင်းသံ‌ကြောင့်ထွက်လာသော ရှန်းစန်းနှင့်သူ့မိန်းမတို့နှင့် ဆုံမိကြလေသည်။

ရှန်းစန်းက စန်းလော့ကို မထီသလိုကြည့်လိုက်ပြီး နှာခေါင်းကို ဟွန့်ခနဲမှုတ်လိုက်ကာ အုပ်စုရှေ့သို့ ခြေလှမ်းခပ်ကျဲကျဲဖြင့် လျှောက်သွားလိုက်တော့သည်။

စန်းလော့: ......

"သူက ဘာဖြစ်သွားတာလဲ"

အဘွားချန်းက စန်းလော့၏လက်ကို ဖွဖွလေးပုတ်ရင်းပြောလိုက်၏။

"သူ့ကို စိတ်ထဲမထားပါနဲ့။ ဘာဖြစ်နေတာလဲဆိုတာ သွားနားထောင်ကြရအောင်။ သူတို့က အခွန်ထပ်ပေးဖို့ သေချာမပြောနိုင်ဘူးလား။ အစိုးရက ဒါကို မလုပ်နိုင်လောက်ဘူးမလား"

သို့သော် စန်းလော့၏စိတ်မှာ ပူပန်မှုများဖြင့် လေးလံသွားတော့သည်။ ဒီနှစ်နွေဦးအစောပိုင်းတွင် သူတို့အခွန်ပေးဆောင်ခဲ့ပြီးသည်ကို သူမ မမေ့ခဲ့ပေ။ သတ်မှတ်ချိန်တစ်ကြိမ်ပြီးခြင်းသည် ထိုကဲ့သို့ တောင်းဆိုမှုမျိုး ထပ်မံပြုလုပ်ရန် မဖြစ်နိုင်တော့ကြောင်း အဓိပ္ပာယ်ရပြီး အခြေခံစည်းမျဥ်းကို ဒုတိယအကြိမ်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

တဖြည်းဖြည်းဖြင့် အခြောက်ခံကွင်းလေးတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်များဖြင့် လူအုပ်ကြီးမှာ ပြည့်နှက်လာလေသည်။

အုပ်ချုပ်ရေးမှူးကျိုးသည် လည်ချောင်းရှင်းလိုက်ပြီးနောက် စကားပြောရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူသည် ကြေညာချက်ကို ဆွဲထုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်ဖတ်ပြလိုက်၏။

ကွန့်လွန်းသောကြေညာချက်သည် လူအများအတွက်တော့ နားလည်ရန်ခက်သည်မှာ အသေအချာဖြစ်သည်။ ဖတ်ပြပြီးတဲ့နောက် ကြေညာစာကိုခေါက်လိုက်ပြီး ပေါ်လွင်အောင် ရှင်းပြလိုက်၏။

အခြေခံအားဖြင့် မကြာသေးမီနှစ်များအတွင်း ပြည်နယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အထူးပြင်းထန်သည်ဟု သူကဆိုသည်။ နန်းတွင်းညီလာခံသည် ပုံစံအမျိုးမျိုးဖြင့် သက်သာရာရ‌အောင် လုပ်ပေးနေ၏။ ယခုအခါ အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ရန် ရုံးတော်အား ကူညီရန်အတွက် လူတိုင်းကို လာမည့်နှစ်၏အခွန်များ ကြိုတင်ပေးဆောင်ရန် တွန့်ဆုတ်စွာ တောင်းဆိုလေသည်။

မည်သို့ပင် စကားပြောကောင်းသော်လည်း ကြေညာချက်မှာ ပြင်းထန်သော တောင်းဆိုချက်တစ်ခု ဖြစ်နေဆဲပင်။

လူအုပ်ကြီးမှာ အုတ်အော်သောင်းတင်း ဖြစ်လာလေသည်။

"နောက်နှစ်ရဲ့အခွန်ငွေကို ကြိုပေးရမယ်။ အဲ့တာကို မကြားဖူးပါဘူး။ ငါ့အတွက်တော့ လယ်ကွင်းထဲက စပါးတွေက နောက်နှစ်စပါးထက် အချိန်စောပြီး မပေါက်ဘူး"

"တစ်နှစ်ကိုနှစ်ကြိမ်သာအခွန်ပေးရရင် ငါတို့ ဘယ်လိုအသက်ရှင် နေထိုင်ကြမလဲ။ ငါတို့ရဲ့ ရိတ်သိမ်းထားတဲ့အသစ်ကိုတောင် မမြည်းစမ်းရသေးဘူး။ အခုသူတို့က အဲ့တာကို သိမ်းယူချင်နေကြတယ်"

"တရားရုံးရဲ့အခက်အခဲတွေ၊ အရာရှိတွေရဲ့အခက်အခဲတွေက ငါတို့အသက် မရှင်နိုင်ဘူးလို့ ဆိုလိုတာလား"

တစ်စုံတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်နေသည်။

"ဒီလောကက ငါတို့ကို အသက်ရှင်ရက်နဲ့ပင် ဖျက်ဆီးဝါးမျိုနေတာပါလား"

လူကြီးများ၏မြည်တမ်းခြင်းက အပြစ်မဲ့သောကလေးများကို ထိတ်လန့်စေသောကြောင့် စတင်ငိုကြွေးကြတော့သည်။ အခြောက်ခံကွင်းရှိ လေထုသည်လည်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပုံပေါ်သည်။

အဘွားချန်း၏ဘေးတွင်ရပ်နေသည့် စန်းလော့သည် ဤခေတ်သို့ ရောက်ပြီးချိန်မှစ၍ ပထမဆုံးအနေဖြင့် ခေါင်းကနေ ခြေဖျားအထိ အအေးဓာတ် စိမ့်ထွက်လာသည်ကို ခံစားရလေ၏။

ဤအခွန်ကိုပေးဆောင်ရန် ကြောက်ရွံ့ခြင်းမဟုတ်သော်လည်း ဤအချိန်နှင့်နေရာ၊ ဤခေတ်၊ ဤကမ္ဘာနှင့် သူတို့ပြည်သူများ၏ ကံကြမ္မာကို လွှမ်းမိုးချုပ်ကိုင်ထားသော နန်းတွင်းညီလာခံ၏ ထိတ်လန့်မှုတစ်ခုဖြစ်သည်။

သူမ၏မူလမှတ်ဉာဏ်တွင် သူမကမ္ဘာ၏သေးငယ်သော ထောင့်ချိုးကိုသာ သိခဲ့သည်။ သို့သော် ကြေညာချက်တွင် သူမ၏ဇာတိပြည်နယ် သို့မဟုတ် စီရင်စုတွင်သာမက ပြည်နယ်အသီးသီးတွင် မကြာခဏဆိုသလို သဘာဝဘေးအန္တရာယ်များကို ဖော်ပြခဲ့၏။

ပြီးတော့ နန်းတွင်းညီလာခံ၏ ကယ်ဆယ်ရေး ကြိုးပမ်းမှုဟု ခေါ်သည့်အရာကို သူမ၏အရင်ဘဝ မှတ်ဉာဏ်များထဲတွင် ဘယ်မှာမှ မတွေ့ခဲ့ရပေ။

စစ်ပွဲများ၊ စဉ်ဆက်မပြတ် သဘာဝဘေးအန္တရာယ်များ၊ ဘာမှမလုပ်သော အစိုးရ၊ ကြီးမားသောအခွန်များနှင့် လုပ်အား - ဤအရာများသည် ရွှေခေတ်၏လက္ခဏာများ မဟုတ်ပေ။ ဤအတိုင်းဆက်သွားမယ်ဆိုလျှင်... စန်းလော့သည် ထုံကျင်အေးစက်သွားသလို တွေးကြည့်ဖို့လည်း ကြောက်ရွံ့လွန်းနေသည်။

သူမသည် ပရမ်းပတာ မကြုံဖူးသော်လည်း ဆိုရိုးစကားကို ကောင်းကောင်းသိသည်။

"ပရမ်းပတာအချိန်များတွင် လူဖြစ်ချင်းထက် ငြိမ်းချမ်းသည့် အချိန်များတွင် ခွေးဖြစ်ခြင်းက ပိုကောင်းပါသည်"

ရွာသူကြီးကျိုးသည် လူတိုင်းကို စည်းရုံးရန်ကြိုးစားနေပြီး ယခုနှစ်တွင် အခွန်ပေးပါက နောက်နှစ်တွင် ပေးရန်မလိုကြောင်းပြောလိုက်၏။ သူတို့အား ခြိမ်းခြောက်ပြီး အကျိုးသင့်အကြောင်းသင့်ပြောလိုက်ကာ နန်းတွင်းညီလာခံ၏စာလွှာကို ပေးသိစေသည်။

"တိုင်းပြည်ရဲ့မြေက ဘုရင်ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်။ အခွန်ပေးဆောင်ရန်ငြင်းဆိုပါက အတင်းအကျပ်လုပ်အားပေး စေခိုင်းခံရမယ်။ မင်း အသက်ရှင်လျက် ထွက်သွားနိုင်ပေမယ့် ပြန်တော့မလာနိုင်ဘူး။ ကိုယ့်ရွေးချယ်မှုကိုယ်ချိန်ဆကြပါ"

ထို့နောက် ရွာသူကြီးထံသို့ စာရင်းပေးလိုက်၏။

"ဒါက မင်းတို့ရွာမှာရှိတဲ့ အခွန်ပေးရမယ့်သူစာရင်းပဲ။ စပါးကို ရက်အနည်းငယ်ကြာအောင် အခြောက်ခံပြီးတာနဲ့ စာရင်းပြုစုပါ။ ကိုးရက်မြောက်နေ့မှာ ရုံးတော်အကူတွေက ငါတို့ ရွာကို လာရောက်မှာဖြစ်ပြီး ငွေပေးချေမှုနှောင့်နှေးကြန့်ကြာတဲ့ လူအများကြီး မလိုချင်ဘူး။ ခုနစ်ရက်မြောက်နေ့ပြီးတာနဲ့ စီရင်စုကို ကိုယ်တိုင်အခွန်ဆောင်ရမှာ"

"လူတိုင်းက စပါးရိတ်ပြီးပြီ။ ဘယ်သူကမှ ပေးဖို့အဆင်မပြေ စရာမရှိဘူး။ မြန်မြန်ပြီးပြတ်အောင်လုပ်ပါ။ ကြန့်ကြာရင် မကောင်းဘူး။ ငါတို့စီရင်စုအတွက် နောက်ဆုံးအခွန်ပေးဆောင်ရမယ့် နောက်ဆုံးရက်က ၉လပိုင်း ၁၅ရက်နေ့ပဲ။ ဒီနောက်ဆုံးရက်ကို လွတ်သွားတာက ရီစရာတော့ မဟုတ်ဘူး။ ပေးဖို့ငြင်းတဲ့သူတွေကလဲ အပြင်းထန်ဆုံး အလုပ်ကြမ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ စစ်ဖြစ်ရင် မင်းတို့ကို စစ်သည်တော်အဖြစ်နဲ့ နယ်စပ်ကို ပို့နိုင်တယ်"

ရွာသူကြီးကျိုးက အံကိုတင်းတင်းကြိတ်ကာ အုပ်ချုပ်ရေးမှူးကျိုးထံမှ စာရင်းကို ယူလိုက်၏။

သူ၏မျက်နှာထားတင်းသည့် အမူအရာကိုသတိထားမိသော အုပ်ချုပ်ရေးမှူးကျိုးက ပြောလိုက်၏။

"ရပါပြီ။ ဒီလိုကိစ္စတွေက ငါ့တို့တွေ ခံစားရမဲ့ဟာမဟုတ်ဘူး၊ ငါတို့က အမိန့်ကို နာခံရုံသက်သက်ပဲ။ မင်း အလုပ်များနေမှာပေါ့။ ငါလဲ တစ်ခြားရွာတွေကို သွားရဦးမယ်"

ထိုသို့ပြောပြီး အုပ်ချုပ်ရေးမှူးကျိုးသည် တစ်ခြား ရပ်ရွာခေါင်းဆောင် နှစ်ယောက်ကိုခေါ်ကာ ထွက်သွားရန်ပြင်ဆင်နေ၏။

ရွာသူကြီးကျိုးသည် အခြောက်လှန်းသည့်မြေပေါ်ရှိ ရွာသားများကို ကြည့်လိုက်‌ပြီး သူ့မိသားစုအပါအဝင် အချို့သော ငိုကြွေးမြည်တမ်းခြင်း သို့မဟုတ် စိတ်ပျက်အားငယ်စွာ တိတ်တဆိတ် ငိုကြွေးခြင်းသည် လုံးလုံးလျားလျား စိတ်ပျက်ဖွယ်ကောင်းနေပါသည်။

သူ့စိတ်နှလုံးက လေးလံနေသော်လည်း သူ့ထံတွင် အာဏာမရှိပေ။ သူတို့လို ရွာလယ်သမားများအတွက် နန်းတွင်းညီလာခံ၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်ရန်နေရာ မရှိတော့ပေ။

ဤအချက်ကို တွေးတောရင်း အုပ်ချုပ်ရေးမှူးကျိုး ပေးသော စာရင်းကို ဖွင့်လိုက်၏။ ခေတ္တကြည့်ပြီး‌နောက်လွဲမှားနေသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် စာမျက်နှာများစွာကို လျင်မြန်စွာ လှန်ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားသော လူများနောက်မှ ပြေးလိုက်မိသည်။

ကျိုးရွာသူကြီးက အော်ခေါ်ရင်းဖြင့် မှီသွားသောအခါ အုပ်ချုပ်ရေးမှူးကျိုးသည် အဝေးကြီးမရောက်သေးပေ။

"အစ်ကိုချီ၊ အစ်ကိုချီ"

အုပ်ချုပ်ရေးမှူးကျိုးက ရပ်ပြီး လှည့်ကြည့်လိုက်၏။ ‌အမောဆို့နေသော ကျိုးရွာသူကြီးသည် ပြောရန်စီစဉ်လိုက်၏။

"အစ်ကိုချီ၊ ဒီစာရင်းက တစ်ခုခုလွဲနေသလိုပဲ"

အုပ်ချုပ်ရေးမှူးကျိုးနောက်မှ ‌အော်ရင်းပြေးလိုက်သွားသော ရွာသူကြီးကျိုးကို သတိထားမိကြသော ရွာသားအချို့သည် အခုချိန်တွင် စောင့်ကြည့်နေကြသည်။

အုပ်ချုပ်ရေးမှူးကျိုးက အခြောက်လှန်းသည့်မြေပေါ်ရှိရွာသားများကို ကြည့်လိုက်ပြီးနောက် သူ့ဝမ်းကွဲကို ကြည့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ"

"ရှီသလန်၊ ချန်းသရှန်"

ရွာသူကြီးကျိုးသည် စာရင်းကိုဖွင့်ကာ ပထမစာမျက်နှာရှိ အမည်နှစ်ခုကို ညွှန်ပြပြီး ဆက်လက်လှန်လှောလိုက်၏။

"ပြီးတော့တစ်ခြားသူတွေရော၊ ရှန်းလီ၊ လုမိသားစုရဲ့ ဒုတိယသား၊ လီမိသားစုရဲ့တတိယသားနဲ့ ဆယ့်နှစ်ယောက် ဒါမှမဟုတ် အဲ့ထက်ပိုတဲ့ ငါတို့ရွာက စစ်မှုထမ်းသွားလိုက်တဲ့သူတွေ။ သူတို့အားလုံးက တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာလေ။ ဘာလို့ အခွန်စာရင်းမှာ သူတို့နာမည် ရှိနေသေးတာလဲ"

ဤကိစ္စကိုသတိထားမိနေကြသော ကြားလိုစိတ်ပြင်းပြသည့် ရွာသားများသည် ချဉ်းကပ်နေကြသည်။

ရွာသူကြီးကျိုးသည် သူ့ဝမ်းကွဲကိုကြည့်ရင်း အဖြေကိုစောင့်နေလေ၏။

အုပ်ချုပ်ရေးမှူးကျိုးသည် ရွာသူကြီးကျိုးကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။

"သူတို့က စစ်ပွဲအတွင်းမှာ ကျဆုံးသွားတယ်လို့ ဘယ်သူပြောတာလဲ။ သေဆုံးတဲ့အထောက်အထားကရော ဘယ်မှာလဲ။ တစ်ခုခုရှိလို့လား"

ရွာလူကြီးကျိုးသည် မေးခွန်းအတွက် အံ့အားသင့်သွားလေသည်။ ခဏလောက်ကြာပြီးနောက် သူက ပြန်ပြောလိုက်၏။

"အစ်ကိုချီ၊ ဒီအဖွဲ့အတွက်က တရားရုံးက ဘာမှမထုတ်ပြန်သေးပါဘူး"

အုပ်ချုပ်ရေးမှူးကျိုးသည် မကြားနိုင်လောက်အောင် ထေ့ငေါ့လိုက်၏။

"မင်းမှာ အဲ့တာရှိတယ်။ သေတဲ့အထောက်အထားမရှိဘဲနဲ့ တိုက်ပွဲမှာ သူတို့သေတဲ့အကြောင်းကို မင်းက ဘယ်လိုသက်သေပြမှာလဲ"

ရွာသူကြီးကျိုးသည် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

"အစ်ကိုချီ၊ သူတို့ကို တရားရုံးကမထုတ်ပြန်သေးတာကို မင်း သိပါတယ်။ တစ်ရွာကနေတစ်ရွာ လာမေးတဲ့သူတိုင်းကို သူတို့ ကိုယ်စားတောင်းပန်နိုင်တယ်"

"ငါ ဘာမှမသိဘူး။ ဘာကိုသိသင့်တာလဲ" အုပ်ချုပ်ရေးမှူးကျိုးက သူ့ကို ကြားဖြတ်ပြောလိုက်၏။

"ငါက ဒေသခံ တာဝန်ရှိသူ တစ်ယောက်သက်သက်ပဲ။ စည်းမျဉ်းတွေကို လိုက်နာရမယ်။ စစ်မြေပြင်က စစ်သည်တော်ဟောင်းတစ်ယောက်၊ နှစ်ယောက်ရဲ့စကားတွေက ဘယ်လိုသက်သေပြနိုင်မှာလဲ။ သူတို့ရဲ့အမှုကို ဘယ်လို တောင်းပန်ရမလဲ"

"သေဆုံးကြောင်း အထောက်အထားမရှိရင် သူတို့က တိုက်ပွဲမှာသေဆုံးတယ်လို့ သက်သေပြလို့ မရနိုင်ဘူး။ သူတို့က အခွန်ကိုပေးရမယ်"

အုပ်ချုပ်ရေးမှူးကျိုးက ရွာသူကြီးကျိုးကို စကားလုံးတစ်လုံးဆီ လေးလေးနက်နက်ဖြင့် သူ့ဝမ်းကွဲကိုပြောလိုက်၏။

"ဒါက ဥပဒေပဲ၊ လောင်ကျို့"

သူသည် ရွာသူကြီးကျိုးလက်ထဲသို့ စာရင်းကိုပြန်ပေးလိုက်ကာ ထွက်သွားလေသည်။

စကားဝိုင်းတစ်ခုလုံးကို ယောင်ဝါးဝါးသာကြားသော လူအနည်းငယ်ထဲတွင် ရွာသူကြီးကျိုး၏လှုပ်လှုပ်ရှားရှားဖြစ်သွားဟန်ကို ပထမဆုံးသတိပြုမိသော အဘိုးချန်းက ရွာတာဝန်ရှိသူ၏ ထွက်ခွာမည့်ပုံစံကို စိုက်ကြည့်‌နေ၏။ ထို့နောက် သူသည် ရွာသူကြီးကျိုးကို ဘက်သို့လှည့်ကြည့်လိုက်တော့ သူ့မျက်နှာမှာ မအီမသာနှင့် နဖူးရေများ တွန့်နေလေ၏။ သူ၏မျက်လုံးများမှာလဲ အာရုံစူးစိုက်မှုပျောက်ဆုံးသွားကာ မဖြစ်နိုင်သည်ကိုပြောနေသည့် ရုပ် ဖြစ်နေတော့သည်။

မဟုတ်ဘူး။ ဒါက အိပ်မက်ဆန်လွန်းတယ်။

အဘိုးချန်းက ခေါင်းကိုလှည့်ကာ ရေရွတ်လိုက်၏။

"တူလေးကျို့ကျန့်၊ သူ ဘာပြောခဲ့တာလဲ။ အခွန်စာရင်းမှာ ငါ့သား သရှန်းရဲ့နာမည်ကို ကြားလိုက်ရတယ် ဟုတ်လား"

...

အပိုင္း(၆၁) ယုတၱိမရွိျခင္း

သူတို႔သည္ ညေနခင္းထိ ေစာင့္စရာမလိုေပ။ ေန႔လည္ခင္းတြင္ စီရင္စုမွ ျပန္ေရာက္လာၾကသာ ခ်င္ဖန္းညန္ႏွင့္ကန္းရွီတို႔သည္ သိသိသာသာပင္ စိတ္မေကာင္းပုံေပၚေနသည္။

အစပိုင္းတြင္ စန္းေလာ့သည္ သူတို႔၏ကုန္ပစၥည္းမ်ားအားလုံး မေရာင္းခ်ႏိုင္ခဲ့ျခင္းေၾကာင့္ဟု ေတြးမိေသာ္လည္း သူတို႔၏ျခင္းေတာင္းအလြတ္မ်ားကို ျမင္ေတာ့ ခ်င္ဖန္းညန္ကို ေမးလိုက္၏။

"အေဒၚ၊ ဘာျဖစ္လို႔လဲ"

ေဖ်ာ့ေတာ့ေသာမ်က္ႏွာျဖင့္ ခ်င္ဖန္းညန္က ျပန္ေျဖလိုက္၏။

"ၿမိဳ႕ကေန ထြက္လာေတာ့ အခြန္ေငြေပးရမဲ့ကိစၥပတ္သတ္ၿပီး ၿမိဳ႕ေတာ္တံခါးမွာ သတိေပးစာတစ္ခု ကပ္ထားတာေတြ႕ခဲ့တယ္။ ဒါေပမယ့္ ဒီႏွစ္ေႏြဦး ရာသီအေစာပိုင္းမွာထဲက ငါတို႔က အခြန္ေတြေပးၿပီးေနၿပီ။ အဲ့တာအတြက္ သူတို႔က ဘာလို႔ ေနာက္တစ္ေခါက္ ထပ္ေမးေနတာလဲ"

ဖန္းလ်ိဳညန္သည္ မယုံၾကည္ႏိုင္ေသးေပ။

"အဲ့တာက အမွားတစ္ခုမ်ားလား။ အဲဒီမွာ ဘယ္သူမွ စာမဖတ္ႏိုင္ၾကဘူး။ လူေတြက သူတို႔ၾကားတာကို အသံလႊင့္ေနၾကတာလား"

ခ်င္ဖန္းညန္သည္ အာ႐ုံေထြျပားေနပုံေပၚ၏။

"အဲ့တာက အမွားတစ္ခုလို႔ပဲ ေမွ်ာ္လင့္ပါတယ္။ အိမ္ျမန္ျမန္ျပန္ၿပီး လူတိုင္းကို အသိေပးဖို႔လိုတယ္။ ေနာက္က်ရင္ ႐ြာလူႀကီးကို ေမးေပးဖို႔ အေဖ့ကိုေျပာရမယ္"

အိမ္ျပန္ရန္ ဆႏၵေစာေနေသာ ကန္းရွီသည္ ေနာက္ေန႔အတြက္ သူမ၏တို႔ဟူးအမွာစာကို အတည္ျပဳေနဆဲျဖစ္သည္။ ထို႔ေနာက္ ခ်င္ဖန္းညန္ႏွင့္ဖန္းလ်ိဳညန္တို႔သည္ သူတို႔၏ေတြေဝမႈမွ ႐ုန္းထြက္လိုက္ကာ ေနာက္မွပိုက္ဆံယူလာမည္ဟုေျပာရင္း အလ်င္အျမန္မထြက္ခြာမီတြင္ ေနာက္ရက္အတြက္အမွာစာကို သတ္မွတ္လိုက္ၾက၏။

အေျခာက္ခံစင္ႏွစ္ခုလုပ္ၿပီးၿပီျဖစ္ေသာ စန္းေလာ့သည္ အလုပ္ဆက္လုပ္ရန္ပင္ စိတ္ဓာတ္က်သြားေလသည္။ သူမသည္လည္း ေတာင္ေအာက္သို႔ဆင္းၿပီး ခ်န္းအိမ္ေထာင္စုသို႔ ဦးတည္သြားရန္ ဆုံးျဖတ္လိုက္၏။

......

"အခြန္ေတြထပ္ေပးရမယ္..."

အဘိုးခ်န္းသည္ နတ္သမီးပုံျပင္ကို ၾကားလိုက္ရသလိုပင္ တုန္လႈပ္သြားၿပီး ေခါင္းယမ္းလိုက္သည္။

"အဲ့တာက မျဖစ္ႏိုင္ဘူး။ ဒီႏွစ္အတြက္အခြန္ေတြကို ငါတို႔ေပးၿပီးၿပီေလ။ အဲ့တာက ႐ုံးေတာ္အကူေတြရဲ႕ေၾကညာခ်က္တစ္ခုပဲမလား"

ခ်င္ဖန္းညန္က ေခါင္းခါလိုက္ၿပီး

"႐ုံးေတာ္အကူေတြ သတိေပးစာကပ္ၿပီးထြက္သြားမွ သမီးတို႔လည္း ၿမိဳ႕ကထြက္လာခဲ့တာ။ အနီးနားကလူေတြေဆြးေႏြးေနတာကို ၾကားလို႔ သူတို႔ကိုေမးခဲ့တယ္။ သူတို႔ေျပာတာက အဲ့တာကအခြန္ေငြေပးရတဲ့အေၾကာင္းတဲ့"

မသိမ္းဆည္းရေသးဘဲ လယ္ကြင္းမ်ားထဲတြင္ အေျခာက္ခံထားသည့္ စပါးအသစ္မ်ားႏွင့္အတူ ဤကဲ့သို႔သတင္းၾကားလိုက္ရေသာအခါ အဘိုးခ်န္းသည္ စိတ္မၿငိမ္မသက္ ျဖစ္သြားေလသည္။ သူသည္ မဆုံးျဖတ္ခင္တြင္ လွည့္ပတ္ေလွ်ာက္ေန၏။

"က်ိဳးမိသားစုဆီကို သြားဦးမယ္"

သူထြက္သြားသည္ႏွင့္ အတူတူလာၾကေသာ ရွီအာ့လန္ႏွင့္အဘိုးလုတို႔ကို မေမွ်ာ္လင့္ဘဲ ေတြ႕ဆုံၾကေလသည္။ အဘိုးခ်န္းကို ျမင္ေတာ့ အဘိုးလုက ေမးလိုက္၏။

"က်ိဳးမိသားစုဆီ သြားမလို႔လား"

အဘိုးခ်န္းက ေခါင္းညိတ္ျပလိုက္၏။

"အေျခအေနေတြ သြားစုံစမ္းမလို႔"

အမ်ိဳးသားႏွစ္ေယာက္သည္ ခ်န္းအိမ္ေထာင္စုသို႔မဝင္ေတာ့ဘဲ ထို႔အစား သူႏွင့္အတူ က်ိဳးမိသားစုသို႔ လိုက္သြားရန္သာ ဆုံးျဖတ္လိုက္ၾကသည္။ သူတို႔သည္ တိတ္တဆိတ္ပင္ လမ္းေလွ်ာက္သြားၾက၏။

စပါးအေျခာက္ခံသည့္ရက္မ်ားတြင္ ႐ြာသူႀကီးက်ိဳးသည္ အျပင္ဘက္တြင္ အလုပ္ရႈပ္စရာမလိုေသာေၾကာင့္ ယေန႔တြင္ အိမ္၌ ထူးထူးျခားျခား အနားယူေနသည္။

အဘိုးခ်န္းႏွင့္ တစ္ျခားသူမ်ား ေရာက္လာသည္ကိုျမင္ေတာ့ သူသည္ အစပိုင္းတြင္ အံ့ဩသြားေလသည္။ ဤမိသားစုသုံးစုသည္ စီရင္စုအတြင္း ေစ်းဆိုင္မ်ားဖြင့္လွစ္ထားေသာသူမ်ား ရွိသည္ကို ေတြးဆရင္း သူတို႔လာေရာက္လည္ပတ္ျခင္း၏ ရည္႐ြယ္ခ်က္ရမည္ဟု ခပ္ေရးေရး မွန္းဆကာ နမိတ္မေကာင္းဘဲ စိတ္ေလးေနသလို ခံစားရ၏။

ထိုစိတ္ျဖင့္ပင္ မတ္တပ္ရပ္လိုက္ၿပီး သူတို႔ဆီသို႔လွမ္းသြားကာ ႏႈတ္ဆက္လိုက္၏။

"ဦးေလးခ်န္း၊ ဦးေလးလု၊ မေမွ်ာ္လင့္ပဲ ဒီကို ဘာေၾကာင့္ လာခဲ့ၾကတာလဲခင္ဗ်ာ"

သူသည္ ရွီအာ့လန္ကိုပါႏႈတ္ဆက္လိုက္ၿပီး အမ်ိဳးသားသုံးေယာက္ကို အထဲသို႔ ဝင္ထိုင္ရန္ ဖိတ္ေခၚလိုက္၏။

အဘိုးခ်န္းသည္ စကားစျမည္ေျပာဖို႔ရန္ စိတ္မဝင္စားဘဲ စီရင္စုတြင္ သူ႔ေခြၽးမ ၾကားခဲ့သမွ်ကို တိုက္႐ိုက္ျပန္ေျပာျပလိုက္ေလသည္။

"ငါတို႔ ယုံၾကည္ဖို႔ေတာင္ ခက္တယ္။ ဒီေႏြထဲက အခြန္ေငြေတြ ေပးခဲ့ၿပီးၿပီ မဟုတ္ဘူးလား။ ဘာလို႔ ငါတို႔ကေနာက္ထပ္ ထပ္ေပးဖို႔လိုတာလဲ။ အေၾကာင္းၾကားစာမွာ စာမတတ္သူရွိတာေၾကာင့္ နားလည္မႈ လြဲမွားတာမ်ိဳးလား။ အဲ့တာေၾကာင့္ တစ္ခုခု ၾကားေသးလားလို႔ ေမးဖို႔လာခဲ့တာပါ"

က်ိဳးသူႀကီးက ေခတၱမွ်‌စဥ္းစားၿပီး ေခါင္းယမ္းလိုက္၏။

"ဒီမွာေတာ့ ဘာသတင္းမွမရေသးဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ေရးေတးေတး ၾကားထားတာက ေျမာက္ပိုင္းမွာရွိတဲ့ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားက ဒီႏွစ္မွာ ျပင္းထန္တဲ့ သဘာဝေဘးဒဏ္ေတြကို ခံစားၾကရၿပီး အေျခအေနကေတာ့ မေကာင္းဘူးေပါ့"

သူသည္ ထင္ေၾကးေပးေသာ္လည္း မေသခ်ာေပ။

အႀကဳံျပဳျခင္းသာျဖစ္၏။

"ေစာင့္ၾကည့္ၾကရေအာင္။ အေၾကာင္းၾကားစာသာ တစ္ကယ္ဆိုရင္ ႐ြာလူႀကီးေတြက ကြၽန္‌ေတာ္တို႔ကို ဒီေန႔ညေန ဒါမွမဟုတ္ မနက္ျဖန္ေနာက္ဆုံးထားၿပီး အေၾကာင္းၾကားသင့္ပါတယ္"

အဘိုးခ်န္းႏွင့္ အျခားသူမ်ားသည္ ညေန သို႔မဟုတ္ ေနာက္ေန႔အထိ မေစာင့္ႏိုင္ေပ။ ၾကန႔္ၾကာေနသည့္ အခိုက္အတန႔္တိုင္းသည္ ဒုကၡႀကီးလွသည္။

ခက္ခဲတဲ့ႏွစ္ဝက္ရဲ႕အဆုံးကို သူတို႔ မျမင္ခဲ့ရသေလာက္ပါပဲ။ ဒါေပမယ့္ အခုသူတို႔ကို အခြန္ထပ္ေပးေဆာင္ဖို႔ အမိန႔္ထုတ္ခံရတယ္ေလ။ အဲ့တာက ခံႏိုင္ရည္ရွိဖို႔ေတာ့ လြန္လြန္းတယ္။

သူတို႔သည္ ဘာဆက္လုပ္ရမည္မွန္း မသိျဖစ္ေနသည့္အခ်ိန္တြင္ အေဝးမွ ေမာင္းထုသံ သုံးႀကိမ္ၾကားရၿပီး က်ယ္ေလာင္စြာ ေအာ္ေနသည့္ တစ္စုံတစ္ေယာက္သည္ ေၾကညာခ်က္အတြက္ ႐ြာရွိအေျခာက္ခံကြင္းသို႔ လူတိုင္းကို ေခၚေနေလသည္။

႐ြာရွိအေျခာက္ခံကြင္းတြင္ စုေဝးရန္ ေခၚဆိုျခင္းသည္ မ်ားေသာအားျဖင့္ ႐ြာသူႀကီး သို႔မဟုတ္ ေက်း႐ြာလူႀကီးမ်ားထံမွ ေၾကျငာခ်က္ကို ဆိုလိုပါသည္။ ႐ြာသူႀကီးက ဤေနရာတြင္ရွိေနလွ်င္ မည္သူက ျပည္သူမ်ားကို ေမာင္းျဖင့္ ဆင့္ေခၚျခင္းျဖစ္သနည္း။

ေမာင္းသံမ်ားသည္ က်ိဳး႐ြာသူႀကီး၏ အေစာပိုင္းခန႔္မွန္းမႈကို အတည္ျပဳခဲ့ၿပီး လူေလးဦးစလုံးတြင္

You are reading the story above: TeenFic.Net