အပိုင်း -၄၅၈

Background color
Font
Font size
Line height

Unicode
အပိုင်း  ၄၅၈- မင်းအတွက် တစ်စုံတစ်ဦး စိုးရိမ်ပူပန်မှု

ဆန့်ကျင်ဘက်အားဖြင့်၊ လုရိချန်၏နူးညံ့အေးစက်သောမျက်နှာသည် အင်္ကျီနောက်ဘက်တွင် ချွေးများစိုစွတ်နေသော်လည်း သန့်ရှင်းလတ်ဆတ်နေသေးသည်။

ဟန်ချီချင် မတ်တပ်ရပ်လိုက်သည်။ သူမသည် လက်ရန်းကိုကိုင်ကာ လုရိချန် ကို စိုးရိမ်တကြီးကြည့်ကာ ချောင်းကြည့်လိုက်သည်။

သို့သော်၊ ဘတ်စကတ်ဘောနည်းပြသည် အသင်းနှင့် တိုင်ပင် ဆွေးနွေးမှုပြုလုပ်နေတာကြောင့်  သူမသည် သူတို့အား နှောက်ယှက်ရန် သတ္တိမရှိပေ။

နည်းပြက ပြောပြီးတာနဲ့ အသင်းသားများကို အနားယူဖို့ လွှတ် ‌ ‌ပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ဝက်ကြားက ၁၅ မိနစ်လောက် အနားယူချိန်ရသည်။

လုရိချန် အဖွဲ့ပြန် ဝင်လာချိန်တွင် ဟန်ချီချင်သည် အပြင်ဘက်သို့ အလျင်စလို ပြေးထွက်ကာ လုရိချန်အား

"လုရိချန်၊ ရှင် အဆင်ပြေရဲ့လား"

ဟု အော်လိုက်သည်။

လုရိချန် ၏ အသင်းဖော် က သူ့ကို တံတောင်ဖြင့် နောက်ပြောင်သည်။

"တစ်ယောက်ယောက်က မင်းကို စိတ်ပူနေတယ် တွေ့လား "

လုရိချန် က သူမကို မော့ကြည့်ရင်း မျက်နှာသုတ်ပဝါနဲ့ သုတ်နေတယ်။

“ကျွန်တော် အဆင်ပြေပါတယ်”

ဟု ညင်သာစွာ ဖြေသည်။

ထို့နောက် သူသည် မုရှောင်းရှောင်ဘက်ကို အကြည့်လွှဲလိုက်သည်။

မုရှောင်းရှောင် က သူ့ကို ပြုံးပြပြီး လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်သည်။

"အရာရာအကောင်းဆုံးဖြစ်ပါစေ!"

လုရိချန် က ပြုံးပြီး ခေါင်းညိတ်သည်။

“ကောင်းပြီ။”

လာမယ့် ပြိင်ပွဲစဉ် တစ်ဝက်က  အရင်ကထက် ပိုပြီး ပြင်းထန် လာခဲ့သည်။

ဟန်ချီချင် သည် မုရှောင်းရှောင် ကို ကြည့်ပြီး သူမမျက်နှာက၏ မကျေမနပ် ဖြစ်နေသည်။

“ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းက လူတွေကို ကြည့်စမ်းဟယ် ။ သူတို့အားလုံး ကစားတာ အရမ်းရက်စက်ပုံရတယ်။ သူတို့ဟာ ကစားနေတာမဟုတ်ဘဲ ရန်ဖြစ်နေတဲ့ပုံ ပေါ်တယ်”

"အင်း ငါလည်း  အဲလို ထင်​တယ်​။"

မုရှောင်းရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။

သူမတို့နှစ်ယောက် စကားပြောနေချိန်မှာတော့ ဒုတိယအဆင့်မြင့်အထက်တန်းကျောင်း ကစားသမားအဖွဲ့သားတွေက သူတို့ကိုကြည့်နေတာကို သတိမထားမိလိုက်ကြ။

လုရိချန် က မုရှောင်းရှောင် ကို စောစောက ဘယ်လို ကာကွယ်ခဲ့တယ်ဆိုတာ လူတိုင်း မြင်သွားကြတာပင်။

ထို့ကြောင့် မုရှောင်းရှောင် သည် လုရိချန်အတွက် အမှန်တကယ် အရေးပါသူတစ်ဦးဖြစ်ရမည်ကို သူတို့သိခဲ့ကြသည်။

ဒုတိယအထက်တန်းကျောင်းသူကျောင်းသားများသည်ယင်းရှောင်ကျဲ  နှင့်သူမ၏ဆက်ဆံရေးကိုသတိမမူမိခဲ့ကြ၊ မုရှောင်းရှောင်သည် လုရိချန် ၏ချစ်သူဖြစ်နိုင်သည်ဟု သဘာဝကျကျပဲ ယူဆခဲ့သည်။

ပြိုင်ပွဲတွင် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

ဒုတိယအဆင့်မြင့်အထက်တန်းကျောင်း မှ အဖွဲ့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဘတ်စကက်ဘောကို ပစ်လိုက်တာနဲ့ လူတစ်ယောက် ရုတ်တရက် ခုန်တက်လာပြီး ကွင်းထဲက ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်တာကြောင့်  ကွင်းအပြင်ကို လွင့်သွားတောဘသည်။ 

လုရိချန် ရဲ့ အကြည့်တွေက ဘောလုံးမှာ ကော်လို အမြဲကပ်နေ ပေမယ့်  ဘောလုံးက ဘယ်သူ့ဆီ ဦးတည်နေမှန်း သိလိုက်ချိန်မှာတော့ သူ့အကြည့်တွေက ယိမ်းယိုင်သွားရသည် ။

“ရှောင်းရှောင်—”

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

ဟန်ချီချင် သည် ကြောက်လန့်တကြား ဖြစ်သွာကာ  နှလုံးပါရပ်မတတ်ဖြစ်သွားရသည်။ သူမသည် လက်ကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လျှပ်စီးကြောင်းအတိုင်း ရှောင်းရှောင် ဆီသို့ ဘတ်စကတ်ဘော ပြေးသွားသည်ကိုသာ စောင့်ကြည့်နိုင်ခဲ့သည်။

မုရှောင်းရှောင် သည် ဘတ်စကတ်ဘောကို စိုက်ကြည့်နေသည်။ သူမ အရမ်းကြောက်နေမိတာကြောင့် ရှောင်လိုက်ဖို့ထပ်  မျက်လုံးမှိတ်ဖိူ့ာ အချိန်ပဲရှိသည် ။

“ဘန်း !”

ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

ကွင်းတစ်ခုလုံး အသက်ရှုကြပ်နေချိန်မှာပဲ ဘတ်စကတ်ဘောက ကွင်းထဲကို ပြန် ရောက်သွားပြီး မြေပြင်ပေါ် ခုန်ပေါက် နေတော့သည်။

"ဝါး  - ဒါ ဒါ  သခင်လေးကျဲ!"

မုရှောင်းရှောင် မျှော်လင့်ထားတဲ့ နာကျင်မှုက သူမဆီ ရောက်မလာပေမယ့် ဒီအော်သံကို သူမကြားလိုက်ရတယ်။ သူမ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်တော့  ယင်းရှောင်ကျဲ မျက်နှာက သူမရှေ့တွင် နှုတ်ဆက်နေသည်။

အိုး... သူပုံစံက အရမ်းစိတ်မကောင်းဖြစ်ပုံရတယ်။


ယင်းရှောင်ကျဲ  သည် စိတ်မကောင်းဖြစ်နေရုံသာမက ဒေါသစိတ် ကြောင့်လဲ မျက်နှာက စိမ်း‌မှောင်နေသည်။

မုရှောင်းရှောင်သည် သူ၏ အမှောင်အရိပ်လို အကြည့်များကို ဆုံတွေ့ရပြီးနောက် သူမ လုံခြုံစွာ ကာကွယ်ခံထားသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူမသည် သူမ၏ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး စိုစွတ်သော‌‌ရေများသည် သူမ၏မျက်လုံးများထဲတွင် စတင်ဖြစ်ပေါ်လာသည်။

"နင် မလာဘူးလို့ပြောတာမဟုတ်လား"

သူမသည် ယင်းရှောင်ကျဲ  ကလေးတစ်ယောက်လို  ညည်းညူနေသကဲ့သို့ ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

ယင်းရှောင်ကျဲ ၏ နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။

“ငါ မလာဘူး လို့ ပြောရုံနဲ့ မလာရ‌တော့ဘူးလား။ မင်းမိသားစုက ဒီကွင်းကိုပိုင်လို့လား"

မုရှောင်းရှောင် က နှုတ်ခမ်းစူပြီး တုံ့ပြန်လိုက်သည်။

ဟွန့် ငါ သိတယ်၊ နင့်မိသားစုက ဒီကွင်းကိုပိုင်တာ ငါသိတယ်။

ယင်းရှောင်ကျဲ လက်ကို လှမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း သူမလက်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေပုံရပြီး လေကို  ဆုပ်ကိုင်မိလိုက်သည်။

မုရှောင်းရှောင် က ပိုတောင်ဆိုးသွားသလို ခံစားရတယ်။

"နင် စိတ်ဆိုးနေလား?"

"မဟုတ်ဘူး"

ယင်းရှောင်ကျဲ မြန်မြန်ပြန်ဖြေလိုက်ပေမယ့်  လေသံက တကယ်ကိုပဲ အေးစက်‌နေတာ ကြောင့် စိတ်ဆိုးနေပုံရသည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း  ၄၅၈- မင္းအတြက္ တစ္စုံတစ္ဦး စိုးရိမ္ပူပန္မႈ

ဆန႔္က်င္ဘက္အားျဖင့္၊ လုရိခ်န္၏ႏူးညံ့ေအးစက္ေသာမ်က္ႏွာသည္ အက်ႌေနာက္ဘက္တြင္ ေခြၽးမ်ားစိုစြတ္ေနေသာ္လည္း သန႔္ရွင္းလတ္ဆတ္ေနေသးသည္။

ဟန္ခ်ီခ်င္ မတ္တပ္ရပ္လိုက္သည္။ သူမသည္ လက္ရန္းကိုကိုင္ကာ လုရိခ်န္ ကို စိုးရိမ္တႀကီးၾကည့္ကာ ေခ်ာင္းၾကည့္လိုက္သည္။

သို႔ေသာ္၊ ဘတ္စကတ္ေဘာနည္းျပသည္ အသင္းႏွင့္ တိုင္ပင္ ေဆြးေႏြးမႈျပဳလုပ္ေနတာေၾကာင့္  သူမသည္ သူတို႔အား ေႏွာက္ယွက္ရန္ သတၱိမရွိေပ။

နည္းျပက ေျပာၿပီးတာနဲ႔ အသင္းသားမ်ားကို အနားယူဖို႔ လႊတ္ ‌ ‌ေပးလိုက္သည္။

ဘာပဲျဖစ္ျဖစ္၊ ၿပိဳင္ပြဲတစ္ဝက္ၾကားက ၁၅ မိနစ္ေလာက္ အနားယူခ်ိန္ရသည္။

လုရိခ်န္ အဖြဲ႕ျပန္ ဝင္လာခ်ိန္တြင္ ဟန္ခ်ီခ်င္သည္ အျပင္ဘက္သို႔ အလ်င္စလို ေျပးထြက္ကာ လုရိခ်န္အား

"လုရိခ်န္၊ ရွင္ အဆင္ေျပရဲ႕လား"

ဟု ေအာ္လိုက္သည္။

လုရိခ်န္ ၏ အသင္းေဖာ္ က သူ႔ကို တံေတာင္ျဖင့္ ေနာက္ေျပာင္သည္။

"တစ္ေယာက္ေယာက္က မင္းကို စိတ္ပူေနတယ္ ေတြ႕လား "

လုရိခ်န္ က သူမကို ေမာ့ၾကည့္ရင္း မ်က္ႏွာသုတ္ပဝါနဲ႔ သုတ္ေနတယ္။

“ကြၽန္ေတာ္ အဆင္ေျပပါတယ္”

ဟု ညင္သာစြာ ေျဖသည္။

ထို႔ေနာက္ သူသည္ မုေရွာင္းေရွာင္ဘက္ကို အၾကည့္လႊဲလိုက္သည္။

မုေရွာင္းေရွာင္ က သူ႔ကို ၿပဳံးျပၿပီး ေလထဲသို႔ လက္သီးတစ္ခ်က္ ထိုးလိုက္သည္။

"အရာရာအေကာင္းဆုံးျဖစ္ပါေစ!"

လုရိခ်န္ က ၿပဳံးၿပီး ေခါင္းညိတ္သည္။

“ေကာင္းၿပီ။”

လာမယ့္ ၿပိင္ပြဲစဥ္ တစ္ဝက္က  အရင္ကထက္ ပိုၿပီး ျပင္းထန္ လာခဲ့သည္။

ဟန္ခ်ီခ်င္ သည္ မုေရွာင္းေရွာင္ ကို ၾကည့္ၿပီး သူမမ်က္ႏွာက၏ မေက်မနပ္ ျဖစ္ေနသည္။

“ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းက လူေတြကို ၾကည့္စမ္းဟယ္ ။ သူတို႔အားလုံး ကစားတာ အရမ္းရက္စက္ပုံရတယ္။ သူတို႔ဟာ ကစားေနတာမဟုတ္ဘဲ ရန္ျဖစ္ေနတဲ့ပုံ ေပၚတယ္”

"အင္း ငါလည္း  အဲလို ထင္​တယ္​။"

မုေရွာင္းေရွာင္ ေခါင္းညိတ္သေဘာတူလိုက္သည္။

သူမတို႔ႏွစ္ေယာက္ စကားေျပာေနခ်ိန္မွာေတာ့ ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္း ကစားသမားအဖြဲ႕သားေတြက သူတို႔ကိုၾကည့္ေနတာကို သတိမထားမိလိုက္ၾက။

လုရိခ်န္ က မုေရွာင္းေရွာင္ ကို ေစာေစာက ဘယ္လို ကာကြယ္ခဲ့တယ္ဆိုတာ လူတိုင္း ျမင္သြားၾကတာပင္။

ထို႔ေၾကာင့္ မုေရွာင္းေရွာင္ သည္ လုရိခ်န္အတြက္ အမွန္တကယ္ အေရးပါသူတစ္ဦးျဖစ္ရမည္ကို သူတို႔သိခဲ့ၾကသည္။

ဒုတိယအထက္တန္းေက်ာင္းသူေက်ာင္းသားမ်ားသည္ယင္းေရွာင္က်ဲ  ႏွင့္သူမ၏ဆက္ဆံေရးကိုသတိမမူမိခဲ့ၾက၊ မုေရွာင္းေရွာင္သည္ လုရိခ်န္ ၏ခ်စ္သူျဖစ္ႏိုင္သည္ဟု သဘာဝက်က်ပဲ ယူဆခဲ့သည္။

ၿပိဳင္ပြဲတြင္ ႏွစ္သင္းစလုံး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကသည္။

ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္း မွ အဖြဲ႕သည္ အခ်င္းခ်င္း အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။ ဘတ္စကက္ေဘာကို ပစ္လိုက္တာနဲ႔ လူတစ္ေယာက္ ႐ုတ္တရက္ ခုန္တက္လာၿပီး ကြင္းထဲက ျပင္းျပင္းထန္ထန္ ႐ိုက္ပုတ္လိုက္တာေၾကာင့္  ကြင္းအျပင္ကို လြင့္သြားေတာဘသည္။ 

လုရိခ်န္ ရဲ႕ အၾကည့္ေတြက ေဘာလုံးမွာ ေကာ္လို အၿမဲကပ္ေန ေပမယ့္  ေဘာလုံးက ဘယ္သူ႔ဆီ ဦးတည္ေနမွန္း သိလိုက္ခ်ိန္မွာေတာ့ သူ႔အၾကည့္ေတြက ယိမ္းယိုင္သြားရသည္ ။

“ေရွာင္းေရွာင္—”

သို႔ေသာ္ ေနာက္က်သြားၿပီ ျဖစ္သည္။

ဟန္ခ်ီခ်င္ သည္ ေၾကာက္လန႔္တၾကား ျဖစ္သြာကာ  ႏွလုံးပါရပ္မတတ္ျဖစ္သြားရသည္။ သူမသည္ လက္ကိုသာ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၿပီး လွ်ပ္စီးေၾကာင္းအတိုင္း ေရွာင္းေရွာင္ ဆီသို႔ ဘတ္စကတ္ေဘာ ေျပးသြားသည္ကိုသာ ေစာင့္ၾကည့္ႏိုင္ခဲ့သည္။

မုေရွာင္းေရွာင္ သည္ ဘတ္စကတ္ေဘာကို စိုက္ၾကည့္ေနသည္။ သူမ အရမ္းေၾကာက္ေနမိတာေၾကာင့္ ေရွာင္လိုက္ဖို႔ထပ္  မ်က္လုံးမွိတ္ဖိူ႔ာ အခ်ိန္ပဲရွိသည္ ။

“ဘန္း !”

က်ယ္ေလာင္ေသာ ဆူညံသံတစ္ခု ထြက္ေပၚလာသည္။

ကြင္းတစ္ခုလုံး အသက္ရႈၾကပ္ေနခ်ိန္မွာပဲ ဘတ္စကတ္ေဘာက ကြင္းထဲကို ျပန္ ေရာက္သြားၿပီး ေျမျပင္ေပၚ ခုန္ေပါက္ ေနေတာ့သည္။

"ဝါး  - ဒါ ဒါ  သခင္ေလးက်ဲ!"

မုေရွာင္းေရွာင္ ေမွ်ာ္လင့္ထားတဲ့ နာက်င္မႈက သူမဆီ ေရာက္မလာေပမယ့္ ဒီေအာ္သံကို သူမၾကားလိုက္ရတယ္။ သူမ မ်က္လုံးမ်ားကို ႐ုတ္တရက္ဖြင့္လိုက္ေတာ့  ယင္းေရွာင္က်ဲ မ်က္ႏွာက သူမေရွ႕တြင္ ႏႈတ္ဆက္ေနသည္။

အိုး... သူပုံစံက အရမ္းစိတ္မေကာင္းျဖစ္ပုံရတယ္။


ယင္းေရွာင္က်ဲ  သည္ စိတ္မေကာင္းျဖစ္ေန႐ုံသာမက ေဒါသစိတ္ ေၾကာင့္လဲ မ်က္ႏွာက စိမ္း‌ေမွာင္ေနသည္။

မုေရွာင္းေရွာင္သည္ သူ၏ အေမွာင္အရိပ္လို အၾကည့္မ်ားကို ဆုံေတြ႕ရၿပီးေနာက္ သူမ လုံၿခဳံစြာ ကာကြယ္ခံထားသည္ဟု ခံစားလိုက္ရသည္။ ထိုအခ်ိန္တြင္ သူမသည္ သူမ၏ေၾကာက္႐ြံ႕မႈကို ခံစားလိုက္ရၿပီး စိုစြတ္ေသာ‌‌ေရမ်ားသည္ သူမ၏မ်က္လုံးမ်ားထဲတြင္ စတင္ျဖစ္ေပၚလာသည္။

"နင္ မလာဘူးလို႔ေျပာတာမဟုတ္လား"

သူမသည္ ယင္းေရွာင္က်ဲ  ကေလးတစ္ေယာက္လို  ညည္းညဴေနသကဲ့သို႔ ျပင္းျပင္းထန္ထန္ ေျပာလိုက္သည္။

ယင္းေရွာင္က်ဲ ၏ ႏႈတ္ခမ္းမ်ား တြန႔္လိမ္သြားရသည္။

“ငါ မလာဘူး လို႔ ေျပာ႐ုံနဲ႔ မလာရ‌ေတာ့ဘူးလား။ မင္းမိသားစုက ဒီကြင္းကိုပိုင္လို႔လား"

မုေရွာင္းေရွာင္ က ႏႈတ္ခမ္းစူၿပီး တုံ႔ျပန္လိုက္သည္။

ဟြန႔္ ငါ သိတယ္၊ နင့္မိသားစုက ဒီကြင္းကိုပိုင္တာ ငါသိတယ္။

ယင္းေရွာင္က်ဲ လက္ကို လွမ္းဆြဲရန္ ႀကိဳးစားလိုက္ေသာ္လည္း သူမလက္ကို ရည္႐ြယ္ခ်က္ရွိရွိ ေရွာင္ေနပုံရၿပီး ေလကို  ဆုပ္ကိုင္မိလိုက္သည္။

မုေရွာင္းေရွာင္ က ပိုေတာင္ဆိုးသြားသလို ခံစားရတယ္။

"နင္ စိတ္ဆိုးေနလား?"

"မဟုတ္ဘူး"

ယင္းေရွာင္က်ဲ ျမန္ျမန္ျပန္ေျဖလိုက္ေပမယ့္  ေလသံက တကယ္ကိုပဲ ေအးစက္‌ေနတာ ေၾကာင့္ စိတ္ဆိုးေနပုံရသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net