၁၀

Background color
Font
Font size
Line height

အပိုင်း(၁၀)

သုံးရက်ကြာပြီးနောက် ဧကရာဇ်​၏ အမိန့်ဖြင့် စစ်ဆေးပွဲကြည့်ကြပ်သူများ အားလုံးကအမိန့်ကို လက်ခံရရှိကာ တားမြစ်စစ်တပ်​၏ လိုက်ပါပို့ဆောင်မှုဖြင့် ဖြေဆိုရမည့်ခန်းမထဲသို့ သူတို့​၏ ပစ္စည်းများနှင့်အတူ သွားရောက်နေထိုင်ရလေသည်။စာမေးပွဲကြည့်ကြပ်သူများ အားလုံးကခန်းမထဲတွင် အဖိတ်ခံထားရသည်ဆိုသောသတိက ကျွီရန်များ စာမေးပွဲဖြေဆိုရန် မြို့တော်သို့လာရောက်ကြသော ကျွီရန်များအားလုံးကို အချိန်​၏တင်းကျပ်မှုများကိုခံစားသွားရစေသည်။သူက ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝိုင်စံအိမ်များနှင့် လက်ဖက်ရည်စံအိမ်များတွင် လူအနည်းစုကသာရှိတော့သညါ။

ထိုနေ့တွင် ကုယွမ့်ပိုင်က အလုပ်သမားဘဏ္ဍာရေးအမတ်နှင့် ဘာသာရေးအမတ်မှ လက်ထောက်တို့ကို ရွှမ်ကျမ်းခနိးမ​၏ ဘေးအဆောင်ခန်းမသို့ဆင့်ခေါ်လိုက်ပြီး ကိစ္စများကိုဆွေးနွေးတိုင်ပင်ကြသည်။

သူက ထိုလူသုံးယောက်တို့ကို မြစ်ဝါကဒ်ဘေးထိန်းချုပ်မှုအကြောင်း ရေးသားတင်ပြခိုင်းလိုက်သည်။သူကလဲ ထိုအကြောင်းအရာကို ထိုနေ့ကို ချူဝေ့ထဲမှကြားခဲ့ရပြီး သူတို့အားလုံးကိုတဖြည်းဖြည်းချင်းတစ်ဖန်ပြောပြလိုက်သဖြင့် သူတို့ကပြန်လည်သုံးသပ်ရေးသားနိုင်ကြမည်ဖြစ်သည်။ထိုအချိန်တွင် သူက လက်ဖက်ရည်တစ်ခွက်ကိုဖြေးဖြေးချင်းသောက်နေလိုက်သည်။

ဘဏ္ဍာရေးအမတ်က ဧကရာဇ်ကပြောပြသောအကြောင်းအရာများနှင့် လက်ထဲရှိစာလွှာတို့ကိုဖတ်ရှူ၍ပြီးလာသောအခါ တုန့်ဆိုင်းစွာပင်ပြောလာသည်။

"အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ဒီအစေခံကဒီလောက်ပြောင်မြောက်တဲ့ ကဒ်ဘေးကိုထိန်းချုပ်တဲ့နည်းလမ်းတွေကိုတစ်ကြိမ်တစ်ခါမှမတွေးခဲ့ဖူးပါဘူး။ဒါကိုသာ လက်တွေ့လုပ်ဆောင်မယ်ဆိုရင် သက်ရောက်မှုကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် နိုင်ငံ့ရတနာကတော့.."

အလုပ်သမားရေးရာ သို့မဟုတ် လုပ်သားအမတ်နှင့် ဘဏ္ဍာရေးရေးဝန်ကြီးဌာနလက်ထောက်တို့က စာလွှာအတွင်းတွင်သာ နစ်မြောနေသေးသည်။သူတို့​၏ မျက်နှာထားက စိတ်လှုပ်ရှားမှုများပြည့်ကာ ပျော်ရွှင်နေဟန်ရသည်။

"အရှင်မင်းကြီး"

လုပ်သား ဝန်ကြီးဌာနမှ အမတ်က သူ​၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်ထားဘဲပြောလာသည်။

"ဘယ်သူက ဒီနည်းလမ်းတွေကို တွေးမိတာပါလဲ ဒီလူကအတော်ကိုပါရမီကြီးတာပဲ။အရှင့်ရဲ့အစေခံက ဒီလိုလူမျိုးကိုတွေ့ခွင့်ချင်ပါတယ်"

ကုယွမ့်ပိုင်ကပြောသည်။

"မင်းတို့တွေ့လို့မရဘူး"

ထိုနည်းလမ်းများက လူတစ်ယောက်တည်း​၏အကြံအစည်မဟုတ်ချေ။သို့သော် ဘုရင်မတတ်နိုင်သော ရေကြီးမှုကိစ္စနောက်ကွယ်မှ ဆက်ခံသူထောင်ပေါင်းများစွာထံမှရလာသောနည်းပညာများဖြစ်သည်။ရှေးခေတ်ဝန်းကျင်နှင့်အသင့်တော်ဆုံးနည်းလမ်းများကိုသူကရွေးထုတ်ထားပေးခြင်းလည်းဖြစ်သည်။

လုပ်သားဝန်ကြီးဌာနမှအမတ်က နောင်တရစွာဖြင့်ရေရွတ်လိုက်သည်။

"နှမြောစရာပဲ"

ထိုအခိုက် ချူတရန်ကယခုမှဖတ်ပြီးသွားပြီဖြစ်ပြီးသူ​၏အတွေးများကလည်း ခေါင်းအတွင်းအပြည့်နေရာယူထားတော့သည်။ထို့နောက်တွင် သူကပြုံးပြီး နေနိုင်တော့ဘဲ ပြောလာသည်။

"အရှင်မင်းကြီး ဒီနည်းလမ်းတွေက တကယ်လက်တွေ့လုပ်ဆောင်လို့ဖြစ်နိုင်ပါသည်"

ကုယွမ့်ပိုင်က ပြုံးင်္ပြးမေးလိုက်သည်။

"ချူတရန်က ဒါတွေတကယ်လုပ်ဆောင်လို့ဖြစ်မယ်လို့ထင်တယ်ပေါ့"

ချူတရန်က အမြဲတစေ စည်းကမ်းတင်းကျပ်သော်လည်း ဒီတစ်ကြိမ်တွင်မူ တစ်ဆတ်ဆတ်ခေါင်းငြိမ့်လာသည်။

"ဒီပေါ်မှာထည့်ပြောထားတဲ့အကြောင်းအရာတွေ တစ်ချက်ချင်းသီတိုင်းက သင့်လျော်မယ်လို့အရှင့်ရဲ့အစေခံကထင်ပါတယ်"

ဘဏ္ဍာရေးဝန်ကြီးဌာနမှအမတ်ကမူစိုးရိမ်နေသေးသည်။

"အရှင်မင်းကြီး နွေဦးစိုက်ပျိုးရေးရာသီကစတော့မယ်။စာမေးပွဲစစ်ဆေးတာကလည်း ငွေကြေးအမြောက်အများကုန်ဆုံးဦးမှာပါပဲ။စုံးစမ်းစစ်ဆေးရေးခန်းမကိုလည်းပြန်လည်မွမ်းမံနေဆဲရှိပါသေးတယ်။အရှင်မင်ကြီးရဲ့ သင်္ချိုင်းနယ်မြေကိုလည်းရွေးချယ်ထားပြီးထိုသင်္ချိုင်းကိုလည်းဒီနှစ်မှာတည်ဆောက်တော့မှာပါ။အဲ့ဒါတင်မကဘဲ အရှင်မင်းင်္ကြးရဲ့ စစ်တပ်အတွက်ကုန်ကျတဲ့စစ်ရိက္ခာစရိတ်ကလည်းမသေးငယ်လှပါဘူး။ဒါတွေကလည်း ရပ်တနိ့လိုက်လို့မဖြစ်ပါဘူး။ဒီမြစ်ရေလက်ကြားတစ်ခုလုံးကို ပြင်ဆင်မယ်ဆိုရင် နိုင်ငံ့ရတနာသိုက်က ကုန်ဆုံးမှုကိုလက်သင့်ခံနိုင်မယ်မထင်ပါဘူး.."

သင်္ချိုင်းနယ်မြေကိုရှာဖွေခြင်းနှင့် ဂူသင်္ချိုင်းကိုတည်ဆောက်ခြင်းက ဘုန်းတော်ကြီး​၏အစပိုင်းကတည်းကမိန့်ထားခဲ့သောကိစ္စဖြစ်သည်။သို့ရာတွင် ဟူယွမ့်ပိုင်က အစောပိုင်းကတည်းကပလ္လင်ကိုအောင်မြင်စွာဆက်ခံရရှိနိုင်ခဲ့သော်လည်းသူ​၏အာဏာက တစ်ပါးသူလက်ထဲသို့ရောက်ခဲ့ရသည်။ဒီနေ့တွင်မှသာ ဂူသင်္ချိုင်းတည်ဆောက်ရမည့်ကိစ္စက စတင်ရတော့မည့်ဖြစ်သည်။ထို့ကြေညင့် ဒါကလည်းအလျင်စလိုလုပ်ရမည်ဖြစ်သည်။

ကုယွမ်ပိုင်ကသူ့ကိုပြုံးပြသည်။

"ကျနိး နားလည်တယ်"

"တိုင်းပြည်ကိုအုပ်ချုပ်ရတာက ပိုက်ဆံနဲ့ခွဲဝေလို့မရတဲ့ကိစ္စပဲ"

ကုယွမ်ပိုင်က မနှေးလွန်း မမြန်လွန်းသောလေသံမျိုးဖြင့်ပြောသည်။

"ပိုက်ဆံသာရှိနေရင် လမ်းတွေတည်ဆောက်လို့ရမယ်။မြင်းတွေဝယ်လို့ရမယ်။စစ်သားတွေကိုလည်းလေ့ကျင့်ပေးလို့ရမယ်။ကျန်းက အခုလဲ မြစ်ဝါရေကြီးတဲ့ကိစ္စက်ုမစီမံခိုင်းသေးပါဘူး။မြစ်ဝါရေက နွေဦးရေတက်တဲ့ကာလနဲ့ နွေရာသီရေတက်တဲ့ကာလဆိုပြီး နှစ်ပိုင်းကွဲနေတယ်မဟုတ်လား။နွေဦးရေတက်တဲ့အခါသုံးလပိုင်း သို့မဟုတ် လေးလပိုင်းမှာဖြစ်တတ်ပြီး နွေရာသီရေတက်ရင်တော့ ခြောက်လပိုင်းကနေ ဆယ်လပိုင်းအထိဖြစ်တတ်တယ်။ကျန်းက တရန်တို့ကိုခေါ်လိုက်ရတာက နွေဦးရေတက်တဲ့ကိစ္စအကြောင်းကို ဆွေးနွေးချင်လို့ပဲ"

မသေချာမရေရာသလိုခံစားနေရသော လုပ်သားဝန်ကြီးဌာနမှ အမတ်ကပြောလာသည်။

"အရှင်မင်းကြီး အရင်နှစ်တွေမှာလည်း မြစ်ဝါရေတက်တဲ့ကိစ္စကမဖြစ်ခဲ့ပါဘူး။ဘာလို့ဒီနှစ်မှ အာရုံစိုက်နေတာပါလဲ"

ဖိုစကားကိုကြားသောအခါ ကုယွမ့်ပိုင်က လက်ဖက်ရည်ကိုကိုစားပွဲပေါ်သို့ချလိုက်ပြီး ချောင်းဟန့်ကာ ပြောလာသည်။

"ကျန်းကလည်း သိချင်နေတာ။ဘာလို့မြစ်ဝါမြစ်ရဲ့ အလယ်ကနေရေစုန်တက်တဲ့အထိ လဝက်လောက်ကြာအောက်မိုးရွာနေခဲ့တာတောင် ဘယ်သူကမှ တော်ဝန်ခုံရုံးကိုသတင်းမပို့ကြတာလဲ ဆိုတာပဲ"

အမတ်နှစ်ယောက်နှင့် လက်ထောက်က တုန်ယင်သွားပြီး ဒူးထောက်ချလိုက်ကြသည်။

ကုယွမ့်ပိုင်က တိတ်ဆိတ်နေသေးသည်။သူက သူတို့ကို ဆက်ဒူးထောက်ခွင့်ပြုထားသလို ပတ်ဝန်းကျင်ကိုလည်း တုန်လှုပ်ခြောက်ခြားဖွယ်တိတ်ဆိတ်စေလျက် ခန့်မှန်းခိုင်းထားလိုက်သည်။သူတို့​၏ ကိုယ်ပိုင်သုံးသပ်ချက်များဖြင့် အတူချွေးစေးပြန်လောက်ပြီးဟု ယူဆလာမှသာ သူကပြောလာသည်။

"ထကြ"

မဟာဟန်​၏မင်းဆက်တွင် ဝန်ကြီးချုပ်မရှိချေ။ဒီဝန်ကြီးခြေညက်ယောက်က ဧကရာဇ်​၏ လက်အောက်ခံဖြစ်ပြီး ကြားခံမရှိချေ။သို့ရာတွင် အတိုင်ပင်ခံအဖွဲ့နှင့် ပြည်သူ့ရေးရာဌာနက တည်ထောင်ထားခဲ့သည်။အတိုင်ပင်ခံအဖွဲ့က စစ်တပ်ရေးရာကိစ္စများကဆောင်ရွက်ပြီး ပြည်သူ့ရေးရာအဖွဲ့ကမူ အစိုးရရေးရာကိစ္စကို ဆောင်ရွက်ပေစလေရာ အားလုံးကလည်း ဧကရာဇ်​၏လက်အောက်ခံတိုက်ရိုက်ဖြစ်နေသည်။

ဒီလိုအချိန်ကာလမှတော်ဝင်အာဏာကအရမ်းမြင့်မားနေတာတောင် ဒီလူတွေက တင်ပြဖို့ကို ဖုံးကွယ်ထားရဲတယ်။ဒီလိုနေရာမျိုးတွေမှာ ဒီလိုလူတွေက အတော်ကိုခေါင်းမာလွန်းရဲသေးတာပဲ။

လီထောင်ပေါင်းများစွာက မိုးရာသီမှာ မြစ်ဝါရေကြီးတဲ့ကိစ္စကို ဧကရာဇ်ကဘယ်လိုသိတာလဲ။

သူတို့ကတွေးလေလေ ပို၍ကြောက်လန့်လေဖြစ်လာသည်။သူတို့​၏ ခန္ဓာကိုယ်ကိုဆက်တိုက်ကွေးလိုက်လျက် ကုန်းထလိုက်ကြသည့်တိုင်ပောင် စကားတစ်ခွန်းမှ မဆိုရဲကြသေးချေ။

"အမတ်ချူ"

ကုယွမ့်ပိုင်​၏လေသံကဖျော့သွားသည်။

"ကျန်းကလည်း မင်းကရေကိုထိန်းချုပ်ပြီးရေကြီးဒဏ်ကိုကာကွယ်တဲ့အကြောင်း အများကြီးနားလည်ထားမှန်း နားလည်ထားတယ်။ကျန်းအနေနဲ့ မင်းကိုသံတမန်အဖြစ်စေလွှတ်ပြီး နွေရာသီရေတက်တဲ့ကာလမှာ ရေမကြီးလာစေဖို့ မြစ်ဝါမြစ်ကို ကိုင်တွယ်ခုခံခိုင်းမယ်။ကျန်းကအများကြီးမတောင်းဆိုဘူး။ဆုံးရှုံးနစ်နာမှုမကြီးမားတဲ့အထိ ကဒ်ဘေးဆိုက်သလိုမျိူးရေမကြီးလာခဲ့ရင်ပဲ လုံလောက်ပြီ။အမတ်ချူ မင်း မြစ်ဝါဆီသွားနိုင်သလား"

ချူရွှမ်းက တုနိ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဒူးထောက်ချလိုက်ကာ ကျယ်လောင်စွာအော်လျက် လျှောက်တင်သည်။

"အရှင့်ရဲ့အစေခံက ဒီတာဝန်ကို ပြည့်မီအောင်လုက်ဖို့ အကောင်းဆုံးစွမ်းရည်တွေရအောင် ကြိုးစားပါ့မယ်"

ကုယွမ့်ပိုင်က စားပွဲနောက်မှထွက်လာပြီးသူ့ကိုထူမပေးသည်။

"ကျန်းကမင်းကိုယုံကြည်ပြီး နောက်ထပ်တာဝန်တစ်ခုထပ်ပေးချင်တယ်။အမတ်ချူက ကျန်းကို ကူညီပြီး ဒီကိစ္စကိုဘယ်သူမှ ဖုံးကွယ်လို့ မတင်ပြဘဲ ချန်လှပ်ထားလဲ ဆိုတာကိုရှာဖွေပေးစေချင်တယ်။ပြည်တွင်းအရာရှိတွေက အမတ်ချူရဲ့နောက်လိုက်တွေအဖြစ်လိုက်ပါသွားပြီး စုံစမ်းစစ်ဆေးရမယ်။သူတိို့ကုကြောက်စရာမလိုဘူး။ကျန်းက မင်းရဲ့နောက်မှာရှိတယ်။ကိစ္စဆစ်ခုခုရှိလာခဲ့ရင် ကျန်းက ပြည်တွင်းအစိုးရကိုလွှတ်ပြီး တပ်ဖွဲ့တွေကိုဦးဆောင်ကူညီခိုင်းမယ်"

ချူတရန်​၏နှလုံးသားကအလွန်စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းများများကလည်း တောက်ပလာသည်။

"အရှင်မင်းကြီးစိတ်အေးအေးထားပါ။အရှင့်ရဲ့အစေခံကအကောင်းဆုံးကြိုးစားမှာပါ"

ကုယွမ့်ပိုင်က ဘဏ္ဍာရေးရာဝန်ကြီးနှင့် လုပ်သားရေးရာဝန်ကြီးတို့ကိုကြည့်လိုက်သည်။

"လုပ်သားရေးရာဝန်ကြီးက အမတ်ချူကို ကူညီပြီး ရေထိန်းချုပ်ဖို့အတွက် ရေကြီးတဲ့ကိစ္စတွေမှာတော်နိုင်တဲ့ လူဆယ်ယောက်ကိုရွေးချယ်ပေးရမယ်။မင်းတျု့ဝန်ကြီးနှစ်ယောက်က ဒီကိစ္စမှာ အပြည့်အဝအထောက်အပံ့ပေးရပြီး ဘာကိုမှနှောင့်ဆွဲလို့မရဘူး"

"ဟုတ်ကဲ့"

ရွှမ်ကျန်း​၏ခန်းမမှထွက်လာသော လူသုံးယောကနှဖူးမှချွေးစတို့ကို သုတ်လိုက်ကြသည်။သူတို့​၏ ကျောတွင်ပသ်ချွေးစေးများရွှဲနေကြပြီဖြစ်သည်။ချူရွှမ်းက ဘဏ္ဍာရေးဝန်ကြီးနှင့် လုပ်သားရေးရာဝန်ကြီး​၏ ဂုဏ်ပြုမှုကိုခံရသည်။ချူရွှမ်က အလျင်အမြန်ဂါရဝပြုပြီးမေးလာသည်။

"တရန်တို့ အရှင်မင်းကြီးက ငါ့ကိုအခုအများကြီးမျှော်လင့်ထားတယ်။မြစ်ဝါအကြောင်းဘယ်သူမှမလျှောက်တင်တဲ့ကိစ္စက တရန်တို့ကိုပဲ အချိန်တစ်ခုကြာတဲ့အထိ အခြားသူတွေကိုမပြောဖို့ အကူအညီတောင်းရတော့မှာပဲ။ဒီလိုဆိုရင် လူတွေကိုခြောက်သလိုဖြစ်သွားမှာကိုစိုးရိမ်ရပါတယ်"

ချူတရန်ကလည်း ပြည်တွင်းအမတ်များက မြနု့တော်အတွက်းမှအမတ်များနှင့်ပူးပေါင်းထားသည်ဟု ယူဆနေလေသည်။ ဘဏ္ဍာရေးရာဝန်ကြီးနှင့် လုပ်သားရေးရာဝန်ကြီးတိုါက ချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်ကြသည်။

"မစိုးရိမ်ပါနဲ့ ချူတရန်။ချူတရန်ကမပြောရု်တောင်မှပဲ ငါတို့က အအြင်ကိုထုတ်မပြောရဲပါဘူး။အရှင်မင်းကြီးရဲ့အဓိပ္ပါယ်ကရှင်းလင်းနေတာပဲ။ငါတို့နှစ်ယောက်လုံး ကောင်းကောင်းသဘောပေါက်မှာပါ ချူတရန်။ချူတရန်လည်း အလုပ်ကိုကောင်းကောင်းလုပ်နေချိန်မှာ လုံခြုံမှုကိုလည်း အာရုံစိုက်ပါဦး။ချူတရန်ပြမ်လာတဲ့အခါ စာမေးပွဲကလည်း ရလဒ်တွေက ထွက်နေလောက်ပြီ။သခင်လေးချူက နဂိုတည်းက ထူးချွန်ပြီးသားပဲ။အချိန်ကျလာတဲ့အခါ သားအဖနှစ်ယောက်ပူးပေါင်းလိုက်ရင် ဘယ်လောက်တောင်မြင့်မားသွားမလဲ ဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ခင်ဗျားတို့အဖေနဲ့သားနှစ်ယောက်လူုံက ရာထူးအတိုးခံရမှာသေချာပါတယိ။တရားဝင်အရာရှိဖြစ်သင့်တဲ့သူတွေကလည်း ဖြစ်လာတော့မှာပါ"

ချူရွမ်းက နိမ့်ချလိုက်ပြီးရစကားကျုခပ်မြန်မြနနပြန်ပြောလာသည်။သူတို့သုံးယောက်ကရယ်မောနေကြပြီးရာမှ တေရ်ဝင်နန်းတော်ထဲမှထွက်သွားကြသည်။

ခန်းမအတွင်းတွင်...

ဝန်ကြီးများထွက်သွားပြီးနောက် ထျန်းဖူရှန်းက ကောင်းမွန်စွာပြုတ်ထားသော ဆေးရည်ကိုကိုင်ဆောင်လျက်ဝင်လာသည်။ဆေးရည်က အနက်ရောင်ဖြစ်နေကတည်းက ပို၍ခါးမည်မှန်းသေချာသည်။ဟူယွမ်ပိုင်ကမူ တစ်ခါတည်းယူက တစ်ငုံတည်းဖြင့် တစ်ပန်းကန်လုံးကုန်အောင်သောက်လိုက်သည်။

ဆေးအလွန်သောက်ရသူအတွက်မူ ခါးသီူမှုကိုခံစားရတော့မည်မဟုတ်ချေ။ကုယွမ့်ပိုင်က ပါးစပ်ထဲမှဆေးအရသာဆိုးကိုဖယ်ရှားနိုင်ရန် လက်ဖက်ရည်အလုတ် အနည်းငယ်စုပ်သောက်လိုက်သည်။ထို့နောက် သူက ဝတ်ရုံကိုပြန်ခြုံပြီးနောက် ရွှမ်ကျန်းခန်းမထဲမှထွက်ခဲ့လိုက်သည်။

အပြင်ဘက်တွင် နှင်းကထူထဲစွာကျနေသည်။မြေပြင်ရှိနှင်းများကိုရှင်းလင်းထားသည့်တိုင်အောင် သစ်ပင်များ မြက်ခင်းများပေါ်တွင် နှင်းများကရှိနေသေးသည်။

ကုယွမ်ပိုင်က လေအေးအနည်းငယ်ကိုရှူလိုက်သည့်အခါ သူ​၏စိတ်က တားမြစ်မှုများမှလွတ်မြောက်သွားသလိုခံစားလိုက်ရသည်။သူကသစ်ပင်အောက်သို့လျှောက်သွားပြီးနောက် လက်ပေါ်သို့ နှင်းခဲတစ်လုံးကို ယူလိုက်ကာ လက်ဖြင့်လှိမ့်လိုက်သည်။သို့ရာတွင် တစ်ခဏခန့်ကြာပြီးနောက်တွင် သူ​၏လက်က အေးခဲတောင့်တင်းလာတော့သည်​။

တော်ဝင်သက်တော်စောင့်ခေါင်းဆောင်က အလျင်စလိုအနားသို့ပြေးလာပြီးနောက်တွင် လည်သာလက်အိတ်တစ်စုံကိုယူလာပေးလယသည်။ဟူယွမ့်ပိုင်က ပြုံး၍ပြောလာသည်။

"ကျန်းက နှင်းကိုထိရုံပဲဖိကြည့်တာပါ။မင်းက ကျန်းကို ဘယ်လောက်တောင်စိုးရိမ်နေသလဲ ကြည့်စမ်းပါဦး"

တော်ဝင်သက်တော်စောင့်ခေါင်းဆောင်​၏ မျက်နှာတွင် ရှားပါးစွာတောင့်တင်းသောမျက်နှာထားမျိုးဖြစ်သွားပြီး ပြောလာသည်။

"အရှင်မင်းကြီး.နှင်းကိုမြန်မြန် လွှင့်ပစ်လိုက်ပါ"

"ကောင်းပါပြီ ကောင်းပါပြီ "

ကုယွမ့်ပိုင်က နှင်းကိုလွှင်ပြစ်လိုက်သည်။သူ​၏ လက်နှစ်ဖက်လုံးကို တေယ်ဝင်သက်တော်စောင့်ခေါင်းဆောင်​၏ ရှေံတွင်ဖြန့်ပေးလျက် ကူကယ်ရာမဲ့စွာပြောလာသည်။

"မင်းတို့ဘဲ ဂရုစိုက်ပေးပါတော့"

တော်ဝင်သက်တော်စောင့်ခေါင်းဆောင်က ဟူယွမ့်ပိုင်​၏ လက်ချောင်းထိပ်များကိုကိုင်ပြီးနောက် လက်ကိုင်ပဝါကိုထုတ်လျာက်ကာ သူ​၏လက်ဖဝါးပေါ်မှ စိုစွတ်နေသာ နှင်းမှုန်များကို သုတ်ကာဖယ်ရှားပေးလိုက်သည်။အရှင်မင်းကြီး​၏ အသားအရေက အလွန်အမင်းနူးညံ့လွန်းသည်။အေးစက်သောနှင်းက သူ​၏လက်တွင် တစ်ခဏသာနေသွယးသော်လည်း လက်ချောင်းဖိပ်များကမူ စွဲဆောင်မှုပြင်းထန်ကာ ပန်းရောင်သန်းနေခဲ့ပြီးဖြစ်သည်။

လက်ဖဝါးကလည်း နူးညံ့ကာချောမွေ့လွန်းနေပြီး ဖြူစွတ်ကာနူးညံ့သောအရေပြားပေါ်တွင် ပျော်ထွက် သွားမည်ဟုတင်ရသည့် သွေးကြောစိမ်းများကိုလည်း ထင်ရှားစွာမြင်နိုင်သည်။တော်ဝင်သက်တော်စောင့်ခေါင်းဆောင်က ဧကရာဇ်​၏လက်တွင် အနီအစင်းရာများထင်သွားမည်စိုးသဖြင့် အလွန်သတိထားကာ ဂရုဆစိုက်ဖြင့် သုတ်ပေးသည်။

အခြားသောသူများက သူ့ကိုအလွန် ဂရုစိုက်ပေးနေသည်မှာအံ့ဩစရာမရှိချေ။အမှန်အတနုင်းဆိုရသော် ကုယွမ့်ပိုင်က အခြားသူများ​၏ထိုသို့ အသေးစိတ်ဂရုစိုက်ပေးမှုသာမရှိလျှင် ဘာမှခုပ်နိုင်တော့မည်မဟုတ်ချေ။ဧကရာဇ်​၏ လက်ထဲတွင်ရှိသောနှသ်းရည်များကုန်စင်သွားသောအခါ တော်ဝင်သက်တော်စောင့်ခေါင်းဆောင်က ရိုသေစွာလက်ကိုလွှတ်ပေးသည်။ထို့နောက်သူက ဂရုတစိုက်ဖြင့် လည်သာလက်အိတ်ကိုသေချာဖြန့်ကာ စွတ်ပေးသည်။အညိုရောင်လက်အိတ်က ဖြူဖွေးသော လက်များကိုဖုံးလွှမ်းသွားပြီး အင်္ကျီလက်အတွင်းသို့ရောက်သည်အဖိ ဆွဲဆန့်ပေးခြင်းခံလိုက်ရသည်။

ကုယွမ့်ပိုင်က လက်ကိုမြှောက်ပြီးနောက် လက်အိတ်ကိုပေါ့ပါးစွာအနံ့ခံကြည့်သည်။လက်အိတ်ကသေသပ်လွန်းသည့်အပြင် သန့်ရှင်းသပ်ရပ်လွန်းနေကာ အမွှေးနံ့သာရနံ့သာရသည်။သူက ခေါင်းငြိမ့်လိုက်ပြီး ပြုံးကာပြောလာသည်။

"ကျန်းရဲ့နောက်ကိုလိုက်ပြီး နှင်းမြင်ကွင်းကိုကြည့်ပါဦး"

သူကရှုခင်းကိုသဘောတကျ ခံစားနေသည့်အချိန်တွင် တော်ဝင်သက်တော်စောင့်က တိတ်ဆိတ်စွာ စကားတစ်ခွန်းမှမပြောချေ။ကုယွမ့်ပိုင်ကလည်းရသူလူမှားခေါ်မိပြီမှန်းသိလိုက်သည်။သူကတစ်ဖန်တွေးပြီးနောက်တွင် ထိုနေ့ကအများရှေ့တွင်ပါရမီရှိသော လူတစ်ယောက်အကြောင်းကိုပြန်သတိရလိုက်သည်။သူချန်းယွီရန်ကိုခေါ်သင့်လား။

တလီဘုရားကျောင်း​၏လက်ထောက်ခေါင်းဆောင်စံအိမ်တွင်...

ချန်းယွီရန်က စာလွှာတစ်ခုကိုရေးသားနေချိန်တွင် ရုတ်တရက်သူ​၏စာကြည့်ဆောငင်အပြင်မှ ဆူဆူညံညံအသံကိုကြားလိုက်ရသဖြင့် မျက်မှောင်ကျုံ့လိုက်ကာ စိတ်ရှုပ်မှုကိုဖိနှိပ်ပြီးနောက် အလျင်အမြန်တံခါးကိုသွားဖွင့်လိုက်သည်။

"မင်းတို့ဘာတွေလာလုပ်နေကြတာလဲ"

သူ​၏ဖခင်​၏ အမျိုးသားအစေခံကထိုနေရာသို့ လူများကို အလျင်စလိုခေါ်လာသည်။သူကတံခါးဖွင့်သည်ကိုမြင်သောအခါ အသံကိုမြှင့်ပြီးအော်လိုက်သည်။

"သခင်လေး အရှင်မင်းကြီးက သခင်လေးကို နန်းတော်ထဲကိုဝင်ပြီးခစားဖို့ဆင့်ခေါ်လိုက်တယ်"

ချန်းယွီရန်​၏ တံခါးကိုကိုင်ထားသောလက်က တုန်ယင်သွားသည်။

"ဘာ"

နန်းတွင်းမှလာသောသူများက အနောက်မှလိုက်ပါလာနေသေးသည်။ထိုအမျိုးသားအစေခံကလည်း အလျင်စလိုဖြစ်နေသည်။သူကအရှေ့မှ အလျင်အမြန်ပြေးလာပြီး အလောတကြီးတိုက်တွန်းလာသည်။

"သခင်လေး ဝတ်စုံမြန်မြန်သွားလဲပါတော့။အရှင်မငိးကြီးက သခင်းလေးကို နှင်းအတူခစားဖို့ နန်းတွင်းကိုဆင့်ခေါ်ထားတယ်"

ချန်းယွီရန်က တံတွေးမျိုချပြီးဖိအားများသွာသလို အံ့ဩသွားမိလေသည်။သူကအလျင်စလို သူ​၏အဝတ်ကိုသွားလဲရန်လှည့်လိုက်သည်။နန်းတွင်းမှလာသောသူများကလည်း အနားသို့ရောက်လာလေရာ သူကအလွန်စိုးရိမ်နေကြောင်းမြင်သောအခါ တားဆီးလာကြသည်။

"သခင်လေးချန် အလုက်ရှုပ်ခံဖို့မလိုပါဘူး။အခုဝတ်ထားတဲ့ ဝတ်စုံကလည်း ကြည့်ကောင်းပါတယ်။ဒီငယ်သားရဲ့နောက်ကိုလိုက်ပြီး နန်းတွင်းကိုအခစားဝင်ခဲ့ပါ။အရှင်မင်းကြီးကိုအကြာကြီးစောင့်ခိုင်းဖို့မသင့်တော်ပါဘူး"

ချန်းယွီရန်ကလည်းရှက်ရွံ့စွာပြောသည်။

"ငါ့ရဲ့ဝတ်စုံကမင်အနံ့တွေထွက်နေတယ်"

"ပြဿနာမရှိပါဘူး"

နန်းတွင်းမှလူကအလွန်အလျင်လိုနေသည်။

"သခင်လေးချန် သခင်လေးမစိုးရိမ်ပါနဲ့။အရှင်မင်းကြီးကသခင်လေးကို အပြစ်တင်မှာမဟုတ်ပါဘူး"

အပြစ်တင်တာ မတင်တာက ပြဿနာမဟုတ်ဘူးလေ။အကယ်၍ အမြင်မှာသူ့ရဲ့ပုံရိပ်က မေးခွန်းထုတ်စရာ ဖြစ်သွားမှာပေါ့။

ချန်းယွီက အေးစက်ကာ ခံစားချက်ရှုပ်ထွေးသွားသော်လည်း နောက်ဆုံးတွင်မူ ဧကရာဇ်က ဆင့်ခေါ်သည့်အတွက်ပျော်ရွှင်မှုကသာ အားသာသွားပြီး လွန်ဆွဲမှုကိုစွန့်လွှတ်လိုက်တော့သည်။သူကထိုနန်းတွင်းအစေခံတို့နှင့်ထွက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ရာကိုသတိရသွားပြီး အလျင်စလို စာကြည့်ဆောင်ထဲသို့သွားကာ စာအုပ်တစ်အုပ်ကို အင်္ကျီလက်ထဲသို့ထိုးထည့်လိုက်ပြီး ထွက်ခဲ့လိုက်သည်။

နန်းတွင်းက မြင်းရထားလုံးကိုစေလွှတ်လျုက်သည်။ချန်းယွီရနိက အထဲသို့ထိုင်ပြီးသောအခါ ရုတ်တရက်တစ်စုံတစ်ရာကို ခံစားရပြီး မျက်နှာကိုထိတွေ့ကြည့်သည်။သူ​၏မျက်နှာက ပူပြင်းလွန်းသလိုခံစားရသည်။ပြောရလျှင် ချနိးယွီရန်အနေနှင့် ယခင်က ဧကရာဇ်ကိုထိုမျှ လေးစားမှုမရှိခဲ့ချေ။

ရွှယ်ယွမ်က ဝံပုလွေလိုခွေးဖြစ်သည်။ချန်းယွီရန်က သူနှင့်ပေါင်းသင်းဆက်ဆံနိုင်ကတည်းက သူ​၏ ပင်ကိုစရိုက်ကလည်း ရိုင်းစိုင်းကြမ်းတမ်းပြီးရစည်းမျဉ်းများကိုသဘောမျကသည်မှာသေချာသည်။သူက ကဗျာဆယ့်သုံးပုဒ်ပင်ရေးကာ အာဏာကြီးသောအရာရှိများကိုရန်စရဲခြင်းကတမင်ဒေါသထွက်အောင်လုပ်ခြင်းလည်းမဟုတ်သလို တိုင်းပြည်နှင့်လူအများအတွက် ဂရုစိုက်၍လည်ူမဟုတ်လေဘဲ သူ​၏ဖခင်ကို ကလန်ကဆန်လုပ်ချင်သောကြောင့်ဖြစ်သည်။ထိုအချက်အပြင် ပို၍အရေးကြီးသည်မှာ နာမည်ကောင်းကိုရလို၍ဖြစ်သည်။

ချန်းယွီရန်ကတိာင်းပြည်မှာ သာမန်လူများအတွက် စိုးရိမ်သောစာများကိုရေးခဲ့သော်လည်း သူကဝိုင်ကောင်းကိုသောက်သည်။အစားကောင်းများကိုစားပြီး ဘရိုကိတ် ပိုးသားဝတ်စုံများကိုဝတ်ကာ မွေ့လျော်နေခဲ့လေသည်။ရွှယ်ယွမ်နှင့်သူက ငှက်​၏သားမွှေးအတောင်များဟုဆိုလို့ရပြီး အတွင်းတွင်ပုတ်သိုးနေသော်လည်း အပြင်တွင်လှပကျော့ရှင်းနေသေးသည်။အပေါ်ယံမျက်နှာပြင်တွင်သူက ဖြောင့်မတ်သောပညာသင်သားတစ်ယောက်ဟု ထင်စရာရှိလေသည်။

ပညာသင်သားများအတွက် ဂုဏ်သတင်းက အာဏာနှင့်ပိုက်ဆံထက်ပိုအရေးကြီးသည်။တစ်ခါတစ်ရံတွင် ဒါကလူ​၏အသက်ကိုပင်ကယ်နိုင်သည်။

အထောက်အပံ့ရေးရာစနစ်အရဆိုလျှင် ပညာသင်သားများကသာ အရာရှိဖြစ်လိုလျှင် ဂုဏ်သတင်းမြင့်အောင်လုပ်ဆောင်သင့်သည်။မိဘကိုသိတတ်ကြောင်းပြသရခြင်း၊စသဖြင့်ကိစ္စများက ပညာရေးအသိုင်းအဝိုင်းအတွင်းပျံ့နှံ့ပြီးသားဖြစ်ပြီး ပညာသင်သားများအကြားစကားဖြင့်ထုတ်ပြော၍မရသော စည်းမျဉ်းလည်းဖြစ်နေခဲ့သည်။ချန်းယွီရန်​၏ မိသားစုက သူကအသက်နှစ်ဆယ်မပြည့်ခင်အထိ သူ​၏မိသားစုဂုဏ်သတင်းအကြောင်း မကိုင်တွယ်ပေးကြသေးချေ။ထို့ကြောင့် ချန်းယွီရန်က ကိုယ်တိုင်လုပ်ရသည်။

ချန်းယွီရန်အတွက် သူ​၏ဖခင်ကိုအာဏာရအရာရှိများနှင့် ကတောက်ကဆဖြစ်စေသည့်အတွက်လည်း ခံစယးချက်ဆိုးရွားသည်ဟုမခံစားရချေ။

ထို့အပြင် နန်းတွင်းသို့ ဧကရာဇ်ကဆင့်ခေါ်ကတည်းကလည်းရသူ​၏ကျော်ကြားမှုကလည်း တစ်စိတ်တစ်ပိုင်းမှာပါဝင်ကြောင်းလက်ခံရမည်ဖြစ်သည်။ချန်းယွီရန်က တစ်ချိန်တည်းတွင်ပင် ခံစားချက်ရှုပ်ထွေးနေသလို တစ်ချိန်တည်းတွင်ပင် ပျော်ရွှင် နေလေသည်။

သူ့တွင်သာမည်စည့်ကျော်ကြားမှုမှမရှိလျှင် ဧကရာဇ်ကသူ့ကိုကြည့်ပင်ကြည့်လိမ့်မည်မဟုတ်ချေ။

နန်းတွင်းအစေခံကမောင်စနေသော ရထားလုံးကလမ်းမပေါ်တွင်သွားနေသည်။နှင်းကျပြီးနောက် မြို့တော်ရှိလူအသီးသီးက အိမ်သို့ပြန်ကြမည်ဖြစ်သည်။ချန်းယွီရန်​၏ခေါင်းကမူမီးတောက်နေသည်။သူကခေါင်းငုံ့ပြီး ကိုယ့်ကိုယ်သပ်ရပ်စေရန် ထပ်ခါတလဲလဲပြင်ဆင်နေသော်လည်း သူကမင်နံ့ထွက်နေသည်ဟု ခံစားနေရသေးသည်။

သူဒီလိုပုံစံနဲ့ ဧကရာဇ်ကို ဘယ်လိုခစားရမှာလဲ။

ချန်းယွီရန်က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ပြီးနောက် သူ့ကိုစိတ်ငြိမ်သွားစေရန် လေအေးများကိုဝင်လာစေလိုက်သည်။နောက်ဆုံးစိတ်ငြိမ်သွားပြီးနောပ် ရုတ်တရက် ဘဏ္ဍာရေးရာဝန်ကြီး​၏သားထန်းမန် နှင့် ပင်းချန်းအမတ်​၏သား လီရန်တို့ကို အကွေ့တစ်နေရာနားတွင်တွေ့လိုက်သည်။

တစ်ယောပ်က အရေးကြီးသောအရာရှိ​၏ သားတစ်ယောက်ဖြစ်ပြီး တစ်ယောက်ကမူအထက်တနိးလွှာဆက်ခံသူဆစ်ယောက်ဖြစ်သည်။သူတို့က အကယ်ဒမီင်္တွင်ပင် အတူတွေ့ဆုံလျှင် သံသယအဝင်ခံမိုင်ရလေရာ ယခုကဲ့သို့ အပြင်တွင် အတူတကွတွေ့ဆုံခြင်းကမဖြစ်သင့်ချေ။

သူကသာအထင်မမှားလျှင်... ချန်းယွီရန်က မျက်လုံးကိုမှေးကြည်လိုက်သည်။ကံဆိုးစွာဖြသ့် ရထားလုံးက ချက်ချင်းဆိုသလိုဖြတ်သန်းသွားလေရာ သူကဖျတ်ကကနဲသာမြင်လိုက်ရသည်။သူကသာအထင်အမှတ်မမှားလျှင် ထိုသူနှစ်ယောက်​၏လက်ထဲတွင် ကိုင်ထားသည်မှာ ပန်းချီကားနှစ်ချပ်ဖြစ်နိုင်သည်။

ဟူယွမ့်ပိုင်က လမ်းလျှောက်ရင်းနှင်းကိုခစားနေသည်။သူ့က လည်သာလက်အိတ်ကိုဝတ်ဆက်ထားသဖြင့် မည်သူကမှလည်းသူက နှင်ူကိုထိတွေ့ချင်းကိုမတားတော့ချေ။

ချန်းယွီရန်ကရောက်လာသောအခါ ဧကရာဇ်ကလူတစ်ယောက်ကို ကရားတစ်ခုကိုင်ထားပြီး သူကိုယ်တိုင်ကမူ မက်မွန်ပန်းများကိုကရားထဲိသို့ ဂရုတစိုက်ထည့်နေသည်။ညခင်းလေကတိုက်ခတ်လာသောအခါ မက်မွန်ပန်းပေါ်သို့ရောက်နေသော နှင်းများက မက်မွန်ပန်း​၏ မွှေးရနံ့များနှင့်ပေါင်းစပ်လာသည်။နှင်းများအရည်ပျော်ကျသွားသောအခါ အလွန်အရသာကောင်းသော လက်ဖက်ရည်ကိုပြင်ဆင်၍ရလေသည်။

ချန်းယွီရန်က အရှေ့တက်ကာအရိုအသေပေးပြီးနောက်တွင် ထိတ်လန့်စွာပြောသည်။

"အရှင်မင်းကြီး ဒီဂျူနီယာက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

"တခမ်းတနားလုပ်နေဖို့မခိုပါဘူး"

ဧကရာဇ်က သူ​၏လက်မှလှုပ်ရှားမှိုကုရပ်တန့်ပြီးနောက် ချနိးယွီရန်ကို လက်မောင်းမှ မကာထူပေးသည်။

"ကျန်း မင်းကိုနောက်ဆုံးတစ်ကြိမ်မြင်ခဲ့တာနဲ့စာရင် မင်းကပိုပြီးသီးသန့်ဆန်သွားတာပဲ။ကျန်းက မင်းကိုဒီနေရာခေါ်လိုက်တာက နှင်းတွေကိုရှုစားဖို့ပဲ။မလန့်ပါနဲ့"

ကုယွမ့်ပိုင်က ချန်းယွီရန်​၏ လက်မောင်းကိုဆုပ်ကိုင်လိုက်သည့်အခိုက် ထိုလူ​၏အင်္ကျီအောက်မှ အရေပြားက တင်းကျပ်သွယးသလို တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။သူကရယ်လိုက်သည်။

"ကျန်းက အဲ့ဒီ့လောက်အထိ ကြောက်စရာကောင်းလို့လား"

ချန်းယွီရန်​၏ မျက်နှာက ပူနွေးသွားသည်။သူကတိတ်ဆိတ်စွာဖြင့်မျက်လုံးံကိုဝင့်ကာကြည့်လိုက်သည်။

ဧကရာဇ်က သူ့ကို အပြုံးနှင့် ရှေ့မှာလမ်းလျှောက်ကာ ဦးဆောင်ခေါ်သွားပေးသည်​။တော်ဝင်သက်တော်စောင့်များကလည်း ငါးလှမ်းခန့်အကွာတွင် လိုက်လာကြသည်။နန်းတွင်းအစေခံများက ကရားကို ကိုင်ထားပြီး ဆက်လက်ကည မက်မွန်ပန်းများပေါ်မှ နှင်းများကိ ယူနေကြသည်။

သာမန်ရက်မျိုးတွင် ကုယွမ့်ပိုင်က နဂါးဝတ်ရုံကိုဝတ်လေ့မရှိချေ။ထို့အစားရသူက သာမန်ဝတ်စုံကိုသာဝတ်သည်။အစွန်းနားတွင်ခသေသပ်စွာပန်းထိုးထားသော်လည်း နှိမ့်ချလွန်းဟန်ရောက်သော ဝန်စုံမျိုးဖြစ်သည်။ပန်းလိုင်းများ အကြားတွင်မှ ရစ်ခွေနေသော နဂါးပုံသဏ္ဌာန်ကိုထိုးထားခြင်းဖြစ်သည်။

ဧကရာဇ်​၏ ဝတ်ရုံပေါ်သို့ ေကာင်း မွန်လွန်းသော အနက်ရောင် ဆံပင်များက ကျနေသည်။မက်မွန်ပန်းပေါ်မှ နှင်းတစ်ပွင့်နှစ်ပွင့်ကလည်း ဆံပင်ပေါ်တွင် ရှိနေသေးသည်။ချနိးယွီရန်က မြင်သောအခါ ထပ်ခါတလဲလဲ ကြည့်မိသွားသည်။သို့သော် အသံထုတ်ကာ သတိပေးရမည်ကိုရှက်နေမိသည်။

နန်းတွင်းရှိနှင်းများဖုံးင်္လွှမ်းနေသော နယ်မြေများကို လိုက်ကြည့်ရှုပြီးနောက်တွင် ဧကရာဇ်က ချန်းယွီရန်ကို ညစာအတူစားရန် ဆက်လက်ပြီး ဖိန်ခေါ်သည်။ညစာစားပြီးသောအခါ သူက ထွက်သွားရတော့မည်ဖြစ်သည်။ချန်းယွီရန်က သူ​၏သတ္တိကို စုစည်းပြီးနောက် အင်္ကျီလက်ထဲမှ ကဗျာစာအုပ်ကိုထုတ်လိုက်သည်။ထိုအခိုက် သူမနေနိုင်တော့ဘဲ သူ​၏ အရေထူမှုကိုပင် သက်ပြင်းချမိသွားသည်။

"အရှင်မင်းကြီး ဒါက ကျနော်မျိုးမကြာခင်ကမှ ဖွဲ့သီထားခဲ့တဲ့ ကဗျာတွေပါ။သဘေညကျစရာကောင်းတဲ့ အရင်ကဗျာတွေကိုလည်း ကျနော်မျိုး ရွေးချယ်ထားခဲ့ပါသေးတယ်။နောက်ဆုံးတစ်ခေါက် ဥယာဉ်ထဲမှာ ပန်းတွေကိုရှုစားခဲ့ချိန်က ကဗျာတွေလည်းပါဝင်ပါတယ်။အရှင်မင်းကြီးသာစိတ်ထဲမထားရင် ဒီနိမ့်ကျတဲ့ ငယ်သားက အရှင်မင်းကြီးကို ဆက်သပါရစေ"

ပြောင်မြောက်စွာကူးရေးထားသော ပါးလျသည့်ကဗျာစာအုပ်တစ်အုပ်သာဖြစ်ပြီး အဖုံးကပင် အနည်းငယ်တွန့်နေသည်။

ကုယွမ့်ပိုင်က အများအမြင်တွင်လည်း ပါရမီရှင်အဖြစ်ကျော်ကြားလွန်းသောထိုပါရမီရှင်​၏ ကဗျာစယအုပ်ကို အလွန်စိတ်ဝင်စားလေသည်။ဒါက လက်ရာမြောက်သော အရာများဖြစ်နေမည်ဆိုလျှင် သိပ်မကြာမီမှာ မြို့တော်အတွင် ပြန့်နှံ့သွားမည်မှာ

You are reading the story above: TeenFic.Net

#bl #yaoi