အဖွားဆုံးသွားတာတစ်လတောင်ရှိပြီ.
.Winလည်းကျွန်တော်နဲ့စကားမပြောတာတစ်လပြည့်တော့မယ်...အဖွားဆုံးပြီးကတည်းက..ကျွန်တော့ကိုရှောင်နေတာ..အခုချိန်ထိဘဲ..မနက်တိုင်းမနက်စာပြင်ပေးကျွန်တော်ဝတ်ရန်အင်္ကျီထုတ်ပေးကိစ္စကလွဲကျွန်တော့အခန်းထဲေယာင်လို့တောင်မဝင်ဘူး...
အလုပ်သွားရန်ရေချိုးခန်းထဲဝင်သွားပြီးပြန်ထွက်လာတော့..ဝတ်ရန်အသင့်အင်္ကျီတစ်စုံ...ဝတ်ပြီးမီးဖိုထဲဝင်တော့သူစားရန်အသင့်လုပ်ပေးထားသောမနက်စာထမင်းကိုကြက်ဥနဲ့ကြော်ပြီးဘေး၌ကော်ဖီတစ်ခွက်...လူကိုတော့မတွေ့တော့..
မပေါ်ထပ်မှာရှိမှာဘဲဟုတွေးကာ...ရုံးသို့လာလိုက်သည်..ရုံးရောက်တော့အကိုTin ခေါ်တယ်ဆိုလို့သွားတော့...ရုံခန်းထဲတွင်အကိုTin နဲ့အမျိုးသားတစ်ဦးသူ့အသံကြားတော့လှည့်ကြည့်ကာသူ့ကိုပြုံးပြတော့အံ့သြရပြန်သည်..
"ဖေဖေ.."
အကိုTinကထိုင်ရန်ပြောသောကြောင့်အကိုTin၏မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင်ထိုင်လိုက်သည်..
"သားငယ်..နေကောင်းတယ်နော်.."
သူအဖေဖြစ်သူကိုပြုံးပြကာ..
"ဟုတ်..ဖေဖေ..ကျွန်တော်နေကောင်းပါတယ်.."
သူပြန်ပြောတော့အဖေကခေါင်းတစ်ချက်ငြိမ့်ပြသည်..ထို့နောက်
ဒေါက်..ဒေါက်..တံခါးနှစ်ချက်နဲ့အတူဝင်လာသည်က..
အကိုType..
"Wat တောင်ရောက်နေပြီဘဲ..အန်ကယ်အစည်းအဝေးအဆင်သင့်ပါဘဲ.."
ကောင်းပြီဟုပြောကာထထွက်သွားသောကြောင့်ကြောင်နေရသူမှာကျွန်တော်....ကြောင်အန်းအန်းဖြစ်နေသောကျွန်တော့ကိုအကိုType မှလက်တို့ကာ
"Wat..သွားမယ်လေ..ဘာလုပ်နေတာလဲ.."
အကိုType ခေါ်သောနောက်သို့သူလိုက်သွားတော့..
အစည်းအဝေးခန်းဆီသို့အခန်းထဲကိုဝင်လာတော့ရှယ်ယာရှင်တစ်ချို့ထိုင်နေသည်..သူလည်းအကိုType ရဲ့မရှေ့မနှောင်းကနေကဝင်လိုက်ပြီးအကိုTypeဘေးထိုင်ပြီးသည်နဲ့...အကိုTinရဲ့အတွင်းရေးမှူးဆိုသူသည်...ထိုပုဂ္ဂိုလ်များ၏ရှေ့တွင်ရပ်၍မိုက်ကိုထိုသူ့နှုတ်ခမ်းနဲ့ချိန်ဆပြီးသည်နှင့်..
"ဟုတ်ကဲ့..ယခုလိုရှယ်ယာရှင်တစ်ချို့ကိုစုဝေးဖို့လုပ်ရတဲ့အဓိကအကြောင်းအရင်းကတော့အားလုံးလဲသိပြီးသားလို့ထင်ပါတယ်..ကျွန်တော်တို့ရဲ့W group ရဲ့ဥက္ကဌ တင်မြှောက်ဖို့ရန်..ဆန္ဒတောင်းခံဖို့ဘဲဖြစ်ပါတယ်...ဒီကိစ္စနဲ့ပတ်သတ်ပြီးကျွန်တော်တို့ရဲ့ဥက္ကဌကြီး Jirawat ကိုဖိတ်ကိုခေါ်ပါတယ်.."
ဘယ်လို..ဖေဖေက..ဒီCompany ရဲ့ဥက္ကဌ ဘာတွေလဲ..
"ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..ဒီကနေ့ကျွန်တော်အခုစုဝေးဖို့အကြောင်းဖန်လာတာကကျွန်တော်လည်းအသက်ကြီးနေပြီဖြစ်ရာ...W group ရဲ့Company ခွဲဖြစ်တဲ့..WT company ကို..ကျွန်တော့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ..Sarawat အား.လွှဲပြောင်းပေးဖို့ရန်ဘဲဖြစ်ပါတယ်..ယခုဆိုရင်ကျွန်တော့သားသည်လုပ်ငန်းကိစ္စအဝဝကိုတာဝန်ယူတတ်နေပြီမလို့လွှဲပြောင်းရန်အတွက်ရှယ်ယာရှင်များဘက်မှထောက်ခံမဲကိုတောင်းခံလိုချင်းဖြစ်ပါတယ်.."
ဒီCompany ကအကိုTin company မဟုတ်ဘူးပေါ့...
ရှယ်ယာရှင်များသည်သူ့ကိုကောင်းချီးပေးကာထွက်သွားသည်..ဖေဖေသည်လည်..
"ဂုဏ်ယူပါတယ်.သားWatဒီCompany ကသားမေမေ...အတွက်ဖေဖေရည်ရွယ်ပြီးတည်ထောင်ထားတာမို့...သားကိုဖေဖေလွှဲပေးဖို့လုပ်ခဲ့တာကြာပါပြီ..Dr.Type တို့ရဲ့တိုင်ပင်လိုက်တော့..သူ့သူငယ်ချင်းတစ်ယောက်ကလုပ်ငန်းပိုင်းမာကျင်လည်တဲ့သူမလို့အကူအညီတောင်းပြီးသားကိုဒီCompany နဲ့ပတ်သတ်သမျှကိုကျွမ်းကျင်ပိုင်နိုင်အောင်...သင်ကြားခိုင်စခဲ့တာ..သားဖေဖေ့ကိုစိတ်မဆိုးဘူးမလား"
သူပျော်သည်..အဖေဖြစ်သူသည်..သူ့အတွက်ယခုလို..အချိန်အကြာကြီးစီမံပေးခဲ့သည်တဲ့....
"ကျေးဇူးပါဖေဖေ.."
"ရပါတယ်..သားရယ်..ဖေဖေ့ရဲ့အမှားတွေကိုပြန်ပြင်ဖို့အချိန်ပေးတာကိုဘဲသားကိုဖေဖေကကျေးဇူးတင်ရတာပါ.."
သူသည်နေ့တွင်းချင်း...Company ရဲ့အကြီးဆုံးရာထူးကိုရသည်မှာ..အိမ်မက်တစ်ခုအလား..တစ်ချိန်ကကိုယ့်အထက်အရာရှိသည်ယခုအခါကိုယ့်လက်အောက်ကဝန်ထမ်းဖြစ်နေသည်မှာကသိကအောက်ဖြစ်ပေမဲ့အားလုံးကတော့ကျွန်တော့ကိုဖော်ဖော်ရွေရွေသာဆက်ဆံကြသည်
ဖေဖေကိုကားParking ထိလိုက်ပို့ကာကားတံခါးပိတ်ပေးပြီးတော့..ဖေဖေသည်ကားမှန်အားချကာ..
"သားငယ်..သားကောင်လေးကိုအိမ်ကိုခေါ်လာခဲ့ဦးလေ...အိမ်ကိုလည်းမကြာမကြာလာလည်ပါသားငယ်...အခုဆိုမင်းအဖွားလည်းမရှိတော့ဘူး...အိမ်မှာဖေဖေတစ်ယောက်တည်း...ဟိုမိန်းမနဲ့သူ့သားကိုလည်းရပိုင်ခွင့်အားလုံးပေးပြီး...ကွာရှင်းလိုက်ပြီသားငယ်..ဖေဖေသွားပြီနော်.."
"ဟုတ်ကဲ့ဖေဖေသားအချိန်ရရင်Winကိုခေါ်ပြီးလာခဲ့ပါမယ်.."
ဖေဖေကားလေးသည်Company Carparking မှထွက်သွားပြီ..သူ့ကိုဒီနေ့တစ်ရက်အကိုTin မှခွင့်ပေးလိုက်သည်...မဟုတ်သူအတင်းတောင်းဆိုခဲ့သည်ဖြစ်သည်..
အိမ်ကိုပြန်ရောက်တော့ခြံတံခါးပိတ်ထားသည်..ဒါကြောင့်အိတ်ထဲတွင်ထည့်ထားသောသော့ပိုဖြင့်ခြံတံခါးကိုဖွင့်ကာကားကိုဆင်ဝင်အောက်တွင်ရပ်ပြီးအိမ်ထဲသို့ဝင်တော့ဘယ်သူမှမရှိ...
"အပြင်ထွက်သွားတာများလား.."
သူဖုန်းကိုကိုင်ကာနံပါတ်တစ်ခုကိုခေါ်လိုက်တော့တစ်ဖက်မှစက်ပိတ်ထားပါသည်ဆိုသောအသံသာထပ်ခါထပ်ခါကြားရသည်...
ဒါကြောင့်အပေါ်ထပ်အခန်းကိုတက်လာတော့..
အခန်းထဲတွင်သပ်သက်ရပ်ရပ်ခေါက်ထားသောအိပ်ယာ..အိပ်ယာပေါ့တွင်ခေါက်ထားသောစက္ကူခေါက်ကလေးနဲ့လက်ပတ်နာရီလေး..သူတို့နှစ်ယောက်အတူတူဝယ်ခဲ့သောနာရီလေး..
စာထဲတွင်တော့..
"Wat ကျွန်တော်ကအရင်ထားခဲ့မိလို့တောင်းပန်ပါတယ်...ကျွန်တော်ဟာသုံးစားမရတဲ့ကောင်ပါ...ကျွန်တော်ဟာတစ်ချိန်လုံးWat ကိုလိမ်ညာခဲ့မိတဲ့လူပါ...တကယ်တော့..ကျွန်တော်ကအကိုWat ရဲ့အရင်ရည်းစားမမPanရဲ့မောင်အရင်းခေါက်ခေါက်ပါ...အခုလိုပြောလိုက်လို့ကျွန်တော့ကိုမုန်းမယ်မျက်နှာပြောင်တိုက်တယ်ပြောလဲကျွန်တော်ခံနိုင်ပါတယ်...ကျွန်တော်တောင်းပန်ပါတယ်...တကယ်လို့ဒီအဖြစ်မှန်တွေကိုအကိုWatသိသွားရင်..ကျွန်တော်ကိုမုန်းသွားမယ်ဆိုတာသိလို့ကျွန်တော်ဖုံးကွယ်ထားမိတာတောင်းပန်ပါတယ်..ကျွန်တေယ့်ကိုခွင့်မလွှတ်ပါနဲ့အကိုWat. ကျွန်တော်အကိုWatနားမှထပ်ပြီးမကပ်တွယ်နိုင်တော့ဘူး..ကျေးဇူးတင်ပါတယ်အကိုWat..ကျွန်တော့ကိုချစ်ပေးလို့..ကျွန်တော်ကအကိုWatရဲ့အချစ်မထိုက်တန်တဲ့သူပါ...အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်..အကိုWat..
အရမ်းချစ်တယ်..
#တစ်ချိန်ကWin
စာအဆုံး..Watမျက်ရည်တွေကျမိသည်..သူဘာတွေလုပ်သွားတာလဲ...ဘာလို့သူ့ကိုမုန်းမယ်လို့ထင်ရတာလဲ....တကယ်ဆိုသူနဲ့ကျွန်တော်ကအရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေမှာဘာမှပါဝင်ပတ်သတ်ခြင်းမရှိတဲ့အပြင်လူသက်သက်ပါ...အခုလိုသူထွက်သွားရင်ကျွန်တော်ပျော်မယ်လို့ဘာလို့ထင်ရတာလဲWinရယ်..ကိုယ်ကမင်းကိုမုန်းနေမယ်လို့ဘာလို့ထင်ခဲ့ရတာလဲ..ကိ်ချစ်ခဲ့တဲ့အချစ်တွေကိုမင်းဘဲမမြင်ခဲ့တာလားကိုယ်ဘဲမြင်အောင်မပြနိုင်ခဲ့တာလား...ကိုယ်တောင်းပန်ပါတယ်Winရယ်....ကိုယ့်ဆီပြန်လာခဲ့ပါ...တကယ်လို့သာWinပြန်လာခဲ့မယ့ဆိုရင်ကိုယ့်ရဲ့မဆူံးနိုင်တဲ့အချစ်တွေကိုWinမြင်အောင်ပြနိုင်ကောင်းပါရဲ့..
ကိုယ့်အချစ်တွေကိုမင်းမမြင်သ၍ကိုယ့်နားကထွက်သွားဖို့မကြိုးစားပါနဲ့Win..ကိုယ်မင်းကိုလိုက်ရှာမှာမလို့...မင်းပြေးနိုင်သလောက်ပြေးလို့ရပါတယ်..ကိုယ့်အချစ်တွေသာစစ်မှန်ခဲ့ရင်ကိုယ်မင်းကိုရှာတွေနိုင်ကောင်းပါရဲ့..ဘာလို့ဆို..ကိုယ့်အတွက်မင်းကိုချစ်နေတဲ့အချစ်ရှိနေသ၍..ဒီကမ္ဘာမြေကြီးဟာကိုယ့်အတွက်အသေးအဖွဲဖြစ်တာမလို့...မင်းကိုရှာတွေ့ဖို့ဆိုတာကိုယ့်အတွက်အလွယ်လေးပါဘဲWin..အကယ်၍မင်းကိုရှာတွေ့ခဲ့ရင်..ကိုယ်စီကထွက်ပြေစခဲ့တဲ့မင်းကိုအပြစ်ပေးဖို့ရန်ကိုယ်စဥ်းစားထားရမယ်..
ပြီးသည်နှင့်..Winဖုန်းကိုကိုင်ကာ..နံပါတတစ်ခုကိုခေါ်လိုက်သည်..
"Hello...Boss.ငါ့ကိုလူတစ်ယောက်ရှာပေးပါ.."
Bossအကူအညီနဲ့...Winကိုရှာရန်ခဲ့စည်မှာ..သုံးလပင်ကြာသွားပြီ...ဘာသတင်းအစအနမှမရသေး...Winမင်းဟာတကယ်အပုန်းကောင်းတဲ့ကလေးဘဲ..ဘယ်လိုလုပ်မလဲ...ကိုယ်ကလဲ.ကိုယ်လိုချင်တာကိုရေကုန်ရေခမ်းလိုက်တတ်တဲ့သူမလို့..မင်းပုန်းပါအားရပါးရပေါ့...မင်းကိုကိုယ်ရှာလိုြတွေ့တဲ့တစ်နေ့...မင်းနဲ့ကိုယ်နဲ့ကြားမှာလွဲမှားနေတဲ့အမှားတွေကိုပြင်ပြီးတာနဲ့မင်းကိုပေးဖို့အပြစ်ကိုကိုယ်လှလှပပပြီးပြင်ဆင်ထားတာမလို့..အားရပါးရပုန်းလိုက်ပါဦးကလေးရေ...
ဒေါက်ဒေါက်..
"CEO ဧည့်သည်ရောက်နေပါတယ်.."
စာရင်းတွေကိုစစ်နေတုန်း..အတွင်းရေးမှူးကောင်လေးလာပြောတာမလို့...မော့မကြည့်ဘဲ..
"ဘယ်သူတဲ့လဲ.."
အတွင်းရေးမှူးကောင်လေးရဲ့ဖြေသံမကြားတော့မော့ကြည့်မိတော့..သူ့ကိုကြည့်နေသော..နှုတ်ခမ်းနီကိုရဲနေအောင်စိုးထားပြီးပါးနီရိုက်ထားပြီးမိတ်ကပ်အကူအညီဖြင့်လှနေသော..ထိုအမျိုးသမီး..သည်..သူတစ်ချိန်ကချစ်ခဲ့ပါသော..မေမေ..
"မတွေ့တာကြာပါရော့လကောင်လေး..မင်းတောင်ဒီနေရာရောက်လာခဲ့ပြီပေါ့..."
"ဘာကိစ္စများရှိလို့ပါလဲ..Ms.DaDa."
သူပြုံးမိသည်..မဲ့ပြုံးတစ်ချက်ပေါ့..ဒီတစ်ခေါက်သူတို့Company နဲ့စာချုပ်ချုပ်မဲ့ကိစ္စကိုဖျက်လိုက်လို့အခုလိုအရှက်မရှိလာပြောခြင်း..
"မင်းကိုသတိလာပေးတာ.."
အခုချိန်ထိလေလုံးထွားနေသောသူ့ကိုကြည့်ကာဟားတိုက်ရယ်ချင်မိသည်..
"ပြောပါဦး.."
နှုတ်ခမ်းတစ်ဖက်ကိုလှလှပပကော့တက်ပြကာ..
"မင်း..တို့သားCompany နဲ့ချုပ်မဲ့စာချုပ်ကိုအခုချက်ချင်း..ချုပ်ပေးပါ..မဟုတ်ရင်..မင်းဒုက္ခအကြီးကြီးတွေ့စေရမယ်ဆိုတာသိထားပါ.."
"ဘယ်လိုလုပ်မလဲ.Ms.DaDa..ခင်များခြောက်တိုင်းကြောက်တတ်တဲ့ငကြောက်ကလေးSarawat..ကအရင်ကတည်းကသေသွားပြီဆိုခင်များမသိလေစ.ဟင်.."
DaDa မှလှောင်ရယ််ကာ..
"ဟား..ဟား..ဒါပေါ့..မင်းကဘယ်ကြောက်တတ်မှာလဲ..ဟုတ်တယ်မလား..မင်းကိုယ်မင်းထက်ပိုတန်ဖိုးထားရတဲ့သူတွေကို...ငါကဒုက္ခပေးမှာပေါ့.."
"ခင်များ.."
အောင်နိုင်သူအပြုံးဖြင့်..
"ဒါနဲ့လေ..မင်းကောင်လေးက..အခုချိန်ထိဖြူတုန်းချောတုန်းနော်မင်းအိမ်ကထွက်သွားပြီမှ..ပိုတောင်ကြည့်ကောင်းလာသလားလို့စိတ်ချမ်းသာနေတယ်ထင်တယ်...ဟင်း..ဟင်း.."
Wat..အခုမှသတိထားမိသည်...ဒီမိန်းမနဲ့Winကိုတွေ့စေခဲ့မိသည်..ဒီမိန်းမသွေးထို့လို့ဘဲအခုလိုထွက်သွားရသည်လား..ကလေးရယ်...ကိုယ်တောင်းပန်ပါတယ်မင်းကိုမကာကွယ်ပေးနိုင်ခဲ့လို့..
သူအတတ်နိုင်ဆုံးမျက်နှာကိုထိန်းကာ..
"ဟုတ်လား..ခင်များအထင်မှားနေပြီထင်တယ်..ကျွန်တော်ကကျွန်တော့ကိုယ်ကျွန်တော်ထက်ဘယ်သူ့ကိုမှပိုမချစ်ခဲ့ဘူး....Winကိုတော့သူအိမ်ကထွက်သွားပြီကတည်းက..ကျွန်တော့စိတ်ထဲကထုတ်ပစ်ခဲ့တာ..ခင်များဒီတစ်ခါတော့လူကဲခတ်ညံ့သွားပြီ..Ms.DaDa.."
ထိုမိန်းမမျက်နှာပြင်မရအောက်ပျက်ကာဖိနပ်သံပြင်းပြင်းဖြင့်..ရုံးခန်းထဲမှထွက်သွားမှသူနားအေးရသည်..ထို့နောက်.ဖုန်းကိုကိုင်ကာ..
"Boss..လမ်းကြောင်းပြောင်းတော့..Winကို..ငါ့မိထွေးခေါ်ထားတာ..အခုချက်ချင်းငါ့မိထွေးနောက်ကိုလိုက်တော့.."
ပြောပြီးသည်နှင့်ဖုန်းကိုချကာအတွင်းရေမှူးအားခေါ်ကာ..
"ငါစုံစမ်းခိုင်းထားတာတွေကောဘယ်အခြေအနေရှိပြီလဲ.."
"ဟုတ်..စုံစမ်းဆဲပါ..အမှုကနစ်နာသူအမှားဆိုပြီးပိတ်ထားတာကြာပြီမို့...အမှုစစ်တွေနဲ့စုံးစမ်းရေးမှူးတွေကို..ငွေအလုံအလောက်ပေးကာစုံစမ်းခိုင်းထားပါတယ်..အက်အမှုအတွက်သက်သေအလုံအလောက်ရတာနဲ့လှုပ်ရှားလို့ရအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်...ကံကောင်းတာကအက်အမှုကိုလိုက်ခဲ့တဲ့စုံထောက်ကလာပူပေါင်းတာပါဘဲ.."
"ကောင်းပြီ..ဆက်လုပ်ထား.."
"ဟုတ်ကဲ့..ဒါနဲ့အကိုလေး..Dr.Type ဖုန်းဆက်တယ်...အခုCompany ကိုလာမလို့တဲ့အကိုလေးရှိလားမေးလို့ရှိတယ်လို့ပြောထားပါတယ်..နောက်ငါးမိနစ်နေရင်ရောက်ပါမယ်.."
"ကောင်းပြီ.."
ပြောပြီးသည်နဲ့အတွင်းရေးမှူးလေးထွက်သွားသည်..
တစ်အောင့်အကြာ..
"အကိုလေး.."
"အကိုType ရောက်ပြီလား.."
"မဟုတ်ပါဘူး..အကိုလေးသူငယ်ချင်းရောက်နေပါတယ်.."
ဘယ်သူလဲဆိုသောအကြည့်နဲ့အတွင်းရေးမှူးလေးနောက်မှာရောက်နေသောသူကိုကြည့်မိတော့..
"Men.."
သူ့ပြုံးပြကာ..
"Wat..မင်းကလည်းနော်ငါတို့ကိုဖုန်းနဲ့ဘဲအလုပ်ပေးတယ်..တွေ့ဖို့ကိုမပြောဘူး..ငါတို့မျက်နှာလေးတွေကိုမလွမ်းဘူးလားဟင်.."
ပြောလဲပြောသူ့မျက်နှာကိုလဲWat ရှေ့ထိုးပေးတာမို့..Watအသာရှောင်ကာ..
"နေစမ်းပါ...မင်းကိုစုံစမ်းခိုင်းတဲ့ကိစ္စဘယ်လိုလဲ.."
Men မှမျက်စောင်းတစ်ချက်ထိုးကာ..
"တစ်ခုခုတောင်လိုက်မကျွေးတော့ဘူးလား..."
အငတ်ဆိုသောအကြည့်ဖြင့်ပြုံးကာ..
"အသိအကိုတစ်ယောက်..လာမှာမလို့စောင့်နေတာ..စားချင်ရင်သူလာမှတူတူသွားမယ်..."
ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်ပြကာ..
"မင်းသိလာတဲ့သတင်းကဘာလဲ.."
"ဒီလိုဟ..မင်းထင်တာမှန်တယ်...အကိုMatineက..လွန်ခဲ့တဲ့ငါးနှစ်ကကောင်မလေးတစ်ယောက်ကိုလိုက်ဖူးတယ်..."
"ဘာ..."
သူလန့်သွားသည်..Matine လိုရိုးရိုးအေးအေးကရည်းစားရှိဖူးတယ်တဲ့လား..
"အေးဟုတ်တယ်..ငါလည်းအစကလန့်သွားတာဘဲ..ဟ..ဒီ့ထက်လန့်စရာကရှိသေးတယ်..အက်ကောင်မလေးကဘယ်သူလဲသိလား.."
ပြောစရာရှိတာမပြောဘဲပေရှည်နေသောသကောင့်သားကိုထုပစ်ချင်နေပြီ..
"ဘယ်သူမလို့လဲ..သိရင်လဲပြောလေ..အရစ်ကိုရှည်တဲ့.."
"အက်ကောင်မလေးက.."
ဒေါက်ဒေါက်...
အရစ်ရှည်နေတုန်းတံခါးခေါက်သံနဲ့အတူဝင်လာသည်မှာ..အကိုType..
"Dr.!!"
Watထံမှထွက်လာသည်မဟုတ်...ဘေးနားမျက်ပြူးစီမှ..
"မင်း!!!"
နှစ်ယောက်လုံးအထိတ်တလန့်နဲ့..Menကတော့ပြုံးစစနဲ့..အကိုTypeကတော့မျက်နှာကြီးရဲတက်နေသည်..သူတို့နှစ်ဦး၏အလယ်တွင်တော့. ဘာဆိုဘာမှနားမလည်လိုက်တဲ့Sarawat..
########################
နောက်တစ်ပိုင်းပါ...Typing ကြောင့်စာလုံးပေါင်းများအမှားပါရင်..ခွင့်လွှတ်ပါ.
.အကယ်၍ဖတ်ပြီးနားမလည်တဲ့အပိုင်းလေးများအားမေးမြန်းလို့ရပါသည်..
Thank you all!!
You are reading the story above: TeenFic.Net