"အ....မောင် နာတယ် ဖြေးဖြေးလုပ်"
"ခနဘဲသည်းခံစမ်းပါ ပြီးရင် သက်သာသွားလိမ့်မယ်"
"မောင်က အားကြီးနဲ့လုပ်တာလေ"
"ကျစ် မငိုစမ်းနဲ့ အဲလောက်ကြီးလဲနာတာမဟုတ်ဘူး"
"မောင်ခံကြည့်လေ...."
"မင်းကလေ ငါကိုဆို ပြန်ပြောတတ်တယ် ဟိုကော်ဖီဆိုင်က ကောင်မကိုတော့ ပြန်မပြောတတ်ဘူးနော်.."
အော် ဒီငတုံးဇာတ်လိုက်ကတော့ ပုံမှန်စိတ်နဲ့ဆိုပြန်ပြောနေတာကြာပေါ့အခုဟာကဇာတ်လိုက်မက ရုတ်တရက်ကြီးပေါ်လာတော့ ငါအတွက်supriseကြီးဖြစ်သွားပြီးကြောင်အနေတာလေ။
"အ..."
ဒီဇာတ်လိုက်ဆေးတော့လိမ်းတတ်ပါတယ်နော်...တစ်ချက်တစ်ချက်စကားပြောရင်စိတ်တိုလာရင်ငါအနာကိုဖိနေသလိုဘဲ။
"မင်းကလေ ငါပါတာတောင်ထိခိုက်မိတာ ငါမပါရင် မင်းအသက်တောင်ရှိပါမလားမသိဘူး နောက်ခါကျရင် ငါပါမှာအပြင်ထွက်ကြားလား"
"မောင်က အားတဲ့အချိန်မှသိပ်မရှိတာ"
"မအားအားအောင်လုပ်ပေးမယ် တစ်ယောက်ထဲသာမသွားနဲ့"
"အင်း ငါမောင်မပါဘဲဘယ်မှမသွားဘူး"
ကျားရွေ့ပြောလဲပြောဆေးထည့်ပေးနေ
တဲ့ရန်အန်းကိုငေးနေလိုက်သည်။ဇာတ်လိုက်ဆိုသည့်အတိုင်း ဇာတ်လိုက်ရဲ့အရှိန်အဝါက
အရမ်းကိုမှတောက်ပလွန်းသည်။သူကတော့ဗီလိန်ဆိုတဲ့အတိုင်း ဇာတ်သိမ်းမှာ ဇာတ်လိုက်မနဲ့ညားရင်တော့ သူရင်ကွဲရချည်ရဲ့။ဇာတ်လိုက်မမှာလဲ ဇာတ်လိုက်မဆိုတဲ့အရှိန်အဝါကရှိနေသေးတယ်။ဇာတ်လိုက်ကအခုထိတောင် အင်း မလုပ်ဘအဲမလုပ်နဲ့ ကျားရွေ့ကကြာလေစိတ်မရှည်ဖြစ်လာသည်။
"ကဲပြီးပြီး...အိပ်တော့"
"မောင်ကရော မအိပ်သေးဘူးလား"
"အလုပ်ရှိသေးတယ် မင်းအရင်အိပ်"
"ငါကမောင်နဲ့အိပ်ချင်လို့ကို......"
မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ကျားရွေ့စကားကြောင့်ရန်အန်းရင်ထဲတမျိုးဖြစ်သွားတော့သည်။
"မအားရင်လဲနေပါ..ငါအိပ်တော့မယ်"
ဟိုဘက်လှဲအိပ်သွားတဲ့ကျားရွေ့က သူအမြင်မှာပွေ့ဖတ်ချင်စရာ။ဇာတ်လိုက်သူကိုမကြွေတာက သူကဗီလိန်မလို့လား။ကျားရွေ့တွေးရင် ဝမ်းနည်းလာတော့သည်။ရုတ်တရက် မွေ့ယာအိကျသွားတာကြောင့်ဘေးကိုကြည့်လိုက်တော့ ဇာတ်လိုက်။
"မင်းကြောင့်လာအိပ်တာမဟုတ်ဘူး မနက်အစည်းဝေးအစောထသွားရမှာမလို့"
ဘာမှမမေးရသေးဘူးဇွတ်တွေဖြေရှင်းချက်တွေပေးနေတဲ့ဇာတ်လိုက်ကြောင့် ကျားရွေ့ပြုံးမိသွားသည်။ဇာတ်လိုက်အနားကပ်ကာ ဇာတ်လိုက်ကိုဖတ်လိုက်တော့ အူတူတူရုပ်နဲ့ပြန်ဖတ်လာတဲ့ဇာတ်လိုက်။အပူအပင်မရှိအိပ်နေတဲ့ကောင်လေးနှစ်ယောက်ရှိသလို့ တစိဖတ်မှာလဲ
"တောက်......ဇာတ်လိုက်မဖြစ်ပြီးစောက်သုံးမကျဘူး မဖြစ်ဘူး ဇာတ်လိုက် ထျန်းကျားရွေ့ကိုချစ်သွားလို့မရဘူး ထျန်းကျားရွေ့ကငါအပိုင်..."
"ကျေးဇူးပြုပြီးကျွန်မကိုအခွင့်အရေးတစ်ခုပေးပါ သခင်"
"ကောင်းပြီး အဲအခွင့်အရေးကိုမင်းသေချာအသုံးချတတ်ပါစေ"
"ကျေးဇူးတင်ပါတယ် သခင် အခွင့်အရေးကိုကောင်းကောင်းအသုံးချပါမယ်"
______________________________________
"Host"
"ပြော"
ကျားရွေ့ခြံထဲကဒန်းပေါ်ထိုင်ရင် ဂိမ်းဆော့နေတုန်း ချမ်းနိရဲ့ခေါ်သံကြောင့်ဂိမ်းဆော့ရင်ပြန်ဖြေလိုက်သည်။
"Hostအတွက်သတင်းဆိုးနဲ့သတင်းကောင်းနှစ်ခုရှိတယ် ဘယ်ဟာနားထောင်မလဲ"
"သတင်းကောင်းအရင်ပြော"
"ဟုတ် Host point ၇၀ရထားပါတယ်"
"ဝါးးးတကယ်လား ငါလဲဘာမှမလုပ်ရဘဲနဲ့ဘယ်လို့ရသွားတာလဲ"
"ဇာတ်လိုက်မကြောင့်ပါ ဇာတ်လိုက်က ဇာတ်လိုက်မကိုအရေးမထားဘဲhostကိုဘဲဂရုစိုက်နေလို့ point ကတိုးလာတာပါ"
"ကော်ဖီလောင်ရကျိုးနပ်တာပေါ့ ဘာဘဲဖြစ်ဖြစ် ၃၀ဘဲကျန်တော့တယ် ၁၀၀ပြည့်ဖို့
ဒါနဲ့သတင်းဆိုးကဘာလဲ"
"သတင်းဆိုးက မကောင်းဆိုးဝါးsystem ဒီလောကထဲကိုဝင်ရောက်လာပြီး"
"ဟင်..ဘာ ဘာကြီး မကောင်းဆိုးဝါးsystem
အဲတာကဘာကြီးတုန်း"
"မကောင်းဆိုးဝါးsystemဆိုတာက ဇာတ်လမ်းတွေထဲကို ပြင်ပက ဗီလိန်အစစ်တွေကို ခေါ်ပြီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုကွဲအောင်လုပ်ရတာပါ ဥပမာ သူတို့က Mission တစ်ခုပေးလိုက်တယ်ပေါ့ အဲmissionက ဇာတ်လိုက်မနဲ့ဇာတ်လိုက်ကညားလို့မရဘူး တကယ်လို့အဲmissionကို ကျေပွန်အောင်မထမ်းဆောင်နိုင်ရင် အဲဗီလိန်ကအငွေ့အဖြစ် ပျောက်ကွယ်သွားမှာ ပြင်ပလောကမှပါရော"
စိတ်ဝင်စားစရာကောင်းတဲ့systemကြောင့်ဂိမ်းဆော့တာကိုခနရပ်လိုက်သည်။
"ရက်စက်လိုက်တာ"
"ဟုတ်တယ်hostကျွန်မတို့ system တွေထဲမှာ သူက မကောင်းဆိုးဝါးအဆန်ဆုံးနဲ့အရက်စက်ဆုံးsystemတွေဘဲ နောက်ပြီး သူကပြင်ပကဗီလိန်အစစ်တွေကိုခေါ်ထားတာဆိုတော့
စွမ်းအင်စနစ်က ကျွန်မတို့ရိုးရိုးsystemထက်ပိုမြင့်တယ်"
"ဒါဆို ငါကရော ငါကဗီလိန်နေရောကလေ"
"မတူဘူး hostက ပြင်ပကဗီလိန်စစ်မဟုတ်လို့ဘဲ မကောင်းဆိုးဝါးsystemက ပြင်ပကဗီလိန်အစစ်တွေကိုခေါ်ထားတာ hostကဇာတ်လမ်းအရ ဗီလိန်နေရာယူထားတာမလို့"
"တော်သေးတာပေါ့ ငါကနတ်သားလို့ဖြူစင်နေလို့"
"ဒါမဲ့ Hostသတိထားရမှာက သူတို့ကmissionတစ်ခုပြီးတိုင်း စွမ်းဆောင်ရည်ပိုမြင့်လေဘဲ"
"ငါတို့ကရော"
"ကျွန်မတို့ကလဲသူတို့ထက်တော့မမြင့်ပင်မဲ့ မနိမ့်ပါဘူး"
"တကယ်လို့သူတို့သာ missionအားလုံးကို
နိုင်သွားရင်ဘာရမှာလဲ"
"ဒီဝတ္ထုတစ်ခုလုံးကိုစိတ်ကြိုက်ချယ်လှယ်နိုင်သွားမယ် လိုရာပုံဖော်နိုင်ပြီး သူတို့ကlevelပိုမြင့်လာမှာ"
"ကျစ်.....စိတ်ညစ်စရာကြီး"
တီ....
ချမ်းနိသူစီ အန္တရာယ်မက်ဆေ့ဝင်လာတာကြောင့်ကြည့်လိုက်တော့...
"သွားပြီး host...."
"ဘာဖြစ်တာလဲချမ်းနိ"
"ဇာတ်လိုက်မကို ဇာတ်လိုက်ကအလုပ်ခန့်လိုက်ပြီး"
"ဘာ...ဘာပြောလိုက်တယ်"
ကျားရွေ့ကြားလိုက်ရတဲ့စကားေတွကြောင့်လန့်သွားတော့သည်။
"ကြည့်ရတာ ဇာတ်လမ်းက မူရင်းဇာတ်ကြောင်းကိုပြန်သွားနေတယ်ထင်တယ်"
"ဘာလို့ဖြစ်တာလဲ ကော်ဖီဆိုင်မှာတုန်းက ဇာတ်လိုက်က ဇာတ်လိုက်မကိုခါးသီးနေတာပါ"
"ကြည့်ရတာဇာတ်လိုက်မကောင်းဆိုးဝါးsystemရဲ့ မှတ်ဉာဏ်ဖြတ်ချချင်းကိုခံလိုက်ရတာထင်တယ်"
"သူကအဲလိုလဲလုပ်နိုင်တာလား"
"Leveပေါ်မူတည်တာပါ ကြည့်ရတာဟိုဘက်ကlevelပိုမြင့်နေတဲ့ပုံဘဲ ဇာတ်လိုက်မကိုကူညီနေတယ်ဆိုတော့ အရံဇာတ်ကောင်တစ်ယောက်လဲပေါ်လာနိုင်တယ်Host ဒါမှမဟုတ် အရံဇာတ်ကောင်ကပေါ်နေတာလဲဖြစ်မယ် အဲအရံဇာတ်ကောင်မကောင်းဆိုးဝါးsystemဘက်က အရံဇာတ်ကောင်းဘဲ အခုချိန်ထိမပေါ်လာပုံထောက် ပုန်းကွယ်နေပြီး ကျွန်မတို့ကိုခြုံခုံတိုက်ခိုက်နေတာဘဲနေမယ်"
"ငါတို့ဇာတ်လိုက်ကိုသွားကြည့်ဖို့လိုနေပြီး"
ကျားရွေ့ပြောလဲပြော အိမ်ထဲအမြန်ဝင်ကာ ကားသော့ယူတော့သည်။ထိုအခါ မီးဖိုချောင်ထဲကထွက်လာတဲ့ယင်လိန်နဲ့တိုးတော့သည်။
"ကျားရွေ့ ငါဒီမှာကော်ဖီဖျော်ထားတယ်
"ငါမအားဘူး ယင်လိန် ငါမောင်ဆီအမြန်သွားဖို့လိုနေပြီး"
"ဘာသွားလုပ်မို့လဲ"
"အရေးကြီးလို့ သွားပြီး"
သူပြန်အဖြေကို မစောင့်ဘဲထွက်သွားတဲ့ကျားရွေ့ကိုကြည့်ကာယင်လိန်ခေါင်းအသာခါမိတော့သည်။
***************
ကျားရွေ့ကားပါကင်အမြန်ထိုးကာ ကုမ္မဏီထဲအမြန်ဝင်လိုက်တော့သည်။
"ဘုတ်"
ကုမ္မဏီထဲအဝင် လူတစ်ယောက်နဲ့တိုက်မိခြင်း။အရေးကြီးရင် လူတိုင်းနဲ့တိုက်မိနေတော့တာဘဲထျန်ကျားရွေ့တို့က။တိုက်မိတဲ့အရှိန်ဘယ်လောက်ပြင်းလဲဆို ကျားရွေ့နောက်ကျပြုတ်တော့မတတ်ဖြစ်သွားတော့သည်။အမှန်ဆိုကျားရွေ့ နောက်ပလက်လှန်ကျမှာဆိုတော့လဲ သူ့ခါးတစ်ဝိုက်ရစ်ပတ်လာတဲ့လက်တွေကြောင့် သူပလက်မလှန်ခြင်း။
"အဆင်ပြေရဲ့လား....."
"ထျန်ကျားရွေ့"
အမည်မသိသူစိမ်းရဲ့အဆင်ပြေရဲ့လာဆိုတဲ့စကားသံနောက်ရန်အန်းရဲ့ဒေါသတကြီးခေါ်သံက ကပ်ပါလာတော့သည်။
______________________________________
ဒီတစ်ပိုင်းကိုနားလည်ပါမလားမသိဘူး
နည်းနည်းရှုပ်သွားရင် ချမ်းနောက်တစ်ပိုင်းကျရင်သေချာရှင်းပြပေးမယ်နော်
မကောင်းဆိုးဝါးsystemအကြောင်းကို
ဒါနဲ့ အမည်မသိသူစိမ်းက ဘယ်သူလို့ထင်လဲ မန့်ခဲ့ကြနော်။
ချမ်း
Date- 25.1.2025(စနေနေ့)
စာလုံးပေါင်းစစ်ထားချင်းမရှိ။
You are reading the story above: TeenFic.Net