အခန်း {၅}

Background color
Font
Font size
Line height

"မိုင်!... မင်းစဉ်းစားတာကြာနေပြီ။ မင်း မလုပ်ချင်လည်း အတင်းကျပ်မခိုင်း..."

"လက်ခံတယ် ...ဒီလိုရွေးရခက်တဲ့ အခြေနေကြီးမှာ အတင်းအကျပ်မခိုင်းဘူးဆိုတာက ရယ်ချင်စရာတောင် ကောင်းနေသလိုပဲ။ မမ ဒီလိုလုပ်ရလို့ပျော်တယ်မလား။ ဆက်လုပ်ပါ မမကို အခုချိန်ထိ မိုင်တစ်ခါမှမမုန်းဖူးပေမဲ့ အခုတော့ မုန်းပြီးရွံ့သွားပြီ"

မိုင့်စကားကြောင့် ပျိုး ဟန်မဆောင်နိုင်ပဲ မျက်နှာပျက်သွားလောက်တဲ့အထိကိုထိရောက်သည်။

"အရင်ကတည်းက မုန်းနေခဲ့တယ်ထင်ထားတာ။ အခုမှမုန်းတယ်ဆိုတော့လဲ သိပ်ပြီးမထူးခြားတော့ပါဘူး"

ပျိုး ပြုံးပြီးပြောလိုက်သည်။ သို့သော် ထိုအပြုံးဟာ ပျိုးမနည်းလုပ်ယူပြုံးထားရသည့် အပြုံးဆိုတာကိုတော့ ပျိုး တစ်ယောက်သာသိလိမ့်မည်။

"အခုတော့ ချက်ချင်းအထဲပြန်ဝင်ပြီး အိပ်တော့ မိုင်။ လက်ထပ်ဖို့ကိစ္စကို စိတ်မပူနဲ့တရားဝင်ဖြစ်စေရမယ်"

မိုင် ဘာမပြောပြန်မပြောတော့ပဲ သူ့အခန်းကိုသွားလိုက်တော့သည်။ မနက်ဖြန်ဆို သူပိုပြီးငရဲများကျတော့မလားလို့တောင်တွေးမိ၍ ငိုမိသည်။

ဆောင်းရိပ်ပျိုးဟာ မိုင့်ကို လက်ထပ်ခြင်းနဲ့ထွက်ပြေးလို့မရအောင် ချုပ်နှောင်လိုက်တာပါပဲ။

.....

လက်ထပ်စာချုပ်ကိုကြည့်ပြီး မိုင့်မျက်နှာ မကောင်းတာကို ပျိုးသတိထားမိသည်။ ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ မိုင့်ဆန္ဒမှမပါပဲ။ မိုင်နှင့်ပျိုးက ဒီရက်ပိုင်းအတွင်းမှာပဲလက်ထပ်ခဲ့ကြသည်

"ရှိန်းကို မမ လွှတ်..."

"ပြီးပြီ သူ့ကိုလွှတ်ပေးပြီးပြီ မိုင်!... ကိုယ့်ကိစ္စကိုယ်သိတာမို့ ထပ်မပြောပါနဲ့။ အခုတော့ငါတို့အိမ်ပြန်မယ် နင့် ပစ္စည်းတွေအကုန်သွားသိမ်း အိမ်ပြောင်းကြမယ်"

"ဟမ်?"

"မကြားဘူးလား မိုင်။ ငါတို့ အိမ်ပြောင်းမယ် ဟုတ်ပြီလား?"

ပျိုး စိတ်မရှည်စွာပြောရင်း ကားပေါ်တက်သွားတာကြောင့် မိုင် လည်း နောက်ကလိုက်ရတော့သည်။ ပျိုး တို့ အိမ်ပြန်တာနှင့် ပြဿနာဖြစ်ရဦးမှာကိုသိသည်လေ။ ကားကခြံထဲရောက်တာနဲ့ ကားအနားကိုပြေးလာသည့် အလုပ်သမားကြောင့် ပျိုးသည် သက်ပြင်းချပြီးဆင်းသွား၏။

"မမလေးပျိုး ဟိုလေ သူဌေးကြီးအရမ်းဒေါသထွက်နေတယ်"

"အဲ့ဒီတော့?"

"မမလေးပြန်လာရင် သူ့ဆီလာဖို့ပြောတယ်။ သူဌေးက သူ့အခန်းထဲမှာရှိတယ် မမလေး"

"သူမခေါ်ရင်တောင်သွားတွေ့မှာပါ"

ပျိုး သူ့ဘေးမှာပေကပ်ကပ်ရပ်ကြည့်နေတဲ့ မိုင် ကို ကြည့်ရင်းစိတ်မရှည်တော့ပေ။

"ဘာလုပ်နေတာလဲ? ပစ္စည်းတွေ သွားထည့်လေ မိုင်... ဒက်ဒီ အခန်းထဲခဏသွားပြီးမှ ဘာမှမလုပ်ရသေးရင် မင်းနဲ့ငါ တွေ့မယ်"

မိုင် ဘာတွေဆက်ဖြစ်မယ်ဆိုတာမသိလို့ ပျိုး ပြောတဲ့ အတိုင်းပဲ လုပ်လိုက်သည်။ အဝတ်သိမ်းဆိုလည်းသိမ်းရုံပေါ့။ 

ဒေါက်...ဒေါက်။

"သမီး ဝင်လာမယ်နော် ဒက်ဒီ"

ပျိုး အသံပြုလိုက်ပေမဲ့ သူ့ဒက်ဒီဟာ ဘာသံမှပြန်မပေးတာကြောင့် ပျိုးလည်း အခန်းထဲခွင့်ပြုချက်မရပဲ ဝင်လိုက်သည်။ အခန်းထဲရောက်တာနဲ့ အလုပ်စားပွဲမှာ ထိုင်နေတဲ့သူမအဖေ မြင်လိုက်ရပြီး သူ့ကိုကြည့်နေတဲ့ သူ့အဖေ မျက်လုံးတွေကလည်းဒေါသတွေအပြည့်ပင်။

"နင်လုပ်ချင်တာတွေလုပ်ပြီး ပျော်နေလား ပျိုး!! နင့်ကိုယ်နင် ဘာတွေ လုပ်နေလဲ သိရဲ့လား?"

"သိတာပေါ့ ကောင်းကောင်းသိတာပေါ့။ အခုဒက်ဒီ စကားတွေနားထောင်ဖို့လာတာမဟုတ်ဘူး။ သမီးနဲ့ မိုင် ဒီအိမ်မှာဆက်မနေတော့ကြောင်း လာပြောတာ"

"မိုင် က အသက်မပြည့်သေးဘူးနော်... ဘယ်တရားရုံးကများ အသက်မပြည့်သေးတဲ့သူကို လက်ထပ်ခွင့်ပေးလိုက်တာလဲ!!..."

သူ့ဒက်ဒီအပြောကြောင့် ပျိုးပြုံးလိုက်မိသည်။ ဒီလိုချောချောချူချူလုပ်လိုက်နိုင် သူ့ဒက်ဒီကြောင့်လေ။

"ပထမအချက်က ဒက်ဒီလုပ်ခဲ့တဲ့ မိုင့်ရဲ့မွေးစာရင်းကြောင့်​ပေါ့"

ပျိုးအပြောကြောင့် သူ့ဒက်ဒီမျက်နှာပျက်သွားသည်။ မိုင့်ကိုလက်ထပ်ပေးဖို့အတွက် မိုင့်မွေးစားရင်းကို ဆေးရုံအုပ်နှင့်လက်ဝါးချင်းရိုက်ပြီးပြောင်းလဲခဲ့တဲ့ ဦးဖြိုးဝင်းကျော်ကြောင့်ပေါ့။ နောက်တစ်ခုက ပိုက်ဆံကြောင့်ဟု ပျိုး ပြန်ပြောလိုက်ချင်ပါသည်။ ပိုက်ဆံရှိရင် တရားဥပဒေက လိုသလိုခြယ်လှယ်လို့ရတယ်ဆိုတာ ပိုက်ဆံရှိတဲ့ အသိုင်းဝိုင်းသာသိကြသည်မလား။ 

"ဒီလိုလုပ်လို့ သမီးနိုင်သွားပြီထင်နေလား။ ဒက်ဒီလုပ်ရင်..."

"လုပ်လေ ဒက်ဒီ... ပျိုး ဂရုစိုက်မယ်ထင်လို့လား။ တကယ်လို့ ဒက်ဒီလုပ်ချင်ရာလုပ်ပြီး မိုင့်ကို သမီးဆီက ဆွဲထုတ်သွားမယ်ဆိုရင် ဒက်ဒီ ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူကို ဒက်ဒီ တစ်သက်လုံး ပြန်မမြင်ရဘူးမှတ်...!

မိုင့် ယူလိုက်ပေမဲ့ စိတ်မပူပါနဲ့။ ဒက်ဒီ လုပ်ငန်းတွေကို ဦးဆောင်နိုင်အောင် ပျိုး ကြိုးစားပေးမယ်။ ဒက်ဒီ ရဲ့မှောင်ခိုလုပ်ငန်းတွေကအစ ပျိုးကိုင်တွယ်နိုင်အောင်ကြိုးစားမယ်။ ဒါပေမဲ့ ပျိုးဆီက မိုင့်ကို ဆွဲထုတ်သွားဖို့မကြိုးစားပါနဲ့ ပျိုး မလိုအပ်တဲ့အချိန်ကျရင် ဒက်ဒီ တောင်ပြောစရာမလိုပဲ ပျိုးကိုယ်တိုင်သူ့ကို စွန့်ပစ်မှာပါ။ အခုတော့ သူ့ကို ပျိုးလိုအပ်သေးတယ်။ သူက အခုချိန်မှာ ပျိုးအပိုင်ပဲ... အဲ့တော့ ဒီလောက်ပဲပြောကြတာပေါ့ ပျိုးသွားတော့မယ်"

ဦးဖြိုးဝင်းကျော် အံ့ဩမိသည်။ ဦးဖြိုးဝင်းကျော်ရဲ့ ငွေမဲလုပ်ငန်းတွေကိုတောင် သေအောင်မလုပ်ဘူးလို့ကြွေးကြော်ထားတဲ့သူ့သမီးက အခုတော့အဲ့ဒါကိုပါကိုင်တွယ်မယ်တဲ့လား။ ခါတိုင်းဆို ဝမ်းသာလောက်ပေမဲ့ နည်းနည်းစိတ်ပျက်မိသည်။ သိင်္ခလွန်းမိုင်ကြောင့်ဆိုတာမို့လေ။

....

"ဒါငါတို့နေရမယ့် အိမ်ပဲ မိုင်။ ဒက်ဒီ အိမ်လောက်တော့မကြီးပေမဲ့ နေရတာအဆင်ပြေမှာပါ။ ဟိုအခန်းက အိပ်ခန်းပဲ။ ခရီးပန်းထားတယ်ဆိုတော့ အိပ်ချင်အိပ်လိုက်"

ပျိုး အိပ်ခန်းကိုလက်ညိုးထိုးပြီးပြောလိုက်တော့ မိုင်ကခေါင်းညိတ်သည်။ ဒီနိုင်ငံမှာ သူတို့လက်ထပ်ရင် တရားမဝင်လို့ ဒီရက်တွေမှာကနေဒါထိသွားခဲ့ရသည်လေ။

"အလုပ်သမား မခေါ်ထားဘူး မိုင်။ တို့တွေက ယူပြီးဖြစ်သွားပြီဆိုတော့ အိမ်တာဝန်ကို မိုင်ပဲ တာဝန်ယူလိုက်ပါ။ အခုသွားစရာရှိသေးလို့ နည်းနည်းတော့နောက်ကျမယ် မိုင်။ ထမင်းမပြင်ထားနဲ့တော့ ဟုတ်ပြီလား"

"..."

"သွားပြီ"

ပျိုးက သူပြောချင်တာတွေပြောပြီး ထွက်သွားသည်။ မိုင့်ကို ထွက်ပြေးသွားမှာမကြောက်တာလားမသိ ဒီအိမ်ကြီးထဲတစ်ယောက်တည်းထားခဲ့၏။ ဒါမှမဟုတ် မိုင့်အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်၍ မိုင်ထွက်မပြေးဘူးဆိုတာသိလို့များလား။

မိုင် နာနာကျင်ကျင်ပြုံးလိုက်မိသည်။ ဆက်တွေးနေလျှင် နာကျင်ရမည်ကိုသိ၍ အိမ်ထဲပတ်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ အိမ်ကလုံးချင်းဆိုပေမဲ့ ထင်ထားသလောက်မကျယ်ပဲ။ ခြံကလည်း ကျဉ်းလှသည်။ နှစ်ယောက်တည်းနေဖို့ သင့်တော်ပြီး အေးဆေးရှိသည်မို့ ဦးဖြိုးဝင်းကျော်အိမ်ထက်တော့ မိုင့်အတွက် အများကြီးနေလို့ကောင်းသည့်ခံစားချက်ရသည်။

အိမ်ကိုပတ်ကြည့်ပြီးနောက်ဆုံးမှ ပျိုးပြောသည့် သူတို့အိပ်ခန်းထဲ ဝင်လိုက်သည်။ သို့သော် ဝင်ဝင််ချင်းစိတ်ပျက်သွားသည်။ အခန်းထဲမှ နှစ်ယောက်အိပ်ကုတင်က မိုင့်ကိုအတော်စိတ်ပျက်စေသည်။

"ငါတို့ထွက်ပြေးမယ်ဆိုတာ သူဘယ်လိုများသိသွားရတာလဲ...ဟူး"

ပျိုးသာ မမိခဲ့လျှင် အခုချိန်လောက်ဆို ရှိန်းနဲ့တူတူပျော်နေရလောက်ပြီလို့ မိုင်တွေးမိသည်။ မိုင်စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်လှဲချလိုက်ပြီး မျက်လုံးလေးမှိတ်လိုက်ရုံနဲ့ ပင်ပန်းမှုကြောင့် ချက်ချင်းအိပ်ပျော်သွားသည်။ သို့သော် ည ၈ နာရီလောက်မှာတော့ ဗိုက်ဆာလို့ နိုးလာခဲ့၏။

"ကျွတ်စ် ခေါင်းကိုက်လိုက်တာ... ငါတော်တော်အိပ်ပျော်သွားပဲ"

မိုင် တစ်ခုခု ထစားဖို့ ထမင်းစားခန်းမှ ရေခဲသေတ္တာဖွင့်လိုက်တော့ မျက်လုံးလေးအရောင်လတ်သွားရသည်။

"ဝါး အများကြီး ဝယ်ထားသားပဲ"

မိုင် အစားသောက်တွေမြင်မှ စိတ်ကြည်သွားတော့တာ အမှန်။ ထမင်းစားချိန်ဆိုပေမဲ့ ထမင်းမစားချင်တာကြောင့်တွေ့တဲ့ မုန့်တွေသာမပြီး TV ရှေ့ယူစားလိုက်သည်။ Channel မှာလာနေသည့် ဇာတ်လမ်းတွဲကို ဇာတ်လမ်းကဘယ်ရောက်နေလည်းအဆက်ဆက်မရှိ၍မသိပေမဲ့လည်း မုန့်လေးစားရင်းကြည့်လိုက်တော့သည်။ မိုင် ဒီလိုတွေလုပ်နေတာ ပျော်နေလို့တော့မဟုတ် အခုသူ့ရဲ့ အခြေနေကြီးကိုမေ့ချင်လို့ပင်။

မိုင် Tv ထိုင်ကြည့်ရင်း မျောသွားသည်မို့ နာရီတောင်မကြည့်မိဘူးလေ။ ခြံထဲမှ ကားသံလေးကြားတော့မှ မိုင် နာရီကို ကြည့်လိုက်မိ၏။ 

"၁၁ တောင်ထိုးတော့မှာပဲ"

အိမ်ထဲဝင်လာသည့် ပျိုးကို မိုင်မမြင်ချင်ယောင်ဆောင်ကြည့်ပေမဲ့ ပျိုးဆီမှ အသံမာမာထွက်လာသည်။

"မိုင် အခန်းထဲ ခဏလာဦး"

မိုင် စိတ်ညစ်စွာနှင့် သက်ပြင်းလေးခိုးချလိုက်သည်။ ပျိုးသည် အိမ်ပြန်ရောက်သည်နှင့် မိုင့်ကိုစပြီးစိတ်ဒုက္ခပေးတော့မည်ထင်သည်။

"ဟုတ်"

မိုင် အခန်းထဲရောက်တော့ Sim Card နဲ့ ဖုန်းအသစ် တစ်လုံး ပျိုး ကုတင်ပေါ် ပစ်တင်လိုက်သည်။ မိုင် လည်းဘာလဲဆိုတဲ့ အဓိပ္ပာယ်နဲ့ကြည့်မိတော့။

"အဲ့ဒါကိုသုံး အရင်ဖုန်းကိုလွှင့်ပစ်လိုက်ပြီ မိုင်။ အဲ့တော့ သူ့ကိုထပ်ပြီးဆက်သွယ်ဖို့ မကြိုးစားပါနဲ့ မိုင်"

မိုင် ကုတင်ပေါ်က ဖုန်းကိုယူလိုက်ပြီး တစ်ချက်မဲ့ပြုံးပြုံးမိသည်။

"ဘာလဲ ထွက်ပြေးသွားမှာဆိုးလို့လား? အဲ့လိုဆိုရင်တော့ စိတ်မပူပါနဲ့ ရှိန်းကို မယားခိုးမှုနဲ့တော့ ထောင်ကျအောင် မလုပ်ဘူး"

အဲ့မိန်းမအကြောင်းပြောလိုက်တာနဲ့ အထိမခံ ဖြစ်နေတဲ့ မိုင့်ကြောင့် ပျိုးစိတ်တိုရသည်။ ဘာတွေများ ဒီလောက်မက်မောဖို့ကောင်းနေလို့လဲ။

"နင်တော်တော်ဖြစ်နေလား မိုင် "

"ဖြစ်နေတာမဟုတ်ဘူး ချစ်တာ မမ... မိုင်ကလေ သူ့ကိုချစ်တယ်"

"မိုင်!! နင့်ပါးစပ်ပိတ်ထားထပ်မပြောနဲ့ !"

"ဘာလို့လဲ ချစ်လို့ချစ်တယ်ပြောတာလေ။ ဒါလေးတောင်ပြောခွင့်မရှိဘူးလား... မမတို့က မိုင့်ကို အရုပ်လိုဆက်ဆံနေပေမဲ့ မိုင့်မှာလည်း နှလုံးသားရှိတယ် မမရဲ့"

ပျိုးကို တစ်ခါမှပြန်မပြောဖူးသည့် မိုင်ဟာအခုလို တခြားမိန်းမကြောင့် ဆတ်ဆတ်ထိမခံပြန်ပြောနေတော့ ပျိုး စိတ်မထိန်းနိုင်ပဲစောင့်တွန်းလိုက်သည်။ ထိုကြောင့် မိုင်သည် ကုတင်ပေါ်ပက်လက်အနေထားဖြင့်ကျသွားသည်။ ရုတ်တရက်မို့ ခေါင်းလည်းနည်းနည်းနောက်သွားရသည်။ ထိုအခြေနေကို ပျိုးက အခွင့်ကောင်းယူပြီး မိုင့်အပေါ်ကနေတက်ခွလိုက်တာကြောင့် မိုင်ထလို့မရတော့ချေ။

"မင်းကိုသေလောက်အောင်ရိုက်နှက်နေရင်တောင် ဒီလိုတစ်ခါမှရန်မတွေ့ဘူးနော် မိုင်။ အမြဲတမ်းကြောက်ပြီးငြိမ်ကုတ်နေတဲ့ မင်းက တစ်လအတွင်းဘာဖြစ်သွားတာလဲ ဟမ်?... နင့်ကို သူဘာတွေများ ပြုစားထားတာလဲ"

ပျိုး စကားကြောင့် မိုင်လည်း ပျိုးမျက်ဝန်းတွေကို စေ့စေ့စိုက်ကြည့်လိုက်သည်။

"ပြုစားထားတာ မဟုတ်ဘူး ချစ်ပေးတာ... မေမေ ဆုံးပြီးကတည်းကမရခဲ့တဲ့ချစ်ခြင်းတွေ၊ မေတ္တာတွေကို သူနဲ့မှ ပြန်ရခဲ့တာ။ အဲ့ဒါကြောင့် မိုင်က သူ့ကို လိုအပ်တယ်။ ဒါပေမဲ့ အခုတော့အဲ့ဒါတွေ အားလုံးသွားပြီ။ အဲ့ဒါ မမကြောင့် မမကို မုန်းတယ်! အရမ်းမုန်း..."

နာကျည်းစွာပြောနေသည့် မိုင့် နှုတ်ခမ်းလေးဟာ ရုတ်တရက် အနမ်းကြမ်းများနှင့်ပိတ်စို့်ခံလိုက်ရတာကြောင့် မိုင့်လက်နှစ်ဖက်နဲ့ ပျိုးကို အလိုအလျောက်တွန်းထုတ်လိုက်သည်။ သို့သော် ဒေါသထွက်နေတဲ့ ပျိုးအားက ပိုကြီးနေတာကြောင့် မိုင်တွန်းထုတ်လို့မရ။ ဒေါသထွက်မနေလည်း ပျိုးကို မိုင် တစ်ခါမျှမနိုင်ခဲ့ပါ။

ပျိုး ကလည်း မိုင့်လက်နှစ်ကို အပေါ်မြှောက်တင်ကာ မိုင့် လက်နှစ်ဖက်လုံးကို သူ့လက်နှစ်ဖက်နဲ့ ချုပ်ထားပြီး အနမ်းတွေ ဆက်တိုက်ပေးနေတာကြောင့် မိုင် အသက်ရှုလို့ မရတော့ပေ။ ပျိုး သည်လည်း ဒါကိုသိသားနဲ့ သူ့စိတ်ကြိုက်နမ်းပြီးမှ လွှတ်ပေးလိုက်တော့ မိုင် မောဟိုက်နေရသည်။ ပျိုးလည်း မိုင့်နည်းတူ အနည်းငယ်မောရပေမဲ့ ပျိုးလက်တွေက မိုင့်အင်္ကျီတွေကိုချွတ်ဖို့လုပ်လိုက်၏။ ဒါကြောင့် အမောတောင်မဖြေနိုင်တော့ပဲ ပျိုးလက်တွေကို အလျင်အမြန်လေးဖမ်းကာ မိုင် တားလိုက်သည်။

"မမ တော်လောက်ပြီ ဆက်မလုပ်နဲ့တော့"

"ဘာလို့လဲ ဒါမင်္ဂလာဦးညလေ မိုင်။ အဲ့တော့ ဆက်လုပ်မှာပဲ လက်တွေငြိမ်ငြိမ်နေနော်မဟုတ်ရင် ဆောင်းရိပ်ပျိုး အဆိုးမဆိုနဲ့"

ပျိုးသည် ပြောရင်း သူ့ကိုတားထားတဲ့လက်တွေကို ဖယ်ချလိုက်ပြီး ကြယ်သီးတွေကိုဖြုတ်နေတော့ မိုင် မျက်ရည်တွေရစ်ဝိုင်းလာရပြီ။

"မမ ဒီလိုမျိုးလုပ်နေရမှကျေနပ်မှာလား။ မိုင့်ကို ဒီလိုမျိုးနှိပ်စက်နေရမှ ကျေနပ်မှာလား! မိုင်ဘာတွေများလုပ်မိလို့လဲ... ဘာလို့မိုင့်ကို ဒီလောက်ထိ ရက်စက်နေရတာလဲ"

မိုင် စို့နစ်စွာပြောမိရင်း ငိုမိတော့ ပျိုးသည် ခဏလောက်တွေဝေသွားပေမဲ့ မရပ်တန့်ပေးပဲ ဆက်လုပ်ဖို့ ကြယ်သီးတို့ကိုဆွဲဖြုတ်ရင်း အင်္ကျီကိုဆွဲဟလိုက်တော့သည်။

"မမ ဘာမှမသိဘူး။ မိုင့်ဘက်တစ်ခါလေးတော့ကြည့်ပေးပါဦး... မိုင်ဘယ်လောက်နာကျင်နေရလဲဆိုတာ မိုင့်ကိုမသနားရင်တောင် မိုင့်နေရာကနေ တစ်ခါလေးလောက်ပဲဝင်င်ခံစားကြည့်ပေးပါလား။ မိုင့်ကို တစ်ခါလောက် နာကျင်မှုတွေကနေ အနားပေးပါဦးလား"

တောင်းဆိုနေသည့် မိုင့်လေသံလေးဟာ နာကျင်မှုတွေနှင့်ရောယှက်နေသည်။ တစ်ဆက်တည်း ပျိုး လုပ်ရက်ကြောင့်ပွင့်ဟသွားသည့် မိုင့်အင်္ကျီအောက်က ခန္ဓာကိုယ်လေးကြည့်ပြီး ပျိုး လှုပ်ရှားမှုတွေရပ်သွားသည်။

မိုင့်၏ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်လေးက အမာရွတ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ ရေချိုးခန်းထဲ ခါးပတ်နှင့် သူရိုက်ခဲ့မိတံ့ အရှိုးရာတွေကအခုချိန်ထိ အရှင်းမပျောက်သေးပဲကျန်သေးသည်။ ဘယ်လောက်တောင် အားပါမိလို့ အခုထိမပျောက်နိုင်သေးတာလဲ။ ပျိုး ချက်ချင်း ကုတင်ပေါ်ကနေထကာ အခန်းတံခါးဖွင့်လိုက်သည်။

"ဒီအခန်း မိုင်ပဲယူလိုက်တော့။ မနက်ဖြန်ကျရင် ငါ့အတွက် အခန်းသက်သက်ထပ်ပြင်လိုက်မယ်။ အဲ့လိုဆို ကျေနပ်ပြီလား မိုင်။ အဲ့တော့ စိတ််ချလက်ချအိပ်လိုက်တော့"

ပျိုး သည် နောက်သို့တစ်ချက်တောင်လှည့်မကြည့်ပဲ ပြောပြီးထွက်သွားသည်။ ပျိုး၏ကျတော့မည့် မျက်ရည်တွေကို မိုင်မမြင်စေချင်ပါ။ ဟုတ်ပါသည် မိုင် ပြောသလိုပဲ မိုင် ခံစားနေရတာတွေ ပျိုးဘာမှမသိဘူး။ ပျိုးမသိခဲ့တာလား မသိချင်ယောင်ဆောင်ခဲ့တာလားလည်း မသဲကွဲတော့ဘူးလေ။

ကျန်ခဲ့သည့် မိုင်ကတော့ ပျိုးထွက်သွားမှ စိတ်သက်သာရာရသွားပြီး ကြယ်သီးတို့ကိုပြန်တပ်လိုက်သည်။ လက်တွေကလည်း ကြောက်လွန်းလို့ တုန်နေဆဲပင်။

"နင့်ကို ဒီဘဝကနေ ကယ်တင်နိုင်မယ့်သူ မရှိတော့ဘူး ထင်တယ် မိုင်"

မိုင် သူ့ဘဝသူမခံမရပ်နိုင်လွန်းလို့ အသံတိတ်ကြိတ်ငိုမိသည်။ ဒါက သူနေ့တိုင်းလုပ်နေကြအလုပ်ပဲမို့ သိပ်တော့မထူးဆန်းလှဘူးမလား။

...

ပျိုး မအိပ်ပဲ နံရံပေါ်ကတဂျပ်ဂျပ်မြည်နေသော တိုင်ကပ်နာရီကိုစိုက်ကြည့်နေမိသည်။ နာရီက ၄ နာရီထိုးပြီး ၁၀ မိနစ်လောက်စွန်းတော့မှကာ သူမအခန်းလေးဆီကို သွားဖို့ပြင်လိုက်သည်။ သိင်္ခလွန်းမိုင်ဆိုတဲ့ကလေးမက အမြဲတမ်းဒဏ်ရာရပြီး ပင်ပန်းနေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ညဘက်တွေအိပ်မပျော်ရင်တောင် ၄ နာရီနောက်ပိုင်းဆိုသူအိပ်မောကျနေပြီ။ ငယ်ငယ်ကတည်းက စောင့်ကြည့်ခဲ့တာကြောင့် ပျိုး ဒါကိုအတပ် သိသည်လေ။ အခုလောက်ဆို အိပ်ပျော်နေလောက်ပြီမဟုတ်လား။

ပျိုး သူဒီလိုချိန်တိုင်းအမြဲလိုလို မိုင့်အခန်းဆီသွားတတ်သည်။ သို့သော် နေ့တိုင်းမသွားဖြစ်ပါ။ မိုင် မအိပ်တဲ့ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တိုးမှာစိုး၍လေ။ ဒါကြောင့် တစ်ပတ် ၄/ ၅ ခါလောက်တော့ မိုင့် အခန်းလေးသို့ ခိုးသွားတတ်၏။

အိပ်နေတဲ့ ကလေးရဲ့ မျက်နှာလေးကို ခိုးခိုးသွားကြည့်မိသည်။ တစ်ခါတစ်ရံ မိုင်ဟာ ဆေးမလိမ်းပဲ အိပ်ပျော်သွားတတ်တာမို့ ပျိုးခိုးလိမ်းပေးရတဲ့ညတွေရှိဖူးသည်။ အိပ်ပုတ်လေးဟာတော့ အိမ်မောကျနေလျှင် တစ်ခါမျှမနိုးခဲ့ချေ။ ပျိုးမှာ ထိုသို့ဖြင့်ညတိုင်း သူခိုးလုံးလုံးဖြစ်ခဲ့ရသည်။ အခုလည်း အဲ့အနေထားကနေ ကျွတ်တော့မည်ထင်ပေမဲ့  မိုင်က သူနှင့်အတူနေနိုင်မှာမဟုတ်ချေ။ ခုနက ဒေါသအရထိုသို့လုပ်မိသွားပေမဲ့ မိုင့်ကို ခြောက်လန့်ရုံပဲလုပ်ပြီး မိုင့်ကို ပျိုးပိုင်ကြောင်းသတိပေးချင်ခဲ့ရုံတင်ပါ။ ပျိုးက ယုတ်မာတဲ့သူတစ်ယောက်ဆိုတာလက်ခံပေမဲ့ အဲ့လောက်ထိတော့ယုတ်မာသူတစ်ယောက်မဟုတ်။

အခုလည်း အိပ်ပျော်နေသော မိုင့် အပြစ်ကင်းသည့်မျက်လုံးလေးကို မိုင်ကုတင်အောက်နားမှာထိုင်ကာ ကြည့်လိုက်သည်။ ကုတင်လှုပ်ရင်တောင် မိုင်မနိုးဘူးဆိုတာသိပေမဲ့ မိုင့်မျက်နှာလေးကို အမြဲအနီးကပ်ငေးကြည့်တတ်သည့် ပျိုးမှာ မိုင့်ဆီလာတိုင်းအောက်မှာပဲထိုင်ဖြစ်သည်။

"ငိုထားပြန်ပြီလား ငါ့ကြောင့်"

ဖောင်းအစ်နေတဲ့ မျက်လုံးလေးတွေက သူမ ငိုထားကြောင်း ဖော်ပြနေတယ်။

"တောင်းပန်ပါတယ် မိုင်ရယ်။ နောက်ထပ်ဒဏ်ရာတွေကို မမကြောင့် ထပ်မဖြစ်စေရဘူးလို့ကတိပေးပါတယ်"

မိုင့်မျက်နှာလေးဟာ ဘယ်လောက်အပြစ်ကင်းစင်နေနေ ပင်ပန်းနေလှသည်က အသိသာပင်။

"ဒီလိုတွေဖြစ်သွားတာက မိုင့်ကိုချစ်လို့ပါလို့ပြောချင်ပေမဲ့ မမ သတ္တိမရှိဘူး မိုင်... ဘယ်တော့မှလည်းဖွင့်ပြောနိုင်မယ်မထင်ဘူး..."

ဒီစကားကိုပြောတော့ ပျိုးသက်ပြင်းချမိသည်။ ပျိုးလို အမြဲနှိပ်စက်နေတဲ့သူကို မိုင်ကဘယ်လိုလုပ်ပြန်ချစ်မှာလဲ ဖြစ်မှမဖြစ်နိုင်ပဲ။ ထို့ကြောင့် ပျိုးမှာ မိုင့်လို ရှိန်းမြင့်မိုရ်ဦးကိုချစ်ကြောင်းဖွင့်ပြောသလို ဖွင့်ပြောခွင့်မရှိဘူး။

"ဒါပေမဲ့ မမ ရှေ့လျောက် မိုင့်ကိုကာကွယ်ပါ့မယ်။ မိုင် မကြိုက်တာတွေလည်း လျော့ပေးမှာမို့ နောက်နောင်ထပ်ပြီးမျက်ရည်မကျရအောင်ထားပါ့မယ်"

"ဒါကြောင့် ထပ်မပင်ပန်းပါနဲ့တော့ မိုင်ရယ်"

မိုင့်ကို အနမ်းချင်၍ မျက်နှာနားကို ပျိုးတဖြည်းဖြည်းတိုးလာရင်း မိုင့် နဖူးလေးကို နမ်းဖို့လုပ်လိုက်ပေမဲ့ ပျိုးမလုပ်နိုင်ပါ။ သူအဲ့လိုတွေကြောက်နေလို့၊ မဝံ့မရဲဖြစ်နေလို့ မိုင့်ရဲ့ ပထမအနမ်းကိုတောင် သူမရခဲ့တာလေ။ ခိုးပြီးတောင် မနမ်းနိုင်ခဲ့ဘူး။ ဘယ်လောက်တောင် သတ္တိကြောင်လိုက်လဲ။ ဆောင်းရိပ်ပျိုးဆိုတဲ့ မိန်းမက မိုင်နဲ့ပတ်သက်ရင် ထင်သလောက် သတ္တိရှိမနေဘူး။ ဟင့်အင်း သတ္တိကိုမရှိတာပါ။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ။

ပျိုး ရင်ထဲမွန်းကြပ်လာသည်မို့ အခန်းထဲကနေ အမြန်ထွက်သွားမိသည်။ ပျိုးမသိလိုက်သည်က ပျိုးပြောသမျှကို အကုန်ကြားသွားတဲ့သူရှိတယ်ဆိုတာပါပဲ။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

3.4 k words

Thanks For Reading 📖

...

Zawgyi....

"မိုင္!... မင္းစဥ္းစားတာၾကာေနၿပီ။ မင္း မလုပ္ခ်င္လည္း အတင္းက်ပ္မခိုင္း..."

"လက္ခံတယ္ ...ဒီလိုေ႐ြးရခက္တဲ့ အေျခေနႀကီးမွာ အတင္းအက်ပ္မခိုင္းဘူးဆိုတာက ရယ္ခ်င္စရာေတာင္ ေကာင္းေနသလိုပဲ။ မမ ဒီလိုလုပ္ရလို႔ေပ်ာ္တယ္မလား။ ဆက္လုပ္ပါ မမကို အခုခ်ိန္ထိ မိုင္တစ္ခါမွမမုန္းဖူးေပမဲ့ အခုေတာ့ မုန္းၿပီး႐ြံ႕သြားၿပီ"

မိုင့္စကားေၾကာင့္ ပ်ိဳး ဟန္မေဆာင္ႏိုင္ပဲ မ်က္ႏွာပ်က္သြားေလာက္တဲ့အထိကိုထိေရာက္သည္။

"အရင္ကတည္းက မုန္းေနခဲ့တယ္ထင္ထားတာ။ အခုမွမုန္းတယ္ဆိုေတာ့လဲ သိပ္ၿပီးမထူးျခားေတာ့ပါဘူး"

ပ်ိဳး ၿပဳံးၿပီးေျပာလိုက္သည္။ သို႔ေသာ္ ထိုအၿပဳံးဟာ ပ်ိဳးမနည္းလုပ္ယူၿပဳံးထားရသည့္ အၿပဳံးဆိုတာကိုေတာ့ ပ်ိဳး တစ္ေယာက္သာသိလိမ့္မည္။

"အခုေတာ့ ခ်က္ခ်င္းအထဲျပန္ဝင္ၿပီး အိပ္ေတာ့ မိုင္။ လက္ထပ္ဖို႔ကိစၥကို စိတ္မပူနဲ႔တရားဝင္ျဖစ္ေစရမယ္"

မိုင္ ဘာမေျပာျပန္မေျပာေတာ့ပဲ သူ႔အခန္းကိုသြားလိုက္ေတာ့သည္။ မနက္ျဖန္ဆို သူပိုၿပီးငရဲမ်ားက်ေတာ့မလားလို႔ေတာင္ေတြးမိ၍ ငိုမိသည္။

ေဆာင္းရိပ္ပ်ိဳးဟာ မိုင့္ကို လက္ထပ္ျခင္းနဲ႔ထြက္ေျပးလို႔မရေအာင္ ခ်ဳပ္ေႏွာင္လိုက္တာပါပဲ။

.....

လက္ထပ္စာခ်ဳပ္ကိုၾကည့္ၿပီး မိုင့္မ်က္ႏွာ မေကာင္းတာကို ပ်ိဳးသတိထားမိသည္။ ဘယ္လိုလုပ္ေကာင္းႏိုင္မွာလဲ မိုင့္ဆႏၵမွမပါပဲ။ မိုင္ႏွင့္ပ်ိဳးက ဒီရက္ပိုင္းအတြင္းမွာပဲလက္ထပ္ခဲ့ၾကသည္

"ရွိန္းကို မမ လႊတ္..."

"ၿပီးၿပီ သူ႔ကိုလႊတ္ေပးၿပီးၿပီ မိုင္!... ကိုယ့္ကိစၥကိုယ္သိတာမို႔ ထပ္မေျပာပါနဲ႔။ အခုေတာ့ငါတို႔အိမ္ျပန္မယ္ နင့္ ပစၥည္းေတြအကုန္သြားသိမ္း အိမ္ေျပာင္းၾကမယ္"

"ဟမ္?"

"မၾကားဘူးလား မိုင္။ ငါတို႔ အိမ္ေျပာင္းမယ္ ဟုတ္ၿပီလား?"

ပ်ိဳး စိတ္မရွည္စြာေျပာရင္း ကားေပၚတက္သြားတာေၾကာင့္ မိုင္ လည္း ေနာက္ကလိုက္ရေတာ့သည္။ ပ်ိဳး တို႔ အိမ္ျပန္တာႏွင့္ ျပႆနာျဖစ္ရဦးမွာကိုသိသည္ေလ။ ကားကၿခံထဲေရာက္တာနဲ႔ ကားအနားကိုေျပးလာသည့္ အလုပ္သမားေၾကာင့္ ပ်ိဳးသည္ သက္ျပင္းခ်ၿပီးဆင္းသြား၏။

"မမေလးပ်ိဳး ဟိုေလ သူေဌးႀကီးအရမ္းေဒါသထြက္ေနတယ္"

"အဲ့ဒီေတာ့?"

"မမေလးျပန္လာရင္ သူ႔ဆီလာဖို႔ေျပာတယ္။ သူေဌးက သူ႔အခန္းထဲမွာရွိတယ္ မမေလး"

"သူမေခၚရင္ေတာင္သြားေတြ႕မွာပါ"

ပ်ိဳး သူ႔ေဘးမွာေပကပ္ကပ္ရပ္ၾကည့္ေနတဲ့ မိုင္ ကို ၾကည့္ရင္းစိတ္မရွည္ေတာ့ေပ။

"ဘာလုပ္ေနတာလဲ? ပစၥည္းေတြ သြားထည့္ေလ မိုင္... ဒက္ဒီ အခန္းထဲခဏသြားၿပီးမွ ဘာမွမလုပ္ရေသးရင္ မင္းနဲ႔ငါ ေတြ႕မယ္"

မိုင္ ဘာေတြဆက္ျဖစ္မယ္ဆိုတာမသိလို႔ ပ်ိဳး ေျပာတဲ့ အတိုင္းပဲ လုပ္လိုက္သည္။ အဝတ္သိမ္းဆိုလည္းသိမ္း႐ုံေပါ့။ 

ေဒါက္...ေဒါက္။

"သမီး ဝင္လာမယ္ေနာ္ ဒက္ဒီ"

ပ်ိဳး အသံျပဳလိုက္ေပမဲ့ သူ႔ဒက္ဒီဟာ ဘာသံမွျပန္မေပးတာေၾကာင့္ ပ်ိဳးလည္း အခန္းထဲခြင့္ျပဳခ်က္မရပဲ ဝင္လိုက္သည္။ အခန္းထဲေရာက္တာနဲ႔ အလုပ္စားပြဲမွာ ထိုင္ေနတဲ့သူမအေဖ ျမင္လိုက္ရၿပီး သူ႔ကိုၾကည့္ေနတဲ့ သူ႔အေဖ မ်က္လုံးေတြကလည္းေဒါသေတြအျပည့္ပင္။

"နင္လုပ္ခ်င္တာေတြလုပ္ၿပီး ေပ်ာ္ေနလား ပ်ိဳး!! နင့္ကိုယ္နင္ ဘာေတြ လုပ္ေနလဲ သိရဲ႕လား?"

"သိတာေပါ့ ေကာင္းေကာင္းသိတာေပါ့။ အခုဒက္ဒီ စကားေတြနားေထာင္ဖို႔လာတာမဟုတ္ဘူး။ သမီးနဲ႔ မိုင္ ဒီအိမ္မွာဆက္မေနေတာ့ေၾကာင္း လာေျပာတာ"

"မိုင္ က အသက္မျပည့္ေသးဘူးေနာ္... ဘယ္တရား႐ုံးကမ်ား အသက္မျပည့္ေသးတဲ့သူကို လက္ထပ္ခြင့္ေပးလိုက္တာလဲ!!..."

သူ႔ဒက္ဒီအေျပာေၾကာင့္ ပ်ိဳးၿပဳံးလိုက္မိသည္။ ဒီလိုေခ်ာေခ်ာခ်ဴခ်ဴလုပ္လိုက္ႏိုင္ သူ႔ဒက္ဒီေၾကာင့္ေလ။

"ပထမအခ်က္က ဒက္ဒီလုပ္ခဲ့တဲ့ မိုင့္ရဲ႕ေမြးစာရင္းေၾကာင့္​ေပါ့"

ပ်ိဳးအေျပာေၾကာင့္ သူ႔ဒက္ဒီမ်က္ႏွာပ်က္သြားသည္။ မိုင့္ကိုလက္ထပ္ေပးဖို႔အတြက္ မိုင့္ေမြးစားရင္းကို ေဆး႐ုံအုပ္ႏွင့္လက္ဝါးခ်င္း႐ိုက္ၿပီးေျပာင္းလဲခဲ့တဲ့ ဦးၿဖိဳးဝင္းေက်ာ္ေၾကာင့္ေပါ့။ ေနာက္တစ္ခုက ပိုက္ဆံေၾကာင့္ဟု ပ်ိဳး ျပန္ေျပာလိုက္ခ်င္ပါသည္။ ပိုက္ဆံရွိရင္ တရားဥပေဒက လိုသလိုျခယ္လွယ္လို႔ရတယ္ဆိုတာ ပိုက္ဆံရွိတဲ့ အသိုင္းဝိုင္းသာသိၾကသည္မလား။ 

"ဒီလိုလုပ္လို႔ သမီးႏိုင္သြားၿပီထင္ေနလား။ ဒက္ဒီလုပ္ရင္..."

"လုပ္ေလ ဒက္ဒီ... ပ်ိဳး ဂ႐ုစိုက္မယ္ထင္လို႔လား။ တကယ္လို႔ ဒက္ဒီလုပ္ခ်င္ရာလုပ္ၿပီး မိုင့္ကို သမီးဆီက ဆြဲထုတ္သြားမယ္ဆိုရင္ ဒက္ဒီ ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူကို ဒက္ဒီ တစ္သက္လုံး ျပန္မျမင္ရဘူးမွတ္...!

မိုင့္ ယူလိုက္ေပမဲ့ စိတ္မပူပါနဲ႔။ ဒက္ဒီ လုပ္ငန္းေတြကို ဦးေဆာင္ႏိုင္ေအာင္ ပ်ိဳး ႀကိဳးစားေပးမယ္။ ဒက္ဒီ ရဲ႕ေမွာင္ခိုလုပ္ငန္းေတြကအစ ပ်ိဳးကိုင္တြယ္ႏိုင္ေအာင္ႀကိဳးစားမယ္။ ဒါေပမဲ့ ပ်ိဳးဆီက မိုင့္ကို ဆြဲထုတ္သြားဖို႔မႀကိဳးစားပါနဲ႔ ပ်ိဳး မလိုအပ္တဲ့အခ်ိန္က်ရင္ ဒက္ဒီ ေတာင္ေျပာစရာမလိုပဲ ပ်ိဳးကိုယ္တိုင္သူ႔ကို စြန္႔ပစ္မွာပါ။ အခုေတာ့ သူ႔ကို ပ်ိဳးလိုအပ္ေသးတယ္။ သူက အခုခ်ိန္မွာ ပ်ိဳးအပိုင္ပဲ... အဲ့ေတာ့ ဒီေလာက္ပဲေျပာၾကတာေပါ့ ပ်ိဳးသြားေတာ့မယ္"

ဦးၿဖိဳးဝင္းေက်ာ္ အံ့ဩမိသည္။ ဦးၿဖိဳးဝင္းေက်ာ္ရဲ႕ ေငြမဲလုပ္ငန္းေတြကိုေတာင္ ေသေအာင္မလုပ္ဘူးလို႔ေႂကြးေၾကာ္ထားတဲ့သူ႔သမီးက အခုေတာ့အဲ့ဒါကိုပါကိုင္တြယ္မယ္တဲ့လား။ ခါတိုင္းဆို ဝမ္းသာေလာက္ေပမဲ့ နည္းနည္းစိတ္ပ်က္မိသည္။ သိခၤလြန္းမိုင္ေၾကာင့္ဆိုတာမို႔ေလ။

....

"ဒါငါတို႔ေနရမယ့္ အိမ္ပဲ မိုင္။ ဒက္ဒီ အိမ္ေလာက္ေတာ့မႀကီးေပမဲ့ ေနရတာအဆင္ေျပမွာပါ။ ဟိုအခန္းက အိပ္ခန္းပဲ။ ခရီးပန္းထားတယ္ဆိုေတာ့ အိပ္ခ်င္အိပ္လိုက္"

ပ်ိဳး အိပ္ခန္းကိုလက္ညိဳးထိုးၿပီးေျပာလိုက္ေတာ့ မိုင္ကေခါင္းညိတ္သည္။ ဒီႏိုင္ငံမွာ သူတို႔လက္ထပ္ရင္ တရားမဝင္လို႔ ဒီရက္ေတြမွာကေနဒါထိသြားခဲ့ရသည္ေလ။

"အလုပ္သမား မေခၚထားဘူး မိုင္။ တို႔ေတြက ယူၿပီးျဖစ္သြားၿပီဆိုေတာ့ အိမ္တာဝန္ကို မိုင္ပဲ တာဝန္ယူလိုက္ပါ။ အခုသြားစရာရွိေသးလို႔ နည္းနည္းေတာ့ေနာက္က်မယ္ မိုင္။ ထမင္းမျပင္ထားနဲ႔ေတာ့ ဟုတ္ၿပီလား"

"..."

"သြားၿပီ"

ပ်ိဳးက သူေျပာခ်င္တာေတြေျပာၿပီး ထြက္သြားသည္။ မိုင့္ကို ထြက္ေျပးသြားမွာမေၾကာက္တာလားမသိ ဒီအိမ္ႀကီးထဲတစ္ေယာက္တည္းထားခဲ့၏။ ဒါမွမဟုတ္ မိုင့္အားနည္းခ်က္ကို ဆုပ္ကိုင္ထားႏိုင္၍ မိုင္ထြက္မေျပးဘူးဆိုတာသိလို႔မ်ားလား။

မိုင္ နာနာက်င္က်င္ၿပဳံးလိုက္မိသည္။ ဆက္ေတြးေနလွ်င္ နာက်င္ရမည္ကိုသိ၍ အိမ္ထဲပတ္ၾကည့္ဖို႔သာ ဆုံးျဖတ္လိုက္သည္။ အိမ္ကလုံးခ်င္းဆိုေပမဲ့ ထင္ထားသေလာက္မက်ယ္ပဲ။ ၿခံကလည္း က်ဥ္းလွသည္။ ႏွစ္ေယာက္တည္းေနဖို႔ သင့္ေတာ္ၿပီး ေအးေဆးရွိသည္မို႔ ဦးၿဖိဳးဝင္းေက်ာ္အိမ္ထက္ေတာ့ မိုင့္အတြက္ အမ်ားႀကီးေနလို႔ေကာင္းသည့္ခံစားခ်က္ရသည္။

အိမ္ကိုပတ္ၾကည့္ၿပီးေနာက္ဆုံးမွ ပ်ိဳးေျပာသည့္ သူတို႔အိပ္ခန္းထဲ ဝင္လိုက္သည္။ သို႔ေသာ္ ဝင္ဝင္္ခ်င္းစိတ္ပ်က္သြားသည္။ အခန္းထဲမွ ႏွစ္ေယာက္အိပ္ကုတင္က မိုင့္ကိုအေတာ္စိတ္ပ်က္ေစသည္။

"ငါတို႔ထြက္ေျပးမယ္ဆိုတာ သူဘယ္လိုမ်ားသိသြားရတာလဲ...ဟူး"

ပ်ိဳးသာ မမိခဲ့လွ်င္ အခုခ်ိန္ေလာက္ဆို ရွိန္းနဲ႔တူတူေပ်ာ္ေနရေလာက္ၿပီလို႔ မိုင္ေတြးမိသည္။ မိုင္စိတ္ပ်က္ပ်က္နဲ႔ ကုတင္ေပၚလွဲခ်လိုက္ၿပီး မ်က္လုံးေလးမွိတ္လိုက္႐ုံနဲ႔ ပင္ပန္းမႈေၾကာင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားသည္။ သို႔ေသာ္ ည ၈ နာရီေလာက္မွာေတာ့ ဗိုက္ဆာလို႔ ႏိုးလာခဲ့၏။

"ကြၽတ္စ္ ေခါင္းကိုက္လိုက္တာ... ငါေတာ္ေတာ္အိပ္ေပ်ာ္သြားပဲ"

မိုင္ တစ္ခုခု ထစားဖို႔

You are reading the story above: TeenFic.Net