ဘန်ကောက်တွင်ကားများဆိုင်ကယ်များနှင့်အလုပ်ရှုပ်နေသည်...လူတိုင်းသည်လည်းမိမိတို့၏ဝမ်းရေးအတွက်လုံးပန်းနေကြသည်..ထိုတွင်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့်...ပူလောင်လွန်းသောသူရိန်နေမင်းကြီးအားအံတုကာနေသောလူငယ်တစ်ယောက်ရှိနေသည်
ကျောင်းပိတ်ရက်မို့Wat တစ်ယောက်အချိန်ပိုင်းအလုပ်ရှာရန်...ထွက်လာခဲ့ခြင်း...တစ်ခြားနေ့တွေထက်ဒီနေ့ကပိုတက်ကြွသလို...
သူအလုပ်ရမှဖြစ်မည်...မဟုတ်ရင်သူ့စီ၌ကျန်သောလက်ကျန်ငွေနဲ့စားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်...
"ကျစ်!..နေကလည်းဒီနေ့မှပိုပူနေရတယ်လို့.."
အပြစ်မရှိအပြစ်ရှာသူအလုပ်မရတိုင်းနေကိုပြသနာရှာမိသောသူ့အဖြစ်ကလမင်းကိုခွေးဟောင်နေသလိုဖြစ်နေသည်...
သူ့ဘာသာနေ့တိုင်းသူ့လုပ်ဆောင်ချက်ဖြစ်သောအလင်းဓာတ်ကိုပေးဆောင်ရသောနေမင်းကြီးကိုယနေ့မှပူတယ်ဟုပြသနာရှာမိနေသောမိမိကိုယ်မိမိ...သဘောကျမိသည်..
အရင်နေ့တွေကကျောင်းသွားကျောင်းပြန်ကားနဲ့သွားနေပေမဲ့..ကနေ့မှကားမယူဘဲBusစီးကြည့်မယ်လို့တွေးခဲ့သောသူ့အတွေးကိုပင်နှာခေါင်းရှုံ့မိသည်.
ဟိုကလေးနဲ့တူတူစီးခဲ့ရသောBus လောက်ပင်..စီးလို့မကောင်းသောဘန်ကောက်ကbus များကိုကျိန်ဆဲနေမိသည်...
မိမိဗိုက်၏ဆော်သြသံကြောင့်..သူတစ်ခုခုစားမှဖြစ်မယ်မနက်ကလည်းဘာမှမစားမိ..ဒါကြောင့်Cafeတစ်ခုအတွင်းသို့ဝင်တော့..မြင်လိုက်ရသော..မြင်ကွင်းကြောင့်မျက်လုံးအစုံပြူးမိသည်...
သူ့ကလေးလေး..ဒီCafeမှာလုပ်နေတာလား...
အတွေးတို့ကိုဖြတ်ကာခုံတစ်ခုံမှာဝင်ထိုင်တော့လာရောက်မေးမြန်းသောကောင်လေး..အခုမှသူ့ကိုမြင်ဟန်..
"အကိုWat!.."
"အင်း...မင်းကဒီမှာလုပ်တာလား..ကြာပြီလား.."
ထိုကလေးမှအပြုံးချိုချိုလေးဖြင့်..
"ဟုတ်..ကြာတာတော့ကြာပြီ.."
ဒါနဲ့များဟိုတစ်နေ့ကကိုယ့်ကိုအလုပ်လိုချင်လို့လို့ဘာလို့ပြောတာလဲ..
"အော်..အကိုကမင်းအလုပ်မရှိလို့များအလုပ်လိုချင်တယ်ထင်ခဲ့တာ...ဟို..ဟို..တစ်နေ့ကလေ.."
Winအခုမှသတိရသွားဟန်..
"အာ..အက်တာကဒီအလုပ်ကအချိန်ပိုင်းဆိုတော့လစာနည်းတယ်လေ.."
ထိုကလေးကကိုယ့်အမေးကိုပြာပြာသလဲလဲပြန်ဆိုတော့..သဘောတော့ကျမိသားကိုယ်အထင်လွဲမှာကိုသူကြောက်နေသလား..
"ဟိုအကို..ဘာမှာမလဲကျွန်တော်အလုပ်ပြန်လုပ်ရဦးမှာမလို့.."
အခုမှသူမှာဖို့သတိရတယ်..
"အကို့ကို..Americano တစ်ခွက်..နဲ့Cheese cake တစ်ခု.."
"ဟုတ်.."
ပြီးတော့ထိုကလေးထွက်သွားသည်သူလဲထိုကလေးထွက်သွားသောတစ်လျှောက်လုံမျက်လုံးတစ်ဆုံးလိုက်ကြည့်နေမိသည်...ထို့နောက်တစ်ခြားကောင်လေးတစ်ယောက်သူမှာထားတာတွေကိုလာချပေးတော့ကျေးဇူးတင်ကြောင်းေပြာမိတော့ထိုကောင်လေးမှအပြုံးချိုချိုနဲ့ပြန်နှုတ်ဆက်သည်...ထိုကောင်လေးကိုသူသိသည်..သူ့ကလေးလေးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်မည်သူနဲ့တစ်ပူးပူးတစ်တွဲတွဲဖစ်လွန်းသောFongဆိုတဲ့ကောင်လေးကိုသူအားကျသည်...မနာလိုသည်..ကျွန်တော်ရှေ့ဆိုခပ်တည်တည်နေတတ်သောသူသည်..ထိုကောင်လေးရှေ့ဆိုဖောဖောသီသီနဲ့ရယ်ပြတတ်သည်..
သူကော်ဖီကိုတစ်ငုံငုံပြီး..ကိတ်ဖဲ့နေတုန်းတစ်ခုခုသတိရသွားဟန်ဖြင့်...
ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်..
အတန်ကြာသော်တံခါးဖွင့်သံနဲ့အတူ..သူ့သူငယ်ချင်းMen ရောက်လာသည်...
"Wat..မင်းဖုန်းထဲမှာပြောတာကတကယ်ကြီးလား"
Win တစ်ယောက်Wat ဆီကိုမှာထားသည့်အရာများသွားပို့ရမည်ကိုကြောက်နေမိသည်..သူ့လက်တွေတုန်ပြီးရင်တွေတလှပ်လှပ်ခုန်နေသညိ..သူ့ရင်ခုန်တာကသူ့အကြောင်းတွေပေါ်ကုန်မှာကြောက်လို့သူ့လက်စားချေတာမအောင်မြင်မှာစိုးလို့လို့ထင်ခဲ့သည်...သူဗန်းကိုပင်မကိုင်နိုင်လောက်အောင်ဖြစ်နေသောကြောင့်Fongကိုသွားပို့ခိုင်းပြီးကောင်တာမှလှမ်းကြည့်မိသည်..
ဒိလူကြီးတော်တော်ချောသည်..ဘေးမှကြည့်လျင်ထင်သာမြင်သာရှိသောမေးရိုးနဲ့အနည်းငယ်ဝိုင်းနေသောမျက်ဝန်းတွေ...ထိုလူကြီးလုပ်ပုံတွေကိုတစ်ဆုံးလိုက်ကြည့်နေမိသည်..သူကိုယ်တိုင်ပင်မသိလောက်အောင်အသိစိတ်တွေလွတ်နေမိသည်.
ထို့နောက်ဖုန်းကိုကိုင်ကာတစ်ယောက်ယောက်ကိုဖုန်းခေါ်နေပြန်သည်..
အတန်ကြာတော့ဆိုင်ထဲဝင်လာသောလူကြောင့်....စောနကဖုန်းခေါ်သူဟာသူ့သူငယ်ချင်းMenမှန်းသူသိလိုက်သည်..ထို့နောက်နှစ်ယောက်သားတစ်ခုခုကိုပြောနေကြသည်...
"အင်း..အက်တာမင်းအစ်ကိုကိုပြောပေး.."
Men နားမလည်နိုင်စွာဖြင့်..ကြည့်ပြီးမှာ..တစ်ခုခုမှားရန်ကောင်တာကိုလှမ်းကြည့်မြင်လိုက်ရသောကောင်လေးကြောင့်သဘောပေါက်သွားပြီ..
ဒင်းဖွန်ကြောင်ချင်တာနဲ့ငါ့အကိုဆိုက်မှာအလုပ်လုပ်တာကိုး..
"အေးပါ..ငါနားလည်ပါပြီကွာပြောပေးမယ်...အလုပ်တော့သေချာလုပ်နော်ဟေ့ကောင်...မင်းမိန်းမလေးကိုဘဲပစ်မှားမနေနဲ့..."
Men အသံသည်တော်တော်ကျယ်သွားသည်..ဆိုင်ထဲမှလူတစ်ချို့သူတို့ကိုကွက်ကြည့်ကြည့်လုပ်နေသည်...ထိုကောင်လေးလည်းကြားသွားလောက်ပြီ..ဆိုင်ထဲကလူတွေကိုတစ်ယောက်မှဂရုမစိုက်ပင်ပေမဲ့ထိုကောင်လေးအထင်လွဲမှာတော့ကြောင့်မိသည်..
ဒါကြောင့်..ဟိုသကောင့်သားရှေ့ထသွားကာ..လက်မောင်းကိုလက်တစ်ဖက်ဖြင့်ကိုင်ကာကျန်လက်တစ်ဖက်ဂုတ်ကြောတစ်ချို့အားဆွဲဆန့်ပေးလိုက်သည်....
သေချာသလောက်ကတော့..ဒင်းနှစ်ရက်လောက်တော့ဇက်ဆောင်းနေမှာသေချာသည်..
"ဟေ့ကောင်Wat နာတယ်ကွ..မင်းပြန်လုပ်ပေးကွာ..အား.."
Menတစ်ယောက်နာသလိုညည်းပြသောWatတစ်ယောက်သူနဲ့မဆိုင်သလိုပြန်ထိုင်သွားသည်..
"အေး..မင်းအလုပ်ရဖို့စိတ်မကူးနဲ့နော်.."
ပြောကာမှ..Watတစ်ယောက်သွားကြီးဖြီးကာဇက်ပိုးကိုတစ်ဖက်တစ်ချက်စီထုလိုက်မှာ..ပုံမှန်ပြန်ဖြစ်သွားလေသည်..
"ကျေးဇူးပါဘဲကွာ.."
သူတို့နှစ်ယောက်ကိုကြည့်ကာWinတိတ်တိတ်လေးရယ်မိသည်..တကယ့်ခလေးတွေအတိုင်းဘဲ..ထိုလူကြီးအပြုံးတွေသည်ဖြူစင်လွန်းသည်အေးချမ်းသည်...
##########################
Watတစ်ယောက်အရင်ကအိပ်ယာထရမှာပြင်းသလောက်အခုတော့အစောကြီးအိပ်ယာထမိသည်..ဒီနေ့သူအလုပ်ဆင်းရမယ့်နေ့လေ...ထိုကလေးနဲ့အတူပေါ့..
တွေးမိပြီူအိပ်ယာမှထကာရေချိုးပြီး..ရှပ်လက်ရှည်နဲ့ဘောင်းဘီအမဲလေးကိုစတိုင်ကျကျဝတ်ကာအပေါ်မှာဂျင်းတစ်ထည်ထပ်ကာ..ကားသော့ဆွဲပါထွက်လာသည်...
ဆိုင်သည်..၉နာရီမှဖွင့်မည်မဖွင့်ခင်ဆိုင်သန့်ရှင်းရေးလုပ်ရမည်..ဟူသောစကားကြောင့်
၇နာရီလောက်ကတည်းကသူဆိုင်သို့ရောက်နေခြင်း..ဆိုင်သော့အပိုကိုပေးထားသောကြောင့်..ဆိုင်အတွင်းမှာသန့်ရှင်းရေးလုပ်ထားသည်..အကုန်လုပ်ပြီး..ခုံတစ်ခုံ၌ရေခွက်တစ်ခွက်နှင့်အမောဖြေနေတုန်း..Win နဲ့သူသူငယ်ချင်ဝင်လာသည်..
သူ့ကိုမြင်တော့အံ့သြဟန်..နောက်မှ.
"ကျွန်တော်ကဝန်ထမ်းအသစ်ရောက်မယ်ဆိုတော့အသောကြီးလာတာ...သင်စရာရှိတာသင်ပေးဖို့..ဝန်ထမ်းအသစ်ကအကိုWatဖြစ်မယ်လို့မထင်ထားခဲ့ဘူး.."
အံ့သြဟန်ပြပြီးမှ...အခုလိုစကားဆိုလာတော့သူပြောရမလိုလိုဝမ်းနည်းရမလိုလိုသူ့စိတ်ထဲတစ်ခုခုလိုနေသည်..
"အင်း..ဟုတ်တယ်..အကိုလည်းအလုပ်လိုနေလို့လေ..မနေ့ကMenကသူ့အကိုဆိုင်လို့ပြောမှသူ့ကိုအကူအညီတောင်းလိုက်တာ..."
"အော်ဒါဆို...သူဌေးလူပေါ့.."
ထိုကောင်လေးဘာပြောတာလဲသူနားမလည်..
"ကျွန်တော်ပြောချင်တာက..သူဌေးညီရဲ့သူငယ်ချင်းလေ..အက်လိုပြောတာပါ.."
"အင်း..ဟုတ်တယ်.."
"အကိုကဆိုင်သန့်ရှင်းရေးတွေတောင်လုပ်ပြီးပြီဘဲ...ကောင်းတာပေါ့ကျွန်တော်တို့လုပ်စရာမလိုတော့ဘူး.."
Fongမှဝမ်းသာအားရပြောသည်..
"မင်းကတော့ပျော်နေတော့မှာဘဲFong.."
"တစ်ရက်မလုပ်ရလဲနဲလားကွာဒီဆိုင်ကိုသန့်ရှင်းရတာဘယ်လောက်ပင်ပန်းလဲ..မင်းလည်းသိတာဘဲ.."
Winမှတစ်ခုခုကိုသိသွားဟန်ဖြင့်
"ပင်တော့ပင်ပန်းတာပေါ့ဒါပေမဲ့မင်းနဲ့အတူလုပ်ရတော့ငါ့အတွက်မပင်ပန်းဘူးလေ...ပျော်ဖို့လဲကောင်းတယ်.."
Winသူပြောလိုက်တော့..မျက်နှာသိသိသာသာပျက်သွားသောWatကိုကြည့်ကာမဲ့ပြုံးတစ်ချက်ပြုံးမိသည်..Fongကတော့ပိုရန်ကောဟူသောအကြည့်နဲ့
Watကတော့ကြက်သေသေနေမိသည်..Winအသံကြားမှ
"အကိုWat ဘာမှမစားရသေးဘူးမလား..ကျွန်တော်Coffeeဖျော်ပေးမယ်လေဘာသောက်မလဲ.."
"အော်ရတယ်..ကိုယ်မသောက်တော့ဘူး.."
Winမှာခေါင်းတစ်ချက်ငြိမ်ကာ..
"Fong..မင်းကLatteမလား..ငါဖျော်ပေးမယ်နော်ခနစောင့်.."
Winသည်ပြောပြီးFong ၏ခေါင်းမှဆံပင်များအားဖွသွားသည်..
ဒီတစ်ခုအံ့သြရသည်မှာFongကိုယ်တိုင်ပင်..
ဒီကောင်ဘာဖြစ်နေတာလဲ..ဘယ်တုန်းကအက်လောက်ဂရုစိုက်တတ်သွားတာလဲ..
Fongတစ်ယောက်အရှေ့မှင်သေသေရပ်နေသော Wat..အပြုံးလေးဖြင့်နှုတ်ဆက်ကာWin နောက်ပြေးလိုက်သွာသည်..
"Win..မင်းနဲ့အက်လူနဲ့ကသိနေတာလား...မင်းဒီနေ့ဘာဖြစ်နေတာလဲ..ဂရုမစိုက်စဖူး..အက်လူကဘယ်သူလဲ..မင်းနဲ့ကဘယ်လိုပတ်သတ်နေတာလဲ.."
Win တစ်ယောက်Fongမေးသည်မှားကိုကြားတစ်ချက်မကြားတစ်ချက်..သူကိုယ်တိုင်လဲမသိ..သူဘာလို့အခုလိုတွေလုပ်နေတာလဲ...
Winတစ်ယောက်Fongကိုပြုံးပြကာ..မျက်လုံးကိုထောင့်ကပ်လိုက်တော့သူ့တို့ကိုစိုက်ကြည့်နေသောမျက်လုံးတစ်စုံကြောင့်Fongရဲ့ပါးလေးကိုခပ်ဖွဖွနမ်းလိုက်သည်...ပြီးနောက်ဆံပင်ဖွပေးကာဆိုင်နောက်သို့ဝင်သွားမိသည်...
နောက်သို့မဝင်မှီ..Fongရဲ့ဆဲသံဆိုသံနဲ့အတူ..ထိုလူ့ရဲ့နာကျင်သွားသောမျက်ဝန်းကိုမြင်မိတော့ပြုံးမိသည်..
ထို့နောက်မွန်းကြပ်နေသောရင်အစုံကိုလက်ဖြင့်ဖိလိုက်မိသည်..
သူဘာဖြစ်နေတာလဲ...သူပျော်ရမှာလေအက်လူကိုတစ်ခါအလဲထိုးပြီးပြီလေ..သူဘာမှအက်လိုဝမ်းနည်းနေသလိုဖြစ်နေရတာလဲ...
Wat တစ်ယောက်မထင်မှတ်ထားသောမြင်ကွင်းကြောင့်ကြောင်သွားမိသည်...နာကျင်သွားသောနှလုံးသားတစ်စုံကိုဖိညှစ်ကာ..ဆိုင်ထဲမှထွက်လာမိသည်..
"Win..မင်းငိုနေတာလား.."
Fong တစ်ယောက်ဖြစ်ပျက်ခဲ့သောကိစ္စတစ်ခုကိုနားမလည်တာကြောင့်Winနောက်လိုက်ခဲ့မိတော့..ဆိုင်နောက်ကနံရံကိုမှီကာမျက်ရည်ကျနေသောသူငယ်ချင်းဖြစ်သူအားမြင်လိုက်ရတော့..
"Fong.."
အခုမှသူ့ကိုမြင်ဟန်ဖြင့်..ပြောသောကြောင့်Fongသူ့ကိုစကားစရန်ကြံလိုက်သည်..
"မင်းသူ့ကိုကြိုက်နေတာလားWin. "
Win ထိတ်လန့်မိသည်..ဟုတ်သည်..ကျွန်တော်သူ့ကိုကြိုက်နေမိသည်....မဟုတ်ဘူးချစ်နေမိတာနစ်နစ်နဲနဲကို..ဒါပေမဲ့သူ့ကိုကျွန်တော်ချစ်လို့မှမရဘဲ..သူ့ကြောင့်ကျွန်တော်ချစ်ရတဲ့မမသေရတာ..သူ့ကြောင့်..
"မင်းကြိုက်နေရင်လဲဖွင့်ပြောလိုက်လေ..အခုလိုလုပ်နေတာမင်းလဲနာကျင်ရတယ်.."
Fongတစ်ယောက်သူ့သူငယ်ချင်းအကြောင်းကိုသိသည်..အစ်မဖြစ်သူဆုံးတုန်းကတောင်လူတွေရှေ့မှမျက်ရည်မကျနောက်ကွယ်မှသာ..တစ်ယောက်ထဲကိတ်ကာငိုသည်....အခုတော့သူ့ရှေမြှာသဲသဲမဲမဲငိုနေသောသူငယ်ချင်းဖြစ်သူကိုကြည့်ကာစိတ်မကောင်း..
"Fong..ငါသူ့ကိုမချစ်ရဘူး..ချစ်လို့မရဘူး..ငါသူ့ကိုမုန်းရမယ်.."
သူငယ်ချင်းဖြစ်သူပြောစကားတွေကတစ်ယောက်ယောက်ကသူ့ကိုဖိအားပေးနေသလိုမုန်းရမယ်တဲ့ချစ်နေတဲ့သူ့ကိုမုန်းရမယ်..Winဆီမှာဘာအခက်အခဲတွေများရှိမလဲ...အစ်မPan ဆုံးပြီးတစ်ချက်မပြုံးသောသူ့သူငယ်ချင်းသည်တစ်ပတ်အကြာတွင်အရသ်လိုပျော်ပျော်ရွှင်နေခဲ့သည်..လွန်ခဲ့သောတစ်လလောက်မှစ၍သူအရင်လိုမဟုတ်တော့..တစ်ခုခုကိုစိုးရိမ်ဟန်..တစ်ခုခုကိုမတင်မကျအဖြေထုတ်နေဟန်ဖြင့်တကယ်ပင်စိတ်ရှုပ်နေသည်..
သူနဲ့Winဆိုတာအလယ်တန်းကတည်းကပုခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေ..ကျောင်းပိတ်ရက်..သူ့အဖေရှိရာကိုပြန်သွားတာWinအစ်မဆုံးတယ်ဆိုတာကြားမှပြန်လာခဲ့တဲ့သူ..သူ့ကိုတွေ့တော့မျက်ရည်မကျဘဲအပြုံးတစ်ခုနဲ့ကြိုဆိုခဲ့တဲ့သူငယ်ချင်းဖြစ်သူငိုချရန်ပြောသော်လည်းအတင်းကြိတ်မှိတ်ကာနေသောခံစာစချက်ကိုအရမ်းဖုန်းကွယ်တတ်သောသူ့သူငယ်ချင်းဖြစ်သူကိုသူသနားသည်..ကျောင်းပိတ်ရက်ကဘာတွေဖြစ်သွားတာလဲ...မမPanကဘယ်လိုရုတ်တရက်ဆုံးသွားတာလဲ....မေးကြည့်ချင်ပေမဲ့သူငယ်ချင်းဖြစ်သူနာကျင်ရမည်ဆိုသောကြောင့်မမေးခဲ့တာ...အခုတော့မေးရမည်ဘာကိစ္စကြောင့်အခုလိုငိုနေရတာလဲ...
"Win..အလုပ်ဆင်းရင်မင်နဲ့ငါလျှောက်လည်မလား..ရုပ်ရှင်ကြည့်မလား..ကစားကွင်းသွားမလား..Dateမယ်ကွာ..အခုတော့အလုပ်ပြန်လုပ်ရအောင်ဆိုင်ဖွင့်ရတော့မယ်.."
သူငယ်ချင်းဖြစ်သူကိုလက်မောင်းမှဆွဲထူကာဝင်လာတော့.
"အကိုWat. "
အကိုWat..တစ်ခုခုကိုထိတ်လန့်နေဟန်ဖြင့်..ပြာပြာသလဲလဲနဲ့..ဟိုအကို.Customerလာလို့မှာတာတွေစက်တွေနဲ့အကိုကသိပ်မရင်းနှီးတော့..
"ဟုတ်..ကျွန်တော်လုပ်ပေးပါ့မယ်.."
Fongမှပြောလိုက်သည်..ကိုကျေးဇူးတင်ဟန်ဖြင့်..တစ်ချက်ကြည့်ကာ..Fongနောက်လိုက်သွားသည်..
Winသည်လည်း..သူတို့နောက်မှလိုက်သွားသည်..
ဆိုင်ပိတ်ပြီးနောက်..
"Win သွားရအောင်နောက်ကျနေလိမ့်မယ်..အကိုWatကျွန်တော်တို့ပြန်တော့မယ်ဆိုင်တံခါးပိတ်ရုံဘဲသိလား..."
သူ့ကိုဆိုင်ပတ်ဖို့ပြောပြီးWin လက်ကိုဆွဲသွားသောထိုကောင်လေးနောက်အရုပ်တစ်ခုပမာပါသွားသောကောင်လေးကိုWatကြည့်နေမိသည်..
သူလည်းအိမ်ပြန်မှဖြစ်မည်ဒီနေ့အတော်ပင်ပန်းသည်...အိမ်ပြန်ရေချိုးရမည်အတွေးဖြင့်ဆိုင်တံခါးပိတ်ကာအထွက်...
"Sarawat!"
##########################
Viewers တက်လာလို့..တကယ်ပင်ပျော်ရပါတယ်...
အားပေးကြသောReaderတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်..
You are reading the story above: TeenFic.Net