Ch-3

Background color
Font
Font size
Line height

Uni

နောက်တနေ့မနက် ကျန်းချန်နိုးတာနဲ့ အမြန်ထပြီး ပြင်ဆင်လိုက်တယ် ပြီးတာနဲ့ လီရန်ကို ခေါ်ကာ တရားရုံ​တော်ကို စာချုပ်ချုပ်ရန်သွားလိုက်သည်...မသွားခင်အားချီကို မိုမို့ဆီ သူတရားရုံးတော်ကို သွားတယ်ဆိုတဲ့အကြောင်း သွားပြောခိုင်းလိုက်သည်....

တရားရုံတော် မှာစာချုပ်ချုပ်ဆိုပြီးနောက် ရုံးတော်အရာရှိကို မြို့ထဲက အကောင်းဆုံးစားသောက်ဆိုင် ဖြစ်တဲ့ ဖူးချိုင်မှာ ဧည့်ခံလိုက်သည်....

ဖူးချိုင်ကနေ ထွက်လာတော့ ကျန်းချန်တစ်ယောက်တော်တော်လေး ရင်နာမိသည်.... အကောင်းဆုံးစားသောက်ဆိုင် ဆိုတာနဲ့အညီ ပိုက်ဆံလည်းတော်တော်ကုန်သည်... ဒါတောင် အရာရှိက အားနာ၍ ဟင်းပွဲနည်းနည်းသာမှာသည်.... အသားဟင်း ၃ ပွဲ နဲ့ ဟင်းရည် ၁ ခွက်က ငွေချောင်း 2000 ကျော်ကုန်သည်....

အခုလက်ရှိမှာ သူတော်တော်မွဲနေသေးပုံရသည်....သူ စဥ်းစားရင်း မင်ကျောင့် (မြရတနာ) ရတနာဆိုင်ရှေ့ရောက်မှ သူတို့လက်ထပ်ပွဲနေ့တွင် မိုမို့ကိုပေးရန် ချစ်သက်လက်ဆောင် မဝယ်ရသေးမှန်းသတိရလိုက်သည်....အရင်တုန်းက မိုမိုကို မချစ်၍ မသိချင်ယောင်ဆောင်ခဲ့သည်....အဲ့အကြောင်းတွေကိုတွေးတိုင်း ကိုယ့်ကိုယ်ကို ဒေါသထွက်သည်....

လီရန်ကို အပြင်မှာနေခိုင်းခဲ့ပြီး သူပဲ မင်ကျောင့် ရတနာဆိုင်ထဲကိုဝင်လိုက်သည်.....မင်ကျောင့်မှာ အထပ် ၃ ထပ်ရှိပြီး ပထမထပ်မှာ ငွေထည်နဲ့ပက်သက်တဲ့ ရတနာ မျိုးစုံရှိသည်....ဒုတိယထပ်တွင် ရွှေထည်နဲ့ ပက်သက်တဲ့ ရတနာများအပြင် ရှားပါးပိုးထည် များရှိသည်....တတိယထပ်တွင်တော့ ကျောက်စိမ်း/ရှားပါးကျောက်/ပုလဲ များနဲ့ ပြုလုပ်ထားသော အဖိုးတန်ရတနာများရှိပေသည်......

အခုလက်ရှိမှာတော့သူ့အတွက် တတိယထပ်က ဝေးကွာနေသေးသည်....ဒုတိယထပ်တွင်ဘဲ ဝယ်လို့ရနိုင်အုံးမည်.... သူ ဒုတိယထပ်ရောက်တော့ အကူကောင်မလေးတစ်ယောက် လာရောက်ဧည့်ခံသည်....သူလည်း အဲ့အကူကောင်မလေးကိုဘဲ ရွှေထည်ကိုမှ ကျောက်စိမ်းပါတဲ့ ရတနာမျိုးစုံကိုပြခိုင်းလိုက်သည်...

ပြသပေးလာတဲ့ပစ္စည်း များထဲမှ ကြာပန်းပုံ ဆံထိုး၊ ရေစက်ပုံစံ နားကပ်လေးနှင့် ပန်းခက်ပုံ လက်စွပ်တို့ကို ရွေးဝယ်လိုက်သည်....ကြာပန်းကို ရွှေထည်နဲ့ပြုလုပ်ထားပြီး ဝတ်ဆံက ကျောက်စိမ်ဖြစ်တဲ့အတွက် ရွှေချောင်း 15 ချောင်း.. ရေစက်ပုံစံ နားကပ်လေးက ရွှေချောင်း 5 ချောင်းနဲ့ လက်စွပ်က ရွှေချောင်း 2 ချောင်း စုစုပေါင်း 22 ချောင်း ပေးရသည်...စျေးကြီးပေမဲ့ လက်ရာကတော်တော်လှသည်မို့ ပေးရတာတန်ပါသည်.....

ရတနာဘူးကို လက်ထဲမှာကိုင်ထားကာ အိမ်ပြန်လိုက်ည်...သူ့အိပ်ဆောင်ထဲတွင် ရတနာဘူးကိုသေချာသိမ်းထားလိုက်သည် နောက်နေ့ညမှ မိုမို့ကိုပေးတော့မည်.....ပြီးမှ နေရာလွတ်ထဲကို ဝင်လိုက်သည်....မနေ့က စိုက်ထားတဲ့ စပါးတွေက မှည့်နေပြီမို့ ရိတ်သိမ်းလိုက်ကာ မျိုးစေ့များ မဝယ်ရသေးသည်ကို အမှတ်ရလိုက်သည်......ဒီနေ့လည်း စပါးကိုသာထပ်စိုက်လိုက်ပြီး စမ်းချောင်းရေ တစ်ပုလင်းကိုယူကာ အပြင်ပြန်ထွက်လာလိုက်သည်.....

ထိုရေတဝက်ကို အားချီကိုပေးကာ ဒီနေ့ဟင်းချက်တဲ့အထဲ ထည့်ခိုင်းလိုက်ပြီး ဟင်းကိုပိုချက်ကာ မိုမို့ဆီပါပို့ခိုင်းလိုက်သည်....ကျန်တဝက်ကို မိုမို့ကို ပေးရန် လာလိုက်တော့ သူလေးအိပ်နေသဖြင့် သူလေးရဲ့အနီးကပ်အစေခံဖြစ်တဲ့ အားပိကို နိုးလာရင်သေချာသောက်ခိုင်းရန် မှာကာပေးခဲ့လိုက်သည်....

အိမ်တော် ကို ပတ်ကြည့်ရင်း နောက်နေ့တွေမှာ သူတို့ပြောင်းမည့်အကြောင်းကိုတွေးရင်း ပျော်လည်းပျော်သလို ဝမ်းလည်းနည်းမိသည်...ဘဝသစ်ကို မိုမိုနဲ့ အတူ စရမှာပျော်ပေမည့် သူ့မိဘတွေရဲ့ အမွေခံအိမ်ကိုရောင်းလိုက်ရတာကိုတော့ ဝမ်းနည်းမိသည်....မရောင်းဘဲထားခဲ့ပါက နောင်မှာ ကျန်းယန်တို့နဲ့ပြန်ဆုံနိုင်သည်....

မှောင်ရိပ်သန်းလာမှ အိပ်ဆောင်ကိုပြန်ကာ ညစာစားလိုက်သည်.... စမ်းချောင်းရေ အသုံးပြုထားလို့ အလွန်မွှေးကြိုင်ကာ အရသာအလွန်ရှိပါသည်....ညစာစားပြီးနောက် အိပ်ရာထဲဝင်ကာ နေရာလွတ်အကြောင်း စဥ်းစားမိသည်...

အရင်ဘဝတုန်းက နေရာလွတ်ထဲ မှာပဲစိုက်ပြီး အပြင်ကိုယူကာ တိုက်ရိုက်ရောင်းကြသည်...အဲ့ထဲက ဆန်တွေက အပြင်က ဆန်တွေထက် အရသာရှိတော့ စျေးနှစ်ဆလောက်ရသည်....ကျန်းယန်ရဲ့အကြံတိုင်း ဆန် ဂျုံ နှစ်မျိုးကိုသာစိုက်ပြီး တခြားဟာကိုမစိုက်ခဲ့ကြပေ...

အခုတော့ မျိုးစုံစိုက်ရမယ်...ပြီးရင် အပြင်မှာပါ စမ်းချောင်းရေကို အသုံးပြုပြီးစိုက်လို့ရမလားလို့ စမ်းကြည့်ရမည်....

သူမှတ်မိတာသာမမှားရင် မိုမိုက သစ်သီးတွေ စားရတာ သဘောကျသည် အထူးသဖြင့် စတော်ဘယ်ရီနဲ့ ဖရဲသီးဖြစ်သည်..ဒီခေတ်တွင် ထိုအသီးတွေက မော်ဒန်ခေတ်လို အရသာမရှိသလို ရှားပါးပေသည်..... နောက်နေ့တွင် အားချီကို မျိုးစေ့ အများအပြားဝယ်ခိုင်းရမည်......

ဒါမှသူတို့ပြောင်းတဲ့အခါ လမ်းခရီးတွင်စားဖို့ ပူစရာမလိုတော့ဘူး.....သူ့လုပ်ရပ်တွေ ပေါ်သွားမှာမစိုးရိမ်ပေ အရင်တုန်းကလည်း သူ့လူယုံတွေ အကုန်သိသည် ဘယ်သူမှ သူ့ကိုသစ္စာမဖောက်ခဲ့ပေ....

မိုမို့ကိုတော့ အဲ့မတိုင်ခင်ပြောပြဖို့ စီစဥ်ထားသည် လီရန်တို့ကိုရော.... ဒါမှ သူတို့ပြောင်းတဲ့အခါ ပစ္စည်းနည်းနည်းဘဲယူပြီး ကျန်တာကို နေရာလွတ်ထဲဘဲထည့်ထားလိုက်မည်...

မြို့တစ်မြိုနဲ့ တစ်မြို့ကို အနည်းဆုံး ၅ရက်ကျော် ခရီးသွားရသည်... သူတို့ပြောင်းမည့်မြို့ကို ရောက်ဖို့ဆို ၁၃ ရက်သွားရမည်ထင်သည်....လမ်းခရီးတွင် ပစ္စည်းအများကြီးပါလို့အဆင်မပြေပေ အန္တရာယ် လည်းအလွန်များလှသည်.....သူ့အတွေးတွေကို သိမ်းကာအိပ်ရာဝင်လိုက်တော့သည်...မနက်ဖြန်က သူ့အတွက် အမျှော်လင့်ရဆုံး နေ့ဖြစ်သည်.....

မနက်အစောကြီးတွင် အားချီ သူ့ကိုလာနှိုးတော့ သူထကာပြင်ဆင်ပြီး သတိုးသားဝတ်စုံကို ဝတ်လိုက်သည်.....မိုမိုတို့ဘက်တွင်လည်း သတိုးသမီးဝတ်စုံကို ဝတ်ဆင်ကာအလှပြင်နေဆဲဖြစ်သည်....

သတိုးသားဝတ်စုံဖြင့် မှန်ထဲ​​ကြည့်ကာကျေနပ်နေတုန်း ဒုတိယသခင်းလေးရောက်လာပြီ ဖြစ်ကြောင်းလာပြောသောအခါ ခဏလောက် တုန့်ဆိုင်းနေပြီးမှ အပြင်ကိုထွက်လာလိုက်သည်....

အပြင်ထွက်လိုက်တော့ သူ့ကို ပျော်ရွှင်စွာနှုတ်ဆက်လာတဲ့ ကျန်းယန်နဲ့သူ့ဇနီး ကိုကြည့်လိုက်သည်....အခုတော့ သူတို့ကို မိဘတွေကြောင့်ရော အမုန်းလက်ကိုင်မထားချင်တာကြောင့်ရော ညီအဖြစ်အသိအမှတ်ပြုလိုက်မည် ဒါပေမဲ့ ရှေ့လျှောက်ဂရုစိုက်တော့မည်မဟုတ်ပေ.....ဒါကြောင့် ပြန်ပြုံးပြကာနှုတ်ဆက်လိုက်သည်.......

ခဏအ​ကြာတွင် ဧည့်သည်များရောက်လာ၍ ဧည့်ခံနေလိုက်သည်.....မဂ်လာအချိန်ရောက်တော့ သတို့သမီးကို ခေါ်လာကြပြီး အခမ်းအနား စတင်လိုက်သည်......
ပြီးမှ သတို့သမီးကို အိပ်ဆောင်ကို လိုက်ပို့လိုက်ပြီးသူကတော့ ဧည့်သည်တွေကို ဧည့်ခံနေလိုက်သည်......

ကျန်းယန်တို့ဆီသွားကာ မနက်ဖြန်မှ ပြန်ရန်သွားပြောလိုက်သည် သူတို့ပြောင်းရွှေ့မယ့်အကြောင်းပြောရအုံးမည်.....

မဂ်လာဦးအခန်းထဲက သတိုးသမီး အသစ်စက်စက်ကလေးကလည်း အရမ်းကိုပျော်နေသည်...ကော အလာကို ငြိမ်ငြိမ်လေးထိုင်ကာစောင့်နေမိသည်...ဒီနေ့ညကစပြီး သူက ကောရဲ့ဇနီးဖြစ်သွားပြီဆိုတဲ့အတွေးက သူ့ကိုပိုပျော်စေသည်....ခဏကြာတော့ တံခါးဖွင့်ကာ ကောဝင်လာသည်..ကောက တံခါးနားတွင်ရပ်ကာသူကို စိုက်ကြည့်နေတာကိုခံစားရတော့ ရှက်နေမိသည်.....

ဧည့်သည်အားလုံးပြန်မှ သူလည်း မဂ်လာဦးအခန်းထဲကိုဝင်လာလိုက်သည်....အခန်းထဲတွင် ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသူကို ကြည့်ရင်းသူတော်တော်ပျော်နေမိသည်......ပုဝါနီဖယ်လိုက်တော့ မိုမိုရဲ့ ရှက်ရွံ့းနေတဲ့ မျက်နှာလေးပေါ်လာသည်...မဂ်လာအရက်ကိုအတူသောက်ကာ မဂ်လာဦးညလေးကိုစလိုက်သည်....

ညလယ်ရောက်တော့ မိုမိုနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကိုကြည့်ရင်း အရင်တုန်းက မဂ်လာဦးညအကြောင်းကိုပြန်တွေးမိသည်.....သူက မပျော်ရွှင်တော့ မဂ်လာဦးကို မဖြတ်သန်းဘဲ ကောလေးတစ်ယောက်ထဲထားကာ သူကတစ်ခြားအိပ်ဆောင်မှာခွဲအိပ်ခဲ့သည်.......ကောင်းပြီ အခုကစပြီး အရင်တုန်းက မပျော်ရွှင်ရတဲ့ အမှတ်တရတွေကိုမြေမြုပ်ကာ အခုလက်ရှိကိုဘဲ တွေးတော့မည်လို့ဆုံးဖြတ်ပြီး ဘေးမှာအိပ်နေတဲ့ ကောငယ်လေးပွေ့ဖက်ကာ အိပ်လိုက်တော့သည်.......

Zaw












































































You are reading the story above: TeenFic.Net