အပိုင်း (၄၄)
"စားသောက်ပွဲကို ငါတို့ကိုပါ ဖိတ်တာလား"
အပြင်ဘက်တွင်ရွှံ့နှင့်ကစားနေကြသော ကလေးအုပ်စုမှာ ကြက်သေသေသွားလေသည်။
"ဒါက ငါတို့ရဲ့ မိဘတွေနဲ့ အဘိုးအဘွားတွေကိုပဲ ဖိတ်လေ့ရှိတာ မဟုတ်ဘူးလား"
ရှန်းအန်းက ဝမ်းသာအားရဖြင့် ရှင်းပြလိုက်သည်။
"ငါ့မရီးက ပြောတယ်၊ မကြာသေးခင်ကမှ မင်းတို့အားလုံးက ကူညီပေးခဲ့တာမလို့ ပွဲအတွက် ငါ့ရဲ့အိမ်ကို ဖိတ်လို့ရတယ်။ ဒါကြောင့် မင်းတို့မိဘတွေနဲ့အဘိုးအဘွားတွေကို မရီးကဖိတ်ပြီးတော့ မင်တို့ကလေးတွေကို ငါနဲ့အားနဉ်က ဖိတ်တာလေ"
အခြားသူတစ်ချို့နှင့်အတူရှိနေသော ဟူကျီနှင့်အားနျိုသည်လည်း အံ့ဩသွားကြသည်။ အားနျိုက တီးတိုးပြောလိုက်၏။
"ရှန်းအန်း၊ မင်းရဲ့မရီးက တစ်ကယ်ကို ကောင်းတာပဲ"
ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ အရွယ်ရောက်သူများကဲ့သို့ စားသောက်ပွဲသို့လာရောက်မည့်ဧည့်သည်များကို ဖိတ်ကြားရန် ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်မှာ အံ့ဩစရာပင်။
ရှန်းယင်ကလဲ သူ့အစ်ကိုကိုမေးလိုက်၏။
"အစ်ကို့မရီးက ညီမတို့မိဘတွေကိုရော ဖိတ်လားဟင်"
ဒီရက်တွေမှာ သူ့မိဘတွေက ရှောင်ယာ့အိမ်က အသားနဲ့ ဟင်းသီးဟင်းရွက်ရနံ့တွေကြောင့် သွားရည်ကျလုနီးပါးဖြစ်နေကြပြီး သူတို့အစားအစာတွေကို အတင်း မြိုချနေရတာလေ။
ရှန်းယင်၏မေးခွန်းကို ကြားသောအခါ အနည်းငယ်ပိုနှံ့စပ်သော အားနျိုနှင့်ဟူကျီတို့သည် အနည်းငယ်နေရခက်ပုံ ဖြစ်သွားတော့သည်။ ရှန်းအန်းမှာလည်း သူတို့၏ဦးလေးနှင့်အဒေါ်ကို ဖိတ်ဖို့ မစဉ်းစားမိသည်ကို သတိရပြီး အနည်းငယ်မွန်းကျပ်သွား၏။
သို့သော် ရှန်းကျင့်က ရင်ဘတ်ကိုကော့လိုက်ပြီး ရှန်းယင်ကို ဆူလိုက်၏။
"ရူးနေတာလား၊ ရှန်းအန်းဖိတ်တယ်ဆိုတာက ငါတို့ကူညီခဲ့လို့လေ။ ငါ မြေတူးတာ ဆယ်ရက်ကျော်နေပြီ။ ငါတို့မိဘတွေက ဘာလုပ်ပေးခဲ့လို့လဲ"
အမှန်တော့၊ အထူးသဖြင့် ရှောင်ယာရဲ့မိသားစု၊ အားနျိုနဲ့ဟူကျီတို့ရဲ့အဖေများ၊ ဦးလေးများနဲ့ အစ်ကိုများက အိမ်ဆောက်တဲ့နေရာမှာအားလုံးနီးပါးပါဝင်ကြသည်ကို စဉ်းစားမိပြီး ရှန်းကျင့်မှာ တော်တော်အရှက်ရသွားလေသည်။ သူ့အဖေကဖြင့် တစ်ရက်လေးတောင် ပေါ်မလာပေ။
အစကတော့ အားနျို၊ ဟူကျီနဲ့ သူတို့ရဲ့ အစ်ကိုတွေက ကူညီနေတာလို့ပဲ ထင်ခဲ့ပြီး မရီးဝယ်ခဲ့သမျှကို လက်လွတ်မခံပေ။ ဒီအတွေးနဲ့တင် စိတ်လှုပ်ရှားစရာပဲ။
သို့သော်ငြား ဆောက်လုပ်ရေးနှင့် စိုက်ပျိုးခြင်းတွေမှာ ပါဝင်ကူညီနေကြသည့် လူအများအပြားကို တွေ့တော့ သူ့မိသားစုနှင့် နှိုင်းယှဉ်မိလိုက်၏။ ဟိုဟိုဒီဒီလျှောက်သွားသလောက်သာရှိသည့် သူ့ညီငယ်များဖြစ်သည့် ရှန်းယင်နှင့်ရှန်းထျယ်တို့မပြောနှင့်၊ အကြီးဆုံးဖြစ်သောသူလျှင်ပင် လုမိသားစုမှ အငယ်ဆုံးကူညီသူနှင့် မယှဉ်နိုင်မှန်းနားလည်လေသည်။
ဤသည်ကို သဘောပေါက်သည်နှင့် သူ့ဒေါသများမှာလဲ လျော့ပါးသွားပြီး ထပ်ပြီးခေါင်းမမော့နိုင်တော့ပေ။
ကူညီပေးခြင်းနှင့်ပတ်သက်၍ သူ့အဖေအား ပြောပြီးနောက် ပြင်းပြင်းထန်ထန် အဆူခံလိုက်ရသေးသည်။ ကိုယ့်ကိစ္စသာကိုယ်လုပ်ရန်နှင့် သူ့အဖေ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြောခံလိုက်ရ၏။
ထို့ကြောင့် ရှန်းကျင့်သည် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကို ကြွားလုံးထုတ်ဝံ့ခြင်း မရှိတော့ပေ။
သူ့ညီငယ်၏ မိဘတွေကိုဖိတ်ကြားထားလားဟူသည့် အမေးကို ကြားတော့ အားနျို၊ ဟူကျီနှင့် ရှန်းအန်းတို့ရဲ့ အမူအယာကိုမြင်ပြီး ရှန်းကျင့်က ပြန်ပြောလိုက်၏။
"အလုပ်လုပ်တဲ့သူတွေပဲ အသားစားရတာ။ အဖေက ဘယ်တုန်းက သူများအိမ်ဆောက်တဲ့နေရာမှာ ကူညီဖူးလို့လဲ။ သူက ငါတို့ကို စားသောက်ပွဲကို ခေါ်မသွားပေးနိုင်ဘူး"
ရှန်းယင်တစ်ယောက်ကတော့ အဲ့တာက တစ်ကယ်ပဲလား ဒါမှမဟုတ် တစ်ခုခုလွဲနေသလား ဆိုတာကို စဉ်းစားနေမိ၏။
ရှန်းယင်သည် လွဲမှားနေသောအရာကို အဖြေရှာမရဘဲဖြစ်နေသည်။
အငယ်ဆုံးလေး ရှန်းထျယ်ကတော့ အများကြီးမတွေးတောပေ။
သူသည် ဘေးအိမ်မှ သွားရည်ကျစရာကောင်းသော အသားရနံ့ကိုသာ ရိုးရှင်းစွာတွေးနေပြီး သွားရည်ကျကာဖြင့်
"ကိုကြီး၊ ဘယ်အချိန်မှ သားတို့စားရမှာလဲ"
ရှန်းအန်းက နွေးထွေးစွာပြုံးပြလိုက်၏။
"သဘက်ခါ... ညစာအတွက်နော်"
ဤရက်များတွင် လူတိုင်းသည် စပါးရိတ်သိမ်းခြင်းဖြင့်အလုပ်များနေကြ၏။ အစာစားရန်လာကြသော်လည်း လယ်ယာထဲမှာ ပြန်အလုပ်လုပ်ရန် လောနေကြသောကြောင့် သေချာစားသုံးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မရီးသည် လူတိုင်းအတွက် ပိုပြီးပျော်ရွှင်စွာအနားယူနိုင်စေရန် ညစာကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရှန်းထျယ်သည် လက်ချောင်းများကိုရေတွက်ရင်း တိုးတိုးလေးရေရွတ်နေ၏။
"ဒီနေ့၊ မနက်ဖြန်၊ မနက်ဖြန်၊ မနက်ဖြန်..."
ရှုပ်ထွေးနေပြီး သူ့အစ်ကိုကို ရှင်းပြပေးဖို့ လှမ်းကြည့်လိုက်၏။
ရှန်းကျင့်လည်း ဝင်ထောက်လိုက်၏။
"ရေတွက်စရာ မလိုပါဘူး။ အဲ့တာက ငါတို့မိဘတွေ စပါးရိတ်သိမ်းမယ့်နေ့ပဲ"
ကွက်တိပဲ။ အဲ့ဒီနေ့မှာ သူတို့မိဘတွေက သူတို့ကို ကြီးကြပ်နိုင်ဖို့ အရမ်းအလုပ်များနေကြမှာလေ။ သူတို့ရဲ့အစ်ကိုကြီး ဆုံးပါးသွားပြီးထဲက သူတို့ရဲ့မိသားစုမှာ အလုပ်သမားမရှိတော့တာကြောင့် အမြဲတမ်း မမှောင်မချင်း ပြန်မရောက်ဘူး။ သူများတွေထက် နောက်ကျပြီးမှသာ စပါးရိတ်သိမ်းရတယ်။ ဒါကြောင့် သူတို့ဆိုရင် အမြဲတမ်း အိမ်မှာ ဆန်ပြုတ်အေးကိုပဲ စားခဲ့ရတာ။
ရှန်းကျင့်က သတိပေးလိုက်၏။
"ပြန်ရောက်တဲ့အခါ စားသောက်ပွဲအကြောင်းကို အမေတို့ကို ပြန်မပြောနဲ့။ မှတ်ထားနော်၊ မဟုတ်ရင် ငါတို့စားရမှာမဟုတ်ဘူး"
နောက်ဆုံးတစ်ကြိမ်က သူအရိုက်ခံခဲ့ရသည်ကို မမေ့ပေ။
မိဘများ၏ပင်ကိုယ်စရိုက်အရ သူတို့မစားရပါက သူနှင့်သူ့ညီငယ်များလဲ စားရမည်မဟုတ်သည်ကို သိလေသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ တိတ်တဆိတ် စားသောက်ပြီး အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်ကြ၏။
ရှန်းကျင့်က ရုတ်တရက်ဆိုသလို သူတို့၏ညီမငယ်လေး ထျန်းယာကို သတိရသွားလေသည်။ ထိုနေ့မှာ မိဘများက လယ်ကွင်းထဲသွားသဖြင့် သူမသည် သူ့တာဝန်သာဖြစ်၏။ သူတို့အားလုံးသာ ပွဲကိုသွားမယ်ဆိုရင် သူမကရော ဘယ်လိုလုပ်မလဲ။
"ရှန်းအန်း၊ ထျန်းယာကိုရော ငါတို့နဲ့ခေါ်ခဲ့လို့ရလား။ ငါတို့အားလုံးသွားရင် အိမ်မှာ ဘယ်သူမှမရှိတော့လို့ပါ"
ရှန်းအန်းက ခေါင်းညိတ်ပြလိုက်ပြီး
"သူ့ကို တစ်ခါထဲ ခေါ်လာခဲ့လိုက်လေ။ သေချာသာ ဂရုစိုက်ပေးလိုက်ပါ"
"သူ့ကို ချော်လဲတာတို့ တစ်ခုခုနဲ့တိုက်မိတာတို့မဖြစ်စေနဲ့။ မဟုတ်ရင် အဒေါ် ၃ က ပြဿနာရှာလိမ့်မယ်"
ရှန်းကျင့်ကတော့ ယုံကြည်ချက်ရှိရှိဖြင့် ရင်ဘတ်ကိုပုတ်လိုက်ကာ
"စိတ်မပူပါနဲ့။ သူ့ကို သေချာဂရုစိုက်လိုက်မယ်"
ပွဲအတွက် ဧည့်သည်ဖိတ်ကြားသည့် ကိစ္စကြီးတစ်ခုကို အမြန်ဖြေရှင်းလိုက်၏။ ရှောင်ယာ သည်နေရာတွင် မရှိသောကြောင့် ရှန်းနဉ်သည် စိတ်အားထက်သန်စွာ သွားရောက်ဖိတ်ကြားလိုက်သည်။ စကားစမြည်မပြောတော့ဘဲ ရှန်းအန်းကို ချန်းးမိသားစုဆီ အမြန်ဆွဲခေါ်သွားလေတော့သည်။
......
နေ့လယ်ပိုင်းရောက်တော့ ရှီနှင့်လုမိသားစုတို့သည် ပွဲကို ဖိတ်ကြားခံရပြီး မည်သည့်လက်ဆောင်များ ယူလာရမည်ကို ချန်းမိသားစု၌ ဆွေးနွေးနေကြသည်။
ယခုအခါတွင် သူတို့သည် စန်းလော့၏ ကောင်းမွန်စွာပေါင်းသင်းနိုင်သော စွမ်းရည်ကို အမှန်တကယ် တန်ဖိုးထားကြသည်။ သူမက ဆက်ဆံရေးတည်ဆောက်ရာတွင် မယုံနိုင်လောက်အောင်ပင် ကျွမ်းကျင်၏။
ယခင်က အမျိုးသားများနှင့်ကလေးအများစုသာ ကူညီပေးခဲ့ကြသော်လည်း ယခုအခါ သူတို့အိမ်ထောင်စုမှ အမျိုးသမီးများကိုပါ ဖိတ်ခေါ်ခဲ့သည်။ သူတို့ရဲ့ ပထမဆုံးအကြိမ် လည်ပတ်မှုဖြစ်သောကြောင့် လေးနက်သောလက်ဆောင်များနှင့်အတူ ကောင်းမွန်သည့်စိတ်ခံစားမှုကို ချန်ထားခဲ့လိုကြသည်။
လုမိသားစုမှ အဘွားလု လာပါသည်။ ရှီမိသားစုမှ ရှီအာ့လန်၏ဇနီးနှင့် သူ့ယောင်းမပါ အတူလာကြ၏။
အို... ပြီးတော့ လွန်ခဲ့တဲ့ရက်တွေမှာ သူတို့ရဲ့သားတွေကို ကူညီပေးခိုင်းခဲ့တဲ့ ရှီသညန်၊ သနျိုနဲ့ အားနျိုရဲ့ အမေကိုလဲ ဖိတ်ကြားထားပါတယ်။
ရှီအာ့လန်၏ဇနီးမှာ ထင်ရှားသောရွေးချယ်မှုဖြစ်သည်။ သူ့သားသည် ကူညီဖို့ငယ်လွန်းသော်လည်း သူက သူ၏အစ်ကိုကြီးများကို အစောကြီးကတည်း အားကျနေခဲ့သည်။ သူမ၏ခင်ပွန်းသည် ပထမဆုံးကူညီပေးခဲ့သူများထဲတွင် ဖိတ်ခေါ်မှုကိုလက်ခံပြီး အိမ်ဆောက်ခြင်းအတွက် အဓိကပံ့ပိုးကူညီသူဖြစ်၏။
ချန်းမိသားစုနှင့်သိကျွမ်းပြီး အထူးသဖြင့်စန်းလော့နှင့် ရင်းနှီးသောကြောင့် စန်းလော့၏အိမ်တက်ပွဲအတွက် သင့်လျော်သည့်လက်ဆောင်များပေးရန် အဘွားချန်းဆီသို့ အကြံဉာဏ်လာတောင်းကြသည်။
ရွာမှာက အသိမိတ်ဆွေတွေအတွက် ဂေါ်ဖီထုပ် ဒါမှမဟုတ် သခွားသီးလိုမျိုး လက်ဆောင်ပေးတာက ထုံးစံအတိုင်းပါပဲ။ ဒါဟာ ရိုးရှင်းတဲ့ စေတနာကို ဖော်ပြတဲ့ဟန်တစ်ခုပဲ။
သို့သော် ရှီနှင့်လုမိသားစုများမှ အလုပ်ကြိုးစားကြသော လူငယ်များသည် စန်းလော့အိမ်တွင် ကောင်းကောင်းမွန်မွန်စားသောက်ခဲ့ရသည်ဖြစ်ရာ ဟင်းသီးဟင်းရွက်လောက်နှင့်တော့ မလုံလောက်ပေ။။ သင့်ရုံမျှစားသည်ဟု ဆိုကြသော်လည်း အရသာရှိသော အစားအစာများသည် နှစ်သစ်ကူးပွဲတော်များထက် သူတို့ကို ပိုနှစ်သက်စေခဲ့သည်။
စန်းလော့၏ ရက်ရောသည့်သဘာဝကို သိရှိထားသောကြောင့် ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ဥများကိုသာ ယူသွားကြဖို့ကိုတော့ မိသားစုနှစ်စုက မစဉ်းစားခဲ့ကြပေ။
အဘွားချန်းသည် ရှီ နှင့် လု တို့၏ စန်းလော့အပေါ် လေးစားမှုကို သတိပြုမိသဖြင့် ကျေနပ်သွားသည်။ ရှေးဆိုရိုးရှိတယ်မလား။
"သစ်တစ်တုံးနဲ့ မီးမတောက်ဘူး။ တုတ်တစ်ချောင်းနဲ့ အိမ်ဆောက်လို့မရဘူး"တဲ့။ မူလက ကပ်ဘေးရှောင်လာသူများဖြစ်သည့် ရှန်းမိသားစု၏အကြီးအကဲနှင့် တတိယအိမ်ထောင်စုမှ အကြီးအကဲများသည် ယခုအခါတွင်တော့ ဆက်ဆံရေးက တင်းမာနေကြသည်။
ကလေးနှစ်ယောက်နှင့် စန်းလော့အတွက် လိုအပ်သည့်အချိန်များတွင် ပံ့ပိုးကူညီရန်နှင့် မတရားမှုများကိုကူညီရန် ရွာထဲတွင် ဆက်ဆံရေးများကို တည်ဆောက်ရန် အချိန်ကိုက်ပင်။
သူမက နွေးထွေးစွာဖြင့် နေရာထိုင်ခင်းပေးလိုက်ပြီး မေးလိုက်၏။
"နင်တို့မှာ သေချာတဲ့အကြံ ဒါမှမဟုတ် အစီစဉ်တွေရှိလား။ တစ်ခြားအကြံလေးဘာလေး နားထောင်ပါရစေ ဒါမှ ငါလည်း အကြံဉာဏ်လေး ပေးလို့ရမှာ"
ရွယ်တူချင်းအနေဖြင့် အဘွားလုက စပြောလိုက်သည်။
"အားလီမိန်းမနဲ့ သိပ်ပြီးမဆက်ဆံဖူးပေမယ့် သားတွေနဲ့မြေးတွေဆီကနေ အများကြီးကြားရတယ်။ သူက ဖြောင့်မတ်ပြီး ရက်ရောတတ်တဲ့သူမျိုးပဲ။ ဒီဖိတ်ကြားမှုက သူရဲ့ရိုးသားမှုကို သက်သေပြနေတာပဲလေ"
"ရွာထဲမှာရှိတဲ့ ဘယ်မိသားစုကမှ လူတိုင်းကို ဒီလို မဖိတ်ကြားဖူးဘူး"
ထုံးစံအတိုင်း မိသားစုတစ်စုဆီက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကိုပဲ ခေါ်လာကြတာ။ ဘယ်အိမ်ထောင်စုကမှ လူတိုင်းကိုလက်ခံပေးလို့မရတာကို နားလည်ကြတယ်လေ။
သို့သော် စန်းလော့သည် သူတို့၏မိသားစုတစ်ခုလုံး နီးပါးကို ဖိတ်ကြားပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် သားများနှင့်မြေးများက ကူညီပေးခဲ့သောကြောင့် သူတို့၏ဇနီးများနှင့် သက်ကြီးရွယ်အို ဇနီးမောင်နှံများကိုပါ ဖိတ်ကြားခဲ့သည်။ ဒီလို နွေးထွေးပြီး အားလုံးပါဝင်နိုင်တဲ့ ချဉ်းကပ်မှုက တကယ်ကို ချမ်းမြေ့စရာပဲ မဟုတ်လား။
အဘွားလုက အကြံပြုလိုက်၏။
"အားလီရဲ့မိသားစုက များများစားစား မစိုက်ပျိုးတဲ့အတွက် ဟင်းသီးဟင်းရွက် ပေးလို့ရတယ်။ ငါတို့ လယ်ကွင်းထဲက အရွက်တစ်ချို့ကို ယူသွားပေးလိုက်မယ်၊ တခြားသူရော အဲလိုပဲမလား"
အဘွားချန်းနှင့်ရှီမိသားစုသည် ခေါင်းညိတ်လိုက်၏။
"ဒါက ငါတို့ရဲ့ရည်ရွယ်ချက်ပဲလေ။ ငါတို့စိုက်ထားတာတွေကို ယူသွားပေးတာက သူကို ကုန်ကျစရိတ်အပိုမကုန်အောင် ကူညီပေးသလိုပါပဲ"
အဘွားလုက ထပ်ပြောလိုက်၏။
"ဒီနယ်မှာ အိမ်တက်လက်ဆောင်ကို 'ဆန်ပေါများခြင်း' အဓိပ္ပါယ်နဲ့ ဆန်ကို အိမ်တက်လက်ဆောင်ပေးတာက ထုံးစံတစ်ခုပဲ။ စပါးကျီအပြည့်နဲ့ ချမ်းသာကြွယ်ဝခြင်း သင်္ကေတအဖြစ် ဆန်နဲ့ဆီကို ပေးကြတယ်။ စန်းလော့က ရွာအပြင်ကဆိုတော့ ဒီကောင်းတဲ့နမိတ်ကို ငါတို့ဘာလို့ မထည့်ပေးနိုင်ရမှာလဲ"
အဘွားချန်းလည်း သဘောတူလိုက်သည်။
"ငါတို့အတွေးတွေနဲ့လဲ အတူတူပဲ။ အိမ်ဆောက်တာလို အရေးကြီးတဲ့ပွဲမျိုးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ သူတို့ရဲ့ ဥစ္စာဓနနဲ့ကြွယ်ဝခြင်းကို ထောက်ပံ့ပေးသင့်တယ်"
ရှီသမီးယောင်းမနှစ်ယောက်က ပြုံးပြီး သဘောတူလိုက်လေသည်။ ရှီသညန်လည်း ပြောလိုက်၏။
"ကျွန်မတို့လဲ အတူတူပဲစီစဉ်ထားကြတာ။ ဝက်သား ၆ လျန်ဝယ်ပြီး အဲတာကို ဆီရအောင်ချက်ပြီးရင် အိုးတစ်လုံးထဲ ထည့်လိုက်မယ်။ ဆန်တစ်လီတာထည့်လို့ရတဲ့ ဝါးသေတ္တာလေးရော ဝယ်မယ်။ ကျွန်မတို့ဦးလေးက ထင်းတစ်စည်း စည်းပေးလိမ့်မယ်။ ဒါက အများကြီးတော့ မဟုတ်ပါဘူး။ အိမ်တက်လက်ဆောင်အဖြစ်ပေးတဲ့ ဆန်ရယ်၊ ဆီရယ်၊ ထင်းရယ်က ဥစ္စာဓနနဲ့ကြွယ်ဝခြင်းကို အမှတ်သညာမလို့လေ"
အဘွားချန်းနှင့်အဘွားလုတို့သည် သူတို့၏သဘောတူညီမှုကို ဖော်ပြလိုက်ကြသည်။
"ဒါက နင်တို့နှစ်ယောက်လုံးရဲ့ အရမ်းကိုစဉ်းစားတတ်ပြီး စေတနာကောင်းပါပဲ"
ဝက်သား၊ ရေကရား၊ သေတ္တာ၊ ထင်းနှင့် ဆန်တို့ပေါင်းလိုက်လျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ ဝမ်နှစ်ဆယ်ကျော်လေသည်။
ကျေးလက်ဒေသတွင် အသုံးစရိတ်ဝမ်နှစ်ဆယ်ကိုပင် ဂရုတစိုက် ထည့်သွင်းစဉ်းစားကြသည်။ သို့သော် လက်ဆောင်အဖြစ် ဝမ်နှစ်ဆယ်ကျော်သုံးစွဲခြင်းသည် စန်းလော့အား အမှန်တကယ်ပင် တန်ဖိုးထားသည်ကို ပြသနေ၏။
အဘွားလုသည် သဘောတူခေါင်းညိတ်လိုက်၏။
အသက်ကြီးသည့်အမျိုးသမီးနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အဘွားလုကလည်း အကြုံပြုလိုက်၏။
"အစ်မကြီး၊ ကျွန်မတို့လဲ ရှီတို့လိုပဲ လိုက်ပြီး တူတဲ့လက်ဆောင်တွေကို ယူလာသင့်လား။ ကျွန်မတို့ဝေစုဖြစ်တဲ့ ဆန်၊ ဆီနဲ့ ထင်းကို ထပ်ထည့်တဲ့အချိန် မိသားစုတစ်စုဆီက ဟင်းရွက်တွေကို ယူလာကြမှာပဲ"
အဘွားချန်းလဲ အပြုံးဖြင့်သဘောတူလိုက်၏။
"ကောင်းပြီ၊ ဒါဆို ငါတို့မိသားစု သုံးစုလုံးက လက်ဆောင်ဆင်တူကို ပြင်ဆင်ကြမယ်"
သူမက လုအဘွားနှင့် ရှီသမီးယောင်းမနှစ်ယောက်ကို ဆက်ပြောလိုက်သည်။
"ပြောစရာရှိတယ်သေးတယ်။ ငါတို့မိသားစုက အားလီရဲ့မိန်းမနဲ့ အတော်လေးရင်းနှီးတယ်။ ငါ့ချွေးမက သူနဲ့ စီရင်စုဈေးကို နေ့တိုင်းလိုက်ရတယ်။ အတိအကျထုတ်မပြောနိုင်ပေမယ့်လဲ ငါတို့မှာဝင်ငွေတစ်ချို့ ရထားတယ်။ ငါတို့စဉ်းစားထားတာ လက်ရက်ဖျာတစ်ချက် လောက်ပေးရမလားလို့ စဉ်းစားနေတာ။ ငါ အဲဒါကို စပြီး ရက် နေပြီ"
ကြမ်းပြင်ပေါ်တွင်ရှိသော တစ်ဝက်သာပြီးသေးသည့်ဖျာကို ညွှန်ပြရင်း ထပ်ပြောလိုက်၏။
"ကလေးတွေအပေါ်မှာ ကြင်နာတဲ့အားလီမိန်းမက ရှန်းအန်းအတွက် အိပ်ယာလုပ်ပေးဖို့ ငါ့သားကို တောင်းဆိုထားတယ်။ အိပ်ယာကတော့ လုပ်နေတုန်းပဲ။ အရွယ်အစားကိုတိုင်းပြီး အဲ့တာနဲ့ကိုက်မယ့် ဖျာတစ်ချပ်ကို ရက်လုပ်နေတာ၊ အိမ်တက်လက်ဆောင်အဖြစ်ပေါ့"
ရှီနှင့်လုမိသားစုများသည် ဆယ်ရက်ကျော်ကြာ အရည်အသွေး ကောင်းမွန်သော အစားအစာများကို စားသောက်ရင်း စန်းလော့၏ငွေရှာနိုင်စွမ်းကို သတိပြုမိကြသည်။
တောဟင်းရွက်အစည်းများကို ရောင်းရုံမျှဖြင့် နေ့စဉ် ဆန်နှင့် အသားများကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်မှာ မဖြစ်နိုင်ပေ။
တောလမ်းပေါ်သို့ ပုံးနှစ်ပုံးဆွဲတင်သွားသည့် စန်းလော့၏ လျှို့ဝှက်ခရီးများကို သတိပြုမိကြလေသည်။
သူတို့သည် ဒီနေရာ၌ တစ်ချိန်လုံး အလုပ်လုပ်နေကြ၏။ သည်အကြောင်းအရာကို မတွေ့နိုင်ဖို့က မလွယ်ချေ။ တစ်ပတ် သို့မဟုတ် ထို့ထက်ပို၍ သတိမပြုမိဘဲ မနေနိုင်ပေ။
မဟုတ်လျှင် စန်းလော့သည် ဆောက်လုပ်နေစဉ်အတွင်း သူမရဲ့ဈေးကိစ္စများကို ရပ်ထားရမည်ဖြစ်သည်။
ချန်းအဘွားသည် ရှီနှင့်လုမိသားစုက ရိပ်မိနေသည်ကို နားလည်သဖြင့် စန်းလော့၏ဝင်ငွေများကို မသိမသာ ထုတ်ပြောပြလိုက်သည်။
ချန်းအဘွားဆီမှ အရိပ်အမြွက်စကားကို နားလည်လိုက်ကြပြီး မိသားစုနှစ်ခုလုံးက ပိရိစွာဖြင့် စန်းလော့တစ်ယောက် လျှို့ဝှက်ထားလိုသောကိစ္စများကို နှုတ်ဆိတ်နေလေ၏။
အဘွားလုက တုံ့ပြန်လိုက်၏။
"သေချာတာပေါ့၊ ဒါက ထည့်တွက်ရမယ့် စိတ်ကူးပဲ။ အကုန်လုံး တစ်သမတ်ထဲ ဖြစ်စရာတော့မလိုပါဘူး"
လက်ဆောင်တွေဟာ ပုဂ္ဂိုလ်ရေးအရဆက်ဆံမှုနဲ့ စိတ်ခံစားမှုကိုဖော်ပြတဲ့ ကိစ္စရပ်တစ်ခုပါ။
ထိုအကြောင်းအရာများကို မျှဝေလိုသည့် ချန်းအဘွား၏ဆန္ဒသည် စန်းလော့က မိသားစုနှစ်ခုလုံးအပေါ် ယုံကြည်မှုနောက်တဆင့် တိုးစေမည့်အကြံဉာဏ်ပင်။
ချင်ဖန်းညန်နှင့်စန်းလော့၏ စီရင်စုဈေးကိစ္စများကို သေချာ သတိမထားမိသော်လည်း အဘွားလုသည် ဆက်ဆံရေးတစ်ခုတွင် လိုအပ်သည့်အရာများကိုသိပြီး လေးစားမှုရှိသော အကွာအဝေးကို ထိန်းသိမ်းထားရမည်ဟု ယုံကြည်ထားသည်။
ရှီသမီးယောင်းမနှစ်ယောက်သည် သိချင်နေကြသည်။ အမျိုးသားများ၏ ဇာတ်လမ်းများက သူတို့၏စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးလေသည်။ ငွေရှာနည်းတွေကို ဘယ်သူက စိတ်မဝင်စားဘဲနေမှာလဲ။
သို့သော် သူမ၏ယောင်းမသည် သိချင်စိတ်ကိုထိန်းထားရန် သူမကို အကြိမ်ကြိမ်သတိပေးခဲ့သည်။
"နင့်ရဲ့ စပ်စုချင်တဲ့စိတ်ကြောင့် နင့်အနေနဲ့ လူတွေက နင့်ကို မသိစေချင်တဲ့အကြောင်းအရာကို တူးဆွခဲ့ရင် ဒါက နင်နဲ့ သူကြားမှာရှိတဲ့ သေးငယ်တဲ့ဆက်ဆံရေးကို အဆုံးသတ်သွားစေမဲ့ လက္ခဏာပဲ"
"နင်က တစ်ကယ်ပဲ ချင်ဖန်းညန်က အားလီမိန်းမနဲ့ငွေရှာရတာ အဆင်ပြေနေတာကို အားကျတယ်ဆိုရင် အနည်းဆုံးတော့ ချန်းမိသားစုလိုမျိုး ကြိုးစားလေ။ မိန်းကလေးနဲ့ဘယ်လိုဆက်ဆံလဲဆိုတာ ဂရုတစိုက်ကြည့်။ အဲ့လိုရင်းနှီးတဲ့ဆက်ဆံရေး အဆင့်ရောက်တာက အားလီမိန်းမက ချင်ဖန်းညန်လိုမျိုး ငါတို့ကို ထည့်သွင်းမယ်ဆိုတာကို အာမတော့ မခံနိုင်ဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့မိသားစုအတွက် ဝင်ငွေရှာနိုင်တဲ့ စွမ်းရည်ကတော့ ချီးကျူးစရာပါပဲ။ အရည်အချင်းရှိတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်းက အမြဲတမ်းအကျိုးရှိပါတယ်"
ဒါတွေက အမျိုးသမီးရှီရဲ့တိကျတဲ့စကားတွေပါ။
ရှီအာ့လန်မှာ အိမ်ထောင်စုတွင် တစ်ဦးတည်းသော အရွယ်ရောက်သည့် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း ဇနီးမောင်နှံနှစ်ဦးသည် အဓိကမိသားစု၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ သူ့အစ်မ၏အကြံဉာဏ်ကို အမှန်တကယ် လိုက်နာကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံးက မှန်မှန်ကန်ကန် ပြုမူနေထိုင်တတ်ကြသည်။ လုသလန်ထက် ထက်မြက်သော ရှီအာ့လန်ပင်လျှင် အလွန်အကျွံသိတတ်သိလို မပြုမူချေ။ အစ်မကြီး၏အကြံဉာဏ်ကို လိုက်နာပြီး သက်ကယ်အိမ်နှင့် လေးစားသမှုပြည့်သည့် အကွာအဝေးတစ်ခုထားကာ သူနှင့်မသက်ဆိုင်သည့် ကိစ္စများကို ရှောင်ရှားကာ မပါဝင်ပေ။ လက်တွေ့တွင်လဲ သူက ဘယ်တော့မှ မလုပ်ချေ။ လိုအပ်လျှင် သူ့အကြည့်ကို လွှဲလိုက်ပြီး မည်သည့်အရာကိုမျှ မမြင်ချင်ယောင်ဆောင်ခဲ့သည်။
ရွာရှိအမျိုးသမီးများနှင့် စကားစမြည်ပြောရသည်ကို နှစ်သက်သော ရှီအာ့လန်၏မိန်းမသည်လည်း နှုတ်ဆိတ်နေလေသည်။ သူမက ဆက်ပြီး မထိန်းထားနိုင်တော့လျှင် အိမ်က ယောင်းမထံတွင် အတင်းစကားအားလုံးကို ဖွင့်ချပြီးနောက်မှ အိမ်ပြန်သည်။
မိသားစုထဲတွင် ဒီလိုပညာရှိတစ်ဦးတစ်ယောက်ရှိခြင်းက ထူးခြားသည့်ဟန်ချက်ဖြစ်ပြီး ရှီ၊ လု၊ ချန်း မိသားစုများကြားတွင် ထုတ်ပြောစရာမလိုသည့် သဘောတူညီမှုတစ်ခုဖြစ်ခဲ့လေသည်။ ရှန်းအိမ်ထောင်စုနှင့် ပတ်သက်ပြီး အားလီမိန်းမနှင့်ချန်းမိသားစုတို့ လက်တွဲလုပ်နေသည့် လျို့ဝှက်စီးပွားရေးကိစ္စကို အားလုံးက သတိမထားသလို နေလိုက်ကြသည်။
ရှီနှင့်လုမိသားစုများ : "ညည်းက လျှို့ဝှက်ချက်တစ်ခုရှိတယ်ဆိုတာ မပြောခင်ထဲက ကျွန်မတို့ သိပြီးသားပါ။ မပြောဘူးဆိုရင် ငါတို့ကလည်း ဘာမှမသိလို နေကြမှာ၊ ထင်ကြေးလဲမပေးပါဘူး"
အားလီရဲ့မိန်းမ : "ကျွန်မမှာ လျှို့ဝက်ချက်ရှိတာကို အစ်မတို့သိမှန်း သတိထားမိပါတယ်။ ဒါပေမယ့် အစ်မတို့ အစ်အောက်တာ ဒါမှမဟုတ် စပ်စုတာမျိုးမရှိမချင်း အဲ့တာကို မသိဘူးလို့ ကျွန်မက မှတ်ထားလိုက်တယ်။ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကို ကြည့်ပြီးတော့မှ ကျွန်မတို့လည်း ဆက်ပြီး အဆင်ပြေအောင် လုပ်နိုင်မှာလေ"
ချန်းမိသားစု : "ငါတော့ အကုန်လုံးကို စောင့်ကြည့်ပြီးပြီ၊ အဆင်ပြေတယ်။ ငါတို့နဲ့ဆက်ဆံနေတဲ့လူတွေ အားလုံးက စဉ်းစားချင့်ချိန်တတ်ပါတယ်"
...
Zawgyi
အပိုင္း (၄၄)
"စားေသာက္ပြဲကို ငါတို႔ကိုပါ ဖိတ္တာလား"
အျပင္ဘက္တြင္႐ႊံ႕ႏွင့္ကစားေနၾကေသာ ကေလးအုပ္စုမွာ ၾကက္ေသေသသြားေလသည္။
"ဒါက ငါတို႔ရဲ႕ မိဘေတြနဲ႔ အဘိုးအဘြားေတြကိုပဲ ဖိတ္ေလ့ရွိတာ မဟုတ္ဘူးလား"
ရွန္းအန္းက ဝမ္းသာအားရျဖင့္ ရွင္းျပလိုက္သည္။
"ငါ့မရီးက ေျပာတယ္၊ မၾကာေသးခင္ကမွ မင္းတို႔အားလုံးက ကူညီေပးခဲ့တာမလို႔ ပြဲအတြက္ ငါ့ရဲ႕အိမ္ကို ဖိတ္လို႔ရတယ္။ ဒါေၾကာင့္ မင္းတို႔မိဘေတြနဲ႔အဘိုးအဘြားေတြကို မရီးကဖိတ္ၿပီးေတာ့ မင္တို႔ကေလးေတြကို ငါနဲ႔အားနဥ္က ဖိတ္တာေလ"
အျခားသူတစ္ခ်ိဳ႕ႏွင့္အတူရွိေနေသာ ဟူက်ီႏွင့္အားန်ိဳသည္လည္း အံ့ဩသြားၾကသည္။ အားန်ိဳက တီးတိုးေျပာလိုက္၏။
"ရွန္းအန္း၊ မင္းရဲ႕မရီးက တစ္ကယ္ကို ေကာင္းတာပဲ"
ရွန္းအန္းႏွင့္ရွန္းနဥ္တို႔မွာ အ႐ြယ္ေရာက္သူမ်ားကဲ့သို႔ စားေသာက္ပြဲသို႔လာေရာက္မည့္ဧည့္သည္မ်ားကို ဖိတ္ၾကားရန္ ကိုယ္တိုင္ဆုံးျဖတ္ႏိုင္သည္မွာ အံ့ဩစရာပင္။
ရွန္းယင္ကလဲ သူ႔အစ္ကိုကိုေမးလိုက္၏။
"အစ္ကို႔မရီးက ညီမတို႔မိဘေတြကိုေရာ ဖိတ္လားဟင္"
ဒီရက္ေတြမွာ သူ႔မိဘေတြက ေရွာင္ယာ့အိမ္က အသားနဲ႔ ဟင္းသီးဟင္း႐ြက္ရနံ႔ေတြေၾကာင့္ သြားရည္က်လုနီးပါးျဖစ္ေနၾကၿပီး သူတို႔အစားအစာေတြကို အတင္း ၿမိဳခ်ေနရတာေလ။
ရွန္းယင္၏ေမးခြန္းကို ၾကားေသာအခါ အနည္းငယ္ပိုႏွံ႔စပ္ေသာ အားန်ိဳႏွင့္ဟူက်ီတို႔သည္ အနည္းငယ္ေနရခက္ပုံ ျဖစ္သြားေတာ့သည္။ ရွန္းအန္းမွာလည္း သူတို႔၏ဦးေလးႏွင့္အေဒၚကို ဖိတ္ဖို႔ မစဥ္းစားမိသည္ကို သတိရၿပီး အနည္းငယ္မြန္းက်ပ္သြား၏။
သို႔ေသာ္ ရွန္းက်င့္က ရင္ဘတ္ကိုေကာ့လိုက္ၿပီး ရွန္းယင္ကို ဆူလိုက္၏။
"႐ူးေနတာလား၊ ရွန္းအန္းဖိတ္တယ္ဆိုတာက ငါတို႔ကူညီခဲ့လို႔ေလ။ ငါ ေျမတူးတာ ဆယ္ရက္ေက်ာ္ေနၿပီ။ ငါတို႔မိဘေတြက ဘာလုပ္ေပးခဲ့လို႔လဲ"
အမွန္ေတာ့၊ အထူးသျဖင့္ ေရွာင္ယာရဲ႕မိသားစု၊ အားန်ိဳနဲ႔ဟူက်ီတို႔ရဲ႕အေဖမ်ား၊ ဦးေလးမ်ားနဲ႔ အစ္ကိုမ်ားက အိမ္ေဆာက္တဲ့ေနရာမွာအားလုံးနီးပါးပါဝင္ၾကသည္ကို စဥ္းစားမိၿပီး ရွန္းက်င့္မွာ ေတာ္ေတာ္အရွက္ရသြားေလသည္။ သူ႔အေဖကျဖင့္ တစ္ရက္ေလးေတာင္ ေပၚမလာေပ။
အစကေတာ့ အားန်ိဳ၊ ဟူက်ီနဲ႔ သူတို႔ရဲ႕ အစ္ကိုေတြက ကူညီေနတာလို႔ပဲ ထင္ခဲ့ၿပီး မရီးဝယ္ခဲ့သမွ်ကို လက္လြတ္မခံေပ။ ဒီအေတြးနဲ႔တင္ စိတ္လႈပ္ရွားစရာပဲ။
သို႔ေသာ္ျငား ေဆာက္လုပ္ေရးႏွင့္ စိုက္ပ်ိဳးျခင္းေတြမွာ ပါဝင္ကူညီေနၾကသည့္ လူအမ်ားအျပားကို ေတြ႕ေတာ့ သူ႔မိသားစုႏွင့္ ႏႈိင္းယွဥ္မိလိုက္၏။ ဟိုဟိုဒီဒီေလွ်ာက္သြားသေလာက္သာရွိသည့္ သူ႔ညီငယ္မ်ားျဖစ္သည့္ ရွန္းယင္ႏွင့္ရွန္းထ်ယ္တို႔မေျပာႏွင့္၊ အႀကီးဆုံးျဖစ္ေသာသူလွ်င္ပင္ လုမိသားစုမွ အငယ္ဆုံးကူညီသူႏွင့္ မယွဥ္ႏိုင္မွန္းနားလည္ေလသည္။
ဤသည္ကို သေဘာေပါက္သည္ႏွင့္ သူ႔ေဒါသမ်ားမွာလဲ ေလ်ာ့ပါးသြားၿပီး ထပ္ၿပီးေခါင္းမေမာ့ႏိုင္ေတာ့ေပ။
ကူညီေပးျခင္းႏွင့္ပတ္သက္၍ သူ႔အေဖအား ေျပာၿပီးေနာက္ ျပင္းျပင္းထန္ထန္ အဆူခံလိုက္ရေသးသည္။ ကိုယ့္ကိစၥသာကိုယ္လုပ္ရန္ႏွင့္ သူ႔အေဖ၏ကိစၥမ်ားတြင္ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳရန္ ေျပာခံလိုက္ရ၏။
ထို႔ေၾကာင့္ ရွန္းက်င့္သည္ သူ႔ကိုယ္ပိုင္ႀကိဳးစားအားထုတ္မႈကို ႂကြားလုံးထုတ္ဝံ့ျခင္း မရွိေတာ့ေပ။
သူ႔ညီငယ္၏ မိဘေတြကိုဖိတ္ၾကားထားလားဟူသည့္ အေမးကို ၾကားေတာ့ အားန်ိဳ၊ ဟူက်ီႏွင့္ ရွန္းအန္းတို႔ရဲ႕ အမူအယာကိုျမင္ၿပီး ရွန္းက်င့္က ျပန္ေျပာလိုက္၏။
"အလုပ္လုပ္တဲ့သူေတြပဲ အသားစားရတာ။ အေဖက ဘယ္တုန္းက သူမ်ားအိမ္ေဆာက္တဲ့ေနရာမွာ ကူညီဖူးလို႔လဲ။ သူက ငါတို႔ကို စားေသာက္ပြဲကို ေခၚမသြားေပးႏိုင္ဘူး"
ရွန္းယင္တစ္ေယာက္ကေတာ့ အဲ့တာက တစ္ကယ္ပဲလား ဒါမွမဟုတ္ တစ္ခုခုလြဲေနသလား ဆိုတာကို စဥ္းစားေနမိ၏။
ရွန္းယင္သည္ လြဲမွားေနေသာအရာကို အေျဖရွာမရဘဲျဖစ္ေနသည္။
အငယ္ဆုံးေလး ရွန္းထ်ယ္ကေတာ့ အမ်ားႀကီးမေတြးေတာေပ။
သူသည္ ေဘးအိမ္မွ သြားရည္က်စရာေကာင္းေသာ အသားရနံ႔ကိုသာ ႐ိုးရွင္းစြာေတြးေနၿပီး သြားရည္က်ကာျဖင့္
"ကိုႀကီး၊ ဘယ္အခ်ိန္မွ သားတို႔စားရမွာလဲ"
ရွန္းအန္းက ေႏြးေထြးစြာၿပဳံးျပလိုက္၏။
"သဘက္ခါ... ညစာအတြက္ေနာ္"
ဤရက္မ်ားတြင္ လူတိုင္းသည္ စပါးရိတ္သိမ္းျခင္းျဖင့္အလုပ္မ်ားေနၾက၏။ အစာစားရန္လာၾကေသာ္လည္း လယ္ယာထဲမွာ ျပန္အလုပ္လုပ္ရန္ ေလာေနၾကေသာေၾကာင့္ ေသခ်ာစားသုံးႏိုင္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ မရီးသည္ လူတိုင္းအတြက္ ပိုၿပီးေပ်ာ္႐ႊင္စြာအနားယူႏိုင္ေစရန္ ညစာကို စီစဥ္ခဲ့ျခင္းျဖစ္သည္။
ရွန္းထ်ယ္သည္ လက္ေခ်ာင္းမ်ားကိုေရတြက္ရင္း တိုးတိုးေလးေရ႐ြတ္ေန၏။
"ဒီေန႔၊ မနက္ျဖန္၊ မနက္ျဖန္၊ မနက္ျဖန္..."
ရႈပ္ေထြးေနၿပီး သူ႔အစ္ကိုကို ရွင္းျပေပးဖို႔ လွမ္းၾကည့္လိုက္၏။
ရွန္းက်င့္လည္း ဝင္ေထာက္လိုက္၏။
"ေရတြက္စရာ မလိုပါဘူး။ အဲ့တာက ငါတို႔မိဘေတြ စပါးရိတ္သိမ္းမယ့္ေန႔ပဲ"
ကြက္တိပဲ။ အဲ့ဒီေန႔မွာ သူတို႔မိဘေတြက သူတို႔ကို ႀကီးၾကပ္ႏိုင္ဖို႔ အရမ္းအလုပ္မ်ားေနၾကမွာေလ။ သူတို႔ရဲ႕အစ္ကိုႀကီး ဆုံးပါးသြားၿပီးထဲက သူတို႔ရဲ႕မိသားစုမွာ အလုပ္သမားမရွိေတာ့တာေၾကာင့္ အၿမဲတမ္း မေမွာင္မခ်င္း ျပန္မေရာက္ဘူး။ သူမ်ားေတြထက္ ေနာက္က်ၿပီးမွသာ စပါးရိတ္သိမ္းရတယ္။ ဒါေၾကာင့္ သူတို႔ဆိုရင္ အၿမဲတမ္း အိမ္မွာ ဆန္ျပဳတ္ေအးကိုပဲ စားခဲ့ရတာ။
ရွန္းက်င့္က သတိေပးလိုက္၏။
"ျပန္ေရာက္တဲ့အခါ စားေသာက္ပြဲအေၾကာင္းကို အေမတို႔ကို ျပန္မေျပာနဲ႔။ မွတ္ထားေနာ္၊ မဟုတ္ရင္
You are reading the story above: TeenFic.Net