Ch-2

Background color
Font
Font size
Line height

Unicode
ကျန်းချန် မိုမို့ဆီကိုရောက်တော့ မိုမိုထိုင်ငေးနေတာလေးကိုကြည့်ရင်း အရမ်းပျော်နေမိတယ်....

သူမသေခင်ကမိုမို့ကို မတွေ့ရတာ ၂နှစ်ကျော်နေပြီလေ....
မိုမို့ကို ကြည့်ရင်း သူ့စိတ်ထဲကနေ ကတိတွေ အထပ်ထပ်ပေးနေမိတယ်....
အရင်ဘဝကလို ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့....

ကျန်းချန် မိုမို့ဆီကိုလျှောက်လာရင်း .....
"မိုမို.... တစ်​​​ယောက်ထဲပျင်းနေပြီလားဟင်.....''
"ချန်ကော.... ဟင့်အင်း မိုမို မပျင်းပါဘူး....ဘာဖြစ်လို့လဲဟင်.....''

"မိုမို့ကို ကိုယ်ပြောစရာရှိလို့ပါ..... နောက်သုံးရက်နေလို့ ကိုယ်တို့ လက်ထက်ပြီးရင်လေ ဒီကနေ တစ်ခြားမြို့ကို ပြောင်းနေကြရအောင်လေ....မိုမို အဆင်ပြေလားဟင်..''
"တစ်ခြားမြို့ကိုလား....  အဆင်ပြေပါတယ်ကောရဲ့....
ရှောင်ယန် တို့ မြို့လားဟင်.... ''

"ဟင့်အင်း....နောက်မြို့တစ်မြို့လေ မြို့တော် နဲ့လည်း အရမ်းမနီး အရမ်းမဝေးတဲ့ မြို့လေးပေါ့....''
"ဒါပေမဲ့ ဒီမှာကအိမ်တွေ လယ်တွေ နဲ့လေ ပြီးတော့ ရှောင်ယန်တို့ကော ဘယ်လိုလုပ်မလဲဟင်....''

"မိုမို အဆင်ပြေရင်ရပါပြီ ရှောင်ယန်ကလည်း လက်ထက်ပြီးပြီးလေ သူ့မိသားစုနဲ့သူ ဖြစ်သွားပြီ...
အခုက မိုမိုနဲ့ ကိုယ်ဘဲ ရှိတော့တာလေ....အဲ့တော့ ဒီက အိမ် လယ်နဲ့ ​မြေကွက်တွေ ကိုယ်အကုန်ရောင်းပြီးရင် ကိုယ်တို့ရဲ့ လူယုံတွေကို ခေါ်ပြီး တခြားမြို့မှာ သွားပြီး ဘဝသစ်စရအောင်လေ.....''

"ဟုတ်.. ဒါဆို ပြောင်းမယ်လေကော ဒါဆို ဟိုမှာ မိုမိုတို့က ဘာလုပ်ကြမလဲဟင်...  စျေးဆိုင်လေးတွေဖွင့်ပြီးငှားစားကြမလားဟင်.....''

"ဟားဟား .... မိုမို က ဆိုင်ငှားစားချင်တာလား...''လို့ကျန်းချန်ပြောရင်း ရယ်နေမိတယ်.... သူလေးကအရမ်းချစ်ဖို့ကောင်းတာဘဲ သူဘာလို့အရင်ကမြင်အောင်မကြည့်မိတာလဲ....

မိုမိုလည်း ကောရယ်တာကိုမြင်တော့ ရှက်ရှက်နဲ့ပြန်ပြောလိုက်ကာ"မဟုတ်ပါဘူးနော်...  မိုမို က အကြံပေးတာပါနော် ဟိုရောက်ရင် အလုပ်တော့လုပ်ရမှာဘဲလေ ဒီအတိုင်းကြီးနေလို့မှရဘဲ.....''

"ဟုတ်ပါပြီဗျာ ကိုယ်ကစတာပါ ဟိုရောက်ရင် အနီးနားက မြေကွက်နည်းနည်း နဲ့ လယ်တွေ ဝယ်ပြီး စိုက်ကျမယ်လေ...  ပြီးရင် မွေးမြူရေး လေးလဲ လုပ်ကြတာပေါ့....သူ့ဟာနဲ့သူ ဖြစ်သွားမှာပါ..  မိုမို စိတ်မပူနဲ့နော်....''
"ဟုတ်.....''
"  နေ့လည်တောင်ရောက်နေပြီ မိုမို နားတော့နော် ကိုယ် တစ်ခြားဟာတွေ စီစဥ်လိုက်အုံးမယ်''

ကောပြန်သွားတော့ မိုမိုတစ်ယောက်ထဲ စဥ်းစားနေမိတယ်...ကောက ဒီနေ့နည်းနည်းပြောင်းလဲနေသလားလို့...အရင်ကဆို မိုမို့ကို ဒီနေ့လို နူးညံ့ကြင်နာ တဲ့အကြည့်မျိုးနဲ့ တစ်ခါမှမကြည့်ဖူးဘူး...အခုတော့   မိုမိုအရမ်းပျော်နေမိတယ်.....

မနက်ကတော့ သူတွေးနေမိတာ ကော ကသူ့ကို လက်ထက်လိုက်ရပေမဲ့ မချစ်ခင်မှာကို စိုးရိမ်နေမိတာ
သူ့မှာ အားကိုးစရာဆိုလို့ ကောဘဲရှိတော့တာလေ...အခုတော့ သူ ကောကိုဘဲ ယုံကြည်လိုက်တော့မယ်..........

ကျန်းချန် သူ့ နေရာကို ပြန်ရောက်တော့ အားချီကို သူ့လူယုံတွေထဲက တစ်ယောက်ဖြစ်တဲ့ အိမ်တော်ထိန်းလီရန် ကို ခေါ်ခိုင်းလိုက်တယ်...
"အားချီ...လီရန် ကို ခေါ်လိုက်အုံး''
''ဟုတ်ကဲ့ သခင်လေး''

လီရန် ရောက်လာတော့ '' သခင်လေး ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ''
"အင်း...ရန်... မင်းက ငယ်ငယ်ထဲက ငါနဲ့ အတူကြီးလာတာ ပြီးတော့ လီယီ့..လီအာ့..လီစန်း..လီစစ်...လီဝူ...တို့အားလုံးရောဘဲ....ငါ့ အစေခံတွေ ဆိုပေမဲ့ ငါ့မိသားစုအတိုင်းဘဲ '' လို့ သခင်လေးပြောတော့ လီရန် ပြုံးမိတယ်....

ဟုတ်ပါတယ် သခင်လေးက ငယ်ငယ်ထဲက သူတို့ကို ဘယ်တော့မှ အစေခံလို့မမြင်ဘဲ မိသားစုလိုသာဆက်ဆံသည်....
ဒါကြောင့်လဲ သူတို့က ငယ်ငယ်လေးထဲက သခင်လေးကို သခင်အဖြစ်အသိမှတ်ပြုပြီးသခင့်အတွက်ဆို အသက်ရင်းရဲတယ်....

"ရန် ဒီသုံးရက်အတွင်း ငါ လက်ထက်ပွဲအမှီ လယ်တွေ ​မြေကွက်တွေ ဆိုင်တွေ အကုန်ရောင်းလိုက် ငါ့ပိုင်ဆိုင်မူတွေကို ငွေကြေးအဖြစ်ပြောင်းလဲလိုက်''လို့ သခင်ပြောတော့ ရန် အံသြသွားတယ်....
"သခင် အားလုံးလား''

''ဟုတ်တယ် ယီ့..အာ့..တို့ကိုပါခေါ်ပြီးစီစဥ်လိုက်...ငါ့လက်ထက်ပွဲ ပြီးရင် ငါတို့ တခြားမြို့ကို ပြောင်းမယ်..''
"ဟုတ်ကဲ့ သခင် ကျွန်တော် အားလုံးကိုစီစဥ်လိုက်ပါ့မယ်'' ပြောပြီ ရန်ထွက်သွားသည်...

ရန် ထွက်သွားတော့ ကျန်းချန် အားချီကို အရေးကြီးတာသာမရှိ မခေါ်ဖို့ပြောပြီး သူ့အခန်းထဲကိုဝင်လာလိုက်သည်....

ကျန်းချန် အိပ်ရာထက်မှာလှဲပြီး သူ့အတွေးတွေကို နယ်ချဲ့မိတယ်....
သူ့လက်ထက်ပွဲကြရင် ကျန်းယန်ကိုပြန်တွေ့ရအုံးမယ် ကျန်းယန်ကို မုန်းလာဆိုတော့သူမုန်းတယ် သူကြောင့် သူ​​ရော သူ့ကောလေး​ရောသေခဲ့တာ.....
ဒါပေမဲ့ လူတွေ လောဘကြီးတာ သဘာဝဘဲလေ သူသာနေရာလွတ်အကြောင်းမပြောခဲ့ရင် ဒီလိုဖြစ်ချင်မှဖြစ်လိမ့်မယ်...
သူ့အမှားလည်းပါတော့ လက်ထက်ပွဲ​ပြီး​တာနဲ့ နောက်ထပ်မတွေ့ဘဲ ဒီရန်ငြိုးကို ဒီအတိုင်းအဆုံးသတ်တာက ပိုကောင်းမယ်ထင်တယ်....
သူတွေးပြီး နေရာလွတ်ထဲဝင်ဖို့သတိရသွားတယ်....

သူ နေရာလွတ် ထဲဝင်လိုက်တော့......
စိမ်းစိုနေတဲ့ မြေကွက်ကျယ်ကြီးတွေ......ဧက 100 ကျော်ရှိလောက်တယ်....
သူစသိတုန်း စိုက်ပျိုးထားတဲ့ စပါးတွေက အခုထိ မရိတ်သိမ်းရသေးတော့ ဝင်းဝါနေတာဘဲ..
ပြီး​​​​တော့စမ်းချောင်းလေးခြားပြီး မွေးမြူလို့ရတဲ့ နေရာကျယ်ကြီး... အဲ့နေရာမှာတော့ ဒီအတိုင်းဗလာသာရှိသည်....
စမ်းချောင်းထဲက ရေက ကြည်လင်ပြီးအဲ့ရေကို သောက်လိုက်တာနဲ့ ကျန်းမာရေးကောင်းလာပြီး ကိုယ်ခံအားလည်းသိသိသာသာ တိုးလာသည်....
စမ်းချောင်းရဲ့ မနီးမဝေးမှာရှိတဲ့ အိမ်ကြီးနဲ့ သိုလှောင်ရုံကြီးလည်းရှိသေးသည်.....
သူပတ်ပတ်လည်ကို ကြည့်ပြီးတာနဲ့ စပါးတွေကို စိတ်နဲ့ ရိတ်သိမ်းလိုက်သည်....အတွေးတစ်ချက်နဲ့တင် ဆန်အဖြစ်ပြောင်းပြီး သိုလှောင်ရုံထဲရောက်သွားတော့သည်.....

အဲ့ထဲက အနည်းငယ်ကို ဆန်အဖြစ်မပြောင်းဘဲ မျိုးစေ့အနေနဲ့ပြန်စိုက်လိုက်သည်....
လောလောဆည်တော့စပါးသာစိုက်ပျိုးရအုံးမည် တစ်ခြားမျိုးစေ့လဲမရှိသည့်အပြင် ဆန်ချောက အပြင်မှာ အရမ်းစျေးကြီးသည် ...

သူ အိမ်ကြီးထဲသို့ဝင်ကာ စမ်းချောင်းထဲက ရေတစ်ခွက်ကိုသောက်လိုက်သည်....အိမ်ထဲရှိရေက စမ်းချောင်းနဲ့ ချိတ်ဆက်ထားသည်.....နောက်နေ့တွေမိုမိုကိုလည်းပေးသောက်ရမည်...အားလုံးပြီးတော့မှ နေရာလွတ်ထဲကထွက်လာလိုက်သည်.....

သူအ​ပြင်ထွက်လာတော့ အပြင်မှောင်နေပြီမို့ သူအခန်းထဲမှာသာ အားချီကို ညစာပြင်ခိုင်းလိုက်တော့သည်....
သူစားပြီးတာနဲ့ လီရန်ရောက်လာသည်....
"သခင် ... အားလုံးကို စီစဥ်လိုက်ပါပြီ မနက်ဖြန်ဆို ဝယ်သူတွေနဲ့တွေ့ ပြီးစာချုပ်ချုပ်ရုံသာရှိပါတော့တယ်''
လီရန်ပြောတာကြားတော့ သူ တော်တော်ပျော်သွားသည် ရက်နည်းနည်းကြာမယ်ထင်တာ တန်းပြီးရောင်းထွက်သွားတာဘဲ '' ဘယ်သူဝယ်သွားတာလဲ''လို့မေးလိုက်သည်...
"ရုံးတော်က အရာရှိပါ''

'' အဲ့ကြောင့် ဒီလောက် အများကြီးဝယ်နိုင်တာကို ဘယ်လောက်ရလဲ''

"လယ်က အထက်တန်းစားမြေမလို့ တစ်ဧက ငွေချောင်း 100 စုစုပေါင်း ငွေချောင်း 10000...
မြေကွက်က တစ်ကွက် ကို ငွေချောင်း 58 ချောင်း စုစုပေါင်း 11600....

ဆိုင်က ဆိုင်ခန်းသေး 4 ဆိုင် နဲ့ ဆိုင်ကြီး 8 ဆိုင်
စုစုပေါင်း 12 ဆိုင် မလို့ ရွှေချောင်း 32 ချောင်း ရပါတယ် အိမ်က ရွှေချောင်း 120 နဲ့ အရောင်းအဝယ်​ဖြစ်သွားပါတယ်...အိမ်က ကျွန်တော်တို့ ပြောင်းခါနီးမှ သူတို့ကို အပ်ရမှာပါ''

ကျန်းချန်မှာ လီရန်ပြောသောစျေးကို နားထောင်​ပြီးတော်တော် အံသြသွားသည် ... လယ်တွေ မြေကွက်တွေ ဆိုင်တွေ က ပုံမှန်ပေါက်စျေးဖြစ်ပေမဲ့ အိမ်က ရွှေချောင်း 100 လောက်သာမှန်းထားတာဖြစ်ပြီး120 ဆိုတော့ ပိုတောင်ကောင်းသေးသည်....ဒီလောက်ဆို တစ်ခြားမြို့ရောက်ရင် ခဏတာအေးဆေးနေလို့ရပြီ....

" ကောင်းတယ် မနက်ဖြန်စာချုပ်ချုပ်ရမယ် အခုတော့ သွားနားတော့ မင်းလဲ ပင်ပန်းသွားပြီ''လို့ပြောပြီး လီရန် ကို ပြန်ခိုင်းလိုက်ကာ သူလည်း တစ်နေ့တာကို အိပ်စက်အနားယူလိုက်တော့သည်.... သူလည်းဒီနေ့အရမ်းပင်ပန်းနေပြီ......

..................................
Zawgyi






























You are reading the story above: TeenFic.Net