အခန်း {၄}

Background color
Font
Font size
Line height

ကားရပ်ထားတာအတော်ကြာနေဖြစ်ပေမဲ့ ပိုင် မဆင်းဖြစ်သေးပါ။ ခြံတံခါးပွင့်နေသည့်နေရာအနားတွင် ကားရပ်ထားသည်မို့ ပန်းပင်လေးတွေကို ရေလောင်းနေသည့် အမျိုးသမီး၏ နောက်ကျောပြင်ကိုသေချာမြင်နေရသည်လေ။ ဆင်းတွေ့ရမလား၊ ပြန်လှည့်ရမလား တွေဝေနေတုန်းမှာ ထိုအမျိုးသမီးဟာ အိမ်ထဲဝင်သွားလေပြီ။ ပိုင် သက်ပြင်းချလိုက်သည်။ တကယ်တမ်းတွေ့ဖို့ကျတော့ ပိုင် တွေ့ဖို့ခက်ခဲနေသည်။ ပိုင့် စိတ်တို့ကို စုစည်းလိုက်သည်။ ပြီးနောက် တံခါးကိုဖွင့်လိုက်၏။ တွေ့ဖို့ ဆုံးဖြတ်ပြီးမှတော့ တွေ့ရမည်လေ။ ပိုင် ကောင်းကောင်းကြီးပြင်းလာကြောင်းကိုတော့ ပြချင်သည်။ ဒါလည်း ကောင်းသော သဘောနှင့်မဟုတ်။

ကားတံခါးကို ပိုင်ဆွဲဖွင့်လိုက်သည်။ ပိုင် ဆင်းလိုက်သည်နှင့် ခြံရှေ့ကိုခြေလှမ်းကျယ်ကျယ်သွားလိုက်မိသည်။ မဟုတ်လျှင် ခြံစောင့်က ခြံတံခါးကို ပိတ်တော့မည်မဟုတ်လား။

"ခဏလေးပါ ဦးလေး"

ပိုင် တားလိုက်တော့ ခြံတံခါးပိတ်လိုက်စဟာရပ်တန့်သွားသည်။

"ပြောပါ သမီး ဘာကိစ္စရှိလို့လဲမသိဘူး"

"ဒေါ်ခင်မမနဲ့ တွေ့ချင်လို့ပါရှင့်... သူ့ရဲ့ တပည့်ဟောင်းပါ။ ဆရာမကို မတွေ့ရတာကြာလို့ လမ်းကြုံဝင်နှုတ်ဆက်တာပါ"

"ဪ ဦးလေး သွားပြောပေးပါ့မယ်... သမီး နာမည်ဘယ်သူလို့ ပြောလိုက်ရမလဲကွဲ့"

"ဆရာမ သမီးနာမည်ကို မှတ်မိပါ့မလား မသိဘူး။ တုန်တုန်လို့ ပြောလိုက်ပါရှင့်"

"ဪ အေးအေး ခဏစောင့်ကွယ်"

ပိုင့် နှုတ်က ပေါက်ကရနာမည်ပြောလိုက်သည်။ တုန်တုန်ဆိုတာ သူ့အမေ တပည့်တွေထဲရှိမလားတောင်မသိချေ။ ဒါပေမဲ့ ပိုင့်နာမည်ပြောလိုက်ရင်ထွက်လာတွေ့တော့မှာမဟုတ်ဘူး။ မေမေက ဆရာမအလုပ်က နားခဲ့တာကြာပြီပြောပေမဲ့ မေမေ့တပည့်တွေက များလှမှာပါ။ ပိုင် လိမ်လို့ရမည်တော့ထင်သည်။ လိမ်လို့မရလည်း ပြန်ရုံပေါ့။ ပိုင် ခြံနံရံအနားမှာ မှီပြီးစောင့်နေလိုက်သည်။

ခဏနေတော့ ပိုင့် အနားသို့ရောက်လာသည့် ခြေလှမ်းသံလေးကြားလိုက်ရသည်မို့ လှည့်ကြည့်လိုက်သည်။ ပိုင် ထင်ထားသလို ဦးလေးကြီးကပြန်လာသည်လေ။

"ခင်လေးက ဘုရားရှိခိုးနေတယ်ကွယ်... မတင့်ကတော့ ရှိတယ်... ဧည့်သည်ကို အိမ်ထဲမှာဝင်စောင့်နေခိုင်းလိုက်ပါတဲ့"

မတင့်လို့ ဦးလေးကြီး သုံးနှုန်းလိုက်သူကို ပိုင်သိပါသည်။ မေမေ့၏ မွေးချင်းတွေထဲမှ မေမေ့၏အစ်မအလတ်လေ။ သတင်းတွေအရ မေမေသည် သူ့အစ်မအလတ်နှင့် အတူနေနေသည်တဲ့။ ပိုင်လည်း ခေါင်းလေးတစ်ချက်ညိတ်ပြီး ဦးလေးကြီးခေါ်ရာလိုက်သွားလိုက်သည်။

"ဒီကလေးလား"

ပိုင် အိမ်ဝရောက်တာနဲ့ ဆီးကြိုမေးလိုက်သည့် ပိုင် မမြင်ဖူးသည့် အမျိုးတစ်ယောက်။ ခပ်ပိန်ပိန်ပါပဲ။ ဆံပင် ဂုတ်ကွဲကို တစ်ဖက်နားကြားထိုးထားပြီး တစ်ဖက်ကမျက်နှာတစ်ခြမ်းအုပ်တော့မတတ်ဆံနွယ်များကျနေသည်။ ပြီးတော့ ဂါဝန်ရှည် အပြာရောင်လေးနှင့်လေ။ ခေတ်ရှေ့ပြေးတယ်ပြောရမည်ထင်သည်။ ပြီးတော့ အန်တီကြီးအရွယ်ဖြစ်နေတာတောင်မှ တော်တော်လှသေးသည်။ ရုတ်တရက်ကြည့်လျှင် သုံးဆယ်ကျော်လောက်ထင်ရပေမဲ့ သေချာကြည့်မိတော့ လေးဆယ်လောက်တော့ရှိမည်။

သို့သော် မသိသာလှပါ။ ပိုင်ကသာ မေမေ့အစ်မမှန်းသိနေလို့ ထိုသို့သတိထားမိတာထင်သည်။ ငယ်ငယ်က ဘယ်လောက်လှခဲ့လို့ ဒီလောက်တောင်မှ အရွယ်တင်နေသနည်း။ ဒါဆို ဒီအန်တီကြီးဟာ မေမေ့ အစ်မဖြစ်ရချေမည်။

"ဟုတ်တယ် မတင့်"

မတင့် ဆိုသည့်နာမည်ထွက်လာတော့မှ ပိုင် အတွေးမှန်သည်ဆိုတာသိလိုက်သည်။

"လာလာ သမီးလာ... သမီး ဆရာမက ဘုရားရှိခိုးနေလို့ကွယ်"

ပိုင့်လက်လေးကို ဆွဲကိုင်ပြီး အပြုံးလေးချိုစာသာစွာနှင့် အိမ်ထဲခေါ်လာတော့ ပိုင် မပြုံးချင်ပေမဲ့ ဟန်ဆောင်ပြုံးကာလိုက်သွားရသည်။

"ထိုင်ဦးကွယ်... ခဏနော် သမီးအတွက် အန်တီ တစ်ခုခုသွားလုပ်လိုက်ဦးမယ်"

"ဟို မလုပ်ပါနဲ့ အန်တီရဲ့ ပိုင်... တုန်တုန်က..."

"မငြင်းပါနဲ့ကွယ် ဧည့်သည်ပဲဟာ... သမီး ဆရာမကိုခဏစောင့်လိုက်နော်။ သမီးလာတာသိရင်ပျော်နေမလားမသိဘူး။ သူက နားထားတာ ဆယ်နှစ်ကျော်လောက်ရှိပြီဆိုတော့ သူ့တပည့်တွေနဲ့ အတော်အလှမ်းဝေးနေတာလေ... ဟုတ်ပါရဲ့ ပျော်နေတော့မယ်"

အခုလောလောဆယ်တော့ မေမေ့ထက်အရင်ပျော်နေသူဟာ မတင့်ဆိုသည့် အမျိုးသမီးကြီးပါပဲ။ သူ့ညီမအစားပျော်နေသည်ထင်ရသည်။ ပိုင် လိမ်မိတာ နည်းနည်းအားနာသလိုရှိပေမဲ့ မတတ်နိုင်ဘူးလေ။ ပိုင်လည်း အားနာနာနှင့် ခေါင်းညိတ်လိုက်ရော အန်တီကြီးဟာ ပိုင့်အတွက် တစ်ခုခုသွားပြင်သည်။ ပိုင်လည်း ထိုတော့မှ ဧည့်ခန်းထဲကို နည်းနည်းလျောက်ပတ်ကြည့်ရင်း စပ်စုမိသည်။

ဧည့်ခန်းကတော့ ရိုးရှင်းသည်။ ဘာမှကို များများစားစားမရှိတာပါ။ တီဗီ၊ ဆိုဖာရယ် သူတို့မိသားစုဓာတ်ပုံရယ်လေ။ ပုံထဲတွင် လူ ၆ ယောက်ရှိသည်။ ဟုတ်သည် မေမေတို့ မိသားစုပေါ့။ မေမေဟာ မိသားစု ၆ ယောက်ထဲတွင် ဒုတိယအငယ်ဆုံးသာ။ ခုနက အမျိုးသမီးကြီး မတင့်ဆိုသူကတော့ အကြီးဆုံးကအောက်ကဖြစ်ပြီး အထက်မှာ ယောကျ်ားကြီးတစ်ယောက်ရှိသေးသည်။ အဲ့လူကတော့ မေမေ့အစ်ကိုအကြီးဆုံးလေ။ ပြီးတော့ အငယ်ဆုံးဟာတော့ ဒီပုံထဲမှာ ဆယ်ကျော်သက်သာရှိသေးသည်။ အခုလောက်ဆိုရင်တော့ ပိုင့်ထက်တောင်ကြီးလောက်ပြီ။ သို့သော် ပိုင် သူတို့နဲ့ တစ်ခါမျှ မတွေ့ဖူးပါ။ မတွေ့ဖူးတာလား၊ မေ့သွားတာလားလို့တော့ မသိ။

"သမီးလေး မင်္ဂလာပါကွယ်"

ခဏနေတော့ ဧည့်ခန်းထဲရောက်လာသည့် ပိုင့်မေမေပါလေ။ ပိုင် ငေးကြည့်နေမိသည်။ မေမေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကအတိုင်းပါပဲ နည်းနည်းလေးတောင် အသက်မကြီးသွားသူလိုပင်။ ဟင့်အင်း အရင်ကထက်တောင်ပိုနုသွားသည်ဟု ပိုင်ထင်သည်။ ပိုင်ငယ်ငယ်က မေမေ့ ခန္ဓာကိုယ်လေးဟာပြည့်တာထက်အနည်းငယ်ပိုသည်။ အခုတော့ ခပ်ပြည့်ပြည့်တောင်မဟုတ်တော့ပေ။ ပိုင့်ထက် အနည်းငယ်ကြီး မမ တစ်ယောက်လိုပဲ။

သို့သော် မေမေ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ ဂရုဏာအပြည့်လေးရယ်ပါ။ ထိုသည်ကတော့ မေမေ့ကို နုတယ်လို့မထင်စေဘူး။ တစ်ဆက်တည်းမှာ ပိုင် နည်းနည်းတော့နာကျင်သွားသည်။ မင်္ဂလာပါတဲ့လား။ ပိုင့်ကို မင်္ဂလာပါတဲ့လား။ ပိုင့်ကို မေမေဟာ မမှတ်မိဘူးပဲ။ ပိုင့် အတွက်တော့ တကယ်မင်္ဂလာမရှိဘူး။

"သမီးအတွက်တော့ မင်္ဂလာမရှိဘူး မေမေ... ဒါပေမဲ့လည်း လာတွေ့မိသွားတယ်"

ပိုင် အရှေ့မှာ စကားတွေဘာတွေမခံပဲနဲ့ စကားကိုခပ်ပြတ်ပြတ်ပြောလိုက်သည်။ အစကတော့ သူ့မေမေဟာ ကြောင်သွားသလိုဖြစ်သွားပေမဲ့ နောက်တော့မှ မေမေဟာ ပိုင်ဘယ်သူလဲဆိုတာ သိသွားပုံရသည်။ မေမေ့ခြေလှမ်းများသည် အနောက်သို့ယိုင်သွား၏။

ပိုင့် ခြေလှမ်းတွေကို ရှေ့တိုးလိုက်သည်။ ပိုင့်ကိုတွေ့းတာ အတော်များလန့်သွားသလား။ ဒါဆို ဒီထက်ပိုလန့်သင့်သည်။ မေမေဟာ ပိုင့်ကို အဲ့ချောက်နက်ကြီးထဲကိုပို့ခဲ့တာ။ အခုချိန်ထိ ရံဖန်ရံခါ မက်တဲ့အိမ်မက်တွေထဲ ထိုအကြောင်းတွေဟာ အိမ်မက်သဖွယ်ပြန်ပါနေတုန်းပဲ။ ပြီးတော့ တိုက်ဆိုင်တာများရှိရင် ပိုင် ထိတ်လန့်နေတုန်းပဲလေ။

"ပ...ပိုင်"

ထစ်ငေါ့စွာနှင့် ထွက်လာသောအသံလေးဟာ နူးနူးညံ့ညံ့။ ညဘက်တွေ ပုံပြင်ပြောနေကြထိုအသံလေးကို ပိုင်လွမ်းနေခဲ့တာလေ။ တကယ်ကြားရတော့ ခါးသက်နေ၏။

"ဟုတ်တာပေါ့ မေမေ့ရဲ့ ပိုင်ပါ"

"ဘ...ယ်လိုလုပ်ပြီး ပြန်ရောက်နေတာလဲ"

"ပြန်ရောက်နေတာကို ဒီလောက်တောင် လန့်သွားတာလဲ ပိုင်နဲ့ တော်တော်မတွေ့ချင်ဘူးထင်တယ်"

အံဩကြီးစွာပြောသည့် ဒေါ်ခင်မမကို ပိုင် ခနဲ့တဲ့တဲ့ပြောလိုက်သည်။ သို့သော် ထိုခနဲ့မှုကို ပိုင့်အမေအဟောင်းက ပြန်မဖြေဘူး။ တကယ်ပဲလား။ ပါးပါးပြောထားသမျှဟာ တကယ်ပဲဆိုတာ အခုမှ ကွက်ကွက်ကွင်းကွင်းပြန်မြင်လာမိသလို။ ပိုင့်ကို လိပ်ပြာမလုံသည့် မေမေ့မျက်ဝန်းတွေအား ပိုင်မုန်းသည်။ မေမေ့ကိုလည်း မုန်း၏။

"ဩဇီက ပြန်ရောက်လာကြောင်း လာနှုတ်ဆက်တာပါ။ ဒီတိုင်းလာနှုတ်ဆက်ရင် ပေးမတွေ့မှာသိတာနဲ့ လိမ်မိသွားတယ်"

ပိုင် ခပ်အေးအေးလေးပြောလိုက်သည်။ သို့သော် မေမေဟာ ပိုင့်ကို အခုထိစိုက်ကြည့်နေရုံကလွဲလျှင် ဘာမှပြန်မဖြေလာ။ စကားမပြောချင်တာသိသာသည့်အခါ ပိုင်လည်း ဆက်မပြောချင်တော့ပါဘူး။ အစတည်းက ပိုင်က စကားပြောဖို့လာတာမှမဟုတ်တာ။

"မေမေတို့ဖျက်စီးခဲ့တဲ့ကလေးဟာ ဒီအရွယ်ထိ ကောင်းကောင်းမွန်မွန်ရှင်သန်နေသေးတယ်ဆိုတာကို လာပြတာပါ။ ဒါကို တုန်လှုပ်နေတယ်ဆိုရင်တော့ ပိုပြီးတုန်လှုပ်ပေးပါ!!...

ပိုင့်ကို မြင်တိုင်းလုပ်ခဲ့တဲ့ အပြစ်တွေကို သတိရပေးပါ... အဲ့လိုဖြစ်အောင်လည်း မေမေ့ရှေ့ကို ပိုင်ပြန်လာလာနေမှာ!"

ပိုင့်လေသံတွေကျယ်လာသလိုရှိသည်။ မျက်ဝန်းတွေ ဝေဝါးလာသည်မို့ မကြာခင်ငိုမိတော့မည်ဆိုတာ ပိုင်သိလိုက်သည်။

"အဲ့ဒါက မေမေ့ကို ပိုင် မုန်းလွန်းလို့ဆိုတာသိထားပေး... အခုတော့ပြန်လိုက်ပါဦးမယ်"

ပိုင် ခပ်မဲ့မဲ့လေးသာပြုံးပြီးထွက်လာခဲ့လိုက်သည်။ ထိုအချိန်ထိကို မေမေသည် စကားတစ်ခွန်းထပ်မဟခဲ့ပါ။

"အငယ် ကလေးမ ဘယ်ရောက်သွားတုန်း"

ပိုင် အိမ်ကထွက်လာချိန်မှာပဲ မတင့်ဆိုသည့် အမျိုးသမီးကြီး၏ အသံကြားလိုက်ရသည်။

"ပြန်သွားပြီ မမလတ်ရဲ့... ကိစ္စရှိလို့တဲ့။ ဒါတွေပြန်သွားထားလိုက်..."

ပိုင်နှင့်တုန်းက တစ်ခွန်းစနှစ်ခွန်းစတောင်သိပ်မပြောသည့် သူ့အမေအရင်းမဟုတ်သူဟာ အခုတော့ သူ့အစ်မနှင့် စကားတွေပြောနေသည်။ သို့သော် ပိုင့်ခြေလှမ်းတွေဟာ ထိုအိမ်နှင့်ဝေးကွာသွားသဖြင့် ဒေါ်ခင်မမစကားသံတို့ဟာ တဖြည်းဖြည်းတိုးလျသွားရင်း မကြားတော့ပါလေ။

"ဪ နင်! လွိုင်နာ(Loina) မလား"

ခြံထဲကထွက်လာပြီး ပိုင့် ကားအနားပြန်ရောက်တော့ လမ်းလျောက်လာသည့် လူနှစ်ယောက်ထဲမှတစ်ယောက်ဟာ ပိုင့် နာမည်ကိုခေါ်လာသည်။ ပတ်ဝန်းကျင်ကို သိပ်သတိမထားမိသူမို့ ထိုလူနှစ်ယောက်ကို သေချာမကြည့်မိခဲ့တာလေ။

"အွန်း"

နှစ်ယောက်ထဲမှ လာနှုတ်ဆက်သူကိုတော့ ပိုင်သိပါသည်။ ဩဇီမှာနေတုန်းက ကျောင်းတူခဲ့တာပဲ။ အဲ့အပြင် မြန်မာနိုင်ငံမှာလည်း တစ်ကျောင်းတည်းဖြစ်ဖူးခဲ့သည်။ သို့သော် ပိုင်နဲ့မခင်သည်မို့ လောကွတ်ချော်ပြီး မနှုတ်ဆက်တော့ပဲကားပေါ်သာတက်လိုက်သည်။ ရိုင်းသလိုဖြစ်သွားလျှင်လည်း ဂရုမစိုက်ပါ။ ပိုင်က နဂိုတည်းက လူတွေနဲ့ဆို ခပ်ရိုင်းရိုင်းထဲဆက်ဆံရေးနဲ့ပဲ တုန့်ပြန်နေမိတာ။ အဲ့လိုလုပ်တာကမှ ပိုင့်စိတ်ကို သန်မာစေတာ။ မဟုတ်လျှင် လူတွေကကြောက်ဖို့ကောင်းသည် ပိုင်ကြောက်သည်လေ။

...

"ဘာလဲဟ! စောက်ထာကြီးနဲ့"

"ဟားဟား သူကအဲ့အတိုင်းပဲ ငါကလည်း သွားနှုတ်ဆက်မိတာကိုဟ"

"အဲ့ဒါဆို ဘာလို့သွားနှုတ်ဆက်တုန်း!!... မရှက်တတ်ဘူးလား အိရယ်"

သူမက စိတ်တိုစွာနှင့်ပြောတော့ အိကရယ်သည်။ အိဟာလေ အမြဲအရှက်မရှိဘူး။ မာနလည်းမရှိ။

"မရှက်ပါဘူးဟယ် နင်လည်း သူ့ကိုသိတာပဲ။ ငါတို့ကျောင်းကပဲလေ"

"ဟင် ငါတို့ကျောင်းက"

မျက်မှောင်ကြုတ်ပြီးထပ်မေးလိုက်တော့ အိဟာထပ်ရယ်သည်။

"ဟုတ်တယ် ငါဟိုမှာကျောင်းတက်တော့ သူနဲ့ပြန်တွေ့လို့ မှတ်မိနေတာ... နာမည်ရင်းကဘာတဲ့! စဉ်းစားစမ်း... ဟိုနိုင်ငံမှာနေလာတော့ သူ့နာမည်အရင်းထက် အင်္ဂလိပ်နာမည်ပဲသတိရနေတာ... အာ သိပြီ ခြူးမီးလျံပိုင်လေ"

ထိုနာမည်ကိုကြားရုံနဲ့ သူမ လက်များတင်းခနဲဖြစ်သွားသည်။ လူကိုသာ မမှတ်မိချင် မမှတ်မိပေမဲ့ ထိုနာမည်ကိုတော့ သူမ အတော်မှတ်မိနေသည်မလား။

"အဲ့လက်သီးတွေဆုပ်ထားတာလျော့ပါဦး။ အခုထိ မုန်းနေတုန်းပဲလား။ နင်မေ့နေပြီလို့တောင်ထင်နေတာ"

လက်သီးဆုပ်ထားသည့် သူမလက်လေးတွေကိုကိုင်ရင်း ပြောလာသည်။ အိကတော့ထင်မှာပေါ့ သူမက ဘာမဟုတ်တဲ့အရာလေးနဲ့ ခြူးမီးလျံပိုင်ကို မုန်းနေတယ်လို့လေ။ တကယ်လည်း မမှားပါဘူး။ သူမဟာ ခြူးမီးလျံပိုင်ကို ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပဲ မုန်းတီးနေမိတာ။ ကလေးဆန်တယ်ပဲဆိုဆို သူမအမူကျင့်ကအဲ့အတိုင်းပဲဆိုတော့ မုန်းနေတာကိုတော့ပြင်ရမယ်မထင်။

"ပြီးခဲ့တာတွေလည်း ပြီးပါပြီ မဒီရယ်။ နင်ကသာ မုန်းနေတာ... ဟိုက နင့်ကိုမှတ်မိမှာမဟုတ်ဘူး။ ဘာမှလည်း မှတ်မိမယ်မထင်ဘူး"

အဲ့ဒါကြောင့်မို့လည်း သူမပိုမုန်းမိတာပေါ့။ ငယ်ငယ်တည်းက အဖတ်မလုပ်တတ်တဲ့ ခြူးမီးလျံပိုင်အကြောင်းကို သိထားပြီးသားပါ။

"ဟဲ့ မယ်မဒီမောင် ပြောနေတာကြားရဲ့လား"

"မကြားဘူး တရားလာချမနေနဲ့... အိမ်က မားသားကြီးနဲ့ ဖားသားကြီးစကားတောင် နားမထောင်တာ နင့်ဆိုပိုဆိုးတယ် သေတောင်မနားထောင်ဘူး"

ပြောနေရင်း မယ် လက်ခလည်ပါထောင်ပြလိုက်သည်။ ထို့ကြောင့် အိကသူမခြေထောက်ကိုကန်၏။ အိက မိန်းကလေးမို့သာ လက်ခလည်လောက်ပဲထောင်ပြမိတာ။ မယ် ကနဂိုတည်းက ခပ်ရိုင်းရိုင်း။ ဟိုကောင်တွေနဲ့ဆို မိန်းကလေးဘာညာမသိပဲ ရိုသမျှကိုင်တုပ်ပြီးကိုဆဲတာ။ ဒေါသလည်းကြီး တထစ်ရှိရင် နှုတ်ကခပ်ရိုင်းရိုင်းတွေပဲထွက်လာတာ။ အလိုလိုက်ထားတဲ့ အမေနဲ့ အဖေကလည်း မနိုင်တော့ မယ်က ခပ်ဆိုးဆိုးထဲကပင်။

"ဒါနဲ့ သူက ဒီမှာဘာလာလုပ်တာလဲ"

အခုမှ သူတို့ရပ်နေရာကနေလမ်းပြန်လျောက်တော့သည်။

"ငါက ဘယ်သိ..."

အိသည်ပြောနေရင်းမှ တစ်ချက်ရပ်သွားပြီး လျောက်နေသည့် ခြေလှမ်းကိုလည်းရပ်လိုက်သည်။ တစ်ခုခုကိုသိသွားဟန်။

"အာ!... ဒီအိမ်လေ..."

တကယ်လည်း သိသွားပုံပေါ်သည်။ အိဟာ သူတို့လမ်းလျောက်ရင်း ရပ်လိုက်သည့်အိမ်ခြံကိုလက်ညှိုးထိုးပြသည်။

"ဘာလဲ"

မယ်လည်း မျက်ခုံးတွန့်ပြီးမေးလိုက်တော့ အိဟာ မယ့်လက်လေးကို အမြန်ဆွဲပြီးထိုအိမ်၏ မျက်စောင်းထိုးခြံလေးဖြစ်သည့် အိအိမ်ကိုခေါ်သွားသည်။ အိမ်ရောက်မှ သိသမျှအတင်းတွေကို မယ့်အားဖောက်သည်ချတော့၏။

"အဲ့တော့ အဲ့အိမ်က ခြူးမီးလျံပိုင် အမေအိမ်ပေါ့"

"အွန်း... သူ့အဖေနဲ့ အမေကွဲသွားတည်းက သူ့အမေကဒီမှာနေနေတာလေ။ သူ့ကို ဒီနားမှာတွေ့တယ်ဆိုတော့ သူ့အမေဆီလာတာနေမှာပေါ့"

မယ် နှာခေါင်းရှုံ့လိုက်သည်။ အိက ဒါမျိုးသတင်းတွေဆို အိမှာအကုန်ရှိသည်၊ အကုန်သိသည်။ ပိုင် ကျောင်းပြောင်းလာတုန်းတည်းက ပိုင့်အမေနဲ့အဖေက ကွဲသွားတာလေ။ ထို့ကြောင့် မယ်တောင် ပိုင့်အဖေကိုပဲမြင်ခဲ့ဖူးသိခဲ့ဖူးတာ။ ဒါကို အိက သူ့အမေကိုပါသိသည်တဲ့။

"အစကဟယ် သူ့အမေကိုအပျိုကြီးထင်နေတာ... ပြီးမှ အိမ်ကအမေကြောင့် ပြန်သိရတာ။ သူတို့က လူကြီးချင်းလည်းဖြစ် အိမ်နီးနားချင်းလည်းဖြစ်တော့ ကြာတော့သိကျွမ်းကြတယ်လေ။

အဒေါ်ကြီးက ဒီအသက်ရွယ်ထိအတော်လှတာပါဟယ်။ သူတို့မိသားစုမျိုးရိုးကိုကချောတယ်ထင်ပါတယ်"

မယ် ထပ်ပြီး နှာခေါင်းရှုံ့လိုက်မိပြန်သည်။ ခြူးမီးလျံပိုင်အကြောင်းကိုမေးမိတာမှားပြီထင်ပါတယ်။

"ဘာကို နှာခေါင်းရှုံ့တာလဲ အဒေါ်ကြီးကနော် နင့်ကစားကွင်းထဲကမမတွေထက်တောင်လှသေးတယ်!... အသက်ရွယ်နဲ့မှမလိုက်နုဖတ်ပြီး လှလွန်းနေရော... မြင်လည်းမမြင်ဖူးပဲ လာနှာခေါင်းရှုံ့ပြနေတယ်"

မယ့်ချစ်သူတွေကို မြင်ဖူးရက်နဲ့ ပြောလာသည့် အိပါလေ။ မယ် တွဲလျှင် မချောမလှတဲ့သူတစ်ယောက်မှမရှိတာကို သူ့မျက်စောင်းထိုးအိမ်ကအဒေါ်ကြီးနဲ့များ နှိုင်းရဲတယ်တဲ့လေ။

"တော်စမ်းပါ ငါ့မမတွေကို အဒေါ်ကြီးနဲ့မနှိုင်းစမ်းပါနဲ့"

"အံမယ် အဒေါ်ကြီးကိုမတွေ့ဖူးလို့ပါ။ တွေ့ရင် နင့်မမတွေထိုင်ငိုသွားမယ်။ အန်တီကြီးတွေလှရင် ဘယ် မမမှလိုက်မမှီဘူးဆိုတာ နင် မသိဘူးမလား"

အိဟာလေ မယ့်လို မဂေးလို့သာပါပဲ။ ဂေးသာ ဂေးလျှင် မယ့်ထက်ပိုဆိုးမည်ထင်ပါသည်။ မိန်းမလှလှမြင်လျှင် အမြဲသူအရင်တွေ့တာ။ အခုတော့ အဒေါ်အရွယ်တွေကအစ အငြိမ်မနေရဘူး။

"တော်စမ်းပါ သိပါတယ်... ငါ့အဒေါ် အပျိုကြီးလောက်လှတဲ့ မိန်းမမျိုးတော့ မတွေ့ဖူးပါဘူးဟာ"

"ဟုတ်သားနော် နင့်အဒေါ်ကိုမေ့သွားတယ်... ဒါပေမဲ့ အဒေါ်ကြီးကလည်း နင့်အဒေါ်လိုပဲလှတယ်ဟ"

အိဆီက ထိုသို့စကားကြားရတော့ မယ်ရယ်လိုက်မိသည်။ သို့သော် နည်းနည်းတော့စိတ်မကြည်တော့ပေ။ ခုနက သူ့မမတွေနဲ့နှိုင်းပြီး အခုကျတော့ သူ့အဒေါ်နှင့်ပါ လာနှိုင်းနေသည်။

"ငါ့အဒေါ်လောက်နီးနီးလှတယ်ပြောရင်တောင် ငါလက်ခံချင်မှာမဟုတ်ဘူးနော် အိ!... စကားကိုကြည့်ပြော"

"နီးနီးလှရုံမဟုတ်ပါဘူးဆို!... တကယ်လှတာဟ"

"ဒါဆို နင့်မျက်လုံးတစ်ခုခုဖြစ်နေလို့နေမှာပေါ့"

"ဟာ ဒီကောင်ကတော့!... မမြင်ရသေးပဲ ဇွတ်ကိုဖင်ပိတ်ငြင်းနေတော့တာပဲ"

အိ စိတ်တိုစွာပြောလာတော့ မယ်လည်း ပခုံးတွန့်ပြလိုက်သည်။ ဘာတွေအဲ့လောက်ဒေါသထွက်နေတာလဲ။ အဒေါ်ကြီးတစ်ယောက်ဟာ ဘယ်လောက်လှနိုင်မှာလဲ။ သူ့အဒေါ်တောင် ကုသိုလ်ကံတော်တော်ကောင်းလို့ထင်သည်။ ဒီအချိန်ထိလှနေတာလေ။ နောက်ထပ်တစ်ယောက်တော့ ထပ်ရှိမယ်မထင်ပါဘူး။

"မယုံရင်လောင်းမလား... နင့်အဒေါ်လိုလှတယ်ဆို နင်ငါ့ကိုဘာပေးမလဲ"

အိက သူ့စကားကို မယ်မယုံလို့ထင်သည်။ မကျေမနပ်ဖြစ်စွာနှင့် တတွတ်တွတ်ပြောနေတော့တာ။ ထို့ကြောင့် မယ် ရယ်ချင်လာ၍ ရယ်မိတော့သည်။

"ကောင်းပြီလေ တကယ်လို့နင်ပြောသလိုဟာ နင့်အဒေါ်ကြီးကလှနေရင် ဒီတစ်ခါငါတွဲမယ့်လူက အဲ့အဒေါ်ကြီးဖြစ်ပေးမယ်"

"ဟမ်"

နားမလည်တာလား၊ နားမရှင်းတာလား၊ တမင် မယုံကြည်နိုင်၍ အာမေဋိတ်ထွက်သွားတာလားတော့ မယ်မသိပါလေ။

"အဲ့ဒါဘာဖြစ်တာလဲ ငါ့ထက်အသက်နှစ်ဆလောက်ကြီးတဲ့ လူတစ်ယောက်ကို တွဲပေးမှာနော်။ ငါအများကြီး နစ်နာတယ်...

ပြီးတော့ ငါပြောတဲ့ထဲ လှနေရင်ပဲသုံးထားတာ ငါတွဲဖူးတဲ့ မမတွေလောက်လို့တောင် ယှဉ်မပြောရသေးဘူး။ ငါ့မမတွေလောက်ကိုလှရင် အဲ့အဒေါ်ကြီးနဲ့ တွဲပေးမယ်ဟုတ်ပြီလား"

အိပခုံးကို ပုတ်ပြီးပြောလိုက်တော့ အိဟာ မယ့်လက်ကိုပုတ်ချသည်။

"အံ့ဩလိုက်တာဟယ်... မလိုဘူး အဲ့လောင်းကြေးတော့မလိုဘူးနော်။ နင့်ကစားကွင်းထဲ မျက်စောင်းထိုးအိမ်ကအဒေါ်ကြီးကိုတော့ မထည့်နဲ့။ နင့်ကိုမပြတော့ဘူး"

"အဟင်းဟင်း!... အခုတော့ကြောက်သွားပြီမလား"

"နင့်ကိုကြောက်မနေဘူး... အလကားနေရင်း အဒေါ်ကြီးကို သွားနှောက်ယှက်နေမှာစိုးလို့။ နင့်မမတွေလို နင်လိုက်တိုင်း လွယ်လွယ်အဖြေရမယ်ထင်နေလား။

တစ်ခုလပ်ဆိုပေမဲ့ သူ့ကို လိုက်နေတဲ့ ယောကျ်ားတွေများပေါလို့!... အိမ်နီးချင်းမို့ လာသမျှကားတွေကို မြင်နေရတယ်။ နင့်လို ထိပ်ဆံပင်ပဲကွက်ဖြူနေတဲ့သူကို လက်ခံမယ်ထင်နေလား"

အိစကားဟာ မယ့် မာနကိုထိသွားသလိုခံစားရသည်။ မယ် စသဘောကျလို့လိုက်တိုင်း အငြင်းခံရတယ်ဆိုတဲ့ ထုံးစံမှမရှိသေးတာ။ အရမ်းကိုဖြောင့်တန်းလွန်းပါသည်ဆိုတဲ့ Straight တွေတောင် မယ်နှင့်တွေ့လျှင် ကွေးကောက်သွားတာကို ဒီအဒေါ်ကြီးလောက်ကိုတော့ မယ် စကားထဲထည့်မပြောချင်။

ပြီးတော့ မယ်က ထိပ်ဆံပင်ပဲကွက်ဖြူနေတာက စတိုင်လေ။ တခြားတစ်ယောက်သာဆိုလျှင် အရူးလိုလိုဖြစ်ချင်ဖြစ်သွားနိုင်ပေမဲ့ မယ်နှင့်တော့ သိပ်ကိုလိုက်ဖက်နေတာ။

"ဒီမှာ အဲ့အဒေါ်ကြီးလောက်..."

"ဟိုမှာ! ဟိုမှာ... အဲ့အဒေါ်ကြီး"

မယ့်စကားမဆုံးခင် အော်မတတ်ပြောပြီး မျက်စောင်းထိုးအိမ်ကို ဝရံတာကလက်ညှိုးထိုးပြနေသည်မို့ မယ်ကြည့်လိုက်မိသည်။

"ဟင်!"

အဝေးကနေလှမ်းကြည့်နေတာတောင် အလှတရားဟာ ပန်းတွေအနားမှာထင်းနေသည်။ အပြာနုရောင် မြန်မာဝတ်စုံလေးနှင့်သာ။ ဒါတောင် အနီးကပ် အလှတရားမဟုတ်ပါပဲတဲ့လေ။ မယ် သိချင်သွားသည်။ အနီးကပ်ဆို ဘယ်လောက်လှလိမ့်မလဲ။

"အဟင်း"

မယ့် ရယ်လိုက်မိသည်။ အိဟာတော့ ဘာလို့ရယ်တာလဲ စဉ်းစားနေမှာပေါ့။ မယ် ပျော်စရာတွေ့သွားခဲ့ပြီလေ။ အသက်အရွယ်ကိုလေးစားသောအားဖြင့် မယ် တစ်လလောက်တော့ခံအောင် မယ်တွဲပေးရမှာပေါ့။ ခြူးမီးလျံပိုင်သာ သိလျှင် ဘယ်လိုဖြစ်လိမ့်မလဲ။ မယ် ပိုပျော်လာမိသည်။

မယ့်ကစားကွင်းထဲမှာ အဒေါ်ကြီးနဲ့ ပျော်ပျော်ကြီးကစားပေးမည်လေ။

...

TBC...

အမှားပါလျှင် ခွင့်လွှတ်ပါ 🧡

3.8 k words

Thanks for reading 📖

...

Zawgyi....

ကားရပ္ထားတာအေတာ္ၾကာေနျဖစ္ေပမဲ့ ပိုင္ မဆင္းျဖစ္ေသးပါ။ ၿခံတံခါးပြင့္ေနသည့္ေနရာအနားတြင္ ကားရပ္ထားသည္မို႔ ပန္းပင္ေလးေတြကို ေရေလာင္းေနသည့္ အမ်ိဳးသမီး၏ ေနာက္ေက်ာျပင္ကိုေသခ်ာျမင္ေနရသည္ေလ။ ဆင္းေတြ႕ရမလား၊ ျပန္လွည့္ရမလား ေတြေဝေနတုန္းမွာ ထိုအမ်ိဳးသမီးဟာ အိမ္ထဲဝင္သြားေလၿပီ။ ပိုင္ သက္ျပင္းခ်လိုက္သည္။ တကယ္တမ္းေတြ႕ဖို႔က်ေတာ့ ပိုင္ ေတြ႕ဖို႔ခက္ခဲေနသည္။ ပိုင့္ စိတ္တို႔ကို စုစည္းလိုက္သည္။ ၿပီးေနာက္ တံခါးကိုဖြင့္လိုက္၏။ ေတြ႕ဖို႔ ဆုံးျဖတ္ၿပီးမွေတာ့ ေတြ႕ရမည္ေလ။ ပိုင္ ေကာင္းေကာင္းႀကီးျပင္းလာေၾကာင္းကိုေတာ့ ျပခ်င္သည္။ ဒါလည္း ေကာင္းေသာ သေဘာႏွင့္မဟုတ္။

ကားတံခါးကို ပိုင္ဆြဲဖြင့္လိုက္သည္။ ပိုင္ ဆင္းလိုက္သည္ႏွင့္ ၿခံေရွ႕ကိုေျခလွမ္းက်ယ္က်ယ္သြားလိုက္မိသည္။ မဟုတ္လွ်င္ ၿခံေစာင့္က ၿခံတံခါးကို ပိတ္ေတာ့မည္မဟုတ္လား။

"ခဏေလးပါ ဦးေလး"

ပိုင္ တားလိုက္ေတာ့ ၿခံတံခါးပိတ္လိုက္စဟာရပ္တန္႔သြားသည္။

"ေျပာပါ သမီး ဘာကိစၥရွိလို႔လဲမသိဘူး"

"ေဒၚခင္မမနဲ႔ ေတြ႕ခ်င္လို႔ပါရွင့္... သူ႔ရဲ႕ တပည့္ေဟာင္းပါ။ ဆရာမကို မေတြ႕ရတာၾကာလို႔ လမ္းႀကဳံဝင္ႏႈတ္ဆက္တာပါ"

"ဪ ဦးေလး သြားေျပာေပးပါ့မယ္... သမီး နာမည္ဘယ္သူလို႔ ေျပာလိုက္ရမလဲကြဲ႕"

"ဆရာမ သမီးနာမည္ကို မွတ္မိပါ့မလား မသိဘူး။ တုန္တုန္လို႔ ေျပာလိုက္ပါရွင့္"

"ဪ ေအးေအး ခဏေစာင့္ကြယ္"

ပိုင့္ ႏႈတ္က ေပါက္ကရနာမည္ေျပာလိုက္သည္။ တုန္တုန္ဆိုတာ သူ႔အေမ တပည့္ေတြထဲရွိမလားေတာင္မသိေခ်။ ဒါေပမဲ့ ပိုင့္နာမည္ေျပာလိုက္ရင္ထြက္လာေတြ႕ေတာ့မွာမဟုတ္ဘူး။ ေမေမက ဆရာမအလုပ္က နားခဲ့တာၾကာၿပီေျပာေပမဲ့ ေမေမ့တပည့္ေတြက မ်ားလွမွာပါ။ ပိုင္ လိမ္လို႔ရမည္ေတာ့ထင္သည္။ လိမ္လို႔မရလည္း ျပန္႐ုံေပါ့။ ပိုင္ ၿခံနံရံအနားမွာ မွီၿပီးေစာင့္ေနလိုက္သည္။

ခဏေနေတာ့ ပိုင့္ အနားသို႔ေရာက္လာသည့္ ေျခလွမ္းသံေလးၾကားလိုက္ရသည္မို႔ လွည့္ၾကည့္လိုက္သည္။ ပိုင္ ထင္ထားသလို ဦးေလးႀကီးကျပန္လာသည္ေလ။

"ခင္ေလးက ဘုရားရွိခိုးေနတယ္ကြယ္... မတင့္ကေတာ့ ရွိတယ္... ဧည့္သည္ကို အိမ္ထဲမွာဝင္ေစာင့္ေနခိုင္းလိုက္ပါတဲ့"

မတင့္လို႔ ဦးေလးႀကီး သုံးႏႈန္းလိုက္သူကို ပိုင္သိပါသည္။ ေမေမ့၏ ေမြးခ်င္းေတြထဲမွ ေမေမ့၏အစ္မအလတ္ေလ။ သတင္းေတြအရ ေမေမသည္ သူ႔အစ္မအလတ္ႏွင့္ အတူေနေနသည္တဲ့။ ပိုင္လည္း ေခါင္းေလးတစ္ခ်က္ညိတ္ၿပီး ဦးေလးႀကီးေခၚရာလိုက္သြားလိုက္သည္။

"ဒီကေလးလား"

ပိုင္ အိမ္ဝေရာက္တာနဲ႔ ဆီးႀကိဳေမးလိုက္သည့္ ပိုင္ မျမင္ဖူးသည့္ အမ်ိဳးတစ္ေယာက္။ ခပ္ပိန္ပိန္ပါပဲ။ ဆံပင္ ဂုတ္ကြဲကို တစ္ဖက္နားၾကားထိုးထားၿပီး တစ္ဖက္ကမ်က္ႏွာတစ္ျခမ္းအုပ္ေတာ့မတတ္ဆံႏြယ္မ်ားက်ေနသည္။ ၿပီးေတာ့ ဂါဝန္ရွည္ အျပာေရာင္ေလးႏွင့္ေလ။ ေခတ္ေရွ႕ေျပးတယ္ေျပာရမည္ထင္သည္။ ၿပီးေတာ့ အန္တီႀကီးအ႐ြယ္ျဖစ္ေနတာေတာင္မွ ေတာ္ေတာ္လွေသးသည္။ ႐ုတ္တရက္ၾကည့္လွ်င္ သုံးဆယ္ေက်ာ္ေလာက္ထင္ရေပမဲ့ ေသခ်ာၾကည့္မိေတာ့ ေလးဆယ္ေလာက္ေတာ့ရွိမည္။

သို႔ေသာ္ မသိသာလွပါ။ ပိုင္ကသာ ေမေမ့အစ္မမွန္းသိေနလို႔ ထိုသို႔သတိထားမိတာထင္သည္။ ငယ္ငယ္က ဘယ္ေလာက္လွခဲ့လို႔ ဒီေလာက္ေတာင္မွ အ႐ြယ္တင္ေနသနည္း။ ဒါဆို ဒီအန္တီႀကီးဟာ ေမေမ့ အစ္မျဖစ္ရေခ်မည္။

"ဟုတ္တယ္ မတင့္"

မတင့္ ဆိုသည့္နာမည္ထြက္လာေတာ့မွ ပိုင္ အေတြးမွန္သည္ဆိုတာသိလိုက္သည္။

"လာလာ သမီးလာ... သမီး ဆရာမက ဘုရားရွိခိုးေနလို႔ကြယ္"

ပိုင့္လက္ေလးကို ဆြဲကိုင္ၿပီး အၿပဳံးေလးခ်ိဳစာသာစြာႏွင့္ အိမ္ထဲေခၚလာေတာ့ ပိုင္ မၿပဳံးခ်င္ေပမဲ့ ဟန္ေဆာင္ၿပဳံးကာလိုက္သြားရသည္။

"ထိုင္ဦးကြယ္... ခဏေနာ္ သမီးအတြက္ အန္တီ တစ္ခုခုသြားလုပ္လိုက္ဦးမယ္"

"ဟို မလုပ္ပါနဲ႔ အန္တီရဲ႕ ပိုင္... တုန္တုန္က..."

"မျငင္းပါနဲ႔ကြယ္ ဧည့္သည္ပဲဟာ... သမီး ဆရာမကိုခဏေစာင့္လိုက္ေနာ္။ သမီးလာတာသိရင္ေပ်ာ္ေနမလားမသိဘူး။ သူက နားထားတာ ဆယ္ႏွစ္ေက်ာ္ေလာက္ရွိၿပီဆိုေတာ့ သူ႔တပည့္ေတြနဲ႔ အေတာ္အလွမ္းေဝးေနတာေလ... ဟုတ္ပါရဲ႕ ေပ်ာ္ေနေတာ့မယ္"

အခုေလာေလာဆယ္ေတာ့ ေမေမ့ထက္အရင္ေပ်ာ္ေနသူဟာ မတင့္ဆိုသည့္ အမ်ိဳးသမီးႀကီးပါပဲ။ သူ႔ညီမအစားေပ်ာ္ေနသည္ထင္ရသည္။ ပိုင္ လိမ္မိတာ နည္းနည္းအားနာသလိုရွိေပမဲ့ မတတ္ႏိုင္ဘူးေလ။ ပိုင္လည္း အားနာနာႏွင့္ ေခါင္းညိတ္လိုက္ေရာ အန္တီႀကီးဟာ ပိုင့္အတြက္ တစ္ခုခုသြားျပင္သည္။ ပိုင္လည္း ထိုေတာ့မွ ဧည့္ခန္းထဲကို နည္းနည္းေလ်ာက္ပတ္ၾကည့္ရင္း စပ္စုမိသည္။

ဧည့္ခန္းကေတာ့ ႐ိုးရွင္းသည္။ ဘာမွကို မ်ားမ်ားစားစားမရွိတာပါ။ တီဗီ၊ ဆိုဖာရယ္ သူတို႔မိသားစုဓာတ္ပုံရယ္ေလ။ ပုံထဲတြင္ လူ ၆ ေယာက္ရွိသည္။ ဟုတ္သည္ ေမေမတို႔ မိသားစုေပါ့။ ေမေမဟာ မိသားစု ၆ ေယာက္ထဲတြင္ ဒုတိယအငယ္ဆုံးသာ။ ခုနက အမ်ိဳးသမီးႀကီး မတင့္ဆိုသူကေတာ့ အႀကီးဆုံးကေအာက္ကျဖစ္ၿပီး အထက္မွာ ေယာက်္ားႀကီးတစ္ေယာက္ရွိေသးသည္။ အဲ့လူကေတာ့ ေမေမ့အစ္ကိုအႀကီးဆုံးေလ။ ၿပီးေတာ့ အငယ္ဆုံးဟာေတာ့ ဒီပုံထဲမွာ ဆယ္ေက်ာ္သက္သာရွိေသးသည္။ အခုေလာက္ဆိုရင္ေတာ့ ပိုင့္ထက္ေတာင္ႀကီးေလာက္ၿပီ။ သို႔ေသာ္ ပိုင္ သူတို႔နဲ႔ တစ္ခါမွ် မေတြ႕ဖူးပါ။ မေတြ႕ဖူးတာလား၊ ေမ့သြားတာလားလို႔ေတာ့ မသိ။

"သမီးေလး မဂၤလာပါကြယ္"

ခဏေနေတာ့ ဧည့္ခန္းထဲေရာက္လာသည့္ ပိုင့္ေမေမပါေလ။ ပိုင္ ေငးၾကည့္ေနမိသည္။ ေမေမဟာ လြန္ခဲ့တဲ့ ၁၅ ႏွစ္ကအတိုင္းပါပဲ နည္းနည္းေလးေတာင္ အသက္မႀကီးသြားသူလိုပင္။ ဟင့္အင္း အရင္ကထက္ေတာင္ပိုႏုသြားသည္ဟု ပိုင္ထင္သည္။ ပိုင္ငယ္ငယ္က ေမေမ့ ခႏၶာကိုယ္ေလးဟာျပည့္တာထက္အနည္းငယ္ပိုသည္။ အခုေတာ့ ခပ္ျပည့္ျပည့္ေတာင္မဟုတ္ေတာ့ေပ။ ပိုင့္ထက္ အနည္းငယ္ႀကီး မမ တစ္ေယာက္လိုပဲ။

သို႔ေသာ္ ေမေမ့ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြဟာ ဂ႐ုဏာအျပည့္ေလးရယ္ပါ။ ထိုသည္ကေတာ့ ေမေမ့ကို ႏုတယ္လို႔မထင္ေစဘူး။ တစ္ဆက္တည္းမွာ ပိုင္ နည္းနည္းေတာ့နာက်င္သြားသည္။ မဂၤလာပါတဲ့လား။ ပိုင့္ကို မဂၤလာပါတဲ့လား။ ပိုင့္ကို ေမေမဟာ မမွတ္မိဘူးပဲ။ ပိုင့္ အတြက္ေတာ့ တကယ္မဂၤလာမရွိဘူး။

"သမီးအတြက္ေတာ့ မဂၤလာမရွိဘူး ေမေမ... ဒါေပမဲ့လည္း လာေတြ႕မိသြားတယ္"

ပိုင္ အေရွ႕မွာ စကားေတြဘာေတြမခံပဲနဲ႔ စကားကိုခပ္ျပတ္ျပတ္ေျပာလိုက္သည္။ အစကေတာ့ သူ႔ေမေမဟာ ေၾကာင္သြားသလိုျဖစ္သြားေပမဲ့

You are reading the story above: TeenFic.Net