အပိုင်း - ၄၄၉

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၄၉ - ပါးပါး၊  အမေရိကကို ပြန်သွားချင်ပါတယ်။

မုရှောင်းရှောင် သည် အမှန်တကယ်ပင် ပျင်းရိနေပြီး ယင်းရှောင်ကျဲပေါ်တွင် သူမ၏ ကိုယ်အလေးချိန် တစ်ခုလုံးကို မှီနေပါသည်။ စူးစူးရှရှ အသံဖြင့် သူမက

“ငါ  လမ်းမလျှောက်ချင်တော့ဘူး။ ငါ့ကိုသယ်သွား။"

ဟုတ်ပါတယ်၊ ယင်းရှောင်ကျဲ  က သူမကို ငြင်းဆန်လို့မရခဲ့။
ဟသူမရှေ့မှာ ထိုင်ချလိုက်တယ်။

မုရှောင်းရှောင် သူ့ ကျောပေါ်တက်ပြီး ပွေ့ဖက်ထားရင်း သူ့ကို ပြုံးပြလိုက်တယ်။

နေ့ခင်းပိုင်း

အစမ်းစာမေးပွဲချိန်ရောက်ပြန်ပြီ။

စာသင်ခန်းထဲတွင် မုရှောင်းရှောင်တစ်ယောက် ညည်းတွားလို့‌ နေသည်။

နေ့ခင်းဘက်မှာ သင်္ချာဖြေရပြီး နောက်စာမေးပွဲတစ်ခုလဲ ထပ်ဖြေရဦးမယ်

မုရှောင်းရှောင် သည် အင်္ဂလိပ်စကားကိုသာ  ဖြေနိုင်ခဲ့ပြီး ကျန်ဘာသာများမှာ ကောင်းကင်သို့ တက်လှမ်းရသလိုပင်။

လေးကြိမ်ဆက်တိုက် အစမ်းစာမေးပွဲအပြီးတွင် မုရှောင်းရှောင်  စားပွဲပေါ်တွင် မူးဝေစွာ လှဲနေလိုက်သည်။ သူမသည် မနက်ခင်းထက် ပို၍ပင် သနားစရာကောင်းနေပြီး တစ်ကိုယ်လုံး သူမကို  သွေးစုပ်ထုတ်ခံလိုက်ရသလိုပင်။

ယုကျန် လှည့်ကြည့်လိုက်သည်။

"မင်းအတွက် သင်္ချာက ခက်လား"

ဟု အလျင်စလို မေးလိုက်သောအခါတွင် သူ့အကြည့်များက သူမ၏ အတိဒုက္ခကို တဲ့ထိပြီး  အနည်းငယ် နာကျင်သွားမိသည်။

မုရှောင်းရှောင် သည် သူမ၏ နှုတ်ခမ်းများကို ဖွဖွကာ သနားကာ ရှူရှိုက်လိုက်သည်။

“ခက်တာပေါ့၊ ခက်တာပေါ့… အမေရိကမှာ သင်္ချာသင်ခဲ့ပေမဲ့ တရုတ်မှာ သင်္ချာက ဘာကြောင့် ဒီလောက်ခက်ရတာလဲ။ ဘာတွေပြောနေမှန်းတောင် နားမလည်ဘူး!"

ယုကျန် ပြုံးလိုက်သည်။

"ငါတို့သင်္ချာသင်ရိုးညွှန်းတမ်းက နိုင်ငံခြားမှာထက် ပိုခက်တယ်ဆိုတာ ငါသိပါတယ်"

ဒါပေမယ့်လည်း အတန်းချိန်တွေမှာ သူမဘာတွေလုပ်နေလဲ။

တကယ်တော့ ဒါက ရှောင်းရှောင် ရဲ့ အပြစ်လဲမဟုတ်။

သူမသည် အမေရိကားက ပြန်လာ၍ ပညာသင်ကြားရန် စိတ်မကူးထားခဲ့သဖြင့် ဤနေရာသို့ လာခဲ့သော်လဲ  ဤနေရာရှိသင်ရိုးညွှန်းတမ်းကို လျစ်လျူရှုခဲ့ပြီး အတန်းထဲတွင် ဂရုတစိုက် မနားထောင်ပေမယ့်  နှောင့်ယှက်ခြင်းလဲ မရှိခဲ့ပေ။

မုရှောင်းရှောင်သည် သူမ၏ လုပ်ရပ်များကို ယခုမှ နောင်တရနေမိသည်။

သူမကိုယ် သူမ ထက်မြက်သည်ဟု သူမထင်ခဲ့မိသည်၊ အနည်းဆုံး သူမသည် မမိုက်မဲခဲ့သင့်ပေ။ အတန်းထဲတွင် သေချာ သူမ နားထောင်ခဲ့လျှင် မေးခွန်းအချို့ကို သူမ နားလည်နိုင် သေးသည်။

အခု စာမေးပွဲပြီးသွားတော့ မေးခွန်းတစ်ခုတောင် မှန်ပါ့မလားတောင် မသိတော့ဘူး။

ထွက်လာမယ့် ရလဒ်အမှတ်တွေကို တွေးကြည့်တဲ့အခါ…
မုရှောင်းရှောင် ၏ လှပသော မျက်နှာသည် မှုန်ကုပ်ကုပ်အမူအရာ များဖြင့်  ဖုံးလွှမ်းသွားသည်။

“ဟူး… ငါ ဘာလုပ်ရမလဲ။ ယုကျန်၊ ဒီစာမေးပွဲအတွက် ငါ အမှတ် သုည ရမလား။ မရချင်ဘူး ဟူး ဟူး …”

သုညရရင် အရမ်းရှက်ရလိမ့်မယ်။

ယုကျန် က ရယ်ရမလား ငိုရမှန်းမသိ။

“ဒါတော့… ငါ မသိဘူး၊ ဘယ်သူမှ သုည မရဖူးဘူး ထင်ပါတယ်။”

ဒါဆို သူမက ပထမဆုံးဖြစ်သွားမှာလား။

ယုကျန် လံ  ဒီလိုကံကြမ္မာက တော်တော်စိတ်မကောင်းဖြစ်စရာပဲဟု တွေးလိုက်တယ်။

မုရှောင်းရှောင် သည် သူမ ဘ၀၏လူမှုရပ်တည်မှုအကြောင်း တွေးနေမိသည်။

သူမသည် ယင်းရှောင်ကျဲ၏ စေ့စပ်ထားသူဖြစ်ပြီး ကျောင်းအနှံ့ အာရုံစူးစိုက်မှုခံနေရသူဖြစ်သည်။ အကယ်၍ သူမသာ  တကယ် သုည မှတ်ရခဲ့လျှင် သူမသည် တစ်ကျောင်းလုံး၏ ရယ်မောစရာ ဖြစ်သွားလိမ့်မည် မဟုတ်လော။

ဒီအတွေးကြောင့် မုရှောင်းရှောင် ဟာ အသက်ရှင်ဖို့ အဓိပ္ပါယ်မရှိတော့သလို ခံစားရပြီး စားပွဲပေါ် လှဲချလိုက်တယ်။

"ပါးပါး၊ တရုတ်က အရမ်းကြောက်စရာကြီး၊ ​​အမေရိကကို ပြန်ချင်တယ်..."

ထိုအချိန်တွင် အတန်းထဲတွင် ကျောင်းသားများသည် ရုတ်တရက် ငြိမ်သက်သွားကြသည်။


မုရှောင်းရှောင် က စူးစမ်းလိုစိတ်ဖြင့် ခေါင်းငုံ့ကာ အင်္ဂလိပ်စာဆရာမသည် စာမေးပွဲစာရွက်များကိုင်ကာ စင်မြင့်ပေါ်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

“အခု မင်းတို့ရဲ့ စာရွက်တွေကို ငါပြန်ပေးမယ်။ အတန်းခေါင်းဆောင်နှင့် ဒုအတန်းခေါင်းဆောင်များ ကျေးဇူးပြုပြ စာရွက်တွေ ဝေပေးကြ။ မင်းတို့အဖြေတွေကို အတန်းဖော်များနှင့် နှိုင်းယှဉ်ပြီး မှားသွားတာကို ကြည့်။ မနက်ဖြန်မှာ ရှင်းလင်းချက် ပေးမယ်။"

အင်္ဂလိပ်စာ ဆရာမက စာရွက်တွေကို အတန်းခေါင်းဆောင်နှင့် ဒုအတန်းခေါင်းဆောင်တို့ဆီ ပေးကာ ဝေ‌ပေးတယ်။

မုရှောင်းရှောင် သည် လက်ချောင်းများကို ဆန့်ကာ စာရွက်များကို ထုတ်ပေးသည်ကို ကြည့်ရင်း မေးစေ့ကို လက်ဖြင့် အုပ်ထားသည်။

သူမ၏ စာရွက်ကို သူမထံ  ရောက်လာခဲ့သည်။

သို့သော် ယုကျန် က ဖြတ်လုယူသွားတယ်။

"ရှောင်းရှောင်၊ မင်းရဲ့ ရမှတ်က အမြင့်ဆုံးပဲ !"

မုရှောင်းရှောင် က စိတ်ရှုပ်တဲ့လေသံနဲ့

"နင် တခြားတစ်ယောက်ရဲ့ ရမှတ်ကိုတောင် မမြင်ဖူးသေးဘူး။ ငါ အမြင့်ဆုံးရခဲ့တာ မင်းဘယ်လိုသိလဲ"

သူမသည် အင်္ဂလိပ်စာကို အလွန်ယုံကြည်မှုရှိပြီး အမှတ်အလွန်ညံ့မည်မဟုတ်ကြောင်း သူမသိသည်။

ယုကျန် ပြုံးလိုက်ကာ  စာရွက်ကို အောက် ခြေကို  ပုတ်ပြလိုက်ပြီး သူမ၏ အမှတ်များကို ပြလိုက်သည်။

“မင်း အမှတ်တစ်ရာ ရခဲ့တယ်လေ။ ဒီ့ထက် ပိုမြင့်တဲ့ အမှတ်
တခြားတစ်ယောက်ယောက် ရနိုင်ပါ့မလား?"

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၄၄၉ - ပါးပါး၊  အေမရိကကို ျပန္သြားခ်င္ပါတယ္။

မုေရွာင္းေရွာင္ သည္ အမွန္တကယ္ပင္ ပ်င္းရိေနၿပီး ယင္းေရွာင္က်ဲေပၚတြင္ သူမ၏ ကိုယ္အေလးခ်ိန္ တစ္ခုလုံးကို မွီေနပါသည္။ စူးစူးရွရွ အသံျဖင့္ သူမက

“ငါ  လမ္းမေလွ်ာက္ခ်င္ေတာ့ဘူး။ ငါ့ကိုသယ္သြား။"

ဟုတ္ပါတယ္၊ ယင္းေရွာင္က်ဲ  က သူမကို ျငင္းဆန္လို႔မရခဲ့။
ဟသူမေရွ႕မွာ ထိုင္ခ်လိုက္တယ္။

မုေရွာင္းေရွာင္ သူ႔ ေက်ာေပၚတက္ၿပီး ေပြ႕ဖက္ထားရင္း သူ႔ကို ၿပဳံးျပလိုက္တယ္။

ေန႔ခင္းပိုင္း

အစမ္းစာေမးပြဲခ်ိန္ေရာက္ျပန္ၿပီ။

စာသင္ခန္းထဲတြင္ မုေရွာင္းေရွာင္တစ္ေယာက္ ညည္းတြားလို႔‌ ေနသည္။

ေန႔ခင္းဘက္မွာ သခ်ၤာေျဖရၿပီး ေနာက္စာေမးပြဲတစ္ခုလဲ ထပ္ေျဖရဦးမယ္

မုေရွာင္းေရွာင္ သည္ အဂၤလိပ္စကားကိုသာ  ေျဖႏိုင္ခဲ့ၿပီး က်န္ဘာသာမ်ားမွာ ေကာင္းကင္သို႔ တက္လွမ္းရသလိုပင္။

ေလးႀကိမ္ဆက္တိုက္ အစမ္းစာေမးပြဲအၿပီးတြင္ မုေရွာင္းေရွာင္  စားပြဲေပၚတြင္ မူးေဝစြာ လွဲေနလိုက္သည္။ သူမသည္ မနက္ခင္းထက္ ပို၍ပင္ သနားစရာေကာင္းေနၿပီး တစ္ကိုယ္လုံး သူမကို  ေသြးစုပ္ထုတ္ခံလိုက္ရသလိုပင္။

ယုက်န္ လွည့္ၾကည့္လိုက္သည္။

"မင္းအတြက္ သခ်ၤာက ခက္လား"

ဟု အလ်င္စလို ေမးလိုက္ေသာအခါတြင္ သူ႔အၾကည့္မ်ားက သူမ၏ အတိဒုကၡကို တဲ့ထိၿပီး  အနည္းငယ္ နာက်င္သြားမိသည္။

မုေရွာင္းေရွာင္ သည္ သူမ၏ ႏႈတ္ခမ္းမ်ားကို ဖြဖြကာ သနားကာ ရႉရႈိက္လိုက္သည္။

“ခက္တာေပါ့၊ ခက္တာေပါ့… အေမရိကမွာ သခ်ၤာသင္ခဲ့ေပမဲ့ တ႐ုတ္မွာ သခ်ၤာက ဘာေၾကာင့္ ဒီေလာက္ခက္ရတာလဲ။ ဘာေတြေျပာေနမွန္းေတာင္ နားမလည္ဘူး!"

ယုက်န္ ၿပဳံးလိုက္သည္။

"ငါတို႔သခ်ၤာသင္႐ိုးၫႊန္းတမ္းက ႏိုင္ငံျခားမွာထက္ ပိုခက္တယ္ဆိုတာ ငါသိပါတယ္"

ဒါေပမယ့္လည္း အတန္းခ်ိန္ေတြမွာ သူမဘာေတြလုပ္ေနလဲ။

တကယ္ေတာ့ ဒါက ေရွာင္းေရွာင္ ရဲ႕ အျပစ္လဲမဟုတ္။

သူမသည္ အေမရိကားက ျပန္လာ၍ ပညာသင္ၾကားရန္ စိတ္မကူးထားခဲ့သျဖင့္ ဤေနရာသို႔ လာခဲ့ေသာ္လဲ  ဤေနရာရွိသင္႐ိုးၫႊန္းတမ္းကို လ်စ္လ်ဴရႈခဲ့ၿပီး အတန္းထဲတြင္ ဂ႐ုတစိုက္ မနားေထာင္ေပမယ့္  ေႏွာင့္ယွက္ျခင္းလဲ မရွိခဲ့ေပ။

မုေရွာင္းေရွာင္သည္ သူမ၏ လုပ္ရပ္မ်ားကို ယခုမွ ေနာင္တရေနမိသည္။

သူမကိုယ္ သူမ ထက္ျမက္သည္ဟု သူမထင္ခဲ့မိသည္၊ အနည္းဆုံး သူမသည္ မမိုက္မဲခဲ့သင့္ေပ။ အတန္းထဲတြင္ ေသခ်ာ သူမ နားေထာင္ခဲ့လွ်င္ ေမးခြန္းအခ်ိဳ႕ကို သူမ နားလည္ႏိုင္ ေသးသည္။

အခု စာေမးပြဲၿပီးသြားေတာ့ ေမးခြန္းတစ္ခုေတာင္ မွန္ပါ့မလားေတာင္ မသိေတာ့ဘူး။

ထြက္လာမယ့္ ရလဒ္အမွတ္ေတြကို ေတြးၾကည့္တဲ့အခါ…
မုေရွာင္းေရွာင္ ၏ လွပေသာ မ်က္ႏွာသည္ မႈန္ကုပ္ကုပ္အမူအရာ မ်ားျဖင့္  ဖုံးလႊမ္းသြားသည္။

“ဟူး… ငါ ဘာလုပ္ရမလဲ။ ယုက်န္၊ ဒီစာေမးပြဲအတြက္ ငါ အမွတ္ သုည ရမလား။ မရခ်င္ဘူး ဟူး ဟူး …”

သုညရရင္ အရမ္းရွက္ရလိမ့္မယ္။

ယုက်န္ က ရယ္ရမလား ငိုရမွန္းမသိ။

“ဒါေတာ့… ငါ မသိဘူး၊ ဘယ္သူမွ သုည မရဖူးဘူး ထင္ပါတယ္။”

ဒါဆို သူမက ပထမဆုံးျဖစ္သြားမွာလား။

ယုက်န္ လံ  ဒီလိုကံၾကမၼာက ေတာ္ေတာ္စိတ္မေကာင္းျဖစ္စရာပဲဟု ေတြးလိုက္တယ္။

မုေရွာင္းေရွာင္ သည္ သူမ ဘ၀၏လူမႈရပ္တည္မႈအေၾကာင္း ေတြးေနမိသည္။

သူမသည္ ယင္းေရွာင္က်ဲ၏ ေစ့စပ္ထားသူျဖစ္ၿပီး ေက်ာင္းအႏွံ႔ အာ႐ုံစူးစိုက္မႈခံေနရသူျဖစ္သည္။ အကယ္၍ သူမသာ  တကယ္ သုည မွတ္ရခဲ့လွ်င္ သူမသည္ တစ္ေက်ာင္းလုံး၏ ရယ္ေမာစရာ ျဖစ္သြားလိမ့္မည္ မဟုတ္ေလာ။

ဒီအေတြးေၾကာင့္ မုေရွာင္းေရွာင္ ဟာ အသက္ရွင္ဖို႔ အဓိပၸါယ္မရွိေတာ့သလို ခံစားရၿပီး စားပြဲေပၚ လွဲခ်လိုက္တယ္။

"ပါးပါး၊ တ႐ုတ္က အရမ္းေၾကာက္စရာႀကီး၊ ​​အေမရိကကို ျပန္ခ်င္တယ္..."

ထိုအခ်ိန္တြင္ အတန္းထဲတြင္ ေက်ာင္းသားမ်ားသည္ ႐ုတ္တရက္ ၿငိမ္သက္သြားၾကသည္။


မုေရွာင္းေရွာင္ က စူးစမ္းလိုစိတ္ျဖင့္ ေခါင္းငုံ႔ကာ အဂၤလိပ္စာဆရာမသည္ စာေမးပြဲစာ႐ြက္မ်ားကိုင္ကာ စင္ျမင့္ေပၚသို႔ ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။

“အခု မင္းတို႔ရဲ႕ စာ႐ြက္ေတြကို ငါျပန္ေပးမယ္။ အတန္းေခါင္းေဆာင္ႏွင့္ ဒုအတန္းေခါင္းေဆာင္မ်ား ေက်းဇူးျပဳျပ စာ႐ြက္ေတြ ေဝေပးၾက။ မင္းတို႔အေျဖေတြကို အတန္းေဖာ္မ်ားႏွင့္ ႏႈိင္းယွဥ္ၿပီး မွားသြားတာကို ၾကည့္။ မနက္ျဖန္မွာ ရွင္းလင္းခ်က္ ေပးမယ္။"

အဂၤလိပ္စာ ဆရာမက စာ႐ြက္ေတြကို အတန္းေခါင္းေဆာင္ႏွင့္ ဒုအတန္းေခါင္းေဆာင္တို႔ဆီ ေပးကာ ေဝ‌ေပးတယ္။

မုေရွာင္းေရွာင္ သည္ လက္ေခ်ာင္းမ်ားကို ဆန႔္ကာ စာ႐ြက္မ်ားကို ထုတ္ေပးသည္ကို ၾကည့္ရင္း ေမးေစ့ကို လက္ျဖင့္ အုပ္ထားသည္။

သူမ၏ စာ႐ြက္ကို သူမထံ  ေရာက္လာခဲ့သည္။

သို႔ေသာ္ ယုက်န္ က ျဖတ္လုယူသြားတယ္။

"ေရွာင္းေရွာင္၊ မင္းရဲ႕ ရမွတ္က အျမင့္ဆုံးပဲ !"

မုေရွာင္းေရွာင္ က စိတ္ရႈပ္တဲ့ေလသံနဲ႔

"နင္ တျခားတစ္ေယာက္ရဲ႕ ရမွတ္ကိုေတာင္ မျမင္ဖူးေသးဘူး။ ငါ အျမင့္ဆုံးရခဲ့တာ မင္းဘယ္လိုသိလဲ"

သူမသည္ အဂၤလိပ္စာကို အလြန္ယုံၾကည္မႈရွိၿပီး အမွတ္အလြန္ညံ့မည္မဟုတ္ေၾကာင္း သူမသိသည္။

ယုက်န္ ၿပဳံးလိုက္ကာ  စာ႐ြက္ကို ေအာက္ ေျခကို  ပုတ္ျပလိုက္ၿပီး သူမ၏ အမွတ္မ်ားကို ျပလိုက္သည္။

“မင္း အမွတ္တစ္ရာ ရခဲ့တယ္ေလ။ ဒီ့ထက္ ပိုျမင့္တဲ့ အမွတ္
တျခားတစ္ေယာက္ေယာက္ ရႏိုင္ပါ့မလား?"

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net