Win. တစ်ယောက်အရင်နိုးလာပြီး..ရေမိုးချိုးအဝတ်အစားလဲကာ..အဖွားအခန်းသို့တက်လာခဲ့သည်..
အဖွားသည်နိုးနေသော်လည်းခြေထောက်မသန်သောကြောင့်အိပ်ယာထဲတွင်သာလှဲနေသည်..အဖွားကိုထူကာ..မျက်နှာသစ်ခြင်းလုပ်ငန်းစဥ်ကိုပြုလုပ်ပြီး...အောက်ထပ်သို့ခေါ်လာခဲ့သည်..ထို့နောက်နွားနို့တစ်ချို့ကိုပန်းကန်လုံးထဲထည့်ပြီးပေါင်မုန့်တစ်ချပ်ကိုနွားနို့ထဲနစ်ကာအဖွားကိုခွံ့နေတုန်း...
အဖွားသည်မျက်ရည်ဝိုင်းသောမျက်လုံးတစ်ချို့ဖြင့်သူ့ကိုကြည့်နေသည်...ကုန်စင်သွားသောပန်းကန်ကိုလက်ဆေးစင်ပေါ်တင်ကာအဖွားကို..ဧည့်ခန်းတွင်TV ဖွင့်ပေးထားခဲ့ပြီး..ဘေစင်တွင်ရှိသောပန်းကန်တစ်ချို့ကိုဆေးရသည်..ထို့နောက်Watစားဖို့မနက်စာပြင်ကာအဖွားကိုဆေးတိုက်ရန်ရေနဲ့ဆေးတစ်ချို့ယူကာဧည့်ခန်းသို့ဝင်လာခဲ့သည်...
"အဖွား..ဆေးသောက်ရအောင်နော်.."
အဖွားသည်ခေါင်းအသာငြိမ့်ပြသောကြောင့်ဆေးတစ်ချို့ကိုသူကိုယ်တိုင်အဖွားပါးစပ်အတွင်းသို့ထည့်ပြီးတစ်စက်တည်းတွင်ဖန်ခွက်ထဲမှရေတစ်ချို့ကိုအဖွားလက်တုန်တုန်ရီရီဖြင့်ကိုင်ကာသောက်ချသည်...
"မြေးလေး.."
အဖွားသည်..သူ့ကိုWatအထင်နှင့်မျက်နှာအနှံ့ပွတ်သတ်နေသည်...
"ဟုတ်ကဲ့အဖွား.."
"မြေးလေးWatကိုအခုလိုအဖော်ဖြစ်ပေးလို့ကျေးဇူးပါကွယ်...အဖွားမြေးလေးကတစ်ကယ်ပင်သနားစရာကောင်းပါတယ်ကွယ်...ငယ်ငယ်လေးကတည်းကမေတ္တာငတ်နေရသူပါ.."
အဖွားသည်မျက်တွင်းများနက်ကာ...အသားအရည်တစ်ချို့သည်အသက်ကြီး၍ပါးရေချပ်များပင်တွန်လို့နေသည်...မျက်ရည်များလည်းတသွင်သွင်စီးကျနေသည်...
ကျွန်တော်ကိုယ်တိုင်လဲအဖွား၏မျက်ရည်များသုပ်ပေးကာ..ကတိတစ်ခုပေးလိုက်သည်..
"ဟုတ်ကဲ့ပါအဖွား..ကျွန်တော်Watကိုဘယ်တော့မှထားသွားမာမဟုတ်လို့..စိတ်ချပါအဖွား..ကျွန်တေယ်ကတိပေးပါတယ်.."
အဖွား၏လက်သန်းနဲ့သူ့လက်သန်းလေးကိုချိတ်ကာကတိပေးတော့အဖွားကလျော့ရဲနေသောအပြုံးလေးတစ်ခုပြုံးပြသည်...
ထို့နောက်အဖွားကို..သူ့အခန်းထဲတွင်အိပ်စေပြီး...သူတတို့နှစ်ယောက်အခန်းထဲသို့ဝင်လာတော့Watသည်အလုပ်သွားရန်ပင်အဆင်သင့်ဖြစ်နေပြီ..သူထုတ်ပေးထားသောအင်္ကျီကိုလက်ကောက်ဝတ်နားကကျယ်သီးတစ်ချို့တပ်ကာရပ်နေသည်...
သူလည်းWat ရဲ့Necktile ကိုသေသပ်စွာပြန်ပြင်ပေးရင်း..အခန်းထဲကာထွက်လာခဲ့သည်..မထွက်ခင်Watဆီမှာအနမ်းနွေးနွေးလေးနှဖူးပေါ်သို့..ကျရောက်သွားသည်..
မီးဖိုထဲသို့ဝင်ကာဖျော်ထားလက်စကော်ဖီတစ်ချို့ကိုနွှေးကာထားပြီးစားပွဲ၌ထိုင်စောင့်နေသည်..
Watထွက်လာပြီး..သူလုပ်ပေးထားသောမနက်စာတစ်ချို့ကိုစားနေသည်..ထို့နောက်
"Wat..ကျွန်တော်ကော်ဖီဆိုင်ကအလုပ်ထွက်တော့မလို့.."
သူမော့ကြည့်ကာအပြုံးတစ်ခုဖြင့်..
"Winသဘောပါ..ကိုယ်ကပင်ပန်းမှာစိုးလို့ပြောတာပါ..တကယ်လို့မထွက်ချင်လဲလုပ်လို့ရတယ်နော်..ကိုယ်အဖွားအတွက်Nurseငှားဖို့ပြင်နေတယ်.."
"မဟုတ်တာ...သူစိမ်းထက်ကိုယ့်မိသားစုကပိုယုံရပါတယ်..အဖွားကလဲအခုတလောနေသိပ်မကောင်းတော့..ကျွန်တော်ဆုံးဖြတ်လိုက်တာပါ.."
"ကောင်းပါပြီဗျာ..ဒါဆိုကိ်အလုပ်သွားတော့မယ်နော်.."
"ဟုတ်..Wat..ကားကိုဂရုစိုက်မောင်းနော်.."
ပြောပြီးသည်နှင့်ကားနောက်ထဲသို့..Wat၏အလုပ်အိတ်အားထည့်ပေးပြီးသည်နှင့်Wat၏..Crown ကားအနက်ရောင်လေးသည်ခြံဝန်းထဲမှထွက်သွားခဲ့ပြီ..
Watသည်သူတကယ်ကြိုက်သောပြိုင်ကားအနီလေးအား...အောက်စျေးဖြင့်ရောင်းကာရသောပိုက်ဆံကိုဘဏ်၌ထည့်ထားပြီး...second crownအနက်လေးကိုဝယ်လိုက်သည်...
"ပြိုင်ကားဆိုကိုယ်တို့နှစ်ယောက်ဘဲစီးလို့ရမှာလေ..ဒီကားလေးကျ..အဖွားကိုပါခေါ်ပြီးခရီးထွက်လို့ရတယ်.."
ဟု.ပြောပြီးအက်ကားလေးဝယ်ခဲ့ခြင်းတစ်လတစ်ခါရုံးပိတ်ရက်တိုင်းပန်းခြံသို့သွားကားအလည်အပတ်ထွက်ကြသည်...
Watရုံးရောက်တော့...သူဌေးခေါ်သည်ဟုကြားသဖြင့်...ရုံးခန်းကိုသွားတော့..
"Wat..ညီလေးလာ.."
"ဟုတ်ကျွန်တော့ကိုဘာခိုင်းမလို့လဲအကိုTim.."
"ကိုယ်တို့ချင်းမိုင်ကိုခရီးထွက်ရမယ်တစ်ပတ်ကြာမယ်.."
"လုပ်ငန်းကိစ္စလားအကို.."
"ဟုတ်တယ်..ညီလေး..အဲ့မှာရှိတဲ့Company နဲ့စာချုပ်ချုပ်ဖို့လုပ်ထားတာအက်တာညီ့ကိုကူညီစေချင်တာ.."
"ဟုတ်ကျွန်တော်..ကူညီပေးပါ့မယ်.."
သူရုံးကစောစောပြန်လာခဲ့သည်...အိမ်မှာယူစရာရှိတာယူပြီးပြန်သွားရမည်..ဒါကြောင့်အိမ်သို့ပြန်လာခဲ့သည်..
သူကားကိုအိမ်ရှေ့မှာရပ်တော့အိမ်ထဲပြေးထွက်လာသောသူ့ကလေး..
"Wat...အစောကြီးပြန်လာတာဘဲ..ပေးပေးကျွန်တော့ကို"
အိတ်ကိုကူဆွဲကာသူ့လက်မောင်းကိုတွယ်ကာ..အိမ်ထဲသို့ဝင်တော့..အဖွားကသူတို့နှစ်ယောက်အပြုံးတစ်ခုနဲ့ကြိုဆိုသည်...
Wat..တစ်ယောက်Win..ရဲ့လက်ကိုဖြုတ်ကာအဖွားဆီသို့သွားလိုက်သည်..
"အဖွား..နေကောင်းတယ်နော်.."
အဖွားကခေါင်းငြိမ့်ပြတော့..သူWinဘက်သို့လှည့်ကာ..
"ကိုယ်ခရီးထွက်ရမယ်..Win.တစ်ပတ်လောက်ကြာမယ်.."
Winမျက်နှာတစ်ချက်ပျက်သွားသည်..သို့သော်ပြန်ထိန်းကာ..
"ကျွန်တော်အိတ်ပြင်ပေးမယ်လေ.."
ပြောပြီးအခန်းထဲဝင်သွားတော့
Wat..အဖွားကိုနှုတ်ဆက်ကာအခန်းထဲဝင်လာတော့ခရီးဆောင်အိတ်ထဲသိူ့..လိုအပ်သောပစ္စည်းတစ်ချို့ထည့်ကာနေသည်..
"Wat..လိုအပ်နာတွေကျွန်တော်အကုန်ထည့်ပေးထားတယ်..Watပြန်စစ်ကြည့်လိုက်လေ...ရေချိုးပြီးဝတ်ဖို့အင်္ကျီလဲထုတ်ထားပေးတယ်..ထမင်းစားသွားမလားကျွန်တော်ဟင်းတွေပြန်နွေးလိုက်မယ်.."
သူဝင်လာကတည်းကစကားတွေတရက်စပ်ပြောနေသောသူ့ကိုနောက်ဘက်ကနေဖက်ထားမိသည်...
သူလည်းခံစားနေရမှာပေါ့..ကျွန်တော်တောင်မသွားချင်တာ...ဒါပေမဲ့လဲအလုပ်ကိစ္စဆိုတော့လဲ..
ဒါပေမဲ့ခရီးအပြန်ကျရင်တော့Menတို့ကိုကိစ္စတစ်ခုအတွက်ပြင်ဆင်ခိုင်းထားရမယ်
"Win..ကိုယ်သွားတော့မယ်နော်..ကားကိုထားခဲ့မယ်ကိစ္စတစ်ခုခုရှိတာဘဲဖြစ်ဖြစ်ကိုယ့်ကိုဖုန်းဆက်နော်...အဖွားကိုလည်းဂရုစိုက်ပေးပါ..တာ့တာနော်.."
Win..နှဖူးပေါ်သို့အနမ်းတစ်ပွင့်ကျဲကာထွက်လာခဲ့သည်...company ကကားနဲ့သွားတာမလို့အိမ်ကကားကိုထားခဲ့ခြင်း..
Watတစ်ယောက်ချင်းမိုင်ရောက်နေသော်လည်း..စိတ်ကဘန်ကောက်မှာသာကျန်ခဲ့သည်..သို့သော်သူအလုပ်ကိစ္စကိုတော့အမှားအယွင်းမရှိအောင်လုပ်နေပါရဲ့..
ဒီနေ့နဲ့ဆိုချင်းမိုင်ရောက်တာ၄ရက်ရှိပြီမို့...အလုပ်ကိစ္စတွေလည်းပြီးသလောက်ရှိနေသည်...အိမ်ကိုဖုန်းဆက်ရန်..ဟိုတယ်အပြင်ထွက်တော့...Jayတို့လင်မယားနဲ့တွေ့ပြန်တယ်...
Jayအမျိုးသားဆိုသူသည်သူတို့Company နဲ့စာချုပ်ချုပ်ရန်စီစဥ်ထားသောCompany ရဲ့တာဝန်ရှိသူဖြစ်တာမို့လုပ်ငန်းသဘောအရ..ညစာအတူတူစားဖြစ်ကြသည်...အလုပ်ကိစ္စကိုသာမဲပြောနေကြသောစကားဝိုင်းတွင်သူမပျင်းနေသည်...
အကြည့်များသည်လည့းသူနဲ့မျက်စောင်းထိုးတွင်ထိုင်နေသော...Watထဲတွင်သာရှိသည်
အမှန်တိုင်းပြောရရင်သူမSarawat ကိုသဘောမကျပါ..မျက်နှာပြောင်တိုက်လွန်းသည်..အမဖြစ်သူကိုသတ်ထားပြီးမောင်ကိုသိမ်းပိုက်ထားသောသူ့ကိုတကယ်ပင်ရွံမုန်းသည်..
တကယ်တော့လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ..Winကိုယ်တိုင်ကလည်းသိသိကြီးနဲ့လုပ်နေတော့သူစိမ်းဖြစ်တဲ့သူကဘာလုပ်လို့ရမှာလဲ..သို့ပေမဲ့သူမလက်မလျော့ပါ..Winလေးကိုထိုလူယုတ်မာလက်ထဲတွင်မရှိစေချင်တာတော့အမှန်ပါ..
ဒါကြောင့်သူမတစ်ခုခုလုပ်ရမည်...Winကိုတားမရရင်တော့Sarawatကိုတားမှဖြစ်မည်...
"Sarawat..ကျွန်မနဲ့စကားခနပြောရအောင်.."
စားပြီးသောက်ပြီးလို့အခန်းပြန်မယ်လုပ်တော့Jayသည်သူ့ကိုစကားပြောရန်ခေါ်ခြင်း...သူငြင်းဖို့ကြိုးစားသော်လည်းမအောင်မြင်ဒါကြောင့်...လိုက်လာခဲ့သည်..
တစ်နေရာတွင်ရပ်ကာတစ်ခုခုစဥ်းစားနေသောသူမပုံစံသည်...ဘေးကကြည့်ရင်တကယ်ပင်ကျက်သရေရှိသောအမျိုးသမီးပုံရိပ်ထင်ဟပ်သည်..
"Sarawat..ကျွန်မရှင်းရှင်းဘဲပြောမယ်..ရှင်Winနဲ့အဆက်အသွယ်ဖျက်ပါ..သူ့ကိုဘာမှဒုက္ခမပေးပါနဲ့..ကျွန်မရှင့်ကိုတောင်းဆိုနေတာမဟုတ်ဘဲ..သတိပေးနေတာပါ.."
သူမဘာတွေပြောနေတာလဲနားမလည်..သူမကWinနဲ့သိတာလား...သူမနဲ့Winကသူနဲ့ညစာစားတဲ့ညမှာသိထားတာလေ..အခုလောက်ထိသတိပေးလောက်တဲ့ထိခင်နေတာလား..
"ဒါနဲ့Winကိုသိတာလား.."
သူမနှာခေါင်းတစ်ချက်ရှုံ့ကာ..
"သိတာပေါ့..သိပ်သိတာပေါ့..ရှင်လဲသိလောက်မှာပါ...တကယ်တော့Winက..ရှင်သတ်ခဲ့တဲ့..Panရဲ့တစ်ဦးတည်းသောမောင်လေးဘဲ.."
"..ကျွန်တော်ကိုWinနဲ့အဆက်အသွယ်ဖျက်ခိုင်းတာအက်တာကြောင့်ပေါ့.."
အောင်နိုင်သူအပြုံးဖြင့်...Jayဟာ..ဆက်လက်ပြီးတော့..
"ရှင်သာရှက်တတ်မယ်ဆိုရင်..ဆက်မတွဲသင့်တော့ဘူးဆိုတာသိသင့်တယ်Sarawat..ဘယ်နှယ့်အစ်မကိုသတ်ပြီးမောင်ကိုအပိုင်သိမ်းထားတာ...တော်ရုံအရှက်မရှိတဲ့လူရဲ့လုပ်ရပ်မဟုတ်ဘူး.."
Sarawat မှာမဲ့ပြုံးတစ်ခုဖြင့်..
"ဒါပေါ့...ဟုတ်တာပေါ့...အက်တာကအပြစ်ရှိတဲ့သူအတွက်လေ...ကျွန်တော့်မှာအပြစ်မှမရှိတာ.."
Jay မှအံ့သြဟန်ပြန်ပြီးမှ..
"ရှင်...ရှင်ရူးချင်ယောင်ဆောင်မနေနဲ့...."
"ဘာသက်သေနဲ့လဲ..ဘာသက်သေနဲ့ကျွန်တော့မှာအပြစ်ရှိတယ်လို့ပြောရတာလဲ..ကျွန်တော့ဘက်ကလိပ်ပြာသန့်တာမလို့..ကျွန်တော်Winကိုလိပ်ပြာသန့်သန့်နဲ့ဆက်ချစ်သွားမှာမလို့ဘဲ..ခွင့်ပြုပါဦး.."
"ရှင်..ရှင်.."
Jayတစ်ယောက်ဒေါသထွက်ကာကျန်ခဲ့သည်
Watတစ်ယောက်ဟိုတယ်ထဲဝင်လာပြီးReceptionမှကောင်လေးကဘန်ကောက်ကဖုန်းလာသည်ဟုပြောသောကြောင့်အပြေးသွားကိုင်တော့...တစ်ဖက်ကအသံမလာရှိုက်သံတစ်ချို့သာထွက်လာသည်..
"Win..ဘာဖြစ်လို့လဲ.."
ပြောလေပိုငိုလေဖြစ်တာကြောင့်သူစိတ်ပူလာရပြီ..ဒီကလေးဘာကြောင့်ဒီလေယက်ငိုကြီးချက်မဖြစ်နေရတာလဲ..
"Win. .ကိုယ်ပြောတာကြားလားဘာဖြစ်လို့လဲမငိုဘဲနဲ့သေချာပြောကိုယ်စိတ်ပူလာပြီ..Winရာ.."
ပင့်သက်ကိုတစ်ဆုံးရှိုက်ကာသက်ပြင်းအရှည်ကြီးချလိုက်တော့တစ်ဖက်ကတည်ငြိမ်သောအသံတစ်ခု..
"ဖေဖေ.."
အဖေဖြစ်သူပါ..ဘန်ကောက်ရောက်နေတာလား..သူချင်းမိုင်းကိုရောက်သော်လည်းမအားသောကြောင့်အိမ်ကိုဖုန်းမဆက်ဖြစ်တာ...ဘာတွေဖြစ်နေတာလဲ..မဟုတ်မှအဖွားများ..
"ဖေဖေ..အဖွားတစ်ခုခုဖြစ်လို့လား..ဖေဖေကျွန်တော်မေးနေတယ်လေ...အဖွားနေကောင်းလားလို့.."
အဖေဖြစ်သူလည်းသက်ပြင်းချကာ..
"အဖွားဆုံးသွားပြီသားငယ်...ဒီမနက်ဘဲ.."
သူဘာတစ်ခွန်းမှမထွက်တော့ဖုန်းကိုချကာ...အခန်းထဲသို့ပြေးကာ...ပစ္စည်းတစ်ချို့ကိုအိတ်ထဲပစ်ထည့်ကာ....အခန်းထဲကထွက်လာသော
အကိုTinနဲ့တွေ့တော့အကြောင်းစုံပြောကာအကိုTinကိုယ်တိုင်သူ့ကားနဲ့ပြန်လိုက်ပို့သည်...
သူ့ကိုအိမ်ရှေ့မှာသာချပေးပြီး..အိမ်ထဲဝင်လာတော့...
အပေါက်ဝ၌...အကိုဖြစ်သူနှင့်တွေ့သည်...သူဘာစကားတစ်ခွန်းမှာမပြောဘဲ..အိမ်ထဲပြေးဝင်တော့..အဘွားသည်ကုတင်ပေါ်၌..ရုပ်သက်သက်သာရှိတော့...အနည်းငယ်ပိန်နေသောအဖွား၏လက်ကိုကိုင်ကာWinတစ်ယောက်ငိုနေလေသည်...
သူလည်းWinဘေးနားသို့သွားကာထိုင်ချလိုက်တော့သူ့ကိုမျက်ရည်အဝိုင်းသားနဲ့ကြည့်နေလေသည်...
သူအဖွားဇာပနအတွက်လိုအပ်တာတွေလုပ်ပေးပြီးတော့...Winကိုတစ်ခုခုစားခိုင်းရမည်ဟုတွေးကာအပေါ်ထပ်တက်တော့..လှေခါးထိပ်၌..တစ်ချိန်ကအမေဖြစ်သူနဲ့ဆုံမိသည်..
ဘာစကားတစ်ခွန်းမှမပြောဘဲခေါင်းတစ်ချက်ငြိမ့်ပြကာအခန်းထဲဝင်တော့..
အငိုတိတ်ကာတစ်ခုခုကိုစဥ်းစားနေသော..သူ့ကလေးကိုတွေ့သည်မို့...သူ့ဘေးနားသွားတော့..တစ်စိမ်းသက်သက်မျက်လုံးတွေနဲ့ရင်ဆိုင်လိုက်ရသည်...
"Win.."
သူခေါ်တော့သူ့ကိုမကြည့်ဘဲ..အခန်းထဲကထွက်သွားတော့သူတကယ်စိုးရိမ်ရသည်..ဘာတွေဖြစ်သွားတာလဲ..
သူလိုက်လို့ပင်မမှီနိုင်လောက်အောင်ကိုပင်...
##########################
ကဲWinလေးကို..Wat ရဲ့မိထွေးကဘာတွေပြောသွားလို့အက်လိုဖြစ်သွားတာလဲနော်..
ဇာတ်မသိမ်းသေးပါဘူး..ဒါကြောင့်အားပေးပါဦးနော်..
Readerတွေတိုးလာတော့တကယ်ပျော်မိပါတယ်..
Thank you all!!
You are reading the story above: TeenFic.Net