Unicode
အပိုင်း ၄၃၁ - မင်း နည်းနည်းလောက် နူးညံ့သိမ်မွေ့လို့မရဘူးလား။
ဒါကိုကြားတော့ မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို တံတောင်ဆစ်နဲ့ တွတ်ရင်း နားရွက်တွေလဲ နီရဲနေသည်။
"မင်းမြင်ခွင့်ရအောင် ငါက ဘာလို့ဝတ်ပြရမှာလဲ ငါမလုပ်ဘူး!"
ဒီလူယုတ်မာက ရှက်စရာတစ်ခုခု ထပ်ပြောမည်ကို စိုးရိမ်၍
သူမ လှည့်ထွက်ကာ သူ့လက်မှ လွတ်မြောက် အောင် ကြိုးစားမိသည်။
မုရှောင်းရှောင် က သူ့ကို လှည့်ကြည့်လိုက်သည်။
“ဒီအဝတ်အစားတွေက ငါ့ဗီရိုထဲကဟာ မဟုတ်ဘူးလား? ဘယ်လိုလုပ် နင်ရဲ့ဗီရိုထဲ ရောက်နေတာလဲ။ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ရှင်းပြ။ ဘာတွေဖြစ်နေတာလဲ!"
အဲဒီလို မလုပ်ခဲ့ရင် အန်းဇီရှင်း ကို အဲဒီအဝတ်အစားတွေ ပေးခဲ့တာလို့ သူမ ထင်မိမှာ မဟုတ်ဘူး။
ထို့နောက် သူမသည် ဤမျှကြာကြာ ခံစားရမည် မဟုတ်ပေ။
သူမတွေးလေလေ မုရှောင်းရှောင် ဒေါသထွက် လေလေဖြစ်ကာ ယင်းရှောင်ကျဲ ကို လက်သီးနှင့် ထိုးချက်တွေ တစ်ပြုံကြီး ပေးလိုက်သည်။
ဟုတ်ပါတယ်၊ ဒါဟာ ကလေးသာသာ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတာကြောင့် သူမသည် ယင်းရှောင်ကျဲ ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မည်နည်း။
ယင်းရှောင်ကျဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်သီးလေးကို ဆုပ်ကိုင်လိုက်သည်။ ကျွမ်းကျင်သော လှုပ်ရှားမှုတစ်ခုဖြင့် သူသည် သူမကို သူ့နားသို့ ပြန်ဆွဲခေါ်လိုက်ပြီး နောက်ကနေ ပွေ့ဖက်လိုက်သည်။
သူ သက်ပြင်းချလိုက်ပြီး
“ငါ့အပြစ်ပါ၊ ငါ့ အပြစ်ပါ။ ဒါတွေ အားလုံး ငါ့အပြစ်ပဲ!"
သူမကြားလိုက်ရတော့ ဘာတွေဖြစ်နေတယ်ဆိုတာ ချက်ချင်းသိသွားသည်။
“ငါ သူမအတွက် အဝတ်အစားတွေကို ဝယ်ဖို့ လက်ထောက်ကို ညွှန်ကြားထားခဲ့တယ်၊ ဒါပေနယ့် သူတို့ကို ကျပန်းရွေး ပေးခိုင်းလိုက်တာပါ ပါ။ ပြီးတော့ ငါ သူမကို တိုက်ခန်းမှာတောင် ပေးနေခဲ့တာပဲကို ။အဝတ်အစားကို ဒီလောက် ညစ်ပတ်နေတဲ့ အနေအထားနဲ့ ပစ်ထားလို့လဲ မရဘူးလေ ဟုတ်တယ် မလား”
မုရှောင်းရှောင် က သူမပါးစပ်ကို စူလိုက်ပြီး
"ဆင်တူတဲ့ စကပ်တစ်ထည်ကို သူက ဘယ်လိုလုပ်ဝယ် ပေးလိုက်ရတာလဲ..."
သူမရဲ့ မနာလိုမှုတွေအားလုံးက ဘာမှမဟုတ်ခဲ့ဘူးလား?
ယင်းရှောင်ကျဲ ၏ ချောမောသော မျက်နှာသည် ချိုမြိန် နေကာ အရည်ပျော်ကျလုနီးပါး အသံဖြင့် ပြောလာသည်။
" ဟုတ်တယ်၊ ဒါတွေအားလုံးက လက်ထောက်ရဲ့ အမှား။
ငါ သူ့လစာကို နောက်မှ နုတ်လိုက်မယ်!”
မုရှောင်းရှောင် ငြိမ်သက်သွားပြီး သူမ၏ ဒေါသများ တဖြည်းဖြည်း လျော့ပါးလာသည်။
“မေ့လိုက်ပါ… နင့်လက်ထောက်က အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လောက်ဘူး…”
တကယ်ပဲ မုရှောင်းရှောင်အန်းဇီရှင်း ဝတ်ထားတဲ့ အဝတ်အစားကို တူညီတယ်ဟုပဲ ယူဆခဲ့ပြီး တံဆိပ်ကိုတော့ ရှင်းရှင်းလင်းလင်း မကြည့်မိတဲ့ သူမကိုယ်သူမ အပြစ်တင်ခဲ့သည်။
မုရှောင်းရှောင်ရဲ့ မပျော်မရွှင်မျက်နှာကို မြင်လိုက်ရတော့ ယင်းရှောင်ကျဲ ရဲ့ နှလုံးသားလေးက အနည်းငယ် နာကျင်သွားသည်။
သူမဖြတ်သန်းခဲ့ရတဲ့ နာကျည်းမှုတွေ နာကျင်စရာတွေအားလုံးကို တွေးပြီး ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ သူ မသိတော့။
ယင်းရှောင်ကျဲ သည် သူမ၏ မျက်နှာလေးကို နမ်းလိုက်ပြီး နူးညံ့သိမ်မွေ့သော သံလိုက်ဓာတ်ဖြင့်
"ချစ်ဇနီးလေး၊ စိတ်မဆိုးပါနဲ့။ နားလည်မှုလွဲမှားတာပဲကို ။ ခွင့်လွှတ် ပေးနိုင်မလား"
မုရှောင်းရှောင် သည် သူမ၏ မျက်လုံးထောင့်များမှ သူ့ကို စိုက်ကြည့်နေလိုက်သည်။
"ဒါက နင့်အပြစ်လဲ မဟုတ်ပါဘူး...ဒါပေမယ့် နင် ငါ့အဝတ်တွေကို နင်ရဲ့ဗီရိုထဲကို ဘာလို့ရွှေ့လိုက်တာလဲ"
အဝတ်အစားတွေ မရွေ့ခဲ့ရင် သူမ အထင်လွဲမှာလဲ မဟုတ်ဘူး။
ပြန်တွေးကြည့်တော့လည်း သူ့အပြစ်ပဲ ဖြစ်ပုံရတယ်။
သူမကို တင်းတင်းကြပ်ကြပ်သာ ပွေ့ဖက်ထားမိသည်။
ထို့ကြောင့် ဒေါသတကြီးဖြင့် ယင်းရှောင်ကျဲ ခြေထောက်ကို အားနဲ့ တက်နင်းပစ်လိုက်သည်။
"ငါ့ကိုလွှတ်!"
ယင်းရှောင်ကျဲ အားငယ်စွာ ပြုံးပြီး သူမကို လွှတ်ပေးလိုက်သည်။
"မင်း နည်းနည်းလောက် နူးညံ့သိမ်မွေ့လို့မရဘူးလား"
တကယ်ဆို သူ့ ခြေထောက်ကို မနင်းမိသေး။
မုရှောင်းရှောင် သည် သူ့ ရင်ခွင်ထဲကနေ ယင်းရှောင်ကျဲကို စိုက်ကြည့်နေမိသည်။
"မြန်မြန်ပြော! နင် ဘာလို့ ဒီလိုလုပ်လိုက်တာလဲ!"
ယင်းရှောင်ကျဲ သက်ပြင်းချလိုက်သည်။
"ကောင်းတာတစ်ခုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆိုးတာတစ်ခုပဲ ဖြစ်သွားခဲ့တယ်..."
မုရှောင်းရှောင် က သူ့ကို အံ့ဩသော အကြည့်ဖြင့် ကြည့်သည်။
"ကြည့်လိုက်ရင် မင်းသိမှာပါ"
ယင်းရှောင်ကျဲ သည် သူ့ပခုံးကို လက်နှစ်ဖက်ဖြင့် ပတ်ထားချင်သော်လည်း သူမ အမှန်တကယ် ရှောင်တိမ်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သခင်လေးကျဲသည် သူမ၏ ဗီရိုကိုဖွင့်ရန် လမ်းလျှောက်လာရင်း စိတ်မကောင်းဖြစ်မိသည်။
မုရှောင်းရှောင် တစ်ချက်ကြည့်လိုက်မိပြီး သူမ၏မျက်လုံးများကလဲ ချက်ချင်းပြူးကျယ်သွားရသည်။
"မဟုတ်ဘူး... ဒါက အလွတ် အလွတ်ကြီး မဟုတ်ဘူးလား?"
သူမ ရင်မောသွားရသည်။ သူမ၏ စိတ်ဓာတ်သည်လဲ ချက်ချင်းပဲ တက်ကြွလာရသည်။
အရင်က ဗလာဖြစ်နေတဲ့ ဗီရိုကို ဖွင့်ကြည့်တော့ အဝတ်အစား တစ်ထည်မှ မရှိခဲ့။ ယခုမူ မည်သည့်အချိန်ကဖြစ်ခဲ့သည်ကို သူမမသိသော်လည်း ဗီရိုတစ်ခုလုံး ပြည့်နေခဲ့ပြီဖြစ်သည်။
မုရှောင်းရှောင် ဗီရိုကို ဖွင့်လိုက်သည့် နောက်ဆုံးအကြိမ်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူမ၏ လက်ရှိခံစားချက်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
အပိုင္း ၄၃၁ - မင္း နည္းနည္းေလာက္ ႏူးညံ့သိမ္ေမြ႕လို႔မရဘူးလား။
ဒါကိုၾကားေတာ့ မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ ကို တံေတာင္ဆစ္နဲ႔ တြတ္ရင္း နား႐ြက္ေတြလဲ နီရဲေနသည္။
"မင္းျမင္ခြင့္ရေအာင္ ငါက ဘာလို႔ဝတ္ျပရမွာလဲ ငါမလုပ္ဘူး!"
ဒီလူယုတ္မာက ရွက္စရာတစ္ခုခု ထပ္ေျပာမည္ကို စိုးရိမ္၍
သူမ လွည့္ထြက္ကာ သူ႔လက္မွ လြတ္ေျမာက္ ေအာင္ ႀကိဳးစားမိသည္။
မုေရွာင္းေရွာင္ က သူ႔ကို လွည့္ၾကည့္လိုက္သည္။
“ဒီအဝတ္အစားေတြက ငါ့ဗီ႐ိုထဲကဟာ မဟုတ္ဘူးလား? ဘယ္လိုလုပ္ နင္ရဲ႕ဗီ႐ိုထဲ ေရာက္ေနတာလဲ။ ရွင္းရွင္းလင္းလင္းျဖစ္သြားေအာင္ ရွင္းျပ။ ဘာေတြျဖစ္ေနတာလဲ!"
အဲဒီလို မလုပ္ခဲ့ရင္ အန္းဇီရွင္း ကို အဲဒီအဝတ္အစားေတြ ေပးခဲ့တာလို႔ သူမ ထင္မိမွာ မဟုတ္ဘူး။
ထို႔ေနာက္ သူမသည္ ဤမွ်ၾကာၾကာ ခံစားရမည္ မဟုတ္ေပ။
သူမေတြးေလေလ မုေရွာင္းေရွာင္ ေဒါသထြက္ ေလေလျဖစ္ကာ ယင္းေရွာင္က်ဲ ကို လက္သီးႏွင့္ ထိုးခ်က္ေတြ တစ္ၿပဳံႀကီး ေပးလိုက္သည္။
ဟုတ္ပါတယ္၊ ဒါဟာ ကေလးသာသာ လုပ္ရပ္တစ္ခုသာ ျဖစ္ပါတာေၾကာင့္ သူမသည္ ယင္းေရွာင္က်ဲ ကို ဘယ္လိုလုပ္ အႏိုင္ယူႏိုင္မည္နည္း။
ယင္းေရွာင္က်ဲ သူ႔လက္ကို ဆန႔္ထုတ္လိုက္ၿပီး သူမ၏ လက္သီးေလးကို ဆုပ္ကိုင္လိုက္သည္။ ကြၽမ္းက်င္ေသာ လႈပ္ရွားမႈတစ္ခုျဖင့္ သူသည္ သူမကို သူ႔နားသို႔ ျပန္ဆြဲေခၚလိုက္ၿပီး ေနာက္ကေန ေပြ႕ဖက္လိုက္သည္။
သူ သက္ျပင္းခ်လိုက္ၿပီး
“ငါ့အျပစ္ပါ၊ ငါ့ အျပစ္ပါ။ ဒါေတြ အားလုံး ငါ့အျပစ္ပဲ!"
သူမၾကားလိုက္ရေတာ့ ဘာေတြျဖစ္ေနတယ္ဆိုတာ ခ်က္ခ်င္းသိသြားသည္။
“ငါ သူမအတြက္ အဝတ္အစားေတြကို ဝယ္ဖို႔ လက္ေထာက္ကို ၫႊန္ၾကားထားခဲ့တယ္၊ ဒါေပနယ့္ သူတို႔ကို က်ပန္းေ႐ြး ေပးခိုင္းလိုက္တာပါ ပါ။ ၿပီးေတာ့ ငါ သူမကို တိုက္ခန္းမွာေတာင္ ေပးေနခဲ့တာပဲကို ။အဝတ္အစားကို ဒီေလာက္ ညစ္ပတ္ေနတဲ့ အေနအထားနဲ႔ ပစ္ထားလို႔လဲ မရဘူးေလ ဟုတ္တယ္ မလား”
မုေရွာင္းေရွာင္ က သူမပါးစပ္ကို စူလိုက္ၿပီး
"ဆင္တူတဲ့ စကပ္တစ္ထည္ကို သူက ဘယ္လိုလုပ္ဝယ္ ေပးလိုက္ရတာလဲ..."
သူမရဲ႕ မနာလိုမႈေတြအားလုံးက ဘာမွမဟုတ္ခဲ့ဘူးလား?
ယင္းေရွာင္က်ဲ ၏ ေခ်ာေမာေသာ မ်က္ႏွာသည္ ခ်ိဳၿမိန္ ေနကာ အရည္ေပ်ာ္က်လုနီးပါး အသံျဖင့္ ေျပာလာသည္။
" ဟုတ္တယ္၊ ဒါေတြအားလုံးက လက္ေထာက္ရဲ႕ အမွား။
ငါ သူ႔လစာကို ေနာက္မွ ႏုတ္လိုက္မယ္!”
မုေရွာင္းေရွာင္ ၿငိမ္သက္သြားၿပီး သူမ၏ ေဒါသမ်ား တျဖည္းျဖည္း ေလ်ာ့ပါးလာသည္။
“ေမ့လိုက္ပါ… နင့္လက္ေထာက္က အဲဒါကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာ မဟုတ္ေလာက္ဘူး…”
တကယ္ပဲ မုေရွာင္းေရွာင္အန္းဇီရွင္း ဝတ္ထားတဲ့ အဝတ္အစားကို တူညီတယ္ဟုပဲ ယူဆခဲ့ၿပီး တံဆိပ္ကိုေတာ့ ရွင္းရွင္းလင္းလင္း မၾကည့္မိတဲ့ သူမကိုယ္သူမ အျပစ္တင္ခဲ့သည္။
မုေရွာင္းေရွာင္ရဲ႕ မေပ်ာ္မ႐ႊင္မ်က္ႏွာကို ျမင္လိုက္ရေတာ့ ယင္းေရွာင္က်ဲ ရဲ႕ ႏွလုံးသားေလးက အနည္းငယ္ နာက်င္သြားသည္။
သူမျဖတ္သန္းခဲ့ရတဲ့ နာက်ည္းမႈေတြ နာက်င္စရာေတြအားလုံးကို ေတြးၿပီး ဘယ္လိုေျဖရွင္းေပးရမလဲဆိုတာ သူ မသိေတာ့။
ယင္းေရွာင္က်ဲ သည္ သူမ၏ မ်က္ႏွာေလးကို နမ္းလိုက္ၿပီး ႏူးညံ့သိမ္ေမြ႕ေသာ သံလိုက္ဓာတ္ျဖင့္
"ခ်စ္ဇနီးေလး၊ စိတ္မဆိုးပါနဲ႔။ နားလည္မႈလြဲမွားတာပဲကို ။ ခြင့္လႊတ္ ေပးႏိုင္မလား"
မုေရွာင္းေရွာင္ သည္ သူမ၏ မ်က္လုံးေထာင့္မ်ားမွ သူ႔ကို စိုက္ၾကည့္ေနလိုက္သည္။
"ဒါက နင့္အျပစ္လဲ မဟုတ္ပါဘူး...ဒါေပမယ့္ နင္ ငါ့အဝတ္ေတြကို နင္ရဲ႕ဗီ႐ိုထဲကို ဘာလို႔ေ႐ႊ႕လိုက္တာလဲ"
အဝတ္အစားေတြ မေ႐ြ႕ခဲ့ရင္ သူမ အထင္လြဲမွာလဲ မဟုတ္ဘူး။
ျပန္ေတြးၾကည့္ေတာ့လည္း သူ႔အျပစ္ပဲ ျဖစ္ပုံရတယ္။
သူမကို တင္းတင္းၾကပ္ၾကပ္သာ ေပြ႕ဖက္ထားမိသည္။
ထို႔ေၾကာင့္ ေဒါသတႀကီးျဖင့္ ယင္းေရွာင္က်ဲ ေျခေထာက္ကို အားနဲ႔ တက္နင္းပစ္လိုက္သည္။
"ငါ့ကိုလႊတ္!"
ယင္းေရွာင္က်ဲ အားငယ္စြာ ၿပဳံးၿပီး သူမကို လႊတ္ေပးလိုက္သည္။
"မင္း နည္းနည္းေလာက္ ႏူးညံ့သိမ္ေမြ႕လို႔မရဘူးလား"
တကယ္ဆို သူ႔ ေျခေထာက္ကို မနင္းမိေသး။
မုေရွာင္းေရွာင္ သည္ သူ႔ ရင္ခြင္ထဲကေန ယင္းေရွာင္က်ဲကို စိုက္ၾကည့္ေနမိသည္။
"ျမန္ျမန္ေျပာ! နင္ ဘာလို႔ ဒီလိုလုပ္လိုက္တာလဲ!"
ယင္းေရွာင္က်ဲ သက္ျပင္းခ်လိုက္သည္။
"ေကာင္းတာတစ္ခုလုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆိုးတာတစ္ခုပဲ ျဖစ္သြားခဲ့တယ္..."
မုေရွာင္းေရွာင္ က သူ႔ကို အံ့ဩေသာ အၾကည့္ျဖင့္ ၾကည့္သည္။
"ၾကည့္လိုက္ရင္ မင္းသိမွာပါ"
ယင္းေရွာင္က်ဲ သည္ သူ႔ပခုံးကို လက္ႏွစ္ဖက္ျဖင့္ ပတ္ထားခ်င္ေသာ္လည္း သူမ အမွန္တကယ္ ေရွာင္တိမ္းလိမ့္မည္ဟု သူ မေမွ်ာ္လင့္ခဲ့ေပ။ သခင္ေလးက်ဲသည္ သူမ၏ ဗီ႐ိုကိုဖြင့္ရန္ လမ္းေလွ်ာက္လာရင္း စိတ္မေကာင္းျဖစ္မိသည္။
မုေရွာင္းေရွာင္ တစ္ခ်က္ၾကည့္လိုက္မိၿပီး သူမ၏မ်က္လုံးမ်ားကလဲ ခ်က္ခ်င္းျပဴးက်ယ္သြားရသည္။
"မဟုတ္ဘူး... ဒါက အလြတ္ အလြတ္ႀကီး မဟုတ္ဘူးလား?"
သူမ ရင္ေမာသြားရသည္။ သူမ၏ စိတ္ဓာတ္သည္လဲ ခ်က္ခ်င္းပဲ တက္ႂကြလာရသည္။
အရင္က ဗလာျဖစ္ေနတဲ့ ဗီ႐ိုကို ဖြင့္ၾကည့္ေတာ့ အဝတ္အစား တစ္ထည္မွ မရွိခဲ့။ ယခုမူ မည္သည့္အခ်ိန္ကျဖစ္ခဲ့သည္ကို သူမမသိေသာ္လည္း ဗီ႐ိုတစ္ခုလုံး ျပည့္ေနခဲ့ၿပီျဖစ္သည္။
မုေရွာင္းေရွာင္ ဗီ႐ိုကို ဖြင့္လိုက္သည့္ ေနာက္ဆုံးအႀကိမ္ႏွင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္ သူမ၏ လက္ရွိခံစားခ်က္သည္ လုံးဝဆန႔္က်င္ဘက္ျဖစ္သည္။
Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္
You are reading the story above: TeenFic.Net