အိမ်ပြန်ရောက်တော့ မိုင် တို့ ၃ ယောက်လုံး မျက်စိမျက်နာပျက်နေကြသည်။ ကားပေါ်တွင်လည်း တစ်လျောက်လုံး စကားမပြောခဲ့ကြဘူးမဟုတ်လား။
"ငါ အရင်နားပြီ"
ဆူကီ လောလောဆယ် မိုင်မျက်နှာကို မမြင်ချင်ပါ။ မိုင့် မျက်နှာကိုမြင်ရတာ ဆူကီ့ရင်ဘက်တစ်ခုလုံး နာကျင်နေရသည်။ ထို့ကြောင့် မိုင်အပြောကိုမစောင့်ပဲ ဒီစကားသာပြောရင်းတက်သွားလိုက်သည်။
"အင်း ဆူကီ"
မိုင် ဆီကလှမ်းပြောတဲ့အသံကို ဆူကီ ကြားဖြစ်အောင် ကြားလိုက်ပေမဲ့ လှည့်မကြည့်တော့ပါ။
"မမ လည်း..."
"လက်တော်တော်နာသွားသေးလား"
ပျိုး ဘာပြောမည်ကိုသိမည့်အလား မိုင်ဖြတ်၍ပြောလာသည်။
"အဲ့လောက်မနာပါဘူး ရပါတယ်"
ပျိုး လက်ကနာနေတာကို သတိမထားမိလောက်တဲ့အထိ ပျိုးရင်ထဲ နာကျင်နေရသည်မဟုတ်လား။ ဒီလက်နာကျင်မှုလောက်ကတော့ ပျိုးအတွက်စာဖွဲ့စရာမရှိပါ။
"မိုင်လေ..."
ဘာတွေထပ်ပြောမလဲမသိတဲ့ မိုင် စကားတွေကို မကြားခင်ကတည်းက ပျိုး ခွင့်လွှတ်ပေးပြီးသားပါ။
"မမ နားလည်ပါတယ်။ အခု မမ ပင်ပန်းနေလို့"
မိုင့်ရှေ့နေ ပျိုးအမြန်ထွက်သွားချင်ပေမဲ့လည်း မိုင် ကသူ့ရှေ့ပိတ်ရပ်ထားကာတား၏။
"ခဏ... ခဏလေးနေပါဦး"
"ဘာပြောစရာရှိသေးလို့လဲ မိုင်"
"မိုင်လေ မ' ဟို... လဲ့ရူပါနဲ့ တွဲဖြစ်သွားပြီ မမ"
ခုနကတည်းက အခြေနေကို သိထားမိပြီးသားလေ။ ဒါပေမဲ့ ဒီကိစ္စကိုမသိချင်ယောင်ဆောင်ပြီးနေချင်ခဲ့တာ။ ဒါကို ပျိုးသိအောင် သက်သက်ပြောပြနေတဲ့ မိုင် ကြောင့် ပျိုး ဘယ်လိုလုပ်ရပါ့မလဲ။ ပြန်ရောက်တည်းက ငိုချင်စိတ်ကိုထိန်းကာ မိုင့်ရှေ့က အမြန်ထွက်သွားချင်နေခဲ့တာကို အခုလို ပျိုးကိုတားထားပြီး ဒီကိစ္စကိုပြောတယ်ဆိုတော့ ပျိုးငိုတာကိုများ မြင်ချင်လို့ဒီကလေးသက်သက်လုပ်နေတာများလား။
"အဲ့... အဲ့ဒါဆိုလည်း မမ ဝမ်းသာပါတယ် မိုင်"
ပျိုး အသံများဟာအက်ကွဲနေသည်။ မျက်ရည်မကျသေးပေမဲ့ အသံနဲ့တင်သိသိသာသာငိုကြွေးနေပြီဆိုတာကို မိုင် သိသင့်ပါသည်။
"မိုင် ဒီလိုတွေလုပ်နေလို့ မိုင့်ကို မမ မုန်းသွားမှာလားဟင်?"
ပျိုး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည်။ သေချာပေါက် မိုင် မေးခွန်းအတွက် အဖြေတစ်ခုပဲရှိသည်။
"မိုင့်ကို မမ ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး။ အဲ့ဒါကို မိုင် သိပါတယ်"
မိုင် သိလို့လုပ်နေတာ သိနေပေမဲ့လည်း ခြွေ ပြောသလို ပျိုးက အစွဲလမ်းကြီးတာတော့မဟုတ်လောက်ဘူး မိုက်ရူးရဲဆန်တာ။
"မမ..."
ပျိုးပါးပေါ်ရောက်လာတဲ့ မိုင့် လက်လေးကို မခါချမိ။ ဟင့်အင်း ပျိုး မခါချချင်တာပါ။
"မမ ငိုနေပြီ"
မိုင့်ဆီမှ ထွက်လာသည့် လေသံတိုးတိုးလေးပင်။ ပျိုး စိတ်ပျက်မိသည်။ ဟန်ဆောင်ချင်ပေမဲ့လည်း ပျိုးမှာ မိုင်နှင့် ပတ်သက်လျှင်နည်းနည်းမှ ဟန်ဆောင်လို့မရခဲ့။ ပျိုး ဒီမျက်ဝန်းတွေက အခုတော့ မျက်ရည်အဖြစ် ပါးပြင်ပေါ်စီးဆင်းနေပြီလေ။ အရင်က လူတွေရှေ့တစ်ခါမှမငိုပဲ စိတ်ဓာတ်တင်းမာခဲ့သည့် ပျိုးဟာ မိုင့် ရှေ့မှာတော့ ခဏခဏ မျက်ရည်ကျနေမိတယ်တဲ့။ ပျိုး ဟာ သနားစရာသတ္တဝါတစ်ကောင်လိုပဲ။
"မမ သွားနားတော့မယ် မိုင် "
ပျိုး ရှေ့ပိတ်ရပ်ထားတဲ့ မိုင်ကို ကျော်ပြီးအမြန်ပြေးထွက်လိုက်သည်။ သို့သော် အပေါ်တက်ဖို့ လှေကားနားမှာတင် ပျိုးခြေလှမ်းဟာ ရပ်တန့်သွားရသည်။ အနောက်ကနေပြေးလိုက်လာသည့် မိုင်ဟာ နောက်ကျောကဖက်လိုက်သည်မို့ ရပ်သွားရခြင်းသာ။ မိုင်ရှေ့မှာ ထပ်မငိုချင်ပေမဲ့လည်းမရတော့တာကြောင့် မိုင့်ကို ကျောပေးထားတဲ့ အနေထားမှာငိုချလိုက်သည်။
ပျိုး အငိုတိတ်သည်ထိ မိုင်ဟာလည်း ဖက်ထားပေးသလို ပျိုးကလည်း အဲ့နားမှာပဲ မလှုပ်မရပ်အချိန်ကြာကြာရပ်ပြီးငိုနေခဲ့သည်။
"မမ အဆင်ပြေရဲ့လား"
အဆင်မပြေတာကိုသိရက်နှင့် မေးသည့်မိုင့်ကို ပျိုးဘယ်လိုပြန်ဖြေရမလဲ။ မိုင်ကျေနပ်ဖို့ အလိမ်ညာဖြေပေးရမလား။ အမှန်တိုင်းဖြေရမလား။
"ပြေပါတယ်... ငိုချလိုက်လို့ တော်တော်သက်သာသွားတယ်ထင်တယ်"
ပျိုး စကားကြောင့် မိုင်သည် ပျိုးကိုဆွဲလှည့်လိုက်ပြီး မျက်ရည်တွေသုတ်ပေးလာသည်။
"အဲ့ဒါဆို မမလက်ကိုဆေးထည့်ပေးမယ်"
"ဘာမှမဖြစ်ပါဘူး ကိုယ့်ဘာသာပဲ"
"ဘာကိုမဖြစ်ရမှာလဲ! အနာပြန်ပွင့်သွားရင် ဘယ်လိုလုပ်မလဲ လာ"
မိုင်သည် ပျိုးကို ဧည့်ခန်းထဲမှာထိုင်ခိုင်းပြီး ဆေးသေတ္တာ သွားယူလိုက်သည်။ ပျိုး ငိုနေတာ ရပ်သွားပေမဲ့လည်း အရမ်းငိုထားလို့ တစ်ချက်၊ တစ်ချက် ရှိုက်နေသေး၏။
"မမ ငိုနေတုန်းလား?"
မိုင်သည် ပျိုးအနားကဆိုဖာအောက်မှာထိုင်ရင်း ပျိုး ငိုနေတုန်းထင်ပြီး မေးလာသည်။
"ဟင့်အင်း...မငိုတော့ပါဘူး မိုင်... ဆိုဖာ ပေါ်မှာထိုင်လေ"
"လက်ကို အနီးကပ်မြင်အောင်ပါ"
"မမ လက်ကြွပေးလို့ရပါတယ်"
"ဒါပေမဲ့ ညောင်းလိမ့်မယ်။ မမ ဒဏ်ရာနဲ့ မဖြစ်ဘူး"
အခုကျတော့လည်း မိုင်ဟာ သူမဟုတ်သလိုပါပဲ။ ဘာမှ မဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်ပူနေပြန်သည်။ မိုင် ပုံစံကို ပျိုး အနားလည်ဆုံးထင်ခဲ့တာ ဒါပေမဲ့ နားမလည်ပြန်ဘူး။
"မညောင်း..."
"ငြိမ်ငြိမ်နေသာ နေပါ မမ ရယ်... ဟိုးအရင်ကလည်း အောက်မှာပဲထိုင်နေကြပါ။ မမနဲ့ဆို ဘယ်တုန်းက ဆိုဖာပေါ်ထိုင်ရဖူးလို့လဲ"
မိုင် ပြောရင်း ပျိုး ပတ်တီးကိုဖြည်နေသည်။ ပျိုး လည်း မိုင့်စကားကြောင့် အရင်ကအကြောင်းတွေပြန်ပြီး ခေါင်းထဲရောက်လာမိသည်။ ဧည့်သည်တွေ အိမ်လာလည်း မိမိအကူကလေးလေးလိုပဲ မိုင်ဟာ အောက်မှာပဲ ထိုင်ရသည်။ ပျိုးနဲ့ တူတူရုပ်ရှင်ကြည့်တဲ့ အချိန်တွေရော မိုင်တစ်ခါမှ ဆိုဖာပေါ်မထိုင်ရပါ။
ဒါပေမဲ့ အဲ့ဒါတွေက ပျိုးနဲ့ ရှိနေတုန်းအချိန်တွေပါပဲ။ သို့သော် အခုတော့ဝဋ်လည်တာများလား။ ကုတင်ပေါ်မှာ ပျိုးပဲ အောက်ဖြစ်နေရတယ်လို့ ပျိုး ခပ်ကြောင်ကြောင် အတွေးတွေးမိ၏။
"မိုင်... ဘာလို့လဲ"
ပျိုး အတွေးလွန်နေပြီး အခုမှ ဒီကလေးကို ကြည့်မိတော့ ငိုနေသည်။
"မိုင်ကြောင့် ဒါဖြစ်ရတာ... ဒီအနာကြီးက ရုပ်ဆိုးတယ်"
မိုင် သဘောမကျစွာ ငိုပြီးပြောနေသည်။ မိုင် ပြောသလို ချုပ်ရိုးတွေနဲ့ နီရဲပြီးညိုနေတဲ့ ဒဏ်ရာက ဘယ်လှပါ့မလဲ။
"တော်တော်နာနေလား"
မျက်ရည်လေးတွေနဲ့ မော့ကာ ကြည့်ပြီးမေးတဲ့ မိုင် ကြောင့် ပျိုး နာကျင်ရတာတွေတောင်မေ့ပြီး မိုင့်ကိုအသည်းယားရပါသည်။ မိုင်ဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါလဲ။
"မနာပါဘူး မိုင်ရဲ့... အဲ့ဒါကြောင့် မငိုပါနဲ့နော်။ ပြီးတော့ မိုင့်ကြောင့်မဟုတ်ဘူး မမ ကိုယ့်ဘာသာ မဆင်မခြင်လုပ်လို့ပါ"
"ဟုတ်တယ် မမက အဲ့တုန်းကတော်တော်ဒေါသထွက်ဖို့ကောင်းတယ်"
"မမသိပါတယ် မိုင်ရယ်။ မငိုနဲ့တော့နော် ဆေးထည့်ပေးမှာမလား ထည့်ပေးတော့"
"အွန်း..."
မိုင်သည် ပျိုးကို ဖွဖွလေး ဆေးထည့်ပေးပေမဲ့လည်း တော်တော်စပ်၍နာပါသည်။ ထို့ကြောင့် လက်တွန့်သွားရသည်။
"တော်တော်နာလို့လား"
"ရတယ် မိုင်... မမ နာလား မနာလား ကြည့်မနေပဲ အမြန်ထည့်ပေးပါလား။ ညှာနေရင် ပိုကြာပြီးပိုနာနာခံနေရမှာစိုးလို့"
ပျိုး ပြောတဲ့စကားကိုနားလည်လို့ မိုင် ခံစားချက်အရမ်းကြီးမထည့်ပဲ အမြန်ပဲဆေးထည့်ပေးလိုက်သည်။ မိုင်ပေကပ်ကပ်လုပ်နေလျှင် ပျိုး ဝေဒနာ တော်တော်ခံစားရလိမ့်မည်။ မိုင် ဆေးထည့်ပြီး ပျိုးကိုကြည့်လိုက်တော့ မျက်လုံးမှိတ်ကာအောက်နှုတ်ခမ်းလေးကိုက်ပြီးကြိတ်ခံနေသည်။ ထို့ကြောင့် မိုင် ပတ်တီးလေး မြန်မြန် စီးပေးလိုက်သည်။
"မမ ပြီးပြီ! အရမ်းနာသွားသွားလား။ မိုင် တောင်းပန်ပါတယ်"
"ရပါတယ် မိုင်... အဲ့လောက်လည်းမဟုတ်ပါဘူး"
"ချွေးတွေတောင် ထွက်နေတာကိုဘာရတာလဲ။ အာ ဒါနဲ့ ဆရာဝန်ပေးတဲ့ ဆေးတွေသောက်ပြီးပြီလား"
"အဲ့...ဒါက"
"ဘာလို့ ဆေးကြောက်ရတာလဲ မမ ရယ် တကယ်ပါပဲ!!... မိုင် ဆေးသွားယူလိုက်ဦးမယ်။ နေဦး"
မိုင် ပြောပြီးပြီခြင်း ဆေးကိုအပြေးသွားယူလိုက်သည်။ မဟုတ်လျှင် ဒီဒဏ်ရာကပျောက်တာကြာကုန်လိမ့်မည်။ ဆရာဝန်ပေးသည့်အထဲ ပိုးသတ်ဆေးတွေလည်းပါတော့ သောက်ကိုသောက်သင့်သည်လေ။
"ရော့... သောက်လိုက်"
"မမ မသောက်ချင်ဘူး မိုင်... သူ့ဘာသာ..."
"မသောက်ရင် အနာဘယ်လိုကျက်ပါ့မလဲ။ လိမ္မာပါတယ် မမရယ်... နော်"
"ဟင့်အင်း..."
"ဟင်း!... မိုင် ဟိုလိုတိုက်မှသောက်မှာလား"
မိုင် သက်ပြင်းချပြီးပြောသည့်စကားကြောင့် ပျိုး ပါးလေးရဲသွားရသည်။ မိုင် ဘယ်စကားကိုဆိုလည်းဆိုတာ ပျိုး သိတာပေါ့။
"မ...မဟုတ်ပါဘူး"
"ဘာမဟုတ်တာလဲ"
"ဘာမှမဟုတ်ဘူး ပေးသောက်မယ်"
မိုင် လက်ထဲက ဆေးနဲ့ ရေခွက်ကို ယူပြီး ပျိုး သောက်လိုက်ရတယ်။
"ဝေါ့..."
ပြန်အန်ထွက်တဲ့ ပျိုးကိုကြည့်ပြီး မိုင် ခေါင်းခါမိသည်။ ပျိုး ဟာ တကယ်ဆေးမသောက်တတ်တာပဲ။
"မမ ကတော့"
"ရော့ထပ်သောက်"
"မသောက်ချင်တော့ဘူး"
"မရဘူးသောက်ရမယ် အဲ့ဒါမှအနာမြန်မြန်ပျောက်မှာလို့။ လိမ္မာပါတယ်ကွာ နော်"
ဒီလောက်စိတ်ဒုက္ခရောက်နေပုံရသည့် ပျိုးကို မိုင်လည်း မတိုက်ပဲထားချင်ပါသည်။ သို့သော် အဲ့လိုလုပ်လို့မှမဖြစ်တာ။ ထို့ကြောင့် ပျိုး ကို မိုင် အတင်းချော့မြူတိုက်နေရတယ်။
"မိုင် အမှုန့်ချေပေးမယ်လေ။ ရေနဲ့ မျောသောက်ရင်ရော?"
"အဲ့ဒါဆို ပိုဆိုးတယ်"
"ဆေးရုံဆင်းလာတုန်းက ဆေးတွေ ဘယ်လိုသောက်လဲ?"
မိုင် အမေးမှာ ပျိုးတိတ်ဆိတ်သွားသည်မို့ မိုင် မျက်ခုံးတစ်ဖက်အလိုလိုပင့်သွားရသည်။
"မမ မသောက်ဘူးလား!!"
မိုင် စိတ်ပျက်လက်ပျက်ကြည့်မိသည်။ သို့သော်ကံကောင်းသည်က ဆေးရုံမှာက ဆေးသွင်းတာများသည်မဟုတ်လား။ မိုင် ဘယ်လိုလုပ်ရမလဲ။ ကလေးတစ်ယောက်မလို့ ချော့တိုက်ရတယ်ဆိုထားတော့ အခုဟာက ပျိုးသည်ကလေးလည်းမဟုတ်။
"ဟင်း..."
မိုင် ထပ်ပြီးသက်ပြင်းရှည်ချလိုက်မိသည်။ ပြီးနောက် ဆေးတွေကို အမှုန့်ချေလိုက်ပြီး ရေနဲ့ရောလိုက်သည်။
"ဒါသောက်"
"မိုင် အိပ်ရအောင်နော်။ အဲ့ဒါတွေ မသောက်ပဲ ဆေးပဲ လိမ်းလည်းပျောက်သွားမှာပဲဟာကို"
"အဲ့လိုသာဆို ဆရာဝန်တွေ ဘာလို့ဆေးပေးတော့မှာလဲ မမရဲ့။ သောက်နော် မိုင် စိတ်ဆိုးချင်လာပြီ"
မိုင် စိတ်ဆိုးချင်လာပြီဆိုတာနဲ့ ပျိုး မနေနိုင်ပဲယူပြီးသောက်လိုက်တော့သည်။
"မမ ဒီတစ်ခါထပ်အန်ပြီးထွေးမထုတ်နဲ့နော်!!"
မိုင်ရဲ့ ဟန့်ကာသတိပေးတဲ့စကားကြောင့် မနည်းမျိုချရတော့ ခါးသက်သက်နဲ့ဝင်သွားသည့် ဆေးအရသာက အန်ချင်စရာပါ။
"မမက လိမ္မာလိုက်တာ ရော့"
မိုင်ဟာ ကြိုယူထားသည့်သကြားလုံးကို ကျွေးလိုက်တော့မှရှုံ့မဲ့နေသည့် ပျိုး မျက်နှာ နည်းနည်းပျောက်သွားသည်။ မိုင်လည်း ပျိုးရဲ့ ထိုပါးလေးကို ခပ်ဖွဖွကိုင်လိုက်လိုက်မိသည်။
"ဟိုတစ်ယောက်ရိုက်ထားတာ ပါးကလက်ရာတွေ ထင်နေတယ်"
မိုင့် အသံဟာ စိတ်ဆိုးသံမဟုတ်ပဲ ဝမ်းနည်းသွားသယောင်ပါ။
"မနာပါဘူး မိုင်ရဲ့ ပြီးတော့ သူ့ကိုစိတ်မဆိုးပါနဲ့"
ပျိုးကြောင့် မိုင် အခုမှပိုစိတ်ဆိုးချင်သလိုရှိသွားတော့သည်။ မိုင့်ရှေ့မှာမှ ကာပြောပေးနေရလား။
"ကျွတ်စ်... သူ့ကို စိတ်မဆိုးဘူး မမ ကို စိတ်ဆိုးတာ။ ဘာလို့အရိုက်ခံလာတာလဲ လက်ပါတာကိုပြန်မရိုက်ပဲ"
"အမှန်တော့ မမအရိုက်ခံသင့်လို့ပါ"
"မမ နော်!"
"ကဲပါ မိုင် သွားအိပ်တော့။ ဒါတွေ မမ ရှင်းလိုက်..."
"နေမကောင်းတဲ့ သူကဘာကိုရှင်းမှာလဲ မိုင်လုပ်မယ်"
"ဒါပေမဲ့..."
"စကားများတယ်ကွာ။ သွားနားတော့သွား မိုင်လုပ်လိုက်မယ်"
"ရတယ် မမ ကိုယ့်ဘာသာ..."
"ကဲ မမတော့လေ... တက်ပါတော့ဆိုနော် တက်တော့"
မိုင်သည် ပျိုး မျက်နှာကို လက်နှစ်ဖက်နဲ့ဖျစ်ရင်း ပြောလိုက်တာကြောင့် ပျိုးနဲ့မိုင် အကြည့်ချင်းဆုံသွားမိသည်။ ပျိုးတို့ကြား ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာ မိုင်အကြည့်တွေဟာ တဖြည်းဖြည်း ပျိုးနှုတ်ခမ်းလေးဆီရောက်သွားတော့သည်။ ထိုအခိုက်တန့်မှာ မိုင်ဟာ ချက်ချင်းဆိုသလို ပျိုး နှုတ်ခမ်းလေးကို နမ်းရှိက်လာသည်။
ပျိုးလည်း ထိုအနမ်းတွေကိုတုံ့ပြန်မိသည်။ အမှန်တော့ မိုင့်အကြည့်တွေမှာတင် ပျိုး တစ်လောကလုံးကိုမေ့လျော့သွားတာပါ။ မိုင်ဟာ ရည်းစားရှိနေသည်ဆိုတာကအစပေါ့။ အချိန်တော်တော်ကြာမှ အနမ်းတွေရပ်လိုက်ပြီး နှစ်ယောက်လုံးမောဟိုက်နေကြသည့်အဖြစ်သို့။ သို့သော် မိုင် ကတော့မောနေတဲ့ကြားက ရယ်လိုက်သည်။
"သကြားလုံး အရသာလေးချိုနေတာပဲ"
"အိပ်...တော့မယ် တက်...ပြီ"
ရှက်ရမ်းရမ်းပြီးတက်သွားတော့မည့် ပျိုး လက်ကိုဆွဲလိုက်ပြီး ပျိုးအရိုက်ခံရတဲ့ ပါးလေးကို မိုင်နမ်းလိုက်သည်။
"ဥံဖွ... ရဲနေတဲ့ လက်ရာလေး မြန်မြန်ပျောက်စေ"
ပျိုး ရုတ်တရက်ဆိုတော့ ကြောင်သွားပေမဲ့လည်း သဘောကျမိသည်။ မိုင် ဆီကချစ်တယ်ဆိုတဲ့ စကားကိုမပြောလည်း မိုင့်ဆီကဒီလိုအပေါ်ယံအတုယောင်မေတ္တာတွေရလည်းကျေနပ်ပါသည်။
ကြိုးရှည်ရှည်နဲ့လှန်းထားတယ်ဆိုတာ ဒါမျိုးလေ။ ဒါပေမဲ့လည်း ပျိုး အဆင်ပြေပါသည်။
"အခုထိ မနားကြသေးဘူးလား မျက်စိရှုပ်စရာပဲ! ကျွတ်စ်"
ဆူကီမှာ သူတို့နှစ်ယောက် နားနေပြီ အထင်နဲ့အောက်ဆင်းလာပေမဲ့ မျက်စိနောက်စရာမြင်ကွင်းတွေမြင်တော့ ခုနလေးတင်အငိုတိတ်ထားတဲ့ မျက်လုံးတွေက ပြန်ငိုချင်လာသည်။
"နားပြီ ဆူကီ... မမ အပေါ်တက်တော့မယ် မိုင်"
"ဟုတ် ပြီးမှ မိုင်လာမယ် အိပ်နှင့်"
ပျိုး နားအနားသို့ မိုင်ပိုတိုးကပ်ပြီးပြောလိုက်တော့ရင်ခုန်ရတဲ့ သူကပျိုးပါလေ။
"အ...အင်း မိုင်"
ပျိုး အပေါ်ထက်တက်သွားတော့မှ ဆူကီ့ဆီမှ အလိုမကျသံ ထပ်ထွက်ပေါ်လာသည်။
"နင်ကရောဘာလုပ်နေတာလဲ အိဗ် နင်လဲနားတော့"
"ငါကလား ခုနကမမကို ဆေးတိုက်ထားတာလေ။ အဲ့ဒါ မမက ဆေးနဲ့ရေတွေ ပြန်အန်ထုတ်ထားတာ ရှင်းမလို့"
"အိမ်အကူတစ်ယောက်ယောက်..."
"ရတယ် ဆူကီရဲ့... သူတို့လည်းနားချင်နေကြလောက်ပြီ ဒီအချိန်ကြီးကိုတော့ ဒုက္ခမပေးတော့ပါဘူး။ ပြီးတော့ မမကိစ္စပဲဟာ ငါလုပ်ပေးလိုက်မယ်။ အရင်ကလည်း လုပ်ပေးနေကြပဲဟာ"
"အင်း နင်ဆက်သာလုပ်နေလိုက်"
ဆူကီ ဆီကရွဲ့သဲ့သဲ့စကားကြောင့် မိုင် ပြုံးမိသည်။ ဆူကီက တစ်ခါတစ်ရံသိပ်စိတ်ကြီးတာပဲ။
"နင်ကရော"
"ရေလာသောက်တာ ရေငတ်နေလို့ငါသွားတော့မယ်"
ဆူကီပြောရင်း ထမင်းစားခန်းထဲက ရေခဲသေတ္တာဆီသွားနေတုန်း အနောက်က အသံသေးသေးလေးထွက်လာသည်မို့ ဆူကီခြေလှမ်းတို့ရပ်သွားရသည်။
"နင်အဆင်ပြေရဲ့လား ဆူကီ နင်ငိုထားသလိုပဲ"
"မငိုပါဘူး ငါအဆင်ပြေ..."
"ငါ့ကိုမကြိုက်ပါနဲ့ ဆူကီ။ ငါက မကောင်းတဲ့သူမို့လို နင်နဲ့မတန်ဘူး"
ဆူကီ ချစ်နေတာကို မိုင်သိနေမယ်ဆိုတာ ဆူကီသိပြီးသားပါ။ အဲ့ဒါကို မသိချင်ယောင်ဆောင်၊ လျစ်လျူရှုထားတဲ့မိုင့်ကို ဆူကီလည်း ဘာလို့ချစ်နေမိလဲ မသိတော့ပါ။
"မကြိုက်ပါဘူး ငါနင့်ကို မကြိုက်ဘူး အိဗ်..."
ဆူကီ ခပ်တင်းတင်းလေသံဖြင့်ပြောရင်း မိုင့်ဘက်လှည့်လိုက်သည်။
"တော်သေးတာပေါ့ ငါက..."
"ချစ်တာ ငါနင့်ကိုချစ်တာ အိဗ်"
"ဆူကီ..."
"အဲ့လိုဖြစ်လာအောင် နင်လုပ်ခဲ့တာလေ။ နင်ဘာလို့ အဲ့တုန်းက ငါ့ကိုနမ်းခဲ့တာလဲ။ ပြီးတော့ မသိချင်ယောင်ဆောင်တယ်! မေ့ချင်ယောင်ဆောင်တယ်!... ဘာမှမဖြစ်ခဲ့သလို၊ ဘာတုန်းကမှမရှိခဲ့တဲ့အနမ်းတစ်ခုလို နင်လုပ်ရက်တယ်။ အိဗ်! နင်ကလေ တကယ်မုန်းဖို့ကောင်းတယ်"
"အဲ့ဒါကြောင့် ငါနင့်ကို မချစ်စေချင်တာ၊ မကြိုက်စေချင်တာ ဆူကီရဲ့"
"ငါတစ်ခု အရမ်းသိချင်မိတယ်။ ငါရော နင့်ကို ချစ်တယ် ဖွင့်ပြောရင် နင်ငါ့ကို ပြန်ချစ်မှာလား တခြားလူတွေလိုလေ?"
ဆူကီ အမေးမှာ မိုင် ရုပ်တည်သွားပြီး ငြိမ်သက်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းစုံပြီး စကားမပြောတာ မိနစ်ပိုင်းမျှကြာ၏။
"အိဗ်?"
"ငါနင့်ကိုချစ်ပြီးသားပါ ဆူကီ။ ဒါပေမဲ့ ရည်းစားတစ်ယောက်လို၊ ချစ်သူတစ်ယောက်လို မဟုတ်ဘူး ဆူကီ ...သူငယ်ချင်းတစ်ယောက်..."
"အဲ့ဒါဆို အဲ့တုန်းကအနမ်းက ဘာအဓိပ္ပာယ်လဲ ဟမ်"
"အဲ့တုန်းက မူးနေခဲ့ရုံပါ ဆူကီ။ မပြောသင့်တာ သိပေမဲ့ ငါမူးနေခဲ့လို့ပါ"
"ဒါပေမဲ့ နင်အဲ့လိုမူးနေခဲ့တာ တစ်ခုလေးနဲ့တင် ငါ့ဘက်က ခံစားချက်တွေ ပိုလာခဲ့ရတယ်။ အဲ့ဒါကိုနင်သိလား မကောင်းတဲ့မိန်းမရဲ့"
ဆူကီ ငိုနေမိပြီ။ မငိုချင်ပေမဲ့လည်း ဘယ်သူက နေနိုင်မှာလဲ။ မိုင့်ရဲ့အနမ်းတစ်ခုကြောင့်နဲ့ ချစ်လာခဲ့ရတဲ့ ဆူကီစာ အခုတော့ မူးနေတာဆိုတဲ့ အကြောင်းပြချက်တစ်ခုလေးနဲ့တင် ဒီအချစ်တွေကို ဘယ်လိုဖျက်စီးရမလဲ။
"နင်ကလေ ငါ့ကိုတစ်ချက်လေးတောင် မလှည့်ကြည့်ဘူး။ ငါချစ်နေတာကို သိနေတာတောင်!! နင့်အတွက် ငါက ဒီလောက်တောင်အရေးမပါဘူးလား။ နင့်အတွက်အပျော်တောင် မတွဲချင်လောက်တဲ့အထိလေ"
ဆူကီ့အသံတွေ တိမ်ဝင်သွားသည်။ ချစ်တယ်ပြောတဲ့လူတိုင်းကို မိုင်ဟာ ပြန်တွဲမယ်ပြောခဲ့ပေမဲ့ ဘာကြောင့် ဆူကီ့ကိုကျတော့ မတွဲချင်ရတာလဲ။
"ဆူကီ ငါ..."
ဆူကီ အနားကို မိုင်သွားချင်ပေမဲ့ ဆူကီ ကမလာဖို့ လက်ဟန့်တားလိုက်တာကြောင့် မိုင် ခြေထောက်တွေက မရွေ့ပဲ ဒီတိုင်းကြည့်နေမိသည်။ ဆူကီကတော့ ရေဘူးတောင်မယူတော့ပဲ အပေါ်ပြေးတက်တော့ လှေကားပေါ်ကနေ နားထောင်နေသည့် ပျိုးကိုတွေ့လိုက်ရသည်။
ပျိုး တမင်သက်သက်နားထောင်ဖို့ ရည်ရွယ်တာ မဟုတ်ပေမဲ့ အဲ့လိုဖြစ်သွားခဲ့သည်။ ပျိုးဟာ မိုင့်မျက်နှာလေးကို မြင်ချင်သေးလို့လှေကားအကွယ်ကနေ မိုင့်လှုပ်ရှားမှုတွေကိုကြည့်နေရုံပါ။
ဆူကီလည်း မျက်မုန်းကျိုးနေတဲ့ ပျိုးကိုဝင်တိုက်ပြီး သူမအခန်းထဲကို ဝင်သွားလိုက်သည်။ မုန်းတယ် ပျိုး ဆိုတဲ့သူရော။ ရူပါဆိုတဲ့ တစ်ယောက်ကိုရော။ မိုင့် နားမှာရှိနေတဲ့ လူမှန်သမျှ ဆူကီမုန်းသည်။ အခုတော့ မိုင့်ကိုအမုန်းဆုံးပါပဲ။ ပြီးတော့ အရမ်းလည်းချစ်ပါသည်။
"နင်လိုချင်ရင် ချစ်ပေးနိုင်ပါတယ်... ဒါပေမဲ့ တစ်ချိန်ကျရင် ငါတို့သူငယ်ချင်း သံယောဇဉ်ပြတ်တောက်သွားမှာစိုးလို့ပါ ဆူကီရယ်"
အပေါ်ပြေးတက်သွားတဲ့ ဆူကီ့ကိုကြည့်ရင်း မိုင် ဝမ်းနည်းစွာပြောမိသည်။ ချစ်ပေးနိုင်တာပေါ့။ မိုင်က ကမ္ဘာပေါ်က လူတွေအကုန်လုံးကိုချစ်ပေးနိုင်တာပေါ့။ မိုင် ကမ္ဘာပေါ်မှာ မချစ်ပေးနိုင်တဲ့သူက တစ်ယောက်ပဲရှိသလို။ မမုန်းနိုင်တဲ့သူဟာလည်းတစ်ယောက်ပဲရှိ၏။
...
"အဟမ်း... မ"
ချောင်းဟန့်သံလေးနဲ့ မ' လို့ခေါ်လိုက်ကတည်းက သူချစ်ရတဲ့ အိဗ်ဆိုတာ ရူပါ သိလိုက်ပါသည်။
"အိဗ် ရောက်နေတာလား ဆောရီးကွယ်... မ' မမြင်လိုက်ဘူး အလုပ်ရှုပ်နေတာနဲ့"
"ရှူတင်မှာ မ' လိုလူက လူတိုင်းကိုမမြင်တာ ဖြစ်သင့်ပါတယ်နော်... ပြီးတော့ အိဗ်ကသာ တောင်းပန်ရမှာပါ မ' ရယ် မနေ့က.."
"ဟိုး...ဟိုး အဲ့ကိစ္စဆိုမတောင်းပန်ပါနဲ့။ မ' နားလည်ပါတယ် ဘာတွေဖြစ်သွားတာလဲ မ'လည်း မသိလိုက်ပေမဲ့ ပြဿနာတစ်ခုခုတက်သွားတာကိုတော့ ရိပ်မိလို့ အိဗ် ပြန်တာသိပါတယ်။ အဲ့ဒါကြောင့် မမကို တောင်းပန်ဖို့မလိုဘူး"
"အား... နားလည်မှုရှိတဲ့ မ' က ချစ်ဖို့ကောင်းလိုက်တာ။ နားလည်ပေးတတ်တဲ့ကောင်မလေးတွေကို တကယ်ချစ်တာ"
"အိဗ်! အိဗ်!! အခုထိ ခြေရှုပ်နေသေးတာလား? မ' က အိဗ် အတွက်! အပျော်ပဲလား"
ရူပါရဲ့ မေးခွန်းကြောင့် မိုင် နည်းနည်းစိတ်ဆိုးမိပြီး ချက်ချင်းခွန်းတုန့်ပြန်မိသည်။
"မ' မယုံချင်ကြည်လည်း မယုံပါနဲ့ မ' နဲ့ တွဲလိုက်ပြီးကတည်းက အကုန်လုံးကိုဖြတ်ခဲ့တာ...အိဗ် အချစ်ကို မ' မယုံလည်း ရပါတယ်"
'မမ ကလွဲလို့ပေါ့'
မိုင် နောက်စကားတစ်ခွန်းကိုတော့ စိတ်ထဲက ပြောလိုက်သည်။ တကယ်လည်း သူ အကုန်ဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ အပိုင်လေးကလွဲရင်။
"တကယ်လား...?"
"တကယ်ပါ မ'ကို အတင်းယုံကြည်ပေးဖို့ မတောင်းဆို..."
"အိဗ်ကို မ' ယုံပါတယ်"
ရူပါရဲ့ စကားကြောင့် မိုင်ပြုံးမိသည်။ မိုင့်ကို မယုံကြည်တဲ့သူက ဘယ်သူရှိလို့လဲ။
"အဲ့ဒါကြောင့် မ' ကို ချစ်နေရတာ"
မိုင် ပြောရင်း ရူပါ့ပါးလေးကို ဆွဲလိုက်သည်။ ရူပါ့ကို မိုင်တကယ်ချစ်ပါသည်။ ရူပါဟာ အရမ်းလှတဲ့မိန်းမဆိုပေမဲ့ မိုင့်အတွက်တော့ ချစ်ဖို့ကောင်းသည်မဟုတ်လား။
"အိဗ်"
"ပြောပါရှင့်"
"မ' ကိုဘယ်တုန်းက စချစ်ခဲ့တာလဲဟင်။ ပြီးတော့ ဘာလို့ချစ်ခဲ့တာလဲ?"
"မ' ကိုလား?"
"အင်းလေ ဘာတုန်းကချစ်ခဲ့တာလဲလို့။ ဘာလို့ချစ်ခဲ့တာလဲ?"
"မ' က သိချင်လို့လား?"
"သိချင်လို့မေးတာပေါ့"
မျက်နှာလေးစူပုပ်လာတဲ့ ရူပါကြောင့် မိုင် ထပ်ပြုံးလိုက်မိပြန်သည်။
"အဲ... အဲ့တုန်းက အိဗ် မှတ်မှတ်ရရ ကျောင်းပန်းချီပြိုင်ပွဲအတွက် Japan ကိုသွားမလားလို့ ဆရာကသူ့ရုံးကို ခေါ်မေးပြီး အပြန်ကျောင်းလျောက်လမ်းမှာပေါ့... အဲ့မှာစချစ်မိတာ။ လေညင်းခံနေတဲ့ မ' က အိဗ်နှလုံးသားထဲဝင်လာတာ။ ပြောရရင်မြင်မြင်ချင်း ချစ်မိသွားခဲ့တာ"
မိုင် ရင်ထဲကထပ်ပြောလိုက်သေးတဲ့ စကားကိုတော့ ရူပါမကြားနိုင်ပါ။ ရင်ထဲမှာ မိုင်တစ်ယောက်တည်း ကြားသိတဲ့စကားဟာတော့ "မ'က လူတစ်ယောက်နဲ့ တူလွန်းလို့" တဲ့လေ။
"လျောက်ပြောပြန်ပြီ"
"တကယ် အဲ့တုန်းက မ' ဆံပင်တွေ လေထဲဝဲနေပြီး တော်တော်လှတယ်"
"မမ လိုပဲ"... မိုင် ဟာစိတ်ထဲမှာ ပျိုး နဲ့ နှိုင်းနှိုင်းပြီး ယှဉ်နေမိသည်။ "ဟင့်အင်း မမ က ပိုလှတယ်" လို့လည်း တစ်ဆက်တည်း စိတ်ထဲပြောမိပြန်သည်။ မိုင် တရားသလိုများဖြစ်သွားလားမသိပေမဲ့ အစတည်းက မိုင်ဟာ တရားတဲ့သူမှမဟုတ်ပဲကို။ ငယ်ငယ်တည်းကသာ နူးညံ့တဲ့ မေတ္တာတရားတွေကိုသာရခဲ့ရင် အခုချိန် မိုင် ဒီပုံစံဖြစ်နေပါ့မလား။
"အိဗ်...အိဗ်!!"
"ဟု... ဟုတ်"
"ခေါ်နေတာမကြားဘူးလား?"
"ဟီး အဲ့တုန်းကကိစ္စလေးကို သတိရသွားလို့ပါနော်"
"အိဗ်ကတော့လေ!"
ရူပါသည် မိုင့်ကို မျက်စောင်းလေးနှင့်ပြောပေမဲ့ နှုတ်ခမ်းလေးကတော့ ပြုံးနေပါသည်။
"အိဗ် ဒီနေ့လေ.."
"ဆက်ပြောလေ? မ' ဘာလို့လဲ"
"ဟိုဒီနေ့ မ' အိမ်လိုက်ခဲ့ပါလား"
"မ' အိမ်? ဘာလို့လဲ ဘာပွဲရှိသေးလို့လဲ?"
ရူပါသည် မိုင့်အူကြောင်ကြောင် အမေးစကားကြောင့် မျက်စောင်းနဲ့ထိုးလိုက်တော့သည်။
"အိဗ်က အခုကျတော့ ငတုံးကျနေတာပဲ။ တော်ပြီ ဘာမှ မဟုတ်တော့ဘူး"
အဲ့တော့မှ မိုင် အဓိပ္ပာယ်နားလည်သွားပုံပေါ်ရသွားပြီး အံ့ဩစွာကြည့်လိုက်မိသည်။
"အိုး မ' က ဒီနေ့ အိဗ်ကို အိမ်လိုက်အိပ်စေချင်တာလား"
မိုင် အမေးကို ရူပါဟာ ရှက်ရှက်နှင့် ခေါင်းလေးငြိမ့်ပြတော့သည်။
"မ' ကကွာ ချစ်ဖို့ကောင်းလိုက်တာ! ဘာလိုဒီလောက်တောင်ပြုစားနေရတာလဲ။ ချစ်လိုက်တာနော်"
မိုင် ထိုနေကတည်းကစပြီး အိမ်မှာ သိပ်မကပ်တော့ပါ။တစ်ပတ်မှာ လေးရက်လောက် အိမ်ပြန်မလာခဲ့ဘူး။ ပျိုး သိနေပေမဲ့လည်း ဘာမှမပြောနိုင်ပဲ ကြိတ်ငိုခဲ့ရတဲ့ နေ့ရက်တွေ အများကြီးရှိလာသည်။ ချစ်ရတော့လည်း ပျိုး နှလုံးသားဟာပေးဆပ်ရုံသပ်သပ်ပေါ့။
ပျိုးအောက်ဆင်းလာတော့ ဧည့်ခန်းကနေမျက်စောင်းနဲ့ ဆူကီကြည့်နေသည်။ အစက ဆူကီနဲ့ ပြောရမှာအဆင်မပြေမှာသိလို့ မပြောချင်ပေမဲ့လည်း ပျိုး မရတော့ပါ။
"ဆူကီ စကားခဏပြောလို့ရမလား"
"ဘာပြောစရာရှိလို့လဲ။ အိဗ် ပြန်မလာတဲ့ ကိစ္စလား... အဲ့ဒါတော့ ဆူကီ လည်းမသိ..."
"ဟင့်အင်း"
ပိတ်ပြောဖို့ ကြံနေသည့် ဆူကီစကားလေးမဆုံးခက် ပျိုး သည်ခေါင်းခါရင်းပြောကာ ဆူကီ ဘေးနားဝင်ထိုင်လိုက်သည်။
"မိုင့်ကို ဗွေမယူပါနဲ့ ။ မိုင်က မမ ကြောင့်သာ မဟုတ်ရင် ဒီလိုကောင်မလေးဖြစ်လာမှာမဟုတ်ဘူး"
"သိပါတယ် အားလုံး ရှင့်ကြောင့်ဆိုတာ"
မုန်းတီးနေတဲ့အကြည့်ရော ဒေါသတွေပါရောယှက်နေတဲ့ ဆူကီမျက်ဝန်းတွေကြောင့် ပျိုး ပြုံးလိုက်သည်။
"မိုင် အကုန်ပြောပြထားတယ်ထင်တယ်။ ဟုတ်ပါတယ် မမ ကြောင့်ပါ... မုန်းဖို့ကောင်းတယ်မလား"
"အင်း အိဗ် နေရာကိုဝင်ကြည့်ပြီး ခံပြင်းလွန်းလို့ ကလေးတစ်ယောက်ကို ဘာလို့များ!.."
ဆူကီ ပက်ပက်စက်စက်တွေ ပြောလိုက်ချင်ပေမဲ့ စိတ်ပြန်လျော့လိုက်သည်။
"ဒီမှာ ဆောင်းရိပ်ပျိုး!... ရှင်အဲ့လိုတွေလုပ်ခဲ့ပြီး ဘာလို့အခုမှ အိဗ်ကိုလာချစ်ပြနေရတာလဲ။ ချစ်လွန်းလို့ နာကျင်အောင်လုပ်ခဲ့တယ်တော့မပြောနဲ့နော်။ တကယ်ချစ်ရင် ကိုယ်ချစ်တဲ့ သူကို နာကျင်အောင် မလုပ်ဘူး!"
"အရှိုက်တည့်တည့်ထိစေတဲ့ စကားလုံးဆိုတာ ဒါမျိုးထင်တယ်။ ဆူကီ မှန်ပါတယ်။ တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူကို နာကျင်အောင်မလုပ်ဘူး။ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိလို့လုပ်တယ် ပြောရင် အကြောင်းပြချက်ရှာတယ်လို့ဖြစ်နေမလား"
"သေချာတာပေါ့ သေချာပေါက်ပဲ"
"ဒါနဲ့ ချစ်လို့နာကျင်အောင်လုပ်တယ်ဆိုတဲ့ကိစ္စကို ဘယ်လိုလုပ်သိလဲ?"
"အိဗ် ပြောပြတာလေ"
ပျိုး မျက်နှာလေး ဖျော့တော့သွားပြီး အပြုံးတွေချက်ချင်းပျောက်ရှကုန်သည်။
"သူသိနေခဲ့တာကို"
လေသံတိုးတိုးလေးနဲ့ပြောပေမဲ့ ဆူကီ ကြားလိုက်ရသည်လေ။
"ဘာလဲ ပျိုး က သူ့ကို အဲ့လိုလုပ်ပေးထားတာကို သူသိရင်သူ ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ထားတာလား?"
"အမှန်တိုင်းပြောရရင် မျှော်လင့်မိတယ်"
"ဟား ဒီလိုတွေ လုပ်ပြီးမှ သူ့ရဲ့ ခွင့်လွှတ်မှုကို လိုချင်တယ်ပေါ့လေ။ မရှက်တက်ဘူးလား သူဘယ်လောက်နာကျင်ခဲ့ရလဲ မတွေ့ဘူးလား?"
ဆူကီ စကားက ပျိုး ကို နည်းနည်းဒေါသထွက်သွားစေသည်။
"ငါ့အတွက်ရော! လွယ်ကူတယ်ထင်ခဲ့လို့လား။ ဘယ်သွားသွား စောင့်ကြည့်နေတဲ့ မျက်လုံးတွေကြားမှာ ငါနေရတာ လွယ်ကူမယ်ထင်လား! အိမ်မှာ စောင့်ကြည့်တာ အားမရလို့ကျောင်းမှာပါ စောင့်ကြည့်ခံနေရတဲ့ လူတစ်ယောက်ရဲ့ဘဝကို ဆူကီ နားလည်မှာမဟုတ်ပါဘူး။
အဲ့တုန်းက အဲ့လိုသာမလုပ်ခဲ့ရင် မိုင်ဆိုတဲ့ ကလေးမက အခုချိန်မှာ ခေါင်းထောင်လို့
You are reading the story above: TeenFic.Net