Unicode
အတွင်းရေးမှူးချွဲ မီးဖိုထဲဝင်သွားကတစ်စုံတစ်ခုလုပ်နေပုံက ဒီကိုမကြာမကြာလာဖြစ်သည်ထင်သည်။ ဧည့်ခန်းကျယ်ကြီးကတော့ နံရံကပ်ပန်းချီကားအကြီးကြီးတစ်ချပ်နဲ့ တီဗွီအကြီးကြီးတစ်ခုကပဲ နေရာအပြည့်ယူထားသည်။ ပန်းအိုးအသေးလေးတွေ အလှဆင်အရုပ်လေးအနည်းငယ်တင်ထားသော သုံးထပ်စင်အသေးလေးက နံရံထောင့်နားမှာအသက်မဲ့စွာရှိနေသည်။ ခဲအဖျော့လိုက်ကာကြီးတွေက လေအလွင့်မှာ ယိမ်းထိုးလို့။ အတွင်းရေးမှူးချွဲက ကော်ဖီခွက်နှစ်ခွက်ချပေးလာပြီး လိုက်ကာစတွေကိုလိုက်သိမ်းနေသည်။ အထီးကျန်နေခဲ့တယ်ထင်ပါတယ်။ မောင်နဲ့မတူတဲ့ခင်ဗျားက သိပ်ကိုအထီးကျန်တာပဲ။
"ဒီနေ့အတွက်ခွင့်ယူထားလိုက်ပြီ ကျတော်ကတော့ ပြန်သွားမှဖြစ်မှာ ဂျောင်ကု ဒီနေ့တစ်နေ့လောက် ဥက္ကဌဘေးမှာရှိပေးလို့ဖြစ်မလား"
"ကျတော်အလုပ်ဝင်လာတာ အကြောင်းမဲ့မဟုတ်တာကို အတွင်းရေးမှူးချွဲအရင်ကတည်းကရိပ်မိလောက်ပါတယ် ကျတော်သိချင်တာအကုန်ပြောပြပေးမယ်ဆိုရင် ဥက္ကဌကိုကူညီဖို့စဉ်းစားကြည့်ပါ့မယ်"
"အရင်ဆုံးကော်ဖီသောက်ပါအုံး မနက်စာမစားရသေးဘူးမလား"
ဒီအချိန်မှာကော်ဖီသောက်ချင်စိတ်ဖြစ်မနေဘူးဆိုတာလဲ အတွင်းရေးမှူးချွဲသိသင့်သည်။
"ဘယ်လိုလဲဒေါက်တာ ဥက္ကဌနိုးလာပြီလား"
နောက်ကပေါ်လာတဲ့ ပက်ဂျီမင်းဆိုသူက သူနဲ့ဘေးချင်းယှဉ်ကာဝင်ထိုင်ပြီး ခေါင်းခါပြသည်။
"မနိုးသေးဘူး ခြေထောက်ဒဏ်ရာတွေကနည်းနည်းနက်တော့ လမ်းကောင်းကောင်းလျှောက်နိုင်သေးမှာမဟုတ်ဘူး မင်းပြန်လာရင်ဝှီးလ်ချဲတစ်ခုယူလာခဲ့အုံး သူ့အနားမှာပြုစုပေးဖို့လူတစ်ယောက်လိုတယ် ဘယ်လိုစီစဉ်ထားလဲမင်းတို့"
မင်းတို့ဆိုတဲ့အသုံးအနှုန်းက သူရောအတွင်းရေးမှူးချွဲရောပေါ့။
"ဒေါက်တာသာ သူသိချင်တာအကုန်ပြောပြပေးမယ်ဆိုရင် စဉ်းစားပေးမယ်လို့ပြောတယ်"
"ဘာ... ချွဲဟျောင်းဂျွန်း အခုထိမင်းဘာမှမပြောရသေးဘူးလား"
"ဥက္ကဌပေးတဲ့တာဝန်မလို့ ကျတော်ပြောလို့မဖြစ်ဘူး"
"သောက်ရူး "
ပက်ဂျီမင်းဆိုသူ၏ ပြစ်ပြစ်နှစ်နှစ်ဆဲသံကိုလဲ ရင်းနှီးနေပုံရသည့် အတွင်းရေးမှူးချွဲက မျက်နှာတစ်ချက်ပျက်မသွားခဲ့ပေ။ ထို့အပြင် ဆက်ပြောသေးသည်။
"ဒေါက်တာသာပြောလိုက်မယ်ဆိုရင်လဲ ကျတော်ကမတားပါဘူး အဲ့ဒီ့အတွက် ဥက္ကဌကအပြစ်ပေးမယ်ဆိုရင်လဲ ကျတော်ခံလိုက်ပါမယ်"
"သူများဓားနဲ့လူသတ်ချင်တဲ့ကောင်"
"ကျတော်ရုံးပြန်သွားမှရမယ် ခဏနေရင်ဝှီးလ်ချဲပို့ခိုင်းလိုက်မယ် ဂျောင်ကုကယူပေးရင်ရပါပြီ"
"ဟုတ်ကဲ့ အတွင်းရေးမှူးချွဲ ဂရုစိုက်သွားပါ"
"သွားခွင့်ပြုပါအုံးဒေါက်တာ"
အတွင်းရေးမှူးချွဲပြန်သွားသည်နှင့် ဒေါက်တာဆိုသူက တစ်ဖက်မျက်နှာချင်းဆိုင်ကို ပြောင်းထိုင်သည်။ ပြီးနောက် သူ့ကိုရှုတည်တည်စိုက်ကြည့်နေပြန်သည်။
"အခုမှတွေ့တဲ့လူတစ်ယောက်ကို အဲ့လောက်စိုက်ကြည့်နေတာ ရိုင်းတယ်ထင်တယ်နော် ဒေါက်တာ"
"Sorry... ပြော မင်းကဘာကိုသိချင်တာလဲ"
ဒေါက်တာဆိုတဲ့ဂုဏ်ပုဒ်ကတစ်ခုခုတော့လွဲနေဟန်ရှိသည်။ လူတစ်ယောက်ကိုစိတ်တိုတာနဲ့ အခြားလူကိုပါ ပတ်ရမ်းနေတာကြီးကျ professionalမဆန်လိုက်တာ။
"ကျတော် ဥက္ကဌအခန်းထဲကဓာတ်ပုံတစ်ပုံကိုတွေ့ခဲ့တယ် ရုပ်တူတဲ့လူနှစ်ယောက်လက်ချင်းတွဲထားတဲ့ပုံ "
"ဟုတ်တယ် ကင်မ်ထယ်ဟျောင်းမှာ အမြွှာအစ်ကိုတစ်ယောက်ရှိတယ် သူ့နာမည်ကထယ်ယောင်း အတိအကျပြောရရင် အရင်ကမင်းချစ်ခဲ့တဲ့လူကထယ်ယောင်းပဲ ထယ်ဟျောင်းမဟုတ်ဘူး"
ဒီအကြောင်းအရာလောက်ကို သူရိပ်မိနေပြီးသားပဲ အံ့သြစရာမဟုတ်ဘူးလေ။ သူသိချင်တာ ဒီ့ထပ်ပိုတဲ့အကြောင်းအရာ။
"မင်းကြည့်ရတာ သိပြီးသားထင်တယ် သိပ်အံ့ဩသွားတာမျိုးမရှိဘူးပဲ"
"သိပြီးတာမဟုတ်ပါဘူး ကျတော်ရိပ်မိခဲ့ရုံပါပဲ"
"ဒါပေါ့ ဖြစ်သင့်ပါတယ် ကိုယ်ချစ်တဲ့လူကိုမှ ကွဲကွဲပြားပြားမသိရင်လဲ ဒါဆို မင်းသိချင်တာက ထယ်ဟျောင်းအကြောင်းလား ထယ်ယောင်းအကြောင်းလား"
မောင့်အကြောင်း မောင်အမူအကျင့်အားလုံးနီးပါးသူသိတယ်။ သူမသိလိုက်တာက မောင်ပျောက်သွားတဲ့ အပိုင်းတွေကိုပဲ။ ဒါပေမဲ့ ဥက္ကဌအကြောင်းကိုတော့ သူမသိသေးဘူး။ ဥက္ကဌက ဘာလို့မောင့်ကို သူမသတ်ပါဘူးလို့ငြင်းနေရတာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ သူသိချင်တာက မောင်ပါလာမဲ့ ထယ်ဟျောင်းအကြောင်း။
"ဥက္ကဌအကြောင်း ဥက္ကဌဘာလို့ဒီအခြေအနေထိ ဖြစ်သွားခဲ့ရတာလဲ"
"ဟုတ်ပြီ ဒီလိုဆိုငါ့ကိုယ်ငါအရင်မိတ်ဆက်ပါရစေ ကင်မ်ထယ်ဟျောင်းရဲ့ သီးသန့်ဆရာဝန် စိတ်ရောဂါအထူးကု ပက်ဂျီမင်းပါ"
>>>>>♥
ညကျရင်ထပ်တွေ့မယ်နော် see you next part
Dr park
Zawgyi
အတြင္းေရးမႉးခြၽဲ မီးဖိုထဲဝင္သြားကတစ္စုံတစ္ခုလုပ္ေနပုံက ဒီကိုမၾကာမၾကာလာျဖစ္သည္ထင္သည္။ ဧည့္ခန္းက်ယ္ႀကီးကေတာ့ နံရံကပ္ပန္းခ်ီကားအႀကီးႀကီးတစ္ခ်ပ္နဲ႔ တီဗြီအႀကီးႀကီးတစ္ခုကပဲ ေနရာအျပည့္ယူထားသည္။ ပန္းအိုးအေသးေလးေတြ အလွဆင္အ႐ုပ္ေလးအနည္းငယ္တင္ထားေသာ သုံးထပ္စင္အေသးေလးက နံရံေထာင့္နားမွာအသက္မဲ့စြာ႐ွိေနသည္။ ခဲအေဖ်ာ့လိုက္ကာႀကီးေတြက ေလအလြင့္မွာ ယိမ္းထိုးလို႔။ အတြင္းေရးမႉးခြၽဲက ေကာ္ဖီခြက္ႏွစ္ခြက္ခ်ေပးလာၿပီး လိုက္ကာစေတြကိုလိုက္သိမ္းေနသည္။ အထီးက်န္ေနခဲ့့တယ္ထင္ပါတယ္။ ေမာင္နဲ႔မတူတဲ့့ခင္ဗ်ားက သိပ္ကိုအထီးက်န္တာပဲ။
"ဒီေန႔အတြက္ခြင့္ယူထားလိုက္ၿပီ က်ေတာ္ကေတာ့ ျပန္သြားမွျဖစ္မွာ ေဂ်ာင္ကု ဒီေန႔တစ္ေန႔ေလာက္ ဥကၠဌေဘးမွာ႐ွိေပးလို႔ျဖစ္မလား"
"က်ေတာ္အလုပ္ဝင္လာတာ အေၾကာင္းမဲ့မဟုတ္တာကို အတြင္းေရးမႉးခြၽဲအရင္ကတည္းကရိပ္မိေလာက္ပါတယ္ က်ေတာ္သိခ်င္တာအကုန္ေျပာျပေပးမယ္ဆိုရင္ ဥကၠဌကိုကူညီဖို႔စဥ္းစားၾကည့္ပါ့မယ္"
"အရင္ဆုံးေကာ္ဖီေသာက္ပါအုံး မနက္စာမစားရေသးဘူးမလား"
ဒီအခ်ိန္မွာေကာ္ဖီေသာက္ခ်င္စိတ္ျဖစ္မေနဘူးဆိုတာလဲ အတြင္းေရးမႉးခြၽဲသိသင့္သည္။
"ဘယ္လိုလဲေဒါက္တာ ဥကၠဌႏိုးလာၿပီလား"
ေနာက္ကေပၚလာတဲ့ ပက္ဂ်ီမင္းဆိုသူက သူနဲ႔ေဘးခ်င္းယွဥ္ကာဝင္ထိုင္ၿပီး ေခါင္းခါျပသည္။
"မႏိုးေသးဘူး ေျခေထာက္ဒဏ္ရာေတြကနည္းနည္းနက္ေတာ့ လမ္းေကာင္းေကာင္းေလ်ွာက္ႏိုင္ေသးမွာမဟုတ္ဘူး မင္းျပန္လာရင္ဝွီးလ္ခ်ဲတစ္ခုယူလာခဲ့အုံး သူ႔အနားမွာျပဳစုေပးဖို႔လူတစ္ေယာက္လိုတယ္ ဘယ္လိုစီစဥ္ထားလဲမင္းတို႔"
မင္းတို႔ဆိုတဲ့အသုံးအႏႈန္းက သူေရာအတြင္းေရးမႉးခြၽဲေရာေပါ့။
"ေဒါက္တာသာ သူသိခ်င္တာအကုန္ေျပာျပေပးမယ္ဆိုရင္ စဥ္းစားေပးမယ္လို႔ေျပာတယ္"
"ဘာ... ခြၽဲေဟ်ာင္းဂြၽန္း အခုထိမင္းဘာမွမေျပာရေသးဘူးလား"
"ဥကၠဌေပးတဲ့တာဝန္မလို႔ က်ေတာ္ေျပာလို႔မျဖစ္ဘူး"
"ေသာက္႐ူး "
ပက္ဂ်ီမင္းဆိုသူ၏ ျပစ္ျပစ္ႏွစ္ႏွစ္ဆဲသံကိုလဲ ရင္းႏွီးေနပုံရသည့္ အတြင္းေရးမႉးခြၽဲက မ်က္ႏွာတစ္ခ်က္ပ်က္မသြားခဲ့ေပ။ ထို႔အျပင္ ဆက္ေျပာေသးသည္။
"ေဒါက္တာသာေျပာလိုက္မယ္ဆိုရင္လဲ က်ေတာ္ကမတားပါဘူး အဲ့ဒီ့အတြက္ ဥကၠဌကအျပစ္ေပးမယ္ဆိုရင္လဲ က်ေတာ္ခံလိုက္ပါမယ္"
"သူမ်ားဓားနဲ႔လူသတ္ခ်င္တဲ့ေကာင္"
"က်ေတာ္႐ုံးျပန္သြားမွရမယ္ ခဏေနရင္ဝွီးလ္ခ်ဲပို႔ခိုင္းလိုက္မယ္ ေဂ်ာင္ကုကယူေပးရင္ရပါၿပီ"
"ဟုတ္ကဲ့ အတြင္းေရးမႉးခြၽဲ ဂ႐ုစိုက္သြားပါ"
"သြားခြင့္ျပဳပါအုံးေဒါက္တာ"
အတြင္းေရးမႉးခြၽဲျပန္သြားသည္ႏွင့္ ေဒါက္တာဆိုသူက တစ္ဖက္မ်က္ႏွာခ်င္းဆိုင္ကို ေျပာင္းထိုင္သည္။ ၿပီးေနာက္ သူ႔ကို႐ႈတည္တည္စိုက္ၾကည့္ေနျပန္သည္။
"အခုမွေတြ႔တဲ့လူတစ္ေယာက္ကို အဲ့ေလာက္စိုက္ၾကည့္ေနတာ ႐ိုင္းတယ္ထင္တယ္ေနာ္ ေဒါက္တာ"
"Sorry... ေျပာ မင္းကဘာကိုသိခ်င္တာလဲ"
ေဒါက္တာဆိုတဲ့ဂုဏ္ပုဒ္ကတစ္ခုခုေတာ့လြဲေနဟန္႐ွိသည္။ လူတစ္ေယာက္ကိုစိတ္တိုတာနဲ႔ အျခားလူကိုပါ ပတ္ရမ္းေနတာႀကီးက် professionalမဆန္လိုက္တာ။
"က်ေတာ္ ဥကၠဌအခန္းထဲကဓာတ္ပုံတစ္ပုံကိုေတြ႔ခဲ့တယ္ ႐ုပ္တူတဲ့လူႏွစ္ေယာက္လက္ခ်င္းတြဲထားတဲ့ပုံ "
"ဟုတ္တယ္ ကင္မ္ထယ္ေဟ်ာင္းမွာ အႁမႊာအစ္ကိုတစ္ေယာက္႐ွိတယ္ သူ႔နာမည္ကထယ္ေယာင္း အတိအက်ေျပာရရင္ အရင္ကမင္းခ်စ္ခဲ့တဲ့လူကထယ္ေယာင္းပဲ ထယ္ေဟ်ာင္းမဟုတ္ဘူး"
ဒီအေၾကာင္းအရာေလာက္ကို သူရိပ္မိေနၿပီးသားပဲ အ့ံျသစရာမဟုတ္ဘူးေလ။ သူသိခ်င္တာ ဒီ့ထပ္ပိုတဲ့အေၾကာင္းအရာ။
"မင္းၾကည့္ရတာ သိၿပီးသားထင္တယ္ သိပ္အ့ံဩသြားတာမ်ိဳးမ႐ွိဘူးပဲ"
"သိၿပီးတာမဟုတ္ပါဘူး က်ေတာ္ရိပ္မိခဲ့႐ုံပါပဲ"
"ဒါေပါ့ ျဖစ္သင့္ပါတယ္ ကိုယ္ခ်စ္တဲ့လူကိုမွ ကြဲကြဲျပားျပားမသိရင္လဲ ဒါဆို မင္းသိခ်င္တာက ထယ္ေဟ်ာင္းအေၾကာင္းလား ထယ္ေယာင္းအေၾကာင္းလား"
ေမာင့္အေၾကာင္း ေမာင္အမူအက်င့္အားလုံးနီးပါးသူသိတယ္။ သူမသိလိုက္တာက ေမာင္ေပ်ာက္သြားတဲ့ အပိုင္းေတြကိုပဲ။ ဒါေပမဲ့ ဥကၠဌအေၾကာင္းကိုေတာ့ သူမသိေသးဘူး။ ဥကၠဌက ဘာလို႔ေမာင့္ကို သူမသတ္ပါဘူးလို႔ျငင္းေနရတာလဲ။ ဘာေတြျဖစ္ခဲ့တာလဲ။ သူသိခ်င္တာက ေမာင္ပါလာမဲ့ ထယ္ေဟ်ာင္းအေၾကာင္း။
"ဥကၠဌအေၾကာင္း ဥကၠဌဘာလို႔ဒီအေျခအေနထိ ျဖစ္သြားခဲ့ရတာလဲ"
"ဟုတ္ၿပီ ဒီလိုဆိုငါ့ကိုယ္ငါအရင္မိတ္ဆက္ပါရေစ ကင္မ္ထယ္ေဟ်ာင္းရဲ႕ သီးသန္႔ဆရာဝန္ စိတ္ေရာဂါအထူးကု ပက္ဂ်ီမင္းပါ"
>>>>>♥
ညက်ရင္ထပ္ေတြ႔မယ္ေနာ္ see you next part
You are reading the story above: TeenFic.Net