အခန်း {၄}

Background color
Font
Font size
Line height

ဖြန်း...။

"ဒေါ်လေး!"

ပျိုး သူ့ပါးလေးရိုက်ခံလိုက်ရတော့ဒေါသထွက်သွားပေမယ့် သူ့အဒေါ်ဖြစ်နေတာကြောင့် ပျိုး ဒေါသကို ထိန်းလိုက်ရသည်။

"နင် ဘာလို့ ဒီလောက်ရိုင်းဆိုင်းလာတာလဲ ပျိုး! ငါသာအချိန်မှီရောက်မလာရင်!... ဒီကောင်မလေး တစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာသိလား?"

ပျိုး သူ့အမှားကြောင့်ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်သည်။

"နင်လူမှဟုတ်သေးရဲ့လား? လူတစ်ယောက်ကို ဘယ်လိုများ ဒီလောက်တောင်ရက်စက်နိုင်ရတာလဲ "

"ပျိုး နည်းနည်းဒေါသထွက်သွားလို့ ပျိုး မှားတာ ပျိုးဝန်ခံတယ် ရပြီလား..."

ပျိုးလည်း သူ့အဒေါ်ကိုကျော်ပြီး မိုင့်အခန်းထဲကို ဝင်ဖို့လုပ်တော့ ပျိုးအဒေါ်ကဟန့်တားလိုက်သည်။

"နင်မဝင်ရဘူး ပျိုး!... ဒီထက်ပိုပြီးသူ့ကို အနိုင်မကျင့်နဲ့တော့"

"အဲ့ဒါ ပျိုး ကိစ္စပါ"

အဒေါ်တားတာကို ပျိုးလက်မခံပဲ မိုင့်အခန်းတံခါးကိုဖွင့်ခါနီး သူ့အဒေါ်ကထပ်ဆွဲလာသည်။

"ပျိုး! ဆောင်းရိပ်ပျိုး ဒါကသမီးပုံစံမဟုတ်ပါဘူး။ ဘာလို့ဒီကောင်မလေးကို ဒီလောက်အနိုင်ကျင့်နှိပ်စက်နေရတာလဲ"

ပျိုး သူ့အဒေါ်လက်ကိုဖယ်လိုက်ရင်း အခန်းတံခါးကိုဖွင့်လိုက်သည်။ ထို့နောက်မှ အဒေါ်ဖြစ်သူဘက်ကိုပြန်လှည့်လိုက်သည်။

"ဒါက ပျိုးကိစ္စလို့ ပြောပြီးပြီလေ ဒေါ်လေး!"

ထိုသို့သာ ပြောပြီး မိုင့်အခန်းထဲသို့ဝင်ကာ တံခါးပိတ်လိုကသည်။ အပြင်မှာကျန်ခဲ့တဲ့ ပျိုး အဒေါ်ဖြစ်သူကတော့ စိတ်လေးပြီးကျန်ခဲ့မလားမသိပေမဲ့ ပျိုးဂရုမစိုက်ပါ။ ပျိုး ဂရုစိုက်သည်က ကုတင်ပေါ်တွင် အခုထိသတိမလည်သေးသည့် သူမကိုပဲ။

ကုတင်ပေါ်မှာ ဖြူဖတ်ဖြူရော် အိပ်ပျော်နေသည့် ကောင်မလေးကိုကြည့်ရင်း အလိုမကျ။ ပျိုး ကုတင်ပေါ်သို့ တင်ပါးစောင်းထိုင်လိုက်ပြီး မိုင့် နဖူးလေးကို စမ်းကြည့်တော့ မီးသွေးခဲလိုပူကျစ်နေသည်လေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုစိတ်တိုမိသည်။

"တောင်းပန်ပါတယ် မိုင်။ ဒီလောက်ထိ ဖြစ်သွားဖို့ မရယ်ရွယ်ပါဘူး... မမ စိတ်မထိန်းနိုင်ရုံတင်..."

"မေမေ မထားခဲ့ပါနဲ့ မိုင် ကြောက်တယ်။ ဟင့်အင်း မေမေ..."

အိမ်မက်မက်ပြီးဂယောင်ကယမ်းထယောင်နေသည့် မိုင့်ကြောင့် ပျိုး ၏ခပ်တိုးတိုးလေသံလေးဟာပျောက်ရှသွားသည်။

"ဘယ်လိုတောင်အားနည်းတာလဲ မိုင်ရယ်... အိပ်နေရင်းတောင် ငိုရလား"

အိပ်နေရင်းကျလာတဲ့ မိုင် မျက်ရည်လေးတွေကို ပျိုး သုတ်ရင်းပြောလိုက်သည်။ ပျိုးရိုက်ထားတဲ့ မိုင့် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာလေးတွေကိုကြည့်လိုက်မိတော့ ပျိုးပါးပြင်သို့မဖိတ်ခေါ်ပဲ မျက်ရည်တစ်ပေါက်ကြွေကျသွားသည်။

"မမက မကောင်းဆိုးဝါးပဲ။ မကောင်းဆိုးဝါးထက်တောင်ဆိုးတဲ့သူဆိုတာသိပါတယ် မိုင်ရယ်... ဒါပေမဲ့..."

ဒေါက်...ဒေါက်။

"ဝင်ခဲ့"

ပျိုး ကျဆင်းလာသည့်မျက်ရည်စက်လေးကို အမြန်သုတ်လိုက်ပြီးမှ ဝင်ခဲ့ဖို့ပြောလိုက်သည်။

"ဒက်ဒီ ဒီကိုဘယ်လိုလုပ်ပြီး?"

"ပျိုး ဒီအခန်းထဲမှာလို့ ကောင်မလေးတွေပြောလိုက်လို့"

"ဟုတ်... ဘာပြောချင်လို့လဲ?"

"ဒက်ဒီတို့ အပြင်ထွက်ပြောကြမလား?"

မိုင့်ကို တစ်ချက်စောင်းငဲ့ကြည့်ရင်းပြောလာသည့် သူ့ဒက်ဒီကြောင့် ပျိုး ခေါင်းညိတ်လိုက်သည်။

"ဟုတ် ဒက်ဒီ... ပျိုးကို ဧည့်ခန်းထဲမှာပဲ ခဏလေးစောင့်နော်။ ပျိုး လာခဲ့ပါ့မယ်"

ပျိုးအပြောကို သဘောတူစွာနှင့် သူ့ဒက်ဒီက ခေါင်းညိတ်ပြပြီး ထွက်သွားသည်။ ဦးဖြိုးဝင်းကျော်ထွက်သွားမှ ပျိုးလည်း မိုင့်ကို စောင်လေးကိုသေချာပြန်ခြုံပေးပြီးတော့ သူ့ဒက်ဒီဆီရှိရာဧည့်ခန်းထဲကိုသွားလိုက်သည်။ 

"ဒက်ဒီ ရူးသွားပြီလား!!!"

ပျိုးကို တကူးတကလာခေါ်ပြီးပြောတဲ့ သူ့ဒက်ဒီစကားတွေဟာ လုံးဝလက်ခံနိုင်စရာမရှိချေ။

"ပျိုး!! ငါက နင့်အဖေနော်။ နင့်သူငယ်ချင်းမဟုတ်ဘူး ရိုရိုသေသေပြောစမ်း"

"ဒက်ဒီဘယ်လိုစဉ်းစားလိုက်တာလဲ။ ဒက်ဒီပြောတဲ့သူက ဒက်ဒီတို့နဲ့ ရွယ်တူတန်းလေ... အသက်မပြည့်သေးတဲ့ကလေးကို အသက် ၄၀ ကျော်အဖိုးကြီးနဲ့ ဒက်ဒီဘယ်လိုလုပ် လက်ထပ်ပေးဖို့ စဉ်းစားရဲတာလဲ!!"

ပျိုးဒေါသတို့ အထိန်းကွပ်မဲ့ကုန်ပြီ။ ဘယ်လိုလုပ် အဲ့လောက်ထိလုပ်ရတာလဲ။

"သူနဲ့ လက်ထပ်ရမှာ ပျိုးနဲ့လက်ထပ်ရမှာမဟုတ်ဘူးနော်"

"သိပါတယ်... မိုင်ဖြစ်နေလို့ကိုပိုပြီးသဘောမတူတာ!! မိုင့်ကို ပျိုးပိုင်တာ။ ဒက်ဒီတို့ စီးပွားရေးအတွက် လဲလှယ်ဖို့မဟုတ်ဘူး!"

"ဆောင်းရိပ်ပျိုး ကိုယ့်အဖေကိုအော်မပြောနဲ့စမ်း! ငါကနင့်အဖေ!... သူ့ကိုဒီလောက်ထိ ကျွေးမွေးလာပြီးရင် တော်ပြီပေါ့"

ပျိုး လက်နှစ်ဖက်ကိုကျစ်နေအောင်ဆုပ်ထားမိသည်။ အဲ့ဒါနဲ့ပဲ အဖိုးကြီးတစ်ယောက်လက်ထဲကို မိုင့်ကိုထည့်လိုက်ရမယ်ပေါ့။ သမီးချင်းကိုယ်ချင်းမစာလိုက်တဲ့ သူ့အဖေကြောင်းကို ပျိုးသိတာကြာပါပြီ။

"ဒက်ဒီ ဒါပေမဲ့!..."

"ပျိုး ထပ်ပြီးတောင်းဆိုဖို့မစဥ်းစားပါနဲ့။ အဲ့ကလေးကို တစ်ခါ အလျော့ပေးပြီးပြီ။ အဲ့ဒါလည်း သမီးကြောင့်နော် ပျိုး!... ခံစားချက်တွေမရှိသလို ဒက်ဒီရှေ့မှာ နှိပ်စက်ပြနေပေမဲ့ အဲ့ကောင်မလေးကို ပျိုး သံယောဇဥ်ရှိနေတာထက်ပိုတာ ဒက်ဒီသိတယ်! "

"ဟင့်အင်း ပျိုးမှာ ဘာခံစားချက်မှမရှိဘူး ဒက်ဒီ။ သူ့ကို ဒီတိုင်းကစားချင်နေရုံတင်ပါ"

ချက်ချင်းပြန်ဖြေလိုက်သည့် ပျိုးစကားကြောင့် ပျိုးဒက်ဒီဟာ မျက်ခုံးတစ်ဖက်ပင့်သွားသည်။

"အေး ကစားနေတာဆိုလည်းကစားတာတွေ ရပ်သင့်ပြီ။ ပျိုးက ကလေးမဟုတ်တော့ဘူးလေ အသက်အရွယ်ရလာပြီ။ ပြီးတော့ ဒါက ဒက်ဒီတောင်းဆိုနေတာမဟုတ်ဘူးနော်... ဒက်ဒီက ပျိုး သိသင့်တယ်ထင်လို့ လာပြောတာ။ ဒီတစ်လအတွင်း ဦးထင်ညိုနဲ့ လက်ထပ်ရမယ်"

ပျိုးကို စူးစိုက်ကြည့်ပြီးပြောနေသည့် ဒက်ဒီ့မျက်လုံးတွေဟာ တကယ်လုပ်မည့်ပုံ။ ဟုတ်သားလေ ဘယ်တုန်းကများ ဒက်ဒီဟာ ပြောရင်ပြောတဲ့အတိုင်းမလုပ်လို့လဲ။

"သူသဘောမတူရင်ရော..."

"သူ့မှာ ငြင်းပိုင်ခွင့်မရှိဘူး... အဲ့အတွက်ဒက်ဒီ မှာ နည်းတွေ အများကြီးရှိတယ်။ ဒါနဲ့ ပျိုးကို သတိပေးစရာရှိတာက ဒက်ဒီ သူ့ကိုတရားဝင်မွေးစားဖို့အရင်လုပ်ပြီးမှ Company ချင်းပူးပေါင်းဖို့လက်ထပ်ပွဲအတွက်စီစဉ်မှာ။ အဲ့တော့ ကလေးမကို ဒဏ်ရာတွေ ထပ်မဖြစ်စေနဲ့ သူအခုချိန်မှာ အထိခိုက်ခံလို့မရဘူး"

"..."

"ဒက်ဒီ သွားစရာရှိလို့ သွားတော့မယ်။ ဒီနေ့  ဒက်ဒီ ပြန်မလာဘူး ပျိုး"

သူ့ဒက်ဒီသွားတာတောင် ပျိုး အဲ့နေရာမှာပဲ မလှုပ်မရှားရပ်နေမိသည်။

"မိုင့်မှာလဲ အန္တရယ်တွေများလိုက်တာနော်။ ဆောရီးပါ မိုင်ရယ် မမတော့ ဒီထက်ပိုပြီး တစ်ဇွတ်ထိုးလုပ်ရတော့မယ်ထင်တယ်"

...

တစ်ပတ်ကြာသွားပေမဲ့ မိုင် ကျောင်းကိုတစ်ရက်မှရောက်မလာတာကြောင့် ရှိန်း မနေနိုင်မထိုင်နိုင်ဖြစ်ရပြီ။ ဘယ်လိုမှ တင်းခံထားလို့မရနိုင်သည့်အဆင့်ထိ ဖြစ်နေပြီ။

"မိုင် ဘာလို့ဘာလို့ ကျောင်းမလာသေးတာလဲ ရှိန်း စိတ်ပူလာပြီကွာ... အဲ့တုန်းက တစ်ချက်လေးအငိုက်မိသွားတာကွာ ကျေးဇူးပြုပြီး မိုင် ဖုန်းကိုင်ပါနော်"

ရှိန်း ဖုန်းဆက်ရင်ဖုန်းမကိုင်မှာစိုးလို့ တစ်ယောက်တည်း စိုးရိမ်၍ပြောနေမိခြင်းဖြစ်သည်။

"Hello ရှိန်း"

တစ်ဖက်မှဖုန်းကိုင်လိုက်သည့် အသံလေးမှာ ငိုသံလေးပါဝင်နေသဖြင့် ရှိန်း ရင်ထဲပူလောင်သွားသည်။

"ဘာလို့လဲ မိုင် ဘာဖြစ်လို့လဲ!... ကိုယ်အခု လာခဲ့ရမလား"

"မိုင် သူ့ကိုကြောက်တယ်။ မိုင် သူ့ကို အရမ်းကြောက်တယ် ရှိန်း"

"မိုင် အခု အိမ်မှာမလား ကိုယ် လာခဲ့မယ်"

"ဟင့်အင်း ရှိန်း မလာနဲ့..."

"မိုင်... မိုင် အခုလို ပုံစံကြီးနဲ့ ရှိန်း ဘယ်လိုလုပ်စိတ်ချမှာလဲ"

"ရှိန်း"

"ပြော မိုင် တစ်ခုခုလိုအပ်တာရှိလား ရှိန်း ဝယ်လာပေး..."

"မိုင့် ကိုခိုးပြေးပေးပါလား"

"ဟမ်!"

မိုင် ဆီမှ ဒီလိုစကားမျိုးထွက်လာမယ်လို့ ရှိန်း မထင်ခဲ့ရိုးအမှန်ပါ။

"မိုင် ကိုချစ်ရင် ရှိန်း ခိုးပြေးပေးပါလားဟင်။ မိုင် ဒီနေရာမှာ မနေရဲတော့ဘူး"

မိုင့်အသံအတိမ်အနက်လေးက သိပ်ကိုကြောက်ရွံ့နေမှန်းသိသာလှသည်။

"မိုင် တကယ်လိုက်ချင်ရင် ရှိန်း လာခိုးမှာပေါ့ မိုင်ရဲ့။ မကြောက်နဲ့နော် မနက်ဖြန် မိုင်တို့ အိမ်နားက ပန်းခြံမှာ စောင့်နေမယ်... မိုင်လိုအပ်တာတွေ တစ်ခုမကျန်ယူလာခဲ့ဖို့မမေ့နဲ့"

"ချစ်တယ် ရှိန်း... ရှိန်းကို အရမ်းချစ်တယ်။ အခုတော့ ဒါပဲနော် ခိုးပြောနေတာမို့"

"ရှိန်းလည်း မိုင့်ကို သိပ်ချစ်တာပေါ့ကွာ။ မနက်ဖြန် ညလယ်လောက်စောင့်နေမယ်။ အဲ့ချိန်လူတွေအိပ်နေလောက်ပြီ"

"ဟုတ် ဒါပဲနော်"

ဖုန်းချပြီးတော့မှ မိုင် စိတ်ထဲပေါ့သွားတယ်။ မိုင်တို့က အသက်မပြည့်သေးပေမဲ့ မနက်ဖြန်တော့ မိုင် ဒီကထွက်သွားမည်။ ဘာတွေပဲ ဖြစ်လာဖြစ်လာပေါ့။

...

ရှိန်း ပြောသည့်အတိုင်း လိုအပ်တာတွေကို မနေ့ကတည်းက အပြည့်စုံထည့်ပြီးခဲ့ပြီ။ အချိန်အရ ၂ ခွဲကျော်ပြီမို့ တိတ်ဆိတ်နေတဲ့ အိမ်ကြီးက ထွက်ပြေးဖို့ အသာယာလေးသွားနေရသည်။ ရင်တွေခုန်နေသလို မိသွားမည်ကိုကြောက်လွန်းလို့လည်း တုန်နေမိသည်။ အိမ်တံခါးဝထိ လွတ်လွတ်ကျွတ်ကျွတ်ထွက်လာပြီးမှ သက်ပြင်းချနိုင်ကာ လွတ်မြောက်မှုကို ခံစားရသလိုပင်။

"အိုး ဒီချိန်ကြီး ဘယ်ကိုသွားမလို့ပါလဲ သိင်္ခ...လွန်း...မိုင်!"

မိုင် ခြံပြင်မရောက်ခင်ထိ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ခဲ့ပေမဲ့ ခြံအပြင်မှာလက်ပိုက်ပြီးရပ်စောင့်နေတဲ့ သူမက မိုင့်နာမည်ကို အသံရှည်စွဲကာ ခေါ်ရင်းမေးလာသည်။ သူက အိမ်ကနေပဲထွက်နိုင်သေးတာကို ပျော်နေခဲ့တာ။ အခုတော့ ဝါးစားတော့မတက် စိုက်ကြည့်ရင်းပြောလာသည့် ပျိုးကြောင့် ငိုချင်လာသည်။

"မ...မမ"

"မေးနေတယ်လေ ဘယ်သွားမလို့လဲလို့!... ဒီလိုချိန်ကြီး"

"ဟို...အဲ့ဒါက...ဟိုလေ..."

"ဪ... ပြောလိုက်စမ်းပါ မိုင်ရယ်။ မိုင့်ရည်းစားနဲ့ ခိုးရာလိုက်ပြေးမလို့ပါ မမဆိုပြီးလေ!... ပြောလိုက်စမ်းပါ မိုင် ဟမ်!"

"မမ ဘယ်လိုလုပ်ပြီး... အာ့!"

ဘုတ်...။

ဆောင့်တွန်းခံလိုက်ရတာကြောင့် မိုင် ခြံနံရံနဲ့တိုက်မိသွားသည်။ အရင်ဒဏ်ရာတွေလဲ အရှင်းမပျောက်သေးတာကြောင့်နာသွားပြီး အော်ညည်းမိသည်။ တစ်ချိန်ထဲမှာပဲ မိုင့်လက်ထဲက အိတ်ကလေးလည်းမြေပေါ်သို့ကျသွားသည်။ ပျိုးကတော့ မိုင့်မျက်နှာကို လက်တစ်ဖက်နဲ့ ဖျစ်ထားလိုက်၏။

"ငါ့ဆီကထွက်ပြေးဖို့ မကြိုးစားနဲ့ မိုင်!... ငါ့ဆီက မင်းဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး အဲ့ဒါသိထားပါ!"

အခုလိုချိန်မျိုးမှာ ထိုစကားတွေသည် မိုင့်ရဲ့ သည်းခံနိုင်စွမ်းကိုကုန်သွားစေခဲ့ပြီ။

"မလွတ်မြောက်နိုင်တာမဟုတ်ပါဘူး မရုန်းထွက်သေးတာပါ မမ"

မိုင် အမြဲသီးခံခဲ့ပေမဲ့ ဒီတစ်ခါတော့ ပြန်ပြောခဲ့မိတယ်။ တစ်ဆက်တည်း မိုင် သူ့ပါးပေါ်က ပျိုးလက်ကို ပုတ်ထုတ်လိုက်သည်။

"အဟက်... နင်တော်တော်သတ္တိတွေရှိနေပါလား။ ဟိုမိန်းမနဲ့ထွက်ပြေးဖို့တော့ ပြန်ခံပြောရဲတယ်ပေါ့"

"အဲ့တော့ဘာဖြစ်လဲ... မမက အခု မိုင့်ကို တားချင်လို့လား။ ဒါဆိုမိုင့်ကိုတားလို့ မရတော့ဘူးဆိုတာ မမ သိပါတယ်"

မိုင် ပြောတာမှန်ပါသည်။ မိုင်က ဒီအိမ်နဲ့ ဘာမှမဆိုင်တဲ့သူတစ်ယောက်မလား။ မိုင့်အမေနဲ့ ပျိုးဒက်ဒီကတရားဝင်ယူထားခြင်းမရှိဘူးလေ။ ဒီတိုင်း မိုင့်ကိုကျွေးမွေးထားရုံတင်။ အဲ့တော့ မိုင်ထွက်သွားလည်း ဘယ်သူမှတားခွင့်မရှိဘူး။ ပျိုး အဖေကိုယ်တိုင်ရောပေါ့။

"တော်တော်တက်လာတာပဲ မိုင်။ မင်းကို အထင်းသေးမိတာ မှားပြီထင်တယ်။ သိင်္ခလွန်းမိုင်ကို ငတုံးလေးလို့ပဲထင်နေခဲ့တာ"

မိုင်လည်း ပျိုးစကားကြောင့် သူ့အိတ်ကိုပြန်ကောက်ပြီး တစ်ချက်မဲ့ပြုံးပြုံးလိုက်သည်။ အခုတော့ သူဒီဝဋ်တွေကျွတ်တော့မယ် ထင်ပါရဲ့။ မိုင် ဘဝဆက်တိုင်း သူတို့နဲ့ရေစက်ကုန်ချင်ပါသည်။ အထူးသဖြင့် ဆောင်းရိပ်ပျိုးနဲ့ပေါ့။

"နှုတ်ဆက်ခဲ့ပါတယ် မမ"

"အဟွင်း"

မိုင်ထွက်သွားတာနဲ့ ခနဲ့သည့်ရယ်သံတစ်ခုထွက်ပေါ်လာတာကြောင့် မိုင့်ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ထိုရယ်သံက မိုင်ကြားရုံလောက်ဆိုသော်လည်း ကြက်သီးထဖွယ်အတိ။ အောင်နိုင်သူရယ်သံလိုပင်။

"ဒါပေမဲ့ မိုင်ရယ် မင်းက ငယ်ပါသေးတယ် အဟက်...အခု ဒီကနေထွက်သွားရင်တောင် မိုင်ချစ်ရတဲ့လူကအဲ့နေရာမှာရှိတော့မှာ မဟုတ်ဘူး"

ပျိုးစကားကြောင့် မိုင်သည် ပျိုးဘက်ကို ဆက်ခနဲလှည့်ကြည့်လာသည်။

"ရှိန်းကို တစ်ခုခု?"

"Bingo! ဒါမျိုးကျတော်လိုက်တာမိုင်က ချက်ချင်းခန့်မှန်းမိတယ် "

"မမ!!"

"ပြန်မအော်နဲ့စမ်း "

"အစ်..."

မိုင် လည်ပင်းကို ပျိုးလက်နှစ်ဖက်နဲ့ တင်းကျပ်စွာ ညစ်ခံရတာကြောင့် မိုင် အသက်ရှူကျပ်လာသည်။

"မ...မိုင် အသက်ရှုလို့ မရ ...အဟွတ်..ဟွတ် ဟွတ်"

ဘယ်လောက်မှပင်မကြာသေးပဲ ချက်ချင်းရဲတက်လာတဲ့ မိုင်မျက်နှာကြောင့် ပျိုး လွှတ်ပေးလိုက်သည်။

"အချိန်တွေ ကုန်တယ် အထဲ ပြန်ဝင်တော့"

"အဟွတ်.. ရှိန်းကို မမဘာလုပ်လိုက်တာလဲ?"

"ရှိန်း ...ရှိန်း နဲ့ နင်တော်တော်ဖြစ်နေတာပဲ"

"ရှိန်းဘယ်မှာလဲ ရှိန်းကို ဘာလုပ်ထားတာလဲ?"

"အဲ့မိန်းမကိုဖမ်းဖို့ လူတော်တော်များများသုံးလိုက်ရတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ နည်းနည်းလေး ရိုက်နှက်ဆုံးမရုံပါ မသတ်ပါဘူး။ အွန်း လုံးဝမသတ်ဘူးလို့ မဆိုလိုဘူးနော်"

"ဟင့်အင်း မဖြစ်ဘူး။ မမ ကျေးဇူးပြုပြီး သူ့ကို လွှတ်..."

"ဖြစ်ပါတယ်... သူကိုသတ်လိုက်လည်း ဘာပြဿနာမှတော့မရှိလောက်ဘူးလေ။ ဒက်ဒီရှင်းပေးလိမ့်မယ်... ဒါပေမဲ့ စိတ်မပါနဲ့ မိုင်ရယ်... သူ့ကို မမက မသတ်ပါဘူး။ မိုင်သာ တစ်ခုလက်ခံရင်ပေါ့။ မိုင်လက်ခံတာနဲ့ မသတ်တဲ့အပြင်လွှတ်ပါပေးမယ်... မိုင်က သူ့ကိုလွှတ်ပေးတာကိုလိုချင်တာမလား"

ပျိုးသည် သူ့ဆံနွယ်လေးတွေကို နားကြားသို့သပ်ပေးရင်းပြောလာသည်။ အသက်ရလာလေ မိုင့်ထက်ပိုသေးလာသည့် မမကို ပျိုးဆောင့်တွန်းလိုက်ချင်သော်လည်း မမ ရိုက်သွင်းထားတဲ့ ပျိုးရဲ့အကြောက်တရားကြောင့် ပျိုးမလုပ်နိုင်ပါ။

"ဘာကိုလက်ခံရမှာလဲ မမ ဘေးကနေ မိုင့်ကို ထွက်မပြေးခိုင်းတာလား။ တစ်သက်သက်လုံး အတူတူ ရှိနေချင်တာလား!... ဟုတ်ပြီ အကုန်ဖြစ်စေရမှာမို့ ရှိန်း ကို လွှတ်ပေးပါ"

မိုင် မျက်ရည်လေးတွေဝဲကာပြောလိုက်တော့ ပျိုး အကြည့်တွေဟာ တင်းမာသွားသည်။ မိုင်က တခြားသူတစ်ယောက်အတွက်မျက်ရည်ကျတယ်တဲ့လေ။ ရင်ထဲနေလို့မကောင်းလိုက်တာ။

"လွယ်လိုက်တာ... သေချာလား မိုင် အကုန်ဖြစ်စေရမယ်ဆိုတာ။ ငါပြောမယ့်ဟာက နင်အခုပြောတဲ့ဟာတွေတစ်ခုမှမဟုတ်ရင်တောင်လား?"

မိုင် ခဏတာ တွေဝေသွားမိသည်။ သို့သော် မိုင် လက်ခံရုံမှတစ်ပါး ဘာမှမစွမ်းနိုင်တဲ့သူ့အခြေနေကိုသူသိသည်လေ။ ပျိုးကလည်း ဒီထက်ပိုပြီးသူ့ကိုဘာများထပ်တောင်းဆိုနိုင်မှာလဲ။

"မမ ဘာပြောပြောလက်ခံမှာပါ။ မမသာ ရှိန်း ကိုလွှတ်ပေးပါ"

မိုင့်ဘဝမှာ သူ့ကိုလူလိုဆက်ဆံတာရှိန်းပဲရှိသည်။ မိုင့်ကိုချစ်ပေးတဲ့သူကလည်း ရှိန်းပဲရှိသည်။ ထို့ကြောင့် ရှိန်းကို မိုင် မဆုံးရှုံးချင်ပါ။ နောက်ဆုံးတစ်ခုက ရှိန်းကို မိုင် တကယ်ချစ်မိသွားလို့လဲ ပါလိမ့်မည်။ မိုင့် အတွက် ရှိန်းတစ်ခုခုဖြစ်လို့မရဘူး။ ရှိန်းသာ တစ်ခုခုဖြစ်သွားရင် သူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။

"အဲ့ဒါဆို ငါနဲ့လက်ထပ်ပေး မိုင်... အဲ့ဒါပြီးတာနဲ့ ရှိန်း ကိုလွှတ်ပေးမယ်... ငြင်းချင်ငြင်းလို့ရတယ်နော် မိုင်!... ဒါပေမဲ့ ငြင်းလိုက်ရင်တော့ ငြင်းလိုက်တဲ့ရလဒ်ကို မိုင်ခံစားရလိမ့်မယ်"

ပျိုး စကားကြောင့် မိုင် ဘာမှမပြောနိုင်လောက်တဲ့ထိ ဆွံ့အသွားရသည်။ မိုင်အခုဘာကြားလိုက်တာလဲ။ လက်ထပ်ဖို့ ပျိုးက ပြောနေတာလား။

"လက်ထပ်ရမယ်?..."

မိုင်ပြောတာကို ပြန်မပြောပဲစိုက်ကြည့်နေသည့် ပျိုးဟာ ရူးများသွားသည်လား။ လက်ထပ်ဖို့တဲ့လေ။ မိုင်က အသက်တောင်မပြည့်သေးပဲ၊ ပြီးတော့ မိန်းကလေးချင်းတဲ့။ မိုင်ချစ်မိတဲ့သူဟာ မိန်းမတစ်ယောက်ဖြစ်နေ၍များ နှိပ်စက်နည်းတစ်မျိုးပြောင်းလိုက်တာလား။ မိုင် ကြောက်ရွံ့စိတ်တွေအဆုံးမရှိတိုးလာတော့သည်။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

2.9 k words

Thanks For Reading 📖

...

Zawgyi....

ျဖန္း...။

"ေဒၚေလး!"

ပ်ိဳး သူ႔ပါးေလး႐ိုက္ခံလိုက္ရေတာ့ေဒါသထြက္သြားေပမယ့္ သူ႔အေဒၚျဖစ္ေနတာေၾကာင့္ ပ်ိဳး ေဒါသကို ထိန္းလိုက္ရသည္။

"နင္ ဘာလို႔ ဒီေလာက္႐ိုင္းဆိုင္းလာတာလဲ ပ်ိဳး! ငါသာအခ်ိန္မွီေရာက္မလာရင္!... ဒီေကာင္မေလး တစ္ခုခုျဖစ္သြားႏိုင္တယ္ဆိုတာသိလား?"

ပ်ိဳး သူ႔အမွားေၾကာင့္ဘာမွျပန္မေျပာပဲ ၿငိမ္ေနလိုက္သည္။

"နင္လူမွဟုတ္ေသးရဲ႕လား? လူတစ္ေယာက္ကို ဘယ္လိုမ်ား ဒီေလာက္ေတာင္ရက္စက္ႏိုင္ရတာလဲ "

"ပ်ိဳး နည္းနည္းေဒါသထြက္သြားလို႔ ပ်ိဳး မွားတာ ပ်ိဳးဝန္ခံတယ္ ရၿပီလား..."

ပ်ိဳးလည္း သူ႔အေဒၚကိုေက်ာ္ၿပီး မိုင့္အခန္းထဲကို ဝင္ဖို႔လုပ္ေတာ့ ပ်ိဳးအေဒၚကဟန႔္တားလိုက္သည္။

"နင္မဝင္ရဘူး ပ်ိဳး!... ဒီထက္ပိုၿပီးသူ႔ကို အႏိုင္မက်င့္နဲ႔ေတာ့"

"အဲ့ဒါ ပ်ိဳး ကိစၥပါ"

အေဒၚတားတာကို ပ်ိဳးလက္မခံပဲ မိုင့္အခန္းတံခါးကိုဖြင့္ခါနီး သူ႔အေဒၚကထပ္ဆြဲလာသည္။

"ပ်ိဳး! ေဆာင္းရိပ္ပ်ိဳး ဒါကသမီးပုံစံမဟုတ္ပါဘူး။ ဘာလို႔ဒီေကာင္မေလးကို ဒီေလာက္အႏိုင္က်င့္ႏွိပ္စက္ေနရတာလဲ"

ပ်ိဳး သူ႔အေဒၚလက္ကိုဖယ္လိုက္ရင္း အခန္းတံခါးကိုဖြင့္လိုက္သည္။ ထို႔ေနာက္မွ အေဒၚျဖစ္သူဘက္ကိုျပန္လွည့္လိုက္သည္။

"ဒါက ပ်ိဳးကိစၥလို႔ ေျပာၿပီးၿပီေလ ေဒၚေလး!"

ထိုသို႔သာ ေျပာၿပီး မိုင့္အခန္းထဲသို႔ဝင္ကာ တံခါးပိတ္လိုကသည္။ အျပင္မွာက်န္ခဲ့တဲ့ ပ်ိဳး အေဒၚျဖစ္သူကေတာ့ စိတ္ေလးၿပီးက်န္ခဲ့မလားမသိေပမဲ့ ပ်ိဳးဂ႐ုမစိုက္ပါ။ ပ်ိဳး ဂ႐ုစိုက္သည္က ကုတင္ေပၚတြင္ အခုထိသတိမလည္ေသးသည့္ သူမကိုပဲ။

ကုတင္ေပၚမွာ ျဖဴဖတ္ျဖဴေရာ္ အိပ္ေပ်ာ္ေနသည့္ ေကာင္မေလးကိုၾကည့္ရင္း အလိုမက်။ ပ်ိဳး ကုတင္ေပၚသို႔ တင္ပါးေစာင္းထိုင္လိုက္ၿပီး မိုင့္ နဖူးေလးကို စမ္းၾကည့္ေတာ့ မီးေသြးခဲလိုပူက်စ္ေနသည္ေလ။ ထို႔ေၾကာင့္ ကိုယ့္ကိုယ္ကိုစိတ္တိုမိသည္။

"ေတာင္းပန္ပါတယ္ မိုင္။ ဒီေလာက္ထိ ျဖစ္သြားဖို႔ မရယ္႐ြယ္ပါဘူး... မမ စိတ္မထိန္းႏိုင္႐ုံတင္..."

"ေမေမ မထားခဲ့ပါနဲ႔ မိုင္ ေၾကာက္တယ္။ ဟင့္အင္း ေမေမ..."

အိမ္မက္မက္ၿပီးဂေယာင္ကယမ္းထေယာင္ေနသည့္ မိုင့္ေၾကာင့္ ပ်ိဳး ၏ခပ္တိုးတိုးေလသံေလးဟာေပ်ာက္ရွသြားသည္။

"ဘယ္လိုေတာင္အားနည္းတာလဲ မိုင္ရယ္... အိပ္ေနရင္းေတာင္ ငိုရလား"

အိပ္ေနရင္းက်လာတဲ့ မိုင္ မ်က္ရည္ေလးေတြကို ပ်ိဳး သုတ္ရင္းေျပာလိုက္သည္။ ပ်ိဳး႐ိုက္ထားတဲ့ မိုင့္ ခႏၶာကိုယ္ေပၚက ဒဏ္ရာေလးေတြကိုၾကည့္လိုက္မိေတာ့ ပ်ိဳးပါးျပင္သို႔မဖိတ္ေခၚပဲ မ်က္ရည္တစ္ေပါက္ေႂကြက်သြားသည္။

"မမက မေကာင္းဆိုးဝါးပဲ။ မေကာင္းဆိုးဝါးထက္ေတာင္ဆိုးတဲ့သူဆိုတာသိပါတယ္ မိုင္ရယ္... ဒါေပမဲ့..."

ေဒါက္...ေဒါက္။

"ဝင္ခဲ့"

ပ်ိဳး က်ဆင္းလာသည့္မ်က္ရည္စက္ေလးကို အျမန္သုတ္လိုက္ၿပီးမွ ဝင္ခဲ့ဖို႔ေျပာလိုက္သည္။

"ဒက္ဒီ ဒီကိုဘယ္လိုလုပ္ၿပီး?"

"ပ်ိဳး ဒီအခန္းထဲမွာလို႔ ေကာင္မေလးေတြေျပာလိုက္လို႔"

"ဟုတ္... ဘာေျပာခ်င္လို႔လဲ?"

"ဒက္ဒီတို႔ အျပင္ထြက္ေျပာၾကမလား?"

မိုင့္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ရင္းေျပာလာသည့္ သူ႔ဒက္ဒီေၾကာင့္ ပ်ိဳး ေခါင္းညိတ္လိုက္သည္။

"ဟုတ္ ဒက္ဒီ... ပ်ိဳးကို ဧည့္ခန္းထဲမွာပဲ ခဏေလးေစာင့္ေနာ္။ ပ်ိဳး လာခဲ့ပါ့မယ္"

ပ်ိဳးအေျပာကို သေဘာတူစြာႏွင့္ သူ႔ဒက္ဒီက ေခါင္းညိတ္ျပၿပီး ထြက္သြားသည္။ ဦးၿဖိဳးဝင္းေက်ာ္ထြက္သြားမွ ပ်ိဳးလည္း မိုင့္ကို ေစာင္ေလးကိုေသခ်ာျပန္ၿခဳံေပးၿပီးေတာ့ သူ႔ဒက္ဒီဆီရွိရာဧည့္ခန္းထဲကိုသြားလိုက္သည္။ 

"ဒက္ဒီ ႐ူးသြားၿပီလား!!!"

ပ်ိဳးကို တကူးတကလာေခၚၿပီးေျပာတဲ့ သူ႔ဒက္ဒီစကားေတြဟာ လုံးဝလက္ခံႏိုင္စရာမရွိေခ်။

"ပ်ိဳး!! ငါက နင့္အေဖေနာ္။ နင့္သူငယ္ခ်င္းမဟုတ္ဘူး ႐ို႐ိုေသေသေျပာစမ္း"

"ဒက္ဒီဘယ္လိုစဥ္းစားလိုက္တာလဲ။ ဒက္ဒီေျပာတဲ့သူက ဒက္ဒီတို႔နဲ႔ ႐ြယ္တူတန္းေလ... အသက္မျပည့္ေသးတဲ့ကေလးကို အသက္ ၄၀ ေက်ာ္အဖိုးႀကီးနဲ႔ ဒက္ဒီဘယ္လိုလုပ္ လက္ထပ္ေပးဖို႔ စဥ္းစားရဲတာလဲ!!"

ပ်ိဳးေဒါသတို႔ အထိန္းကြပ္မဲ့ကုန္ၿပီ။ ဘယ္လိုလုပ္ အဲ့ေလာက္ထိလုပ္ရတာလဲ။

"သူနဲ႔ လက္ထပ္ရမွာ ပ်ိဳးနဲ႔လက္ထပ္ရမွာမဟုတ္ဘူးေနာ္"

"သိပါတယ္... မိုင္ျဖစ္ေနလို႔ကိုပိုၿပီးသေဘာမတူတာ!! မိုင့္ကို ပ်ိဳးပိုင္တာ။ ဒက္ဒီတို႔ စီးပြားေရးအတြက္ လဲလွယ္ဖို႔မဟုတ္ဘူး!"

"ေဆာင္းရိပ္ပ်ိဳး ကိုယ့္အေဖကိုေအာ္မေျပာနဲ႔စမ္း! ငါကနင့္အေဖ!... သူ႔ကိုဒီေလာက္ထိ ေကြၽးေမြးလာၿပီးရင္ ေတာ္ၿပီေပါ့"

ပ်ိဳး လက္ႏွစ္ဖက္ကိုက်စ္ေနေအာင္ဆုပ္ထားမိသည္။ အဲ့ဒါနဲ႔ပဲ အဖိုးႀကီးတစ္ေယာက္လက္ထဲကို မိုင့္ကိုထည့္လိုက္ရမယ္ေပါ့။ သမီးခ်င္းကိုယ္ခ်င္းမစာလိုက္တဲ့ သူ႔အေဖေၾကာင္းကို ပ်ိဳးသိတာၾကာပါၿပီ။

"ဒက္ဒီ ဒါေပမဲ့!..."

"ပ်ိဳး ထပ္ၿပီးေတာင္းဆိုဖို႔မစဥ္းစားပါနဲ႔။ အဲ့ကေလးကို တစ္ခါ အေလ်ာ့ေပးၿပီးၿပီ။ အဲ့ဒါလည္း သမီးေၾကာင့္ေနာ္ ပ်ိဳး!... ခံစားခ်က္ေတြမရွိသလို ဒက္ဒီေရွ႕မွာ ႏွိပ္စက္ျပေနေပမဲ့ အဲ့ေကာင္မေလးကို ပ်ိဳး သံေယာဇဥ္ရွိေနတာထက္ပိုတာ ဒက္ဒီသိတယ္! "

"ဟင့္အင္း ပ်ိဳးမွာ ဘာခံစားခ်က္မွမရွိဘူး ဒက္ဒီ။ သူ႔ကို ဒီတိုင္းကစားခ်င္ေန႐ုံတင္ပါ"

ခ်က္ခ်င္းျပန္ေျဖလိုက္သည့္ ပ်ိဳးစကားေၾကာင့္ ပ်ိဳးဒက္ဒီဟာ မ်က္ခုံးတစ္ဖက္ပင့္သြားသည္။

"ေအး ကစားေနတာဆိုလည္းကစားတာေတြ ရပ္သင့္ၿပီ။ ပ်ိဳးက ကေလးမဟုတ္ေတာ့ဘူးေလ အသက္အ႐ြယ္ရလာၿပီ။ ၿပီးေတာ့ ဒါက ဒက္ဒီေတာင္းဆိုေနတာမဟုတ္ဘူးေနာ္... ဒက္ဒီက ပ်ိဳး သိသင့္တယ္ထင္လို႔ လာေျပာတာ။ ဒီတစ္လအတြင္း ဦးထင္ညိဳနဲ႔ လက္ထပ္ရမယ္"

ပ်ိဳးကို စူးစိုက္ၾကည့္ၿပီးေျပာေနသည့္ ဒက္ဒီ့မ်က္လုံးေတြဟာ တကယ္လုပ္မည့္ပုံ။ ဟုတ္သားေလ ဘယ္တုန္းကမ်ား ဒက္ဒီဟာ ေျပာရင္ေျပာတဲ့အတိုင္းမလုပ္လို႔လဲ။

"သူသေဘာမတူရင္ေရာ..."

"သူ႔မွာ ျငင္းပိုင္ခြင့္မရွိဘူး... အဲ့အတြက္ဒက္ဒီ မွာ နည္းေတြ အမ်ားႀကီးရွိတယ္။ ဒါနဲ႔ ပ်ိဳးကို သတိေပးစရာရွိတာက ဒက္ဒီ သူ႔ကိုတရားဝင္ေမြးစားဖို႔အရင္လုပ္ၿပီးမွ Company ခ်င္းပူးေပါင္းဖို႔လက္ထပ္ပြဲအတြက္စီစဥ္မွာ။ အဲ့ေတာ့ ကေလးမကို ဒဏ္ရာေတြ ထပ္မျဖစ္ေစနဲ႔ သူအခုခ်ိန္မွာ အထိခိုက္ခံလို႔မရဘူး"

"..."

"ဒက္ဒီ သြားစရာရွိလို႔ သြားေတာ့မယ္။ ဒီေန႔  ဒက္ဒီ ျပန္မလာဘူး ပ်ိဳး"

သူ႔ဒက္ဒီသြားတာေတာင္ ပ်ိဳး အဲ့ေနရာမွာပဲ မလႈပ္မရွားရပ္ေနမိသည္။

"မိုင့္မွာလဲ အႏၲရယ္ေတြမ်ားလိုက္တာေနာ္။ ေဆာရီးပါ မိုင္ရယ္ မမေတာ့ ဒီထက္ပိုၿပီး တစ္ဇြတ္ထိုးလုပ္ရေတာ့မယ္ထင္တယ္"

...

တစ္ပတ္ၾကာသြားေပမဲ့ မိုင္ ေက်ာင္းကိုတစ္ရက္မွေရာက္မလာတာေၾကာင့္ ရွိန္း မေနႏိုင္မထိုင္ႏိုင္ျဖစ္ရၿပီ။ ဘယ္လိုမွ တင္းခံထားလို႔မရႏိုင္သည့္အဆင့္ထိ ျဖစ္ေနၿပီ။

"မိုင္ ဘာလို႔ဘာလို႔ ေက်ာင္းမလာေသးတာလဲ ရွိန္း စိတ္ပူလာၿပီကြာ... အဲ့တုန္းက တစ္ခ်က္ေလးအငိုက္မိသြားတာကြာ ေက်းဇူးျပဳၿပီး မိုင္ ဖုန္းကိုင္ပါေနာ္"

ရွိန္း ဖုန္းဆက္ရင္ဖုန္းမကိုင္မွာစိုးလို႔ တစ္ေယာက္တည္း စိုးရိမ္၍ေျပာေနမိျခင္းျဖစ္သည္။

"Hello ရွိန္း"

တစ္ဖက္မွဖုန္းကိုင္လိုက္သည့္ အသံေလးမွာ ငိုသံေလးပါဝင္ေနသျဖင့္ ရွိန္း ရင္ထဲပူေလာင္သြားသည္။

"ဘာလို႔လဲ မိုင္ ဘာျဖစ္လို႔လဲ!... ကိုယ္အခု လာခဲ့ရမလား"

"မိုင္ သူ႔ကိုေၾကာက္တယ္။ မိုင္ သူ႔ကို အရမ္းေၾကာက္တယ္ ရွိန္း"

"မိုင္ အခု အိမ္မွာမလား ကိုယ္ လာခဲ့မယ္"

"ဟင့္အင္း ရွိန္း မလာနဲ႔..."

"မိုင္... မိုင္ အခုလို ပုံစံႀကီးနဲ႔ ရွိန္း ဘယ္လိုလုပ္စိတ္ခ်မွာလဲ"

"ရွိန္း"

"ေျပာ မိုင္ တစ္ခုခုလိုအပ္တာရွိလား ရွိန္း ဝယ္လာေပး..."

"မိုင့္ ကိုခိုးေျပးေပးပါလား"

"ဟမ္!"

မိုင္ ဆီမွ ဒီလိုစကားမ်ိဳးထြက္လာမယ္လို႔ ရွိန္း မထင္ခဲ့႐ိုးအမွန္ပါ။

"မိုင္ ကိုခ်စ္ရင္ ရွိန္း ခိုးေျပးေပးပါလားဟင္။ မိုင္ ဒီေနရာမွာ မေနရဲေတာ့ဘူး"

မိုင့္အသံအတိမ္အနက္ေလးက သိပ္ကိုေၾကာက္႐ြံ႕ေနမွန္းသိသာလွသည္။

"မိုင္ တကယ္လိုက္ခ်င္ရင္ ရွိန္း လာခိုးမွာေပါ့ မိုင္ရဲ႕။ မေၾကာက္နဲ႔ေနာ္ မနက္ျဖန္ မိုင္တို႔ အိမ္နားက ပန္းၿခံမွာ ေစာင့္ေနမယ္... မိုင္လိုအပ္တာေတြ တစ္ခုမက်န္ယူလာခဲ့ဖို႔မေမ့နဲ႔"

"ခ်စ္တယ္ ရွိန္း... ရွိန္းကို အရမ္းခ်စ္တယ္။ အခုေတာ့ ဒါပဲေနာ္ ခိုးေျပာေနတာမို႔"

"ရွိန္းလည္း မိုင့္ကို သိပ္ခ်စ္တာေပါ့ကြာ။ မနက္ျဖန္ ညလယ္ေလာက္ေစာင့္ေနမယ္။ အဲ့ခ်ိန္လူေတြအိပ္ေနေလာက္ၿပီ"

"ဟုတ္ ဒါပဲေနာ္"

ဖုန္းခ်ၿပီးေတာ့မွ မိုင္ စိတ္ထဲေပါ့သြားတယ္။ မိုင္တို႔က အသက္မျပည့္ေသးေပမဲ့ မနက္ျဖန္ေတာ့ မိုင္ ဒီကထြက္သြားမည္။ ဘာေတြပဲ ျဖစ္လာျဖစ္လာေပါ့။

...

ရွိန္း ေျပာသည့္အတိုင္း လိုအပ္တာေတြကို မေန႔ကတည္းက အျပည့္စုံထည့္ၿပီးခဲ့ၿပီ။ အခ်ိန္အရ ၂ ခြဲေက်ာ္ၿပီမို႔ တိတ္ဆိတ္ေနတဲ့ အိမ္ႀကီးက ထြက္ေျပးဖို႔ အသာယာေလးသြားေနရသည္။ ရင္ေတြခုန္ေနသလို မိသြားမည္ကိုေၾကာက္လြန္းလို႔လည္း တုန္ေနမိသည္။ အိမ္တံခါးဝထိ လြတ္လြတ္ကြၽတ္ကြၽတ္ထြက္လာၿပီးမွ သက္ျပင္းခ်ႏိုင္ကာ လြတ္ေျမာက္မႈကို ခံစားရသလိုပင္။

"အိုး ဒီခ်ိန္ႀကီး ဘယ္ကိုသြားမလို႔ပါလဲ သိခၤ...လြန္း...မိုင္!"

မိုင္ ၿခံျပင္မေရာက္ခင္ထိ လြတ္လြတ္ကြၽတ္ကြၽတ္ ထြက္သြားႏိုင္ခဲ့ေပမဲ့ ၿခံအျပင္မွာလက္ပိုက္ၿပီးရပ္ေစာင့္ေနတဲ့ သူမက မိုင့္နာမည္ကို အသံရွည္စြဲကာ ေခၚရင္းေမးလာသည္။ သူက အိမ္ကေနပဲထြက္ႏိုင္ေသးတာကို ေပ်ာ္ေနခဲ့တာ။ အခုေတာ့ ဝါးစားေတာ့မတက္ စိုက္ၾကည့္ရင္းေျပာလာသည့္ ပ်ိဳးေၾကာင့္ ငိုခ်င္လာသည္။

"မ...မမ"

"ေမးေနတယ္ေလ ဘယ္သြားမလို႔လဲလို႔!...

You are reading the story above: TeenFic.Net