အခန်း {၃}

Background color
Font
Font size
Line height

"အာ့!"

"ပိုင်ပိုင်!... ပိုင်ပိုင်လေး သတိရလာပြီ"

မျက်လုံးဖွင့်ဖွင့်ခြင်း စိုးရိမ်တကြီးမေးနေသည့်သူကြောင့် ပိုင့်မျက်ဝန်းလေးတွေစို့နစ်သွားသည်။ ပြီးနောက် ပိုင်ကြောက်ရွံ့စွာ ထထိုင်လိုက်သည်။ ပိုင်သည် အိပ်ရာမရှိ၊ ခေါင်းအုံးမရှိ၊ စောင်မရှိ ညစ်ပတ်တဲ့ကြမ်းပြင်ပေါ်တွင် ဒီတိုင်းအိပ်နေရသည်မဟုတ်ပါပဲ နူးညံ့တဲ့အိပ်ရာပေါ်လေးမှာတဲ့။ ပြီးတော့ ပိုင့် နာမည်ကို ဒီအတောတွင်းဘယ်သူမှ မခေါ်ကြဘူးမလား။ ထို့ကြောင့် ရင်ထဲနွေးခနဲဖြစ်သွားပေမဲ့ ကြောက်လည်း ကြောက်ရွံ့မိသည်။

"သားကြီးကို သွားခေါ်စမ်း!! ပိုင်ပိုင်လေး နိုးလာပြီလို့"

ထိုအခါအနားမှ အိမ်အကူဖြစ်ပုံရသည့် သူဟာချက်ချင်းဆိုသလို ထသွားသည်။

"ပိုင်ပိုင်လေးရယ်"

အနားတိုးရင်း ပိုင့်ပါးလေးကို ထိဖို့လုပ်တော့ လက်လေးကို ကြောက်လန့်ဟန်ဖြင့် ပိုင့်လက်သေးသေးလေးတွေဖြင့် မထိရန်ကာလိုက်သည်။ ပြီးနောက် ကုတင်ခေါင်းရင်းထိအောင်အထိကို နောက်ဆုတ်သွားမိသည်။

"ဖွားဖွားလေ ပိုင်ပိုင်လေးရဲ့... မမှတ်မိဘူးလားဟင်"

ဟင့်အင်း ပိုင်သိတာပေါ့။ အခု ပိုင့်ရှေ့မှာရှိနေသည့်သူဟာ ပိုင် အရမ်းချစ်ရတဲ့ ဖွားဖွားဆိုတာ ပိုင်သိတာပေါ့။ ဒါပေမဲ့ ပိုင်ကြောက်သည်။ ပိုင် လူတွေကိုကြောက်သည်။

"သမီးလေး! သမီးလေး နိုးလာပြီဆို"

အပြေးလေးရောက်လာသည့် ပိုင့် ပါးပါးကိုတွေ့တော့ ပိုင့် မျက်ရည်တွေအလိုလိုကျလာသည်။ ပိုင် အိမ်ပြန်ရောက်နေသည်။ ပိုင် အိမ်ကိုပြန်ရောက်နေပြီပေါ့။ ပိုင့်ကို လူဆိုးကြီးတွေဖမ်းခေါ်ထားရာကနေလွတ်လာပြီပေါ့။

"အီးဟီး... မထိနဲ့!!... ပိုင့်ကို မထိနဲ့ သွား... အီး"

ပါးပါးဟာ ပိုင့်ကို အငိုမျက်ဝန်းတွေနဲ့ ဝမ်းသာတကြီးပွေ့ဖက်လိုက်တော့ ပိုင်ကြောက်ရွံ့စွာတွန်းထုတ်မိသည်။ ပြောရင်း သတိလစ်မတတ်ဖြစ်သွားသော ပိုင်ကြောင့် ပါးပါးနှင့် ဖွားဖွားဟာ ပိုင်တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ဟန်ပါ။

နောက်ပိုင်း ပြောကြတာကတော့ ပိုင်က Phobia တစ်မျိုးစွဲကပ်သွားသည်။ လူတွေကို ကြောက်ရွံ့သွားခြင်းပေါ့။ ပိုင်သည် အိမ်ကိုဘယ်လိုပြန်ရောက်လာလည်းဆိုတာ ၆ လလောက်ထိ မမေးခဲ့မိပါ။ ပိုင် အိမ်ပြန်ရောက်ပြီး ၃ လလောက်ကြာမှ ပါးပါးနဲ့ စကားနည်းနည်းစပြောဖြစ်သည်။ ဒါတောင် တစ်နေ့ကို တစ်ခွန်းနှစ်ခွန်းသာ။ ၆ လလောက်ကြာတော့ ပါးပါးနဲ့ အကျွမ်းတဝင်နီးနီးဖြစ်လာသည်။

သို့သော် ပိုင့်ရဲ့ ကလေးစိတ်လေးတို့ဟာ မရှိတော့ချေ။ ပိုင်ဟာ အများကြီးတည်ငြိမ်ရင့်ကျက်သွားသူလို စကားနည်းသွားသည်။ ဒါပေမဲ့ ရင့်ကျက်သွားတာမဟုတ်ပဲ ရင်ထဲ အကြောက်တရားတွေကို ဖုံးဖိထားခဲ့သည့်သဘောပါပဲ။ ပါးပါးနဲ့ စကားပြန်ပြောလာပေမဲ့ အိမ်က အဖွားနဲ့တောင် စကားမပြောဖြစ်။ ဘယ်သူကမှ ပိုင့်ကို စကားပြောချင်လာအောင်မလုပ်နိုင်။

ပိုင် အိမ်ကို ဘယ်လိုပြန်ရောက်လဲဆိုလျှင် ဆေးရုံတစ်ခုမှာတွေ့ခဲ့တာတဲ့လေ။ ပိုင့်ဟာ ရက်ပေါင်းများစွာဖျားပြီး မေ့မျောနေခဲ့တာတဲ့။ ပါးပါးဟာ ပိုင့်ကို ရှာဖို့လူတွေနေရာအနှံ့ဖြန့်ကျက်ထားသည်မို့ ဒီလောက်အမြန်ရှာတွေ့ခဲ့တာ။ အဆိုးဆုံးက ပိုင်ဟာ ၈ လကျော်လောက် ပျောက်ဆုံးနေခဲ့တာ။ သို့ပေမဲ့ ပိုင့်အတွက်တော့ ထိုအိမ်ကြီးမှာ နှစ်ပေါင်းများစွာနေခဲ့ရသလိုပါပဲ။

"မေမေရောဟင်... ပိုင်နေကောင်းရင် ပါးပါးဖြေမယ်ဆို"

ပါးပါးနှင့် အကျွမ်းတဝင်ပြန်မရှိလာတည်းက ပြောဖြစ်သည့်စကားဟာ ဒါပါပဲ။ မေမေ့ကို ပိုင်ပြန်ရောက်တည်းက မတွေ့တာ။ မေမေ့ကို ပိုင်တွေ့ချင်သည်။ မေမေ့ကို ဆိုရင်တော့ မေမေ့ရင်ခွင်ထဲ ပိုင် ဖက်ငိုပြီး တိုင်ပြောပစ်မှာ။ ဒါပေမဲ့ မေမေဟာ ပိုင့်အနားမှာရှိမနေဘူး။ မေမေဟာ ဘယ်သွားနေတာလဲ။ ပိုင် ဘာတွေဖြစ်နေလဲ မေမေ မသိဘူးလား။ မေမေ့ကို ပိုင် စိတ်ဆိုးချင်သည်။ သို့သော် သတိရ၏။

"ပိုင်လေး သေချာနေကောင်း..."

"ဟင့်အင်း ပိုင်ပိုင် နေကောင်းနေပါပြီ ပါးပါးရဲ့... ပြောပြပါတော့နော်။ မေမေ့ကို ပိုင်လွမ်း...နေ...ပြီ"

ငိုသံသဲ့သဲ့လေးနှင့်ပြောတော့ ပိုင့်ပါးပါးဟာ သက်ပြင်းချသည်။ ထို့နောက် ပြောလာသည့်စကားများဟာ ပိုင် လက်ခံနိုင်စရာအကြောင်းမရှိပါ။

"ပိုင်လေးကို ဒီလိုဖြစ်အောင်လုပ်တဲ့ ကြံရာပါထဲ ပိုင်လေး မေမေပါနေတယ်!... သူက နန်းထိုက်ပန်နဲ့ တစ်စိတ်တည်းတစ်ညဏ်တည်း ပိုင်လေးရဲ့!! ဒါတွေကို ပိုင်လေးကို ရှင်းပြဖို့ ပိုင်လေး နားမလည်သေးပါဘူး...

ဒါပေမဲ့ ပိုင်လေး နားလည်နိုင်သလောက်ကို ပါးပါးရှင်းပြမယ်။ ပိုင်လေး ကြီးလာတဲ့အခါ ပါးပါးပြောတာတွေကို ရှင်းရှင်းလင်းလင်းနားလည်သွားမှာပါ"

စိတ်လေးသလိုပြောလာသည့် ပါးပါးစကားကြောင့် ပိုင် တုန်သွားသည်။ ပိုင် ဘယ်လိုလက်ခံရမလဲ ဒီကိစ္စမှာ မေမေပါတယ်ဆိုတာ။ မေမေဟာ ပိုင့်ကို ဒီလိုလုပ်ရက်မှာမဟုတ်ဘူး။ မေမေက ပိုင့်ကိုအရမ်းချစ်တာ။ ဒါပေမဲ့ ပါးပါးဟာ ပိုင်မပြောပြထားပါပဲ နန်းထိုက်ပန်ဆိုတာလည်း သိသည်တဲ့။

ထို့နောက် စပြီး ပိုင့်ခေါင်းလေးနှင့် နားလည်သလောက်ကို ပါးပါးဟာ ရှင်းပြတော့သည်။

"ဒီကိစ္စမှာ ပါးပါးသိနေတဲ့ အဓိကတရားခံက ဒေါ်နန်းထိုက်ပန်ပဲ ပိုင်လေး... ဒါပေမဲ့ ပါးပါးမှာ သက်သေမရှိလို့ အဲ့မိန်းမဆိုတာသိရက်နဲ့ ပါးပါးဘာမှလုပ်လို့မရဘူးကွယ်။ ပါးပါးကို ခွင့်လွှတ်ပါနော်"

ဝမ်းနည်းစို့နစ်စွာပြောလာသည့် ပါးပါးသည် ပိုင့်ကိစ္စကြောင့် ဘယ်လောက်ပူပန်နေခဲ့ရလဲဆိုတာကိုသိနိုင်သည်။

"ဟုတ်သား ပိုင်လေးကတော့ ဒေါ်နန်းထိုက်ပန်ဘယ်သူလဲဆိုတာသိမှာမဟုတ်ဘူး။ အဲ့မိန်းမက သမီးမေမေရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ... ချစ်တာမှ အမွှာညီမလိုပဲ။ သူတို့နှစ်ယောက်ကိုခွါတွေ့တာမတွေ့လောက်တဲ့အထိ....

ခက်တာက ပါးပါးကလေ သူတို့နှစ်ယောက်ကြားဝင်ဖို့ဖြစ်လာခဲ့တယ်။  ပိုင်လေးမေမေကို ချစ်မိသွားလို့လက်ထပ်ဖို့ဖြစ်တဲ့အခါပေါ့... ပါးပါးက ပိုင်လေးမေမေ့ကို ချစ်လို့ လက်ထပ်တောင်းရမ်းခဲ့တာလေ။ ပိုင်လေး မေမေကလည်းလက်ခံခဲ့ပါတယ်... ဒါပေမဲ့ ပြဿနာတစ်ခုဟာ ပါးပါးတို့နဲ့ အခု ပိုင်လေးကိုပြန်ပေးဆွဲခဲ့တဲ့ နန်းထိုက်ပန်တို့နဲ့က စီးပွါးပြိုင်ဘက်တွေဖြစ်နေတာ။

ပိုင်လေး နားအလည်ရဆုံးပြောရရင် ရန်သူတွေလိုပေါ့။ ပိုင်လေးမေမေ လက်ခံလိုက်တော့ ပါးပါးကပျော်နေခဲ့တာ... နောက်တော့မှ သိလိုက်ရတာက သူတို့က စိတ်ဝမ်းကွဲသွားသလိုနဲ့ ပါးပါးဆီက လုပ်ငန်းသတင်းတွေနှိုက်ပေးနေတာတဲ့လေ... ပါးပါးအတွက် ဒါကိုသိရတော့ စိတ်နာပေမဲ့ ချစ်တဲ့စိတ်ကပိုကြီးနေလို့ ပါးပါးမသိချင်ယောင်ဆောင်ရက်တယ်!!.... ဒါပေမဲ့ ဒီမိန်းမလွန်တယ် ပါးပါး သမီးလေးကိုမှ!!!..."

ပါးပါးဟာ နာကျည်းစွာပြောလာတော့ ပိုင့် ရင်ထဲနာကျင်သွားသည်။ ပါးပါးနဲ့ မေမေဟာ ထိုကိစ္စကြောင့် ကွာရှင်းလိုက်တာတဲ့။

အစပိုင်းကတော့ ပိုင် လက်မခံပေမဲ့ နောက်အသက်ရလာသည့်အခါ ပိုင့်ပါးပါးပြောတာတွေကို သိလာသည်။ နားလည်လာသည်။ မေမေဟာ ကြံရာပါဆိုသည်ကိုယုံကြည်လာသည်။ မဟုတ်လျှင်တောင် ပိုင့်ကို ထားရစ်ခဲ့တာတစ်ခုနှင့်တင် မုန်းသည်။ မေမေဟာ သူလိပ်ပြာလုံလျှင် ပိုင့်ကိုလာတွေ့ရမည်မလား။ ပါးပါးဟာ ပိုင့်စိတ်တိုင်းကျ ဖုန်းပြောခွင့်ရော၊ သွားတွေ့ခွင့်ရောပေးပေမဲ့ မေမေဟာ ဖုန်းမပြောသလို၊ အတွေ့လည်း မခံပေ။ ဒါကို ပိုင်နာကျည်းမိသည်။

ပြီးတော့ မေမေက ပိုင့်အမေရင်းမဟုတ်ဘူးတဲ့။ ဒါကြောင့် လုပ်ရက်ခဲ့တာလေ။ ပိုင်ဟာ သူမကို ဖမ်းဆီးနာကျင်အောင်လုပ်ခဲ့သည့် နန်းထိုက်ပိုင်ဆိုသည့် မိန်းမအကြောင်းကို သိလျှက်နှင့် ပါးပါးဆီ တစ်ခွန်းမှမဟမိခဲ့ပါ။ မုန်းလည်း မမုန်းခဲ့ပါ။ သို့သော် နာမည်ကြားရုံနှင့် နာကျည်းသည်။ ထို့အပြင် ပိုင်ဟာ ထိုမိန်းမနာမည်ကြားရုံနှင့် သိပ်ကြောက်သည်။

ထိုကိစ္စတွေအပြီးမှာ ပိုင် မပတ်သက်ချင်ဆုံး မိန်းမနှစ်ယောက်ဟာ နန်းထိုက်ပန်နှင့် ခင်မမဖြစ်ခဲ့သည်။ ခင်မမကိုတော့ မုန်းတီးလှပြီး နန်းထိုက်ပန်ကိုတော့ နာကျည်းစိတ်နှင့်အတူ ကြောက်ရွံ့စိတ်တွေ ရောထွေးလျှက်။

...

"မြေးလေးရေ ထမင်းစားမယ်ကွဲ့"

"ဟုတ်ကဲ့ မြေးလာခဲ့ပါ့မယ် ဖွားဖွား"

ရေချိုးခန်းအပြင်ဘက်ကနေ တံခါးလာခေါ်သည့် အဖွားဖြစ်သူကြောင့် ပိုင် ပြန်ဖြေလိုက်သည်။ အဖွားဖြစ်သူ ထွက်သွားပြီလို့ထင်ရသည့်အခါမှ ပိုင် သက်ပြင်းချလိုက်မိ၏။ ဩဇီမှာ သွားနေတဲ့တစ်လျှောက် အဖွားဖြစ်သူနှင့် ပိုင် ပြန်စိမ်းသက်သွားပြန်ပြီလေ။ ပိုင် ဩဇီကနေ ပြန်ရောက်တာ တစ်ပတ်မပြည့်သေးဘူးလေ။ ထို့ကြောင့်လည်း ပါမည်ထင်ပါ၏။

မှန်ပေါ်က ကိုယ်ရုပ်လေးကိုယ်တွေ့တော့ ပြုံးလိုက်မိသည်။ ဒီအရွယ်ထိ ဘယ်သူ့ကိုမှမချစ်မိပဲ ကိုယ့်ကိုယ်ကိုပြန်ချစ်နေရတာလဲ အလုပ်တစ်လုပ်။ ပိုင့်မကြိုက်တာဆိုလို့ ပိုင့်ရဲ့ ဩရှရှအသံသာရှိ၏။ ပိုင့်ရဲ့ အသားဖြူဖြူလေးဝင်းဝင်းလေးကို ကြည့်တိုင်း မကြိုက်ပဲမနေနိုင်။ ဆံပင်အရှည်ထားရတာ ကြိုက်သူမို့ ဆံနွယ်ဖြောင့်ဆင်းဆင်းအရှည်လေးဟာ ကျောလည်လောက်ထိရှိသည့် ဆံနွယ်လေးတွေကိုလည်း ပိုင်ကြိုက်သည်။

ပြီးတော့ မျက်တောင်ကော့ဆင်းဆင်းလေးရယ်၊ ကြည့်လိုက်တိုင်း တည်ကြည်နေသည့် သူ့ရဲ့ မီးခိုးရောင်မျက်ဝန်းလေးတွေကိုလည်း ကြိုက်သည်။ နှာတံချွန်ချွန်လေးကိုရော၊ ဆွဲဆောင်မှုရှိလှသည့် နှုတ်ခမ်း မထူမပါးလေးကိုလည်း သဘောကျသည်။ မေးရိုးနည်းနည်းကားတာကိုတော့ သိပ်မကြိုက်လှပေမဲ့ အဲ့ဒါကလည်း ပိုင်နှင့် တစ်မျိုးမိုက်နေသည်လေ။ အထူးသဖြင့် ယောကျ်ားလေးလို ဟန်ဆောင်သည့်အခါမျိုးဆိုလျှင် ပိုင်ဟာ အသံကပါဩရှရှဖြစ်နေ၍ ယောကျ်ားလေးနှင့် ဆင်တူလေသည်။ ထိုကိစ္စကိုတွေးမိတော့ ပိုင်စိတ်ပူမိသွားပြန်သည်။

"အဆင်ပြေပါ့မလား ခြူးမီးလျံပိုင်ရယ်"

ပိုင် မရေရာစွာပြောပြီးနောက်မှာ ဆံပင်အနည်းငယ်ဖုံးနေသော ပိုင့်နဖူးလေးကို လှန်ကြည့်လိုက်သည့်အခါ ပိုင့် မျက်နှာလှလှလေးဟာ အကျည်းတန်သွားသလိုပင်။ ဘယ်ဘက်မျက်ခုံးပေါ်တွင်ရှိသည့် အကွဲလိုက် အမာရွတ်ကိုမြင်တော့မှ ပိုင့်စိတ်တို့ပြန်တည်ငြိမ်သွားသည်။ နာကျည်းသွားသည်။ ဟုတ်သည်လေ။ ပိုင် အဆင်ပြေမှကိုဖြစ်မည်။ ပိုင် လက်စားပြန်ချေနိုင်ရမည်မဟုတ်လား။

အမှန်တော့ ပိုင် ဂလဲ့စားပြန်ချေချင်လွန်းတာတော့မဟုတ်ပါ။ ပါးပါးဟာ ပိုင့် ကိုယ်ပေါ်က အမာရွတ်တစ်ချို့ကို အမာရွတ်မကျန်အောင် အမျိုးမျိုးကုသပေးခဲ့ပေမဲ့ ထိုဒဏ်ရာကိုတော့ တမင်ချန်ထားခဲ့တာ။ ပါးပါးကိုယ်တိုင်က သူတို့ကို မုန်းတီးနေခဲ့သည်မို့ ပါးပါးဇာတ်ကို ပိုင်လိုက်ကပေးရမည်လေ။ ဒါကလည်း ပါးပါးက အတင်းကျပ်ခိုင်းတာတော့မဟုတ်ပါ။ ပိုင်လည်း ဆန္ဒအနည်းငယ်ရှိသည်ဆို မမှားပေ။

"ဟော မြေးလေးဆင်းလာပြီ"

ဖွားဖွားကပြောတော့ ပိုင် နှုတ်ခမ်းလှုပ်ရုံပြုံးလိုက်ပြီး နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ပိုင် ဒီထက်ပိုပြုံးပြနှုတ်ဆက်ချင်ပေမဲ့ ပါးပါးအပါဝင်လူတွေနဲ့ဆို ပိုင်ဟာ အရမ်းတည်ငြိမ်လွန်းတာမဟုတ်လား။ ပါးပါးဟာ ခုံအကြီးကြီးအလည်တွေ ထိုင်နေခဲ့သည်။ ဖွားဖွားကတော့ ပါးပါးဘယ်ဘက်ခြမ်းတွေထိုင်သည်။ ထို့ကြောင့် ဖွားဖွားနှင့် မျက်နှာခြင်းဆိုင် ညာဘက်တွင် ပိုင်ဝင်ထိုင်လိုင်သည်။ နှစ်ယောက်လုံးမစားသေးပုံထောက်လျှင် ပိုင့်ကိုစောင့်နေပုံပဲ။

စားပွဲတစ်ခုလုံး ဖွားဖွားအသံချည်းနှင့်သာ ကြီးစိုးနေသည်။ ပါးပါးကတော့ လိုအပ်ရင် လိုအပ်သလို နည်းနည်းဝင်ပြောသည်။ ပိုင်ကတော့ ဘာလာလာ ခေါင်းညိတ်၍ 'ဟုတ်ကဲ့' ဆိုသည့်စကားကိုပဲ နှုတ်တိုက်ကျက်ထားသူလို ဒါပဲပြန်ဖြေမိသည်။

"ပါးပါး ပြောထားတဲ့ကိစ္စ အစဖော်ဖို့အဆင်သင့်ဖြစ်ပြီလား"

မြန်မာနိုင်ငံ ပြန်ရောက်တာ ၃ ရက်ပဲရှိသေးသည်။ ပါးပါးဟာ ဒေါ်နန်းထိုက်ပန်တို့ ကုမ္ပဏီမှာအလုပ်ဝင်လုပ်စေချင်နေပြီပဲ။ ဒါဟာ ကောင်းသောဝင်ခြင်းမဟုတ်ဘူးဆိုတာကိုတော့ ပါးပါးနဲ့ ပိုင်ပဲသိလိမ့်မည်။

"ပိုင် အဆင်သင့်ဖြစ်နေပါပြီ ပါးပါး... ဒီအပတ်တွင်း ပိုင် အလုပ်ဝင်လိုက်ပါ့မယ်"

ဒေါ်နန်းထိုက်ပန်ဆီမှာ ပါးပါးသမီးအနေနဲ့ အလုပ်ဝင်ဖို့ဟာ လွယ်မနေဘူးလေ။ ထို့ကြောင့် ပိုင့်မှာလည်း ပိုင့်နည်းလမ်းရှိသည်။ ပါးပါးက နည်းနည်းကူညီတယ်ဆိုပေမဲ့ပေါ့။

"ဒါမှ ပါးပါးသမီးပီသတာကွ"

ပြုံးရင်းပြောလာသည့် ပါးပါးကြောင့် ထပ်ပြီး ပိုင်နှုတ်ခမ်းလှုပ်ရုံမျှပြုံးလိုက်သည်။

"ပိုင် ပါးပါးကိုပြောထားတဲ့ကိစ္စကရော"

ထိုကိစ္စကိုပြောတော့ ပါးပါးဟာ သက်ပြင်းသဲ့သဲ့ချသည်။ သို့ပေမဲ့ မငြင်းပါ။

"အဲ့မိန်း... ဟင်း... ပိုင့်မေမေနဲ့ တွေ့ဖို့ပြောတိုင်း ပါးပါးဘယ်တုန်းက ငြင်းခဲ့ဖူးလို့လဲ။ သွားတွေ့ပါ သတိတော့ထားပါ ပိုင်လေး။ ပါးပါး ဒီလောက်ပဲမှာချင်တယ်"

ပိုင် ခေါင်းညိတ်လိုက်သည်။ ၁၅ နှစ်ခန့်ကြာပြီးတဲ့နောက်မှာ ပိုင်ဟာ နှစ်ယောက်လုံးနဲ့ ပြန်တွေ့ဖို့ဖြစ်လာခဲ့သည်တဲ့။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

2.4 k words

Thanks for reading 📖

...

Zawgyi....

"အာ့!"

"ပိုင္ပိုင္!... ပိုင္ပိုင္ေလး သတိရလာၿပီ"

မ်က္လုံးဖြင့္ဖြင့္ျခင္း စိုးရိမ္တႀကီးေမးေနသည့္သူေၾကာင့္ ပိုင့္မ်က္ဝန္းေလးေတြစို႔နစ္သြားသည္။ ၿပီးေနာက္ ပိုင္ေၾကာက္႐ြံ႕စြာ ထထိုင္လိုက္သည္။ ပိုင္သည္ အိပ္ရာမရွိ၊ ေခါင္းအုံးမရွိ၊ ေစာင္မရွိ ညစ္ပတ္တဲ့ၾကမ္းျပင္ေပၚတြင္ ဒီတိုင္းအိပ္ေနရသည္မဟုတ္ပါပဲ ႏူးညံ့တဲ့အိပ္ရာေပၚေလးမွာတဲ့။ ၿပီးေတာ့ ပိုင့္ နာမည္ကို ဒီအေတာတြင္းဘယ္သူမွ မေခၚၾကဘူးမလား။ ထို႔ေၾကာင့္ ရင္ထဲေႏြးခနဲျဖစ္သြားေပမဲ့ ေၾကာက္လည္း ေၾကာက္႐ြံ႕မိသည္။

"သားႀကီးကို သြားေခၚစမ္း!! ပိုင္ပိုင္ေလး ႏိုးလာၿပီလို႔"

ထိုအခါအနားမွ အိမ္အကူျဖစ္ပုံရသည့္ သူဟာခ်က္ခ်င္းဆိုသလို ထသြားသည္။

"ပိုင္ပိုင္ေလးရယ္"

အနားတိုးရင္း ပိုင့္ပါးေလးကို ထိဖို႔လုပ္ေတာ့ လက္ေလးကို ေၾကာက္လန္႔ဟန္ျဖင့္ ပိုင့္လက္ေသးေသးေလးေတြျဖင့္ မထိရန္ကာလိုက္သည္။ ၿပီးေနာက္ ကုတင္ေခါင္းရင္းထိေအာင္အထိကို ေနာက္ဆုတ္သြားမိသည္။

"ဖြားဖြားေလ ပိုင္ပိုင္ေလးရဲ႕... မမွတ္မိဘူးလားဟင္"

ဟင့္အင္း ပိုင္သိတာေပါ့။ အခု ပိုင့္ေရွ႕မွာရွိေနသည့္သူဟာ ပိုင္ အရမ္းခ်စ္ရတဲ့ ဖြားဖြားဆိုတာ ပိုင္သိတာေပါ့။ ဒါေပမဲ့ ပိုင္ေၾကာက္သည္။ ပိုင္ လူေတြကိုေၾကာက္သည္။

"သမီးေလး! သမီးေလး ႏိုးလာၿပီဆို"

အေျပးေလးေရာက္လာသည့္ ပိုင့္ ပါးပါးကိုေတြ႕ေတာ့ ပိုင့္ မ်က္ရည္ေတြအလိုလိုက်လာသည္။ ပိုင္ အိမ္ျပန္ေရာက္ေနသည္။ ပိုင္ အိမ္ကိုျပန္ေရာက္ေနၿပီေပါ့။ ပိုင့္ကို လူဆိုးႀကီးေတြဖမ္းေခၚထားရာကေနလြတ္လာၿပီေပါ့။

"အီးဟီး... မထိနဲ႔!!... ပိုင့္ကို မထိနဲ႔ သြား... အီး"

ပါးပါးဟာ ပိုင့္ကို အငိုမ်က္ဝန္းေတြနဲ႔ ဝမ္းသာတႀကီးေပြ႕ဖက္လိုက္ေတာ့ ပိုင္ေၾကာက္႐ြံ႕စြာတြန္းထုတ္မိသည္။ ေျပာရင္း သတိလစ္မတတ္ျဖစ္သြားေသာ ပိုင္ေၾကာင့္ ပါးပါးႏွင့္ ဖြားဖြားဟာ ပိုင္တစ္ခုခုျဖစ္ေနၿပီဆိုတာ သိလိုက္ဟန္ပါ။

ေနာက္ပိုင္း ေျပာၾကတာကေတာ့ ပိုင္က Phobia တစ္မ်ိဳးစြဲကပ္သြားသည္။ လူေတြကို ေၾကာက္႐ြံ႕သြားျခင္းေပါ့။ ပိုင္သည္ အိမ္ကိုဘယ္လိုျပန္ေရာက္လာလည္းဆိုတာ ၆ လေလာက္ထိ မေမးခဲ့မိပါ။ ပိုင္ အိမ္ျပန္ေရာက္ၿပီး ၃ လေလာက္ၾကာမွ ပါးပါးနဲ႔ စကားနည္းနည္းစေျပာျဖစ္သည္။ ဒါေတာင္ တစ္ေန႔ကို တစ္ခြန္းႏွစ္ခြန္းသာ။ ၆ လေလာက္ၾကာေတာ့ ပါးပါးနဲ႔ အကြၽမ္းတဝင္နီးနီးျဖစ္လာသည္။

သို႔ေသာ္ ပိုင့္ရဲ႕ ကေလးစိတ္ေလးတို႔ဟာ မရွိေတာ့ေခ်။ ပိုင္ဟာ အမ်ားႀကီးတည္ၿငိမ္ရင့္က်က္သြားသူလို စကားနည္းသြားသည္။ ဒါေပမဲ့ ရင့္က်က္သြားတာမဟုတ္ပဲ ရင္ထဲ အေၾကာက္တရားေတြကို ဖုံးဖိထားခဲ့သည့္သေဘာပါပဲ။ ပါးပါးနဲ႔ စကားျပန္ေျပာလာေပမဲ့ အိမ္က အဖြားနဲ႔ေတာင္ စကားမေျပာျဖစ္။ ဘယ္သူကမွ ပိုင့္ကို စကားေျပာခ်င္လာေအာင္မလုပ္ႏိုင္။

ပိုင္ အိမ္ကို ဘယ္လိုျပန္ေရာက္လဲဆိုလွ်င္ ေဆး႐ုံတစ္ခုမွာေတြ႕ခဲ့တာတဲ့ေလ။ ပိုင့္ဟာ ရက္ေပါင္းမ်ားစြာဖ်ားၿပီး ေမ့ေမ်ာေနခဲ့တာတဲ့။ ပါးပါးဟာ ပိုင့္ကို ရွာဖို႔လူေတြေနရာအႏွံ႔ျဖန္႔က်က္ထားသည္မို႔ ဒီေလာက္အျမန္ရွာေတြ႕ခဲ့တာ။ အဆိုးဆုံးက ပိုင္ဟာ ၈ လေက်ာ္ေလာက္ ေပ်ာက္ဆုံးေနခဲ့တာ။ သို႔ေပမဲ့ ပိုင့္အတြက္ေတာ့ ထိုအိမ္ႀကီးမွာ ႏွစ္ေပါင္းမ်ားစြာေနခဲ့ရသလိုပါပဲ။

"ေမေမေရာဟင္... ပိုင္ေနေကာင္းရင္ ပါးပါးေျဖမယ္ဆို"

ပါးပါးႏွင့္ အကြၽမ္းတဝင္ျပန္မရွိလာတည္းက ေျပာျဖစ္သည့္စကားဟာ ဒါပါပဲ။ ေမေမ့ကို ပိုင္ျပန္ေရာက္တည္းက မေတြ႕တာ။ ေမေမ့ကို ပိုင္ေတြ႕ခ်င္သည္။ ေမေမ့ကို ဆိုရင္ေတာ့ ေမေမ့ရင္ခြင္ထဲ ပိုင္ ဖက္ငိုၿပီး တိုင္ေျပာပစ္မွာ။ ဒါေပမဲ့ ေမေမဟာ ပိုင့္အနားမွာရွိမေနဘူး။ ေမေမဟာ ဘယ္သြားေနတာလဲ။ ပိုင္ ဘာေတြျဖစ္ေနလဲ ေမေမ မသိဘူးလား။ ေမေမ့ကို ပိုင္ စိတ္ဆိုးခ်င္သည္။ သို႔ေသာ္ သတိရ၏။

"ပိုင္ေလး ေသခ်ာေနေကာင္း..."

"ဟင့္အင္း ပိုင္ပိုင္ ေနေကာင္းေနပါၿပီ ပါးပါးရဲ႕... ေျပာျပပါေတာ့ေနာ္။ ေမေမ့ကို ပိုင္လြမ္း...ေန...ၿပီ"

ငိုသံသဲ့သဲ့ေလးႏွင့္ေျပာေတာ့ ပိုင့္ပါးပါးဟာ သက္ျပင္းခ်သည္။ ထို႔ေနာက္ ေျပာလာသည့္စကားမ်ားဟာ ပိုင္ လက္ခံႏိုင္စရာအေၾကာင္းမရွိပါ။

"ပိုင္ေလးကို ဒီလိုျဖစ္ေအာင္လုပ္တဲ့ ႀကံရာပါထဲ ပိုင္ေလး ေမေမပါေနတယ္!... သူက နန္းထိုက္ပန္နဲ႔ တစ္စိတ္တည္းတစ္ညဏ္တည္း ပိုင္ေလးရဲ႕!! ဒါေတြကို ပိုင္ေလးကို ရွင္းျပဖို႔ ပိုင္ေလး နားမလည္ေသးပါဘူး...

ဒါေပမဲ့ ပိုင္ေလး နားလည္ႏိုင္သေလာက္ကို ပါးပါးရွင္းျပမယ္။ ပိုင္ေလး ႀကီးလာတဲ့အခါ ပါးပါးေျပာတာေတြကို ရွင္းရွင္းလင္းလင္းနားလည္သြားမွာပါ"

စိတ္ေလးသလိုေျပာလာသည့္ ပါးပါးစကားေၾကာင့္ ပိုင္ တုန္သြားသည္။ ပိုင္ ဘယ္လိုလက္ခံရမလဲ ဒီကိစၥမွာ ေမေမပါတယ္ဆိုတာ။ ေမေမဟာ ပိုင့္ကို ဒီလိုလုပ္ရက္မွာမဟုတ္ဘူး။ ေမေမက ပိုင့္ကိုအရမ္းခ်စ္တာ။ ဒါေပမဲ့ ပါးပါးဟာ ပိုင္မေျပာျပထားပါပဲ နန္းထိုက္ပန္ဆိုတာလည္း သိသည္တဲ့။

ထို႔ေနာက္ စၿပီး ပိုင့္ေခါင္းေလးႏွင့္ နားလည္သေလာက္ကို ပါးပါးဟာ ရွင္းျပေတာ့သည္။

"ဒီကိစၥမွာ ပါးပါးသိေနတဲ့ အဓိကတရားခံက ေဒၚနန္းထိုက္ပန္ပဲ ပိုင္ေလး... ဒါေပမဲ့ ပါးပါးမွာ သက္ေသမရွိလို႔ အဲ့မိန္းမဆိုတာသိရက္နဲ႔ ပါးပါးဘာမွလုပ္လို႔မရဘူးကြယ္။ ပါးပါးကို ခြင့္လႊတ္ပါေနာ္"

ဝမ္းနည္းစို႔နစ္စြာေျပာလာသည့္ ပါးပါးသည္ ပိုင့္ကိစၥေၾကာင့္ ဘယ္ေလာက္ပူပန္ေနခဲ့ရလဲဆိုတာကိုသိႏိုင္သည္။

"ဟုတ္သား ပိုင္ေလးကေတာ့ ေဒၚနန္းထိုက္ပန္ဘယ္သူလဲဆိုတာသိမွာမဟုတ္ဘူး။ အဲ့မိန္းမက သမီးေမေမရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းပဲ... ခ်စ္တာမွ အမႊာညီမလိုပဲ။ သူတို႔ႏွစ္ေယာက္ကိုခြါေတြ႕တာမေတြ႕ေလာက္တဲ့အထိ....

ခက္တာက ပါးပါးကေလ သူတို႔ႏွစ္ေယာက္ၾကားဝင္ဖို႔ျဖစ္လာခဲ့တယ္။  ပိုင္ေလးေမေမကို ခ်စ္မိသြားလို႔လက္ထပ္ဖို႔ျဖစ္တဲ့အခါေပါ့... ပါးပါးက ပိုင္ေလးေမေမ့ကို ခ်စ္လို႔ လက္ထပ္ေတာင္းရမ္းခဲ့တာေလ။ ပိုင္ေလး ေမေမကလည္းလက္ခံခဲ့ပါတယ္... ဒါေပမဲ့ ျပႆနာတစ္ခုဟာ ပါးပါးတို႔နဲ႔ အခု ပိုင္ေလးကိုျပန္ေပးဆြဲခဲ့တဲ့ နန္းထိုက္ပန္တို႔နဲ႔က စီးပြါးၿပိဳင္ဘက္ေတြျဖစ္ေနတာ။

ပိုင္ေလး နားအလည္ရဆုံးေျပာရရင္ ရန္သူေတြလိုေပါ့။ ပိုင္ေလးေမေမ လက္ခံလိုက္ေတာ့ ပါးပါးကေပ်ာ္ေနခဲ့တာ... ေနာက္ေတာ့မွ သိလိုက္ရတာက သူတို႔က စိတ္ဝမ္းကြဲသြားသလိုနဲ႔ ပါးပါးဆီက လုပ္ငန္းသတင္းေတြႏႈိက္ေပးေနတာတဲ့ေလ... ပါးပါးအတြက္ ဒါကိုသိရေတာ့ စိတ္နာေပမဲ့ ခ်စ္တဲ့စိတ္ကပိုႀကီးေနလို႔ ပါးပါးမသိခ်င္ေယာင္ေဆာင္ရက္တယ္!!.... ဒါေပမဲ့ ဒီမိန္းမလြန္တယ္ ပါးပါး သမီးေလးကိုမွ!!!..."

ပါးပါးဟာ နာက်ည္းစြာေျပာလာေတာ့ ပိုင့္ ရင္ထဲနာက်င္သြားသည္။ ပါးပါးနဲ႔ ေမေမဟာ ထိုကိစၥေၾကာင့္ ကြာရွင္းလိုက္တာတဲ့။

အစပိုင္းကေတာ့ ပိုင္ လက္မခံေပမဲ့ ေနာက္အသက္ရလာသည့္အခါ ပိုင့္ပါးပါးေျပာတာေတြကို သိလာသည္။ နားလည္လာသည္။ ေမေမဟာ ႀကံရာပါဆိုသည္ကိုယုံၾကည္လာသည္။ မဟုတ္လွ်င္ေတာင္ ပိုင့္ကို ထားရစ္ခဲ့တာတစ္ခုႏွင့္တင္ မုန္းသည္။ ေမေမဟာ သူလိပ္ျပာလုံလွ်င္ ပိုင့္ကိုလာေတြ႕ရမည္မလား။ ပါးပါးဟာ ပိုင့္စိတ္တိုင္းက် ဖုန္းေျပာခြင့္ေရာ၊ သြားေတြ႕ခြင့္ေရာေပးေပမဲ့ ေမေမဟာ ဖုန္းမေျပာသလို၊ အေတြ႕လည္း မခံေပ။ ဒါကို ပိုင္နာက်ည္းမိသည္။

ၿပီးေတာ့ ေမေမက ပိုင့္အေမရင္းမဟုတ္ဘူးတဲ့။ ဒါေၾကာင့္ လုပ္ရက္ခဲ့တာေလ။ ပိုင္ဟာ သူမကို ဖမ္းဆီးနာက်င္ေအာင္လုပ္ခဲ့သည့္ နန္းထိုက္ပိုင္ဆိုသည့္ မိန္းမအေၾကာင္းကို သိလွ်က္ႏွင့္ ပါးပါးဆီ တစ္ခြန္းမွမဟမိခဲ့ပါ။ မုန္းလည္း မမုန္းခဲ့ပါ။ သို႔ေသာ္ နာမည္ၾကား႐ုံႏွင့္ နာက်ည္းသည္။ ထို႔အျပင္ ပိုင္ဟာ ထိုမိန္းမနာမည္ၾကား႐ုံႏွင့္ သိပ္ေၾကာက္သည္။

ထိုကိစၥေတြအၿပီးမွာ ပိုင္ မပတ္သက္ခ်င္ဆုံး မိန္းမႏွစ္ေယာက္ဟာ နန္းထိုက္ပန္ႏွင့္ ခင္မမျဖစ္ခဲ့သည္။ ခင္မမကိုေတာ့ မုန္းတီးလွၿပီး နန္းထိုက္ပန္ကိုေတာ့ နာက်ည္းစိတ္ႏွင့္အတူ ေၾကာက္႐ြံ႕စိတ္ေတြ ေရာေထြးလွ်က္။

...

"ေျမးေလးေရ ထမင္းစားမယ္ကြဲ႕"

"ဟုတ္ကဲ့ ေျမးလာခဲ့ပါ့မယ္ ဖြားဖြား"

ေရခ်ိဳးခန္းအျပင္ဘက္ကေန တံခါးလာေခၚသည့္ အဖြားျဖစ္သူေၾကာင့္ ပိုင္ ျပန္ေျဖလိုက္သည္။ အဖြားျဖစ္သူ ထြက္သြားၿပီလို႔ထင္ရသည့္အခါမွ ပိုင္ သက္ျပင္းခ်လိုက္မိ၏။ ဩဇီမွာ သြားေနတဲ့တစ္ေလွ်ာက္ အဖြားျဖစ္သူႏွင့္ ပိုင္ ျပန္စိမ္းသက္သြားျပန္ၿပီေလ။ ပိုင္ ဩဇီကေန ျပန္ေရာက္တာ တစ္ပတ္မျပည့္ေသးဘူးေလ။ ထို႔ေၾကာင့္လည္း ပါမည္ထင္ပါ၏။

မွန္ေပၚက ကိုယ္႐ုပ္ေလးကိုယ္ေတြ႕ေတာ့ ၿပဳံးလိုက္မိသည္။ ဒီအ႐ြယ္ထိ ဘယ္သူ႔ကိုမွမခ်စ္မိပဲ ကိုယ့္ကိုယ္ကိုျပန္ခ်စ္ေနရတာလဲ အလုပ္တစ္လုပ္။ ပိုင့္မႀကိဳက္တာဆိုလို႔ ပိုင့္ရဲ႕ ဩရွရွအသံသာရွိ၏။ ပိုင့္ရဲ႕ အသားျဖဴျဖဴေလးဝင္းဝင္းေလးကို ၾကည့္တိုင္း မႀကိဳက္ပဲမေနႏိုင္။ ဆံပင္အရွည္ထားရတာ ႀကိဳက္သူမို႔ ဆံႏြယ္ေျဖာင့္ဆင္းဆင္းအရွည္ေလးဟာ ေက်ာလည္ေလာက္ထိရွိသည့္ ဆံႏြယ္ေလးေတြကိုလည္း ပိုင္ႀကိဳက္သည္။

ၿပီးေတာ့ မ်က္ေတာင္ေကာ့ဆင္းဆင္းေလးရယ္၊ ၾကည့္လိုက္တိုင္း တည္ၾကည္ေနသည့္ သူ႔ရဲ႕ မီးခိုးေရာင္မ်က္ဝန္းေလးေတြကိုလည္း ႀကိဳက္သည္။ ႏွာတံခြၽန္ခြၽန္ေလးကိုေရာ၊ ဆြဲေဆာင္မႈရွိလွသည့္ ႏႈတ္ခမ္း မထူမပါးေလးကိုလည္း သေဘာက်သည္။ ေမး႐ိုးနည္းနည္းကားတာကိုေတာ့ သိပ္မႀကိဳက္လွေပမဲ့ အဲ့ဒါကလည္း ပိုင္ႏွင့္ တစ္မ်ိဳးမိုက္ေနသည္ေလ။ အထူးသျဖင့္ ေယာက်္ားေလးလို ဟန္ေဆာင္သည့္အခါမ်ိဳးဆိုလွ်င္ ပိုင္ဟာ အသံကပါဩရွရွျဖစ္ေန၍ ေယာက်္ားေလးႏွင့္ ဆင္တူေလသည္။ ထိုကိစၥကိုေတြးမိေတာ့ ပိုင္စိတ္ပူမိသြားျပန္သည္။

"အဆင္ေျပပါ့မလား ျခဴးမီးလ်ံပိုင္ရယ္"

ပိုင္ မေရရာစြာေျပာၿပီးေနာက္မွာ ဆံပင္အနည္းငယ္ဖုံးေနေသာ ပိုင့္နဖူးေလးကို လွန္ၾကည့္လိုက္သည့္အခါ ပိုင့္ မ်က္ႏွာလွလွေလးဟာ အက်ည္းတန္သြားသလိုပင္။ ဘယ်ဘက္မ်က္ခုံးေပၚတြင္ရွိသည့္ အကြဲလိုက္ အမာ႐ြတ္ကိုျမင္ေတာ့မွ ပိုင့္စိတ္တို႔ျပန္တည္ၿငိမ္သြားသည္။ နာက်ည္းသြားသည္။ ဟုတ္သည္ေလ။ ပိုင္ အဆင္ေျပမွကိုျဖစ္မည္။ ပိုင္ လက္စားျပန္ေခ်ႏိုင္ရမည္မဟုတ္လား။

အမွန္ေတာ့ ပိုင္ ဂလဲ့စားျပန္ေခ်ခ်င္လြန္းတာေတာ့မဟုတ္ပါ။ ပါးပါးဟာ ပိုင့္ ကိုယ္ေပၚက အမာ႐ြတ္တစ္ခ်ိဳ႕ကို အမာ႐ြတ္မက်န္ေအာင္ အမ်ိဳးမ်ိဳးကုသေပးခဲ့ေပမဲ့ ထိုဒဏ္ရာကိုေတာ့ တမင္ခ်န္ထားခဲ့တာ။ ပါးပါးကိုယ္တိုင္က သူတို႔ကို မုန္းတီးေနခဲ့သည္မို႔ ပါးပါးဇာတ္ကို ပိုင္လိုက္ကေပးရမည္ေလ။ ဒါကလည္း ပါးပါးက အတင္းက်ပ္ခိုင္းတာေတာ့မဟုတ္ပါ။ ပိုင္လည္း ဆႏၵအနည္းငယ္ရွိသည္ဆို မမွားေပ။

"ေဟာ ေျမးေလးဆင္းလာၿပီ"

ဖြားဖြားကေျပာေတာ့ ပိုင္ ႏႈတ္ခမ္းလႈပ္႐ုံၿပဳံးလိုက္ၿပီး ႏႈတ္ဆက္ဟန္ျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ ပိုင္ ဒီထက္ပိုၿပဳံးျပႏႈတ္ဆက္ခ်င္ေပမဲ့ ပါးပါးအပါဝင္လူေတြနဲ႔ဆို ပိုင္ဟာ အရမ္းတည္ၿငိမ္လြန္းတာမဟုတ္လား။ ပါးပါးဟာ ခုံအႀကီးႀကီးအလည္ေတြ ထိုင္ေနခဲ့သည္။ ဖြားဖြားကေတာ့ ပါးပါးဘယ္ဘက္ျခမ္းေတြထိုင္သည္။ ထို႔ေၾကာင့္ ဖြားဖြားႏွင့္ မ်က္ႏွာျခင္းဆိုင္ ညာဘက္တြင္ ပိုင္ဝင္ထိုင္လိုင္သည္။ ႏွစ္ေယာက္လုံးမစားေသးပုံေထာက္လွ်င္ ပိုင့္ကိုေစာင့္ေနပုံပဲ။

စားပြဲတစ္ခုလုံး ဖြားဖြားအသံခ်ည္းႏွင့္သာ ႀကီးစိုးေနသည္။ ပါးပါးကေတာ့ လိုအပ္ရင္ လိုအပ္သလို နည္းနည္းဝင္ေျပာသည္။ ပိုင္ကေတာ့ ဘာလာလာ ေခါင္းညိတ္၍ 'ဟုတ္ကဲ့' ဆိုသည့္စကားကိုပဲ ႏႈတ္တိုက္က်က္ထားသူလို ဒါပဲျပန္ေျဖမိသည္။

"ပါးပါး ေျပာထားတဲ့ကိစၥ အစေဖာ္ဖို႔အဆင္သင့္ျဖစ္ၿပီလား"

ျမန္မာႏိုင္ငံ ျပန္ေရာက္တာ ၃ ရက္ပဲရွိေသးသည္။ ပါးပါးဟာ ေဒၚနန္းထိုက္ပန္တို႔ ကုမၸဏီမွာအလုပ္ဝင္လုပ္ေစခ်င္ေနၿပီပဲ။ ဒါဟာ ေကာင္းေသာဝင္ျခင္းမဟုတ္ဘူးဆိုတာကိုေတာ့ ပါးပါးနဲ႔ ပိုင္ပဲသိလိမ့္မည္။

"ပိုင္ အဆင္သင့္ျဖစ္ေနပါၿပီ ပါးပါး... ဒီအပတ္တြင္း ပိုင္ အလုပ္ဝင္လိုက္ပါ့မယ္"

ေဒၚနန္းထိုက္ပန္ဆီမွာ ပါးပါးသမီးအေနနဲ႔ အလုပ္ဝင္ဖို႔ဟာ လြယ္မေနဘူးေလ။ ထို႔ေၾကာင့္ ပိုင့္မွာလည္း ပိုင့္နည္းလမ္းရွိသည္။ ပါးပါးက နည္းနည္းကူညီတယ္ဆိုေပမဲ့ေပါ့။

"ဒါမွ ပါးပါးသမီးပီသတာကြ"

ၿပဳံးရင္းေျပာလာသည့္ ပါးပါးေၾကာင့္ ထပ္ၿပီး ပိုင္ႏႈတ္ခမ္းလႈပ္႐ုံမွ်ၿပဳံးလိုက္သည္။

"ပိုင္ ပါးပါးကိုေျပာထားတဲ့ကိစၥကေရာ"

ထိုကိစၥကိုေျပာေတာ့ ပါးပါးဟာ သက္ျပင္းသဲ့သဲ့ခ်သည္။ သို႔ေပမဲ့ မျငင္းပါ။

"အဲ့မိန္း... ဟင္း... ပိုင့္ေမေမနဲ႔ ေတြ႕ဖို႔ေျပာတိုင္း ပါးပါးဘယ္တုန္းက ျငင္းခဲ့ဖူးလို႔လဲ။ သြားေတြ႕ပါ သတိေတာ့ထားပါ ပိုင္ေလး။ ပါးပါး ဒီေလာက္ပဲမွာခ်င္တယ္"

ပိုင္ ေခါင္းညိတ္လိုက္သည္။ ၁၅ ႏွစ္ခန္႔ၾကာၿပီးတဲ့ေနာက္မွာ ပိုင္ဟာ ႏွစ္ေယာက္လုံးနဲ႔ ျပန္ေတြ႕ဖို႔ျဖစ္လာခဲ့သည္တဲ့။

...

TBC...

အမွားပါရင္ ခြင့္လႊတ္ပါ 🧡

2.4 k words

Thanks for reading 📖


You are reading the story above: TeenFic.Net