အပိုင်း(၇)
ရိပေါ်ရယ်ကျင်ရီရယ်ရှောင်ကျန့်ရယ်ရွှယ်ယမ်ရယ်ပဲရွှေကျင်ခရီးကိုစတင်လာခဲ့လိုက်တယ်....စစ်ကျွေးကနေမကောင်းလို့မလိုက်နိုင်တော့ဝမ်နင်ပါနေခဲ့တယ် ကျန်းချန်ကတော့ဝမ်ချင်ဆေးခန်းသွားပြရတယ်ဆိုတဲ့စကားကြောင့်ဂျပန်ကိုအားချင်ပြန်သွားတယ်....ခရီးကိုအိမ်ကကိုယ်ပိုင်ကားနဲ့သွားရင်ပျော်စရာမကောင်းဘူးဆိုလို့...ရိပေါ်ရဲ့အစီစဥ်နဲ့ပဲရွှေကျင်ကိုညောင်လေးပင်သမကားစီးပြီးညောင်လေးပင်ကိုအရင်သွားရတယ်...ရထားစီးလည်းရပေမဲ့ရွှေကျင်ကိုတိုက်ရိုက်ရောက်တဲ့ကားနဲ့ပဲလာခဲ့လိုက်တယ်...
''မရောက်သေးဘူးလားကလေး´´
''ခုကဒိုက်ဦး၊ပြီးရင်ပြွန်တန်ဆာ၊ပြွန်တန်ဆာပြီးတာနဲ့ရောက်ပြီး...ကော´´
''ဟုတ်လား.....ကလေး´´
''ညောင်လေးပင်ကိုရောက်ပြီးလို့ပြောတာနော်ကော...´´
''ဪ....´´
''ရွှေကျင်ကို...မရောက်သေးဘူးလား..´´
''မြန်မာလူမျိုးတွေရဲ့အယူအဆအရဆိုရင်ခုလိုကားစီးနေတဲ့အချိန်ဘယ်အချိန်ရောက်မှာလဲလို့ဒရိုင်ဘာကိုမေးရင်မကြိုက်ကြဘူး...စိတိဆိုးကြလိမ့်မယ်......´´
''ဘာလို့လဲ ကလေးရဲ့..´´
''ခရီးစဥ်တစ်ခုမှာခုလိုဘယ်ချိန်ရောက်မှာလဲလို့မေးရင်ခရီးကြန့်ကြာတက်တယ်လို့အယူရှိကြလို့လေ...´´
''ဪ...ကောသဘောပေါက်ပြီး..မမေးတော့ဘူးနော်....ကောကမြန်မာပြည်မှာနေတာပေမယ့်အယူအဆတွေနဲ့ပတ်သတ်ပြီးသိပ်မသိသလိုသိပ်မယုံဘူးလေ......´´
''ကျွန်တော်လည်းတစ်အားယုံတာမဟုတ်ပေမယ့်သူ့နေရာသူ့ဓလေ့တွေနဲ့ပတ်သတ်ပြီးလိုက်နာလိုက်တယ်......ပြီးတော့ကောအတွေ့အကြုံတွေအများကြီးရလိမ့်မယ်......စိတ်ချကောရေ ခုသွားမယ့်ခရီကိုလေယာဥ်ပျံကလွဲရင်ကျန်တာအကုန်စီးရမယ်စိတ်ချ...´´
ရိပေါ်ရဲ့ဖြေစကားကြောင့်သူပိုလို့စိတ်ဝင်စားမိသွားတယ်....သူလဲခရီးတွေမထွက်ရတာကြာပြီးလေ...အစကရိပေါ်သူ့ကိုချစ်သွားအောင်လုပ်ပြီးရိပေါ်သူ့ကိုအရမ်းချစ်တဲ့အချိန်ကြမှကျန့်ကသူမဟုတ်ဘူးလို့ပြောပြီး...ကျန့်ခံစားရတာတွေကိုပြန်ပြောပြီးရိပေါ်ခံစားရနေတာတွေကိုလှောင်ရီပြီးဂျပန်ကိုအပြီးပြန်တော့မယ်လို့ဆုံဖြတ်ထားတာ...ရိပေါ်ရဲ့သူ့အပေါ်အလေးထားပြီး ဂရုစိုက်တာတွေကိုသူ့စိတ်ကလက်မခံထားပေမဲ့ သူ့ရင်ထဲကအသိမှတ်ပြုချင်နေတယ်....ကြာရင်သူရိပေါ်ကိုချစ်မိသွားမှာကြောက်ရတယ်....
''ကျင်ရီ...ထ..ရောက်တော့မယ်..´´
ရိပေါ်ရဲ့စကားကြောင့်ကျင်ရီက
''ဪ..ဟုတ်လား...ငါမအိပ်ပါဘူး...မှေးကနဲဖြစ်သွားတာ...´´
''မင်းမှေးကနဲကလည်းနော် ပျဥ်ပုံကြီးကထွက်ကတည်းကပဲနော်....အိပ်များအိပ်ရင်မလွယ်ဘူး..´´
ရိပေါ်ရဲ့စကားကိုကျင်ရီက
''ငါတကယ်အိပ်မပျော်ပါဘူး..´´
''ဪ...ဟုတ်ပါတယ်...ညီလေးကျင်ရီကအိပ်မပျော်ပါဘူး....´´
ရွှယ်ယမ်ရဲ့စကားကြောင့်ကျင်ရီကရှက်ပြီးရီပြနေတယ်....ရိပေါ်ကပါအားပါးတရရီတော့သူရိပေါ်ကိုလှည့်ကြည့်မိတယ်...ဖြူဖွေးနေတဲ့သွားတန်းလေးတွေကအစီအရီလေးနဲ့လှနေတယ်...ရီလိုက်တဲ့အခါမျက်လုံးလေးနှစ်ဖတ်ကအနည်းငယ်မှေးသွားပြီးပါးလေးတွေဖောင်လာတာကလည်းကလေးဆန်စွာနဲ့ဖြူဖြူစင်စင်ပုံလေးမို့ချစ်ဖို့ကောင်းနေတာပဲ....
ညောင်လေးပင်ဘူတာရုံအနီးကွေ့မှာကားဂိတ်နဲ့အတူကားရပ်တယ်...
''ဖြည်းဖြည်းဆင်းကော...ဒါကားဂိတ်ပဲ...´´
ပြောပြီးရိပေါ်ကဘူတာရုံအနီးကဈေးသည်တစ်ယောက်ကိုဘာသွားမေးလဲမသိပြီးတော့ပြန်လာပြီး
''ရထားကထွက်သွားပြီးတဲ့...´´
''အဲ့တာဆိုဘယ်လိုလုပ်မလဲ...´´
''ကယ်ရီနဲ့သွားမလား...ကော´´
''ကယ်ရီကဘာလဲကလေး...´´
''ဆိုင်ကယ်လ်နောက်ခုံးကထိုင်စီးတာကိုပြောတာ...´´
''ဪ...အဲ့တာဆို...ရွှေကျင်ကနီးနီးပဲလိုတော့တာပေါ့နော်ကလေး...´´
''အင်း...ဆယ်နှစ်မိုင်းပဲ...လမ်းကကြမ်းတော့နောက်ကထိုင်စီးရတာသက်သာမှာမဟုတ်ဘူး ကော..´´
''အဲ့တာဆိုလည်းကောမစီးချင်ဘူး..ကလေး...´´
''ဟုတ်တယ်ရိပေါ်..... ငါလည်းမစီးချင်
တော့ဘူး...´´
ကျင်ရီကပြောပေမဲ့ရွှယ်ယမ်ကတော့ဘာမှဝင်မပြောပေ...
''အဲ့တာဆိုလည်းခနနေအုံး..ငါစုံစမ်းလိုက်ဦးမယ်...´´
''ဘာကိုလည်းကလေး..´´
''ရထားကနောက်ဆုံးဟုတ်မဟုတ်ဆိုတာလေ...´´
ပြောပြီးတာနဲ့ထွက်သွားတဲ့ရိပေါ်ရဲ့ကျောပြင်လေးငိုကြည့်ပြီးတာနဲ့ဘူတာရုံထဲကဈေးသည်တွေကိုအထူးအဆန်းကြည့်နေမိတယ်...သူတစ်ခါမှ မှမမြင်ဘူးတာ...ဂျပန်မှာအနေများတော့..ဒီလိုမြင်ကွင်းကသူ့အတွက်တော့ထူးဆန်းနေတယ်....ခနနေတော့ရိပေါ်ပြန်ရောက်လာခဲ့တယ်..
''စောစောကထွက်သွားတဲ့ရထားကနောက်ဆုံးတဲ့....အပြန်ကျမှရထားစီးတော့
နော်ကော..´´
''ကားတစ်စီးလုံးငှားလို့မရဘူးလား...ရိပေါ် ပိုက်ဆံပိုပေးရလဲပေးမယ်လေ...´´
ရွှယ်ယမ်ရဲ့စကားကြောင့်ရိပေါ်ကပိုက်ဆံအကြောင်းပြောတယ်ဆိုတဲ့အကြည့်နဲ့ကြည့်တော့ ရွှယ်ယမ်ကပဲ
''အစ်ကိုကငွေစကားပြောတာမဟုတ်ပါဘူး.......အားလုံးအဆင်ပြေသွားအောင်လို့ပါ...´´
''လမ်းကအရမ်းကြမ်းတာညောင်လေးပင်မှာဘယ်ကားပိုင်ရှင်မှမဒေါက်လမ်းကိုမလိုက်ချင်ကြဘူး...သူတို့ကားနာမှာဆိုးလို့..´´
''ဟင်.....အဲ့တာဆိုဘယ်လိုလုပ်မလဲကလေး..´´
''သူတို့စီစဥ်လိုက်မယ်ကော...ရွှေကျင်မီးမျှောပွဲသွားမယ့်ခရီးသည်တွေကအများကြီးလေ..´´
ရိပေါ်ရဲ့စကားဆုံးတော့အသက်ကြီးကြီးလူကြီးတစ်ယောက်က
''လူလေးတို့ရွှေကျင်ကိုသမကားနဲ့ပို့ပေးမယ်တဲ့...လာလာလူလေးတို့....´´
ရန်ကုန်ညောင်လေးပင်သမကားနဲ့ပါလာတဲ့ဘဝချင်တူနေတဲ့ခရီးသည်ဦးလေးကြီးရဲ့စကားကြောင့်သူဝမ်းသာရသွားတယ်...ရိပေါ်ကိုကြည့်တော့ခုမှစိတ်အေးသွားရသလိုပြုံးနေတာကိုတွေ့ရတယ်တကယ့်ကိုအပြစ်ကင်းစင်တဲ့အပြုံးလေးပါပဲလား...
ဒါနဲ့သူလည်းသူတို့စီးလာတဲ့ကားဆီပြန်သွားတယ်ဆိုရင်ပဲ.
''ဘယ်ကိုလဲ ကော ´´
''ကားဆီကိုလေ ကလေး..´´
''ကားကဒီမှာလေ...´´
''ဒီကားလား...အမြင့်ကြီးပဲနော်အမိုးလည်းမပါဘူးထိုင်ခုံလည်းမပါဘူး..´´
''ဟုတ်တယ်ကောရဲ့........ဂရုစိုက်တက်နော်...´´
လူတစ်ချို့ကကားမှာရှိနေတဲ့သံကွင်းဆက်ကြိုးကိုအားပြုပြီးတက်နေကြတာတွေ့ရတယ်...ကားပေါ်မှာရန်ကုန်ကတည်းကစီးလာတဲ့တစ်ချို့ခရီးသည်တွေကလည်းအချင်းချင်းကူညီဖေးမကြပါတယ်...သူဘယ်လိုတက်ရမလဲစဥ်းစားနေတုန်းရွှယ်ယမ်ကအဲ့အချိန်သူခါးကိုထိန်းပြီးမတင်ပေးမယ်သူကကြိုးကိုအားပြုထားလို့ပြောတော့သူလည်းသဘောတူလိုက်တာနဲ့...သူ့ခါးကိုချီမလို့တိုးလာတဲ့အချိန် ရိပေါ်က
''ရတယ် အစ်ကိုရွှယ်ယမ် ကောကိုကျွန်တော်ပဲကူလိုက်မယ်...အစ်ကိုဘာသာပဲတက်နှင့်ပါ...´´
ရိပေါ်လည်းပြောပြောဆိုးဆိုးနဲ့ကောရဲ့ခါးကိုမတင်ပြီးတင်ပေးလိုက်တယ်ဆိုရင်ပဲကောကကြောင်တောင်တောင်လေးနဲ့တက်သွားတယ်ပြီးမှသူလည်းကြိုးကိုအားပြုပြီးတက်သွားလိုက်တယ်..
''လမ်းကြမ်းတယ်ဆိုရိပေါ်သေချာကိုင်ထားနော်...´´
ကားရဲ့တင်မို့လုပ်ထားတဲ့အမိုးစွန်းတန်းလေးကိုအားပြုပြီးရပ်နေတဲ့ရိပေါ်ကိုကျင်ရီကစိုရိမ်ပြီးပြောတယ်ဆိုရင်ပဲသူလည်းရိပေါ်ကိုစိုရိမ်တကြီးပြောချင်လာတယ်...ကိုယ့်ကိုကိုနားမလည်းဖြစ်မိတယ်....ငါဘာလို့စိုရိမ်နေရတာလဲသူ့ဟာသူဘာဖြစ်ဖြစ်ပေါ့...ဒါပေမဲ့စိုရိမ်နေမိတယ်....
''ကောကျွန်တော်အိတ်ပေါ်မှာထိုင်လိုက်လေ...ညောင်းနေမှာပေါ့...ရော့ဒီမှာ..ဦးထုပ်ဆောင်းထားလိုက်နေပူတယ်...´´
''ရိပေါ်မင်းသိပ်ကိုအကဲပိုမနေစမ်းပါနဲ့...ကြည့်ရခက်လိုက်တာ...ငါတို့လည်းပူတာပဲ...မင်းလည်းမတ်တပ်ကြီးနဲ့ပူတာပဲမဟုတ်လား...´´
ကျင်ရီရဲ့စကားကိုဘာမှပြန်မတုံ့ပြန်ပဲပြုံးပြုံးလေးနဲ့နေနေတဲ့ရိပေါ်ကိုသူအသည်းယားလာတယ်...ပါးဖောင်းဖောင်းလေးတွေကိုလိမ်ဆွဲပစ်ချင်စိတ်တစ်ဖွားဖွားဖြစ်လာရတယ်
မဒေါက်ကားဂိတ်ရောက်တော့ကားပေါ်ကနေဆင်းကြပြီးမဒေါက်ချောင်းကိုပဲ့ချိတ်နဲ့ကူးလိုက်ကြတယ်
ချောင်းရေလေးကကြည်စိမ်းနေပြီးအတော်လဲကျယ်တယ်...ချောင်းကိုဖြတ်သန်းပြီးတိုက်ခတ်လာတဲ့လေပြေလေညင်းလေးတွေကမျက်နှာကိုရိုက်ခတ်လာကြတယ်...ခရီးတစ်လျှောက်အမောတို့ကိုပြေစေတယ်....သူရိပေါ်ကိုကြည့်လိုက်တော့သူ့ကိုကြည့်နေတာကိုတွေ့လိုက်ရတယ်...ပြီးတော့သူရဲ့လက်လေးတစ်ဖတ်ကိုခပ်ဖွဖွလေးလာဆုပ်ကိုင်လာပြီးနူးနူးညံ့ညံ့ပြုံးပြတယ်...သူ့မှာသာအဲ့အပြုံးကြောင့်ရင်ဘက်ထဲကတစ်နေရာလှုပ်ရှားသွားရတယ်.....
''ဟိုဘက်ကမ်းဆိုရောက်ပြီးလားရိပေါ်´´
ကျင်ရီရဲ့စကားကိုရိပေါ်က
''အဲ့လိုပဲပြောရမှာပေါ့..´´
''မင်းစကားကဘာလဲ´´
''မင်းစကားကဘယ်လိုလဲရိပေါ်´´
ကျင်ရီကရိပေါ်ကိုနှစ်ခါမေးပေမယ့်.....ရိပေါိကတော့လေအေးလေးနှင့်......
''မင်းစောင့်ကြည့်လေ ´´
ရိပေါ်ရဲ့ဖြေစကားကိုကျင်ရီကဘဝင်မကျသလိုမျက်စောင်းထိုးပြီးတစ်ဖက်ကိုလှည့်သွားတယ်....ဟိုဘက်ကမ်းရောက်တော့သူတို့ဆင်းလိုက်ကြတယ်...ပဲ့ချိတ်ကိုသူမစီးဘူးတာရိပေါ်ကသိတော့ဂရုတစိုက်နဲ့သူ့ကိုကူတွဲပေးပါတယ်...ကျင်ရီကတော့မျက်စောင်းတထိုးထိုးနဲ့ပါ။ရွှယ်ယမ်ကတော့ဘာစကားမှမဆိုဘဲနေတယ်
''ဘယ်ဆက်သွားရဦးမှာလဲကလေး´´
''မြင်းလှည်းဂိတ်ကို´´
''မရောက်သေးဘူးပေါ့..´´
''ဟုတ်တယ်ကော...ဒါကထောင်လည်ရွာတဲ့..´´
''ရိပေါ် မင်းဟာကသိပ်တော့အလုပ်မဟုတ်သေးဘူးနော် ငါမေးတာကျမဖြေဘူး ´´
နှုတ်ခမ်းဆူပြီးပြောလာတဲ့ကျင်ရီကိုရိပေါ်က
''လုပ်မနေစမ်းပါနဲ့ကွာ...မင်းနှုတ်ခမ်းကြီးကဝက်ဖင်ကြီးလိုပဲ....´´
''မင်း မမိုက်ရိုင်းနဲ့နော်...မဟုတ်လို့လား..မင်းကိုကဘက်လိုက်တာ..´´
''ငါပြောပြီးပြီးပဲခရီးကြန့်ကြာမှာဆိုးလို့ပါဆို...´´
မြင်းလှည်းဂိတ်ရောက်တော့ရိပေါ်ကမြင်းလှည်းတစ်စီးငှားလိုက်တယ်...
''ရပြီးမြင်းလှည်းလဲငှားပြီးပြီဆိုတော့ တက်ကြသွားမယ်....ကောလာတက် ၊ ဂရုစိုက်နော်...ဖြည်းဖြည်းတက် ´´
''ကဲ့ရိပေါ်ရေ အမြင်ကပ်လာပြီးနော်..ဘာဖြစ်လဲ..အစ်ကိုကျန့်လေးသူဟာသူတက်မှာပေါ့....ဖြစ်နေလိုက်တာ..´´
''ကျင်ရီမင်းကိုမှဂရုစိုက်ပေးမယ့်သူမှမရှိတာငါတို့ကိုပဲကြည့်ပြီးမနာလိုဖြစ်နေတာ...´´
ရိပေါ်နဲ့ကျင်ရီတို့ရဲ့စကားနိုင်လုတာကိုကြည့်ပြီးသူ့မှာပြုံးရုံသာပြုံးမိတော့တယ်....ဒီလိုနဲ့မြင်းလည်းဆီးကခြူးသံလေးတွေကိုနားဆင်ရင်းသူတို့လာခဲ့လိုက်ကြတယ်
''ဒါက အနောက်ဘက်ရွာလေ..´´
''ဪ ဟုတ်လား..´´
''ဟိုမှာ တွေ့လားကော ´´
''ဟုတ်တယ်နော်...နန်းမြို့ရိုးဟောင်းလိုပဲနော်.. အရင်ထဲကရှိတာလား...´´
''ဟုတ်တယ်ကောရဲ့အရင်ထဲကရှိတယ် နည်းနည်းတော့ပြုပြင်မွမ်းမံထားတာပေါ့ကောရယ်..ပါးစပ်ဇရာဝင်အရပြောကြတာကတော့သာကျင်ကနေရွှေထွက်ပြီးကျင်တဲ့မြို့မို့ရွှေကျင်မြို့ဖြစ်လာတာလို့တော့ပြောတာပဲ..´´
''ဟုတ်လား...ကလေးကတော်တော်သိတယ်နော်....ဘယ်နှစ်ခါရောက်ဖူးလဲ...´´
''ကျွန်တော်နှစ်တိုင်းရောက်ဖူးတယ်ကောရဲ့...မီးမျှော်ပွဲကတော်တော်လှတာ ကျွန်တော်ဓာတ်ပုံရိုက်ပြီးသိမ်းထားနေကြလေ ဒီနှစ်ကောရဲ့ပုံကိုပါရိုက်ပြီးဝင်ပြိုင်မယ်....ကောခွင့်ပြုမယ်မလား...´´
''ကလေးသဘောပါ...´´
သူရိပေါ်ကိုအလှပဆုံးအပြုံးလေးတစ်ခုပြုံးပြီးအပြင်ဘက်ကိုကြည့်လိုက်တယ် နန်းနေတော်မြို့ရိုးတံခါးကိုအချွန်အတက်တွေနဲ့စုလစ်မွန်းချွန်တွေနဲ့တည်ဆောက်ထားတဲ့မုခ်ဦးရဲ့ဘယ်ဘက်ရွှေကျင်ဆိုတဲ့ဆိုင်းဘုတ် ညာဘက်က ''ကြိုဆိုပါ၏´´ ဆိုတဲ့ဆိုင်ဘုတ်လေးကအေးချမ်းတည်ငြိမ်စွာရှိနေတယ် ၊ကျက်သရေရှိသောမြို့လေးထဲကိုသူတို့မြင်းလှည်းလေးဝင်ရောက်လာခဲ့တယ်.....ရိပေါ်ကတော့အကြံထုတ်နေတယ်၊မီးမျှောပွဲကျင်းပတဲ့ညရောက်ရင်ကောကိုလက်ဆောင်လေးပေးပြီးတော့ကောဆီကပါးလေးကိုနမ်းခွင့်ကိုတောင်းဦးမည်။ ဒီအကြံမဆိုးဘူး....... အကောင်ထည်ဖော်ရမယ်.....တော်လိုက်တဲ့ငါပါလား.......ကောရေ...ဟင်ဟင်...
အမှားပါရင်လည်းသည်းခံပြီးဖတ်ပေားကြပါနော်....စာလုံးပေါင်းမှားရင်လည်းတောင်းပန်ပါတယ်....😊😊
တစ်ချို့စာသားတွေကစိတ်ကူးယဥ်ပြီးရေးထားတာမဟုတ်ပါဘူးနော်...ဖတ်ခဲ့ဘူးတဲ့စာအုပ်တစ်ချို့ကနေပြန်ပြီးရေးထားတာပါလို့...ကိုယ်တိုင်မရောက်ဘူးပေမဲ့ မသိသေးတဲ့သူတွေလည်း ...သိစေချင်တဲ့စိတ်နဲ့ထည့်ပြီးရေးထားတာပါနော်...😊😊
You are reading the story above: TeenFic.Net