Unicode
"ကျတော်သတ်တာမဟုတ်ဘူး ထယ်ယောင်းနေရာကိုလဲ မလိုချင်ဘူး ကျတော်သတ်တာမဟုတ်ဘူး"
အိပ်ယာကနိုးနိုးချင်းဘေးမှာရှိနေခဲ့တဲ့ ဥက္ကဌကိုမြင်ရတာ နည်းနည်းတော့အံ့သြဖို့ကောင်းပေမဲ့ ညကခေါင်းမထောင်နိုင်အောင်သောက်ခဲ့မိတာကိုတော့ မှတ်မိသည်။ ညကဖုန်းဆက်ပြီးခေါ်လိုက်မိတယ်ထင်တယ်။ အချိန်ကမနက်သုံးနာရီသာရှိသေးသည်။ သန့်စင်ခန်းထဲဝင်နေတုန်း သွေးရူးသွေးတန်းအော်ဟစ်ငိုယိုနေတဲ့အသံ။ နံရံအလွတ်ကိုသွေးပြတ်စွာကြည့်ပြီး အော်ဟစ်ငိုလျက်စကားတွေပြောနေတဲ့ ဥက္ကဌကိုတွေ့လိုက်ရချိန် သူကြောင်အ,သွားခဲ့သည်။ သူ့ကိုလဲမြင်ပုံမရ။
"ဥက္ကဌ ဘာဖြစ်တာလဲ ဘာဖြစ်လို့"
"မဟုတ်ဘူး ကျတော်သတ်တာမဟုတ်ဘူး အဖေ ကျတော်ထယ်ယောင်းကိုမသတ်ဘူး"
သူ့မျက်နှာကိုကြည့်နေပါရက်နဲ့ အဖေဟုသာတဖွဖွခေါ်ရင်း ထယ်ယောင်းကိုမသတ်ပါဘူးဟုတွင်တွင်ငြင်းနေသည်။ ထယ်ယောင်းကိုမသတ်ဘူးတဲ့လား။ ဒါဆို ထယ်ယောင်းဆိုတာ မောင့်နာမည်အစစ်ပေါ့။ ဘာလဲ မောင်ကအသတ်ခံလိုက်ရတာလား။ မောင်... မရှိတော့ဘူးလား။ ခဏလောက် ဦးနှောက်ထဲဗလာကျင်းသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ မတွေ့လိုက်ရတဲ့အချိန်တစ်ပတ်နှစ်ပတ်အတွင်း ဘာတွေဖြစ်ဖြစ်ကုန်တာလဲ။ အဲ့တော့ မောင်ကသေသွားပြီလား။
"ဥက္ကဌ "
"ငါ့အနားမကပ်နဲ့!!"
"ဥက္ကဌ ကျတော်ပြောတာနားထောင်ပါအုံး"
"ဟင့်အင်း အနားကပ်မလာနဲ့"
"ဥက္ကဌ ကျတော်ပါ ဂျောင်ကု ဂျွန်ဂျောင်ကုလေ "
"ဂျောင်ကုလား ကောင်လေး... ကိုယ်မသတ်ဘူး ကိုယ့်ကိုအထင်မလွဲပါနဲ့ ကိုယ်သတ်တာမဟုတ်ပါဘူး သူ့ကိုလဲမသေစေချင်ခဲ့ဘူး တကယ်တော့ သေရမဲ့လူကကိုယ်ပဲဖြစ်သင့်တာ ကိုယ်သေလိုက်ရင်ရပြီ ဟုတ်တယ် ငါသေရမယ်"
ဘေးနားကဖန်ကွဲစတစ်ခုကိုကောက်ယူဖို့ကြိုးစားနေတဲ့ ဥက္ကဌရဲ့လက်တွေကိုဆွဲချုပ်ပြီး ဖက်ထားလိုက်သည်။ လှိုက်ကွဲနေသောငိုသံတွေပဲ့တင်ထပ်လာလေသည်။
"ငါသေလိုက်မယ် ငါသေလိုက်ရင်အဆင်ပြေသွားမှာ ဒီလိုဆို အဖေကမုန်းတော့မှာမဟုတ်ဘူး ထယ်ယောင်းအစားငါသေပေးမယ်"
"စိတ်လျှော့ထားပါ ဥက္ကဌ ခင်ဗျားအပြစ်မဟုတ်ဘူး ခင်ဗျားသေစရာမလိုပါဘူး ခင်ဗျားအပြစ်မဟုတ်ဘူး "
အားလုံးမှာအကြောင်းရင်းရှိမယ်လို့ ကျတော်ယုံတယ်။ ခင်ဗျား နေပြန်ကောင်းအောင်လုပ်ပြီး ကျတော့်ကိုအမှန်တိုင်းရှင်းပြရမယ်။ ခင်ဗျားကျတော့်ကိုအမှန်တိုင်းရှင်းပြပေးရမယ် ကင်မ်ထယ်ဟျောင်း။
လှိုက်ဖိုကြေကွဲနေသော ငိုရှိုက်သံများနှင့်အတူ ကြမ်းပြင်ပေါ်ကဖန်ကွဲစများကြားထဲက ပုံစံတူလူနှစ်ယောက်ရဲ့ ခပ်နွမ်းနွမ်းပုံရိပ်လေးသည် သိပ်ကိုအကျည်းတန်လွန်းခဲ့သည်။
အတွင်းရေးမှူးချွဲဆီ ဥက္ကဌရဲ့အခြေအနေကိုဖုန်းဆက်ပြီး နာရီဝက်လောက်အကြာ လူတစ်ယောက်နဲ့အတူရောက်ချလာသည်။
"ဥက္ကဌဘယ်လိုနေသေးလဲ"
"အိပ်ပျော်နေတယ်အတွင်းရေးမှူးချွဲ"
"ဘယ်လိုဖြစ်တာလဲ"
ဒီမေးခွန်ကိုတော့ အတွင်းရေးမှူးချွဲနဲ့အတူပါလာတဲ့လူက မေးခြင်းပင်။
"ညကကျတော်မူးနေလို့ဥက္ကဌကဒီကိုခေါ်လာပေးတာ မနက်သုံးနာရီလောက် ကျတော်သန့်စင်ခန်းထဲဝင်နေတုန်း ဥက္ကဌအသံကြားလို့ထွက်ကြည့်တော့ နံရံကိုကြည့်ပြီး ငိုနေတာ သူမသတ်ဘူးလို့လဲပြောနေတယ် ကျတော့်ကိုလဲမမှတ်မိတော့ဘူး အရူးတစ်ယောက်လိုပဲ ငိုနေတာ "
"ဒီမတိုင်ခင်ကဘာတွေဖြစ်ခဲ့တာ"
"ကျတော်လည်းသောက်ထားလို့ဘာမှမသိလိုက်ဘူး "
"ဥက္ကဌဒီတစ်လောစိတ်ဖိစီးစရာလေးတွေရှိနေတယ်ထင်တယ် "
အတွင်းရေးမှူးချွဲဝင်ပြောတော့ ထိုလူကသူ့ကိုတစ်လှည့် အတွင်းရေးမှုးချွဲကိုတစ်လှည့်ကြည့်ကာ တစ်ခုခုကိုဆုံးဖြတ်နေသလို။
"ထယ်ဟျောင်းရဲ့ကျန်းမာရေးအခြေအနေကို သူသိဖို့လိုမယ်ထင်တယ် ခင်ဗျားအားလုံးပြောပြပေးထားလိုက်ပါ"
"ဒါပေမဲ့ ဥက္ကဌကိုယ်တိုင်ကမသိစေချင်လို့"
"ကင်မ်ထယ်ဟျောင်းရူးသွားတာမမြင်ချင်ဘူးဆိုရင် သူနားလည်အောင်ပြောပြပေးတာပိုကောင်းတယ် ချွဲဟျောင်းဂျွန်း မင်းရွေးပေါ့"
သူတို့နှစ်ဦးကိုကျော်ကာ အခန်းထဲကိုဝင်သွားတဲ့ထိုလူ။ အကြည့်စူးစူးတွေက အရာရာပြတ်သားတတ်တဲ့အတွင်းရေးမှူးချွဲလိုလူကိုတောင် တုန်လှုပ်စေတဲ့အထိ ဘယ်လိုတောင်အားကောင်းရတာလဲ။ နှူတ်ခမ်းဖူးဖူးလေးတွေက ချွဲဟျောင်းဂျွန်းလို့နာမည်အပြည့်အစုံခေါ်သွားပုံကိုက အထင်ကြီးစရာ။
"သူကဘယ်သူလဲ အတွင်းရေးမှူးချွဲ"
"ဥက္ကဌရဲ့သီးသန့်ဆရာဝန် ပတ်ဂျီမင်း"
>>>>>♥
သီးသန့်ဆရာဝန်ထားရတဲ့အထိ စိတ်ဖိစီးခဲ့ရတဲ့ထယ်ဟျောင်းရဲ့ဘဝအကြောင်းကို အကြမ်းဖျင်းသိပြီးပြီဆိုပေမဲ့ တကယ်တမ်းကျ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာကို နောက်အပိုင်းမှာ ကြည့်ကြရအောင်။ ဒီအပိုင်းနဲ့အရင်အပိုင်းတွေလဲ ကျတော်လဲစာလိုချင်တယ်လေ။ စာ စာ စာ.... စာဖတ်သူတို့ရဲ့ခံစားချက်လေးတွေကို ပြောပြပေးခဲ့ကြပါအုံး။ စာneedပါဗျ။
Zawgyi
"က်ေတာ္သတ္တာမဟုတ္ဘူး ထယ္ေယာင္းေနရာကိုလဲ မလိုခ်င္ဘူး က်ေတာ္သတ္တာမဟုတ္ဘူး"
အိပ္ယာကႏိုးႏိုးခ်င္းေဘးမွာ႐ွိေနခဲ့တဲ့ ဥကၠဌကိုျမင္ရတာ နည္းနည္းေတာ့အ့ံျသဖို႔ေကာင္းေပမဲ့ ညကေခါင္းမေထာင္ႏိုင္ေအာင္ေသာက္ခဲ့မိတာကိုေတာ့ မွတ္မိသည္။ ညကဖုန္းဆက္ၿပီးေခၚလိုက္မိတယ္ထင္တယ္။ အခ်ိန္ကမနက္သုံးနာရီသာ႐ွိေသးသည္။ သန္႔စင္ခန္းထဲဝင္ေနတုန္း ေသြး႐ူးေသြးတန္းေအာ္ဟစ္ငိုယုိေနတဲ့အသံ။ နံရံအလြတ္ကိုေသြးျပတ္စြာၾကည့္ၿပီး ေအာ္ဟစ္ငိုလ်က္စကားေတြေျပာေနတဲ့ ဥကၠဌကိုေတြ႔လိုက္ရခ်ိန္ သူေၾကာင္အ,သြားခဲ့သည္။ သူ႔ကိုလဲျမင္ပုံမရ။
"ဥကၠဌ ဘာျဖစ္တာလဲ ဘာျဖစ္လို႔"
"မဟုတ္ဘူး က်ေတာ္သတ္တာမဟုတ္ဘူး အေဖ က်ေတာ္ထယ္ေယာင္းကိုမသတ္ဘူး"
သူ႔မ်က္ႏွာကိုၾကည့္ေနပါရက္နဲ႔ အေဖဟုသာတဖြဖြေခၚရင္း ထယ္ေယာင္းကိုမသတ္ပါဘူးဟုတြင္တြင္ျငင္းေနသည္။ ထယ္ေယာင္းကိုမသတ္ဘူးတဲ့လား။ ဒါဆို ထယ္ေယာင္းဆိုတာ ေမာင့္နာမည္အစစ္ေပါ့။ ဘာလဲ ေမာင္ကအသတ္ခံလိုက္ရတာလား။ ေမာင္... မ႐ွိေတာ့ဘူးလား။ ခဏေလာက္ ဦးေႏွာက္ထဲဗလာက်င္းသြားခဲ့သည္။ ဘာေတြျဖစ္ကုန္တာလဲ။ မေတြ ့လိုက္ရတဲ့အခ်ိန္တစ္ပတ္ႏွစ္ပတ္အတြင္း ဘာေတြျဖစ္ျဖစ္ကုန္တာလဲ။ အဲ့ေတာ့ ေမာင္ကေသသြားျပီလား။
အတြန္းခံလိုက္ရလို႔ၾကမ္းျပင္ေပၚလက္ေထာက္က်ကာ လက္ဖဝါးကဆစ္ခနဲျဖစ္မွ အသိျပန္ဝင္လာသည္။ လက္ဖဝါးထဲစူးစိုက္ဝင္ေနတဲ့ ဖန္စတစ္ခု။ ခပ္ျမန္ျမန္ပဲဆြဲထုတ္လိုက္သည္။ သူ႔ေဘးကဥကၠဌရဲ႕ေျခဖဝါးမွာလဲ ေသြးခ်င္းခ်င္းနီလို႔။
"ဥကၠဌ "
"ငါ့အနားမကပ္နဲ႔!!"
"ဥကၠဌ က်ေတာ္ေျပာတာနားေထာင္ပါအုံး"
"ဟင့္အင္း အနားကပ္မလာနဲ႔"
"ဥကၠဌ က်ေတာ္ပါ ေဂ်ာင္ကု ဂြၽန္ေဂ်ာင္ကုေလ "
"ေဂ်ာင္ကုလား ေကာင္ေလး... ကိုယ္မသတ္ဘူး ကိုယ့္ကိုအထင္မလြဲပါနဲ႔ ကိုယ္သတ္တာမဟုတ္ပါဘူး သူ႔ကိုလဲမေသေစခ်င္ခဲ့ဘူး တကယ္ေတာ့ ေသရမဲ့လူကကိုယ္ပဲျဖစ္သင့္တာ ကိုယ္ေသလိုက္ရင္ရၿပီ ဟုတ္တယ္ ငါေသရမယ္"
ေဘးနားကဖန္ကြဲစတစ္ခုကိုေကာက္ယူဖို႔ႀကိဳးစားေနတဲ့ ဥကၠဌရဲ႕လက္ေတြကိုဆြဲခ်ဳပ္ၿပီး ဖက္ထားလိုက္သည္။ လိႈက္ကြဲေနေသာငုိသံေတြပဲ့တင္ထပ္လာေလသည္။
"ငါေသလိုက္မယ္ ငါေသလိုက္ရင္အဆင္ေျပသြားမွာ ဒီလိုဆို အေဖကမုန္းေတာ့မွာမဟုတ္ဘူး ထယ္ေယာင္းအစားငါေသေပးမယ္"
"စိတ္ေလ်ွာ့ထားပါ ဥကၠဌ ခင္ဗ်ားအျပစ္မဟုတ္ဘူး ခင္ဗ်ားေသစရာမလိုပါဘူး ခင္ဗ်ားအျပစ္မဟုတ္ဘူး "
အားလုံးမွာအေၾကာင္းရင္း႐ွိမယ္လို႔ က်ေတာ္ယုံတယ္။ ခင္ဗ်ား ေနျပန္ေကာင္းေအာင္လုပ္ၿပီး က်ေတာ့္ကိုအမွန္တိုင္း႐ွင္းျပရမယ္။ ခင္ဗ်ားက်ေတာ့္ကိုအမွန္တိုင္း႐ွင္းျပေပးရမယ္ ကင္မ္ထယ္ေဟ်ာင္း။
လိႈက္ဖိုေၾကကြဲေနေသာ ငို႐ိႈက္သံမ်ားႏွင့္အတူ ၾကမ္းျပင္ေပၚကဖန္ကြဲစမ်ားၾကားထဲက ပုံစံတူလူႏွစ္ေယာက္ရဲ႕ ခပ္ႏြမ္းႏြမ္းပုံရိပ္ေလးသည္ သိပ္ကိုအက်ည္းတန္လြန္းခဲ့သည္။
အတြင္းေရးမႉးခြၽဲဆီ ဥကၠဌရဲ႕အေျခအေနကိုဖုန္းဆက္ၿပီး နာရီဝက္ေလာက္အၾကာ လူတစ္ေယာက္နဲ႔အတူေရာက္ခ်လာသည္။
"ဥကၠဌဘယ္လိုေနေသးလဲ"
"အိပ္ေပ်ာ္ေနတယ္အတြင္းေရးမႉးခြၽဲ"
"ဘယ္လိုျဖစ္တာလဲ"
ဒီေမးခြန္ကိုေတာ့ အတြင္းေရးမႉးခြၽဲနဲ႔အတူပါလာတဲ့လူက ေမးျခင္းပင္။
"ညကက်ေတာ္မူးေနလို႔ဥကၠဌကဒီကိုေခၚလာေပးတာ မနက္သုံးနာရီေလာက္ က်ေတာ္သန္႔စင္ခန္းထဲဝင္ေနတုန္း ဥကၠဌအသံၾကားလို႔ထြက္ၾကည့္ေတာ့ နံရံကိုၾကည့္ၿပီး ငိုေနတာ သူမသတ္ဘူးလို႔လဲေျပာေနတယ္ က်ေတာ့္ကိုလဲမမွတ္မိေတာ့ဘူး အ႐ူးတစ္ေယာက္လိုပဲ ငိုေနတာ "
"ဒီမတိုင္ခင္ကဘာေတြျဖစ္ခဲ့တာ"
"က်ေတာ္လည္းေသာက္ထားလို႔ဘာမွမသိလုိက္ဘူး "
"ဥကၠဌဒီတစ္ေလာစိတ္ဖိစီးစရာေလးေတြ႐ွိေနတယ္ထင္တယ္ "
အတြင္းေရးမႉးခြၽဲဝင္ေျပာေတာ့ ထိုလူကသူ႔ကိုတစ္လွည့္ အတြင္းေရးမႈးခြၽဲကိုတစ္လွည့္ၾကည့္ကာ တစ္ခုခုကိုဆုံးျဖတ္ေနသလို။
"ထယ္ေဟ်ာင္းရဲ႕က်န္းမာေရးအေျခအေနကို သူသိဖို႔လိုမယ္ထင္တယ္ ခင္ဗ်ားအားလုံးေျပာျပေပးထားလိုက္ပါ"
"ဒါေပမဲ့ ဥကၠဌကိုယ္တိုင္ကမသိေစခ်င္လို႔"
"ကင္မ္ထယ္ေဟ်ာင္း႐ူးသြားတာမျမင္ခ်င္ဘူးဆိုရင္ သူနားလည္ေအာင္ေျပာျပေပးတာပိုေကာင္းတယ္ ခြၽဲေဟ်ာင္းဂြၽန္း မင္းေရြးေပါ့"
သူတို႔ႏွစ္ဦးကိုေက်ာ္ကာ အခန္းထဲကိုဝင္သြားတဲ့ထိုလူ။ အၾကည့္စူးစူးေတြက အရာရာျပတ္သားတတ္တဲ့အတြင္းေရးမႉးခြၽဲလိုလူကိုေတာင္ တုန္လႈပ္ေစတဲ့အထိ ဘယ္လိုေတာင္အားေကာင္းရတာလဲ။ ႏႉတ္ခမ္းဖူးဖူးေလးေတြက ခြၽဲေဟ်ာင္းဂြၽန္းလို႔နာမည္အျပည့္အစုံေခၚသြားပုံကိုက အထင္ႀကီးစရာ။
"သူကဘယ္သူလဲ အတြင္းေရးမႉးခြၽဲ"
"ဥကၠဌရဲ႕သီးသန္႔ဆရာဝန္ ပတ္ဂ်ီမင္း"
>>>>>♥
သီးသန္႔ဆရာဝန္ထားရတဲ့အထိ စိတ္ဖိစီးခဲ့ရတဲ့ထယ္ေဟ်ာင္းရဲ႕ဘဝအေၾကာင္းကို အၾကမ္းဖ်င္းသိၿပီးၿပီဆိုေပမဲ့ တကယ္တမ္းက် ဘယ္လိုေတြျဖစ္ပ်က္ခဲ့လဲဆိုတာကို ေနာက္အပိုင္းမွာ ၾကည့္ၾကရေအာင္။ ဒီအပိုင္းနဲ႔အရင္အပိုင္းတြက္ က်ေတာ္လဲစာလိုခ်င္တယ္ေလ။ စာ စာ စာ.... စာဖတ္သူတို႔ရဲ႕ခံစားခ်က္ေလးေတြကို ေျပာျပေပးခဲ့ၾကပါအုံး။ စာneedပါဗ်။
You are reading the story above: TeenFic.Net