အပိုင်း(၃၁)

Background color
Font
Font size
Line height


အပိုင်း(၃၁)

ရှန်းအန်းသည် စန်းလော့ကိုယ်စား ရှန်းကျင့်နှင့် သူ့ညီလေးနှစ်ယောက်ကို လိုက်လံပို့ဆောင်ပြီးနောက် အိမ်ထဲသို့ပစ္စည်းသယ်နေသော သူ၏မရီးကို ကူညီပေးလိုက်သည်။

ထိုနေ့တွင် သူတို့၏မရီးထံမှ စည်ပိုင်းအသစ်နှစ်ခုဝယ်သည်ကို သိလိုက်ပြီးနောက် စည်ပိုင်းအပေါ်က ခြင်းတောင်းများထဲတွင် ကောက်နှံ လီတာပေါင်းများစွာနှင့် အရိုးကပ်အသားများကို တွေ့ရှိသောအခါ မောင်နှမနှစ်‌ယောက်သည် ဝမ်းသာကိုရဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်နေကြသည်။

စန်းလော့သည် အိတ်များအတွင်းရှိ ကောက်နှံများကို လှယ်ရန် အာရုံစိုက်နေပြီး ဟူပင်းမုန့်ကို သတိမထားမိပုံမပေါ်သော ကလေးငယ်များကို မြင်လိုက်ရသည်တွင် ဆီစက္ကူအိတ်ကို ထုတ်ကာ

"ဒါ ဘာလဲ၊ လာကြည့်ပါဦး"

မောင်နှမနှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် လှည့်ကြည့်လိုက်ကြပြီးနောက် သူတို့မရီးလက်ထဲက ဆီစွန်းနေသည့်စက္ကူအိတ်ထဲတွင် တဝက်ကျော်လောက် ထုတ်ပြထားသည့် စားချင်စဖွယ် ဆီရွှဲနေသည့်မုန့်ကို မြင်လိုက်ကြတော့သည်။

"ဟူပင်းမုန့်လား" ရှန်းအန်းသည် ချီတုံချတုံဖြင့်မေးလိုက်သည်။

စန်းလော့သည် အံ့ဩသွားပြီး "ဒါကို အရင်က စားဖူးတာလား"

ဒါကို ဈေးထဲမှာ ရောင်းတဲ့သူမရှိတာ မှတ်မိနေပါသေးတယ်။

မောင်နှမနှစ်ယောက်လုံးသည် တစ်ပြိုင်ထဲခေါင်းညိတ်လိုက်ကြပြီး သူတို့၏မျက်လုံးများမှာ အနည်းငယ်မှိန်ဖျော့သွားလေသည်။

"အစ်ကိုကြီးက ညီမတို့အတွက် တစ်ခါ ဝယ်လာပေးဖူးတယ်"

ကောင်းရော။ မုန့်က ကလေးနှစ်ယောက်ကို သူတို့အစ်ကိုကြီးကို ပြန်သတိရသွားအောင် လုပ်လိုက်ပြီ။

စန်းလော့သည် သူတို့ကို အာရုံပြောင်းသွားအောင် မြန်မြန်ကြိုးစားရတော့သည်။

"လက်သွားဆေးပြီး ကိတ်မုန့်လာစားကြ၊ နွေးနေတဲ့အချိန်လေး စားရတာက အကောင်းဆုံးပဲ၊ တစ်ရက်ကျမှ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ကိတ်မုန့်ကို စားလို့ရအောင် စီရင်စုကို ခေါ်သွားပေးမယ်"

ရှန်းအန်းက ခေါင်းညိတ်ပြလိုက်ပြီး လက်ဆေးရန်အတွက် ရှန်းနဉ်ကို ဦးဆောင်ကာခေါ်သွားလိုက်သည်။

သူတို့ပြန်ရောက်လာသောအခါ ရှန်းအန်းသည် ကျန်ရှိနေသော ကိတ်တစ်ဝက်ကို သုံးပိုင်းခွဲလိုက်၏။ အကြီးဆုံးအပိုင်းကို စန်းလော့ထံသို့ ပေးလိုက်သည်။ သို့သော် သူမသည် မယူလိုက်ပေ။

"မောင်လေးတို့ပဲ စားလိုက်ပါ၊ အစ်မက စီရင်စုမှာ နဲနဲစားခဲ့ပြီးပြီ"

လှည့်ထွက်လာလိုက်ပြီး ကုတင်ပေါ်တွင် လဲချလိုက်တော့၏။ တနေ့လုံး အပြင်ထွက်လာပြီးသည့်နောက်တွင် သူမ၏အဝတ်အစားများက သန့်မသန့်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

စန်းလော့သည် ဝန်ပစ္စည်းများကို အသွားအပြန်မိုင်နှစ်ဆယ်မျှ ထမ်းပြီးသောအခါတွင် လုံးလုံးမောပန်းနေလေသည်။ သူမ၏ဆံပင်များပင်လျှင် ပင်ပန်းနေသကဲ့သို့ ခံစားရပြီး အခန်းထဲတွင် ကုတင်မှလွဲ၍ ထိုင်စရာ ကုလားထိုင်ပင် မရှိပေ။

အခုအချိန်တွင် စန်းလော့သည် လက်ချောင်းတစ်ချောင်းကိုပင်လျှင် မလှုပ်ချင်တော့ပေ။ ပျော့နေသောခေါက်ဆွဲကဲ့သို့ ကုတင်ပေါ်တွင် ပစ်လှဲနေချင်တော့သည်။

သူမကလည်း ထိုသို့ပင် လုပ်လိုက်လေသည်။

သူမကို ထိုသို့ မြင်လိုက်‌ရသော မောင်နှမနှစ်ယောက်သည် စားလက်စကို ရပ်ကာ သူမအနားသို့ ချဉ်းကပ်သွားကြတော့သည်။ ရှန်းနဉ်က အိပ်ရာပေါ်တက်သွားကာ စန်းလော့ကို မေးလိုက်၏။

"မကြီး၊ ခြေထောက်နာနေလို့လား"

သူမသည် ချက်ချင်း နှိပ်နယ်ပေးရန် အဆင်သင့်ဖြစ်နေပုံရသည်။

ယားတတ်သည့်စန်းလော့က မြန်မြန်ဖယ်လိုက်၏။

"ပင်ပန်းနေရုံပါပဲ၊ အစ်မကို စိတ်မပူပါနဲ့။ ညီမလေးနဲ့ရှန်းအန်းက ကိတ်မုန့်သွားစားချေ"

မောင်နှမနှစ်ယောက်သည် သူမ၏စကားကို အရေးမစိုက်ပေ။ ရှန်းနဥ်သည် သူမ၏မကြီးမှာ ခြေထောက်နှိပ်နယ်ရန် မလိုအပ်ကြောင်းကို နှစ်ကြိမ်အတည်ပြုပြီးနောက် ကုတင်ပေါ်မှ ထကာ စွပ်ပြုတ်ချက်ရန် ပြင်ဆင်လေသည်။

စန်းလော့ ပြောထားသည့်အတိုင်းပင် အိမ်တွင်ရှိသော မုန်လာဥကို ဝက်အရိုးနှင့် ပြုတ်ရမည်။ နေ့လည်စာစားချိန် ရောက်တော့မည်ကို သိလိုက်ပြီး ရှန်းနဉ်သည် မေးစရာမလိုဘဲ ဝယ်ထားသော ဝက်သားအရိုးဖြင့် ဟင်းရည်ကို စတင်ချက်ပြုတ်လိုက်သည်။

မကြီးရဲ့ကျန်းမာရေးက သိပ်မကောင်းဘူး။ အခုတလော အလုပ်တွေလဲ အရမ်းပင်ပင်ပန်းပန်း လုပ်ထားတာရတယ်။ သူ ထပ်ဖျားရင် ဘယ်လိုလုပ်မလဲ။

မကြီးကို အဟာရဖြည့်ပေးဖို့ လိုတယ်။

မောင်နှမနှစ်ယောက်လုံး တိတ်တဆိတ်ပူးပေါင်းလိုက်ကြသည်။ ရှန်းနဉ်သည် မီးစမွှေးနေစဉ် ရှန်းအန်းသည် စန်းလော့အတွက် ရေကျက်အေးတစ်ခွက်ယူသွားပေးလိုက်ကာ ပြောလိုက်၏။

"မကြီး၊ ရေအရင် သောက်ပါဦး"

ထို့နောက် သူသည် မိသားစုပိုင်မြေအိုးထဲသို့ရေထည့်ကာ သယ်လာလိုက်ပြီး ခုတ်ထစ်ထားသော ဝက်ရိုးများကို ဆေးကြောလိုက်သည်။

ရှန်းအန်းပြန်ရောက်လာသောအချိန်တွင် ရှန်းနဉ်သည်လည်း မီးမွှေးပြီး အိုးကို မီးဖိုပေါ်သို့တင်ပြီးပြီဖြစ်၏။ သူမသည် စန်းလော့ဘက်ကို လှည့်ကာ မေးမြန်းလိုက်သည်။

"မကြီး၊ မုန်လာဥကို ထည့်လိုက်ရတော့မလား"

မုန်လာဥကို နောက်ပိုင်းကာလများတွင် မုန်လာဥဖြူဟုခေါ်ကြသည်။

ချက်ပြုတ်ရခြင်းတာဝန်မှ လွတ်ကင်းသွားသော စန်းလော့သည် ရေကို ဖြည်းဖြည်းချင်းသောက်ကာ ညွှန်ကြားလိုက်၏။

"အရိုးပြုတ်ထားတဲ့ရေ ဆူလာတဲ့အထိ အရင်စောင့်ရမယ်။ အမြှုပ်တွေကို သစ်သားဇွန်းနဲ့ခပ်ထုတ်လိုက်ပြီးရင် အခွံနွှာပြီး လှီးထားတဲ့မုန်လာဥတွေကို မထည့်ခင် မီးအေးအေးနဲ့နှပ်ထားရမယ်။ မုန်လာဥအခွံတွေကို လွှင့်မပစ်နဲ့နော်။ အခွံတွေကို ထူထူလေးဖြစ်အောင် ထပ်ပြီး အပိုင်းသေးသေးလေးတွေ ဖြစ်အောင်လှီးပြီးရင် ဆားနည်းနည်း၊ ပဲငံပြာရည်နဲ့ ရှာလကာရည်လေးရောရမယ်။ ဒီညတော့ အဲ့တာကို ဆန်ပြုတ်အလွတ်နဲ့ စားလို့ရတယ်"

မုန်လာဥအခွံချဉ်သည် စန်းလော့ အထူးနှစ်သက်သောဟင်းဖြစ်သည်- အရသာရှိပြီး ကယ်လ်စီယမ်ဓာတ်ကြွယ်ဝ၏။ ကံမကောင်းစွာဖြင့် သူတို့၏အိမ်တွင် ငရုတ်သီးနှင့် ကြက်သွန်ဖြူများ မရှိတော့ပေ။

ရှန်းမောင်နှမသည် ပထမဦးဆုံးအကြိမ် မုန်လာဥအခွံကို စားရသည့် နည်းလမ်းအသစ်ကို ကြားသိလိုက်ရပြီးနောက် မှတ်ထားလိုက်လေသည်။ တစ်ယောက်မှာ မီးကို ကြည့်နေစဉ် အခြားတစ်ယောက်သည် မုန်လာဥကိုရေဆေးပြီး အခွံနွှာခြင်း၊ လှီးဖြတ်ခြင်းဖြင့် အလုပ်များနေလေသည်။

သင့်လျော်သောဓားမရှိသဖြင့် တံစဉ်၊ဝါးဓားနှင့်ကျောက်ဓားတို့ကိုသာ အားကိုးနေရသောကြောင့် ပင်ပန်းလှသည့် အင်အားကုန်သည့်အလုပ် ဖြစ်နေသည်။ သို့သော် ကလေးများသည် စန်းလော့ကို လွန်လွန်ကဲကဲ မစိုးရိမ်စေဘဲ အိမ်မှုကိစ္စများကို သေချာစီမံခန့်ခွဲတတ်ပုံရသည်။

အရိုးစွပ်ပြုတ် ပြုတ်နေစဉ်တွင် မောင်နှမနှစ်ယောက်သည် ဆာလောင်နေကြသော်လည်း ဟူဘင်းမုန့်ကို မထိကြပေ။

ဟူပင်းနှင့်တွဲဖက်ထားသော ဟင်းရည်သည် ပြီးပြည့်စုံသော ဟင်းတစ်ခွက်ဖြစ်၏။ ပုံမှန်အတိုင်း၊ သူတို့၏မကြီးနှင့် အတူတူစားသုံးနိုင်ရန် ဟင်းချိုအဆင်သင့်ဖြစ်မည့်အချိန်ကို စောင့်နေကြလေသည် - မိသားစုနှင့်အတူဝေမျှစားသောက်ရသော ဟင်းပွဲသည် ပိုပြီး အရသာရှိလှ၏။

လုပ်စရာမရှိတော့သဖြင့် ရှန်းအန်းသည် ဝက်ဆီဖတ်နှင့် အလဲအလှယ်လုပ်ပြီး မြေရှင်းရန် ရှန်းကျင့်နှင့် သူ၏ညီအစ်ကိုများကို အလုပ်‌ပေးထားရသည့် အကြောင်းရင်းများကို စန်းလော့ကို အသေးစိတ်ရှင်းပြလိုက်၏။ နောက်ဆုံးတွင် သူသည် သူ့မကြီးက သဘောမတူမှာကို ကြောက်မိသဖြင့် စိုးရိမ်နေဆဲပင်။

အိမ်က ငွေအားလုံးကို သူတို့၏မကြီးက ရှာထားခြင်းဖြစ်သည်။ သူတို့၏မကြီးကတော့ အစောပိုင်းတွင် သူတို့၏တတိယဦးလေးနှင့်အဒေါ်၏ လျစ်လျူရှုခြင်းခံခဲ့ရပြီး သေလုပ်မတတ် နေမကောင်းဖြစ်ခဲ့ရသည်။ အခုတော့ ရှန်းအန်းက စိုးရိမ်မိသည်က သူမရှာထားသည့် ငွေဖြင့် ဝယ်ထားသည့်အသားကို သူ့ဝမ်းကွဲများအတွက် သုံးခဲ့မိကြောင့်ပင်။

သူသည် သူ့လုပ်ရပ်များနှင့် သူစိုးရိမ်မှုများအတွင် အကြောင်းပြချက်အားလုံးဖြင့် ရှင်းပြလိုက်ပြီး မည်သို့ အမှားပြင်ဆင်ရမည်ကို ကြိုးစားအဖြေထုတ်နေတော့သည်။

ရှန်းအန်းက ခေါင်းငုံ့ကာ ပြောလိုက်၏။

''ရှန်းယင်နဲ့ ရှန်းထျယ်က တကယ်ကို အလုပ်အများကြီး မလုပ်နိုင်ဘူး။ နှစ်ရက်လောက်ပါပဲ။ စားလက်စတွေ ကုန်သွားတာနဲ့ သူတို့ထပ်လာလို့ မရတော့ဘူးဆိုတာကို နားလည်အောင်လုပ်ပါ့မယ်"

သူ၏အသံမှာ ဖျော့တော့နေလေသည်။ သူ ကူညီပြုစု ပျိုးထောင်ပေးလိုက်သော ဝမ်းကွဲဝမ်းကွဲနှစ်ယောက်အပေါ် တွင်တော့ ချစ်သည့်စိတ်ရှိနေသေး၏။

စန်းလော့သည် စိတ်ထဲမထားလိုက်ပေ။ တစ်ယောက်မှာ ငါးနှစ်၊ ကျန်တစ်ယောက်မှာ ခြောက်နှစ်ဖြစ်ပြီး၊ ရှန်းထျယ်သည် နှစ်နှစ်နီးပါးဖြစ်သည်။ ယခုခေတ်ဆိုလျှင် သူငယ်တန်းကျောင်း တက်နေကြရလောက်သည်။ ဝက်ဆီဖတ်အနည်းငယ်သည် သူမအတွက် စိတ်ပူစရာ မဟုတ်ပေ။

သူမစိုးရိမ်သည်မှာ ရှန်းကျင့်အပေါ်ထားသော ရှန်းအန်း၏စိုးရိမ်မှုဖြစ်ပြီး လောဘကြောင့် သူတို့အိမ်အတွင်းခိုးဝင်လာမည့်ရှန်းကျင့်ကို သတိထားရန် ထပ်လောင်းပြောကြားလိုက်သည်။

အမှန်တကယ်ပင် နတ်သမီးတို့ဟူးကို နေ့တိုင်းပြုလုပ်နေသည်ကို သတိမထားဘဲ မနေလောက်ချေ။ သူမသည် အရွက်အကြွင်းအကျန်များကို မြေသြဇာအဖြစ် ဖုံးအုပ်လိုက်သည်။ အရည်စစ်သောအထည်မှာ အသုံးပြုခြင်းကြောင့် စွန်းထင်းနေပြီး စပ်စုလိုသူကတော့ သတိထားမိပေလိမ့်မည်။

ထို့အပြင် သူမသည် တို့ဟူးပြုလုပ်ရန်အတွက် နောက်ထပ် ကိရိယာများထပ်ထည့်ရဦးမည့် ကြိတ်ခွဲစက်တစ်လုံးဝယ်ရန် စီစဉ်ထားသည်... စန်းလော့သည် သင့်လျော်သော မီးဖိုပင်မရှိသည့် ကြပ်ညှပ်နေသည့် ကောက်ရိုးတဲလေးကို ဝေ့ပြီးကြည့်လိုက်လေသည်။

တို့ဟူးပြုလုပ်ရာတွင် ပဲနို့ကျိုချက်ရန်လိုအပ်သည်။ ယာယီကျောက်မီးဖိုနှင့် အိုးအသေးကို အသုံးပြုခြင်းမှာ ဖြစ်နိုင်သော်လည်း ထိုအရာသည် ပမာဏကိုကန့်သတ်ထားပြီး ပိုမိုအားစိုက်ထုတ်ရန် လိုအပ်သည်။

ပတ်လည်မှာနံရံတစ်ခုနဲ့ သောအိမ်တစ်ခုပါတဲ့ သင့်တော်တဲ့မီးဖိုဆောင်တစ်ခုတော့ လိုလာပြီထင်တယ်။ မဟုတ်ရင် နောက်ပိုင်း ငါတို့ရဲ့အားထုတ်မှုတိုင်းအတွက် လုံခြုံမှု ရှိမှာမဟုတ်ဘူး။

"မောင်လေးရဲ့စိုးရိမ်မှုတွေက ကျိုးကြောင်းညီညွတ်ပါတယ်။ မောင်လေးနဲ့အားနဉ်က ပိုပြီး သတိဝီရိယရှိသင့်တယ်။ ပြီးတော့ အစ်မတို့အိမ်ကို သေချာလုံခြုံအောင် လုပ်ရမယ်၊ ရှန်းကျင့်သာ မြေကို စိတ်ပါလက်ပါ လုပ်ရင် ဝက်ဆီဖတ် နည်းနည်းလေးအတွက်နဲ့တော့ ဗျာမများပါနဲ့။ သူ့ကိုပဲ ပေးလိုက်ပါ"

စီရင်စုတွင် နတ်သမီးတို့ဟူးရောင်းချရန် ချန်းမိသားစုနှင့် ပူးပေါင်းခြင်းသည် စန်းလော့၏ ကန့်သတ်ချက်များကို ကျော်လွန်စေသည်။ ပထမအနေနှင့် အကွာအဝေးပိုကျယ်သွားပြီး ဒုတိယအနေဖြင့် တိုဟူးများပိုလုပ်ရ၏။ ထို့အပြင် စိုက်ပျိုးရာတွင် အချိန်ကိုက်ခြင်းသည် အရေးကြီးပြီး မှန်ကန်သည့်အချိန်နှင့် လွဲချော်သွားလျှင် အချို့သောသီးနှံများအတွက် ရိတ်သိမ်းခြင်းမပြုနိုင်ပေ။

အမှန်တိုင်းပြောရလျှင် ရှန်းကျင့်၏နေ့တစ်ဝက်လုပ်ကိုနှင့် ဝက်သားအဆီတစ်ပိုင်းကို လဲလှယ်ခြင်းသည် စန်းလော့အတွက် အနည်းငယ် အမြတ်ထုတ်သည်ဟု ခံစားရ၏။ သို့သော် ရှန်းကျင့်၏ ရွှန်းရွှန်းဝေအောင်ပြောတတ်ပါးစပ်ကို သတိရကာ သူမခံစားရသည့် မလုံမလဲသည့်စိတ်မှန်သမျှ မြန်မြန်ပျောက်ကွယ်သွားတော့သည်။

တကယ်တော့ ဒါဟာ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ ကိစ္စပဲလေ။ ငါကတော့ ဝင်စွက်ဖက်ထားတာမှမဟုတ်တာ။

သူ့မရီး၏စိတ်ပါလက်ပါဖြင့် အတည်ပြုခြင်းသည် ရှန်းအန်းကို စိတ်အေးသွားစေပြီး ကြိတ်ဝမ်းသာ သွားတော့သည်။ ဒါက လက်ခံပေးတာရော ချီးမွှမ်းတာရော နောက်ပြီး သူ့ပူပင်နေတဲ့စိတ်ကို သက်သာ‌အောင် လုပ်ပေးလိုက်တာမလား။

အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူသည် မီးကြည့်ပေးရန် လှည့်ထွက်သွားလိုက်ပြီး သူ့ပျော်ရွှင်မှုကို တိတ်တိတ်လေး သ‌ဘောတွေ့နေတော့သည်။

အနားတွင် ရပ်နေသည့် ရှန်းနဉ်က လှမ်းအကြည့်တွင် သူ့အမူအရာကို တွေ့လိုက်ရ၏။ သူမသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း သူမအစ်ကို၏ အပြစ်ကင်းစင်သောပျော်ရွှင်မှုကို မစနောက်လိုပေ။

......

ချန်းမိသားစုတွင် ချင်ဖန်းညန်သည် အိမ်ပြန်ရောက်သည်နှင့် ပိုက်ဆံအိတ်ကို စိတ်အားထက်သန်စွာ ပြသလိုက်ပြီး ဆယ့်ရှစ်ဝမ်ရသည့်အကြောင်းကို လူတိုင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြွားလုံးထုတ်နေတော့သည်။

သူမထုပ်ပိုးထားသော ဟူဘင်းအပိုင်းအစလေးကို သေချာ ဖြည်လိုက်ပြီး အပိုင်းငါးပိုင်း ပိုင်းလိုက်၏။ သူမက မြည်းထားပြီးသည့်အတွက် ဖယ်နေလိုက်ပြီး မိသားစုဝင်တိုင်းက မြည်းစမ်းကြည့်ရန် တစ်ကိုက်စာစီ ရလိုက်ကြ၏။

သူတို့စားနေသည်ကိုကြည့်ပြီး ကျေနပ်စိတ်ဖြင့် သူမ၏ပါးစပ်ကို တစ်ခါလေးပင် မပိတ်မိချေ။

ပူပြင်းသောနေ့လည်ခင်းတွင် အဘိုးချန်းနှင့်ချန်းယိုထျန်းတို့သည် အိမ်တွင် ရှိနေကြသည်။ တစ်မိသားစုလုံး စုဝေးကြပြီး ချင်ဖန်းညန်၏ စီရင်စုခရီးစဉ်တွင် မြို့ထဲသို့ ၀င်လိုက်ပုံ၊ မောင်းသံကြားရပုံ၊ အရှေ့ဈေးသို့ သွားလိုက်ပုံ၊ ထို‌ဈေးနေရာတွင် လူများဖြင့်ပြည့်နက်နေပြီး နတ်သမီးတိုဟူး ရောင်းကောင်းပုံတို့ကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောပြသည်ကို နားထောင်‌နေကြလေသည်။

သူမသည် အထူးသဖြင့် တို့ဟူးအပိုရောင်းချခွင့်ပေးသည့် စန်းလော့ကို ချီးကျူးလိုက်သည်။ စျေးအခွန်ကို ပထမဆုံးအကြိမ် ပေးဆောင်ရန် ကမ်းလှမ်းမှုသည် သူမ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်သည်။ ရှန်းအန်းနှင့်သူ့ညီမအတွက် ဟူဘင်းကို ပြန်ယူလာရန် သတိရသောကြောင့် သူမနှင့်တစ်ပိုင်းပင် ဝေမျှလိုက်သေးသည်။

စကားလုံးနှစ်လုံးဖြင့်အကျဉ်းချုပ်ဖော်ပြရသော် - ရိုးသား ဖြောင့်မတ်ခြင်း ပင်။

ကပ်ဆိုက်သောကာလအတွင်း ကူညီပံ့ပိုးပေးလိုက်သော ယောက္ခမကို ချီးကျူးခြင်းဖြင့် စကားကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် စန်းလော့၏ ခင်မင်ရင်းနှီးမှုနှင့် သူမတို့၏ မိသားစုအတွက် နတ်သမီးတို့ဟူးရောင်းရန် အခွင့်အရေးကို ရရှိလိုက်သည်။

ထို့ကြောင့် သူတို့ပြောသည်မှာ မှန်၏- လူကောင်းတွေက ကောင်းတဲ့ဆုတွေရကြတယ်။ သူမ၏ယောက္ခမသည် အမှန်ပင်တော်သည့်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် သူမ၏ကံကောင်းခြင်းများ ရောက်ရှိလာခြင်းပင်။

အဘွားချန်း....

ငါ့ချွေးမက စကားကိုရွှန်းရွှန်းဝေအောင် ပြောတတ်တာကို သိလိုက်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ။

ကြည့်ရတာ ဈေးထဲမှာ လှည့်ရောင်းတတ်တဲ့ပညာ နည်းနည်းပါးပါး တတ်လာတာပဲဖြစ်ရမယ်။ သူ့ယုံကြည်ချက်တွေကို အားပေးနေပြီး သူ့ကံကောင်းခြင်းတွေကို ဖွင့်နေတာမလား။

ချင်ဖန်းညန်သည် ယောက္ခမဖြစ်သူ၏အကြည့်ကို လုံးဝ သတိမထားမိချေ။ အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းသာနေလေသည်။ သူမသည် သူတို့၏ခရီးစဉ်အတွင်း စန်းလော့နှင့်အတူ ပုံမှန်ပုံစံအတိုင်း ထိန်းထားနိုင်လိုက်ပြီး သူမမိသားစုသာရှိသည့် အိမ်သို့ ပြန်ရောက်သောအခါတွင် စိတ်လှုပ်ရှားမှုမှာ မထိန်းနိုင်ဘဲ လွတ်ထွက်သွားတော့သည်။

သူမသည် ဈေးမှပြန်ယူလာသော ဝမ်တစ်ဆယ့်ကိုးပြားကိုပင် အကြိမ်ကြိမ် ပြန်ရေတွက်နေမိ၏။

သူမသည် ခေါင်းစဉ်ပြောင်းကာ ပြောလိုက်လေသည်။

"အမေ၊ စန်းလော့က ဒီညနေမှာ ဟင်းသီးဟင်းရွက်အချို့ကို ကောက်ရိုးနဲ့စုစည်းပြီး မနက်ဖြန် အရှေ့ဈေးမှာ ရောင်းဖို့အတွက် အကြံပေးလိုက်တယ်။ နှစ်စည်းကို တစ်ဝမ်တောင်းလို့ရတယ်၊ ဒီနေ့ သူယူလာသမျှ အကုန်လုံးရောင်းထွက်သွားတယ်တဲ့"

အဘွားချန်းက ခေါင်းညိတ်ပြလိုက်ပြီး

"ဒါဆို နင် ဒီညနေ အပြင်ထွက်ပြီး တစ်ခုခုကို ခူးသင့်တယ်"

ချင်ဖန်းညန်သည် စိတ်အားထက်သန်စွာ ဆက်ပြောလိုက်သည်။

"အမေ၊ ဟင်းသီးဟင်းရွက်တွေရောင်းပြီး အကြွေနည်းနည်းလောက်ရရင် မနက်ဖြန် ဝက်အရိုးတစ်ပိုင်း ဝယ်နိုင်မယ်လို့ ကျွန်မ တွေးနေတာ။ အာဟာရဖြစ်စေတဲ့ အရိုးစွပ်ပြုတ်လုပ်ဖို့အတွက် မုန်လာဥဖြူကိုလည်း အသုံးပြုလို့ရသေးတယ်။ စန်းလော့က အာဟာရပြည့်ဝတယ်လို့ ပြောလိုက်တယ် - ကလေးတွေကို အရပ်ရှည်စေဖို့ အကူအညီဖြစ်ပြီး အမေနဲ့အဖေအတွက်လည်း ခြေထောက်နာတာတွေကို သက်သာစေတယ်တဲ့။ စဉ်းစားကြည့်လိုက်တော့ တောဟင်းသီးဟင်းရွက် နှစ်စည်းရောင်းတာက ကျွန်မတို့အတွက် အရိုးတွေရနိုင်တယ်၊ ဈေးလည်းမကြီးဘူး"

အဘွားချန်း ....

သူ စန်းလော့ လွှမ်းမိုးတာ ခံလိုက်ရပြီလားဟဲ့။

စကားဝိုင်းတစ်လျှောက်တွင် နှစ်ဖက်စလုံးမှ 'အားလီရဲ့မိန်းမ' ဟူသည့်စကားကို အဆက်မပြတ်ကြားနေရပြီး အဘွားချန်းသည် ထိုအကြောင်းကို ကြားရသည်မှာ ငြီးငွေ့လုနီးပါးပင်။

သို့သော် သည်အတင်းစကားက အတော်လေး ကြည်နူးစရာကောင်းပြီး လူတိုင်းကို စိတ်ချမ်းသာစေပုံရသည်။

"ကောင်းပြီ၊ တောဟင်းသီးဟင်းရွက်တွေကို ပိုက်ဆံနဲ့ လဲလှယ်လို့ရရင် နင် ပြောတဲ့အတိုင်း လုပ်ကြရအောင်။ မနက်ဖြန် ဟင်းချက်ဖို့ တစ်ခုဝယ်မယ်"

ထို့နောက် သူမက ဆက်မေးလိုက်၏။

"အားလီရဲ့မိန်းမက မနက်ဖြန်ရောင်းမယ့် နတ်သမီးတို့ဟူးက ဘယ်လောက်လုပ်မှာလဲ"

ဤအရာသည် အဘွားချန်းအတွက် အစိုးရိမ်ရဆုံးပင်ဖြစ်သည်။

ချင်ဖန်းညန်က သူမ၏နဖူးကို ပုတ်လိုက်ပြီး

"မေ့တော့မလို့၊ ဒီပစ္စည်းက စီရင်စုမှာ အသစ်အဆန်းဖြစ်ပြီး ရောင်းအားကောင်းတယ်။ အားလီရဲ့မိန်းမနဲ့ ကျွန်မ တိုင်ပင်ခဲ့ပြီးပြီ သူက ဒီညမှာ နောက်ထပ် ပိုလုပ်ဖို့ကို သဘောတူလိုက်တယ်။ မနက်ဖြန်တော့ ကျွန်မတို့ လှည်းကိုယူပြီး စျေးနှစ်ခုလုံးမှာ စျေးဆိုင်ဖွင့်ကြမှာ"

စျေးခွန် ၁ ဝမ်ပေးပြီး မနက်ခင်းတစ်ပိုင်းတည်းနှင့် ပြန်ထွက်လာရသည့်က ဆုံးရှုံးမှုတစ်ခုပင်။

ချင်ဖန်းညန်သည် စန်းလော့ဝယ်ယူလိုက်သော သစ်သားစည်ပိုင်း နှစ်ခုအကြောင်းကိုလည်း ပြောပြလိုက်သေးသည်။

"ကျွန်မတို့မိသားစုသာ သူ့စည်ပိုင်းနှစ်ခုမှာ အိုးနှစ်လုံး ထပ်ထည့်မယ်ဆိုရင် ကုန်စည်တွေကို များများ သယ်လာနိုင်လောက်တယ်"

အဘွားချန်းသည် မည်သို့ပင်ဆိုစေကာမူ သူတို့၏လှည်းမှာ သုံးစရာမလို‌သောကြောင့် မကန့်ကွက်ပေ။ ကုန်ပစ္စည်းများများ ရောင်းရလေ ဝင်ငွေပိုရလေလေဖြစ်ပြီး ဤသည်မှာ ကောင်းသည့်ကိစ္စပင်။

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အဘိုးချန်းသည် သူ၏ဆေးတံကို ပုတ်ပြီးနောက် ရုတ်တရက် စကားပြောလာ၏။

"လုပ်စရာတွေ အများကြီးရှိပေမယ့် သူ့ ကောက်ရိုးတဲလေးက ဒါတွေအားလုံးကို ကိုင်တွယ်နိုင်ပါ့မလား"

"စည်ပိုင်းလေးလုံးနဲ့တင် များနေပြီ၊ မြေအိုးလေးလုံးထပ်ထည့်လိုက်ရင် အထဲမှာ နေရာအများကြီး ကျန်တော့မှာမဟုတ်ဘူးထင်တယ်"

ခင်ပွန်းဖြစ်သူ၏ သုံးသပ်ချက်ကို ကြားသည့် အဘွားချန်းသည် တစ်ချက်ပြန်သည့်လိုက်ပြီး

"ရှင် ဘာကိုဆိုလိုတာလဲ"

အဘိုးချန်းသည် သူ၏ဆေးတံပိုက်ခေါင်းထဲသို့ ဆေးဖြည့်ရင်း အကြံပေးလိုက်သည်။

"ငါ စဉ်းစားနေတာ၊ သူမက ဒီစီးပွားရေးကို ငါတို့လက်တွဲပြီး လုပ်နေတာဆိုတော့ နေ့တိုင်း ကုန်ပစ္စည်းတွေ ပိုပိုလုပ်ဖို့လိုလာတယ်၊ ငါတို့တွေ သူ့အတွက် နောက်ထပ်မီးဖိုချောင်တစ်ခုလောက် ဆောက်ပေးသင့်လားလို့ပါ"

သူသည် ခဏမျှရပ်ပြီး ဆက်ပြောလိုက်သည်။

"ဒီနေ့ နေ့လည်ကျရင် သူ့ကို မေးကြည့်လိုက်၊ သူ့မှာ အစီအစဥ်ရှိတယ်ဆိုရင် လယ်ထွန်တဲ့ရာသီမတိုင်ခင်မှာ စပြီး ဆောက်လို့ရတယ်။ ငါလည်း ယိုထျန်းနဲ့အတူ ရွာက ရင်းနှီးတဲ့လူတချို့ဆီက အကူအညီ တောင်းလို့ရတယ်။ ရက်အနည်းငယ်အတွင်း ပြီးနိုင်တယ်၊ နောက်ပြီး အခုအချိန်က ခိုင်ခံ့တဲ့ရွှံ့နံရံတွေ တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပဲ"

စာမတတ်သော်လည်း ဉာဏ်ပညာရှိသော အဘိုးချန်းသည် အပြန်အလှန်ဆက်ဆံခြင်း၏ အရေးကြီးပုံကို နားလည်လေသည်။

လုပ်ငန်းသစ်သည် သူတို့၏ မိသားစု ၀င်ငွေကို တိုးလာ‌စေသည်။ စန်းလော့က အများကြီး ချုပ်တည်းမနေရဘဲ အဆင်ပြေပြေ ထောက်ပံ့နိုင်အောင် သူ သေချာလုပ်ပေးချင်သည်။ ဒါကလည်း သူလုပ်ပေးနိုင်သည့်နည်းလမ်းဖြင့် ကျေးဇူးပြန်ဆပ်ခြင်းတစ်မျိုးဟု မှတ်ယူနိုင်ပေသည်။

...

ဒါလေးက paid မှာ  အပိုင်း ၁၇၂ ရောက်ပါပြီနော်။ တစ်ရက်ခြား ၃ ပိုင်း တင်ပေးပါတယ်။ မစောင့်ချင်ရင် OrchidSarPay Telegram accမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

...

အပိုင္း(၃၁)

ရွန္းအန္းသည္ စန္းေလာ့ကိုယ္စား ရွန္းက်င့္ႏွင့္ သူ႔ညီေလးႏွစ္ေယာက္ကို လိုက္လံပို႔ေဆာင္ၿပီးေနာက္ အိမ္ထဲသို႔ပစၥည္းသယ္ေနေသာ သူ၏မရီးကို ကူညီေပးလိုက္သည္။

ထိုေန႔တြင္ သူတို႔၏မရီးထံမွ စည္ပိုင္းအသစ္ႏွစ္ခုဝယ္သည္ကို သိလိုက္ၿပီးေနာက္ စည္ပိုင္းအေပၚက ျခင္းေတာင္းမ်ားထဲတြင္ ေကာက္ႏွံ လီတာေပါင္းမ်ားစြာႏွင့္ အ႐ိုးကပ္အသားမ်ားကို ေတြ႕ရွိေသာအခါ ေမာင္ႏွမႏွစ္‌ေယာက္သည္ ဝမ္းသာကိုရျဖင့္ ခုန္ေပါက္လုနီးပါး ျဖစ္ေနၾကသည္။

စန္းေလာ့သည္ အိတ္မ်ားအတြင္းရွိ ေကာက္ႏွံမ်ားကို လွယ္ရန္ အာ႐ုံစိုက္ေနၿပီး ဟူပင္းမုန္႔ကို သတိမထားမိပုံမေပၚေသာ ကေလးငယ္မ်ားကို ျမင္လိုက္ရသည္တြင္ ဆီစကၠဴအိတ္ကို ထုတ္ကာ

"ဒါ ဘာလဲ၊ လာၾကည့္ပါဦး"

ေမာင္ႏွမႏွစ္ေယာက္သည္ ေရွ႕ဆင့္ေနာက္ဆင့္ လွည့္ၾကည့္လိုက္ၾကၿပီးေနာက္ သူတို႔မရီးလက္ထဲက ဆီစြန္းေနသည့္စကၠဴအိတ္ထဲတြင္ တဝက္ေက်ာ္ေလာက္ ထုတ္ျပထားသည့္ စားခ်င္စဖြယ္ ဆီ႐ႊဲေနသည့္မုန႔္ကို ျမင္လိုက္ၾကေတာ့သည္။

"ဟူပင္းမုန္႔လား" ရွန္းအန္းသည္ ခ်ီတုံခ်တုံျဖင့္ေမးလိုက္သည္။

စန္းေလာ့သည္ အံ့ဩသြားၿပီး "ဒါကို အရင္က စားဖူးတာလား"

ဒါကို ေဈးထဲမွာ ေရာင္းတဲ့သူမရွိတာ မွတ္မိေနပါေသးတယ္။

ေမာင္ႏွမႏွစ္ေယာက္လုံးသည္ တစ္ၿပိဳင္ထဲေခါင္းညိတ္လိုက္ၾကၿပီး သူတို႔၏မ်က္လုံးမ်ားမွာ အနည္းငယ္မွိန္ေဖ်ာ့သြားေလသည္။

"အစ္ကိုႀကီးက ညီမတို႔အတြက္ တစ္ခါ ဝယ္လာေပးဖူးတယ္"

ေကာင္းေရာ။ မုန႔္က ကေလးႏွစ္ေယာက္ကို သူတို႔အစ္ကိုႀကီးကို ျပန္သတိရသြားေအာင္ လုပ္လိုက္ၿပီ။

စန္းေလာ့သည္ သူတို႔ကို အာ႐ုံေျပာင္းသြားေအာင္ ျမန္ျမန္ႀကိဳးစားရေတာ့သည္။

"လက္သြားေဆးၿပီး ကိတ္မုန႔္လာစားၾက၊ ေႏြးေနတဲ့အခ်ိန္ေလး စားရတာက အေကာင္းဆုံးပဲ၊ တစ္ရက္က်မွ လတ္လတ္ဆတ္ဆတ္ ဖုတ္ထားတဲ့ကိတ္မုန႔္ကို စားလို႔ရေအာင္ စီရင္စုကို ေခၚသြားေပးမယ္"

ရွန္းအန္းက ေခါင္းညိတ္ျပလိုက္ၿပီး လက္ေဆးရန္အတြက္ ရွန္းနဥ္ကို ဦးေဆာင္ကာေခၚသြားလိုက္သည္။

သူတို႔ျပန္ေရာက္လာေသာအခါ ရွန္းအန္းသည္ က်န္ရွိေနေသာ ကိတ္တစ္ဝက္ကို သုံးပိုင္းခြဲလိုက္၏။ အႀကီးဆုံးအပိုင္းကို စန္းေလာ့ထံသို႔ ေပးလိုက္သည္။ သို႔ေသာ္ သူမသည္ မယူလိုက္ေပ။

"ေမာင္ေလးတို႔ပဲ စားလိုက္ပါ၊ အစ္မက စီရင္စုမွာ နဲနဲစားခဲ့ၿပီးၿပီ"

လွည့္ထြက္လာလိုက္ၿပီး ကုတင္ေပၚတြင္ လဲခ်လိုက္ေတာ့၏။ တေန႔လုံး အျပင္ထြက္လာၿပီးသည့္ေနာက္တြင္ သူမ၏အဝတ္အစားမ်ားက သန႔္မသန႔္ကိုပင္ ဂ႐ုမစိုက္ႏိုင္ေတာ့ေခ်။

စန္းေလာ့သည္ ဝန္ပစၥည္းမ်ားကို အသြားအျပန္မိုင္ႏွစ္ဆယ္မွ် ထမ္းၿပီးေသာအခါတြင္ လုံးလုံးေမာပန္းေနေလသည္။ သူမ၏ဆံပင္မ်ားပင္လွ်င္ ပင္ပန္းေနသကဲ့သို႔ ခံစားရၿပီး အခန္းထဲတြင္ ကုတင္မွလြဲ၍ ထိုင္စရာ ကုလားထိုင္ပင္ မရွိေပ။

အခုအခ်ိန္တြင္ စန္းေလာ့သည္ လက္ေခ်ာင္းတစ္ေခ်ာင္းကိုပင္လွ်င္ မလႈပ္ခ်င္ေတာ့ေပ။ ေပ်ာ့ေနေသာေခါက္ဆြဲကဲ့သို႔ ကုတင္ေပၚတြင္ ပစ္လွဲေနခ်င္ေတာ့သည္။

သူမကလည္း ထိုသို႔ပင္ လုပ္လိုက္ေလသည္။

သူမကို ထိုသို႔ ျမင္လိုက္‌ရေသာ ေမာင္ႏွမႏွစ္ေယာက္သည္ စားလက္စကို ရပ္ကာ သူမအနားသို႔ ခ်ဥ္းကပ္သြားၾကေတာ့သည္။ ရွန္းနဥ္က အိပ္ရာေပၚတက္သြားကာ စန္းေလာ့ကို ေမးလိုက္၏။

"မႀကီး၊ ေျခေထာက္နာေနလို႔လား"

သူမသည္ ခ်က္ခ်င္း ႏွိပ္နယ္ေပးရန္ အဆင္သင့္ျဖစ္ေနပုံရသည္။

ယားတတ္သည့္စန္းေလာ့က ျမန္ျမန္ဖယ္လိုက္၏။

"ပင္ပန္းေန႐ုံပါပဲ၊ အစ္မကို စိတ္မပူပါနဲ႔။ ညီမေလးနဲ႔ရွန္းအန္းက ကိတ္မုန႔္သြားစားေခ်"

ေမာင္ႏွမႏွစ္ေယာက္သည္ သူမ၏စကားကို အေရးမစိုက္ေပ။ ရွန္းနဥ္သည္ သူမ၏မႀကီးမွာ ေျခေထာက္ႏွိပ္နယ္ရန္ မလိုအပ္ေၾကာင္းကို ႏွစ္ႀကိမ္အတည္ျပဳၿပီးေနာက္ ကုတင္ေပၚမွ ထကာ စြပ္ျပဳတ္ခ်က္ရန္ ျပင္ဆင္ေလသည္။

စန္းေလာ့ ေျပာထားသည့္အတိုင္းပင္ အိမ္တြင္ရွိေသာ မုန္လာဥကို ဝက္အ႐ိုးႏွင့္ ျပဳတ္ရမည္။ ေန႔လည္စာစားခ်ိန္ ေရာက္ေတာ့မည္ကို သိလိုက္ၿပီး ရွန္းနဥ္သည္ ေမးစရာမလိုဘဲ ဝယ္ထားေသာ ဝက္သားအ႐ိုးျဖင့္ ဟင္းရည္ကို စတင္ခ်က္ျပဳတ္လိုက္သည္။

မႀကီးရဲ႕က်န္းမာေရးက သိပ္မေကာင္းဘူး။ အခုတေလာ အလုပ္ေတြလဲ အရမ္းပင္ပင္ပန္းပန္း လုပ္ထားတာရတယ္။ သူ ထပ္ဖ်ားရင္ ဘယ္လိုလုပ္မလဲ။

မႀကီးကို အဟာရျဖည့္ေပးဖို႔ လိုတယ္။

ေမာင္ႏွမႏွစ္ေယာက္လုံး တိတ္တဆိတ္ပူးေပါင္းလိုက္ၾကသည္။ ရွန္းနဥ္သည္ မီးစေမႊးေနစဥ္ ရွန္းအန္းသည္ စန္းေလာ့အတြက္ ေရက်က္ေအးတစ္ခြက္ယူသြားေပးလိုက္ကာ ေျပာလိုက္၏။

"မႀကီး၊ ေရအရင္ ေသာက္ပါဦး"

ထို႔ေနာက္ သူသည္ မိသားစုပိုင္ေျမအိုးထဲသို႔ေရထည့္ကာ သယ္လာလိုက္ၿပီး ခုတ္ထစ္ထားေသာ ဝက္႐ိုးမ်ားကို ေဆးေၾကာလိုက္သည္။

ရွန္းအန္းျပန္ေရာက္လာေသာအခ်ိန္တြင္ ရွန္းနဥ္သည္လည္း မီးေမႊးၿပီး အိုးကို မီးဖိုေပၚသို႔တင္ၿပီးၿပီျဖစ္၏။ သူမသည္ စန္းေလာ့ဘက္ကို လွည့္ကာ ေမးျမန္းလိုက္သည္။

"မႀကီး၊ မုန္လာဥကို ထည့္လိုက္ရေတာ့မလား"

မုန္လာဥကို ေနာက္ပိုင္းကာလမ်ားတြင္ မုန္လာဥျဖဴဟုေခၚၾကသည္။

ခ်က္ျပဳတ္ရျခင္းတာဝန္မွ လြတ္ကင္းသြားေသာ စန္းေလာ့သည္ ေရကို ျဖည္းျဖည္းခ်င္းေသာက္ကာ ၫႊန္ၾကားလိုက္၏။

"အ႐ိုးျပဳတ္ထားတဲ့ေရ ဆူလာတဲ့အထိ အရင္ေစာင့္ရမယ္။ အျမႇဳပ္ေတြကို သစ္သားဇြန္းနဲ႔ခပ္ထုတ္လိုက္ၿပီးရင္ အခြံႏႊာၿပီး လွီးထားတဲ့မုန္လာဥေတြကို မထည့္ခင္ မီးေအးေအးနဲ႔ႏွပ္ထားရမယ္။ မုန္လာဥအခြံေတြကို လႊင့္မပစ္နဲ႔ေနာ္။ အခြံေတြကို ထူထူေလးျဖစ္ေအာင္ ထပ္ၿပီး အပိုင္းေသးေသးေလးေတြ ျဖစ္ေအာင္လွီးၿပီးရင္ ဆားနည္းနည္း၊ ပဲငံျပာရည္နဲ႔ ရွာလကာရည္ေလးေရာရမယ္။ ဒီညေတာ့ အဲ့တာကို ဆန္ျပဳတ္အလြတ္နဲ႔ စားလို႔ရတယ္"

မုန္လာဥအခြံခ်ဥ္သည္ စန္းေလာ့ အထူးႏွစ္သက္ေသာဟင္းျဖစ္သည္- အရသာရွိၿပီး ကယ္လ္စီယမ္ဓာတ္ႂကြယ္ဝ၏။ ကံမေကာင္းစြာျဖင့္ သူတို႔၏အိမ္တြင္ င႐ုတ္သီးႏွင့္ ၾကက္သြန္ျဖဴမ်ား မရွိေတာ့ေပ။

ရွန္းေမာင္ႏွမသည္ ပထမဦးဆုံးအႀကိမ္ မုန္လာဥအခြံကို စားရသည့္ နည္းလမ္းအသစ္ကို

You are reading the story above: TeenFic.Net