ဇာတ်ကြောင်းပြောင်းနေသည်နှင့်ဇာတ်လိုက်ရဲ့အဖြစ်သည်းမှု

Background color
Font
Font size
Line height

"Host အခုမှသတိရတယ် အခုhostတို့စီ ကိတ်လာချပေးမဲ့သူက ဇာတ်လိုက်မလီချင်းချင်းပါ hostသတိထားအုံး"

System ချမ်းနိရဲ့သတိပေးသံကြောင့် ကျားရွေ့မျက်ဖြူလှန်မိသည်။

"မင်းငါသော်ကေသွားမှလာပြောပါလား"

"ဟမ် အခုဘာဖြစ်နေလို့လဲhost"

"ရာ......မမြင်ဘူးလား ဇာတ်လိုက်မကြောင့်ငါရဲ့နုနယ်တဲ့လက်မှာ နီးရဲနေတာကို"

"အယ် ခနလေးမရှိတာကိုဘာတွေဘာလို့ဖြစ်ပျက်သွားတာလဲ"

"အဲတာကိုငါကမင်းကိုမေးရမှာ ဇာတ်လမ်းတွေကဘယ်လိုဖြစ်ကုန်တာလဲ တကယ်ဆိုဇာတ်လိုက်မနဲ့တွေ့ဆုံခန်းက သည်လိုမဟုတ်ပါဘူး ဇာတ်လိုက်မက ငါယောင်္ကျားရုံးမှာ အလုပ်လာလျောက်ရင်တွေ့ရမှာလေး"

"Host ကျွန်မအထင် ဇာတ်ကြောင်းကပြောင်းနေပြီးထင်တယ်"

"ဘယ်လို..."

"ဒီလိုHostရဲ hostသာ ဇာတ်လိုက်ကိုမမြူဆွယ်ဘူး ပုံမှန်ဇာတ်ကြောင်းအတိုင်းဘဲသွားမယ်ဆိုရင် ဇာတ်လိုက်ကအခုချိန်သေချာပေါက် ဇာတ်လိုက်မကိုပစ်ကြွေသွားမှာ ဒါမဲ့ဇာတ်လိုက်က လီချင်းချင်းကိုတွေ့တာတောင်ကြွေသွားလို့လား အရေးတောင်မစိုက်ဘဲ hostရဲ့လက်ကိုဘဲစိုးရိန်နေတာလေ...သေချာတယ် ဇာတ်ကြောင်းကပြောင်းနေပြီး"

"ဇာတ်ကြောင်းပြောင်းရင်ကောင်းတာလားမကောင်းတာလား"

"အဲတာကိုတော့ ချမ်းနိ မခန့်မှန်းတတ်ဘူး ပုံမှန်ဇာတ်ကြောင်းအတိုင်းသွားရင် ဘာဖြစ်လာမလဲကိုသိနိုင်တယ် အခု နောက်ဆက်တွဲဘာဖြစ်မလဲဆို ချမ်းနိမသိဘူး"

"အဲဝာာဆို နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာကို မင်းမခန့်မှန်းတတ်‌တော့ဘူးပေါ့"

"ဟုတ်ပါတယ် ဒါမဲ့ Hostသာ mission တွေအကောင်းဆုံးလုပ်နိုင်ရင် ကျွန်မရဲ့levelကလဲတတ်လာပြီး ကာကွယ်ထားလို့ရမဲ့အနေအထားတွေရှိမှာပါ"

"မင်းပြောဝာာက ငါက Mission တွေကိုကောင်းကောင်းမလုပ်ဘူးလို့ပြောချင်တာလား"

"^_^"

"အာ......"

ကျားရွေ့ချမ်းနိနဲ့အတွေးထဲစကားပြောနေတုန်း ဇာတ်လိုက်မရဲ့အော်သံကြောင့် လက်ရှိအဖြစ်အပျက်ကိုအာရုံစိုက်ရတော့သည်။ဘုရားရေး‌သူဘာတွေမြင်လိုက်ရတာလဲ ဇာတ်လိုက်က ဇာတ်လိုက်မကို အနားကကော်ဖီခွက်နဲ့ပတ်လိုက်တာလား

"ရော လျော့ကြေး မင်းရဲ့လက်ကြမ်းကြီးတွေအတွက် နောက်တစ်ခါအလုပ်လုပ်ရင်သေချာလုပ် ငါအမျိုးသားကိုထိရင် မင်းရဲ့ဖြစ်တည်မှုက မြူမှုန်လိုလွင့်ပျယ်သွားရလိမ့်မယ်..သွားမယ်ယင်လိန်"

ဇာတ်လိုက်မရဲ့မျက်နှာကိုပိုက်ဆံနဲ့ပေါက်ပြီး ပြောနေတဲ့ ဇာတ်လိုက်က သူအမြင်မှာ အားကိုစရာကြီးဖြစ်တဲ့အပြင်ကျားရွေ့စကားတစ်ခွန်ကိုသာပြောနိုင်တော့သည်။အရမ်းမိုက်တယ်....သိပ်သိပ်မိုက်တယ် ငါယောင်္ကျားက အရမ်းကိုမှမိမိုက် နာမည်တောင်ပြောင်းရတော့မလို့ ကျားရွေ့ယောင်္ကျား မိုက်မိုက်ဆိုပြီးတော့......
______________________________________
"ပါးစပ်ဟ....."

"ရပါတယိဆိုမောင်ကလဲ ငါကနည်းနည်းဘဲဖြစ်.....ဟမယ်"

"ကျွေးတာဖြစ် တစ်ပန်းကန် ကုန်တော့မယ် စားနိုင်တယ်ပြောနေသေးတယ် ရေသောက်အုံးမလား"

"ထမင်းစားအုံးမယ် ပြီးမှသောက်မယ်"

ဇာတ်လိုက်ကြီးရန်အန်းမှာ ကျားရွေ့ကိုထမင်းကျွေးနေခြင်း။လက်ကလေးကမဖြစ်စလောက်လေ အပူလောက်တာကိုအဖြစ်သည်းနေတဲ့အကိုဖြစ်သူကြောင့် ယင်လိန်ခင်ဗျာ ထမင်းစားနေရတာလား ခွေးစာစားနေရတာလားမသဲကွဲတော့ပေ။ဘဝကြီးကလဲ ခွေးစာစားရင်ရှင်သန်နေရတယ်။

"ယင်လိန်"

"ဗျ အကိုဘာပြောမလို့လဲ"

"နောက်ခါ ဆိုင်ထိုင်ချင်ရင် ဝန်ဆောင်မှုကောင်မကောင်းအရင်စုံစမ်း မင်းဘာသာတစ်ယောက်ထဲသွားရင်ကိစ္စမရှိပင်မဲ့ ကျားရွေ့ပါရင်တော့ စုံစမ်းကြားလား အခုကိစ္စကလဲ မင်းအပြစ်မကင်းဘူး အစထဲက အိမ်ကော်ဖီဘဲသောက်ပါလိုပြောတာကို အခုကြည့် ဆိုင်ထိုင်လိုက်တာ ကျားရွေ့ရဲ့နုနယ်တဲ့လက်ကို ကြည့်စမ်း......"

ယင်လိန်းအကိုစကားတွေကြောင့် မျက်နှာငယ်သွားတော့သည်။ထိုအချင်းအရာကိုမြင်တဲ့ ကျားရွေ့ကလဲမနေသာတော့ဘဲ

"မောင်ကလဲ ဒါတွေက ဟိုလီချင်းချင်းကြောင့်ဖြစ်တာလေ ယင်လိန်နဲ့ဆိုင်မှမဆိုင်တာ"

"မင်းရောဘဲ မင်းကိုလေ ငါဘယ်လိုပြောရမလဲ အခုကြည့် မင်းလက်ကိုမင်းပြန်ကြည့် ပြောရင်လဲမကောင်းဖြစ်တော့မယ်...နောက်ပြီး ဟိုတစ်ယောက်ရဲ့နာမည်တောင်မှတ်ထားလိုက်သေးတယ်"

"အဲလို့မဟုတ်ပါဘူး ငါကဒီတိုင်ကြားလိုက်တော့....."

"ဒီတိုင်လေတောင် မင်းက အဲကောင်မနာမည်ကို အိမ်ထိသယ်လာသေးတယ်နော်"

ဇာတ်လိုက်ရဲ့အပြောကြောင့် ကျားရွေ့စိတ်ညစ်သွားတော့သည်။သူကိုကမှားတာ ဇာတ်လိုက်မရဲ့နာမည်ကိုမှသွားပြောနေတယ်။

"မောင်ရာ...ငါပြောချင်တာ...."

"မင်းကအခုငါကို စိတ်မရှည်တာလား"

ယင်လိန် ထမင်းအမြန်စားပြီးထရန်ကြံလိုက်သည်။တော်ကြာအမှုတွေကသူကိုပတ်နေရင်ဘယ်လိုလုပ်မလဲ အခြေအနေကမကောင်းတော့ဘူး

"ငါမောင်ကိုစိတ်လဲရှည်တယ် မောင်ကိုလဲချစ်တယ် ဒါကြောင့် ငါကိုယုံ"

"..............."

"ယောင်္ကျား စိတ်မဆိုးပါနဲ့ ငါနောက်ဆိုယောင်္ကျားစကားဘဲနားထောင်ပါမယ်"

"ကျစ် စားစရာရှိတာစားစမ်းပါ"

"မစားဘူး ‌ယောင်္ကျား စိတ်ဆိုးမပြေမချင်း ငါမစားဘူး"

"ထျန်ကျားရွေ့ လူကိုရစ်မနေနဲ့"

ကျားရွေ့ဇာတ်လိုက်ရဲ့စကားကြောင့်အံ့ဩသွားတော့သည်။ သူကဘဲရစ်ရတယ်ရှိတယ်...ဒီဇာတ်လိုက်တော့ ငါလုပ်ရင် မထနိုင်ဘဲဖြစ်သွားမယ်"

"ကျွန်တော်ဝပြီး"

ယင်လိနိအမြန်လစ်ထွက်လာခဲ့သည်။အမှုတွဲတွေသူစီရောက်လာရင် သူမဖြေရှင်းတတ်ပေ။

"ယင်လိန်တောင်ကုန်ပြီး မင်းကမကုန်သေးဘူး ဟ"

"မစားဘူး "

"ထျန်ကျားရွေ့"

"ဘာလဲ"

"လူကိုစိတ်တိုအောင်လာမလုပ်နဲ့"

"ဘယ်သူကအရင်လုပ်တာလဲ ငါလား မောင်လား ငါကပြောပြနေတာကို မောင်ဘာသာရစ်နေတာလေ အဲလီ....."

"ပြွတ်စ်"

ကျားရွေ့ ရုတ်တရက်အနမ်းကြောင့် ကြောင်အသွားကာ စက်ရုပ်အလားငြိမ်သက်နေမိတော့သည်။သူ သူကို ဇာတ်လိုက်က နမ်း နမ်းလိုက်တာလား

"စကားများလွန်းတယ် စိတ်မဆိုးတော့တာမို့ အဲကောင်မ နာမည်ကို မင်းပါးစပ်က မောင်ထပ်မကြားချင်ဘူး"

"ပြောတော့အဖြောင့်ဆို"

"နမ်းဘဲနမ်းတာ ငါကဓာတ်တိုင်တွေထက်ဖြောင်တယ် မင်းကိုနားညီးလွန်လို့ပါးစပ်ပိတ်လိုက်တဲ့သဘောဘဲ"

"ဟွန့်"

"ထမင်းစားမယ်"

"ဟုတ်ကဲ့ ယောင်္ကျား"

ကျားရွေ့ဇာတ်လိုက်စကားကြောင့် ရီချင်သွားသည်။ သူကို သူ မောင် လို့သုံးလိုက်တာကိုလဲသတိမထားမိပုံပေ။ဘာကိုအဖြောင့် ကျားရွေ့နဲ့တွေ့ရင် ကွေးရမှာဘဲ။
______________________________________

"အ....မောင် နာတယ် ဖြေးဖြေးလုပ်"

"ခနဘဲသည်းခံစမ်းပါ ပြီးရင် သက်သာသွားလိမ့်မယ်"

"မောင်က အားကြီးနဲ့လုပ်တာလေ"

"ကျစ် မငိုစမ်းနဲ့ အဲလောက်ကြီးလဲနာ‌တာမဟုတ်ဘူး"

"မောင်ခံကြည့်လေ...."
______________________________________

ဖလက် မီးပျက်သွားပါပီး.....
ဟဲဟဲ ရှင်တို့သားရန်အန်းက ချမ်းရဲ့ ချစ်ချစ်ကိုကိုယင်လိန်ကို ဆူငေါတ်နေတာ ခွေးစာလဲစားရသေးတယ် ကိုကိုယင်လိန်းသနားပါတယ် လာ လာခဲ့ကိုကို ချမ်းရင်ခွင်ထဲလာနေ။ဟီးဟီး.........

ချမ်းဒီညအသစ်တစ်ခုတင်ပါမယ် ကျူးကျော်ပါ အားပေးကြမယ်မလားရှင့်
ဒါနဲ့ချမ်း တစ်ပတ်လောက်ပျောက်ဖို့စဉ်းစားလိုက်သေးတယ် ဒါဒါတို့ကိုမခွဲနိုင်လို့တစ်နေ့တစ်ပိုင်း upနိုင်အောင် ကြိုစားနေတာ။
ချမ်းကိုvote တွေcmတွေမန့်ပေးလို့ကျေးဇူးပါရှင့်။

ချမ်း

Date- 24.1.2025(သောကြာနေ့)

စာလုံးပေါင်းမစစ်ထား။

ကဲကဲ ချမ်းနောက်ကလိုက်ဆိုမယ်

ရန်အန်းအဖြောင့်
ရန်အန်းအဖြောင့်
ရန်အန်းအဖြောင့်

ရှင်တို့သားရန်အန်းက အဖြောင့်ကြီးနော်။
အယ်မေ့တော့မလို့ ရှင်တို့သားရန်အန်း ကော်ဖီဆိုင်သွားမို့ဝတ်လာတဲ့အဝတ်အစား
ဟိုတစ်ပိုင်းမှာတငိဖို့မေ့သွားလို့ရယ်....

အဖြောင့်ကြီးယောင်ဆောင်ထားတဲ့အကွေးကြီး...🫠


You are reading the story above: TeenFic.Net