တေးသွားသီငှက်ငယ် - အပိုင်း ၆

Background color
Font
Font size
Line height

၂၀၁၆ မတ်လ ၁၅ ရက်နေ့

🍁🍁🍁
နွေ‌ရာသိီနေသည် အလွန်ပူပြင်းလှသည်။ ထိုပူပြင်းသော နေရှိန်အောက်တွင် ဝေနှင့် သက်လွင်တို့နှစ်ယောက် စက်ဘီးတစ်စီးစီ ကိုယ်စီနင်းကာ မန္တလေးတက္ကသိုလ် အရှေ့မြောက်ဘက် မိန်း‌လမ်းမကြီးပေါ်ရှိ ကွန်ပျူတာသင်တန်းသို့ဦးတည်သွား‌ နေကြသည်။

စာမေးပွဲက ဖေဖော်ဝါရီလလယ်လောက်တွင် ပြီးသွားခဲ့၏။ နေပူပူတွင် အိမ်ထဲ၌ စာအုပ်ဖတ်ကာ  ခွေနေချင်သော ဝေ့ကို မေမေက ခွင့်မပြုချေ။ သက်လွင်နှင့်အတူ သင်တန်းများ တက်စေသည်။ မနက်ခင်း ၈နာရီခန့်တွင် သက်လွင်က စက်ဘီးတစ်စီးနှင့်ရောက်လာ တတ်သည်။ ထို့နောက် ဝေ့ကို ခေါ်ကာအင်္ဂလိပ်စာသင်တန်း သို့သွားကြသည်။ သင်တန်းက အပြန် ဝေ့အိမ်၌ပင် ထမင်းစားခေတ္တအနားယူ၍ နေ့လယ်တစ်နာရီခန့်တွင် ဝေတို့ ကွန်ပျူတာသင်တန်းသွားရောက်ကြရသည်။

" ဝေနင်ကျောင်းကို မလွမ်းဘူးလား" လေကိုဆန်ကာ စက်ဘီးကို အားကုန်နင်းနေရသည့်ကြားမှ သက်လွင်က မမောမပန်း အော်မေးလေသည်။

"အပြီးပိတ်တာမှ မဟုတ်ပဲ။ ပြန်ဖွင့်မှာကို ဘာလို့လွမ်းရမှာလဲ" ဝေကသက်လွင်ကြား‌ စေရန် ပြန်၍အော်ပြောလိုက်သည်။‌‌ ဝေ့အဖြေကို သက်လွင်က နှာခေါင်းရှုံ့ပြပါသည်။ ရာသီဥတုပူပြင်းလွန်းသဖြင့် ဝေတို့နှစ်ယောက်သား ချွေးတွေပြန်၍ နေသည်။ထို့နောက် ဝေတို့နှစ်ယောက်သား စကားမပြောနိုင်အားဘဲ စက်ဘီးကိုသာ အားကုန်နင်းကြသည်။

သို့သော် စံပယ်ဖြူများနှင့် သင်းပျံ့သောနွေနေ့လယ်တစ်ခုကိုတော့ ဝေ့စိတ်ထဲ အခွင့်သာတိုင်း အောက်မေ့မိလျက်ရှိနေဆဲဖြစ်သည်။

🍀🍀🍀
" ပန်းကလေး တစ်ပွင့်ဆို မင်းကိုမမီဘူး။ သူတို့ရှုံးကြလေမှာပဲ။ ချစ်ပန်းများကို ကိုယ်တိုင်သီကုံး နှလုံးသားလည်းပါတယ်......"

ဒေါ်မေသီရီတစ်ယောက် ဖတ်လက်စစာအုပ်ကိုချကာ အပြင်မှ အဆိုတော်ဘိုဖြူ၏ သီချင်းသံအေးအေးကို နားစွင့်မိသည်။ ထို့နောက် ပြုံးလိုက်မိရင်း စိတ်အစဉ်သည် ၉တန်းစာမေးပွဲနောက်ဆုံးနေ့သို့ ပြန်လည်ရောက်ရှိသွားသည်။ မေထိုနေ့က ဝေ့တို့အခန်းတွင် အခန်းစောင့်အဖြစ် တာဝန်ကျခဲ့သည်။

ထိုကလေးမ၏ မျက်ခုံးကလေးများကျုံ့၍ စာကို အာရုံစိုက်နေပုံ၊ လက်ချောင်းသွယ်သွယ်ကလေးများက ဘောပင်ကို ခပ်တင်းတင်းဆုပ်၍ စာရေးနေပုံ၊ လေတစ်ချက်အဝေ့တွင် ရှေ့သို့ကျလာတော့ ဆံပင်နက်နက်ပျော့ပျော့လေးများကို သပ်ချလိုက်ပုံတို့ကို မေတစ်ယောက် အသေးစိတ်စောင့်ကြည့်ခဲ့ရသည်မှာ ရှက်ဖွယ်ပင် ကောင်းလှသေးသည်။ မေ  ထိုအကြောင်းကိုတွေးရင်း ပြုံးမိပါသည်။ သို့သော် ထိုမျှမကသေး။ ထိုနေ့က စာမေးပွဲအပြီးတွင် -

🍁🍁🍁

" ဝေဝေ ဆရာမနဲ့ နားနေခန်း ခဏလိုက်ခဲ့ပါဦး" စာမေးပွဲခန်းမှ အထွက်တွင် ဆရာမက ဝေ့ကို အသာစိုက်ကြည့်၍ ပြောလာသည်။
ဝေခေါင်းငြိတ်ပြလိုက်မိသည်။ ထို့အခါ ဆရာမက ဝေ့လက်ကိုညင်သာစွာဆွဲယူကာ ဆရာနားနေဆောင်သို့ ဦးတည်၍သွားလေသည်။

နားနေခန်းရှိဆရာမ၏ စားပွဲပေါ်တွင် စံပယ်ပန်းကုံးတစ်ကုံးကို တွေ့ရ၏။ ဝေအသင်း‌နေ့က အဖြစ်အပျက်ကို တွေးမိ၍ မျက်နှာက ရဲသွား၏။ ဆရာမက ဝေ့ကို ရယ်ချင်နေသော မျက်နှာထားဖြင့် ကြည့်ကာ ပန်းကုံးကို ဝေ့လက်ထဲသို့ ထည့်ပေး၏။ ပန်းကလေးသည် ယနေ့မှ ဝယ်ထားပုံရသည်။ ဖြူစင်၍ မွှေးပျံ့နေသည်။

"ဝေ ဆရာမကို ပန်းပန်းပေးပါဦး" ဆရာမက‌ ဝေ့ကိုနောက်ကျောပေး၍ ရပ်လိုက်သည်။ ဝေ မလှုပ်မယှက်ဖြင့် ဆရာမကို ကြောင်ကြည့်နေမိသည်။ ခဏကြာသော် ဆရာမက ဝေ့ကို လှည့်ကြည့်၍

" ဝေဆရာမနဲ့တွေ့တိုင်း ဒီလိုငြိမ်နေရင် နောက်တစ်ခါ ဆရာမအိမ်ကို ဖမ်းခေါ်သွားမှာနော်" ဟု ခပ်တည်တည်ဖြင့် ပြောလာသည်။ ထိုမှ ဝေကဆရာမနောက်သို့ သွားရပ်ကာ ဆံအုပ်တွင် စံပယ်ပန်းကုံးကို သေသပ်စွာ ပန်ဆင်ပေးလိုက်သည်။ 

ဆရာမက ဝေ့ကို ပြုံး၍လှည့်ကြည့်သည်။ ထို့နောက် ဆရာမက ဝေ့လက်နှစ်ဖက်ကို အသာဆွဲဆုပ်ကိုင်၍

" စံပယ်ပန်းတွေက ဖြူစင်တယ်။ မွှေးပျံတယ်ဝေ။ ပန်းတွေထဲတော့ ဆရာမချစ်မိတာ စံပယ်ပန်းတွေပဲရှိတယ်။ ပန်း‌ပေါင်းစုံလို လှကြ‌ မွှေးကြတဲ့ ဆရာမတပည့်တွေထဲလည်း ဝေက စံပယ်ပန်းလေးလိုပဲ။ ဖြူစင်တယ် ‌မွှေးပျံ့တယ်ပေါ့နော်" ဆရာမက နှစ်လိုဖွယ်အပြုံးဖြင့် ဝေ့ကို စေ့စေ့ကြည့်ကာပြောနေ၏။

ဝေထိုအပြုံးများကို တွယ်ငြိမိမှာ အမှန်ပင်စိုးရိမ်မိပါသည်။ ဆရာမ စံပယ်ပန်းကြိုက်သည်ကိုတော့ ထိုနေ့က ဝေသိလိုက်ရပါသည်။

🍀🍀🍀
"သမီးမေ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလား" ခရီးမှပြန်ရောက်သော မေမေက ထမင်းစားဝိုင်းတွင် မေ့ကို မေးလာသည်။ မေ့အဖြေကို ဘိုးဘိုးကြီး၊ဘွားဘွားကြီး နှင့် ဖေဖေတို့က နားစွင့်နေကြသည်။

"မေ အိမ်ထောင်ပြုဖို စိတ်ကူးမရှိသေးပါဘူး" မေ့အသံက ထမင်းဝိုင်းတွင် တည်ငြိမ်စွာထွက်ပေါ်လာသည်။

" အို တည်သွားလိုက်တာ သမီးရယ်။ မေမေက သမီးလေးမှာ ချစ်သူရှိရက်နဲ့ မေမေတို့ မသိရမှာစိုးလို့ပါ" မေ့မျက်နှာ တစ်ချက်အညှိုးမခံကြသော မိသားစုဝင်များကြောင့် မေစိတ်လျှော့ချလိုက်သည်။

"မေ့မှာ ချစ်ရတဲ့သူတော့ ရှိပါတယ်။ ဒါပေမယ့် ကလေးက အသက်မပြည့်သေးဘူး။ နောက်ပြီး မေတစ်ခါတည်း အားလုံးကို ရှင်းရှင်းလင်းလင်း သိစေချင်တာက မေချစ်ရတဲ့သူက မိန်းကလေးပါ" မေလက်မှ ဇွန်းခက်ရင်းများကို အသာချ၍ မေမေ့ကိုကြည့်ကာ ပြောလိုက်သည်။

မေ့အပြောကြောင့် ထမင်းဝိုင်းသည် တိတ်ဆိတ်သွား၏။

"သမီးရဲ့ ရွေးချယ်ချက်ဆို ဖေဖေတို့အားလုံးက သဘောတူကြည်ဖြူပြီးသားပါ။ ဒါပေမယ့် သမီးကိုတစ်ခု သိစေချင်တာက လောကဓံရဲ့အထုအထောင်းကို သမီးတို့နှစ်ယောက် ကြံ့ကြံ့ခံနိုင်မှာလား။ သူ့ဘက်ကရော သမီးကို ဘယ်လောက်ထိ သည်းခံအလိုလိုက်ပေးနိုင်မလဲ။ဒါ့ပြင် ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ။ ဒါတွေကိုတော့ သမီးမေကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ်" ဟုပြောကာ ဖေဖေက မေ့ခေါင်းကို အသာအယာနမ်း၍ ထမင်းဝိုင်းမှ ထသွားပါသည်။ ဘိုးဘိုးကြီးနှင့် ဘွားဘွားကြီးတို့ကတော့ မေ့ကို ခွင့်လွှတ်ပြုံးဖြင့်သာ ပြုံးကြည့်နေကြပါသည်။

" ဆရာမဘက်ကတော့ အချိန်တန်တာနဲ့ စံပယ်ပန်းဖြူလေးတွေကို အပိုင်သိမ်းချင်ပါရဲ့။ ဘဝမှာ ပြီးပြည့်စုံပါတယ်ဆိုတဲ့ အရာတွေချည်းရခဲ့ပေမယ့် အရာအားလုံးကို တင်းတိမ်ပြီးနေနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ပိုင်ဆိုင်ချင်တဲ့အရာ ရှိလာခဲ့ပြီဝေရယ်" မေ တွေးတောရင်း သက်ပြင်းမော တစ်ချက်ချလိုက်မိသည်။

မေတွေးမိသော မေတို့အချစ်ရေးသည် ရှည်ကြာစွာ‌ စောင့်ဆိုင်းဖြေရှင်းရမည့် အရာတစ်ခုဖြစ်သည်။ ထို့ပြင် အရာရာကို လျှို့ဝှက်တတ်သော မျက်ဝန်းညိုမှိုင်းများနှင့် မေ့ကို တွယ်ငြိမိမှာစိုးရဲ့ ရှောင်နေတတ်သော အရိပ်ကလေးကို သတိရစိတ်ဖြင့် မေ့ရင်တွင် မီးစာညွန့်ကလေးများ တောက်လောင်၍‌ နေလေသည်။

19th September,2024
Loonbby


You are reading the story above: TeenFic.Net