ရုံးခန်းထဲတွင် တင်ပြလာသော ဖိုင်တွဲများအား ဖတ်နေသော ကိုထွဋ်..။ ထိုစဉ် အရိပ်ငယ်လေးတစ်ခုသည်ကား ကိုထွဋ်ရှေ့လာရပ်၏။ မော့ကြည့်လိုက်တော့ ခန့်...
"ခန့်...!! မင်းဘယ်တွေရောက်နေတာလဲ..။ ဒီမှါ ဘယ်လောက်ထိ ပြဿနာတက်နေလဲ မင်းမသိဘူးလား..။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်တွေ ပစ်ချပြီး လျှောက်သွားနေရလား..."
"ကျွန်တော် တောင်းပန်ပါတယ်.."
"ဒါပဲလား..။ တောင်းပန်လိုက်ရုံနဲ့ ပြီးပြီလား.."
ထိုအခါ စာအိတ်လေးတစ်အိတ် စားပွဲပေါ် ဖြည်းညင်းစွာ တိုးပေးလာသော ခန့်..။ ကိုထွဋ် သေချာကြည့်လိုက်တော့မှ မျက်ခုံးများ မြင့်တက်သွားရင်း ခန့်အား ဒေါသတကြီး စိုက်ကြည့်လာ၏။
ထိုစာအိတ်လေးတွင်ကား...
*နှုတ်ထွက်စာ...*
"ဒါဘာသဘောလဲ ခန့်..။ မင်း ဒီလေါက်လေးတောင် အပြောမခံနိုင်တော့ဘူးလား..."
"အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် ပြင်ဆင်နေခဲ့တာကြာပါပြီ..။ အခု ကိုရိပ်လည်း ပြန်ရောက်လာပြီ။ ကိစ္စတိုင်းကိုလည်း ကိုရိပ်ကို သေချာလွှဲခဲ့လိုက်ပါပြီ..
စိတ်ချ ပါ။ ဘာပြဿနာမှ မရှိစေရပါဘူး..။ ကျွန်တော် အားလုံး သေချာရှင်းပြခဲ့ပါတယ်။ သေချာလည်း စီစဉ်ခဲ့ပါတယ်..."
ခန့် အပြောတို့အား ကြောင်အစွာ နားထောင်နေသော ကိုထွဋ်...
" မ..မဟုတ်သေးပါဘူး..။ ဘယ်နေရာကစပြီး မှားသွားလို့လဲ..။
ခန့် ဘာအဆင်မပြေတာ ရှိလို့လဲ..။ ကိုယ့်ကို ပြောပါ။ ကိုယ် အားလုံးရှင်းပေးမယ်.."
ထိုအခါ ခပ်ဖွဖွ ပြုံးလာကာ ခပ်ဖြည်းဖြည်းချင်း ခေါင်းရမ်းပြသော ခန့်...
"အဆင်မပြေတာဆိုတာ ရှိပါ့မလား..."
"ဒါဆို ဘာလို့လဲ..။ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားဖို့ လုပ်နေတာလဲ..."
"ပင်ပန်းလာလို့..."
အပြုံးလေးတစ်ခုဆောင်ကာ တစ်ခွန်းချင်းပြန်ဖြေပေးနေသော ခန့်..။ သို့သော် မျက်ဝန်းထဲတွင်ကား အရည်ကြည်လေးများ တဖြည်းဖြည်းလဲ့နေချေပြီ...
"ခန့် ပင်ပန်းလာရင် ကိုယ် တာဝန်တွေ ခွဲပေးမှာပေါ့။ ဒီလေါက်ထိ လုပ်စရာ လိုလို့လား..။ ကိုယ် စီစဉ်ခိုင်းလိုက်....."
"မလိုပါဘူး..။ မလုပ်ပါနဲ့တော့..။ ကျွန်တော် လက်လျှော့လိုက်ချင်ပြီမလို့..."
"ဘာကိုလဲ..။ အားလုံးမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး..။ အားလုံး အစီအစဉ်တကျသွားနေတဲ့ ကိစ္စမှာ ဘာကို လက်လျှော့လိုက်ချင်တာလဲ.."
" ကျွန်တော် တောင်းပန်ပါတယ်။ ကိုရိပ် တစ်ကယ်ပြန်လာပြီ။ အားလုံးကို ကိုရိပ်နဲ့ ညှိပြီးပါပြီ..."
"ခန့်.. မင်းတစ်ကယ် ဘာဖြစ်နေတာလဲ..။ ကိုယ်မသိလိုက်ခင် ဘာတြွေဖစ်ပျက်သွားခဲ့လို့လဲ..၊ ဟင်..."
"ဘာတြွေဖစ်ပျက်သွားလဲဆိုတော့ ဘာမှမဖြစ်ပျက်သွားပါဘူး...
ကိုထွဋ် ကျွန်တော့်ကို မသိခဲ့ရုံလေးပါ..."
"မသိခဲ့ရအောင် ကိုယ်အရူးလား..။အမြဲ မျက်ခြည်မပျက် မင်းကို စောင့်ကြည့်နေခဲ့တာမှာ မင်းကို မသိခဲ့ရအောင် ကိုယ်အရူးလား ခန့်..."
ထိုအခါ အံ့သြရိပ်လေးသန်းကာ ကိုထွဋ်မျက်ဝန်းများအား စိုက်ကြည့်လာသော ခန့်...
ထို့နောက် ဟက်ခနဲ တစ်ချက် ရယ်လိုက်ကာခေါင်းကိုခါရမ်းလိုက်ရင်း...
"ကျွန်တော့်ကို တစ်ကယ်သိခဲ့တာလား..။ ဒါဆို ကျွန်တော် ဘယ်သူလဲ.."
"ခန့်..!! မင်း ဘာဖြစ်နေတာလဲ.."
"ဖြေပါ..။ ကျွန်တော် ဘယ်သူလဲ.."
"ဘယ်သူဖြစ်ရမှာလဲ.. ခန့်ပေါ့.."
ထိုအခါမှ ခေါင်းလေးငုံ့သွားကာ တစ်ချက်ရယ်လိုက်သော ခန့်..။ သို့သော် ရယ်သံသည်ကား အသက်မပါခဲ့ချေ...
"ကိုထွဋ် မသိခဲ့ဘူး..။ ကျွန်တော့်ကိုရော..၊ ကျွန်တော့် စိတ်ကိုရောပေါ့.."
"ခန့်..."
"ကိုထွဋ်က fantastic Ent ရဲ့ ဒါရိုက်တာ မင်းခန့်သာ ကိုပဲ သိခဲ့တာ..."
ထို့နောက် အပြုံးတစ်ခုပြုံးပြလာရင်း ...
"ကျွန်တော့်ကို ခွင့်ပြုပါဉီး..."
"ခန့်..!!"
ကျွန်တော် အလောတကြီး တားဆီးမိတော့ တဖြည်းဖြည်းချင်းလှည့်ကြည့်လာသော ခန့်...
"မင်း ဘာကိုဆိုလိုချင်တာလဲ..."
"သိလာမှာပါ။ တစ်နေ့နေ့ ဆုံဖြစ်ခဲ့ရင်ပေါ့.."
ထို့နောက် နောက်ပြန်လှည့်မကြည့်ပဲ ထွက်သွားသော ခန့်..။ ကိုထွဋ် သည်သာ နေရာ၌ တွေတွေကြီးငေးကာ ကျန်ရစ်နေခဲ့မိသည်။
အသက်မရှိသည့် ကျောက်ရုပ်ကြီးပမာ တောင့်တောင့်ကြီး ရပ်နေမိရင်း ခန့်ပြောသွားသာ စကားများအား အဖန်ဖန် ကြားယောင်နေမိသည်။
~ဘာတြွေဖစ်ကုန်တာလဲ။ ခန့် ဘာဖြစ်သွားတာလဲ။ ပြီးတော့ ထူးဆန်းတယ်။ ခန့်က အခြားတစ်ယောက်လို ပြောင်းသွားသလိုပဲ..။
အရမ်း အေးစက်သွားသလိုပဲ...~
ထို့နောက် အသိပြန်ဝင်လာပြီး ခန့်နောက်အလောတကြီး ပြေးလိုက်သွားမိသည်။ ကုမ္ပဏီအပြင်ဘက်ရောက်တော့ ကားတစ်စီးပေါ် တက်သွားသော ခန့်...
ကားမောင်းသူကား တရိုတသေဖြင့် ခန့်အားတံခါးဖွင့်ပေးနေ၏။ခန့်သည်ကား ဤသည်အား ဂရုစိုက်ခြင်း အလျင်းမရှိ ခပ်အေးအေးပင် အလိုက်သင့် ကားပေါ် တက်သွားသည်။
ထို့နောက် ထိုလူသည်ကား ကားတံခါးအားသေချာပြန်ပိတ်ပေးလိုက်ရင်း ကားပေါ်တက်ကာ မောင်းထွက်သွားခဲ့လေသည်။
ခန့်၏ ဤပုံစံအား တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ လူတိုင်းအား လေသံအေးအေးဖြင့် နွေးထွေးစွာ ဆက်ဆံပေးတတ်ပါသော ခန့်၊ အပြောချိုချိုဖြင့် ကိုယ့်ကိုယ်ကို နှိမ့်ချကာ ပြောဆိုလေ့ရှိပါသော ခန့်..၊ အမြဲလိုလို သူ့ဘက်ကသာ ဖြည့်ဆည်းပေးလေ့ရှိပါသော ခန့်...
ထိုသို့သော ခန့်က ယခုမူ အထက်ဆီးဆန်သော မျက်နှာထားဖြင့် အေးအေးလူလူကားပေါ်လိုက်သွားခဲ့သည်။ ကျွန်တော် အမြင်မှားခဲ့ခြင်းပေလား....
°°°°°°°
ထိုနေ့မှ စ၍ ခန့် Ent ဆီ မလာခဲ့ပါ။ အမှန်အကန်ပင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီထင်ပါသည်။
ပုံရိပ် သည်ကား အရာအားလုံး မှတ်မိသည်မှ စ၍ ent မှ junior များအား ပို၍ နွေးထွေးလာသည်။ ပို၍ဂရုစိုက်လာပြီး ခန့် ၏ တာဝန်အား ကျေပွန်သည်ထက်ပို၍ပင် ထမ်းဆောင်နေလေသည်။
ပုံရိပ်အပါအဝင် ရတီ ၊ ဇွဲ ..၊ ထို့အတူ စေ သည်ကား ဤ ကိစ္စအား ကြိုသိနှင့်ပြီးသည်နှယ် အံ့သြခြင်းအလျဉ်းမရှိ။ ပြာယာခတ်ကာ တားဆီးခြင်းတို့လည်း မရှိခဲ့ပါ။
ကျွန်တော် တစ်ယောက်တည်းသာ ဘာတွေ ဖြစ်ပျက်သွားမှန်းမသိ ဖြစ်နေခဲ့သည်။ ခန့် ပြောခဲ့သလို ကျွန်တော် ခန့်အား သေချာမသိခဲ့ခြင်းပေလား....
မဖြစ်နိုင်..။ ခန့် နဲ့အနီးကပ်ဆုံးသည်ကား ကျွန်တော်ပင်..။ ကျွန်တာ် မှမသိရင် ဘယ်သူသိမလဲ....
သို့သော် သေချာပြန်စဉ်းစားသော် ကျွန်တော်အမှန်ပင် မသိနေခဲ့သလို ခံစားနေရသည်။ ခန့် ဘာတွေ ခံစားနေရတာလဲ...
ထိုရက်ပိုင်းအတွင်း ခန့် တစ်ယောက် ကျွန်တာ့်အပေါ် တဖြည်းဖြည်းချင်း အေးစက်လာသည်ကိုတော့ ခံစားမိခဲ့ပါသည်။ သို့သော် အလုပ်များနေ၍ ဟုသာတွေးပြီး အထူးတလည် တွေးမနေခဲ့ပါ။
အရင်ကဆိုလျှင် ကျွန်တော့်ကိစ္စမှန်သမျှအား ခရေစေ့တွင်းကျ စုံစမ်းရင်း ပေါက်ပေါက်ဖောက်တတ်သူက လွန်ခဲ့သည့် လပိုင်းလောက်ကစပြီး အရေးတယူ ရှိမနေခဲ့ပါ။
ခန့် ထွက်သွားသည့်နေ့မှ စပြီး ယနေ့အချိန်ထိ ခန့် ဘာဖြစ်သွားခဲ့သည်အား စဉ်းစားပြီးရင်း စဉ်းစားနေမိသည်။ အမြဲ လူနားတိုးဝှေ့ကာ ပေါက်ပေါက်ဖောက်သကဲ့သို့ စကားတွေပြောနေတတ်သောခန့်...၊ ကျွန်တာ် စနောက်မိတိုင်း မျက်စောင့်တဝင့်ဝင့်ထိုးကာ စိတ်ကောက်တတ်သည့်ခန့်...
ထိုသို့သော ခန့်ကား အနားတွင်မရှိတော့သောအခါ၌ ကျွန်တာ့်စိတ်ထဲတွင် ဗလာနတ္ထိဖြစ်နေသလို ခံစားနေရသည်။
အသည်းအသန်စဉ်းစားနေမိသည်ကား ခန့် အား ချော့ရန်.....
"ကိုထွဋ် ..၊ ကိုစေ အတွင်းရေးမှူးက နောက် တစ်နာရီနေရင် ကိုစေ ရောက်တော့မယ်လို့ပြောပါတယ်.."
"အင်း.. သိပြီ.."
စေ ဒီနေ့ လူတစ်ယောက်နှင့် ညစာစားရန် ရှိသည်။ ထိုအချိန်တွင် နောက်အသစ်ချုပ်မည့် စာချုပ်အကြောင်း ဆွေးနွေးရန် ရှိ၏။
စာချုပ်ကိစ္စသည်ကား အဆင်ပြေပြီး ဖြစ်မည်ထင်ပါသည်။ ကြော်ငြာကိစ္စအတွက်ပါ ဆွေးနွေးမည်ဟု ဆိုသည်။
ထုတ်ကုန်အတွက် ကြော်ငြာအားလည်း စေ ရဲ့ ent ဖြင့်သာ တွဲလုပ်ချင်သည်ဟု ဆို၍ ကျွန်တော့်ကိုပါ ခေါ်ခြင်းဖြစ်၏။
စေ ပိုင်ဆိုင်နေသော royal company သည် စီးပွါးရေးလောကရှိ အင်အားအတောင့်ဆုံး ကုမ္ပဏီသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး..၊ စေ ပိုင်ဆိုင်သည့် fantastic Ent သည်မှာလည်း အနုပညာလောကရှိ ဒိတ်ဒိတ်ကြဲ Ent များထဲမှ တစ်ခုပင်မဟုတ်ပါလော....
စေ ကိုမထိပါးရဲပါဟု ကြွေးကြော်ကြသူများသည်ကား မှားကြသူများမဟုတ်ပါပေ...
°°°°°°°°
စားသောက်ဆိုင်လေးသည်ကား သီးသန့်ဆန်သည်။ အခန်းလေးများဖွဲ့စည်းထားကာ အခန်းထဲတွင်ကား ထိုင်ခုံခင်းလေးများ ခင်းထား၏။ ထို့နောက် စားပွဲလေးတစ်လုံး...
စားပွဲပေါ်တွင်ကား အလှပန်းအိုးလေး တစ်လုံး..။ ထို့ပြင် အစားအသောက်များ...
ကျွန်တော်နဲ့ စေ ဝင်လိုက်သည့်အခါတွင်ကား လူတစ်ယောက် ကြိုရောက်နှင့်ပြီး ဖြစ်ကာ အစားအသောက်များပင် မှာထားပြီး ဖြစ်လေသည်။
"အော် မောင်မင်းစေရာ လာပြီလား..။ ထိုင်ပါ၊ ထိုင်ပါ.."
"ထိုင်နေပါ အန်ကယ် ၊ ယဉ်ကျေးမှုတွေ မလိုပါဘူး..."
"ဒီလိုတော့ ဘယ်ဟုတ်မလဲ..၊ ထိုင်. ထိုင်.."
ထိုအခါမှ သုံးယောက်သား အတူထိုင်လိုက်ကြ၏။
"ဒီက Ent ဒုဥက္ကဌ ကိုထွဋ် လား..."
"ဟုတ်ကဲ့..."
"တွေ့ရတာ ဝမ်းသာပါတယ်။ အန်ကယ်က Dream company ဥက္ကဌ ဉီးအောင်သင်းသာ ပါ.."
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။ ကိုထွဋ်ပါ.."
"အန်ကယ် အစားအသောက်တွေ ကြိုမှာထားလိုက်တယ်။ မောင်မင်းစေရာတို့ ကြိုက်ရဲ့လားတော့မသိဘူး..."
"အဆင်ပြေပါတယ်.."
အရှေ့မှ အန်ကယ်ကား ပျူငှါသလောက်စေသည်ကား အေးစက်ဆဲ။ လိုအပ်သည်ထက် ပိုဖြေခြင်းမရှိသော စေ အား ကြည့်ကာ ကိုထွဋ်တစ်ယောက် သြချမိသည်။
"အန်ကယ် က မောင်မင်းစေရာကို အတော်သဘောကျတာ..။ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွါးရေးလောကကြီးကို ဉီးဆောင်နိုင်နေပြီ...
လူငယ်ဆိုတာ ဒီလိုဖြစ်ရမှာ..။ အန်ကယ်တို့ ဘယ်လောက် အတွေ့အကြုံရင့်ရင့် လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်း..၊ ဆုံးဖြတ်နိုင်စွမ်း တွေကိုတော့ လိုက်မမှီဘူးကွ..."
"ဟုတ်ကဲ့..."
စေ သည်ကား ဘာမှ မပြော..။ တူ တစ်စုံကိုင်ရင်း စားစရာရှိသည်သာ နည်းနည်းစီ စားနေ၏။ မနေနိုင်သော ကျွန်တော်ကသာ အလိုက်သင့် ဖြေပေးနေရသည်။
"အိမ်က ကောင်လေးကတော့ ပြောမနိုင်ပါဘူးကွာ..။ စီးပွါးရေးဘက် ဘယ်လောက်သွင်းသွင်း ငြင်းပြီးရင်း ငြင်းနေတော့တာပဲ...
အဲ့တော့ သူ့ညီမလေးက သူ့အစား ကုမ္ပဏီဝင်ပြီး လုပ်ကူကိုင်ကူနေလေရဲ့...။ မနိုင်တော့လည်း လွှတ်ထားရတာပေါ့လေ...
မောင်မင်းစေရာ အရိပ်ရဲ့ အဖျားလောက်လေးပဲဖြစ်ဖြစ် ဒီကောင်လေးလိုက်လုပ်ပေးနိုင်မယ်ဆိုရင်ကို အန်ကယ်ကျေနပ်ပါပြီကွယ်.."
"လူငယ်တွေကတော့ ဒီလိုပဲပေါ့ အန်ကယ်..။ သူတို့ ဝါသနာပါတာကို သူတို့ ကြိုးစားကြည့်ချင်ကြသူတွေချည်းပါပဲ..."
"အန်ကယ် လည်း နားလည်ပါတယ်။ သူဝါသနာပါလှပါချည်ရဲ့ဆိုလို့ ပန်းချီဆွဲခွင့်ပြုလိုက်တယ်လေ..၊ အချိန်တန် ကိုယ့်အိမ်စီးပွါးရေး ဝင်လုပ်တန်ကောင်းပါရဲ့ပေါ့...
သူကြိုးစားပါတယ်။ နာမည်ရ ပန်းချီဆရာတစ်ယောက်ဖြစ်လာတယ်။ အဲ့တော့ အန်ကယ်လည်း မပြောပဲ လွှတ်ထားတာကို ဆိုင်းမဆင့် ဗုံမဆင့် အနုပညာလောကထဲဝင်ချင်သတဲ့...
မန်နေဂျာလုပ်ချင်သတဲ့လေ..."
"ဟုတ်ကဲ့..."
"တော်တော်အချေအတင် ပြောပြီးတဲ့နောက် အန်ကယ်ခွင့်ပြုလိုက်ရတယ်..။ သားသမီးကို နိုင်တဲ့မိဘမှ မရှိတာကွယ်..၊ ဟုတ်တယ်မလား..."
"မှန်တာပေါ့ အန်ကယ်.."
အလိုက်သင့်ပြန်ဖြေပေးရင်း စေ ကိုစောင်းငဲ့ကြည့်ပါသော်လည်း မပြောင်းလဲသည့် အေးစက်စက်မျက်နှာထားဖြင့်သာ ရေနွေးခွက်လေးကိုင်ထားရင်း ရေနွေးအား အရသာခံသောက်နေ၏။
"အင်း... အန်ကယ် လွှတ်လွှတ်ပေးလိုက်ရတာလည်း ဒီကောင်လေးက ပြောရင်ပြောသလို အောင်မြင်အောင်လုပ်တတ်လို့ပဲ...
ဒီစွမ်းရည်လေးသာ အိမ်စီးပွါးရေးအတွက် သုံးမယ်ဆို ဘယ်လောက်ကောင်းမလဲ ငါ့တူရယ်..."
"လူငယ်ဆိုတာ သူလုပ်ချင်ရင် တားလည်း လုပ်ကြမှာပဲ အန်ကယ်.."
"မှန်တာပေါ့ ..။ ဒါပေမယ့် ဒီကောင်လေးကိုက ငြိမ်ငြိမ်မနေတတ်တာ..။ အခုလည်း ဆိုင်းမဆင့် ဗုံမဆင့် အလုပ်ထွက်လာပြန်ပြီ.."
"ဗျာ...၊ အလုပ်ထွက်ပြန်ပြီလား..."
ကျွန်တော် အရယ်တစ်ဝက်ဆိုမိတော့...
"အေးကွယ် ..၊ အခု frence ပြန်မယ်လုပ်နေတယ်၊ နောက်လထဲ ဂျပန်မှာ ပွဲရှိတယ်ဆိုလားကွယ်...
အဲ့ဒါကြောင့် အခွင့်အရေးရတုန်း စီးပွါးရေးဘက်သွင်းလို့ရမလားလို့ ဒီကိုခေါ်ထားတယ်။
အန်ကယ်ကလည်း မလာမှာစိုးလို့ အခု ကြော်ငြာ ကိစ္စအတွက် စာချုပ်ကိစ္စတွေကို သူ့ကို လွှဲထားလိုက်တာကွယ်...။အခုထိ ရောက်မလာသေးဘူး...
အားနာစရာတွေတော့ ဖြစ်ကုန်ပြီထင်ပါတယ်...။ ခဏလောက်ထပ်စောင့်ပေးနိုင်ပါ့မလား..."
"ကိစ္စမရှိပါဘူး..။ ဒီည ၉ နာရီအထိက အန်ကယ်အတွက်ပါ...။ ထပ်သွားရမယ့် အစည်းအဝေးမရှိဘူး..."
"ဒီလိုသာဆိုရင်တော့ မောင်မင်းစေရာအပေါ်မှာပဲ အားနာစရာတွေ လုပ်ရတော့မှာပဲကွယ်.."
စေ တစ်ကယ် အံ့သြဖို့ကောင်းသည်။ စီးပွါးရေးလောကထဲ ကျင်လည်ခဲ့ဖူးသည့် ကျွန်တော်သည်ပင် စေ လောက်ကိစ္စတွေအား မကိုင်တွယ်နိုင်ခဲ့ပါ။
"အော် ဒါနဲ့ အန်ကယ်သားက ဘယ် Ent မှာ ဝင်လုပ်ခဲ့တာလဲ..."
"အဲ့ဒါက အန်ကယ့်ကိုလည်း....."
*ဒေါက် ဒေါက်..*
တစ်ဆက်တည်းမှာပင် တံခါးကိုဘေးသို့ တွန်းလိုက်သံနှင့်အတူ အသံတစ်ခုထွက်ပေါ်လာ၏။
"တောင်းပန်ပါတယ် ဒယ်ဒီ၊ ပြီးတော့ ကိုမင်းစေရာ..။ လမ်းမှာ ကားအရမ်းကြပ်နေလို့ပါ..."
ကျွန်တော့်ရှေ့သို့ ထိုကောင်လေးအရောက် ခေါင်းမော့ကြည့်လိုက်မိတော့......
"ခန့်......."
°°°°°°°°°°°°
#A/N
ဟုတ်ကဲ့ Assignment date က မှားမှတ်မိတာပါတဲ့ရှင်။ အဲ့တော့ ကတိအတိုင်း တင်လိုက်ပါပြီနော်....
ဝေဖန်ချက်လေးတွေလိုချင်မိပါတယ်လို့..၊ fighting ဆိုတာထက်ပေါ့..😁😁
You are reading the story above: TeenFic.Net