အပိုင်း(၁၁)
အရှင်မင်းကြီးရဲ့အတွေးတွေက သူ့ရဲ့ပြောစကားနဲ့ မကိုက်ညီဘူး
ရွှယ်စံအိမ်တွင်...
ရွှယ်ယွမ်က ကုတင်ပေါ်တွင် လှဲနေသည်။သူက နားထောင်လေလေ သူ၏အပြုံးကို မဖိနှိပ်နိုင်လေလေ ဖြစ်လာသည်။
"ဒါက သူက မင်းကိုပြောလိုက်တာပေါ့"
ချန်းယွီရန်က မျက်မှောင်ကျုံ့လျက်ပြောလာသည်။
"မင်း အနည်းဆုံးတော့ အရှင်မင်းကြီး လို့သုံးနှုန်းသင့်တယ်"
ရွှယ်ယွမ်၏ဒူးကို ဆေးပတ်တီးစည်းထားသည်။ထိုနေရာတွင် သွေးရောင်ဖျော့ဖျော့ကိုမြင်နိုင်သော်လည်းရသူက နားငျင်နေသည့်သူမဟုတ်သည့်အလား ထင်ရသည်။သူက ဒဏ်ရာကို လက်ညိုးထိုးပြီးနောက် ဖိအားတင်းကာ ပြုံးပြသလိုမျိူး မျက်နှာထားမျိုးဖြင့်ပြောလာသည်။
"ဒီဒဏ်ရာတွေက အရှင်မင်းကြီးက အပြစ်ပေးထားတာပဲ"
"မဖြစ်နိုင်ဘူး"
ချန်းယွီရန်က သတိလက်လွတ်ပြန်ငြငိးလိုက်သည်။သူက မျက်မှောင်ကြုတ်ပြီး တွေးတောပြီးနောက်ပြောလာသည်။
"မင်း အမှားတစ်ခုခုလုပ်လို့လား"
ရွှယ်ယွမ်က သူ့ကိုချက်ချင်းစိုက်ကြည့်လာသည်။သူကမေးလိုက်သည်။
"ဒီနေ့နန်းတွင်းထဲကို အရှင်မင်းကြီးက မင်းကို ဘာလို့ဆင့်ခေါ်တာလဲ"
ထိုသို့အမေးခံရသောအခါ ချန်ါ်ယွီရန်၏ အသားအရောင်က ရုတ်တရက်တင်းကျပ်သွားပြီးနောက် မျက်နှာကလည်း ဖျားနာသလို နီရဲဆက်သွားတော့သည်။
"အရှင်မင်းကြီးက ဒီနေ့ငါ့ကို နန်းတော်ထဲဆင့်ခေါ်တာက ခစားခိုင်းတာပါပဲ။သဘာဝကျကျပဲ အရှင်မင်းကြီးနဲ့အတူ နှင်းရှုခင်းကို ခံစားဖို့အဖေယ်ပြုခိုင်းတာပေါ့"
"နှင်းရှုခင်းကိုခံစားတယ်ဟုတ်လား"
ရွှယ်ယွမ်က အိပ်ယာကို လက်ဖြင့်ထောက်လိုက်သည်။သူက ခန္ဓာကိုယ်ကို ထထိုင်နိုင်အောင် ထိုလက်တွေကို အားထည့်လိုက်ရသောကြောင့် သူ၏ လက်မောင်းမှကြွက်သားများကတင်းကျပ်သွားသည်။သူ၏ လက်ကပေါင်ကို တတောက်တောက်ခေါက်လျက် အတွေးနက်သွားသည်။
"သူက ဘာလို့ မင်းကိုပစားပေးနေတာလဲ"
ရွှယ်ယွမ်၏ အမြက်တွင် ဧကရာဇ်က အသုံးမဝင်သည့်အရာမျိုးကို လုပ်မည့်သူ မဟုတ်ချေ။ဧကရာဇ်က သူ့လို ခွေးရူးကိုပင်ရန်စရဲသည်။သူ့ကို အပြစ်ရှာခြင်းကို ဦးစွာမေ့ထား၍ရသေးသည်။အနည်းဆုံး ဧကရာဇ်လေးကပြောသော စကားအတိုင်းသူက အမိနိ့ပေးထိန်းချုပ်နိုင်စွမ်းရည်ရှိသည်။သို့သော် ထူးဆန်းသည်မှာ...ချန်းယွီရန်မှာဘာရှိလို့လဲ။
ချန်းယွီရန်လို ပုတ်သိုးစွေးမြေ့နေတဲ့ သရော်စာတွေရေးတဲ့ ပညာတတ်တစ်ယောက်က ဘယ်နေရာမှာ အသုံးဝင်လို့လဲ။
ဧကရာဇ်က ဒီလိုအသုံးမဝင်တဲ့ စာသင်သားတစ်ယောက်ကို နှင်းကိုအတူခံစားဖို့ ဖိတ်ခေါ်ခဲ့တယ်။
အနှစ်ချုပ်ဆိုရသော် ရွှယ်ယွမ်ကဲ့သို့ အနာဂတ်ဗိုလ်ချုပ်ကမူ ဧကရာဇ်ကြောင့် ဒူးလေ့င်းတွင် သွေးထွက်သည်အဖိ ခံခဲ့ရချိန်တွင် ဧကရာဇ်က မျက်တောင်ပင်မခတ်ချေ။
ချန်းယွီရန်က ထိုစကားကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသဖြင့် သူ၏ မျက်နှာတွင် လှောင်ပြုံးကပေါ်လာသည်။
"ရွှယ်ယွမ် မင်းကဘာကိုဆိိုလိုတာလဲ"
ရွှယယွမ်က ခပ်အေးအေးအမူအရာမျိုးဖြင့်ပြောလာသည်။
"မင်းမှာ သောက်ကျိုးနည်းအသုံးဝင်တဲ့နေရာ ရှိလို့လား"
ချန်းယွီရန်က ဒေါသင်္ထွက်သွားပြီး စူးစိုက်ကြည်လာသည်။
"ငါက ဒီတိုင်းပြည်မှာ ကျော်ကြားတယ်လို့ မပြောရဲပါဘူး။ဒါပေမယ့် အနည်းဆူံးငါ့မှာ ကျော်ကြားမှုတော့ရှိတယ်။ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ တုန်းကဆိုရင် ငါ့ကိုလာဂုဏ်ပြုသူတွေများလွန်းလို့ ပြည်တွင်းအာဏာပိုင်တွေကိုတောင်အထိတ်တလန့်ဖြစ်စေခဲ့သေးတယ်။ငါက (စာကျန်04:24) ပါရမီကြီးသူတစ်ယောက်ဖြစ်ခဲ့တယ်။နန်းတွင်းစစ်ဆေးပွဲ ပြီးသွားတဲ့အခါမှာ ငါက နံပါတ်တစ်ပညာသင်သားဆိုတဲ့နေရာ ဖမ်းဆုတ်ယူလာတာကို မင်းစောင့်ကြည့်နေ"
သူက ထိုသို့ပြောပြီးနောက် မြေပြင်ကိုစောင့်နင်းကာ မတ်တပ်ရပ်ပြီး ဒေါသတကြီး အင်္ကျီလက်ကိုခါယမ်းလျက် ထွက်သွားသည်။
ရွှယ်ယွမ်က မေးစေ့ကို လက်နှင့်ပွတ်လျက် အပြည့်အဝပျောက်ကွယ်သွားသော ချန်းယွီရန်ကို ကြည့်လိုက်င်္ပြး နှာခေါင်းရှုံ့လိုက်သည်။
"နံပါတ်တစ် ပညာသင်သားတဲ့လား"
ဧကရာဇ်လေးအတွက် နံပါတ်တစ်ပညာသင်သားဆိုတဲ့ အတုအယောင် ပညာသင်သားတစ်ယောက်ဖြစ်လာရတာက ဘာများအသုံးဝင်လို့လဲ။
ရွှယ်ယွမ်၏ ခြေထောက်များက အိပ်ယာမှဝေးလံစေယနေရာတများကို ခေါ်ဆောင်သွားသည်။သူက မြေပြင်တွက် ခပ်မတ်မတ်ရပ်သည်။သူ၏ လက်များက ကျောနှောက်တွင်ရှိနေပြီး ဖြေးညှင်းစွာပင် ပြတင်းပေါက်ဘက်သို့ လျှောက်သွားသည်။ဒူးကိုခပ်တင်းတင်းပတ်ထားသော ပတ်တီးမှ သွေးများက စိမ့်ထွက်လာသည်။ထိုသို့သော နာကျင်သည့်ခံစားချက်က ရွှယ်ယွမ်အတွက် အသစ်အဆနိးဖြစ်နေသည်။
ရွှယ်ယွမ်ကဲ့သို့ ငယ်စဉ်ကတည်းက စစ်တန်းလျားမှာကြီးပြင်းလာသူတစ်ယောက်အနေနှင့် လက်သီးက မည်မျှမာကြောင်းသိထားသလို စစ်အင်အာယကသာအရာအားလုံးကိုကိုယ်စားပြုကြောက်း ကောင်းကောင်းးနားလည်လေသည်။ရွှယ်စံအိမ်၏ တတိယမျိုးဆက် သစ္စာရှိသူဆိုသော နာမည်က နားထောင်၍ကောင်းသည်။ပြီးတော့လျှင် ထိုသို့သော ကျော်ကြားုခင်းက သေလမ်းကိုရှာနေခြင်းဖြစ်သည်။သူက ဝိုင်တစ်အိုးကို ပစ်ချခဲ့သော အချိန်က ဧကရာဇ်ခေါင်းကေါ်ကိုခွဲချရန် မရည်ရွယ်ခဲ့ချေ။ဧကရာဇ်က ကျော်ဖြတ်သွားင်္ပြးမှသာ သူက ဝိုင်အိုးကိုပစ်ချခဲ့ခြင်းဖြစ်သည်။ဒီအတိုင်းထိုဧကရာဇ်၏ ရွှယ်အိသားစုအပေါ်တုံ့ပြန်မှုကိုသိလိုခဲ့ခြင်းဖြစ်သည်။
ရွှယ်ယွမ်က မေးစေ့ကိုပွတ်ပြီးနောက် ထိုအကြေညင်းကိုတွေးကြည့်လိုက်သည်။သူ ဧကရာဇ်၏ မျက်နှာလေးကို သတိရလိုက်င်္ပြး ဧကရာဇ်က အမွှေးအစုံ မပေါက်လောက်သေးသော်လည်း သူက အမျိုးသမီးများထက် ပို၍လှပသောပုံစံမျိုးဖြင့် ကြီးပြင်းလာခဲ့သည်။
ဒီအတိုင်းဧကရာဇ်ရဲ့ စိတ်နေသဘောထားက နက်နက်ရှိုင်းရှိုင်း အဖုံးခံထားရတာပဲ။
ရွှယ်မိသားစုက လုံလုံလောက်လောက် ပစားပေးခံထားရတာကြောင့် အတွက်လား ဒါမှမဟုတ် မျိုးဆက်သုံးဆက်လုံးက သစ္စာရှိခဲ့ကြလို့လား။
...
ချူရွှမ်းက မြစ်ဝါသို့ လူအများကိုခေါ်ဆောင်သွားသည်။စစ်ဆေးကြီးကြပ်ရေးရုံးတော်က ချူရွှမ်းကိုရှေ့တန်းမှ လုံလောက်အရင်းအနှီးများကို ထောက်ပံ့ပေးခဲ့သည်။စစ်းဆေးကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် ကုယွမ့်ပိုင်က ငွေကြေးအမြောက်အများထုတ်သုံးထားသည်။ထိုရုံးမှ လူများက စာဖတ်ရန် လေ့ကျင့်သင်ကြားပေးခြင်းခံရသလို သိုင်းပညာကိုလည်း ကျင့်ရသည်။သို့သော် သူတို့က မြင်းစီးအတတ်၊မြှားပစ်အတတ်၊စစ်၊အနုပညာ၊မြေမျက်နှာသွင်ပြင်၊ချုံခိုထောက်ပံ့မှုကို ထောက်လှမ်းရှာဖွေခြင်းနှင့် အမျိုးမျိုးသောစွမ်းရည်မျာယကို လေ့လာသင်ကြားထားရသည်။
ပညးအေပြင် ကုယွမ့်ပိုင်က သူတို့၏ စားစရာကိုလည်းရအလွန်အာရုံစိုက်ထားပြီးရသူ၏စစ်တပ်ထပ်ပင် ပို၍အလေးထားထားသေးသည်။အစားအသောက်တွင် အသားနှင့် အရွက်ဟင်းမျညးပါရပြီး ဆန်ကလည်း အရည်အသွေးကောင်းရသလို အသားက မပါမဖြစ် ဖြစ်ရသေးသည်။ထို့ကြောင့် ထိုရုံးတော်တစ်ခုလုံးက အလွန်အင်အားကြီးမားကာ အားအင်အပြည့်ရှိသော ခန္ဓာကိုယ်မာျယကိုပိုင်ဆိုင်ထားကြလေသည်။သူတို့၏ ကျန်းမာရေးက ကုယွမ့်ပိုင်၏ ကျန်းမာရေးကို ကိုယ်စားပြုသည်။ထိုကောင်းမွန်သော ခန္ဓာကိုယ်ကသာ ထောင်ငပါင်းများစွာအကွာမှ စတင်ပြီးလဝက်ခန့် ခရီးဆက်မည်ဆိုလျှင်ပင် မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့်ရောက်လာပြီး ကျန်းမာရေးအကောင်းအတိုင်း ရှိနေပြီဖြစ်သည်။
ကုယွမ့်ပိုင်က ထိုရေလွှမ်းခြင်းကို ကာကွယ်မည့်ကိစ္စကို အချိန်တစ်ူခုကြာမည်အဖြစ်ထားလိုက်ပြီး သူ၏ အာရုံကို လာမည့်စာမေးပွဲသို့သာ အာရူံစိုက်ထားလိုက်သည်။
ဒီရက်မျာိးတွင် တော်ဝင်ခုံရုံးညီလာခံတွင် အမန်များက အမျိုးမျိုးသော စိုးရိမ်မှုများကိုဖော်ပြလာကြသည်။အထူးသဖြင့် မြို့တော်တွင် အအေးလှိုင်းဖြတ်ခြင်းအကြောင်းဖြစ်သည်။ဖြန်သော အအေးလှိုင်းအလွန်ကြောက်မက်ဖွယ်ေကာင်းပြီး အားအင်ဖျော့တော့သော ပညာသင်သားများက ဆိုးကျိုးများနေသလို ဖြစ်နေလေရာ လူအများက အသနားခံကြပြီး အဝန်အထည်များပို၍ယူလာခွင့်ပြုရန်၊နွေးထွေးရန်အတွက် ကျောက်မီးသွေးများ ပိုမိုထောက်ပံ့ရန်နှင့် စာမေးပွဲခန်းမများကို အခန်းများများဖြစ်ရန် ပြင်ဆင်ရန် အသနားခံလာကြသည်။
သူတို့၏ ဆက်ခံသူများကို စာမေးပွဲတွင် ပါဝင်ခိုင်းသော မိဘများအနေဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ငြင်းခုံကြပြီး တော်ဝင်ခုံရုံ၏ တစ်ဝက်ခန့်အထိ သူတို့၏ ငြင်းခုန်ှုများဖြင့် ပြည့်နှက်နေစေခဲ့လေသည်။
ဧကရာဇ်က အလွန်စိတ်ာထားကောင်းသည်။အခန်းများကိုလည်း ပြမ်လည်ပြင်ဆင်ခိုင်းထားပြီး ကျော်မီးသွေးများိကု တိုးမြှင့်ခိုင်းထားသည့် အသနားခံစာကိုလည်း အတည်ပြုလက်ခံပေစခဲ့သည်။ သို့ရာတွင် အရာရှိများကမူ အဝတ်အထည်ကိုပိုယူရန်တောင်းဆိုသော ကိစ္စကို သိအမှတ်မပြုကြချေ။
ယခင်ကလည်းထိုသို့ ဖြစ်ဖူးကြခြင်းမဟုတ်ချေ။မြို့တော်၏ ဆောင်းတွင်းက နှစ်စဉ်ကြာရှည်ကာ အေးစက်လွန်းသည်။ တခါတရံတွင်နွေဦးကဆောင်းတွင်းထိ ရှည်သည့် အခြေအနမျိူးပင်ရှိသည်။ဘောထားကြီးသော ဧကရာဇ်ပေါင်းများစွာက စာမေးပွဲဖြေဆိုသူများကိုအဝတ်တစ်ထပ် ထပ်ယူလာခွင့်ပြုလေသည်။
သို့ရာတွင် အချိန်က ထိုအဝတ်များကြားတွင် အဖြေလွှာများခိုးချသော စာလွှာပေါင်းများစွာပါလာခဲ့သည်။သူတို့က အဝတ်များများဝတ်ထားလေလေ ရှာဖွေစစ်ဆေးရန် ခက်ခဲလေလေဖြစ်သည်။သဘောထားကြီးသော ဧကရာဇ်က ဉာဏ်ရည်နိမ့်ပါးပြီး အျက့်သိက္ခာပျက်ပြားသော သူများ၏ အသားရေဖျက်များငိုပင် ခံခဲ့ရသေးသည်။
"အရှင်မင်းကြီး"
အမတ်တစ်ယောက် အကြံပေးသည်။
"အရင်ကလည်း အအေးလှိုင်းမဖြတ်ဖူးတာ မဟုတ်ပါဘူး။ကျော်မီးသွေးများကိုလည်း လူံလောက်အောင်ထောက်ပံ့ပေးထားပြီး အခန်းတွေကိုလည်း ပြင်ဆင်ပြီးပါပြီ။ဒါက လုံလောက်ပါပြီ"
သို့ရာတွင် ဒီနှစ်၏ အအေးလှိုင်းက ပို၍ပြင်းထန်သည်။မဟာဟန်မင်းဆက်၏စာမေးပွဲကို သုံးရက်ခန့်ကျင်းပရမည်ဖြစ်သည်။အပူချန်က ကျသွားလျှင် သို့မဟုတ် ထိုရက်များတွင် မိုးရွာလာလျှင်အေးစက်နေသော လေပြင်းဒဏ်ကို လူပေါင်းများစွာက ခံစားရတော့မည်ဖြစ်သည်။ပို၍ဆိုးသည်မှ သူတို့က ဒီသုံးရက်ျွင် သေပင်သေသွားနိုင်သည်။
ကုယွမ့်ပိုင်ကလည်း သူ၏ ပါရမီကြီးသော သူများအတွက် ရင်နာသွားမိသည်။ထို့ကြောင့်သူက အဆုံးအစွန်အထိ ဆူံးဖြတ်ချက်ချလိုက်ပြီး အဝတ်များကို ပိုယူလာခွင့်ပြုကြောင်း အမိန့်ထုတ်လိုက်သည်။
ထိုအမိန့်ကိုထုတ်ပြန်ပြီးသည်နှင့်တစ်မြို့တော်လုံးတွင် ရှိသော ပညာသင်သားများအားလူံးက အောင်ပွဲခံကြသည်။သူတို့က ငိုပင်ငိုမိကြသည်။ဧကရာဇ်၏ သဘောထားကြီးမှိုက အလွန်ပင် ကျေးဇူးတင်မိသွားကြသည်။
ကျနူမာရေးမကောင်းသောသူများ မြို့တော်၏ ဆောင်းတွင်းနှင့် အသားမကျသော သူများက အလွန်ပသ် စိတ်လှုပ်ရှားနေကြသည်။သူတိုါက ဒူးထောက်ဦးညွှတ်ကာ ဆက်တိုက်အော်ဟစ်နေကြသည်။
"အရှင်မင်းကြီးက သဘောထားကြီးလွန်းတယ်။အရှင်မင်းကြီးရဲ့ အသားရေကရဒီထက်ပိုပြီး တိူးမြင့်ပါစေ"
ပါးလျအေးစက်သော အဝတ်တစ်ထည်က အေးစက်ပြီးကျဉ်းမြောင်းသော အခန်းထဲမှ နွေးထွေမှုကို ကိုယ်စားပြုသည်။မတ်မျာယက မည်မျှပင် သဘောမတူစေကာမူ ဧကရာဇ်က ထိုသို့ကမ်းလှမ်းချက်ကိုဖြေလျော့လိုက်သည်။ဆိုလိုသည်မှာဧကရာဇ်ကသူတို့ကု အလွန်အားထားခြင်းဖြစ်သည်။
ထိုသို့စဉ်းစားတွေးတောတတ်ပြီး ဂရုစိုက်စိုက်မှုကို ဧကရာဇ်ထံမှရရှိလိုက်ခြင်းက ညယကိုစိတ်ရင်းဖြင့် စိင်္တမြှုပ်ကာလေ့လာထားသော ပညယသင်သားများအားလုံးကို စိတ်ကြွသွားစေသည်။
ဒါပေါ့။ကုယွမ့်ပိုင်ရဲ့ ဘာထားကြီးမှုက လူတွေသူ့အပေါ် အခွင့်ကောင်းယူလို့ရတယ်လို့ တိုလိုတာမှမဟုတ်ဘဲ။
ဒီလိုအချိန်မျိုးကို အခွင့်ကောင်းယူပြီး စာတစ်စောင်မျယး ချော်ထွက်င်္ပြးပါလာခဲ့မယ်ဆိုရင် နောက်ရောက်လာမည့်အပြစ်က သူတို့ရဲ့ ပညာသင်သားဆိုတဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးရတာထက် ပိုပြီး ကြီးမားသွားလိမ့်မယ်။
ကုယွမ့်ပိုင်က သူ၏ သဘောထားင်္ကြးမှုကို အနာဂတ်၏ ဟာသဖြစ်မသွားစေလိုချေ။
နောက်ဆုံးတွင် စာမေးပွဲနေ့ရက်ကရောက်လာသည်။
ချူဝေ့က မနက်စောစောထပြီး တည်ငြိမ်စွာဖြင့် ခြံဝန်းထဲတွင် သိုင်းကျင့်နေသည်။သူကချွေးများစိုရွှဲလာမှသာ ရက်တန့်လိုက်လေသည်။ဆေးကြောသန့်စင်ပြီးနောက် ပြန်ထွက်လာသောအခါ သူ၏မိခင်က သူစာမေးပွဲခန်းသို့ယူဆောင်သွားမည့်ပစ္စည်းများကိုတစ်ဖန်စစ်ဆေးနေကြောင်းတွေ့လိုက်ရသည်။ဒါက သူမထိုသို့လုပ်တာ ငါးကြိမ်မြောက်ဖြစ်သည်။ချူဝေ့ကလည်း ဘာရယ်မသိ ကူကယ်ရာမဲ့သွားရသည်။
"အမေ အဲ့ဒီ့လောက်ထိ မထိတ်လန့်ပါနဲ"
"အမေက မထိန်လန့်ပဲ ဘယ်လိုနေမလဲ"
သခင်မချူက အသံကိုမြှင့်ကာ ပြန်ငြင်းပြီးနောက် ချက်ချင်းခေါင်းကိုငုံ့သွားပြန်ပြီး ရေတွက်တော့သည်။
"အမွှေးနံ့သာ လက်ကိုင်ပဝါ၊စာရွက်တွေ၊အစာခြောက်တွေ.."
ချူဝေ့က သူမကိုကျေနပ်သလို လုပ်ထားခွင့်ပြုလိုက်ပြီးနောက်တွင် တိတ်တဆိတ်စားသောက်လိုက်သည်။အစေခံက ပစ္စည်ူတွေကိုသယ်ပြီး သခင်လေးကိုအဖော်ပြုကာ စာမေးပွဲခန်းထဲသို့ လိုက်ပါမည်ဖြစ်သည်။ခင်မချူက သူ့ကို တံခါးနားအထိလိုက်ပို့ပေးသည်။သူမက လက်အုပ်ချီကာ နတ်ဘုရားများထံမှ ကံကေညင်ူမှိုကုရရှိရန် ဆုတောင်းပေးသည်။
"ကျွန်တော်မျိုးမရဲ့သား ဒီစာမေးပွဲကို ကောင်းကောင်းမွန်မွန်နဲ့အောင် မြင်ပါစေ"
စာမေးပွဲဖြေရန်မြို့တော်သို့ရောက်လာသော ဖြေဆိုသူက အလွန်များသည်။ထို့ကြောင့် အသုတ်များခွဲ၍ စာမေးပွဲခန်းသို့ဝင်ရမည်ဖြစ်သည်။ချူဝေ့၏ ကံကောင်းမှုကအလွန်ဆိုးသည်။သူကမနက်ပိုင်းအစောပိုင်းတည်းက စာမေးပွဲ အခန်းထဲသို့ဝင်ရောက်ရမည်ဖြစ်ပြီး စာမေးပွဲခန်းထဲတွင် တစ်နေ့လုံးနီးပါးစောင့်နေရသည်။
သူကရှေ့တန်းသို့ရောက်သွားသောအခါ ချူဝေ့က အစေခံကိုပြန်ခိုင်းလိုက်သည်။သူကလူအုပ်ထဲတွင် မားမားမတ်မတ်ရပ်လျက် ကိုယ်ပစ္စည်းများကို ကိုင်ကာရပ်နေလိုက်သည်။
သူ၏ရုပ်သွင်က မင်သက်ဖွယ်ကောင်းပြီးသားဖြစ်ပြီးစိတ်နေသဘောထားကလည်း တောက်ပကြည်လင်သောလမင်းလိုကျော့ရှင်းကြည်ြကောင်းလေသည်။လူအများစုက "(စာကျန် 14:41) ခပ်တိုးတိုးရေရွတ်သံထဲမှတစ်ယောက်စ နှစ်ယောက်စက သူဟာ ချူဝေ့သည့် တိုင်းပြည်တစ်ခုခုံးအမက် ဂုဏ်သတင်းမျစွာ ကျော်ကြားသည့် အလှဆုံး အမျိုးသားဖြစ်ကြောင်း သိသွားကြသည်။
ဖင်းချန်းအမတိ၏သား လီရန်က သူ၏မိတ်ဆွေကောင်း ထန်းမန်ကို လိုက်ပို့ရာမှ ပထမဦးဆုံးအကြိမ် သိပ်မဝေးသောနေရာတွင် လူစုလူဝေးဖြစ်နေကြောင်းကို သတိထားမိပြီး လှည့်ကြည့်လိုက်မိသည်။ထို့နောက် ထန်းမန်၏ ပခုံးကိုပုတ်ကာ သူ၏ကံဆိုးမှုကို ဝမ်းသာအားရပြောလိုက်သည်။
"ထန်းမန် ချူဝေ့တောင်မှ စာမေးပွဲမှာဝင်ဖြေတော့မှာ။မင်းအဆင့်ကောင်းအောင် ရနိုင်ပါ့မလား"
ထန်းမန်ကလည်း ချူဝေ့ကို မြင်သည်။သူက မျက်မှောက်ကြုတ်လိုက်ပြီးနောက်တွင် တစ်ဖန်ပြန်လည်စိတ်အေးသွားသည်။
"သူက ခုနှစ်နှစ်တောင် စာမေးပွဲဝင်ဖြေခဲ့တာမဟုတ်ဘူး။သူရဲ့ဗဟုသုတက အရင်အတိုငါးကောက်းမယ် လို့ငါတော့မယုံဘား။ချူဝေ့က စာမေးပွဲဝင်ဖြေလို့ရတယ်။ဒါကေမယ့် ငါ့ကိုမခြိမ်းခြောက်နိုင်ဘူး"
အနေညက်ဘက်မှ ချူဝေ့၏နားက စွင့်ကားသွားသည်။ရုတ်တရက် သူကထန်းမန်ကိုလှည့်ကြည့်လိုက်သည်။
သို့ရာတွင် ထန်းမန်ပင်ဖြစ်စေ၊လီရန်ပင်ဖြစ်စေ သတိမထားမိချေ။လီရန်ကမေးလိုက်သည်။
"မင်းကအချိန်တိုင်းလိုလို အကယ်ဒမီကအတော်ဆုံးသူတစ်ယောက်ဖြစ်နေခဲ့တာပဲ။ဒီတစ်ကြိမ်မှယလည်း နံပါတ်တစ် စာသင်သားနေရာကိုဖမ်းဆုတ်နိုင်မယ်လို့ သေချာလား"
ထန်းမန်က သတိကြီးကြီးထားကာပြောသည်။
"မသေချာဘူး။ငါကြားတာတော့ တလင်ဂူဘုရားကျောင်းရဲ့ လက်ထောက်ခေါင်းဆောင်ရဲ့သား ချန်းယွီရန်ကလည်း စာမေးပွဲကိုဝင်ဖြေလိမ့်မယ်။ငါသူရဲ့ စာပုဒိတွေနဲ့ ကဗျာတွေဖတ်ဖူးတယ်။သူကငါ့ရဲ့အပြင်းထန်ဆုံပြိုင်ဘက်ပဲ"
လီရန်က မနေနိုင်ဘဲ မနာလိုကြီးစွာဖြင့်ပြောလာသည်။
"ဘာပဲဖြစ်ဖြစ် မင်ဒကထိပ်ဆုံးသုံးယောက်နေရာကိုဝင်သမျှ အရှင်မင်းကြီးကိုယ်တိုင်ဆင့်ခေါ်တာကို ခံရလိမ့်မယ်"
ထန်ယမန်ကလည်း အလိုလိုစိတ်လှုပ်ရှားသွားပြီး ထိတ်လန့်သွားသည်။သူကရယ်င်္ပြး တည်ငြိမ်ချင်ယောင်ဆောင်ကာပြောလာသည်။
"အရှင်မင်းကြီးက ငါ့ကိုထပ်ပြီးချီးကျူးစရာတစ်ခုပေ်ကေါက်လာအောက် ငါလုပ်ရမှာပေါ့"
ဘောလုံးပြိုင်ပွဲ ပြီးသွားကတည်ဒက သူက ပန်းချီကားထဲမှာ ဧကရာဇ်၏မျက်နှာဖြင့်သာ စိတ်တည်ငြိမ်ခဲ့ရသည်။သို့သော် ပန်းချီကားထဲမှ လူ၏ရုပ်သွင်က အစစ်မှန်လူ၏ ဆယ်ပုံတစ်ပုံကိုပင်မယှဉ်နိုင်ချေ။
အစစ်အမှန်ဧကရာဇ်က သူ့ဘဝ၏ အလင်းရောင်ဖြစ်သည်။ တစ်ဖက်သူက သူ့ကိုတစ်ဘဝလုံးနီးပါးမှတ်မိသွားချင်လျှင် ဒုတိယနှင့် တတိယနေရာနှင့်မလုံလောက်တော့ချေ။သူနံပါတ်တစ် ပညာသင်သားနေရာကို ရမည်ဆိုလျှင် ဒီအသက်နှစ်ဆယ်အထိ ရလာသော နာမည်ကောင်းထဲတွင် အကောင်းဆုံးဖြစ်သွားပေလိမ့်မည်။
ထန်းမန်၏ နှလူံးသားကပူလောင်ပြင်းရှလာသည်။
ချူဝေ့က တိတ်တဆိတ်အကြည့်လွှဲလိုက်ပြီူနောက် မျက်လွှာကိုချသည်။ဖုံးကွယ်လိုက်သော အကြည့်များအောက်တွင် အထင်သေးမှုများက အပြည့်ပါသည်။
ဒီလိုအမှိုက်ကောင်ကများ ဒီလိုတွေးရဲတယ်။
စာမေးပွဲခန်းမအတွင်းတွင် စာမေးပွဲက စတင်သော အခါ ကုယွမ့်ပိုင်ကလည်း တော်ဝက်နန်းတော်အတွင်းတွင်နေလျက် သတင်းများကိုရရှိသည်။သူက ဂရုတစိုက် တင်ပြချက်များကိုနားထောင်နေလိုက်သည်။အချိန်တစ်ခုကြာသောအခါ သူ၏ အောက်နှုတ်ခမ်းပါးက ညင်သာစွာဖြင့်ကော့တက်သွားပြီး ကျေနပ်သော အပြုံးကိုပြုံးသည်။
"ကောင်းတယ်"
ထျန်းဖူရှန်းကသူ့ကို ကျန်းမာရေးအတွက် သင့်လျော်သည့်ဆေးပင်များ ထည့်ပြုတ်ထားသော စွတ်ပြုတ်တစ်ခွက်ကိုယူဆောင်လာပေးသည်။ဧကရာဇ်ကပျော်ရွှင်နေကြောင်းအြင်သောအခါ သူကပြောလာသည်။
"အရှင်မင်စကြီးရဲ့ ဂရုစိုက်မှုကညအလကားမဖြစ်သွားခဲ့ပါဘူး။ဒီနေ့ပါဝင်သူတွေအားလုံးက ရိုးသားပြီးဖြောင့်မတ်ကြတယ်။နောက်မျိုးဆက်ပညာသင်သားတွေအားလုံးက အိရပ်အဝါကောင်းအောက်မှာ ပျေည်ရွှင်နိုက်ကောင်းမှာပါ"
ကုယွမ့်ပိုင်က ခေါင်းကိုငြိမ့်လိုက်ပြီးနောက် အစိုးရစာလွှာများအားလုံးကို ဘေးသို့ဖယ်ထားလိုက်သည်။
"ကျန်းအနေနဲ့ သူတို့ရဲ့ နန်းတွင်းစာမေးပွဲအကြောင်းကိုအာရုံစိုက်ရမာ့်အချိန်ပဲ"
ထျန်းဖူ ရှန်းက တော်ဝင်လွှာများအားလူံးကိုယူသွားသည်။ထိုထဲတွင် ယခုခတ်ရှိ ဧကရာဇ်ထံသို့ပို့ထားသော အကြေရင်းအရာအမျိုးမျိုးပါသည့် မှတ်တမ်းထောင်ကျော်ဖြစ်သည်။ထို့အပြင် ဝါဒရေးရာဆိုင်ရာအကြံပေးချက်များလည်းပါသည်။ကုယွမ့်ပိုင်က စာရွက်အနည်းငယ်ကိုလှန်ကြည့်ပြီးနောက် ခေါင်းကိုခါသည်။
"ကျန်းဒါတွေကိုဘယ်လောက်ပဲဖတ်ဖတ် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို ထည့်ဖို့ကမသင့်တော်ဘူးလို့ထင်တယ်"
ထျန်းဖူရှန်းက တစ်နည်းအားဖြင့် ဧကရာဇ်ကိုကြည့်သည်။
"ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတဟုတ်လား"
"ဘာရယ်မဟုတ်ပါဘူး"
ရှေးခေတ်စာပေတွင် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများက စာပေဖတ်ရှုသည့်အပိုင်းတွင်ပါဝင်ခြင်းမရှိချေ။ရှေးခေတ်အဆိုရဆိုလျှင် ဒါကစာကြောင်းပျက်စေသည်ဟုတိုသည်။သို့သော် ပုဒ်ဖြတ်ပုဒ်ရပ်စင်္ကေတအမှတ်ကို အတွက်တကူဖြတ်ထုတ်၍မရနိုင်သလို အလွယ်တကူအသုံးပြု၍လည်းမရနိုင်ချေ။
ရှေးခေတ်အချိန်ကတည်းက ပညာရေးအသိုင်းအဝိုင်းတွင် အုက်စုအစဉ်လိုက်ကွဲနေပြီး အမျိုးမျိုးသောဖြန့်ကားထားသညိ့ သီအိုရီပေါင်း များစွာရှိသည်။သို့သော် သူတိုါအားလုံးပေါင်းစည်းပြီး လက်ခံထားသည့် တစ်ခုတည်းသော အချက်ကစာကြောင်းပျက်စေသည်ဟူသော ကိစ္စဖြစ်သည်။ဥပမာအနေဖြင့် ကျော်ကြားသော စုဝေးစကားတစ်ခုကို ပုဒ်ဖြတ်ပုဒ်ရပ်နေရာမှားသွားလျှင် ထိုအဓိပ္ပါယ်က အမျိုးမျိုးပြောင်းသွားနိုင်သေးသည်။
မတူညီသော လက်ခံယုံကြည်ထားသည့် လူအဖွဲ့အစည်းများက စာကြောင်းကိုပြတ်သွားစေနိုင်သေရမတူညီသည့်နည်းလမ်းများစွာကိုအသူုံပြုကြပြီးသူတို့၏ ထိုစာကြောင်းအပေါ်နားလည်သည့်ပုံစံမျိုးက ကွာခြားသွားလေ့ရှိသည်။ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကိုသာ အထူးတလည် ကျပ်မတ်မည်ဆိုလျှင် ထိုအညာသင်သားများအားလူံးက တုန်တုန်ရီရီဖြစ်သွားလောက်သည်။ရလဒ်က ထိုသို့ဖြစ်လာမည်သူကအမှန် မည်သူကအမှားဟု သတ်မှတ်ရန်ပင် ကွာခြားသွားပေလိမ့်မင်္ည။တစ်လောကလုံးကို သူတို့ဘက်ကယုံကြည်လက်ခံထားသောအရာက မှားယွင်းသည်ဟုသိသွားစေ၍မရချေ။
ပညာရေးအသိုင်းအဝိုင်းက ထိုသို့ ခွဲခြားကာခေါ်နေခြင်းကသူတို့၏ ပေါင်းစည်းထားသော ယဉ်ကျေးမှုများကြောင့် တစ်ဦးတစ်ပါးတည်းလက်ခံရာမှ ဖြစ်ပေါ်လာသော ဝိသေသလက္ခဏာရပ်မျညးက ကွာခြားနေသောကြောင့်ဖြစ်သည်။သူတို့၏ အထူးတခည်တည်ရှိနေသော ဝိသေသလက္ခဏာရပ်များကြောင့် ကျောင်းသားများက သူတို့လေ့လညချင်သေရ ဘာသာရပ်အသီးသီး သူတို့လက်ခံယုံကြည်ထားသောအသိုင်းအဝိုင်းများ၏ နာမာ်အောက်တွင်သာ မြှုပ်နှံထားရန်လိုအပ်သည်။ထိုအသိုင်းအဝိုင်းကို ကိုယ်စယးပြုသော ဌာနများ နေရာများတွင်လာရောက်လေ့လာသောလူက အရေအတွက်များသွားသောအခါ အာဏာရှင်ဆန်ဆန်အကြောင်းအရာတစ်ခုကဲ့သို့ပင်ဖြစ်လာသည်။
အရာရှိအသိုင်းအဝိုင်းတွင်ပင် ထိုသို့ ပညာရေးအသိုင်းအဝိုင်းအတွင်းမှ အမျိုးမျိုးသော တစ်ပါတီစနစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုမတားဆီးနိုင်ချေ။
ဗဟုသုတများစုံစည်းရာကျောင်းတွင် ခေ့လာနေသူတစ်ဦးအနေနှင့် စာကြေညင်းငိုစံချိန်မှီအောက် ရေးသားဖန်တီးနိုင်ရမည်ဖြစ်ပြီး စကားလုံးများအားလုံးအပေါ်နားလည်မှုကလည်းစုစည်းကာတည်ရှိနေရမည်ဖြစ်သည်။ထိုအချိန်တွင် ဧကရာဇ်ကသာရုတ်တရက် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကို မေးလာလိုက်မည်ဆိုလျှင် သူတို့လေ့လာထားသမျှ သူတို့ဖတ်ထားသမျှ နည်းလမ်းများအားလူံးကမတူညီနိုင်သလို တရားဝင်စာကြောင်း၏ စံချိန်နှင့်လည်း ကိုက်ညီမဘ်မဟုတ်ချေ။ထို့ကြောင့် သူတို့အားလုံးက မကျေမနပ်ဖြစ်သွားလေသည်။
ဘာလို့ငါတို့ကမှားတာလဲ။
ငါတို့က အချိန်တွေ ပိုက်ဆံတွေ အင်အားတွေသုံးပြီး ဒါတွေကိုလေ့လာထားရတာ။ဒါကမှမှားနေရင် ငါတို့ လေ့လာပြီး ဘာရလဒ်မှ မရတဲ့အထိ ဆိုးရွားမသွားနေဘူးလား။
စာကြောင်းကိုတူညီသော စံချိန်မှီအောင်တင်ပြသော ကျောင်စဌာနများနှင့် တရားဝင်ထုတ်ပြန်သောစာကြောင်း၏စံချိန်က မတူညီလျှင် အလွန်စိတ်ပျက်စရာကောင်းသွားပေလိမ့်မည်။
ငါတို့ရဲ့ကိုယိပိုင်သီးသန့်ဗဟုသုတတွေအားလူံးက မချပြနိုင်တော့ဘူးလား။ဘာလို့လဲ။ဘာလို့ မျိုးဆက်အဆက်ဆက်သင်ကြားလာတဲ့ ဗဟုသုတတွေအားလုံးက သာမန်လို့ပဲ ဖြစ်သွားရမှာလဲ..
ထို့ကြေညင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတကပါလာသည်နှင့်ထိုပညာရေးကျောင်းဌာနများက ဘယ်တော့မှ သဘောတူကြတော့မည်မဟုတ်ချေ။
ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတကကောင်းသောအရာဖြစ်သည်။သို့သော် ကုယွမ့်ပိုင်ကမူယခုထုတ်သုံး၍မရသေးချေ။
အတွင်းနှင့်အပြင်တွင် သန်မာသော ရန်သူမရှိသည့်အချိန်တွင် ဧကရာဇ်အနေဖြင့် စားပွဲကိုမသောအခါ ကျောင်းသားကျောင်းသူများက အံ့ဩကြပြီးပညာရေးဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှု၊ပြုပြင်မှုအကြောင်းအရာကိုဆွဲထုတ်ပြလာပေလိမ့်မည်။ကုယွမ့်ပိုင်က စာရွက်ကိုနှစ်ရွက်ခန့်လှန်လိုက်ပြီးနောက် ရေနွေးခပ်နွေးနွေးကိုနှစ်ငုံခန့် သောက်သည်။သူ၏ အတွေးကို သတိထားမိပြီးမနေနိုင်ဘဲရီလိုက်သည်။
သူဟာသူ့ရဲ့ ကံကြမ္မာကိုလက်ခံမယ်ပြောနေပေမယ့် သူကအျခိုကြိုက်တဲ့ အချိုစားရတာကို လက်လျော့လိုက်တဲ့သူတစ်ယောက်လိုမျိုး၊ဆေးလိပ်ကြိုက်တဲ့ ဆေးလိပ်ကိုလက်လျော့ချင်တဲ့ သူတစ်ယောက်လိုမျိုး ဖြစ်နေတာပဲ။သူက စကားကြီးစကားကျယ်တွေပြောနေပေမယ့် သူရဲ့ခန္ဓာကိုယ်ကရိုးသားတယ်။သူဆိုလိုတာနဲ့ ဆနိ့ကျင်ဘက်ကိုပြနေတယ်။
...
စာရေးသူမှာပြောစရာရှိပါတယ်။
ကုယွမ့်ပိုင်..ငါ့ရဲ့နှလုံးသားထဲမှာ အလုပ်ပဲရှိတယ်။
အနာဂတ်ကရွှယ်ယွမ်.. ...ဒီသခင်လေးက မင်းကိုတောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ငါ့ကိုကြည့်ပါ
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်
ညီမလေး xiao_caro_wang_zora က ဒီအပိုင်းကို ကူရိုက်ပေးထားတာပါ၊
ကိုယ်က မလည်နေတာမို့လို့ အကူအညီတောင်းထားတာပါ errorပါတာတွေကို ဒီပိတ်ရက်မှာ ပြန်စစ်မှာပါ....ဒါလေးပြောပြချင်လို့❤
အပိုင်း(၁၁)
ရွှယ်စံအိမ်တွင်...
"မဖြစ်နိုင်ဘူး"
You are reading the story above: TeenFic.Net