ချစ်ခြင်းဖြစ့်ချည်နှောင်သော🌺🌺🌺

Background color
Font
Font size
Line height



‌အပိုင်း(၆)


‌မနက်၆နာရီလောက်ကျတော့ရှောင်ကျန့်ရိပေါ်ဆီကိုဖုန်းခေါ်လိုက်တယ်....သူသိတာပေါ့ဒီလိုမနက်စောစောရိပေါ်မထတက်ဘူးဆိုတာ...သူတမင်စမ်းကြည့်တာပါ....သူ ရိပေါ်အပေါ်ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုတာ...ပထမတစ်ခါဖုန်းသံသာဆုံးသွားတယ်...မကိုင်ပေ...သူထပ်ခေါ်လိုက်တယ်...၃ခေါက်မြောက်ကျတော့....

‌''ဟယ်လို.....´´

အိပ်ချင်မူးတူးအသံနဲ့ထူးလာတဲ့ရိပေါ်အသံကိုကြားလိုက်ရတယ်ဆိုရင်ပဲသူပြုံးမိတယ်....

‌''ကလေး....ထတော့လေကွာ...အစ်ကို့ကိုဘုရားလိုက်ပို့မယ်ဆို...´´

ပုံမှန်ပြောနေကြအသံထက်ပိုပြီးတော့ခပ်ချွဲချွဲလေးပြောလိုက်တယ်ဆိုရင်ပဲ...

‌ရိပေါ်ဆီက''ကျန့်ကအစောကြီးသွားချင်တာလား...ခနလေးစောင့်နော်....ကျွန်တော်အမြန်ပြင်ဆင်ပြီးလာကြိုမယ်...ကျန့်တိုက်ခန်းကနေစောင့်နေနော်...´´

‌''ကလေး...အစ်ကိုကတိုက်ခန်းမှာမနေတော့ဘူး...အစ်ကို့မိဘတွေနေခဲ့တဲ့အိမ်မှာပဲပြန်နေနေတာ...တိုက်ခန်းမှာဟိုကောင်တွေကိုပေးနေထားတယ်...ကလေးလာကြိုမယ်ဆို...အစ်ကိုလိပ်စာပို့ပေးလိုက်မယ်နော်....´´


‌''ဟုတ်..အစ်ကိုသိပ်မကြာစေရပါဘူး...ခနပဲစောင့်နော်..´´


‌''အင်း....ကလေး..ကားဂရုစိုက်မောင်းနော်....´´


‌''ဟုတ် ကျန့်´´

ရိပေါ်ဆီကပြန်ဖြေသံကိုနားထောင်ပြီးတော့သူဖုန်းချလိုက်တယ်..ပြီးတော့မှန်ရှေ့မှာရပ်နေပြီးသူ့ကိုသူကြည့်လိုက်တယ်   မှန်ရှေ့မှာပေါ်နေတဲ့ရှင်းသန့်နေတဲ့သူ့ရုပ်သွင်ကိုကြည့်ပြီးပြောမိတယ်...အချစ်မှာမျက်စိမရှိဘူးတဲ့...တကယ်ဟုတ်မဟုတ်တော့မသိဘူး....လူတွေမှာတော့မျက်စိရှိတာပဲရုပ်ချောတဲ့သူကိုကျတော့...မြင်တက်တာပဲ...ဟွင့်....မှန်ထဲမှသူ့ပုံရိပ်ကိုကြည့်ကာအောက်နှုတ်ခမ်းထောင့်ချိုးလေးအပေါ်တွန့်ရုံယုံလိုက်မိတယ်။

‌ရိပေါ်တစ်ယောက်တစ်ခြားလူသာဆိုသူအိပ်နေတဲ့အချိန်အနှောင့်ယှက်ပေးရင်ထသတ်မိမှာပေမဲ့...ကျန့်ရဲ့ချိုးသာပြီးစွဲမက်စရာစကားသံလေးအောက်မှာသူဘယ်လိုမှဒေါသထွက်လို့မရပေ။ ကျန့်ဆီကဖုန်းရပြီး အမြန်ထရေမိုးချိုးပြီး...အဝတ်စားလဲရန်ဗီဒိုရှေ့မှာရပ်ပြီးအလှုပ်ရှုပ်နေမိတယ်...သူဘာဝတ်သွားရင်ကောင်းပါ့မလဲ....ရိုးရိုးလေးပဲကောင်းပါတယ် ဘုရားသွားမှာပဲ...အဖြူရောင်တီရှပ်လက်ရှည်ကိုတံတောင်းဆစ်နားထိခေါက်တင်ပြီးဝတ်လိုက်တယ်..ပြီးတော့ယောလုံချည်ကြက်သွေးရောင်လေးပါဝတ်လိုက်တယ်....ဆံပင်ကိုဘေးခွဲလေးခွဲပြီးအပေါ်ကိုလှန်တင်ပြီးအပြောင်သိမ်းဖီးလိုက်တယ်..ဒီလောက်ဆိုရလောက်ပါပြီး...သန့်သန့်ခန့်ခန့်နဲ့ငါကွ...ကို့စကားကိုသဘောကျပြီးရီမိတယ်....ပြီးတော့သူအခန်းထဲကနေထွက်ပြီးအောက်ဆင်းလာလိုက်တယ်....မနက်အစောကြီးပြင်ဆင်ပြီးထွက်လာတဲ့သူ့ကိုမြင်တော့ အိမ်အကူအဒေါ်ကြီးလုကတအံတဩကိုကြည့်နေတာသူတွေ့တော့ပြုံးပြလိုက်တယ်...အဲ့တာမှပိုထူးဆန်းသလိုမျက်လုံးကြီးပြူးပြီးကြည့်နေတာမှထူးဆန်းတဲ့ကမ္ဘာကရောက်လာတဲ့သူကိုကြည့်နေသလိုပဲ....

‌ရိပေါ်ကားလေးကိုကျန့်ပေးတဲ့လိပ်စာဆီကိုမောင်းလာလိုက်တယ်...ခြံကြီးတစ်ခြံရှေ့ရောက်တော့သူကားလေးကိုရပ်လိုက်တယ်...ခြံနံပါတ်ကိုကြည့်ပြီးသေချာတော့မှကျန့်ဆီဖုန်းဆတ်လိုက်တယ်.....

''ဟယ်လို...ကျန့်....ကျွန်တော်ရောက်ပြီးနော်...ခြံရှေ့မှာစောင့်နေတယ်....´´

‌''ဟုတ်လား....ကလေး....အစ်ကိုခုပဲဆင်းလာပြီးနော်....´´

‌ကျန့်ဆီကဖုန်းချသွားတော့မှသူခြံတံခါးရှေ့ကိုကြည့်နေရင်းတံခါးလေးပွင့်လာပြီးကျန့်ထွက်လာတာကိုတွေ့ရတယ်ဆိုရင်ပဲသူရင်ထဲမှာအတော်ကိုအေးချမ်းသွားရပါတယ်...ပန်းနုရောင်လည်ကတုံးလက်ရှည်လေးကိုကချင်လုံချည်ကွက်စိပ်ကြက်သွေးရောင်လေးနဲ့တွဲဖတ်ဝတ်ထားပြီးဆံပင်တွေကိုနောက်ကိုအားလုံးအပြောင်ဖီးထားတဲ့ပုံစံကလူကိုမရင့်သွားစေဘဲ....ကျက်သရေရှိပြီးခန့်ထည်တဲ့အသွင်ပေါ်စေတယ်....

‌''ကလေး....သွားမယ်လေ...ကြည့်နေတာမပြီးတော့ဘူးလား....´´ 

‌စကားဆုံးတော့နှုတ်ခမ်းလေးဆူသွားတဲ့ကျန့်ကြောင့်သူရင်ထဲကိုကြွက်ဝင်မွှေသလိုခံစားလိုက်ရပါတယ်.... မျက်နှာချိုသွေးသလိုရီပြလိုက်ပြီး

‌''ဟီး...ဟီး...sorryကျန့်ရာ...လာကားပေါ်တက်.....သွားမယ်လေ´´

  ကျန့်ဆီကမျက်စောင်းလှလှကိုရလိုက်ပါတယ်....ကျန့်...ခင်ဗျာကျွန်တော်ကိုရင်ခုန်အောင်အမျိုးမျိုးလုပ်နိုင်ပါတယ်ဗျာ....သူကားရှေ့ခန်းတံခါးကိုဖွင့်ပေးလိုက်တယ်ဆိုရင်ပဲကျန့်ကဝင်ထိုင်လိုက်တယ်...ကျန့်ထိုင်ပြီးမှသူကားတံခါးကိုပြန်ပိတ်လိုက်တယ်...ပြီးတော့မှမောင်းသူနေရာကိုဝင်ထိုင်းလိုက်ပြီးကားမောင်းပြီးဘုရားကိုထွက်လာလိုက်တယ်သူကားသာမောင်းနေပေမဲ့ကျန့်ကိုသာခနခနကြည့်နေမိတယ်....

‌''ကလေး...ကားမောင်းတာရှေ့ကိုကြည့်မောင်းလေးလမ်းကအရှေ့မှာ...အစ်ကိုမျက်နှာမှာမဟုတ်ဘူး....´´

‌''ဟုတ်ကဲ့.. ကျန့်....ကျွန်တော်ကျန့်ကိုဘာလို့ခနခနကြည့်နေချင်တာလဲမသိဘူး....´´

‌''ထားပါတော့.....ကားကိုသာဂရုစိုက်မောင်း...´´

‌''ဟုတ်...´´


‌ရိပေါ်ဘုရားရောက်တော့ကားရပ်ပြီးရိပေါ်အရင်ဆင်းပြီးကျန့်ကိုတံခါးဖွင့်ပေးလိုက်တယ်ကျန့်ကကားပေါ်ကဆင်းလာပြီး..

''ကလေး ဓာတ်လှေးကားနဲ့မတက်ဘူးနော်...ရိုးရိုးလှေကားကနေပဲတက်မယ်....´´

‌''ကျန့်သဘောပါ´´

‌ရှောင်ကျန့်နဲ့ရိပေါ်မြောက်ဘက်မုဒ်ကနေတက်လာခဲ့လိုက်တယ်...စနေနံဘုရားရှေ့မှာရေသပ္ပာယ်တော့ရိပေါ်ကဘေးကနေရပ်စောင့်ပေးနေတယ်သူလဲရေသပ္ပာယ်ပြီးတော့ဘုရားရှီးခိုးရန်ယူလာတဲ့ဖယောင်းတိုင်နဲ့အမွှေးတိုင်ထုပ်ကိုဖောက်လိုက်ပြီးမီးပူဇော်တော့ရိပေါ်ကမီးညှိပေးပြီးဘေးကနေဝိုင်ကူပေးတယ်...ပြီးတော့သူနဲ့အတူဘေးမှာထိုင်ပြီးဘုရားအတူလိုက်ရှီခိုးတယ်....သူတို့ဘုရားရှီးခိုးပြီးတော့အရှေ့ဘက်မုဒ်ကနေပြန်ဆင်းလာလိုက်တယ်....မြန်မာဆန်ကျက်သရေရှိပြီးတစ်မျိုးစီခန့်ညားနေတဲ့သူတို့နှစ်ယောက်ကိုတွေ့တဲ့မိန်းကလေးတစ်ချို့က...

‌''ဟယ်...ကြည့်စမ်းပါဦးဟယ်....ဘုရားကိုနတ်သားလေးတွေလူယောင်ဖန်ဆင်ပြီးရောက်လာသလားမှတ်ရတယ်...ချောလိုက်တာဟယ်....´´


‌''ဟုတ်တယ်နော်စုစု...ငါ့စိတ်ထင်ဥစ္စာစောင့်တွေကများဘုရားမှာလာလှူမှာမို့လူယောင်ဆောင်လာသလားပဲ....´´

‌''နင်တို့မိန်ကလေးတွေကလေဘုရားပေါ်မှာလဲမရှောင်ဘူးနော်....ငါတို့ယောကျ်ားလေးတွေမို့မိန်ကလေးတွေအကြောင်းပြောပြီးဆိုနှာဗူးတဲ့....နင်တို့ကျတော့ဘုရားပေါ်မှာလဲနှာဗူးထနေပြီးတော့..´´


‌''ဟဲ့တိုးတိုး..ငါတို့ကနှာဗူးထတာမဟုတ်ဘူး...အလှတရားကိုခံစားတက်တာ....ကိုမြင်တဲ့အလှတရားကိုရိုးရိုးသားသားပြောနေကြတာ....နင်တို့ကြည့်တဲ့မျက်လုံးတွေနဲ့လုံးဝမတူဘူး...´´

‌''ဪ...ဪ...တော်တော်တရားကျတာပဲနော်....တက်လဲတက်နိုင်ကြပါပေတယ်...´´

‌''ဘာဖြစ်လဲ.....´´

''ဘာမှမဖြစ်ပါဘူး.....နင်တို့ကိုငါနိုင်အောင်မပြောနိုင်ပေါင်.....´´

''ဟွန့်....ငါတို့ကမှန်တာပြောတာပဲ´´

‌မိန်းကလေးနှစ်ယောက်နဲ့သူငယ်ချင်းဖြစ်ဟန်တူသောကောင်လေးတစ်ယောက်ရဲ့အပြိုင်ဆိုင်စကားနိုင်လုတာကိုကြားပြီးရှောင်ကျန့်မှာပြုံးမိတယ်...ကလေးတွေတော်တော်စကားတက်ကျတာပဲ...မနိုင်စိန်လေးတွေကျနေတာပဲ...ရှောင်ကျန့်လည်းအိမ်မပြန်ချင်သေးတာနဲ့ပဲ....

‌''ကလေး...အချိန်ရသေးလား...အစ်ကိုဗိုက်ဆာလို့ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်မှာမနက်စာအစ်ကိုဝယ်ကျွေးမယ်လေ....´´

‌''အချိန်ရပါတယ်...ကျန့်....နေပါစေ....ကျွန်တော်လည်းဗိုက်ဆာနေတာနဲ့အတော်ပဲ...ကျွန်တော်အမြဲစားဖြစ်နေကြဆိုင်မှာ...ကျန့်ကိုကျွန်တော်ပဲလိုက်ဝယ်ကျွေးမယ်...´´

''ကောင်းပြီလေ....ရိပေါ်သဘောပါ...´´

‌ရိပေါ်လည်းသူအမြဲတမ်းစားနေကြဆိုင်လေးကိုဦတည်ပြီးကားလေးကိုမောင်းလာလိုက်တယ်....ဆိုင်ရှေ့ရောက်တော့...

‌''ကျန့်ရောက်ပြီး...ဒီဆိုင်လေးကအရမ်းအေးချမ်းပြီးအစားသောက်လည်းစားကောင်းတယ်...လူလဲအရမ်းမရှုပ်ဘူး...သန့်သန့်ရှင်းရှင်းလဲရှိတယ်....´´

သူတို့နှစ်ယောက်ဆိုင်ထဲဝင်ရောက်တော့အနောက်နားထောင့်ကျကျစားပွဲမှာထိုင်လိုက်ပြီးဆိုင်အပြင်အဆင်များကိုသေချာကြည့်ရှောင်ကျန့်က

‌''ဟုတ်တယ်နော်...ကလေး...ဆိုင်လေးကအေးချမ်းပြီး...ထိုင်လို့လဲကောင်းတယ်...အပြင်အဆင်ကလဲရိုးရိုးရှင်းရှင်းနဲ့မိုးပြာရောင်နဲ့အဖြူရောင်ကိုပဲသုံးထားလို့လားမသိဘူးလင်းရှင်းပြီးစိတ်အေးစေတယ်....´´

''ကျန့်သဘောကျလား.....´´

''အင်....သဘောကျတယ်....´´

''အဲ့တာဆိုနောက်ခနခနလာမယ်နော်....´´

''ကောင်းပါပြီဗျာ...ကလေးသဘောပါ....´´

သူတို့နှစ်ယောက်စကားပြောနေတုန်းဆိုင်ကစားပွဲထိုးလေးကရောက်လာပြီး
‌''အစ်ကိုတို့...ဘာများသုံးဆောင်မလဲဗျ...´´


‌''ကျန့်ဘာစားမလဲ......ဒီဆိုင်မှာအစုံရတယ်...´´


   ''အစ်ကိုမြန်မာပြည်ကမုန့်တီးကိုမစားရတာကြာပြီးလေ....အစ်ကိုမုန့်တီစားချင်တယ်..´´

''ကောင်လေးမုန့်ဟင်းခါးနှစ်ပွဲပေးကွာ...´´

''အစ်ကို....အဲ့တာကလေ...ဟုတ်ကဲ့အချိန်နည်းနည်းစောင့်ပေးပါနော်...အစ်ကိုတို့အကြိုက်စီစဥ်ပေးပါ့မယ်.....နောက်ပြီး..ဘာမှာဦးမလဲအစ်ကို´´

''ကျန့်ဘာစားဦးမလဲ...´´

''တော်ပါပြီး...ရပြီး...´´

''ကော်ဖီတစ်ခွက်ရယ်ခုနကမှာထားတဲ့ဟာရယ်...ရပြီး...မြန်တော့မြန်ပါစေနော်...´´

''ဟုတ်ကဲ့အစ်ကို  ´´

အစားအသောက်မှာနေတဲ့ရိပေါ်ကိုကြည့်ကာရှောင်ကျန့်စိတ်ထဲကရှိတဲ့အတိုင်းမေးလိုက်တယ်

''ကလေးအရင်က.....အစ်ကို့ကိုသိပ်ဂရုမစိုက်သလိုပဲ...ဘာလဲအစ်ကိုဂျပန်ကပြန်လာပြီးပိုချောလာလို့........အစ်ကို့ကိုဂရုစိုက်တာလား....´´

''အဲ့တာကိုကျွန်တော်လဲကျွန်တော့်ကိုကျွန်တော်နားမလည်နိုင်ဘူးဖြစ်နေတာ...အရင်တုန်းကကျန့်ကိုတွေ့လိုက်ရတဲ့ခံစားချက်နဲ့မနေ့ကကျန့်ကိုတွေ့လို့ဖြစ်ပေါ်လာတဲ့ခံစားချက်ကလုံးဝကိုမတူတာ...ကျွန်တော်နားကိုအလိုရမ္မက်တွေတစ်ပွေ့တစ်ပိုက်နဲ့ရောက်လာကြတဲ့လူတွေကိုကျွန်တော်မုန်းတယ်...အဲ့ဒီအချိန်မှာဘာအလိုရမ္မက်မှမရှိပဲနဲ့ကျွန်တော်နောက်ကိုတိတ်တိတ်လေးလိုက်နေတဲ့ကျန့်ရဲ့ရိုးသားဖြူစင်တဲ့စိတ်ကိုကျွန်တော်သဘောကျလို့ကျန့်နဲ့တွဲဖြစ်ခဲ့တာကျန့်အသိပဲလေ.....ကျွန်တော်ဝန်ခံပါတယ်....ဒီ  တွဲခဲ့တဲ့တစ်လျှောက်လဲကျန့်ကိုတစ်ခါမှရင်မခုန်ခဲ့ဖူးဘူး...ဒါပေမဲ့...မနေ့ကကျန့်ကိုတွေ့လိုက်ရတဲ့အချိန်ပထမဆုံးရင်ခုန်လှုပ်ရှားခဲ့တာပါ....ကျန့်စိတ်ချပါ...ရှေ့ရှောက်ကျန့်ကိုအမြဲဂရုစိုက်ပြီးဦးစားပေးသွားမှာပါ...´´

''ကလေးဆီကခုလိုရိုးရိုးသားသားဝန်ခံတာ...အစ်ကိုကျေနပ်တယ်...´´

''ကျန့်ကကျွန်တော်ကိုကလေးလို့ခေါ်တာကျွန်တော်ရင်ထဲမှာနွေးထွေးမှုကိုခံစားရတယ်...ကျန့်လို့ခေါ်ရတာကိုတောင်အားနာလာသလိုပဲ...ကျန့်ကိုကျွန်တော်...ကောလို့ခေါ်မယ်နော်...´´

''ဘာဖြစ်လို့အဲ့လိုခေါ်တာလဲ....´´

''ကောဆိုတာတရုတ်လိုအစ်ကိုလို့ဆိုလိုတာလေ...´´

''ကလေးကတရုတ်လူမျိုးလား...´´

''ဖွားဖွားကတရုတ်အစစ်လေဖိုးဖိုးကမြန်မာ....ဖွားဖွားကဖိုးဖိုးကိုအရမ်းချစ်လို့မြန်မာနိုင်ငံမှာဖိုးဖိုးနဲ့လိုက်နေတာလေ...´´

''ဪ...ဟုတ်လား...ရိပေါ်ကောလို့ဘယ်သူ့ကိုခေါ်သေးလဲ´´

''ကျန့်ကပထဆုံးပဲ...ကျွန်တော်တရုတ်စကားနဲ့ဖွားဖွားကလွဲရင်ဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး...´´

ပြုံးသွားတဲ့ကောရဲ့မျက်နှာလေးကိုကြည့်ပြီးသူ့မှာမြတ်နိုးရပါတယ်...မှာထားတဲ့စားစရာတွေရပြီးမို့စားသောက်ပြီးကောကပြန်ချင်တယ်ဆိုလို့သူပြန်လိုက်ပို့ပေးခဲ့တယ်...ညရောက်တော့ဖုန်းဆက်ပြီးစကားတွေပြော ဖြစ်တယ်.....နေ့တိုင်းအတူဈေးဝယ်ထွက်ဖြစ်တယ်...ကောကြိုက်တဲ့ရုပ်ရှင်ကားတွေကြည့်ဖြစ်တယ်....ပန်းခြံလဲလိုက်ပို့ဖြစ်တယ်..ဒီလိုနဲ့သူနဲ့ကောဂျပန်ကနေပြန်လာတဲ့နေထဲကတွဲဖြစ်တာ၁လပြည့်တဲ့နေ့ရောက်တော့သူကောဆီဖုန်းဆက်ပြီးကောကိုလက်ဆောင်ပေးစရာရှိတယ်လို့ပြောတော့ကောက ကောအိမ်ကိုလာခဲ့တဲ့....သူလည်းကောအိမ်ရှေ့ကိုရောက်တော့ကောကခြံတံခါးလာဖွင့်ပေးတယ်...သူလဲအထဲထိကားမောင်းဝင်သွားလိုက်တယ်...ကောကခြံထဲကမြက်ခင်းပေါ်မှာထိုင်ရအောင်လို့ပြောတော့ကောတို့ခြံထဲကစကားပန်းပင်အောက်မှာထိုင်ဖြစ်ခဲ့တယ်....


''ကော..ဒီနေ့ကကောဂျပန်ကနေပြန်လာတာ၁လပြည့်တဲ့နေ့လေ..´´

''ဟုတ်လား..ကလေးမှတ်မိနေတာလား...ကောကမေ့တောင်မေ့နေတာ...´´

ကောရဲ့စကားကြောင့်သူ့ရင်ထဲမှာခံစားရပါတယ်......ကောကသူနဲ့ပတ်သတ်ပြီးအလေးမထားတာအရမ်းခံစားရတယ်...အရင်အချိန်တွေကိုတောင်သူပြန်အမှတ်ရမိသလိုပဲအရင်ကရောကောလည်းသူ့လိုခံစားခဲ့ရတာပဲလား....လူဆိုတာကိုယ်တိုင်ခံစားရမှနားလည်တက်ကြတယ်ဆိုတာအမှန်ပဲကို.....သူကောအပေါ်အရမ်းချစ်လာတာနဲ့အမျှကောရဲ့အပြုမူတစ်ခုစီတိုင်းကိုခံစားတက်လာတယ်.....ချစ်ရသူကရိုက်ရင်ပိုနာသလိုပေါ့.....ရင်ထဲအတွေးပေါင်စုံနဲ့ဝမ်းနည်းခံစားရနေပေမယ့်....သူကြိုစားပြီးအားတင်းပြုံးကာ......

''ကောမေ့နေလဲ...ကျွန်တော်မှတ်မိနေတာပဲ..ဘာမှမဖြစ်ဘူး...အဲ့တာအထိမ်းမှတ်အနေနဲ့ကျွန်တော်လက်ဆောင်ပေးချင်လို့...´´

''မလိုပါဘူး ရိပေါ်ရယ်အထိမ်းမှတ်ပွဲတွေဘာတွေနဲ့ကလေးဆန်ပါတယ်...´´

ပြောရက်လိုက်တာကောရယ်...ဘာပဲဖြစ်ဖြစ်ပါကောကစိတ်ထဲကပါလို့ပြောတာမဟုတ်လောက်ပါဘူး...သူ့ဟာသူပဲဖြည့်ကာတွေးလိုက်မိတော့တယ်....

''ကျွန်တော်ကောကို  ဒီဆွဲကြိုးလေးလက်ဆောင်ပေးချင်လို့....ဒီမှာဘာရေးထားလဲတွေ့လား...´´

''တွေ့တယ်လေ...143တဲ့..အဲ့တာလာအဓိပ္ပာယ်လဲ...´´

''143ဆိုတာက{The Urban Dictionary}ဆိုတဲ့သင်္ချာဂဏန်းအဘိဓာန်မှာ...
I Love Youလို့အဓိပ္ပာယ်ရတယ်လို့ဖော်ပြထားတယ်လေ....အဲ့တာကြောင့်ကျွန်တော်ကကျွန်တော့်ကောကိုအမြဲချစ်နေတယ်လို့သိရအောင်143ဆိုတဲ့ဂဏန်းလေးတွေကိုဆွဲကြိုးလေးအဖြစ်ဒီဇိုင်းအပ်ပြီးကောကိုပေးတာလေ...´´

1        4            3
I      Love       You


''ဟုတ်လား...ကောအမြဲဆွဲထားမယ်နော်....ဪပြီးတော့...ရော့ဒီမှာကောကိုယ်တိုင်လုပ်ထားတဲ့လက်ပတ်လေးလေအချစ်ရဲ့သင်္ကတအဖြစ်ပန်းရောင်လေးကိုကလေးကိုပေးမယ်...ကလေးအမြဲဝတ်ထားရမယ်နော်...´´

ကိုယ်တိုင်ဝတ်ပေးပြီးပြောလာတဲ့ကော ကြောင့်သူပျော်သွားရပါ၏။ကောမေ့နေတာဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာသူသိတာပေါ့...
ရှောင်ကျန့်ကတော့သူမနက်ကဘုရားသွားရင်းဘုရားပေါ်ကဝယ်လာတဲ့လက်ပတ်ကြိုးလေးကိုပေးလိုက်တာကိုကြည့်ပြီးပြုံးပျော်နေတဲ့ရိပေါ်ကိုကြည့်ကာတွေးလိုက်မိတယ်.....အတော်ရူးတာပဲ.....

''ကောနောက်လဆိုသီတင်းကျွတ်ပြီးဆိုတော့...ကျွန်တော်နဲ့ရွှေကျင်မီးမျှောပွဲလိုက်မလား....´´

''ရွှေကျင်မီးမျှောပွဲဟုတ်လား....´´

''ဟုတ်တယ်ကောရဲ့..ကျွန်တော်နဲ့တက္ကသိုလ်တက်တုန်းကခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကရွှေကျင်မှာနေတာလေ....´´


''စိတ်ဝင်စားစရာကောင်းမှာပဲ...လိုက်မယ်ကလေး...ကောလဲမီးမျှောပွဲဆိုတာကိုစိတ်ဝင်စားတယ်...´´



အမှားပါရင်သည်းခံပါနော်....စာလုံးပေါင်းအမှားတွေပါရင်လည်းတောင်ပန်ပါတယ်...😊😊


You are reading the story above: TeenFic.Net

#yizhan