ချိုမြိန်သောမှားယွင်းခြင်း

Background color
Font
Font size
Line height


Wat တစ်ယောက်coffee ဆိုင်ပိတ်ပြီးအထွက်..

"Sarawat!!"

မြင်လိုက်ရသောမြင်ကွင်းကြောင့်အသက်ရှူရပ်မတက်..

"မေမေ.."

သူပျော်မိသည်..အမေဖြစ်သူသည်သူ့ဆီတစ်ခါမှမလာဖူး...အခုလာတယ်ဆိုတော့သူပျော်မိသည်..တစ်ဆက်တည်း၌ပင်အဖွားဖြစ်သူအားစိုးရိမ်မိသည်..

ထို့ကြောင့်စကားပြောရန်Coffeeဆိုင်ထဲသို့ပြန်ဝင်လာခဲ့သည်..

"မေမေဒီကိုဘယ်လိုလုပ်.."

သူ့အမေမှ..စိတ်ပျက်သလိုတစ်ချက်ကြည့်ကာ..

"မင်းကိုပြောစရာရှိလို့..ပြောရမယ်ဆိုလာသတိပေးတာ.."

အမေဖြစ်သူ၏စကားကြောင့်သူ့မျက်နှာရုပ်ချည်းပြောင်းလဲမည်ကိုသိသည်...

"ဟုတ်..ကျွန်တော်နားထောင်နေပါတယ်.."

"မင်း..အခုဝယ်ထားတဲ့အိမ်ကို..Matine နာမည်နဲ့ပြောင်းပေး.."

သူတကယ်အံ့သြမိတယ်..ချင်းမိုင်ကနေဘန်ကောက်အထိသူ့ကိုလာရှာရတဲ့အကြောင်းကသူ့သားအကြီးအတွက်လား...ကျွန်တော်ကကောမေမေ..ကျွန်တော်ကအမေ့သားမဟုတ်ဘူးလား...

အမေဖြစ်သူမှWat ၏စကားကိုအလေးမထားဟန်...

"နောက်ပြီ..မင်းအမေ့ကိုဘန်ကောက်ခေါ်သွားမယ့်ကိစ္စဖျက်လိုက်....မင်းကဘယ်လိုအစွမ်းအစကြောင့်အခုလိုအမေ့ကိုခေါ်ဖို့လုပ်ရတာလဲ...ဟမ်"

သူတကယ်ငြိမ်နေမိသည်..အမေပြောတာလဲဟုတ်သည်..သူ့မှာဘာအစွမ်းအစရှိလို့..ဒါပေမဲ့အိမ်ကိစ္စကတော့..

"မေမေဒါပေမဲ့အိမ်.."

သူ့အမေမှ အ ရန်ကောအကြည့်ဖြင့်..

"အဲ့အိမ်ကငါ့ယောကျာ်းပိုင်တယ်ဆိုတာမင်းသိလား...မင်းအတွက်ဆိုပြီးသူဝယ်ပေးထားတာ...သူဘာလုပ်လုပ်မင်းအတွက်မင်းအတွက်ဆိုပြီးတွေးနေတာ..မင်းသိလား..Matine နဲ့ငါ့အတွက်က​ကော..ဘယ်လိုအကြောင်းဘဲရှိရှိ....သားအရင်းဖြစ်တဲ့Matineမှာရပိုင်ခွင့်ရှိတာပေါ့...မင်းလိုလူအတွက်သူပေးစရာလိုလား..မင်းအဆင့်မင်းသိလေ..."

အမေသူ့ကိုဘာတွေပြောနေတာလဲ...သူကသူကသားအရင်းမဟုတ်..နေဦး..

"မေမေ..ဘာတွေပြော.."

သူ့အမေမှသူ့ဆီကမေမေခေါ်သံကိုမသတီသလိုနဲ့..

"တိတ်စမ်!!..ဘယ်သူကနင့်အမေလည်းဟမ်..နင့်အမေကသေပြီ...နင့်ကိုမွေးပြီးကတည်းကသေပြီ..အက်တာကိုငါ့ယောကျာ်းကနင့်ကိုသနားလို့ဆိုပြီးခေါ်မွေးစားထားတာ...နင်ကသားအရင်းမဟုတ်ဘူး..Matineကသာသူ့သားအရင်း..သားအရင်းကိုတော့ဂရုတစ်ချက်မှမစိုက်ဘဲနဲ့မယားငယ်မကမွေးတဲ့သားကိုတော့ပသနေလိုက်တာ..."

မယားငယ်..သားအရင်းမဟုတ်ဘူး..ဘာတွေလဲ..ဘာတွေဖြစ်နေတာလဲ..

"နင်နားမလည်မှာစိုးလို့ထပ်ပြောလိုက်မယ်..အခုချက်ချင်းနင်ဝယ်ထားတဲ့တိုက်နဲ့ခြံကို..Matineနာမည်နဲ့ပြောင်းပေး..နောက်ပြီးနင့်အဖေနင့်ကိုဘာပြောပြောဘာပေးပေးဘာတစ်ခုလက်မခံနဲ့....နင်ကသူ့သားအရင်းဖြစ်ခင်ရင်တစ်မျိုးပေါ့..ဒါပေမဲ့နင့်အမေအရင်းအပျော်မယ်ကနေမွေးလာတဲ့နင့်ကိုတော့သူ့သားအရင်းဆိုတာငါဘယ်လိုမှလက်မခံနိုင်ဘူး...နင်ကလင်ကပေါက်လို့ပေါက်လာမှန်းမသိတဲ့အကောင်..."

Wat မကြားနိုင်စွာ..မျက်ရည်တွေအသွင်သွင်ကျနေမိသည်...ဒါဆိုသူ့အမေကကော..

"ဒါ..ဒါ..ဆိုကျွန်တော့အမေကကော.."

"နင့်အမေ..သိချင်လား..နင်သိချင်တယ်ဆိုရင်ငါခိုင်းသမျှတစ်သွေမတိမ်းလိုက်လုပ်ပေါ့..ဒါဆိုနင့်သိချင်တဲ့နင့်အမေဘယ်သူလဲသိစေရမယ်.."

ပြောပြီးထွက်သွားသောအမေဖြစ်သူ၏နောက်ကျော​ပြင်ကိုကြည့်ကာမျက်ရည်အသွင်သွင်ကျမိသည်...

သူအချိန်အတော်ကြာဆိုင်ထဲ၌ထိုင်နေမိသည်...

ကလင်..ဆိုင်ရှေ့ကတံခါးဖွင့်သံကြောင့်မျက်ရည်အမြန်သုတ်ကာကြည့်မိတော့..သူ့ကိုမျက်လုံးလေးပြူးကာကြည့်နေသော..သူ့ကလေးလေး..

"အကိုWatမပြန်သေးဘူးလား..ကျွန်တော်ဖုန်းကျန်နေခဲ့လို့ပြန်လာယူတာ..နောက်တောင်ကျနေပြီ
..ကျွန်တော်နဲ့အတူတူပြန်မယ်လေ.."

သူ့မျက်ရည်တွေမြင်သွားဟန်ကောင်လေးမှ..အံ့သြရိပ်ပြပြီးမှတူတူပြန်ရန်ပြောကာ..ကျန်နေခဲ့သောဖုန်းကိုယူကာ..သူ့လက်လာဆွဲတော့အံ့သြရပြန်သည်...

"အကို..ကားနဲ့မပြန်နဲ့ကျွန်တော်နဲ့Busလိုက်စီး...အကို့ကြည့်ရတာစိတ်ညစ်နေမယ်ထင်တယ်..Busစီးတာစိတ်ညစ်ပြေတယ်ဗျ..လာ"

နှစ်ယောက်သားBusကားမှတ်တိုင်မှာထိုင်နေတုန်း...ဘာစကားတစ်ခွန်းမှမပြောမိ..ငြိမ်နေမိသည်..

"ဟို.."

စကားစရန်ကြိုးစားသူမှာWinတစ်ယောက်..

"အကိုက..အနေအေးတယ်နော်..ဘာစကားမှလဲမပြောဘူး..ဟီး.."

ဒီကောင်လေးဘာဖြစ်နေတာပါလိမ့်...အခုလည်းပြောချင်ရာပြောပြီးဟီးခနဲသွားဖြီးရီပြတာလေးကဖြူစင်နေသည်..

"အကိုအနေအေးတယ်လို့ဘယ်သူပြောလဲ..Win.."

သူစကားပြန်ပြောမှပြုံးသွားဟန်..

"ဟုတ်တယ်လေ..အကို..ဆိုင်ကထွက်ကတည်းကစကားမှမပြောတာ.."

သူပြုံးပြီးပြန်ကြည့်မိသည်..ဒီကောင်လေးဆေးများမှားစားလာတာလား..

ထိုအချိန်Busရောက်လာ၍နှစ်ယောက်သားBusပေါ်တက်လိုက်ပြီးနောက်တွင်စကားပြန်စလာသူမှာ..Win ကိ်တိုင်ပင်ဖြစ်သည်..

"အကို..ကျွန်တော်ကလေအကို့လိုလူဆိုးတွေဆိုတကယ်သနားတယ်ဗျ.."

ဒီကလေးနဲ့သူကလည့်ကျမှလူဆိုးတွေကိုသနားတယ်တဲ့..

"ဟုတ်တယ်...အကိုတို့လည်းဆရာတွေဆရာမတွေမုန်းတဲ့သူဘယ်ဖြစ်ချင်မလဲ..အက်လိုဖြစ်ရတဲ့အကြောင်းရှိလို့ပေါ့..ဟုတ်တယ်မလား...လူဆိုးပင်မဲ့သူတို့မှာခံစားရတဲ့နှလုံးသားတော့ရှိတာပေါ့...ဒါတွေကိုမြင်အောင်မကြည့်တဲ့သူတွေသယမမြင်ကြတာ..ကျွန်တော်အကို့ကိုမြင်အောင်ကြည်နိုင်ခဲ့ပြီထင်...တကယ်တော့အကိုကလူကောင်းတစ်ယောက်မှန်းကျွန်တော်သိတယ်.."

ကားပေါ်တစ်လျှောက်လုံးWatတစ်ယောက်ပျော်ရပါသည်...စကားတွေပြောရယ်ကာမောကာနဲ့စကားတွေတောင်စဥ်ရေမရ..ပြောနေသောကောင်လေးကြောင့်...ဒါမှသူ့ကလေးလေးအစစ်ပြန်ရောက်လာတာဘဲ..

Bus ကားရပ်လိုက်သည်မို့နှစ်ယောက်သားဆင်းလိုက်သည်....

Bus ပေါ်မှဆင်းပြီးမှWin တစ်ယောက်သတိရဟန်...လက်ပုတ်လိုက်လောင်းပုတ်လိုက်လုပ်နေတော့မနေနိုင်တဲ့Watကဘဲ..

"Win..ဘာဖြစ်လို့လဲ..သွားမယ်လေ.."

ထိုအခါမှသွားကြီးဖြီးပြကာ..

"ဟီး..ဟိုလေအကို..ကျွန်တော့အိမ်မှတ်တိုင်ကကျော်ခဲ့ပြီ..."

ဘယ်လိုထိုကောင်လေး..ကိုသူတို့လမ်းဘက်မှာနေတာလို့ထင်ခဲ့တာ...အရင်ကသူတို့လမ်းထဲမှာသူ့ကိုခနခနတွေ့ဖူးသည်လေ..

ဟုတ်သည်...ကျောင်းနှစ်ပတ်လည်နေ့မတိုင်ခင်ကတည်းကသူဒီကောင်လေးကိုသူတို့လမ်စထဲမှာခနခနတွေ့ဖူးသည်..ဒါကြောင့်လမ်းတူတာကိုပင်သူပျော်လို့မဆုံး...လမ်းသွားတိုင်းလည်းတစ်အိမ်အိမ်မှာထွက်လာမလားဆိူပြီးသူ့မှာမျှော်ရတာအမော..အခုတော့ထိုကောင်လေးကဒီလမ်းကြားကမဟုတ်ဘူးတဲ့..

"အကို..ကျွန်တော်ပြောတာကြားလား.."

"ဟမ်.."

ကောင်လေးမှမျက်နှာပူဟန်ဖြင့်..

"ဟို..ဒီနေ့တစ်ညလောက်ပကို့အိမ်မှာလာအိပ်လို့ရမလားလို့.."

ပြောပြီးခေါင်းကြီးငုံ့သွားသောထိုကောင်လကိုဖျစ်ညှစ်မိချင်သည်..

"ရပါတယ်ကွ.."

သူလည်းပြောပြီးရောပျော်သွားကာသူ့လက်မောင်းလာချိတ်ပြီးဆွဲသွားတော့ပျော်သွားရသည်မှာသူကိုယ်ဆိုင်ပင်..ခနလမ်းလျှောက်ပြီးနောက်..အိမ်ရှေ့သို့ရောက်တော့ကောင်လေးမှတံခါးဖွင့်ဟူသောအမူအရာဖြင့်ပြသောကြောင့်သူအိပ်ကပ်ထဲမှသော့ကိုထုတ်ကာဖွင့်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်...

(A/N: အရင်ကSarawat သည်...ယခုခြံနှင့်တိုက်ရှိရာလမ်း၏တစ်လမ်းကျော်တွင်ရှိသော...Bossအိမ်သို့လာလည်ရင်းဖြင့်...Winနဲ့တွေ့ခြင်းဖြစ်သည်..)

"အကို့အိမ်ကအခုမှအသစ်ဆိုတော့လေဘာအခင်းမှတော့မရှိသေးဘူးအကိုဝယ်ဖို့မအားသေးလို့..ဆိုင်ပိတ်ရက်မှသွားဝယ်မလို့စဥ်းစားထားတာ..."

Winမှာအပူအပင်မရှိစွာလက်ကိုခါကာ..

"ရပါတယ်ဗျ..ကျွန်တော်ကအခုလိုအိမ်လဲဘာမှမဖြစ်ဘူး..အိပ်တတ်ပါတယ်အိပ်ယာမရွေးတတ်ပါဘူးဗျ.."

"ကောင်းပြီလေ..ဒါဆိုWinလေးက.."

Win တစ်ယောက်လန့်ကာ..

"ဗျာ.."

.အခုမှWatတစ်ယောက်သတိရသွားဟန်..

"အော်..တကယ်လို့မင်းအဆင်ပြေတယ်ဆို..ဒီအခန်းအိပ်လို့ရတယ်..ဒီအခန်းကအကိုအိပ်တာဆိုတော့အကို့ကုတင်တော့ရှိတယ်..."

"ဟာဗျာ..ရပါတယ်ဗျ..အကိုအိပ်လေကျွန်တော်ကဧည့်ခန်းမှာအိပ်လို့ရတယ်..."

"ဘယ်ဟုတ်မလဲ..ဧည့်သည်ကိုအိမ်ရှင်ကဦးစားပေးရမှာပေါ့.."

Winတစ်ခုအကြံရသွားဟန်..

"ဒါဆို..အကိုအဆင်ပြေတယ်ဆိုအတူတူအိပ်တာပေါ့မကောင်းဘူးလား.."

"ဟမ်.."

Wat လန့်သွားမိသည်..ဒီကလေးဘာတွေပြောနေ​တာလဲ..သူသာဒီကလေးနဲ့အိပ်မိရင်မနက်ဒီကောင်လေး..မဖြစ်ဘူး..

"အကို..အဆင်မပြေလို့လားရပါတယ်..အာ့ဆိုလဲကျွန်တော်..ဧည့်ခန်းမှာဘဲအိပ်တော့မယ်.."

ဧည့်ခန်းမှာအိပ်လို့တော့မဖြစ်..သူ့ဧည်ခြန်းအကြောင်းသူသာသိသည်..ခြင်တအားကိုက်တာမဖြစ်..

"ရတယ်အကိုအဆင်ပြေပါတယ်...အတူတူအိပ်တာပေါ့.."

ဒါပေါ့ဟူသောအမူအရာဖြင့်Winတစ်ယောက်Watပြောသောအခန်းဝင်ပြီးရေချိုးခန်းထဲဝင်ကာလော့ခ်ချထားမိသည်..

ပြီးမှသူ့မျက်နှာသူမှန်ထဲပြန်ကြည့်ကာ...ရီမိသည်..

ထို့နောက်မှန်ထဲကသူ့မျက်နှာကိုကြည့်ကာ...

"Win..မင်းတော်တယ်.."

သူ့ကိုယ်သူတစ်ချက်အားပေးကာ....ထွက်လာတော့..

အကိုWatသည်..ဒူးအထက်ဂျင်းအပွနဲ့မိုးပြာရောင်စွတ်ကျယ်လေးကိုဝတ်ဆင်ထားသည်မှာတ့်ကလေးလေးနဲ့တူသည်...
သူတစ်ချက်ရယ်ကာ..Watလှမ်းပေးသောအင်္ကျီနဲ့ဘောင်းဘီကိုယူကာလှဲလိုက်သည်...

ပြီးနောက်.အိမ်ယာပေါ်တက်ကာ..တစ်ဖက်စောင်းကာအိပ်လိုက်သည်..

မအိပ်ခင်ပြောခဲ့သောစကားလေးကြောင့်..Watပြုံးမိသည်..

"Good night အကို.."

W​atတစ်ယောက်..ဘေး၎င်မှလွတ်နေသောနေရာတွင်လှဲကာစာအုပ်တစ်အုပ်ဖတ်နေသည်...​အတော်ကြာဖတ်ပြီးမှ
...စာအုပ်ကိုပိတ်ကာဘေးမှမီးအိမ်ပြီး..သူ့ဘေးပင်အပူအပင်ကင်းစွာအိပ်နေသောWinရဲ့နဖူးမှဆံပင်လေးများသပ်ပေးကာ...နဖူးပေါ်သို့အနမ်းတစ်ပွင့်ကြဲလိုက်သည်..

ထို့နောက်Good night ကလေးဟုဆိုတာ...အိပ်စက်ခြင်းဆီသို့..

သူမသိလိုက်သည်က...သူ​့ဘေး၌အိပ်ပျော်နေသည်ဟုထင်သောWinသည်အိပ်မပျော်ဘဲရှိနေခြင်းဖြစ်သည်...

ဟုတ်သည်..Win တစ်ယောက်အိပ်ရာပြောင်းသဖြင့်မအိပ်တတ်ဖြစ်နေသည်..အိပ်ပျော်အောင်မျက်လုံးမှိတ်ထားသည်...ဒါပေမဲ့သူမထင်မှတ်ထား​သည်က...သူ့နဖူးပေါ်သို့ကျရောက်လာမည့်ပူနွေးနွေးအနမ်းတစ်ခု..သူပျော်မိသည်...သူ့နှုတ်ခမ်းတစ်ဖက်ကော့ကာတက်သွားသည်..အိပ်ယာပြောင်း၍အိပ်မပျော်သောWinတစ်ယောက်....အိပ်ပျော်သွားသည်မှာနှစ်နှစ်ခြိုက်ခြိုက်ပင်..အိမ်မက်ထဲတွင်တော့သူချစ်သောသူနှင့်ပျော်နေသည်..

Flash back..

Winတစ်ယောက်Fong နဲ့ထွက်သွားပြီး..Bus ကားပေါ်ထိုင်ကာမှသူ့ဖုန်းမပါလာသည်ကိုသတိရကာ..Fong ကိုပြန်နှင့်ဟုဆိုကာဆိုင်သို့ပြန်လာခဲ့သည်...ဒီအချိန်ဆိုင်ပိတ်​ပြီဆိုတာသူသိသည်ဒါကြောင့်ဆိုင်အနောက်ဘက်ဂိုဒေါင်မှဝင်လာပြီးဖုန်းကိုလှမ်းအယူတွင်ဆိုင်းတွင်းတွင်းမီလင်းနေသောကြောင့်Sarawat မပြန်သေးဆိုတာသိသည်...

ဒါကြောင့်သူသိချင်စိတ်ဖြင့်ကောင်တာမှတစ်ဆင့်ဆိုင်အတွင်းကိုဝေ့ကြည့်တော့Sarawatနဲ့အမျိုးသမီးကြောင့်..မေမေဟုခေါ်သံကြောင့်သူ့အမေမှန်းသိလုက်ရသည်..

ဒါကြောင့်သူလှည့်ထွက်မည်အပြု
.အမျိုးသမီးဖြစ်သူ၏စကားသံကြောင့်ထိုနေရာတွင်သူထိုင်နေမိသည်...သူတို့ပြောနေသည်..မှာSarawatသည်သူတို့၏သားအရင်းမဟုတ်..ဒါကြောင့်သူယောကျာ်းပိုင်ဆိုင်သမျှ..တွေကိုသူ့သားဖြစ်သူအားပေးရန်...အမေအရင်းကိုသိချင်ရင်သူခိုင်းသမျှလုပ်ရမည်...

ထိုအမျိုးသမီးတအားအညှာအတာမဲ့သည်...တစ်ဆက်တည်းမှာပင်သူSarawatအားသနားမိသည်...တကယ်ဆိုသူ့မှာအပြစ်မှမရှိတာ..ဒါ​ကြောင့်သူဟာလူဆိုးလူပေတစ်ယောက်ဖြစ်နေသည်...သူSararwatကိုမုန်းခဲ့သည်...သူ့ဆီ၌မရခဲ့သောမေတ္တာမျိုးသူရခဲ့သည်ဟာသူထင်ခဲ့သည်..တကယ်တော့Sarawatဟာမေတ္တာငတ်နေသူဖြစ်သည်....သူတကယ်သနားမိသည်...ဒါကြောင့်သူ့ကိုကူညီရန်Winဆုံးဖြတ်လိုက်သည်...

မမPanကျွန်တော်မှန်တယ်မလား...မမကိစ္စမှာသူမှားပေမဲ့အခုကိစ္စမှာသူဟာသနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်မလား
.....ကျွန်တော့ခွင့်လွှတ်ပါမမPan..

ကျွန်တော်သူ့ကိုချစ်တယ်..အရမ်းချစ်တယ်...

သူအတွေးလွန်နေသည်မှာကြာပြီ..ဒါကြောင့်ဆိုင်ထဲကိုကြည့်မိတော့...ထိုအမျိုးသမီးမရှိတော့...

ဒါကြောင့်သူဂိုဒေါင်မှဆိုင်အပြင်ကိုထွက်ကာအရှေ့ပေါက်မှဝင်လာတော့လူသံကြား၍ထင်မျက်ရည်တွေနှပ်တွေကိုသူပ်က...မော့ကြည့်လာသောသူ့ကိုတွေ့ကာအံ့သြဟန်.အဲ့ဒါနဲ့ကျွန်တော်လဲအထင်မလွဲရအောင်..ဖုန်းကျန်ခဲ့၍လာခဲ့ကြောင်းပြောပြီးအိမ်သိုတူတူပြန်လာခဲ့သည်..

အော်..Busကိစ္စကလားကျွန်တော်တမင်လုပ်ခဲ့တာ..သူ့ကိုအဖော်​ပြုပေးစေချင်လို..သူအားငယ်နေတဲ့အချိန်အားပေးဖော်တစ်ယောက်..အဖြစ်ကျွန်တော်ရှိပေးစေချင်လို့ပါ...

အိမ်ကိုသိနေရခြင်းက..အဲ့အိမ်သည်..ကျွန်တော့နဲ့မမPanနေခဲ့ဖူးသောအိမ်ဖြစ်သည်..ငှားခတွေစျေးတက်​နေတာကြောင့်စျေးသက်သာသော...ကျောင်းကအဆောင်တွင်ပြောင်းနေရန်ကျွန်တော်စီစဥ်ခဲ့သည်..ဒီအိမ်ကိုတော့ပိုင်ရှင်လက်ထဲပြန်အပ်ခဲ့သည်..ကျွန်တော်လာအပ်တဲ့နေ့တွင်အကိုBossနဲ့သူ့ကိုတွေ့ခဲ့တာကြောင့်သူဒီအိမ်ကိုဝယ်မယ့်သူမှန်းကျွန်တော်သိခဲ့သည်....

အိပ်ယာကိစ္စကတော့...သူ့ဘာသာဖြစ်သွားတာပါ...Sarawatသည်.Sofa ပေါ်တွင်ဘယ်လိုမှအိပ်မပျော်တာကျွန်တော်သိသည်...ဒါကြောင့်အတူအိပ်ရန်ခေါ်တာပါ...

ခင်များလေးတို့ထင်သလိုမဟုတ်ပါဘူး...ကျွန်တော်Win Meta သည် Innocence လေးတစ်ယောက်ပါ..

##########################

ဒီနေ့အတွက်ပါ...
နောက်နှစ်ပိုင်းနေရင်​ဇာတ်သိမ်းပါပြီ...

ဇာတ်လမ်းတိုတော့..ဟာသွားမှုများရှိခဲ့ရင်...တောင်းပန်ပါတယ်ရှင့်အများကြီးရေးဖို့မတတ်နိုင်သေးလို့ပါ..

ကျေးဇူးတင်ပါတယ်ရှင့်

You are reading the story above: TeenFic.Net

#shoon