တေးသွားသီငှက်ငယ် - အပိုင်း၅

Background color
Font
Font size
Line height

ရာသီဥတု ကြည်လင်သာယာသော နံနက်ခင်းတစ်ခုဝယ် -

🍁🍁🍁
‌ဝေတို့သူငယ်ချင်း နှစ်ယောက် အသင်းကျသဖြင့် တံမြက်စည်းလှည်းနေကြသည်။ ထို့နောက် ဘုရားပန်းလဲဖို့ရာ ပန်းဝယ်ရန် သတိရသဖြင့် ဝေတစ်ယောက် သက်လွင်ကို လှည့်ကြည့်မိလိုက်သည်။ အိပ်ချင်မူးတူးဖြင့် ဆူပုတ်နေသော ဝေ့သူငယ်ချင်းကိုကြည့်၍ ဝေရယ်ချင်မိသည်။

ကျောင်းတက်ခါစရက်များက ဝေက တနင်္လာအသင်း ရွေးသဖြင့်  သက်လွင်တစ်ယောက် အတင်းကန့်ကွက်ခဲ့ဖူးသည်။ ပထမဆုံးအသင်းက အပင်ပန်းဆုံးဟုဆိုကာ ဝေ့ကို ဂျစ်တိုက်ခဲ့သည်။ သို့သော်ဝေက ပထမတစ်ရက်လုပ်ပြီးရင် တစ်ပတ်လုံးနားလို့ရပြီဟု မရမက တနင်္လာအသင်းကို ယူခဲ့သည်။ သို့်သော်အမှန်တကယ် ပင်ပန်းသည်ကို ဝေခံစားမိပါသည်။ ကျောင်းပိတ်ရက်နှစ်ရက်စာ သစ်ရွက်ခြောက်များ ဖုန်လုံးများကို ဝေတို့ ချွေးများရွှဲအောင် သန့်ရှင်း‌ရေးလုပ်ကြရသည်။

ဘုရားပန်းဝယ်ဖို့ရာ သက်လွင်ကို ခေါ်လို့ရမည်မဟုတ်မှန်း ဝေနားလည်သဖြင့် တစ်ယောက်တည်းပင် မုန့်ဈေးတန်းသို့ လျှောက်လာခဲ့သည်။ လေပြည်နုနုကြောင့် ဝေစိတ်တို့ အေးချမ်းနေ၏။ ကျောင်းထဲရှိ စိမ်းလန်းစိုပြည်သော သစ်ရိပ်ဝါးရိပ်ကို ဝေနှစ်ခြိုက်ပါ၏။ ပန်းဆိုင်ရှေ့ရောက်၍ ဝေပန်းများကိုသေချာစွာရွေးချယ်ကြည့်မိသည်။ ဘုရားစင်၌ချိတ်ရန် မွှေးပျံသော စံပယ်ပန်းကုံး က‌လေးများကို ဝေရွေးချယ်လိုက်သည်။ ဘုရားပန်းအိုးတင်ရန်အတွက် နှင်းဆီပန်းစည်း အဖြူကလေးဆီ လက်လှမ်းလိုက်ချိန်တွင် ဝေ့လက်ပေါ်သို့် လက်ဖဝါးတစ်ခုက အုပ်ကိုင်လာသည်။ ရုတ်တရက်ဖြစ်၍ ဝေမျက်မှောင်ကြုံ၍ မော့ကြည့်လိုက်ချိန်တွင် _

🍀🍀🍀
မေ ဂျူတီ ရှိသဖြင့် ကျောင်းသို့်စောစော ရောက်နေခဲ့သည်။ ကျောင်းဝင်းအတွင်း ကျောင်းသူကျောင်းသားများ သန့်ရှင်းရေး လုပ်နေကြသည်ကို မေ အချိန်အတော်ကြာကြာ ရပ်ကြည့်နေမိသည်။ ထို့နောက် မနက်စာ မစားရသေးသည်ကို သတိရသဖြင့် ကော်ဖီပူပူတစ်ခွက်ဝယ်သောက်ရန် စိတ်ကူးကာ မုန့်ဆိုင်တန်းဘက်သို့ ကူးလာခဲ့သည်။ ကော်ဖီကြိုက်သော မေ့အဖို့ မုန့်ဆိုင်သို့ လာခဲ့သည်မှာ မဟာအမှားပင်ဖြစ်တော့သည်။

မေ့၏ အလွန်ရှက်တတ်သော ဝေက ယောကျာ်းလေးတစ်ယောက်နှင့် ပန်းဆိုင်ရှေ့တွင် လက်ချင်းချိတ်ထားသည်။မယုံနိုင်မှုနှင့်အတူ မေ့စိတ်အစဉ်သည် မိုက်ခနဲတုန်လှုပ်သွားသည်။ တစ်ဆက်တည်း၌ မေ့၏ ရင်တွင် ဒေါသလှိုင်းတံပိုးက အပြင်းအထန်ရိုက်ခတ်သွားသည်။ မေအင်မတန် စိတ်ဆိုးမိသည်။ မေချက်ချင်းပင် ထိုကလေးနှစ်ယောက်အနားသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

🍁🍁🍁

"ကျောင်းနယ်မြေထဲမှာ ဒါကဘာလုပ်နေကြတာလဲ " အေးစက်မာကျောသော အသံတစ်ခုက ဝေ့နားထဲသို့ ဝင်ရောက်လာသည်။

"သားအတန်းပိုင်ဆရာမဖို့ နှင်းဆီပန်းဝယ်မလို့ ယူလိုက်တဲ့အချိန် ဒီကညီမ‌လေးလက်ကို မတော်တဆထိမိတာပါဗျ။ တောင်းပန်ပါတယ်ခင်ဗျ" ဝေ့လက်ကို ကိုင်ထားသော အတန်းကြီးအစ်ကိုကြီးက လက်ကို အမြန်ဖြုတ်ချကာ ပျာပျာသလဲဝင်ပြော၏။

ဆရာမက ဝေ့ကိုသာ စိုက်ကြည့်နေ၏။ ထိုသူပြောသည်ကို ကြားဟန်မတူ။ ထို့နောက်

"ဝေ ဆရာမနောက်လိုက်ခဲ့"ဟု တစ်ခွန်းသာပြော၍ လှည့်ထွက်သွားသည်။ ဝေအမြန်ပိုက်ဆံရှင်း၍ ဆရာမနောက်သို့ အပြေးလိုက်ခဲ့ရသည်။ ဝေတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဟုသာ ငြီးတွားချင်စိတ်ပေါက်မိသည်။

🍀🍁🍀🍁🍀🍁
နားနေခန်းအတွင်း ရောက်သောအခါ ဆရာမက ထိုင်ခုံ၌ထိုင်ကာ ဝေ့ကို ငြိမ်သက်စွာစိုက်ကြည့်နေသည်။ဝေမျက်လွှာချလျှက် ဆရာမကို ခေါ်ရသည့်အကြောင်းအရင်းအား တိုးညှင်းစွာမေးမိသည်။

"ဆရာမကို ကြည့်ပြောပါ" ရုတ်တရက် ထရပ်လာသော ဆရာမကို ဝေကြောက်မိသည်။ ဝေမဝံ့မရဲနှင့် ဆရာမကို မော့ကြည့်မိသည်။ ဝေ့အနားကပ်လာသော ဆရာမကြောင့် ဝေ့ရင်တို့ တထိတ်ထိတ်တိုးလာသည်ကို ခံစားလိုက်ရသည်။

ထိုအချိန် "ဆရာမဖို့ သမီးတို့ပန်း ..." ကျောင်းသူနှစ်ယောက်‌ ရုတ်တရက်ဝင်လာကာ ဝေတို့နှစ်‌ယောက်ကြားတိုးဝင်၍ ဆရာမဆီသို့ အတင်းပန်းများ ထိုးပေးကြသည်။

ဝေ ထွက်ပြေးရန် အခွင့်အရေးရ၍ တံခါးပေါက်ဆီသို့ ဦးတည်လိုက်သည်။ သို့်သော် ဝေ့လက်သည် ဆောင့်ဆွဲခြင်း ခံလိုက်ရသည်။ နာသွားသဖြင့် လှည့်ကြည့်လိုက်ရာ ဆရာမက စိတ်တိုသွားဟန်ဖြင့် ဝေ့ကို ကြည့်နေသည်။

"ဆရာမ ပန်းမကြိုက်ဘူး" ဆိုကာ ကျောင်းသူနှစ်ယောက်ကို ချက်ချင်းပြန်လွှတ်လိုက်သည်။ ကျောင်းသူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ချိတုံချတုံဖြင့် ပြန်သွားကြသည်။

သို့သော် -

"မင်းက ဘယ်ကိုသွားမလို့လဲ။ အစောက ကောင်လေးဆီလား" ဆရာမက ဝေ့ကိုသူ့ဘက်သို့ အတင်းဆောင့်ဆွဲကာ မေးလိုက်သည်။

ဝေအံ့ဩထိတ်လန့်သွားသည်။ မျက်လုံးအိမ်တွင် မျက်ရည်များကချက်ချင်း ရစ်ဝိုင်းလာသည်။ ဆရာမက ပြေလည်ပြီးသား ပြဿနာကို အလွတ်မပေးဘဲ ဝေ့ကို ပုတ်ခတ်ပြောဆိုနေခြင်းပင်။

🍁🍁🍁
" ဝေတို့ မတော်တဆလက်ချင်း ထိမိသွားတာ ဆရာမလည်း သိပါတယ်" ဝေ့အသံ စူးစူးကလေးက ဝမ်းနည်းသဖြင့် အက်ကွဲစွာထွက်ပေါ်လာသည်။

ထိုအခါတွင်လည်း ဆရာမက မချိသောပုံစံဖြင့် ဝေ့လက်နှစ်ဖက်ကို အသာအယာဆုပ်ကိုင်၍ ဝေတို့ခန္ဓာကိုယ်နှစ်ခုကို နီးကပ်စေသည်။

ဝေတို့ကြားတွင် အကွာအဝေးမရှိတော့လောက်အောင် နီးကပ်သွားသည့်အခါ ဝေအရာအားလုံးကို ခေတ္တခဏ မသိမမြင်နိုင်တော့ပါ။ ဝေ့ပါးပြင်တွင် ရလိုက်သည့် နူးညံ့သည့်အထိအတွေ့ကိုတော့ ဝေ့ဒီတစ်သက်မေ့နိုင်တော့မည်မထင်။

ခန္ဓာကိုယ်နှစ်ခုကို အသာအယာဖယ်ခွာချိန်တွင် ဝေတစ်ယောက် ပြုတ်ကျသွားသော စံပယ်ပန်းကုံးများကို မကောက်နိုင်‌တော့။ သက်လွင် ပြောလည်း ခံရတော့မည်။ ဝေးဆက်လက်၍တွေးတောနိုင်စွမ်းမရှိတော့‌ပေ။ တုန်ခါ‌နေသောရင်ဘတ်ကို လက်ဖြင့်ဖိ၍ အတန်းသို့ မိုင်ကုန် ပြေးလာမိတော့သည်။

ကျန်ခဲ့သော ‌ဒေါ်မေသီရိကမူ ဝေပြုတ်ကျခဲ့သောပန်းကုံးကလေးများကို ကောက်၍ အညင်အသာ မွှေးကြူလိုက်သည်။ သို့သော် ထိုပါးပြင်ကလေးလောက်တော့ ပန်းကလေးများက မမွှေးနိုင််ပြီ၊ မနူးညံ့နိုင်ပြီဟု တွေးရင်း မေ သဘောကျစွာပြုံးလိုက်သည်။

( Update နောက်ကျတဲ့အတွက် စာဖတ်သူအားလုံးကို အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင့်။ ဖတ်ပြီးသွားတဲ့အချိန်မှာ ဇာတ်ကောင်တွေအပေါ်ထင်မြင်ချက်တွေ၊ စာအရေးအသားလိုအပ်ချက်တွေကို ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီက စာရေးသူအတွက် အင်အားပါ။ )

2 September,2024
Loonbby


You are reading the story above: TeenFic.Net