အပိုင်း -၄၃၇

Background color
Font
Font size
Line height

Unicode


အပိုင်း ၄၃၇ - သူမအတွက် စိတ်ပူနေသေးလား။

ယခု အန်းဇီရှင်းသည် ၀မ်ရှီယွီ ၏  အကြံအစည်ကို နားထောင်နေပါ သေးသည်။ သို့သော်၊ ယင်းရှောင်ကျဲ   သွေးဆောင်မှုကို ငြင်းပယ်နိုင်သည့်အကြောင်း သူမတွေးမိသောအခါတွင် သူမစိတ်ပျက်သွားရပေမယ့်  ပို၍ပင် ချစ်ခင်လာမိသည်။

သွေးဆောင်ဖြားယောင်းမှုကို ခံနိုင်ရည်ရှိသူတစ်ဦးသည် ဆွဲဆောင်မှု အလွန်ရှိသည်။

ဟုတ်ပါတယ် သူမဟာ ယင်းရှောင်ကျဲကို  ဝတ်ပြုကိုးကွယ်ရာ အဖြစ် လိုချင်ခဲ့တာပင်..။

အန်းဇီရှင်း သည် သူမ၏ လက်သည်းများကို ကိုက်နေရင်း  လေးလေးနက်နက် တွေးနေကာ သူမ၏ အကြည့်ထဲတွင်  မျှော်လင့်ချက် အလင်းရောင်လေးတစ်ခု ရှိနေသည်။

မနက်ခင်း နေရောင်ခြည်က ကြည်လင်တောက်ပနေခဲ့သည်။

မုရှောင်းရှောင် နှင့် ယင်းရှောင်ကျဲ  တို့သည် အိမ်မှ အတူတူ ထွက်လာကြပြီး ကျောင်းသွားရန် ပြင်ဆင်ကြသည်။

"အနီးနားမှာ မနက်စာစားလို့ရမလား ငါဗိုက်ဆာလွန်းလို့ ကျောင်းရောက်တဲ့အထိ မနေနိုင်တော့ဘူး။"

မုရှောင်းရှောင်သည် ညက  တစ်ဝက်တစ်ပျက်သာ  အိပ်ပျော်ခဲ့ရသည်။ မျက်လုံးများ လုံး၀မပွင့်ဘဲ နှုတ်ခမ်းဆူထားလိုက်မိသည်။

သူမသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက
သူမရဲ့ ထုံးစံ အလေ့အကျင့်အတိုင်း နိုးထလာခဲ့ရသည်။

ရုတ်တရက် စောစောပြန်ထရတာ အဆင်မပြေခဲ့ပေ။

မုရှောင်းရှောင် သည်  ကျောင်းသွားရန် ရှေ့သို့လှမ်းလာပြီး ကြိမ်ဖန်များစွာ သမ်းလိုက်သည်။ တံခါးလက်ကိုင်ကို ထိလိုက်တာနဲ့ ထူးထူးခြားခြား တစ်ခုခုကို ခံစားလိုက်ရတယ်။

"ဒါကဘာလဲ?"

တံခါးဝမှာ ကတ်တစ်ကတ်ကို ရှာတွေ့တော့ သူမ စိတ်ရှုပ်သွားတယ်။

ယင်းရှောင်ကျဲ  က သူ့ဖိနပ်ကို ဝတ်ပြီး ထွက်လာကာ  သူမပုခုံးပေါ် လက်ကို  တင်လာခဲ့သည်။

"ဘာတွေထူးလို့လဲ?"

မုရှောင်းရှောင် သူမနားနားမှာ သံလိုက်လို အသံထွက်လာသည်။

မုရှောင်းရှောင် သည် ယင်းရှောင်ကျဲ ထံမှ ဝေးရာသို့ ထွက်ခွာလိုက်ပြီး အံ့အားသင့်ရစေတဲ့ သူ့အသံကို မခံစားနိုင်တော့။

သူမ နှလုံးခုန်သံတွေ တဆတ်ဆတ် ခုန်လာတော့တယ်။

"ငါ့နားနားမှာ စကားတွေ လာပြောမနေနဲ့!"

ရှက်ကိုးရှက်ကန်းဖြစ်နေတာကို  ဖုံးကွယ်ရန် တမင်တကာ မလိုစက်ဆုပ်တဲ့ပုံစံဖြင့်  ပြောလိုက်သည်။

ယင်းရှောင်ကျဲ  က သူမလက်ထဲက ကတ်ကိုမြင်ပြီး

"ဒါကဘာလဲ"

"ငါမသိဘူး။"

မုရှောင်းရှောင် ပခုံးတွန့်လိုက်သည်။ ကတ်ကိုယူ၍ သေသေချာချာ ဖွင့်ကြည့်လိုက်သည်။

ချောမောလှပသော လက်ရေးစာကြောင်းအချို့ပါရှိပြီး ၎င်းကို မိန်းကလေးတစ်ဦးမှ ရေးထားကြောင်း ထင်ရှားသည်။

သူမဖတ်ပြီးနောက် မုရှောင်းရှောင် ၏အကြည့်သည် ချက်ချင်းပဲ ယင်းရှောင်ကျဲ အပေါ်သို့ ရောက်သွားကာ သတိပြန်၀င်လာရသည်။

သူမ၏ နှုတ်ခမ်းများက အောက်သို့ ငုံ့သွားသည်။

"ဒါက အန်းဇီရှင်း ရဲ့စာ။"

သူမပြောရင်း ကတ်ပြားကို ပစ်ချလိုက်ပြီး ဓာတ်လှေကားဆီသို့ ရုတ်တရက် ထွက်ခွာလိုက်သည်။

ယင်းရှောင်ကျဲ  သည် ကတ်၏ အကြောင်းအရာများကို  သေချာမဖတ်ဘဲ အသာ ကျော်ခွကာ မုရှောင်းရှောင်နောက်သို့  စတင်လိုက်ပါလာသည် ။

ဓာတ်လှေကားရောက်သောအခါ ကတ်ပြားကို ပုံးထဲသို့ ပစ်ချလိုက်သည်။

မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို  သေသေချာချာ တစ်ချက်ကြည့်လိုက်သည်။ သူမ၏ လက်နှစ်ဖက်ကို ပိုက်ထားကာ

“နင် သူမအတွက် စိတ်မပူဘူးလား”

ဟု အေးခဲစွာပြောလိုက်သည်။

ကတ်ကို အန်းဇီရှင်း က ရေးသားခဲ့ပြီး  သူမသည် ကွန်ဒိုမီနီယံမှ ထွက်ခွာတော့မည်ဟု ဆိုသည်။ သူမသည် ဤကာလအတွင်း ယင်းရှောင်ကျဲ ၏ ကူညီဂရုစိုက်မှုကို ကျေးဇူးတင်မိသော်လည်း သူမသည် ရှေ့ဆက်၍ သူမဘဝနှင့်သူမရင်ဆိုင်တော့မည် ဖြစ်ကြောင်း၊ ယခုချက်ချင်းပင်  နောက်မတွံ့ဘဲ ထိုကဲ့သို့လုပ်ဆောင်တော့မည်ဆိုသည့် အကြောင်းပင် ။

အလွန်ထိမိသော စာတစ်စောင်ပင်

ယင်းရှောင်ကျဲ သာ နည်းနည်း စိတ်ပိုပျော့တဲ့ တခြားယောက်ျားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အန်းဇီရှင်း ကို သနားမိပြီး သူမကို လောကဓံ ခံနိုင်ရည်ရှိတဲ့ မိန်းကလေးတစ်ယောက်လို့ သူထင်လိမ့်မှာပင်။


မုရှောင်းရှောင် သည်လဲ  ယခင်ကလည်း ဤကဲ့သို့ တွေးဖူးခဲ့လိမ့်မည်

သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များကို တွေ့ကြုံခဲ့ရပြီးနောက် သူမသည် နုံအလွန်းသော တစ်စုံတစ်ဦးကို တွေးတောမနေနိုင်တော့ပေ။

အထူးသဖြင့် အန်းဇီရှင်း ဘက်မှ ၀မ်ရှီယွီ လို  အကြံအစည်ရှိတဲ့လူ ရှိနေသောအခါမှာပေါ့

ဓာတ်လှေကားရောက်လာပြီး တံခါးပွင့်လာသည်။

မုရှောင်းရှောင် က အရင်ဝင်လိုက်တယ်။ ယင်းရှောင်ကျဲ  သည် သူမနောက်သို့ မလိုက်၀င်မီ ဓာတ်လှေကားတံခါးကို ကိုင်ထားသည်။

"စိတ်ပူတယ် "

သူ့အဖြေကိုကြားတော့ မုရှောင်းရှောင် က သူ့ကို စိုက်ကြည့်နေမိသည်။

"နင် ဘာပြောလိုက်တာလဲ?"

အန်းဇီရှင်း ကို စိတ်ပူတယ်လို့ ဒီလူယုတ်မာက ဘယ်လိုလုပ်ပြောရဲတာလဲ။

မုရှောင်းရှောင် က ဒေါသတကြီးဖြင့် သူ့ကို အိတ်ဖြင့်ကို ရိုက်လိုက်သည်။

ယင်းရှောင်ကျဲ  ၏ နှုတ်ခမ်းများသည်  ကွေးကောက်ပြုံးကာ သူမ၏ တိုက်ခိုက်မှုများကို တားဆီးပြီး  သူ့ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် ဆွဲသွင်းလိုက်သည်။

“ငါ့  စကားမဆုံးသေးဘူး။ သူမ မင်းကို တစ်ခုခုကို ကြံစည်မိမှာကို ငါစိုးရိမ်တာပါ။ သူမကျန်းမာရေးအတွက်ကို  ငါ စိတ်မပူပါဘူး။”

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း ၄၃၇ - သူမအတြက္ စိတ္ပူေနေသးလား။

ယခု အန္းဇီရွင္းသည္ ၀မ္ရွီယြီ ၏  အႀကံအစည္ကို နားေထာင္ေနပါ ေသးသည္။ သို႔ေသာ္၊ ယင္းေရွာင္က်ဲ   ေသြးေဆာင္မႈကို ျငင္းပယ္ႏိုင္သည့္အေၾကာင္း သူမေတြးမိေသာအခါတြင္ သူမစိတ္ပ်က္သြားရေပမယ့္  ပို၍ပင္ ခ်စ္ခင္လာမိသည္။

ေသြးေဆာင္ျဖားေယာင္းမႈကို ခံႏိုင္ရည္ရွိသူတစ္ဦးသည္ ဆြဲေဆာင္မႈ အလြန္ရွိသည္။

ဟုတ္ပါတယ္ သူမဟာ ယင္းေရွာင္က်ဲကို  ဝတ္ျပဳကိုးကြယ္ရာ အျဖစ္ လိုခ်င္ခဲ့တာပင္..။

အန္းဇီရွင္း သည္ သူမ၏ လက္သည္းမ်ားကို ကိုက္ေနရင္း  ေလးေလးနက္နက္ ေတြးေနကာ သူမ၏ အၾကည့္ထဲတြင္  ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ေလးတစ္ခု ရွိေနသည္။

မနက္ခင္း ေနေရာင္ျခည္က ၾကည္လင္ေတာက္ပေနခဲ့သည္။

မုေရွာင္းေရွာင္ ႏွင့္ ယင္းေရွာင္က်ဲ  တို႔သည္ အိမ္မွ အတူတူ ထြက္လာၾကၿပီး ေက်ာင္းသြားရန္ ျပင္ဆင္ၾကသည္။

"အနီးနားမွာ မနက္စာစားလို႔ရမလား ငါဗိုက္ဆာလြန္းလို႔ ေက်ာင္းေရာက္တဲ့အထိ မေနႏိုင္ေတာ့ဘူး။"

မုေရွာင္းေရွာင္သည္ ညက  တစ္ဝက္တစ္ပ်က္သာ  အိပ္ေပ်ာ္ခဲ့ရသည္။ မ်က္လုံးမ်ား လုံး၀မပြင့္ဘဲ ႏႈတ္ခမ္းဆူထားလိုက္မိသည္။

သူမသည္ လြန္ခဲ့ေသာ ရက္အနည္းငယ္ကတည္းက
သူမရဲ႕ ထုံးစံ အေလ့အက်င့္အတိုင္း ႏိုးထလာခဲ့ရသည္။

႐ုတ္တရက္ ေစာေစာျပန္ထရတာ အဆင္မေျပခဲ့ေပ။

မုေရွာင္းေရွာင္ သည္  ေက်ာင္းသြားရန္ ေရွ႕သို႔လွမ္းလာၿပီး ႀကိမ္ဖန္မ်ားစြာ သမ္းလိုက္သည္။ တံခါးလက္ကိုင္ကို ထိလိုက္တာနဲ႔ ထူးထူးျခားျခား တစ္ခုခုကို ခံစားလိုက္ရတယ္။

"ဒါကဘာလဲ?"

တံခါးဝမွာ ကတ္တစ္ကတ္ကို ရွာေတြ႕ေတာ့ သူမ စိတ္ရႈပ္သြားတယ္။

ယင္းေရွာင္က်ဲ  က သူ႔ဖိနပ္ကို ဝတ္ၿပီး ထြက္လာကာ  သူမပုခုံးေပၚ လက္ကို  တင္လာခဲ့သည္။

"ဘာေတြထူးလို႔လဲ?"

မုေရွာင္းေရွာင္ သူမနားနားမွာ သံလိုက္လို အသံထြက္လာသည္။

မုေရွာင္းေရွာင္ သည္ ယင္းေရွာင္က်ဲ ထံမွ ေဝးရာသို႔ ထြက္ခြာလိုက္ၿပီး အံ့အားသင့္ရေစတဲ့ သူ႔အသံကို မခံစားႏိုင္ေတာ့။

သူမ ႏွလုံးခုန္သံေတြ တဆတ္ဆတ္ ခုန္လာေတာ့တယ္။

"ငါ့နားနားမွာ စကားေတြ လာေျပာမေနနဲ႔!"

ရွက္ကိုးရွက္ကန္းျဖစ္ေနတာကို  ဖုံးကြယ္ရန္ တမင္တကာ မလိုစက္ဆုပ္တဲ့ပုံစံျဖင့္  ေျပာလိုက္သည္။

ယင္းေရွာင္က်ဲ  က သူမလက္ထဲက ကတ္ကိုျမင္ၿပီး

"ဒါကဘာလဲ"

"ငါမသိဘူး။"

မုေရွာင္းေရွာင္ ပခုံးတြန႔္လိုက္သည္။ ကတ္ကိုယူ၍ ေသေသခ်ာခ်ာ ဖြင့္ၾကည့္လိုက္သည္။

ေခ်ာေမာလွပေသာ လက္ေရးစာေၾကာင္းအခ်ိဳ႕ပါရွိၿပီး ၎ကို မိန္းကေလးတစ္ဦးမွ ေရးထားေၾကာင္း ထင္ရွားသည္။

သူမဖတ္ၿပီးေနာက္ မုေရွာင္းေရွာင္ ၏အၾကည့္သည္ ခ်က္ခ်င္းပဲ ယင္းေရွာင္က်ဲ အေပၚသို႔ ေရာက္သြားကာ သတိျပန္၀င္လာရသည္။

သူမ၏ ႏႈတ္ခမ္းမ်ားက ေအာက္သို႔ ငုံ႔သြားသည္။

"ဒါက အန္းဇီရွင္း ရဲ႕စာ။"

သူမေျပာရင္း ကတ္ျပားကို ပစ္ခ်လိုက္ၿပီး ဓာတ္ေလွကားဆီသို႔ ႐ုတ္တရက္ ထြက္ခြာလိုက္သည္။

ယင္းေရွာင္က်ဲ  သည္ ကတ္၏ အေၾကာင္းအရာမ်ားကို  ေသခ်ာမဖတ္ဘဲ အသာ ေက်ာ္ခြကာ မုေရွာင္းေရွာင္ေနာက္သို႔  စတင္လိုက္ပါလာသည္ ။

ဓာတ္ေလွကားေရာက္ေသာအခါ ကတ္ျပားကို ပုံးထဲသို႔ ပစ္ခ်လိုက္သည္။

မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ ကို  ေသေသခ်ာခ်ာ တစ္ခ်က္ၾကည့္လိုက္သည္။ သူမ၏ လက္ႏွစ္ဖက္ကို ပိုက္ထားကာ

“နင္ သူမအတြက္ စိတ္မပူဘူးလား”

ဟု ေအးခဲစြာေျပာလိုက္သည္။

ကတ္ကို အန္းဇီရွင္း က ေရးသားခဲ့ၿပီး  သူမသည္ ကြန္ဒိုမီနီယံမွ ထြက္ခြာေတာ့မည္ဟု ဆိုသည္။ သူမသည္ ဤကာလအတြင္း ယင္းေရွာင္က်ဲ ၏ ကူညီဂ႐ုစိုက္မႈကို ေက်းဇူးတင္မိေသာ္လည္း သူမသည္ ေရွ႕ဆက္၍ သူမဘဝႏွင့္သူမရင္ဆိုင္ေတာ့မည္ ျဖစ္ေၾကာင္း၊ ယခုခ်က္ခ်င္းပင္  ေနာက္မတြံ႕ဘဲ ထိုကဲ့သို႔လုပ္ေဆာင္ေတာ့မည္ဆိုသည့္ အေၾကာင္းပင္ ။

အလြန္ထိမိေသာ စာတစ္ေစာင္ပင္

ယင္းေရွာင္က်ဲ သာ နည္းနည္း စိတ္ပိုေပ်ာ့တဲ့ တျခားေယာက္်ားတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ အန္းဇီရွင္း ကို သနားမိၿပီး သူမကို ေလာကဓံ ခံႏိုင္ရည္ရွိတဲ့ မိန္းကေလးတစ္ေယာက္လို႔ သူထင္လိမ့္မွာပင္။


မုေရွာင္းေရွာင္ သည္လဲ  ယခင္ကလည္း ဤကဲ့သို႔ ေတြးဖူးခဲ့လိမ့္မည္

သို႔ေသာ္လည္း လြန္ခဲ့သည့္ ရက္အနည္းငယ္က အျဖစ္အပ်က္မ်ားကို ေတြ႕ႀကဳံခဲ့ရၿပီးေနာက္ သူမသည္ ႏုံအလြန္းေသာ တစ္စုံတစ္ဦးကို ေတြးေတာမေနႏိုင္ေတာ့ေပ။

အထူးသျဖင့္ အန္းဇီရွင္း ဘက္မွ ၀မ္ရွီယြီ လို  အႀကံအစည္ရွိတဲ့လူ ရွိေနေသာအခါမွာေပါ့

ဓာတ္ေလွကားေရာက္လာၿပီး တံခါးပြင့္လာသည္။

မုေရွာင္းေရွာင္ က အရင္ဝင္လိုက္တယ္။ ယင္းေရွာင္က်ဲ  သည္ သူမေနာက္သို႔ မလိုက္၀င္မီ ဓာတ္ေလွကားတံခါးကို ကိုင္ထားသည္။

"စိတ္ပူတယ္ "

သူ႔အေျဖကိုၾကားေတာ့ မုေရွာင္းေရွာင္ က သူ႔ကို စိုက္ၾကည့္ေနမိသည္။

"နင္ ဘာေျပာလိုက္တာလဲ?"

အန္းဇီရွင္း ကို စိတ္ပူတယ္လို႔ ဒီလူယုတ္မာက ဘယ္လိုလုပ္ေျပာရဲတာလဲ။

မုေရွာင္းေရွာင္ က ေဒါသတႀကီးျဖင့္ သူ႔ကို အိတ္ျဖင့္ကို ႐ိုက္လိုက္သည္။

ယင္းေရွာင္က်ဲ  ၏ ႏႈတ္ခမ္းမ်ားသည္  ေကြးေကာက္ၿပဳံးကာ သူမ၏ တိုက္ခိုက္မႈမ်ားကို တားဆီးၿပီး  သူ႔ရင္ခြင္ထဲသို႔ ေနာက္တစ္ႀကိမ္ ဆြဲသြင္းလိုက္သည္။

“ငါ့  စကားမဆုံးေသးဘူး။ သူမ မင္းကို တစ္ခုခုကို ႀကံစည္မိမွာကို ငါစိုးရိမ္တာပါ။ သူမက်န္းမာေရးအတြက္ကို  ငါ စိတ္မပူပါဘူး။”

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net