အပိုင်-၄၅၇

Background color
Font
Font size
Line height

Unicode
အပိုင်း  ၄၅၇ - အဲဒီလူကို ငါသေချာရှာမယ်

လူအုပ်ကြားတွင် တစ်စုံတစ်ယောက်၏ မျက်နှာသည် ချက်ချင်း ပဲ ကြောက်ရွံ့မှုကြောင့် နီရဲသွားသည်။

မုရှောင်းရှောင် သည် ဟန်ချီချင်၏လက်ကို ဆွဲကိုင်လိုက်ပြီး ထိုင်ခုံဆီသို့ ဆွဲချလိုက်သည်။

"ကောင်းပြီ၊ ပြိုင်ပွဲပြီးမှ ဒီအကြောင်းပြောကြမယ်"

သူမလည်း ဒေါသထွက်နေပေမယ့်လဲပေါ့။

အခြားသူ၏ မတရားလုပ်ကြံမှု  ခံရသူဖြစ်နေလျှင် မည်သူမဆို သူမလိုပဲ ဖြစ်လိမ့်မည်။

သို့သော် မုရှောင်းရှောင်သည် သူမကြောင့် ပြိုင်ပွဲကို ဟန့်တားပြီး
ရှန်တ ‌အဆင့်မြင့်အထက်တန်းကျောင်း ၏ဂုဏ်သိက္ခာကို
မထိခိုက်စေလို။

ထိုအချိန်တွင် ဟန်ချီချင်သည် အဝေးကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူမသည် ဒေါသတကြီးဖြင့်

“ဒီမိန်းကလေးတွေ အရမ်းလွန်လွန်းတယ်။ ရှောင်းရှောင် ၊ အဲဒီလူ ပစ်လိုက်တဲ့ ဟာကို မြင်ရဲ့လား ။ နင်ကြည့်ကြည့်!"

မုရှောင်းရှောင် သည် သူမညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။ သူမ ခဏတော့ နှလုံးခုန်တာ ရပ်သွားမိသည်။

အဲဒါက power bank တစ်လုံးပင်။

တကယ်လို့သာ သူမခေါင်းကိုသာ ထိမိသွားခဲ့ရင်…
သူမ ဘာဖြစ်သွားနိုင်လဲ ။

ဟန်ချီချင် က ဒေါသတကြီးနဲ့

“ အဲဒီလူကို ခဏစောင့်ခိုင်းထားဦးမယ် ! ပြိုင်ပွဲပြီးတာနဲ့  ဗီဒီယိုဖိုင်သွား‌တောင်းပြီး ကြည့်လိုက်ရင်  ဒါကို ဘယ်သူက လုပ်ခဲ့တာလဲဆိုတာ သေချာပေါက် သိရလိမ့်မယ်!"

မုရှောင်းရှောင် သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ဆတ်ခနဲ ထရပ်လိုက်သည်။ ထို့နောက် သူမသည် လုရိချန် ရှိရာသို့ ပြေးသွားကာ စိုးရိမ်တကြီးဖြင့် သူ့လက်ကို ကိုင်လိုက်သည်။

"ရှင့် လက်ကအဆင်ပြေလား"

လုရိချန် အနည်းငယ်ပြုံးပြီး သူ့လက်ကို ဆုတ်လိုက်သည်။ ထိုအချိန်က သူမထံ ပြေး၀င်လာတဲ့ အရာဝတ္တုကို ပိတ်ပင်တားဆီးရန်ကလွဲ တစ်ခြား ဘာကိုမှ စိတ်မ၀င်စား။

“ကိုယ်  အဆင်ပြေပါတယ်”

ဟု သူက ပြောလိုက်သည်။

"ရှင် တကယ်အဆင်ပြေရဲ့လား၊စောနက  လေးလံတဲ့ အရာနဲ့ခိုက်မိသွားတာ  မဟုတ်ဘူးလား”

မုရှောင်းရှောင် က စိုးရိမ်နေသေးသည်။ သူမ သူ့ လက်မောင်းကို စစ်ကြည့်ချင်သော်လည်း လုရိချန် က သူမကို နောက်ကျော လှည့်ပေးလိုက်သည်။

သူက ခေါင်းယမ်းရင်း

“ကိုယ် တကယ်အဆင်ပြေပါတယ်။ ဒီမှာပဲ စိတ်အေးအေးထားနပြီး ပြိုင်ပွဲကို ကြည့်။ ကိုယ် အခု ပြိုင်ပွဲအတွက် သတင်းပို့ရမှာမို့"

အဲဒီနောက်  ချာခနဲ လှည့်ထွက်သွား ‌တော့သည် ။

ဟန်ချီချင် သည် အစောပိုင်းက ကိစ္စအပေါ်  ဂရုစိုက်ရန် အနည်းငယ်နှေးကွေးခဲ့သည်။ သူမသည် အစောပိုင်းက မုရှောင်းရှောင် အတွက်သာ အလွန်စိုးရိမ်သောကြောင့် လုရိချန် ဒဏ်ရာရှိမရှိကြည့်ရန် မေ့သွားခဲ့သည်။

"သူ ဘယ်လိုလဲ? သူဒဏ်ရာရသွားလား"

မုရှောင်းရှောင် ပြန်လာပြီးနောက် ဟန်ချီချင် က စိုးရိမ်တကြီး  မေးလာသည်။

မုရှောင်းရှောင် က မျက်မှောင်ကြုတ်ထားပြီး သူမ လုံးဝ စိတ်မသက်သာသလို ဖြစ်နေသည်။

သို့သော်လည်း သူမက ဟန်ချီချင်ကို ခေါင်းခါပြရင်း

"သူက ကောင်းပါတယ်၊ ဒါကြောင့် သူအဆင်ပြေမယ်ထင်တယ်"

ဟန်ချီချင် လည်း စိတ်ပူလာသည်။

"အိုဟုတ်သား! အခုနက သူ ညာလက်ကိုသုံးပြီး ပိတ်ဆို့လိုက်တာကို ငါမြင်လိုက်တယ်… အဲဒါက ပြိုင်ပွဲကို ထိခိုက်မှာလား။”

“အဲလို ဖြစ်မယ်လို့ ငါ မမျှော်လင့်ပါဘူး”

ဟု မုရှောင်းရှောင်က ပြန်ဖြေသည်။ လုရိချန်ကိုသာ  စိုးရိမ်တကြီး အကြည့်တွေကို စိုက်ကြည့်နေမိတယ်။ သူတစ်ခုခုဖြစ်ခဲ့ရင် သူမဟာ ပထမဆုံးသိသူဖြစ်ချင်သည်။

ပြိုင်ပွဲက မကြာခင်မှာ စတင်ခဲ့တော့သည်။

မုရှောင်းရှောင် သည် အများအားဖြင့် ဘတ်စကတ်ဘောကို စိတ်မဝင်စားသော်လည်း၊ သူမသည် ကစားပုံကိုတော့နားလည်ဆဲဖြစ်သည်။

ထို့အပြင်၊ ပြိုင်ပွဲသည် သူမ၏ကျောင်းနှင့် အခြားကျောင်းကြားက ပွဲစဉ်တစ်ခုဖြစ်ပြီး၊ သူမသည် ပြိုင်ပွဲတွင်ပါဝင်ပတ်သက်နေတဲ့ သူမ၏ကျောင်း အောင်ပွဲခံရလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ မလွဲမသွေပင်ဖြစ်သည်။

ဆယ်မိနစ်လောက် အကြာတော့ နှစ်သင်းလုံးက အကြိတ်အနယ် ကစားလာကြသည်။

သို့သော်လည်း နှစ်ဖက်အကြား ပဋိပက္ခများ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

သူမအနားတွင် ဟန်ချီချင် က ဒေါသတကြီးပြောသည်

"ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းအဖွဲ့က ညစ်ပတ်လိုက်တာ ။ ဒီလိုလူတွေကို ဘယ်လိုလုပ် တွန်းလှန်နိုင်မှာလဲ!"


မုရှောင်းရှောင် က

"ဒါက စည်းကမ်းနဲ့မညီဘူး မှတ်လား?"

“ပြောရခက်တယ်။ ဒိုင်က မမြင်ရင် ထည့်မတွက်ဘူး”

ဟု ဟန်ချီချင်က မှုန်ကုပ်ကုပ်ပြောပြသည်။

ဒိုင်လူကြီးက အဲဒါကို မမြင်ရတဲ့အတွက် ပင်နယ်တီပေးတာမျိုးလဲ မရှိခဲ့။

ယောင်္ကျားလေးတွေရဲ့ နုပျိုသန်စွမ်းမှုနဲ့အတူ ပြိုင်နေတဲ့ ဒီပဋိပက္ခတွေဟာ သည်းမခံနိုင်စရာပင်။

တဖြည်းဖြည်းနဲ့ ပဋိပက္ခတွေက ပိုပိုဆိုးလာတယ်။

ပထမပိုင်းပြီးဆုံးချိန်တွင် ရှန်တအဆင့်မြင့်အထက်တန်းကျောင်းက 5 မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းကတော့  အနီကတ်ပြခံရပြီး ပြိုင်ပွဲမှ ထုတ်ပယ်ခံရသော ကစားသမားများလဲ ရှိခဲ့သည်။

ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းအဖွဲ့သည် ဒေါသ အလွန်အမင်း ထွက်နေခဲ့သည်။ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ဒိုင်လူကြီးကို ဝိုင်းထားကြကာ တကယ့်ကို ပြင်းထန်ပြီး ကျယ်လောင်စွာ အော်ကြပေမယ့် အသုံးမဝင်ခဲ့။

ကစားသမားအဖွဲ့ထဲက ကောင်လေးတွေက မိန်းကလေးတွေရှေ့အနားယူတဲ့ နေရာမှာ ထိုင်နေကြတယ်။ သူတို့သည် ချွေးများစီးကျ‌နေကာ ခြေကုန်လက်ပန်းကျ နေကြတဲ့အပြင် အလွန်အမင်းပင်ပန်းနေပုံရသည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း  ၄၅၇ - အဲဒီလူကို ငါေသခ်ာရွာမယ္

လူအုပ္ၾကားတြင္ တစ္စုံတစ္ေယာက္၏ မ်က္ႏွာသည္ ခ်က္ခ်င္း ပဲ ေၾကာက္႐ြံ႕မႈေၾကာင့္ နီရဲသြားသည္။

မုေရွာင္းေရွာင္ သည္ ဟန္ခ်ီခ်င္၏လက္ကို ဆြဲကိုင္လိုက္ၿပီး ထိုင္ခုံဆီသို႔ ဆြဲခ်လိုက္သည္။

"ေကာင္းၿပီ၊ ၿပိဳင္ပြဲၿပီးမွ ဒီအေၾကာင္းေျပာၾကမယ္"

သူမလည္း ေဒါသထြက္ေနေပမယ့္လဲေပါ့။

အျခားသူ၏ မတရားလုပ္ႀကံမႈ  ခံရသူျဖစ္ေနလွ်င္ မည္သူမဆို သူမလိုပဲ ျဖစ္လိမ့္မည္။

သို႔ေသာ္ မုေရွာင္းေရွာင္သည္ သူမေၾကာင့္ ၿပိဳင္ပြဲကို ဟန႔္တားၿပီး
ရွန္တ ‌အဆင့္ျမင့္အထက္တန္းေက်ာင္း ၏ဂုဏ္သိကၡာကို
မထိခိုက္ေစလို။

ထိုအခ်ိန္တြင္ ဟန္ခ်ီခ်င္သည္ အေဝးကို လွမ္းၾကည့္လိုက္သည္။ သို႔ေသာ္လည္း သူမသည္ ေဒါသတႀကီးျဖင့္

“ဒီမိန္းကေလးေတြ အရမ္းလြန္လြန္းတယ္။ ေရွာင္းေရွာင္ ၊ အဲဒီလူ ပစ္လိုက္တဲ့ ဟာကို ျမင္ရဲ႕လား ။ နင္ၾကည့္ၾကည့္!"

မုေရွာင္းေရွာင္ သည္ သူမၫႊန္ျပသည့္ လမ္းေၾကာင္းအတိုင္း ၾကည့္လိုက္သည္။ သူမ ခဏေတာ့ ႏွလုံးခုန္တာ ရပ္သြားမိသည္။

အဲဒါက power bank တစ္လုံးပင္။

တကယ္လို႔သာ သူမေခါင္းကိုသာ ထိမိသြားခဲ့ရင္…
သူမ ဘာျဖစ္သြားႏိုင္လဲ ။

ဟန္ခ်ီခ်င္ က ေဒါသတႀကီးနဲ႔

“ အဲဒီလူကို ခဏေစာင့္ခိုင္းထားဦးမယ္ ! ၿပိဳင္ပြဲၿပီးတာနဲ႔  ဗီဒီယိုဖိုင္သြား‌ေတာင္းၿပီး ၾကည့္လိုက္ရင္  ဒါကို ဘယ္သူက လုပ္ခဲ့တာလဲဆိုတာ ေသခ်ာေပါက္ သိရလိမ့္မယ္!"

မုေရွာင္းေရွာင္ သည္ ႐ုတ္တရက္ တစ္ခုခုကို ေတြးမိသြားၿပီး ဆတ္ခနဲ ထရပ္လိုက္သည္။ ထို႔ေနာက္ သူမသည္ လုရိခ်န္ ရွိရာသို႔ ေျပးသြားကာ စိုးရိမ္တႀကီးျဖင့္ သူ႔လက္ကို ကိုင္လိုက္သည္။

"ရွင့္ လက္ကအဆင္ေျပလား"

လုရိခ်န္ အနည္းငယ္ၿပဳံးၿပီး သူ႔လက္ကို ဆုတ္လိုက္သည္။ ထိုအခ်ိန္က သူမထံ ေျပး၀င္လာတဲ့ အရာဝတၱဳကို ပိတ္ပင္တားဆီးရန္ကလြဲ တစ္ျခား ဘာကိုမွ စိတ္မ၀င္စား။

“ကိုယ္  အဆင္ေျပပါတယ္”

ဟု သူက ေျပာလိုက္သည္။

"ရွင္ တကယ္အဆင္ေျပရဲ႕လား၊ေစာနက  ေလးလံတဲ့ အရာနဲ႔ခိုက္မိသြားတာ  မဟုတ္ဘူးလား”

မုေရွာင္းေရွာင္ က စိုးရိမ္ေနေသးသည္။ သူမ သူ႔ လက္ေမာင္းကို စစ္ၾကည့္ခ်င္ေသာ္လည္း လုရိခ်န္ က သူမကို ေနာက္ေက်ာ လွည့္ေပးလိုက္သည္။

သူက ေခါင္းယမ္းရင္း

“ကိုယ္ တကယ္အဆင္ေျပပါတယ္။ ဒီမွာပဲ စိတ္ေအးေအးထားနၿပီး ၿပိဳင္ပြဲကို ၾကည့္။ ကိုယ္ အခု ၿပိဳင္ပြဲအတြက္ သတင္းပို႔ရမွာမို႔"

အဲဒီေနာက္  ခ်ာခနဲ လွည့္ထြက္သြား ‌ေတာ့သည္ ။

ဟန္ခ်ီခ်င္ သည္ အေစာပိုင္းက ကိစၥအေပၚ  ဂ႐ုစိုက္ရန္ အနည္းငယ္ေႏွးေကြးခဲ့သည္။ သူမသည္ အေစာပိုင္းက မုေရွာင္းေရွာင္ အတြက္သာ အလြန္စိုးရိမ္ေသာေၾကာင့္ လုရိခ်န္ ဒဏ္ရာရွိမရွိၾကည့္ရန္ ေမ့သြားခဲ့သည္။

"သူ ဘယ္လိုလဲ? သူဒဏ္ရာရသြားလား"

မုေရွာင္းေရွာင္ ျပန္လာၿပီးေနာက္ ဟန္ခ်ီခ်င္ က စိုးရိမ္တႀကီး  ေမးလာသည္။

မုေရွာင္းေရွာင္ က မ်က္ေမွာင္ၾကဳတ္ထားၿပီး သူမ လုံးဝ စိတ္မသက္သာသလို ျဖစ္ေနသည္။

သို႔ေသာ္လည္း သူမက ဟန္ခ်ီခ်င္ကို ေခါင္းခါျပရင္း

"သူက ေကာင္းပါတယ္၊ ဒါေၾကာင့္ သူအဆင္ေျပမယ္ထင္တယ္"

ဟန္ခ်ီခ်င္ လည္း စိတ္ပူလာသည္။

"အိုဟုတ္သား! အခုနက သူ ညာလက္ကိုသုံးၿပီး ပိတ္ဆို႔လိုက္တာကို ငါျမင္လိုက္တယ္… အဲဒါက ၿပိဳင္ပြဲကို ထိခိုက္မွာလား။”

“အဲလို ျဖစ္မယ္လို႔ ငါ မေမွ်ာ္လင့္ပါဘူး”

ဟု မုေရွာင္းေရွာင္က ျပန္ေျဖသည္။ လုရိခ်န္ကိုသာ  စိုးရိမ္တႀကီး အၾကည့္ေတြကို စိုက္ၾကည့္ေနမိတယ္။ သူတစ္ခုခုျဖစ္ခဲ့ရင္ သူမဟာ ပထမဆုံးသိသူျဖစ္ခ်င္သည္။

ၿပိဳင္ပြဲက မၾကာခင္မွာ စတင္ခဲ့ေတာ့သည္။

မုေရွာင္းေရွာင္ သည္ အမ်ားအားျဖင့္ ဘတ္စကတ္ေဘာကို စိတ္မဝင္စားေသာ္လည္း၊ သူမသည္ ကစားပုံကိုေတာ့နားလည္ဆဲျဖစ္သည္။

ထို႔အျပင္၊ ၿပိဳင္ပြဲသည္ သူမ၏ေက်ာင္းႏွင့္ အျခားေက်ာင္းၾကားက ပြဲစဥ္တစ္ခုျဖစ္ၿပီး၊ သူမသည္ ၿပိဳင္ပြဲတြင္ပါဝင္ပတ္သက္ေနတဲ့ သူမ၏ေက်ာင္း ေအာင္ပြဲခံရလိမ့္မည္ဟု ေမွ်ာ္လင့္ျခင္းမွာ မလြဲမေသြပင္ျဖစ္သည္။

ဆယ္မိနစ္ေလာက္ အၾကာေတာ့ ႏွစ္သင္းလုံးက အႀကိတ္အနယ္ ကစားလာၾကသည္။

သို႔ေသာ္လည္း ႏွစ္ဖက္အၾကား ပဋိပကၡမ်ား တျဖည္းျဖည္း ႀကီးထြားလာခဲ့သည္။

သူမအနားတြင္ ဟန္ခ်ီခ်င္ က ေဒါသတႀကီးေျပာသည္

"ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းအဖြဲ႕က ညစ္ပတ္လိုက္တာ ။ ဒီလိုလူေတြကို ဘယ္လိုလုပ္ တြန္းလွန္ႏိုင္မွာလဲ!"


မုေရွာင္းေရွာင္ က

"ဒါက စည္းကမ္းနဲ႔မညီဘူး မွတ္လား?"

“ေျပာရခက္တယ္။ ဒိုင္က မျမင္ရင္ ထည့္မတြက္ဘူး”

ဟု ဟန္ခ်ီခ်င္က မႈန္ကုပ္ကုပ္ေျပာျပသည္။

ဒိုင္လူႀကီးက အဲဒါကို မျမင္ရတဲ့အတြက္ ပင္နယ္တီေပးတာမ်ိဳးလဲ မရွိခဲ့။

ေယာက်ၤားေလးေတြရဲ႕ ႏုပ်ိဳသန္စြမ္းမႈနဲ႔အတူ ၿပိဳင္ေနတဲ့ ဒီပဋိပကၡေတြဟာ သည္းမခံႏိုင္စရာပင္။

တျဖည္းျဖည္းနဲ႔ ပဋိပကၡေတြက ပိုပိုဆိုးလာတယ္။

ပထမပိုင္းၿပီးဆုံးခ်ိန္တြင္ ရွန္တအဆင့္ျမင့္အထက္တန္းေက်ာင္းက 5 မွတ္ျဖင့္ ဦးေဆာင္ႏိုင္ခဲ့ေသာ္လည္း ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းကေတာ့  အနီကတ္ျပခံရၿပီး ၿပိဳင္ပြဲမွ ထုတ္ပယ္ခံရေသာ ကစားသမားမ်ားလဲ ရွိခဲ့သည္။

ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းအဖြဲ႕သည္ ေဒါသ အလြန္အမင္း ထြက္ေနခဲ့သည္။ ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားဖို႔ ဒိုင္လူႀကီးကို ဝိုင္းထားၾကကာ တကယ့္ကို ျပင္းထန္ၿပီး က်ယ္ေလာင္စြာ ေအာ္ၾကေပမယ့္ အသုံးမဝင္ခဲ့။

ကစားသမားအဖြဲ႕ထဲက ေကာင္ေလးေတြက မိန္းကေလးေတြေရွ႕အနားယူတဲ့ ေနရာမွာ ထိုင္ေနၾကတယ္။ သူတို႔သည္ ေခြၽးမ်ားစီးက်‌ေနကာ ေျခကုန္လက္ပန္းက် ေနၾကတဲ့အျပင္ အလြန္အမင္းပင္ပန္းေနပုံရသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net