အခန်း {၃၂}

Background color
Font
Font size
Line height

"မိုင်ရော"

"မမလေးမိုင်က အခန်းထဲကအပြင်သိပ်မထွက်ဘူး။ ဝမ်းနည်းနေသေးလို့ထင်တယ်"

ပျိုး သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ ဒီကလေးပျော်ရွှင်လာအောင် ပျိုး ဘယ်လိုလုပ်ပေးရမလဲ။ ဒီကလေးကို ပျိုး အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရလို့ပျော်ပေမဲ့ ကြာလာတော့ ပျိုးမှာ ဒီကလေးကိုသံယောဇဉ်ရှိလာသည်။ ပျိုးဟာ အပေါင်းသင်းမက်သူမဟုတ်သည့်အပြင် အပေါင်းသင်းက ပျိုးကိုစိတ်ရှုပ်စေသလိုခံစားရ၍ သူငယ်ချင်းမထား။ မိုင်နှင့် ရွယ်တူ သူ့ဒက်ဒီသမီးလေးကိုတော့ ပျိုးခင်ပါသည်။ သူလေးလာလျှင် ပျိုးနဲ့အတူဆော့ဖြစ်သည်။ သို့သော် သူလေးကိုတောင် မိုင့်လောက် မတွယ်တာမိပါ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ ပျိုးဟာ ပျိုးနှင့်မတူလောက်အောင်ကို သူစိမ်းတစ်ယောက်အား တွယ်တာနေမိသည်။

"ဘယ်လိုလုပ်ရင်ကောင်းမလဲ"

"ရှင်"

ပျိုး တစ်ကိုယ်တည်းတီးတိုးပြောရင်း ခြံထဲစဉ်းစားနေသည်ကို ဘေးနားကအိမ်အကူလေးဟာ အူကြောင်ကြောင်လေးပြန်မေးလာသည်။

"ကိုယ့်ဘာသာပြောနေတာ။ သွားတော့ ပျိုးအနားလာမရှုပ်နဲ့"

ပျိုးဟာ ထိုသို့သူပါ။ အားနာတတ်တာ၊ ကြင်နာတတ်တာတွေမရှိသူလေ။ ပျိုးကိုလည်း ဘယ်သူကမှ ကြင်နာကြတာမှမဟုတ်တာ။

"စိတ်ရှုပ်လိုက်တာ"

ပျိုး ကိုယ်တိုင်လည်း ပျိုးမာမီဆုံးတုန်းက ခံစားချက်ကိုနားလည်သည်မို့ ဘယ်လိုနှစ်သိမ့်ရမလဲ အဖြေရှာမရဖြစ်နေသည်။ ဒီအချိန်မှာ မိုင် လိုချင်တာမှန်သမျှ ဖြည့်စည်းပေးပြီး စိတ်ပျော်အောင်ထားလည်း မိုင်ဟာ သူ့အမေကိုပဲလိုချင်နေမှာလေ။ အဲ့တော့ စိတ်ပျော်မှာမဟုတ်။

"ဒီတိုင်းငိုနေတာကို ဖက်ပြီးပဲချော့ပေးရမလား။ ဟုတ်တယ် သူ့မေမေမရှိတော့လည်း ပျိုးရှိတာပဲဟာ"

ပျိုး ကိုယ့်အတွေးနှင့်ကိုယ် သဘောကျစွာပြုံးရင်ထရပ်လိုက်သည်။ ပျိုးသည်အပေါင်းသင်းမရှိတဲ့သူဖြစ်သည့်အတွက် ဒီလိုစဉ်းစားရတာဟာ ပျိုးအတွက်ခက်ခဲလှသည်။ ပျိုး ဘယ်သူ့ကိုမှ မချော့ပေးဖူးဘူးလေ။

"မနက်ဖြန် ကျောင်းသွားတဲ့လမ်းမှာခေါ်သွားခိုင်းလိုက်"

"ဆရာသေချာရဲ့လား။ မိုင်ကလေးက အရမ်းငယ်သေးတော့ ပိုက်ဆံအရမ်းရမှမဟုတ်ဘူး။ နည်းနည်းလောက် မွေးထားပါဦးလား... ကလေးက သူ့အမေနဲ့တူတော့ ကြီးလာရင်..."

ပျိုး အိမ်ထဲဝင်ဖို့လုပ်ရင်း နားစွန်နားဖျားကြားသည်ပါ။ အစက ပျိုးနှင့် မဆိုင်ဘူးဆိုပြီးကျော်သွားဖို့လုပ်လိုက်သော်လည်း မိုင်ဆိုသည့်အသံကြားလိုက်ရ၍ ပျိုးခြေလှမ်းတို့ရပ်သွားသည်။ ဒက်ဒီတို့က ပျိုးကိုမမြင်ပဲ ခြံဝမှာရပ်ပြီးစကားပြောနေကြတာ။

"သူ့အမေနဲ့ တူလာမှာစိုးလို့ကို မျက်စိအောက်မထားတာ!... စျေးကောင်းရမရ စိတ်မဝင်စားဘူး။ ရောင်းစားလို့မရလည်း အလကားပေးလိုက်။ အဲ့ တရုတ်ကောင်တွေ ဘယ်ကျွန်အဖြစ်လုပ်လုပ် ငါနဲ့မဆိုင်ဘူး။ ငါလိုချင်တာ သူ့ဘဝပျက်စီးဖို့ပဲ။ သူအမေ့အပြစ်တွေကို သမီးကခံယူဖို့တာဝန်ရှိတယ်"

ပျိုး ထိုထဲကစကားတွေကို အရမ်းနားမလည်သော်လည်း ရောင်းစားသည်ကိုတော့ ပျိုးသိသည်။ မာမီ အမြဲပြောနေကြလေ။ ဒက်ဒီက ကလေးတွေရော၊ လူကြီးတွေရောရောင်းစားတဲ့လူဆိုးကြီးတဲ့။ ပြီးတော့ အဲ့လုပ်ငန်းအပြင် မကောင်းတာမှန်သမျှလုပ်တယ်တဲ့လေ။ ဒက်ဒီ့ကြောင့် သေသည့်လူတွေအများတဲ့။ ပျိုးကိုလည်းကြာရင်ရောင်းစားလိမ့်မယ်လို့ မေမေဟာပြောသည်။ ထို့ကြောင့် ဒက်ဒီ့ကို မချစ်ဖို့၊ မယုံဖို့အမြဲပြောခဲ့သည်။ အခုတော့ ပျိုးကိုမဟုတ်ပဲ မိုင့်ကိုတဲ့လား။ ပျိုး တုန်လှုပ်မိသွားသည်။ ဒါဆို ရှေ့ဆက် မိုင်ဟာ ဘာတွေဖြစ်လာမည်လဲ။

"ဘာကိုလဲ ဒက်ဒီ!"

"ပျိုးလေး ဘယ်လိုလုပ်ပြီး!"

"မိုင့်ကို ဘယ်ပို့မလို့လဲ ဒက်ဒီ"

"ကျွတ်စ်"

ဦးဖြိုးဝင်းကျော်၏ စိတ်ရှုပ်သွားသည့် လေသံ။ ပျိုး ဂရုမစိုက်ပါ။ ပျိုး ပိုင်ဆိုင်တဲ့သူလေးကိုတော့ ပျိုးဆီက ဆွဲထုတ်ခွင့်မပေးပါ။ အဲ့လိုလုပ်လို့ကတော့ တစ်ကမ္ဘာလုံးနဲ့အတိုက်ခံလုပ်ပစ်မှာ။

"ထပ်ပြီး အဲ့ကလေးအတွက် ဘာတောင်းဆိုဦးမလို့လဲ ဆောင်းရိပ်ပျိုး!... ဒီတစ်ခါတော့ ပျိုးလေး တောင်းဆိုတာ ဒက်ဒီဘာမှမလုပ်ပေးနိုင်ဘူး။ သူ့အမေလည်း ဆုံးပြီ အဲ့တော့ သူ့ကိုအိမ်မှာဆက်တင်မထားနိုင်ဘူး"

"မရဘူး ဒက်ဒီ!!!... သူတို့ကို ဒီအိမ်ကိုမခေါ်လာဖို့ပြောတုန်းက ဒက်ဒီရအောင်ခေါ်လာတယ်။ အခုတော့ကျတော့လည်း မိုင့်ကို ဒီအိမ်ကနှင်နေတယ်။ မရဘူးနော် ဒက်ဒီ!... မိုင်က ပျိုးပိုင်တာ"

ဦးဖြိုးဝင်းကျော် သက်ပြင်းရှည်ချသည်။ ဦးဖြိုးဝင်းကျော်၏ လူယုံတပည့်ဟာလည်း အခြေနေကိုနားလည်စွာထွက်သွားပြီ။

"ပျိုး... ထပ်ပြီး ဒက်ဒီ့ကိုကန့်လန့်မတိုက်စမ်းနဲ့"

"ပျိုး ဘယ်တော့မှ ဒက်ဒီ့ကို ကန့်လန့်မတိုက်ပါဘူး။ ဒက်ဒီကသာ ပျိုးကိုအမြဲစိတ်မချမ်းသာအောင်လုပ်နေတာ။ မေမေ့ကိုလည်း သတ်..."

"ဆောင်းရိပ်ပျိုး!! တော်စမ်းနော်... ထပ်ပြီး ဒက်ဒီ့ဒေါသကိုစွပြန်ပြီလား"

ဦးဖြိုးဝင်းကျော် ဒေါသနှင့် အော်လိုက်တော့ ပျိုးခဏငြိမ်သွားရသည်။

"ပျိုး မာမီက သူ့ဘာသာအရက်အလွန်ကျွံသောက်ပြီးသေတာ ဒက်ဒီသူ့ကိုဘာမှမလုပ်ဘူးလို့ ဘယ်နှခါပြောရမလဲ"

"အဲ့ဒါဘယ်သူ့ကြောင့်လဲ!... ဟမ်!... အဲ့ဒါ ဒက်ဒီ့ကြောက့်မဟုတ်ဘူးလား"

"မဟုတ်ဘူး... သူ့ဘာသာ ထင်ရာစွပ်စွဲပြီး သမုတ်ခဲ့တာ။ ပျိုးလေး ဒါတွေနားလည်တဲ့အရွယ်မဟုတ်သေးပါဘူး။ ပျိုးလေး ကြီးလာရင်..."

"ဟင့်အင်း ပျိုးသိတယ်။ ဖေဖေက အဲ့မိန်းမကိုအရမ်းချစ်တာ မာမီ့ကိုမချစ်ဘူး။ အဲ့ဒါကြောင့် မာမီ သေရတာ... ဒက်ဒီက မာမီ့ကိုသတ်တာ"

ဦးဖြိုးဝင်းကျော် မျက်နှာကိုလက်ဖြင့်ပွတ်သပ်လိုက်သည်။ ဦးဖြိုးဝင်းကျော်သိတာပေါ့ ပျိုးဟာ သူ့ကိုမုန်းနေမှန်း။ အလုပ်နဲ့ပဲ အမြဲလုံးပန်းနေသူမို့ ပျိုးနှင့် ဦးဖြိုးဝင်းကျော်ဟာ အနေမနီးခဲ့ပါ။ ထို့ကြောင့် ပျိုးနှင့် သူ့မာမီနဲ့အနေနီးခဲ့သည်။ ပျိုးဟာ သူ့အမေ၏ အတ္တစကားတွေကြောင့် ဦးဖြိုးဝင်းကျော်ကို မုန်းတီးသည်။ သူဟာ ထိုမိန်းမကိုအချစ်မပါပဲ လက်ထပ််ခဲ့သူလေ။ ထိုမိန်းမ၏ အဖေဟာ ဦးဖြိုးဝင်းကျော်၏ သူဌေးဖြစ်ပြီး ငွေမဲလောကတွင် ဆရာတစ်ဆူပေါ့။ ဦးဖြိုးဝင်းကျော်သည် ထိုလူ၏ ယုံကြည်အားထားရသောသူပေ။

ထိုလူဆုံးပါးခါနီးမှာ ဦးဖြိုးဝင်းကျော်နှင့် သူ့သမီးဖြစ်သူကို လက်ထပ်ပေးခဲ့ကြသည်။ ထိုလူ့သမီးဟာ သိပ်လှသော်လည်း ဦးဖြိုးဝင်းကျော်ဟာ လဲ့ကြည်ဖြူကိုမှလွဲလျှင် မည်သူ့ကိုမှမချစ်ပါ။ သို့သော် ကျေးဇူးတွေကြောင့် လက်ထပ်ထိမ်းများမှု လက်ခံခဲ့သည်။ ထိုအမျိုးသမီးနှင့် ပေါင်းသင်းနေသည့်တစ်လျောက် ဦးဖြိုးဝင်းကျော်သည် မည်သူနှင့်မျှ မဖောက်ပြားခဲ့ပါလေ။ သို့ပေမဲ့ ဦးဖြိုးဝင်းကျော်ကိုချစ်လှသည့် နှင်းရေစက်သည် တွေ့သမျှလူတိုင်းနှင့် သမုတ်လေသည်။ ထို့ကြောင့် ခဏခဏ ရန်ဖြစ်ခဲ့ရသည်မို့ သူတို့အိမ်ထောင်ရေးပါမသာယာခဲ့ပါ။

ထို့ထက်ဆိုးသည်က သူတို့သမီးလေး ဆောင်းရိပ်ပျိုးကို အမြဲ ဦးဖြိုးဝင်းကျော်နှင့် ရန်တိုက်ပေးခဲ့တာပါပဲ။ ဒါတွေကို နှင်းရေစက်ဆုံးပါးသွားမှ ဦးဖြိုးဝင်းကျော်သိခဲ့တာ။ အခုလိုပေါ့။ အခုလိုကလေးတစ်ယောက်ကို မပြောသင့်တဲ့စကားတွေနဲ့ အဖေဖြစ်သူနဲ့သွေးခွဲခဲ့တာ။ ဒါဟာ အမေတစ်ယောက်ရဲ့လုပ်ရက်မဟုတ်ချေ။ ဦးဖြိုးဝင်းကျော်ဟာလည်း ပျိုးအပေါ်မကောင်းတာကိုသူသိပါသည်။

"ဒက်ဒီက လဲ့ကြည်ဖြူကိုချစ်ခဲ့တယ်ဆိုတာဟုတ်တယ်။ ဒါပေမဲ့ ပျိုးမာမီ သက်ရှိ..."

"အဲ့ဒါတွေ ပျိုး ဂရုမစိုက်တော့ဘူး ဒက်ဒီ!... ဒါပေမဲ့ အခု ပျိုးအပိုင်ကိုအဝေးပို့ဖို့ကြိုးစားတာမလုပ်ပါနဲ့။ မဟုတ်ရင် ပျိုးကိုလည်း ဒက်ဒီမတွေ့ရတော့ဘူးမှတ်!"

"ဆောင်ရိပ်ပျိုး! သမီးကို ဒက်ဒီ လူတွေအပေါ်သံယောဇဉ် မထားဖို့မပြောထားဘူးလား။ ပျိုးက ပေးထားတဲ့ကတိကိုမတည်ဘူးပဲ"

ပျိုး နှုတ်ခမ်းလေးကိုကိုက်လိုက်မိသည်။ မိုင်ဟာ သူမေမေကိုတွေ့ချင်တုန်းက ပျိုး ကတိပေးခဲ့ရတာ နှစ်ခုရှိသည်။ ပျိုးဟာ ဦးဖြိုးဝင်းကျော် ဂုဏ်ဆောင်တဲ့သမီးဖြစ်ဖို့ ကျောင်းမှာ အဆင့် ၁ ဖြစ်နေရမယ်တဲ့လေ။ ပျိုးဟာ စာတော်ပေမဲ့ ဒီလောက်ကြိုးစားတဲ့သူမဟုတ်ပါ။ ထို့ကြောင့်အဆင့်ကျသည့် အခါမျိုးရှိသည်။ ဒါကို ဦးဖြိုးဝင်းကျော်က မကြိုက်ပေမဲ့ ပျိုးကို ပြောမနိုင်သည်လေ။ ထို့ကြောင့် ဒီဟာကိုအသုံးချကာပြောလာသည်။

နောက်ထပ်တစ်ခုဟာတော့ ပျိုးကို သန်မာစေချင်တယ်ဟူသော ခေါင်းစဉ်အောက်မှာ မည်သူ့ကိုမှ သံယောဇဉ်မထားခိုင်းသည်။ ဒါကတောပ ပျိုးအတွက် ပထမတစ်ခုထက်လွယ်ခဲ့သည်မဟုတ်လား။ ထို့ကြောင့် နှစ်ခုလုံးကိုသဘောတူခဲ့ပေမဲ့ အခုတော့ မိုင့်ကို ဒီလောက်သံယောဇဉ်ဖြစ်သွားမယ်မထင်ခဲ့။ ပျိုးဟာ မိုင့်ကို ချစ်လွန်းလို့အနားမှာရှိနေစေချင်တာမျိုးတော့မဟုတ်ပါ။ ပျိုးရဲ့ ပျင်းဖို့ကောင်းလှသည့်ဘဝအတွက် မိုင့်ကိုလိုအပ်သည်ပါ။ ဒါကို ပျိုးရဲ့ဒက်ဒီက ဘာလို့နားမလည်ရတာလဲ။

"သိင်္ခလွန်းမိုင်ကိုလည်း ပျိုး သံယောဇဉ်မရှိပါဘူး။ သူက ပျိုး အရုပ်တွေလိုပဲ မလိုအပ်ရင် စွန့်ပစ်ပေးမှာတော့ ဒက်ဒီ! ဒါပေမဲ့ အခုတော့ မဟုတ်ဘူး"

ပျိုးပြောလိုက်တော့ ဦးဖြိုးဝင်းကျော်ဟာ မျက်ခုံးပင့်သည်။ သေချာလားဆိုသည့်အကြည့်မျိုး။

"အဲ့ကလေးကို သံယောဇဉ်မရှိဘူးဆိုတာ ဒက်ဒီ ဘယ်လိုယုံပေးရမလဲ။"

"ပျိုး နှုတ်ကပြောတာကိုမယုံရင် ဒက်ဒီ့ကို ပျိုးက ဘယ်လိုယုံအောင်သက်သေပြရမလဲ"

ပျိုးဟာ ဆယ်နှစ်တောင်မပြည့်သေးပေမဲ့ ရင့်ကျက်လူကြီးဆန်တာ ဦးဖြိုးဝင်းကျော်သိတာပေါ့။ အခုလည်း ပြန်ပြောနေပုံဟာ အရွယ်လေးမှမလိုက် လူကြီးတစ်ယောက်လိုပါပဲ။ အပေးအယူစကားတွေကိုပင်ပြောတတ်နေပြီ။

"ကောင်းပြီလေ ဒါဆို ပျိုးလေးက ဒက်ဒီ့ကို သက်သေပြပေး... ဒက်ဒီက ပျိုးလေး မာမီပစ္စည်းတွေကိုဘာလုပ်ခဲ့လဲမှတ်မိလား"

ပျိုး အနာဟောင်းကိုစွခံလိုက်ရသလို နာကျင်သွားသည်။ ပျိုး အမေဆုံးဆုံးပြီးခြင်း နောက်ရက်မှာ ပျိုးဟာ ဦးဖြိုးဝင်းကျော်ကို မုန်းတီးစွာနှင့် ပျိုးမာမီ ရိုက်သွင်းပေးခဲ့သည့် အမုန်းတရားတွေကိုထုတ်ပြမိသည်။

'မာမီ ဒီလောကမှာမရှိတော့ရင် အဲ့ဒါ သမီးဒက်ဒီသတ်တာ'

'သမီး ဒက်ဒီကို မုန်းစရာပါ။ သူက မာမီ့ကိုမချစ်ဘူး'

ပျိုးကို ငိုပြီး ပျိုးမာမီရင်ဖွင့်ခဲ့သမျှကို ကလေးဖြစ်တဲ့ပျိုးသည်မှတ်ထားရင်း သူ့ဒက်ဒီကိုအကုန်နာကျည်းစွာပြောခဲ့သည်။ ဒက်ဒီဟာ မကောင်းတဲ့သူဖြစ်ကြောင်းနဲ့ မာမီကို သတ်တဲ့လူသတ်သမားဖြစ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့သည်။ ဒါကို ဒက်ဒီကြားပြီးခဏမှာ ဒက်ဒီသည် ဒေါသထွက်ပြီး ပျိုး အိပ်ခန်းထဲက မာမီနဲ့ပတ်သက်သည့် အမှတ်တရပစ္စည်းအားလုံးကို ဒက်ဒီဟာ မီးရှို့ဖို့လုပ်ခဲ့သည်။

"အဲ့တုန်းက ပျိုးလေး ငိုတာသိပ်မရှိလို့၊ ပျိုးလေး ငိုနေတာကိုမကြည့်ရက်လို့ ဒက်ဒီ လျော့ပေးခဲ့တယ်နော်။ ပျိုးလေးက တကယ်လို့ သိင်္ခလွန်းမိုင်ကို သံယောဇဉ်မရှိဘူးဆိုရင်..."

ဦးဖြိုးဝင်းကျော်သည် မျက်ခုံးတစ်ဖက်ပင့်ရင်းဆိုလိုက်သည်။ ပျိုးကိုလုပ်နိုင်လားဆိုသည့်အကြည့်။ ပျိုး ပိုပြီး တုန်လှုပ်နေမိပြီ။ အဲ့တုန်းက ပျိုး တကယ်ကြောက်ရွံ့ခဲ့တာပေမဲ့ တကယ်တော့ ပျိုးမာမီဆုံးသွားတုန်းကတောင် ပျိုး မငိုခဲ့ဘူးလေ။ ပျိုးမာမီကို ပျိုးချစ်ပေမဲ့ အမြဲသူ့မိဘတွေရဲ့ ပဋ်ိပက္ခတွေကြားမှာ ရှင်သန်နေရသည့်သူမို့ ပျိုးဟာ သူ့အမေရဲ့ချစ်ခြင်းမေတ္တာမှာ ပျိုး စိမ်းသက်ခဲ့သည်။ ပျိုးမာမီနှင့်အတူ ပျိုးရှိနေတိုင်း ပျိုးမာမီသည် ဒက်ဒီရဲ့ မကောင်းကြောင်းတွေပြောပြီးပဲ အချိန်ကုန်ဆုံးခဲ့တာမလား။ ဘာနွေးထွေးမှု ဘာချစ်ခြင်းမှကို မာမီကလည်း မပေးခဲ့ပါဘူး။

ဒါပေမဲ့ တစ်ခုတည်းပါ။ ပျိုးဟာ မာမီနှင့် အမြဲရှိလာခဲ့မိသူမို့ မာမီ့ကိုတော့ အဖေဖြစ်သူထက်တွယ်တာသည်။ ချစ်သည်။ ထို့ကြောင့် မာမီ ဆုံးပါးသွားတဲ့အခါ ခံစားရသည်။ သို့သော် ပျိုး မျက်ရည်ကျလောက်တဲ့အထိမနာကျင်ခဲ့ရပါ။ ဒါပေမဲ့ ဒက်ဒီ့ကိုတော့ ပိုမုန်းသွား၍ မာမီပြောသမျှစကားတွေနှင့် ပြဿနာရှာရှာမိသည်။

ဘယ်လောက်ပဲ မာမီနဲ့လည်း စိမ်းသက်နေသည်ဆိုဦး ပျိုးဟာ မာမီ့ကိုချစ်သည့်အတွက် ပျိုးမာမီပစ္စည်းတွေကို ဖျက်စီးမှာကို ကြောက်ရွံ့ခဲ့ရသည်။ ထိုခံစားချက်ကို ပျိုး အတိုင်းသားမှတ်မိနေသေးသည်။ ပျိုး ဒီလိုလုပ်ရင် မိုင်ဟာ ပိုငိုမှာပေါ့။ ပျိုးက အဲ့ကလေးကိုချော့ချင်တာပါ ပိုငိုစေချင်တာမဟုတ်ဘူး။

"ဘာလိုလဲ ပျိုးလေး မလုပ်နိုင်ဘူးမဟုတ်လား... ဒါဆို ဒက်ဒီ့ကို ဘာမှထပ်တောင်းဆို..."

"ဟင့်အင်း ဘာလို့ ပျိုးကမလုပ်နိုင်ရမှာလဲ။ ဒက်ဒီသိတဲ့သားနဲ့ ပျိုးက အရုပ်တွေနဲ့ဆော့ရင်ကြမ်းတယ်ဆိုတာ။ အဲ့ဒါကြောင့် ပျိုး မလုပ်နိုင်စရာဘာမှမရှိဘူး"

ပျိုး ခြေလှမ်းလေးက မိုင့်အခန်းရှိရာကိုသွားလိုက်သည်။ အဲ့အချိန်က ပျိုးအတွက် မိုင့်ကို ပျိုးအနားမှာရှိစေချင်ခဲ့သည့် အတ္တများခဲ့သည်။ မိုင်ဟာ ရောင်းစားခံရမည်မဟုတ်ပဲ တခြားသူတစ်ယောက်ကိုမွေးစားဖို့ပေးလိုက်လျှင်တောင် ပျိုးလက်သင့်မခံပါ။ ပျိုး အဲ့လောက်တောင် မိုင့်အပေါ်သံယောဇဉ်ရှိနေခဲ့ပြီဆိုတာ ဒီနေ့မှသိခဲ့သည်။ ထို့နောက် ပျိုးဟာ မိုင့်မျက်ရည်တွေကိုတွေ့ရက်နဲ့ အသည်းမာစွာလုပ်ရက်ခဲ့သည်။

မီးပုံထဲ အကုန်မီးဆွဲသွားသောအခါ ပျိုး ငိုချင်နေသည့်စိတ်ကြောင့် ငိုနေသည့် သူလေးကိုထားခဲ့ပြီး ပျိုးအခန်းကိုပြန်ခဲ့သည်။ ပျိုးဒက်ဒီဟာ ပျိုးလုပ်သမျှကို အစကနေအဆုံးစောင့်ကြည့်နေခဲ့တာမလား။ ပျိုး ငိုမိလို့မဖြစ်ဘူးလေ။

ဒေါက်... ဒေါက်။

တံခါးခေါက်သံအဆုံးမှာ ပွင့်လာသည့်တံခါးလေး။ ပျိုးသိတာပေါ့။ ခဏလေးအတွင်း ပျိုးဆီကို ရောက်လာတော့မယ်ဆိုတာ။

"ပျိုးလေး လုပ်မယ်မထင်ထားခဲ့တာ။ ဒီလိုဆိုတော့လည်း ပျိုးလေး အနားမှာသူ့ကို ဆက်ထားခွင့်ပြုမယ်။ ဒါပေမဲ့ ပျိုးလေးဘက်က ပုံစံပြောင်းလာတဲ့နေ့!... ဒက်ဒီ သူ့ကို အိမ်ကမောင်းချမယ့်နေ့ပဲ"

"အဲ့လိုဖြစ်လာစရာအကြောင်းမရှိဘူး။ ဒါပဲမလား... ပျိုး အခုစာလုပ်တော့မယ်။ ဒက်ဒီ ပြောစရာမရှိရင် ထွက်သွားတော့"

ပျိုး ခက်ပြတ်ပြတ်ပြောလိုက်တော့ ဦးဖြိုးဝင်းကျော်က ခေါင်းလေးညိတ်သည်။ ထို့နောက် ပျိုးခေါင်းလေးကို ပွတ်သပ်ဖို့လုပ်တော့ ဦးဖြိုးဝင်းကျော်လက်ကို ပျိုး ပုတ်ထုတ်လိုက်သည်။

"ကောင်းပြီ ဒက်ဒီဆက်စောင့်ကြည့်နေမယ်"

ပျိုး၏ ခပ်ရိုင်းရိုင်းအပြုမူကြောင့် ဦးဖြိုးဝင်းကျော်သည် သက်ပြင်းချလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ဒါပေမဲ့ တော်သေးသည်က သူ့သမီးဟာ သိင်္ခလွန်းမိုင်အပေါ် သံယောဇဉ်မရှိဘူးလေ။ ပျိုးသည် အဲ့ကလေးကို အရမ်းခင်တွယ်နေပြီထင်ခဲ့တာ။ ဒါကြောင့်မို့ ဒါကိုမလုပ်နိုင်ဘူးထင်ခဲ့သော်လည်း ပျိုးဟာ သူ့ကိုယုံကြည်အောင်သက်သေပြနိုင်ခဲ့တာပဲ။

"ရွှတ်"

စာရွက်ပေါ်တစ်စက်ချင်းကျနေသည့် မျက်ရည်တွေကို ပျိုး မသုတ်မိသလို၊ မျက်နှာပေါ်မှ မျက်ရည်တို့ကိုလည်း စီးကျခွင့်ပေးလိုက်သည်။ ကူရာမဲ့နေသည့် မိုင့်မျက်နှာလေးဟာ ပျိုးခေါင်းထဲမှမထွက်ချေ။ ပျိုး တင်းထားသမျှစိတ်တွေဟာ အခုပြေလျော့သွားကာ ရှိုက်ကြီးတငင်ငိုမိသည်။ ပျိုးဟာ သူ့မာမီဆုံးသွားတုန်းကတောင် ဒီလောက်မငိုခဲ့ပါဘူး။

"အများကြီးငိုနေမယ်ထင်တယ်"

ပျိုး ငိုနေရာက မျက်ရည်တွေသုတ်ပြီးထလိုက်သည်။ ပျိုး ခြေလှမ်းတို့ဟာ မိုင့်အခန်းလေးကိုသွားလိုက်ချင်ပေမဲ့ ဦးဖြိုးဝင်းကျော်ပြောခဲ့သည့် စောင့်ကြည့်နေမည်ဆိုသည့်စကားဟာ ခေါင်းထဲဝင်လာသည်။ ထို့ကြောင့် ပျိုး တံခါးဝလေးနားမှာကျောမှီပြီး ထိုင်ချလိုက်မိသည်။

'တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...'

ပျိုးသည်စိတ်ထဲမှ တတွတ်တွတ်ပြောနေမိသည့်စကားလေး။ မျက်ရည်များ ထပ်မကျလာစေရန် ပျိုး နှုတ်ခမ်းလေးကို ခပ်တင်းတင်းကိုက်ထားမိသည်။ နှုတ်ခမ်းလေးသွေးထွက်နေပြီဆိုတာကို ပျိုးသိပေမဲ့ ဆက်ကိုက်ထားမိသည်။

ပျိုးသည် မိုင်ကို မချစ်မိခင် ကလေးဘဝတည်းက မိုင့်ကိုတစ်ခုခုအမှားလုပ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုအပြစ်ပေးတတ်သည်ဆိုတာကို ပျိုးလည်းထိုအချိန်က သတိမထားခဲ့မိချေ။

...

TBC...

3k words

အမှားပါရင် ခွင့်လွှတ်ပါ 🧡

Thanks for reading 📖

...

Zawgyi....

"မိုင္ေရာ"

"မမေလးမိုင္က အခန္းထဲကအျပင္သိပ္မထြက္ဘူး။ ဝမ္းနည္းေနေသးလို႔ထင္တယ္"

ပ်ိဳး သက္ျပင္းသဲ့သဲ့ခ်လိုက္မိသည္။ ဒီကေလးေပ်ာ္႐ႊင္လာေအာင္ ပ်ိဳး ဘယ္လိုလုပ္ေပးရမလဲ။ ဒီကေလးကို ပ်ိဳး အႏိုင္က်င့္ခ်င္တိုင္းက်င့္လို႔ရလို႔ေပ်ာ္ေပမဲ့ ၾကာလာေတာ့ ပ်ိဳးမွာ ဒီကေလးကိုသံေယာဇဥ္ရွိလာသည္။ ပ်ိဳးဟာ အေပါင္းသင္းမက္သူမဟုတ္သည့္အျပင္ အေပါင္းသင္းက ပ်ိဳးကိုစိတ္ရႈပ္ေစသလိုခံစားရ၍ သူငယ္ခ်င္းမထား။ မိုင္ႏွင့္ ႐ြယ္တူ သူ႔ဒက္ဒီသမီးေလးကိုေတာ့ ပ်ိဳးခင္ပါသည္။ သူေလးလာလွ်င္ ပ်ိဳးနဲ႔အတူေဆာ့ျဖစ္သည္။ သို႔ေသာ္ သူေလးကိုေတာင္ မိုင့္ေလာက္ မတြယ္တာမိပါ။ ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာ ပ်ိဳးဟာ ပ်ိဳးႏွင့္မတူေလာက္ေအာင္ကို သူစိမ္းတစ္ေယာက္အား တြယ္တာေနမိသည္။

"ဘယ္လိုလုပ္ရင္ေကာင္းမလဲ"

"ရွင္"

ပ်ိဳး တစ္ကိုယ္တည္းတီးတိုးေျပာရင္း ၿခံထဲစဥ္းစားေနသည္ကို ေဘးနားကအိမ္အကူေလးဟာ အူေၾကာင္ေၾကာင္ေလးျပန္ေမးလာသည္။

"ကိုယ့္ဘာသာေျပာေနတာ။ သြားေတာ့ ပ်ိဳးအနားလာမရႈပ္နဲ႔"

ပ်ိဳးဟာ ထိုသို႔သူပါ။ အားနာတတ္တာ၊ ၾကင္နာတတ္တာေတြမရွိသူေလ။ ပ်ိဳးကိုလည္း ဘယ္သူကမွ ၾကင္နာၾကတာမွမဟုတ္တာ။

"စိတ္ရႈပ္လိုက္တာ"

ပ်ိဳး ကိုယ္တိုင္လည္း ပ်ိဳးမာမီဆုံးတုန္းက ခံစားခ်က္ကိုနားလည္သည္မို႔ ဘယ္လိုႏွစ္သိမ့္ရမလဲ အေျဖရွာမရျဖစ္ေနသည္။ ဒီအခ်ိန္မွာ မိုင္ လိုခ်င္တာမွန္သမွ် ျဖည့္စည္းေပးၿပီး စိတ္ေပ်ာ္ေအာင္ထားလည္း မိုင္ဟာ သူ႔အေမကိုပဲလိုခ်င္ေနမွာေလ။ အဲ့ေတာ့ စိတ္ေပ်ာ္မွာမဟုတ္။

"ဒီတိုင္းငိုေနတာကို ဖက္ၿပီးပဲေခ်ာ့ေပးရမလား။ ဟုတ္တယ္ သူ႔ေမေမမရွိေတာ့လည္း ပ်ိဳးရွိတာပဲဟာ"

ပ်ိဳး ကိုယ့္အေတြးႏွင့္ကိုယ္ သေဘာက်စြာၿပဳံးရင္ထရပ္လိုက္သည္။ ပ်ိဳးသည္အေပါင္းသင္းမရွိတဲ့သူျဖစ္သည့္အတြက္ ဒီလိုစဥ္းစားရတာဟာ ပ်ိဳးအတြက္ခက္ခဲလွသည္။ ပ်ိဳး ဘယ္သူ႔ကိုမွ မေခ်ာ့ေပးဖူးဘူးေလ။

"မနက္ျဖန္ ေက်ာင္းသြားတဲ့လမ္းမွာေခၚသြားခိုင္းလိုက္"

"ဆရာေသခ်ာရဲ႕လား။ မိုင္ကေလးက အရမ္းငယ္ေသးေတာ့ ပိုက္ဆံအရမ္းရမွမဟုတ္ဘူး။ နည္းနည္းေလာက္ ေမြးထားပါဦးလား... ကေလးက သူ႔အေမနဲ႔တူေတာ့ ႀကီးလာရင္..."

ပ်ိဳး အိမ္ထဲဝင္ဖို႔လုပ္ရင္း နားစြန္နားဖ်ားၾကားသည္ပါ။ အစက ပ်ိဳးႏွင့္ မဆိုင္ဘူးဆိုၿပီးေက်ာ္သြားဖို႔လုပ္လိုက္ေသာ္လည္း မိုင္ဆိုသည့္အသံၾကားလိုက္ရ၍ ပ်ိဳးေျခလွမ္းတို႔ရပ္သြားသည္။ ဒက္ဒီတို႔က ပ်ိဳးကိုမျမင္ပဲ ၿခံဝမွာရပ္ၿပီးစကားေျပာေနၾကတာ။

"သူ႔အေမနဲ႔ တူလာမွာစိုးလို႔ကို မ်က္စိေအာက္မထားတာ!... ေစ်းေကာင္းရမရ စိတ္မဝင္စားဘူး။ ေရာင္းစားလို႔မရလည္း အလကားေပးလိုက္။ အဲ့ တ႐ုတ္ေကာင္ေတြ ဘယ္ကြၽန္အျဖစ္လုပ္လုပ္ ငါနဲ႔မဆိုင္ဘူး။ ငါလိုခ်င္တာ သူ႔ဘဝပ်က္စီးဖို႔ပဲ။ သူအေမ့အျပစ္ေတြကို သမီးကခံယူဖို႔တာဝန္ရွိတယ္"

ပ်ိဳး ထိုထဲကစကားေတြကို အရမ္းနားမလည္ေသာ္လည္း ေရာင္းစားသည္ကိုေတာ့ ပ်ိဳးသိသည္။ မာမီ အၿမဲေျပာေနၾကေလ။ ဒက္ဒီက ကေလးေတြေရာ၊ လူႀကီးေတြေရာေရာင္းစားတဲ့လူဆိုးႀကီးတဲ့။ ၿပီးေတာ့ အဲ့လုပ္ငန္းအျပင္ မေကာင္းတာမွန္သမွ်လုပ္တယ္တဲ့ေလ။ ဒက္ဒီ့ေၾကာင့္ ေသသည့္လူေတြအမ်ားတဲ့။ ပ်ိဳးကိုလည္းၾကာရင္ေရာင္းစားလိမ့္မယ္လို႔ ေမေမဟာေျပာသည္။ ထို႔ေၾကာင့္ ဒက္ဒီ့ကို မခ်စ္ဖို႔၊ မယုံဖို႔အၿမဲေျပာခဲ့သည္။ အခုေတာ့ ပ်ိဳးကိုမဟုတ္ပဲ မိုင့္ကိုတဲ့လား။ ပ်ိဳး တုန္လႈပ္မိသြားသည္။ ဒါဆို ေရွ႕ဆက္ မိုင္ဟာ ဘာေတြျဖစ္လာမည္လဲ။

"ဘာကိုလဲ ဒက္ဒီ!"

"ပ်ိဳးေလး ဘယ္လိုလုပ္ၿပီး!"

"မိုင့္ကို ဘယ္ပို႔မလို႔လဲ ဒက္ဒီ"

"ကြၽတ္စ္"

ဦးၿဖိဳးဝင္းေက်ာ္၏ စိတ္ရႈပ္သြားသည့္ ေလသံ။ ပ်ိဳး ဂ႐ုမစိုက္ပါ။ ပ်ိဳး ပိုင္ဆိုင္တဲ့သူေလးကိုေတာ့ ပ်ိဳးဆီက ဆြဲထုတ္ခြင့္မေပးပါ။ အဲ့လိုလုပ္လို႔ကေတာ့ တစ္ကမာၻလုံးနဲ႔အတိုက္ခံလုပ္ပစ္မွာ။

"ထပ္ၿပီး အဲ့ကေလးအတြက္ ဘာေတာင္းဆိုဦးမလို႔လဲ ေဆာင္းရိပ္ပ်ိဳး!... ဒီတစ္ခါေတာ့ ပ်ိဳးေလး ေတာင္းဆိုတာ ဒက္ဒီဘာမွမလုပ္ေပးႏိုင္ဘူး။ သူ႔အေမလည္း ဆုံးၿပီ အဲ့ေတာ့ သူ႔ကိုအိမ္မွာဆက္တင္မထားႏိုင္ဘူး"

"မရဘူး ဒက္ဒီ!!!... သူတို႔ကို ဒီအိမ္ကိုမေခၚလာဖို႔ေျပာတုန္းက ဒက္ဒီရေအာင္ေခၚလာတယ္။ အခုေတာ့က်ေတာ့လည္း မိုင့္ကို ဒီအိမ္ကႏွင္ေနတယ္။ မရဘူးေနာ္ ဒက္ဒီ!... မိုင္က ပ်ိဳးပိုင္တာ"

ဦးၿဖိဳးဝင္းေက်ာ္ သက္ျပင္းရွည္ခ်သည္။ ဦးၿဖိဳးဝင္းေက်ာ္၏ လူယုံတပည့္ဟာလည္း အေျခေနကိုနားလည္စြာထြက္သြားၿပီ။

"ပ်ိဳး... ထပ္ၿပီး ဒက္ဒီ့ကိုကန္႔လန္႔မတိုက္စမ္းနဲ႔"

"ပ်ိဳး ဘယ္ေတာ့မွ ဒက္ဒီ့ကို ကန္႔လန္႔မတိုက္ပါဘူး။ ဒက္ဒီကသာ ပ်ိဳးကိုအၿမဲစိတ္မခ်မ္းသာေအာင္လုပ္ေနတာ။ ေမေမ့ကိုလည္း သတ္..."

"ေဆာင္းရိပ္ပ်ိဳး!! ေတာ္စမ္းေနာ္... ထပ္ၿပီး ဒက္ဒီ့ေဒါသကိုစြျပန္ၿပီလား"

ဦးၿဖိဳးဝင္းေက်ာ္ ေဒါသႏွင့္ ေအာ္လိုက္ေတာ့ ပ်ိဳးခဏၿငိမ္သြားရသည္။

"ပ်ိဳး မာမီက သူ႔ဘာသာအရက္အလြန္ကြၽံေသာက္ၿပီးေသတာ ဒက္ဒီသူ႔ကိုဘာမွမလုပ္ဘူးလို႔ ဘယ္ႏွခါေျပာရမလဲ"

"အဲ့ဒါဘယ္သူ႔ေၾကာင့္လဲ!... ဟမ္!... အဲ့ဒါ ဒက္ဒီ့ေၾကာက့္မဟုတ္ဘူးလား"

"မဟုတ္ဘူး... သူ႔ဘာသာ ထင္ရာစြပ္စြဲၿပီး သမုတ္ခဲ့တာ။ ပ်ိဳးေလး ဒါေတြနားလည္တဲ့အ႐ြယ္မဟုတ္ေသးပါဘူး။ ပ်ိဳးေလး ႀကီးလာရင္..."

"ဟင့္အင္း ပ်ိဳးသိတယ္။ ေဖေဖက အဲ့မိန္းမကိုအရမ္းခ်စ္တာ မာမီ့ကိုမခ်စ္ဘူး။ အဲ့ဒါေၾကာင့္ မာမီ ေသရတာ... ဒက္ဒီက မာမီ့ကိုသတ္တာ"

ဦးၿဖိဳးဝင္းေက်ာ္ မ်က္ႏွာကိုလက္ျဖင့္ပြတ္သပ္လိုက္သည္။ ဦးၿဖိဳးဝင္းေက်ာ္သိတာေပါ့ ပ်ိဳးဟာ သူ႔ကိုမုန္းေနမွန္း။ အလုပ္နဲ႔ပဲ အၿမဲလုံးပန္းေနသူမို႔ ပ်ိဳးႏွင့္ ဦးၿဖိဳးဝင္းေက်ာ္ဟာ အေနမနီးခဲ့ပါ။ ထို႔ေၾကာင့္ ပ်ိဳးႏွင့္ သူ႔မာမီနဲ႔အေနနီးခဲ့သည္။ ပ်ိဳးဟာ သူ႔အေမ၏ အတၱစကားေတြေၾကာင့္ ဦးၿဖိဳးဝင္းေက်ာ္ကို မုန္းတီးသည္။ သူဟာ ထိုမိန္းမကိုအခ်စ္မပါပဲ လက္ထပ္္ခဲ့သူေလ။ ထိုမိန္းမ၏ အေဖဟာ ဦးၿဖိဳးဝင္းေက်ာ္၏ သူေဌးျဖစ္ၿပီး ေငြမဲေလာကတြင္ ဆရာတစ္ဆူေပါ့။ ဦးၿဖိဳးဝင္းေက်ာ္သည္ ထိုလူ၏ ယုံၾကည္အားထားရေသာသူေပ။

ထိုလူဆုံးပါးခါနီးမွာ ဦးၿဖိဳးဝင္းေက်ာ္ႏွင့္ သူ႔သမီးျဖစ္သူကို လက္ထပ္ေပးခဲ့ၾကသည္။ ထိုလူ႔သမီးဟာ သိပ္လွေသာ္လည္း ဦးၿဖိဳးဝင္းေက်ာ္ဟာ လဲ့ၾကည္ျဖဴကိုမွလြဲလွ်င္ မည္သူ႔ကိုမွမခ်စ္ပါ။ သို႔ေသာ္ ေက်းဇူးေတြေၾကာင့္ လက္ထပ္ထိမ္းမ်ားမႈ လက္ခံခဲ့သည္။ ထိုအမ်ိဳးသမီးႏွင့္ ေပါင္းသင္းေနသည့္တစ္ေလ်ာက္ ဦးၿဖိဳးဝင္းေက်ာ္သည္ မည္သူႏွင့္မွ် မေဖာက္ျပားခဲ့ပါေလ။ သို႔ေပမဲ့ ဦးၿဖိဳးဝင္းေက်ာ္ကိုခ်စ္လွသည့္ ႏွင္းေရစက္သည္ ေတြ႕သမွ်လူတိုင္းႏွင့္ သမုတ္ေလသည္။ ထို႔ေၾကာင့္ ခဏခဏ ရန္ျဖစ္ခဲ့ရသည္မို႔ သူတို႔အိမ္ေထာင္ေရးပါမသာယာခဲ့ပါ။

ထို႔ထက္ဆိုးသည္က သူတို႔သမီးေလး ေဆာင္းရိပ္ပ်ိဳးကို အၿမဲ ဦးၿဖိဳးဝင္းေက်ာ္ႏွင့္ ရန္တိုက္ေပးခဲ့တာပါပဲ။ ဒါေတြကို ႏွင္းေရစက္ဆုံးပါးသြားမွ ဦးၿဖိဳးဝင္းေက်ာ္သိခဲ့တာ။ အခုလိုေပါ့။ အခုလိုကေလးတစ္ေယာက္ကို မေျပာသင့္တဲ့စကားေတြနဲ႔ အေဖျဖစ္သူနဲ႔ေသြးခြဲခဲ့တာ။ ဒါဟာ အေမတစ္ေယာက္ရဲ႕လုပ္ရက္မဟုတ္ေခ်။ ဦးၿဖိဳးဝင္းေက်ာ္ဟာလည္း ပ်ိဳးအေပၚမေကာင္းတာကိုသူသိပါသည္။

"ဒက္ဒီက လဲ့ၾကည္ျဖဴကိုခ်စ္ခဲ့တယ္ဆိုတာဟုတ္တယ္။ ဒါေပမဲ့ ပ်ိဳးမာမီ သက္ရွိ..."

"အဲ့ဒါေတြ ပ်ိဳး ဂ႐ုမစိုက္ေတာ့ဘူး ဒက္ဒီ!... ဒါေပမဲ့ အခု ပ်ိဳးအပိုင္ကိုအေဝးပို႔ဖို႔ႀကိဳးစားတာမလုပ္ပါနဲ႔။ မဟုတ္ရင္ ပ်ိဳးကိုလည္း ဒက္ဒီမေတြ႕ရေတာ့ဘူးမွတ္!"

"ေဆာင္ရိပ္ပ်ိဳး! သမီးကို ဒက္ဒီ လူေတြအေပၚသံေယာဇဥ္ မထားဖို႔မေျပာထားဘူးလား။ ပ်ိဳးက ေပးထားတဲ့ကတိကိုမတည္ဘူးပဲ"

ပ်ိဳး ႏႈတ္ခမ္းေလးကိုကိုက္လိုက္မိသည္။ မိုင္ဟာ သူေမေမကိုေတြ႕ခ်င္တုန္းက ပ်ိဳး ကတိေပးခဲ့ရတာ ႏွစ္ခုရွိသည္။ ပ်ိဳးဟာ ဦးၿဖိဳးဝင္းေက်ာ္ ဂုဏ္ေဆာင္တဲ့သမီးျဖစ္ဖို႔ ေက်ာင္းမွာ အဆင့္ ၁ ျဖစ္ေနရမယ္တဲ့ေလ။ ပ်ိဳးဟာ စာေတာ္ေပမဲ့ ဒီေလာက္ႀကိဳးစားတဲ့သူမဟုတ္ပါ။ ထို႔ေၾကာင့္အဆင့္က်သည့္ အခါမ်ိဳးရွိသည္။ ဒါကို ဦးၿဖိဳးဝင္းေက်ာ္က မႀကိဳက္ေပမဲ့ ပ်ိဳးကို ေျပာမႏိုင္သည္ေလ။ ထို႔ေၾကာင့္ ဒီဟာကိုအသုံးခ်ကာေျပာလာသည္။

ေနာက္ထပ္တစ္ခုဟာေတာ့ ပ်ိဳးကို သန္မာေစခ်င္တယ္ဟူေသာ ေခါင္းစဥ္ေအာက္မွာ မည္သူ႔ကိုမွ သံေယာဇဥ္မထားခိုင္းသည္။ ဒါကေတာပ ပ်ိဳးအတြက္ ပထမတစ္ခုထက္လြယ္ခဲ့သည္မဟုတ္လား။ ထို႔ေၾကာင့္ ႏွစ္ခုလုံးကိုသေဘာတူခဲ့ေပမဲ့ အခုေတာ့ မိုင့္ကို ဒီေလာက္သံေယာဇဥ္ျဖစ္သြားမယ္မထင္ခဲ့။ ပ်ိဳးဟာ မိုင့္ကို ခ်စ္လြန္းလို႔အနားမွာရွိေနေစခ်င္တာမ်ိဳးေတာ့မဟုတ္ပါ။ ပ်ိဳးရဲ႕ ပ်င္းဖို႔ေကာင္းလွသည့္ဘဝအတြက္ မိုင့္ကိုလိုအပ္သည္ပါ။ ဒါကို ပ်ိဳးရဲ႕ဒက္ဒီက ဘာလို႔နားမလည္ရတာလဲ။

"သိခၤလြန္းမိုင္ကိုလည္း ပ်ိဳး သံေယာဇဥ္မရွိပါဘူး။ သူက ပ်ိဳး အ႐ုပ္ေတြလိုပဲ မလိုအပ္ရင္ စြန္႔ပစ္ေပးမွာေတာ့ ဒက္ဒီ! ဒါေပမဲ့ အခုေတာ့ မဟုတ္ဘူး"

ပ်ိဳးေျပာလိုက္ေတာ့ ဦးၿဖိဳးဝင္းေက်ာ္ဟာ မ်က္ခုံးပင့္သည္။ ေသခ်ာလားဆိုသည့္အၾကည့္မ်ိဳး။

"အဲ့ကေလးကို သံေယာဇဥ္မရွိဘူးဆိုတာ ဒက္ဒီ ဘယ္လိုယုံေပးရမလဲ။"

"ပ်ိဳး ႏႈတ္ကေျပာတာကိုမယုံရင္ ဒက္ဒီ့ကို ပ်ိဳးက ဘယ္လိုယုံေအာင္သက္ေသျပရမလဲ"

ပ်ိဳးဟာ ဆယ္ႏွစ္ေတာင္မျပည့္ေသးေပမဲ့ ရင့္က်က္လူႀကီးဆန္တာ ဦးၿဖိဳးဝင္းေက်ာ္သိတာေပါ့။ အခုလည္း ျပန္ေျပာေနပုံဟာ အ႐ြယ္ေလးမွမလိုက္ လူႀကီးတစ္ေယာက္လိုပါပဲ။ အေပးအယူစကားေတြကိုပင္ေျပာတတ္ေနၿပီ။

"ေကာင္းၿပီေလ ဒါဆို ပ်ိဳးေလးက ဒက္ဒီ့ကို သက္ေသျပေပး... ဒက္ဒီက ပ်ိဳးေလး မာမီပစၥည္းေတြကိုဘာလုပ္ခဲ့လဲမွတ္မိလား"

ပ်ိဳး အနာေဟာင္းကိုစြခံလိုက္ရသလို နာက်င္သြားသည္။ ပ်ိဳး အေမဆုံးဆုံးၿပီးျခင္း ေနာက္ရက္မွာ ပ်ိဳးဟာ ဦးၿဖိဳးဝင္းေက်ာ္ကို မုန္းတီးစြာႏွင့္ ပ်ိဳးမာမီ ႐ိုက္သြင္းေပးခဲ့သည့္ အမုန္းတရားေတြကိုထုတ္ျပမိသည္။

'မာမီ ဒီေလာကမွာမရွိေတာ့ရင္ အဲ့ဒါ သမီးဒက္ဒီသတ္တာ'

'သမီး ဒက္ဒီကို မုန္းစရာပါ။ သူက မာမီ့ကိုမခ်စ္ဘူး'

ပ်ိဳးကို ငိုၿပီး ပ်ိဳးမာမီရင္ဖြင့္ခဲ့သမွ်ကို ကေလးျဖစ္တဲ့ပ်ိဳးသည္မွတ္ထားရင္း သူ႔ဒက္ဒီကိုအကုန္နာက်ည္းစြာေျပာခဲ့သည္။ ဒက္ဒီဟာ မေကာင္းတဲ့သူျဖစ္ေၾကာင္းနဲ႔ မာမီကို သတ္တဲ့လူသတ္သမားျဖစ္ေၾကာင္း

You are reading the story above: TeenFic.Net