အပိုင်း -၄၃၀

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၃၀ - ငါ့မှာ မင်းကိုပဲ ကြည့်ဖို့ မျက်လုံးပဲရှိတယ် (၅)

ယင်းရှောင်ကျဲ အဖြေကိုကြားတော့ မုရှောင်းရှောင်ကျေနပ်သွားပြီး ဆက်မမေးတော့ပါ။

တကယ်တော့၊ ယင်းရှောင်ကျဲက အန်းဇီရှင်း ကို သူမရဲ့ စွက်ဖက်မှုမရှိဘဲ ဘယ်လို ဆက်ဆံမလဲ ဆိုတာ သူမ အမြဲ သိချင်နေခဲ့သည်။

အဆင်မပြေရင် ဘယ်လိုလုပ်မလဲ ...

မုရှောင်းရှောင် က သူမစိတ်အတွင်းမှာတော့ အော်ဟစ် နေမိသည်။

ယင်းရှောင်ကျဲသည် မုရှောင်းရှောင်ကို စစ်မှန်ကြောင်းသက်သေပြရန်အတွက် လက်ဖဝါးဖြင့် ကတိ တံဆိပ်ရိုက်နှိပ် ပေးပြီးနောက်မှာမှ နှစ်ဦးသား တိုက်ခန်းထဲသို့ ဝင်သွားကြသည်။

"အာယိုး ..."

မုရှောင်းရှောင် သည် သူမ အကြိမ်လိုလို လုပ်နေကြအတိုင်း ဆိုဖာပေါ် ပစ်လှဲချလိုက်သည်။ပြီးတော့ ခေါင်းအုံးကိုဆွဲယူပြီးဘသူမ၏လက်နှစ်ဖက်ကို ပွေ့ဖက်ကာ အနံ့ကို ရှူရှိုက်လိုက်သည်။

အရမ်းရင်းနှီးပြီး အဆင်ပြေတယ်။

အိမ်မှာပဲ ရတဲ့ အနံကဲ့သို့ ရနံ့ရပြီး မုရှောင်းရှောင်၏ စိတ်ကူးယဉ်ဆန်သော ခံစားချက်များကို နိုးကြားစေသည်။

ယင်းရှောင်ကျဲသာ သူမ တွေးနေတာတွေကို သိခဲ့ရင်
သူ အရမ်းပျော်သွားမှာ သေချာသည်။

ယင်းရှောင်ကျဲ က ဝယ်ထားတဲ့ပစ္စည်းတွေကို စားပွဲပေါ်တင်ပြီး ဆိုဖာပေါ်က မုရှောင်းရှောင် လှမ်းဆွဲထူလိုက်သည်။

"မင်းကို ပြချင်တာတစ်ခုရှိတယ်"

ယင်းရှောင်ကျဲ သည် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ဖြင့် သူသည် သူမ၏ ချီးမွမ်းခြင်းကို စောင့်ဆိုင်းနေသကဲ့သို့ ပြုံးလိုက်မိသည်။

ယင်းရှောင်ကျဲ သူမအတွက် အံ့အားသင့်စရာ ပြင်ဆင်ထားလို့လား။

ယင်းရှောင်ကျဲ ဝမ်းသာအားရဖြင့် သူမကို ဆွဲခေါ်လာရင်း အိပ်ခန်းထဲသို့ လျှောက်သွားကြသည်။

"ဘာလဲ?"

အိုဟုတ်သား!

မုရှောင်းရှောင် ရုတ်တရက် သတိရသွားသည်။

အပျော်စီးသင်္ဘောပေါ်မှာ ယင်းရှောင်ကျဲ လေလံမှ ဝယ်ယူခဲ့သည် သူမအား မပေးရသေးသည့် စတော်ဘယ်ရီပုံစံ စိန်လည်ဆွဲ။

သူရည်ညွှန်းတဲ့ အံ့သြစရာက ဒါ ဖြစ်မလား။

မုရှောင်းရှောင် မပြုံးဘဲ မနေနိုင်။

သို့သော်လည်း ယင်းရှောင်ကျဲ က သူမကို အခန်းထဲသို့ ခေါ်သွင်းလာသောအခါတွင် သူမ စိတ်ရှုပ်သွားရသည်။

စိန်လည်ဆွဲကို ပေးဖို့အတွက် ပိုပြီး ရင်ခုန်စရာကောင်းတဲ့ နေရာတစ်ခုကို ရွေးရမှာ မဟုတ်ဘူးလား။

ဥပမာအား၊ လသာဆောင်ကဲ့သို့တစ်နေရာ။

အခန်းထဲမှာ ဘာလုပ်ရမှာလဲ

ယင်းရှောင်ကျဲ က သူမကို အခန်းထဲက အဝေးဆုံးအစွန်ဆုံးမှာရှိတဲ့ ဗီရိုရှေ့ကို ခေါ်သွားတယ်။

မုရှောင်းရှောင် သည် ခဏရပ်လိုက်ပြီး သူမရှေ့က ဗီရိုကို စိုက်ကြည့်ရင်း မျက်လုံးများက မှုန်ကုပ်ကုပ် ဖြစ်နေသည်။

သိပ်မကြာခင်ကပဲ သူမ ဗီရိုကိုဖွင့်ပြီး ဗလာကျင်းနေတာကို တွေ့ထားတာပင်။ သူမအတွက် ယင်းရှောင်ကျဲ ဝယ်ပေးထားတဲ့ အဝတ်အစားတွေ အကုန်ပျောက် နေခဲ့တာပင်။

ထိုအဝတ်အစားများသည် အန်းဇီရှင်းကိုယ်ပေါ်တွင်ပင် ပေါ်လာခဲ့သည်...

မုရှောင်းရှောင် က စိတ်ဆိုးနေတဲ့ပုံနဲ့ ယင်းရှောင်ကျဲ ကို လှည့်ကြည့်လိုက်သည်။

"နောက်ဆုံးတော့ နင့်အမှား နင် သဘောပေါက်သွားပြီလား"

မုရှောင်းရှောင် အဝတ်အစားနှင့်ပတ်သက်သည့် ကိစ္စအတွက် ခွင့်လွှတ်ချင်ခဲ့သော်လည်း သူမ မလုပ်နိုင်ခဲ့ပေ။

သူမ အရမ်း စိတ်တိုခဲ့ရတာကိုး

ဒီကိစ္စကို ပြန်သတိရတော့ မုရှောင်းရှောင် က စိတ်တိုလာပြီး ယင်းရှောင်ကျဲကို ဒေါသတကြီးနဲ့ ရိုက်လိုက်တယ်။

"ခွေးကောင်! ငါ နင့်ကိုပြေမယ် နင်ဒီလိုထပ်လုပ်ဝံ့ရင် ငါ ဒီမှာ မနေတော့ဘူး... နင့်ကိုလဲ မလိုချင်တော့ဘူး!"

ယင်းရှောင်ကျဲ သည် သူမ၏ ထူးဆန်းသော အမူအရာကြောင့် အံ့အားသင့်ကာ မျက်ခုံးပင့်ပြီး

"ငါဘာအမှားလုပ်မိလို့လဲ?"

မုရှောင်းရှောင် က ဗီရိုကို ညွှန်ပြပြီး

"နင် ငါ့ကိုပေးခဲ့တဲ့ အဝတ်အစားတွေ!"

ယင်းရှောင်ကျဲ တစ်ခုခုမှားနေတာကို သတိထားမိလိုက်တယ်။

"မင်း... ဗီရိုဖွင့်ကြည့်ခဲ့တာလား"

"ဟုတ်တယ်! နင် အဲဒီအဝတ်အစားတွေကို အန်းဇီရှင်းပေးခဲ့တာကိုလည်း ငါသိတယ်။ နင် ငါ့ကို ဒေါသနဲ့ သေ အောင် လုပ်ချင်ခဲ့တာ‌လား!"

မုရှောင်းရှောင် က သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်ခဲ့ပြီး

ဒီတစ်ကြိမ်မှာတော့ သူမကို ပိုပြင်းထန်စွာ ရိုက်ခဲ့ပါတယ်။

ယင်းရှောင်ကျဲ ဆွံ့အ နေမိသည် ။

ရယ်ရ မလား၊ ငိုရမလား၊ သူမကိုပဲ သနားမိသလား မသေချာ။

ဒီလိုပဲ သူမအထင်လွဲသွားခဲ့တာလား...

ယင်းရှောင်ကျဲ မုရှောင်းရှောင်အတွက် သီးသန့်ပြင်ထားတဲ့ ဗီရို မဟုတ်ဘဲ သူ့နောက်က ဗီရိုကို လှည့်ဖွင့်လိုက်သည်။

"အဝတ်​​တွေ​ ပြန်ရောက်​​နေပြီလား!"

အနက်ရောင် ဇာအဝတ်အစားတွေနဲ့ ပြည့်နေတဲ့ ဗီရိုကို ကြည့်ရင်း မုရှောင်းရှောင် က ဗြောင်ကျကျ စိုက်ကြည့်နေသည်။

သူမ အမြန်သွားကာ အဝတ်အစားများကို ရေတွက်လိုက်သည်။

အမှန်ပဲ တစ်ခုမှ ပျောက်မနေဘူး။

ယင်းရှောင်ကျဲ သည် ယုတ်မာစွာ ပြုံးကာ သူမ၏ သွယ်လျသော ခါးလေးကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေကို သူမနားရွက်နားမှာ ကပ်ထားလိုက်ပြီး

"ဒါဆို ငါပေးခဲ့တဲ့ အဝတ်အစားတွေကို မင်းက သိပ်ဂရုစိုက်တာ‌ ပေါ့ ဟုတ်လား။"

"ဘယ်ဟုတ်မလဲ!"

သူမ မိုက်မဲစွာ အမြန်ငြင်းပစ်လိုက်သည် ။

ယင်းရှောင်ကျဲ က တခစ်ခစ်ရယ်ပြီး သူမနားရွက်လေးကို နမ်းလိုက်ပြီး

"မင်း... တစ်ခါလောက် စမ်း၀တ်ကြည့်ချင်လား"

လို့ အသံတိုးတိုးနဲ့ ပြောလိုက်လေတယ်။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi


You are reading the story above: TeenFic.Net